For Zawgyi
တကၠသိုလ္ေက်ာင္းသားဘ၀ရဲ ့ေပ်ာ္စရာအေကာင္းဆံုးေနရာကို SeokJinကေတာ့ ကန္တင္း ဟူ၍သာ ၫႊန္းဆိုလိုက္ခ်င္သည္။
ကန္တင္းရိွရာဌာေနကို လာရသၫ့္ေျခလွမ္းေတြက တကယ္ေပ်ာ္ဖြယ္ရာအတိ။
တစ္ခါထိုင္လ်ွင္ အတန္းခ်ိန္ကိုပါ ေမ့ေပ်ာက္သြားေအာင္ စြမ္းေဆာင္ႏိုင္၏ ။
SeokJinသူ႔ေရ႔ွမွ ျဖတ္သြားေသာ အေငြ ့တစ္ေထာင္းေထာင္း ေခါက္ဆြဲပန္းကန္ကိုၾကၫ့္ကာ ကန္တင္း တမ္းခ်င္းကို အဆံုးသတ္လိုက္သည္။
"ညီေလး ဒီကို ၀က္သားျပား ေၾကာ္နဲ႔ထမင္း ေနာ္ ေမ့ေနမယ္"
အေလာတႀကီး ထေအာ္လိုက္ေသာ သူ႔အသံကို
ဆိုင္ကေကာင္ေလးက ၿပီးစလြယ္ ေခါင္းတစ္ခ်က္ညိမ့္ရင္းသာ အသိအမွတ္ျပဳသည္။
ေခ်လိုက္တာ
သူ႔ဘ၀ကလဲ ပိုးစိုးပက္စက္ကိုအေခ်ခံေနရေတာ့တာပါပဲလား..။
*အထီးက်န္ေနလား?ကိုယ္လာေပးရမလား*
ဖုန္းထဲသို႔၀င္လာေသာ msgကိုၾကၫ့္ရင္း SeokJinမ်က္လံုးျပဴးသြားသည္ ။
ဘုရားေရ ဒီေကာင္ ေတာ္ေတာ္ဆိုးလာပါလား!
ေၾကာက္စိတ္ေတာ့မရိွေပမဲ့ စိတ္အေနွာင့္အယွက္ကေတာ့ ျဖစ္လာ၏။
ဘယ္သူက ကိုယ့္ကို တရားခံလိုေစာင့္ၾကၫ့္ခံေနရတာကိုႏွစ္သက္ပါမတဲ့လဲ။
ထိုအခိုက္သူမွာထားတာမ်ား လာခ်တာမို႔ စိတ္ရႈပ္စရာေတြကို ဖယ္ထုတ္ကာ တူကိုေကာက္ကိုင္လိုက္သည္။
"ထိုင္လို႔ရမလား?"
ရင္းႏွီးေနသၫ့္ အသံတစ္ခုက SeokJinလည္ေခ်ာင္းထဲ ၀င္စျပုေနေသာ ၀က္သား ေၾကာ္ကိုပင္ ၿမိဳမခ်ႏိုင္ေအာင္ နင္သြားရသည္။
တကယ္ပင္ Namjoon!
