9

Background color
Font
Font size
Line height

                
                    For Zawgyi

ပ်င္းရိဖြယ္ေကာင္းလွေသာ ေန့လည္ခင္းတြင္
သူႏွင့္Jae wookတို႔ ဌာနရိွအရိပ္ရေသာ ခံုတန္းေလးတြင္ ထိုင္ကာ ေထြရာေလးပါးစကားစေနမိသည္။

SeokJinလက္ထဲကေဘာပင္ေလးႏွင့္သစ္သားခံုတန္းအား ေတာက္ေနရင္း သက္ျပင္းတစ္ခ်က္ခ်လိုက္ရင္း

"ငါ ဘယ္လိုပဲစဉ္းစားစဉ္းစား
စိတ္ထဲက ေဖ်ာက္မရဘူးျဖစ္ေနတယ္"

သစ္ရြက္ေျခာက္ေတြကိုေႁခြေနေသာ Jae wookက တစ္ခ်က္မွပင္လွၫ့္မၾကၫ့္ပဲ ေခါင္းတစ္ခ်က္ၿငိမ့္လိုက္ရင္း

"ဆိုပါအံုး"

"ငါ့ကိုအထက္တန္းကတည္းက လိုက္ေၾကာင္ခဲ့တဲ့အရူးက..အာ အရူးေတာ့မဟုတ္ဘူး..
အဲ့လူကေလ.."

"ျမန္ျမန္‌ေျပာပါဟ "

SeokJinေျခာက္ကပ္လာေသာ ႏႈတ္ခမ္းေတြကို လ်ွာျဖင့္တစ္ခ်က္သပ္လိုက္ရင္း

"Kim Namjoon မ်ား လား လို႔"

Jae wookကေတာ့ သြားရွာၿပီ ဟူသၫ့္အၾကၫ့္ႏွင့္ တရားေပါက္သလိုလွမ္းၾကၫ့္လာ၏

"ငါလဲ မျဖစ္ႏိုင္ဘူးဆိုၿပီးေတြးတာပဲဟ"

စိတ္ထဲ၀င္လာေသာ သံသယေလးအရ သူတိတ္တိတ္ေလး Kim Namjoonကိုေစာင့္ၾကၫ့္လာခဲ့တာၾကာၿပီ။

SeokJinဆီမွ messageတစ္ခုပို႔လိုက္တိုင္း
Kim Namjoonကဖုန္းကိုစစ္ၾကၫ့္တတ္သည္။ တိုက္ဆိုင္မႈေတြဟု သတ္မွတ္ရေအာင္ကလည္း တစ္ခါႏွစ္ခါမကျဖစ္လာေတာ့ ယံုရခက္ခက္။

ထိုအေၾကာင္းေတြJae wookကိုေျပာျပေတာ့လည္း ဒင္းက ေလ်ွာက္လဲခ်က္ေတြႏွင့္ျပန္လည္ေခ်ပျပန္သည္။

" ငါတို႔ျမင္တာေတာ့ Kim Namjoonကအၿမဲဖုန္းကိုၾကၫ့္ေနတတ္တာပါကြာ"

"ငါရိွတဲ့ေနရာေတြလဲေရာက္ေရာက္လာတယ္"

" မင္းကသူရိွတဲ့ေနရာေတြသြားေနတာပါ"

"ေဟ့ေကာင္ ငါထသတ္မိေတာ့မယ္ေနာ္"

လက္သီးထရြယ္ေတာ့မွ သေကာင့္သားက အကန္ေျပာျခင္းကိုရပ္ကာ ေၾကာက္ဟန္ျပသည္။
SeokJinဘာမွမေျပာေတာ့ပဲ ခံုတန္းေပၚသာ ေခါင္းမွီ၍ မ်က္လံုးမ်ားကိုမိွတ္ခ်လိုက္သည္။

ေနေရာင္ျခည္က သစ္ရြက္မ်ားၾကားမွ ခပ္စိပ္စိပ္ေလး အလည္ေရာက္ရိွလာသည္။
Jae wookသစ္ရြက္ေျခာက္ေတြကို လက္ႏွင့္ဖိေျခသျဖင့္ ထြက္လာေသာ အသံမွလြဲ၍ ပတ္၀န္းက်င္ဟာ တိတ္ဆိတ္လြန္းလွသည္။

တကယ္သာ ထိုသူဟာ Kim Namjoonမ်ားျဖစ္ခဲ့ရင္...
ေန‌ေရာင္မနမ္းေသာ သူ႔ႏႈတ္ခမ္းမ်ား အလိုလိုတြန႔္ေကြးမိသြားသည္။
.
.
.
.
.