ကန္တင္းထဲတြင္လူေတြမ်ားၿပီး အုပ္စုလိုက္ျဖစ္ေနတာမို႔ တစ္ေယာက္ထဲ ထိုင္ေနသၫ့္ သူ႔နားတြင္သာ ထိုင္စရာရိွေတာ့သည္။
"အဟြတ္ အဟြတ္"
လန႔္တာေရာ နင္တာေရာေပါင္းၿပီး ေခ်ာင္းဆိုးမိေတာ့ ေရ႔ွတြင္ ထိုင္ရန္ျပင္ေနေသာ Kim Namjoonမ်က္ေမွာင္ႀကံဳ႔သြားသည္။
"ေဆာ အဟြတ္ ရီး"
Kim Namjoonၾကၫ့္ရတာ သူ႔ကိုအေရးပင္စိုက္မေနေတာ့ပဲ ဖုန္းကိုသာစိုက္ၾကၫ့္ေနကာ
စပါကတီကိုေအးေအးလူလူစားေနသည္။
မသိခ်င္ေယာင္ေဆာင္ရျခင္းမွာ ဟိုအရင္ကတည္းက ကြၽမ္းက်င္ဆရာတစ္ဆူျဖစ္လာခဲ့ေသာ SeokJinလည္း တည္ၿငိမ္ဟန္ႏွင့္ စားေနေပမဲ့ လက္ေတြက မသိမသာတုန္ေနမိသည္။
ထမင္းကိုပါးစပ္ထဲအတင္းထိုးထၫ့္ရင္း ေရ႔ွကိုၾကၫ့္လိုက္ေတာ့ သူ႔အားအကဲခတ္ေနသၫ့္Kim Namjoonအၾကၫ့္ေတြႏွင့္ဆံုသည္။
"အဟြတ္"
လက္ပစ္ကူးခ်င္စရာ မ်က္နက္၀န္းေတြ၏ဆြဲအား ေၾကာင့္ လည္ေခ်ာင္းကအလန႔္တၾကားဆန္တတ္လာသည္။
မထိန္းလိုက္မီတင္ေလးမွာပဲ ထမင္းေစ့ေတြဟာ ေလတြင္ဝဲပ်ံလ်ွက္ Kim Namjoon၏ မ်က္ႏွာတၫ့္တၫ့္အား သြားမိတ္ဆက္သည္။
ဒီတစ္ခါအဟြတ္ကေတာ့ ငါးပါးေမွာက္ၿပီထင္ရဲ့..
....................................................................
အထက္ပါ ကိစၥမ်ားျဖစ္ပ်က္ၿပီးေနာက္
Kim Namjoonတစ္ေယာက္ အနည္းငယ္မကေသာ စေနာက္မႈမ်ား ခံလိုက္ရသည္။
ေသခ်ာေပါက္ ေရ႔ွတြင္ေတာ့မဟုတ္။
အဖက္ဖက္ကျပၫ့္စံုလြန္းေသာ ထိုငနဲမွာ
ျပစ္ခ်က္ဟူ၍လဲ မရိွ ေက်ာင္းတြင္နာမည္အႀကီးဆံုးျဖစ္လာေသာ္လည္း မည္သူ႔ကိုမွ အဖက္မလုပ္အေရးတယူမရိျွခင္းေတြေၾကာင့္ ၾကၫ့္မရသူေတြေတာ့ရိွရွာသည္။
ဘယ္လိုရိုက္ထားမွန္းမသိေသာ ဓာတ္ပံုေတြႏွင့္ SNSတြင္ ပလူပ်ံေနေအာင္စၾကသည္။
သူတို႔လိုသာဆို သာမာန္ဟာသ တစ္ခုအျဖစ္ထားခဲ့ႏိုင္ေပမဲ့ တစ္ဖက္လူက Kim Namjoon!
အျပစ္ရွာလိုက္ၾကၫ့္ေနေသာ ထိုသူတို႔အတြက္
ထိုအျဖစ္အပ်က္ေသးေသးေလးက မၿပီးဆံုးႏိုင္ေသာဟာသတစ္ခုျဖစ္ေနေတာ့သည္။
ထိုေန့ကအျဖစ္အပ်က္ကိုျပန္ေတြးေတာ့
မ်က္ႏွာကို လက္ကိုင္ပုဝါေမႊးပ်ံ့ပ်ံ့တစ္ခုႏွင့္ ပြတ္ကာ အေရးမစိုက္သလိုထထြက္သြားေသာ ထိုပံုရိပ္ေၾကာင့္ပိုၿပီး၀မ္းနည္းရ၏။
အာရံုစိုက္ခံရေအာင္ တမင္လုပ္တယ္လို႔ ထင္သြားျပန္ေလေရာ့သလား။
ေတြ ့ဆံုမႈေတြကို တမင္မဖန္တီးခဲ့သလို
တမင္လုပ္ယူခဲ့တဲ့ အျပဳအမူေတြလဲမရိွခဲ့တာကို ယံုေစခ်င္မိရဲ ့။
ဆုေတာင္း တစ္ခုျဖၫ့္ေပးမဲ့ နတ္ေဒဝါ တစ္ပါးရိွခဲ့ရင္ေတာင္ "မင္းျပန္ခ်စ္လာပါေစ"ဆိုေတာ့ ဆုဆုကိုသူဘယ္ေတာ့ေတာင္းဆုျပဳမည္မဟုတ္တာေသခ်ာသည္။
ငါ့ျမင္ကြင္းေလးထဲမွာပဲ မင္းကိုရိွႏိုင္သေလာက္ေလး ရိွေနေစခ်င္ရံုေလးပါပဲ။
မင္းအတြက္ ငါ့ေလာဘေတြေသးပါတယ္..။
.