ေမဂ်ာေပါင္းစံုWelcomeအတြက္ ရိွသမ်ွဌာနေတြအကုန္အလုပ္ရႈပ္ေနၾကသည္။
အထူးအခြင့္အေရးအေနျဖင့္ စာမသင္ရပဲ လြတ္လပ္ေရး အုပ္စုလိုက္ရေနေသာ ကာလပင္။

သို႔ေသာ္ အတန္းေခါင္းေဆာင္ကို သူငယ္ခ်င္းေတာ္ထားရေသာ SeokJinတို႔အုပ္စုမွာမူ ဒင္းခိုင္းသမ်ွအကုန္ကူလုပ္ေပးေနရသျဖင့္ ၀ေအာင္ပင္ေပ်ာ္ခ်ိန္မရပါေခ်။

"သားႀကီး ဒီအေအးကဒ္ေတြ
ေလ့က်င့္ေနတဲ့ ခန္းမထဲသြားပို႔ေပး"

သံုးကဒ္ေလာက္ဆင့္ၿပီးေပးလာေသာ
အေအးကဒ္ေတြ၏အေလးခ်ိန္‌ေၾကာင့္ လက္ပ်ဉ္ကပင္ေအာင့္ခနဲ။

ဆဲမည္ျပင္လိုက္ေသာ္လည္း ႏြမ္းဖတ္ေနေသာ မ်က္ႏွာငယ္ေလးႏွင့္ ကိုယ့္သူငယ္ခ်င္းကိုမဆဲရန္ျပန္ေတာ့ ႀကိတ္မိွတ္ကာသာယူခဲ့လိုက္သည္။

"သြားထားေပးရံုပဲမွလား..
လိုက္ေဝေပးရအံုးမွာလား"

"ပိုက္နဲ႔တစ္ခါထဲပါးစပ္မွာဆို႔ေပးခဲ့"

အကုန္လိုက္ျပင္ဆင္ေနရ၍ ‌ေဒါသထြက္ေနေသာ ထိုအသံအား SeokJinရယ္ကာ အေအးကဒ္ေတြမလ်ွက္ ထြက္လာခဲ့လိုက္သည္။

တီးလံုးသံၿမိဳင္ၿမိဳင္ထြက္ေနေသာ ခန္းမက်ယ္ႀကီးေရ႔ွေရာက္ေတာ့ ေမဂ်ာေပါင္းစံုမွ အေခ်ာအလွေပါင္းစံုကို စု၍ ေတြ ့လိုက္ရသည္။
အိမ္း တန္ပါတယ္ေလ..။

" ဟာ အေအးေတြေဟး"

သူ႔ကိုျမင္သည္ႏွင့္ ေမာေနေသာ လူတစ္စုက ၀မ္းသာအယ္လဲ ေျပးလာသည္။
တစ္ဖက္က တစ္စုကေတာ့ အကတိုက္ေနတုန္းထင္၏။

"စီနီယာ ဒါေက်ာင္းသားေတြအတြက္ ကြၽန္ေတာ္တို႔ဌာနက တိုက္တာပါ"

ႀကီးၾကပ္ေန‌သၫ့္ စီနီယာအစ္ကိုႀကီးတစ္ေယာက္အား ေျပာရင္း အေအးကဒ္ေတြကို အခန္းေထာင့္သို႔ ကပ္ကာခ်လိုက္သည္။

"ေက်းဇူးကြာ မဟုတ္ရင္ေတာင္ ေမာေနၾကတာ"

စီနီယာ စကားေျပာေနတုန္း သူသီခ်င္းသံၾကားရာကို စူးစမ္းခ်င္စြာၾကၫ့္လိုက္မိသည္။
ေသြးေတြအကုန္လံုးနားထင္ေဆာင့္တတ္ကုန္သလို တကယ္ဒိန္းခနဲ!