.
.
.
အတနး္ထဲတြင္ မိႈင္ေတြက်ေနေသာ SeokJinကိုၾကၫ့္ကာ Jaewook ကေခါင္းခါသည္။ ထို႔ေနာက္ သူ၀ယ္လာေသာ ဒိန္ခ်ဉ္ဗူးကို ပစ္ေပးရင္း
"ဘာေတြငိုင္ေနတာလဲ! စိတ္မခ်မ္းသာလိုက္တာ"
"ငါေက်ာင္းေျပာင္းရင္ ေကာင္းမလား Jaewook"
"သြက္သြက္ခါေနၿပီလား"
SeokJinျပတင္းေပါက္ဘက္ကိုေငးရင္း သက္ျပင္းခ်လိုက္သည္။
ဒီစိတ္ခံစားခ်က္ႀကီးကိုမႀကိဳက္လိုက္တာ။
"အဲ့ေကာင္ရိွတဲ့ေနရာကိုမေနခ်င္ေတာ့ဘူး..
ငါသူ႔ကိုလိုက္ကပ္ေနတယ္လို႔ ဘ၀င္ကိုင္ေနတာေတြကို ေတာ္ေတာ္ေသာက္ျမင္ကတ္ေနၿပီ"
"ေခ်ာင္းရိုက္ေလ"
SeokJinေသြးေတြပြက္ပြက္ဆူသြားကာ
အနီးနားက ဒိန္ခ်ဉ္ဗူးႏွင့္ထုလိုက္၏။
"မင္းႀကီးေတာ္ႀကီးကိုပဲေခ်ာင္းရိုက္"
Jaewookကတဟားဟားရယ္ကာ လက္က်န္အေအးကို ကုန္ေအာင္ေသာက္လိုက္သည္။
ထို႔ေနာက္ သူ႔ပုခံုးကို လက္တင္ရင္း
"မင္းစိတ္ပူေနတာမွလား!
မင္းေၾကာင့္ မင္းအခ်စ္ဦးႀကီးစိတ္ညစ္ေနမွာကိုေလ ဟမ္"
တအားမ်ားသိသာ၍ေနေလၿပီလား!
Jaewookကငယ္ငယ္ကတည္းက အတူတူႀကီးျပင္းလာ၍ သူ႔မ်က္ႏွာရိပ္ကို ခ်က္ခ်င္းဖမ္းမိသည္။
"Kim Namjoonက ဘယ္လိုလူမို႔လို႔လဲကြာ
လက္တစ္ဆုပ္စာ လူအနည္းစုကို ဂရုစိုက္ေနမယ္ထင္လို႔လား?
"အခုတေလာ အဲ့ငနဲကိုမေတြ ့ရဘူးေလကြာ"
Jaewookက သူ႔နားသယ္ေမႊးကိုဆတ္ခနဲဆြဲကာ
"မင္းကအတန္းထဲေအာင္းေနတာကိုး
Kim Namjoonက သူတို႔ဌာနရ ဲ့ ႀကိဳဆိုပြဲအတြက္ ေလ့က်င့္ေနရတာ Kingအေလာင္းအလ်ာႀကီးေလ"
"ၿပိဳင္ေနေသးတယ္ ဘယ္သူပဲၾကၫ့္ၾကၫ့္အဲ့ေကာင္ရမွာ ပဲကို"
SeokJinမ်က္ႏွာမဲ့ကာေျပာလိုက္ေပမဲ့ စိတ္ထဲတြင္ထခုန္ခ်င္သြားသည္။
သူက Kim Namjoonတစ္ေယာက္ ရွက္ၿပီး စိတ္ရႈပ္ေနၿပီထင္ခဲ့တာ..။
ဘယ္သူ႔ကိုမွ အဖက္မလုပ္တဲ့ မုန္းစရာစြမ္းအင္ေတြကို ေမ့သြားမိသည္။
"ငါ စိတ္ေပ်ာ္သြားၿပီ
လာ Jaewookကန္တင္းသြားမယ္"
"ဟင္ ငါအခုမျွပန္လာ.."
Jaewookကိုအတင္းဆြဲေခၚလာၿပီး ကန္တင္းေရာက္ေတာ့ လူကရွင္းေနသည္။
တစ္ဝိုင္း ႏွစ္ဝိုင္းလားပဲ လူကရိွသည္။
"ညီေလး ထမင္းေၾကာ္တစ္ပြဲ"
ခနၾကာေတာ့ လိေ မၼာ္ ရည္တစ္ခြက္ သူတို႔ဝိုင္းႀသိဳ႔ ခ်ေပးလာသည္။
ခါတိုင္းဆို ယူထားမိမွာျဖစ္ေသာ္လည္း SeokJinစိတ္ၾကည္ေနတာမို႔ ေခါင္းခါကာ
"ဝိုင္းမွားေနတယ္ အစ္ကိုတို႔မမွာဘူး"
"မမွားပါဘူး အစ္ကိုႀကီးတစ္ေယာက္မွာေပးသြားတာ
ေအာ္ သူကေျပာခဲ့တယ္
မနင္ေစနဲ႔တဲ့"
ေနာက္ဆံုးစကားေၾကာင့္SeokJinႏွလံုးသားေတြ ရုတ္ခ်ည္းအရိွန္ျပင္းစြာ ခုန္လႈပ္လာသည္။ ရင္တစ္ေလ်ွာက္ကလဲ ေခ်ာ္ရည္ပူေတျြဖတ္စီးသလို ပူေလာင္လ်ွက္..။
ဘယ္နတ္ေဒဝါမ်ား မေတာင္းတဲ့ဆုေတြ လက္ေခ်ာ္ၿပီး ျဖၫ့္ဆည္းေပးေနခဲ့သလဲ...။
For Unicode
တက္ကသိုလ်ကျောင်းသားဘဝရဲ့ပျော်စရာအကောင်းဆုံးနေရာကို SeokJinကတော့ ကန်တင်း ဟူ၍သာ ညွှန်းဆိုလိုက်ချင်သည်။
ကန်တင်းရှိရာဌာနေကို လာရသည့်ခြေလှမ်းတွေက တကယ်ပျော်ဖွယ်ရာအတိ။
တစ်ခါထိုင်လျှင် အတန်းချိန်ကိုပါ မေ့ပျောက်သွားအောင် စွမ်းဆောင်နိုင်၏ ။
SeokJinသူ့ရှေ့မှ ဖြတ်သွားသော အငွေ့တစ်ထောင်းထောင်း ခေါက်ဆွဲပန်းကန်ကိုကြည့်ကာ ကန်တင်း တမ်းချင်းကို အဆုံးသတ်လိုက်သည်။
"ညီလေး ဒီကို ဝက်သားပြား ကြော်နဲ့ထမင်း နော် မေ့နေမယ်"
အလောတကြီး ထအော်လိုက်သော သူ့အသံကို
ဆိုင်ကကောင်လေးက ပြီးစလွယ် ခေါင်းတစ်ချက်ညိမ့်ရင်းသာ အသိအမှတ်ပြုသည်။
ချေလိုက်တာ
သူ့ဘဝကလဲ ပိုးစိုးပက်စက်ကိုအချေခံနေရတော့တာပါပဲလား..။
*အထီးကျန်နေလား?ကိုယ်လာပေးရမလား*
ဖုန်းထဲသို့ဝင်လာသော msgကိုကြည့်ရင်း SeokJinမျက်လုံးပြူးသွားသည် ။
ဘုရားရေ ဒီကောင် တော်တော်ဆိုးလာပါလား!