Kim Namjoon..
အနက္ေရာင္တီရွပ္တစ္ထည္ႏွင့္ဂ်င္းနက္နက္ကို ထင္းေနေအာင္ဝတ္ကာ စည္းခ်က္အလိုက္လႈပ္ရွားေန၏။

သူအၿမဲတမ္းဖတ္တတ္ခဲ့ေသာ မ်က္ႏွာထားအရ
ထိုအသြင္အျပင္ဟာ စိတ္ညစ္ၫူးေနသၫ့္ဟန္။
ေအးေလ ဒင္းလိုငေခ်ေကာင္ အခုလို လူေတြ ေရ႔ွ ကေနရတာေပ်ာ္မတဲ့လား..။

ဒါေပမဲ့လည္း ကတာကအရမ္းကိုၾကၫ့္ေကာင္းလြန္းေနတာမို႔ မ်က္လံုးမခြာႏိုင္ေလာက္ေအာင္ပင္။ 
သူ႔လိုပဲ ခန္းမထဲရိွလူေတြအကုန္လံုး၏ အာရံုဟာ ထိုတစ္ေယာက္တြင္သာစုပံုလို႔။
ဟုတ္ကဲ့ ကြၽန္ေတာ့္ ရဲ ့ခ်စ္မလြယ္မုန္းခက္ ေလးက အဲ့သည္လိုေက်ာ္ၾကားပါသတဲ့။

"ေဟး Namjoonတို႔
ၿပီးရင္အေအးလာေသာက္ၾကအံုး"

ဘယ္ေလာက္ငမ္းမိေနသည္မသိ
ေဘးကစီနီယာအစ္ကို စူးခနဲေအာ္မွ ပစၥပၸါန္ကိုခ်က္ခ်င္းျပန္ရေတာ့သည္။

"ဒါဆို ကြၽန္ေတာ္ သြားၿပီဗ်"

သူတို႔အနားကိုေလ်ွာက္လာေသာ Kim Namjoonေရ႔ွကေနေျခမတုန္ေအာင္ သြက္သြက္ကေလးေလ်ွာက္လာရသည္။

ေခြၽးစိုေနသၫ့္ ဆံပင္ေတြႏွင့္ အနီေျပေျပသန္းေနေသာ ထိုမ်က္ႏွာေၾကာင့္ ေျခလွမ္းေတြလဲ ယိုင္ခ်င္ခ်င္ပင္။

သူ႔ကိုတစ္ခ်က္ေလးမွ ေဝ့ဝဲမၾကၫ့္ေသာ မ်က္လံုးေတြကို ၾကၫ့္ကာ စိတ္ထဲမွအနည္းေတာ့ခံျပင္းရ၏။

သူ႔အေတြးေတြမွားယြင္းေနခဲ့သလား?
Kim Namjoonဟာ သူ႔အေပၚတကယ္ကိုစိတ္၀င္စားမႈတစ္စက္ကေလးေတာင္ရိွမေနခဲ့ဘူး။

.
.
.
.
.
.

အခုတေလာ သူတို႔ေက်ာင္းရိွ မိန္းကေလးမ်ား၏
ပါးစပ္ဖ်ားတြင္ Kim Namjoonသည္ေရပန္းစားသထက္စားလာသည္။

အကတိုက္ေနေသာ သူ႔ပံုရိပ္ေတြကလည္း
ၾကၫ့္ရႈသူေတြအမ်ားႀကီးႏွင့္ ေနရာယူေနၾကသည္။

ထို႔အတြက္ SeokJinစိတ္မေကာင္း..။
ဒါေတြကိုKim Namjoonနည္းနည္းေလးေတာင္ ေပ်ာ္မွာမဟုတ္ဘူး။

SeokJinႏွစ္ေပါင္းမ်ားစြာ ျမင္ေအာင္ၾကၫ့္ခဲ့ရတဲ့ ထိုသူရဲ ့စိတ္က တကယ္ေအးေအးခ်မ္းခ်မ္းေလးရယ္..
သူ႔ကိုအာရံုစိုက္ခံရတာကို အရမ္းမုန္းတဲ့သူ
အခုေပ်ာ္ေနမည္မဟုတ္တာေတာ့ေသခ်ာသည္။

"ဘာေတြစဉ္းစားေနတာလဲ..မုန႔္ေရာက္ေနၿပီ"

ေဘးနားက သူငယ္ခ်င္းလက္တို႔ေတာ့မွ မ်က္စိေရ႔ွေရာက္ေနသည္  ကိတ္မုန႔္ေလးကို သတိျပဳမိသည္။

"ဒီကိတ္ဖိုးမင္းကိုရွင္းခိုင္းရင္ ေကာင္းမယ္လို႔"

"ငါ့အသားသာလွီးသြား"

"မင္းအသားရြံလို႔ေခြးေတာင္မစားဘူး
ေရမခ်ိဳးမိုးမခ်ိဳးနဲ႔"