ကြောက်စိတ်တော့မရှိပေမဲ့ စိတ်အနှောင့်အယှက်ကတော့ ဖြစ်လာ၏။
ဘယ်သူက ကိုယ့်ကို တရားခံလိုစောင့်ကြည့်ခံနေရတာကိုနှစ်သက်ပါမတဲ့လဲ။
ထိုအခိုက်သူမှာထားတာများ လာချတာမို့ စိတ်ရှုပ်စရာတွေကို ဖယ်ထုတ်ကာ တူကိုကောက်ကိုင်လိုက်သည်။
"ဒီမှာ ထိုင်လို့ရမလား?"
ရင်းနှီးနေသည့် အသံတစ်ခုက SeokJinလည်ချောင်းထဲ ဝင်စပြုနေသော ဝက်သား ကြော်ကိုပင် မြိုမချနိုင်အောင် နင်သွားရသည်။
တကယ်ပင် Namjoon!
ကန်တင်းထဲတွင်လူတွေများပြီး အုပ်စုလိုက်ဖြစ်နေတာမို့ တစ်ယောက်ထဲ ထိုင်နေသည့် သူ့နားတွင်သာ ထိုင်စရာရှိတော့သည်။
"အဟွတ် အဟွတ်"
လန့်တာရော နင်တာရောပေါင်းပြီး ချောင်းဆိုးမိတော့ ရှေ့တွင် ထိုင်ရန်ပြင်နေသော Kim Namjoonမျက်မှောင်ကြုံ့သွားသည်။
"ဆော အဟွတ် ရီး"
Kim Namjoonကြည့်ရတာ သူ့ကိုအရေးပင်စိုက်မနေတော့ပဲ ဖုန်းကိုသာစိုက်ကြည့်နေကာ
စပါကတီကိုအေးအေးလူလူစားနေသည်။
မသိချင်ယောင်ဆောင်ရခြင်းမှာ ဟိုအရင်ကတည်းက ကျွမ်းကျင်ဆရာတစ်ဆူဖြစ်လာခဲ့သော SeokJinလည်း တည်ငြိမ်ဟန်နှင့် စားနေပေမဲ့ လက်တွေက မသိမသာတုန်နေမိသည်။
ထမင်းကိုပါးစပ်ထဲအတင်းထိုးထည့်ရင်း ရှေ့ကိုကြည့်လိုက်တော့ သူ့အားအကဲခတ်နေသည့်Kim Namjoonအကြည့်တွေနှင့်ဆုံသည်။
"အဟွတ်"
လက်ပစ်ကူးချင်စရာ မျက်နက်ဝန်းတွေ၏ဆွဲအား ကြောင့် လည်ချောင်းကအလန့်တကြားဆန်တတ်လာသည်။
မထိန်းလိုက်မီတင်လေးမှာပဲ ထမင်းစေ့တွေဟာ လေတွင်ဝဲပျံလျှက် Kim Namjoon၏ မျက်နှာတည့်တည့်အား သွားမိတ်ဆက်သည်။
ဒီတစ်ခါအဟွတ်ကတော့ ငါးပါးမှောက်ပြီထင်ရဲ့..
....................................................................
အထက်ပါ ကိစ္စများဖြစ်ပျက်ပြီးနောက်
Kim Namjoonတစ်ယောက် အနည်းငယ်မကသော စနောက်မှုများ ခံလိုက်ရသည်။
သေချာပေါက် ရှေ့တွင်တော့မဟုတ်။
အဖက်ဖက်ကပြည့်စုံလွန်းသော ထိုငနဲမှာ
ပြစ်ချက်ဟူ၍လဲ မရှိ ကျောင်းတွင်နာမည်အကြီးဆုံးဖြစ်လာသော်လည်း မည်သူ့ကိုမှ အဖက်မလုပ်အရေးတယူမရိြှခင်းတွေကြောင့် ကြည့်မရသူတွေတော့ရှိရှာသည်။
ဘယ်လိုရိုက်ထားမှန်းမသိသော ဓာတ်ပုံတွေနှင့် SNSတွင် ပလူပျံနေအောင်စကြသည်။
သူတို့လိုသာဆို သာမာန်ဟာသ တစ်ခုအဖြစ်ထားခဲ့နိုင်ပေမဲ့ တစ်ဖက်လူက Kim Namjoon!
အပြစ်ရှာလိုက်ကြည့်နေသော ထိုသူတို့အတွက်
ထိုအဖြစ်အပျက်သေးသေးလေးက မပြီးဆုံးနိုင်သောဟာသတစ်ခုဖြစ်နေတော့သည်။
ထိုနေ့ကအဖြစ်အပျက်ကိုပြန်တွေးတော့
မျက်နှာကို လက်ကိုင်ပုဝါမွှေးပျံ့ပျံ့တစ်ခုနှင့် ပွတ်ကာ အရေးမစိုက်သလိုထထွက်သွားသော ထိုပုံရိပ်ကြောင့်ပိုပြီးဝမ်းနည်းရ၏။
အာရုံစိုက်ခံရအောင် တမင်လုပ်တယ်လို့ ထင်သွားပြန်လေရော့သလား။
တွေ့ဆုံမှုတွေကို တမင်မဖန်တီးခဲ့သလို
တမင်လုပ်ယူခဲ့တဲ့ အပြုအမူတွေလဲမရှိခဲ့တာကို ယုံစေချင်မိရဲ့။
ဆုတောင်း တစ်ခုဖြည့်ပေးမဲ့ နတ်ဒေဝါ တစ်ပါးရှိခဲ့ရင်တောင် "မင်းပြန်ချစ်လာပါစေ"ဆိုတော့ ဆုဆုကိုသူဘယ်တော့တောင်းဆုပြုမည်မဟုတ်တာသေချာသည်။
ငါ့မြင်ကွင်းလေးထဲမှာပဲ မင်းကိုရှိနိုင်သလောက်လေး ရှိနေစေချင်ရုံလေးပါပဲ။
မင်းအတွက် ငါ့လောဘတွေသေးပါတယ်..။
.
.
.
.
အတန်းထဲတွင် မှိုင်တွေကျနေသော SeokJinကိုကြည့်ကာ Jaewook ကခေါင်းခါသည်။ ထို့နောက် သူဝယ်လာသော ဒိန်ချဉ်ဗူးကို ပစ်ပေးရင်း
"ဘာတွေငိုင်နေတာလဲ! စိတ်မချမ်းသာလိုက်တာ"
"ငါကျောင်းပြောင်းရင် ကောင်းမလား Jaewook"
"သွက်သွက်ခါနေပြီလား"
SeokJinပြတင်းပေါက်ဘက်ကိုငေးရင်း သက်ပြင်းချလိုက်သည်။
ဒီစိတ်ခံစားချက်ကြီးကိုမကြိုက်လိုက်တာ။
"အဲ့ကောင်ရှိတဲ့နေရာကိုမနေချင်တော့ဘူး..
ငါသူ့ကိုလိုက်ကပ်နေတယ်လို့ ဘဝင်ကိုင်နေတာတွေကို တော်တော်သောက်မြင်ကတ်နေပြီ"
"ချောင်းရိုက်လေ"
SeokJinသွေးတွေပွက်ပွက်ဆူသွားကာ
အနီးနားက ဒိန်ချဉ်ဗူးနှင့်ထုလိုက်၏။
"မင်းကြီးတော်ကြီးကိုပဲချောင်းရိုက်"
Jaewookကတဟားဟားရယ်ကာ လက်ကျန်အအေးကို ကုန်အောင်သောက်လိုက်သည်။
ထို့နောက် သူ့ပုခုံးကို လက်တင်ရင်း
"မင်းစိတ်ပူနေတာမှလား!
မင်းကြောင့် မင်းအချစ်ဦးကြီးစိတ်ညစ်နေမှာကိုလေ ဟမ်"
တအားများသိသာ၍နေလေပြီလား!
Jaewookကငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာ၍ သူ့မျက်နှာရိပ်ကို ချက်ချင်းဖမ်းမိသည်။
"Kim Namjoonက ဘယ်လိုလူမို့လို့လဲကွာ
လက်တစ်ဆုပ်စာ လူအနည်းစုကို ဂရုစိုက်နေမယ်ထင်လို့လား?
"အခုတလော အဲ့ငနဲကိုမတွေ့ရဘူးလေကွာ"
Jaewookက သူ့နားသယ်မွှေးကိုဆတ်ခနဲဆွဲကာ
"မင်းကအတန်းထဲအောင်းနေတာကိုး
Kim Namjoonက သူတို့ဌာနရ ဲ့ ကြိုဆိုပွဲအတွက် လေ့ကျင့်နေရတာ Kingအလောင်းအလျာကြီးလေ"
"ပြိုင်နေသေးတယ် ဘယ်သူပဲကြည့်ကြည့်အဲ့ကောင်ရမှာ ပဲကို"
SeokJinမျက်နှာမဲ့ကာပြောလိုက်ပေမဲ့ စိတ်ထဲတွင်ထခုန်ချင်သွားသည်။
သူက Kim Namjoonတစ်ယောက် ရှက်ပြီး စိတ်ရှုပ်နေပြီထင်ခဲ့တာ..။
ဘယ်သူ့ကိုမှ အဖက်မလုပ်တဲ့ မုန်းစရာစွမ်းအင်တွေကို မေ့သွားမိသည်။
"ငါ စိတ်ပျော်သွားပြီ
လာ Jaewookကန်တင်းသွားမယ်"
"ဟင် ငါအခုမြှပန်လာ.."
Jaewookကိုအတင်းဆွဲခေါ်လာပြီး ကန်တင်းရောက်တော့ လူကရှင်းနေသည်။
တစ်ဝိုင်း နှစ်ဝိုင်းလားပဲ လူကရှိသည်။
"ညီလေး ထမင်းကြော်တစ်ပွဲ"
ခနကြာတော့ လိေ မ္မာ် ရည်တစ်ခွက် သူတို့ဝိုင်းသြို့ ချပေးလာသည်။
ခါတိုင်းဆို ယူထားမိမှာဖြစ်သော်လည်း SeokJinစိတ်ကြည်နေတာမို့ ခေါင်းခါကာ
"ဝိုင်းမှားနေတယ် အစ်ကိုတို့မမှာဘူး"
"မမှားပါဘူး အစ်ကိုကြီးတစ်ယောက်မှာပေးသွားတာ
အော် သူကပြောခဲ့တယ်
မနင်စေနဲ့တဲ့"
နောက်ဆုံးစကားကြောင့်SeokJinနှလုံးသားတွေ ရုတ်ချည်းအရှိန်ပြင်းစွာ ခုန်လှုပ်လာသည်။ ရင်တစ်လျှောက်ကလဲ ချော်ရည်ပူတြွေဖတ်စီးသလို ပူလောင်လျှက်..။
ဘယ်နတ်ဒေဝါများ မတောင်းတဲ့ဆုတွေ လက်ချော်ပြီး ဖြည့်ဆည်းပေးနေခဲ့သလဲ...။
You are reading the story above: TeenFic.Net