"ဟာ ေဟ့ေကာင္"

သူတို႔ႏွစ္ေယာက္ထသတ္ေနတုန္း ကန္တင္းကိုလူတစ္စု၀င္လာကာ ဆူညံသြားေစ၏။

"ဝါး SeokJinေရ..
ဌာနတိုင္းကQueenေလးေတြကေတာ့ ေခ်ာေနလိုက္တာမ်ားကြာ"

အမွန္ပင္..
ထိုေခ်ာခ်င္တိုင္းေခ်ာေနၾကေသာ သားပ်ိဳသမီးပ်ိဳအလွပေဂးေတြအလည္မွာ ထင္းေနေသာ သူတစ္ဦးကိုသာ သူၾကၫ့္မိသည္။

ၿပံဳးစစမ်က္ႏွာေပးက တစ္ေလ်ွာက္လံုးသူ တစ္ခါမွမျမင္ဖူးခဲ့ေသာ မ်က္ႏွာမ်ိဳးျဖစ္သည္။

"ဒီေန့ Namjoonက ေကြၽးမွာတဲ့ေနာ္
အားမနာၾကနဲ႔ေတာ့"

ေဟးခနဲေအာ္ဟစ္သံေတြရယ္ ေကာင္မေလူတစ္ခ်ိဳ႕၏ ရယ္သံခ်ိဳခ်ိဳေတြရယ္က ကန္တင္းကိုပို၍ဆူညံသြားေစသည္။

ေဘးတိုက္ျမင္ေနရေသာ Kim Namjoonက ထိုလူအုပ္ထဲတြင္ ေပါ့ေပါ့ပါးပါးၿပံဳးရယ္၍ ရိွေနသည္။

မင္းမွာငါမျမင္ႏိုင္တဲ့မ်က္ႏွာဖံုးေတြဘယ္ေလာက္မ်ားရိွေနခ‌ဲ့သလဲ ..
အစစ္အမွန္ေတြ ေဝဝါးလာတဲ့တစ္ေန့မွာ
ဒီထုထည္ၾကား ၾကာလာရင္ မင္းမြန္းၾကပ္မွာကိုငါစိုးမိပါရဲ့...။


                               For Unicode

ပျင်းရိဖွယ်ကောင်းလှသော နေ့လည်ခင်းတွင်
သူနှင့်Jae wookတို့ ဌာနရှိအရိပ်ရသော ခုံတန်းလေးတွင် ထိုင်ကာ ထွေရာလေးပါးစကားစနေမိသည်။

SeokJinလက်ထဲကဘောပင်လေးနှင့်သစ်သားခုံတန်းအား တောက်နေရင်း သက်ပြင်းတစ်ချက်ချလိုက်မိ၏။

"ငါ ဘယ်လိုပဲစဉ်းစားစဉ်းစား
စိတ်ထဲက ဖျောက်မရဘူးဖြစ်နေတယ်"

သစ်ရွက်ခြောက်တွေကိုခြွေနေသော Jae wookက တစ်ချက်မှပင်လှည့်မကြည့်ပဲ ခေါင်းတစ်ချက်ငြိမ့်လိုက်ရင်း

"ဆိုပါအုံး"

"ငါ့ကိုအထက်တန်းကတည်းက လိုက်ကြောင်ခဲ့တဲ့အရူးက..အာ အရူးတော့မဟုတ်ဘူး..
အဲ့လူကလေ.."

"မြန်မြန်‌ပြောပါဟ "

SeokJinခြောက်ကပ်လာသော နှုတ်ခမ်းတွေကို လျှာဖြင့်တစ်ချက်သပ်လိုက်ရင်း

"Kim Namjoon များ လား လို့"

Jae wookကတော့ သွားရှာပြီ ဟူသည့်အကြည့်နှင့် တရားပေါက်သလိုလှမ်းကြည့်လာ၏

"ငါလဲ မဖြစ်နိုင်ဘူးဆိုပြီးတွေးတာပဲဟ"

စိတ်ထဲဝင်လာသော သံသယလေးအရ သူတိတ်တိတ်လေး Kim Namjoonကိုစောင့်ကြည့်လာခဲ့တာကြာပြီ။

SeokJinဆီမှ messageတစ်ခုပို့လိုက်တိုင်း
Kim Namjoonကဖုန်းကိုစစ်ကြည့်တတ်သည်။ တိုက်ဆိုင်မှုတွေဟု သတ်မှတ်ရအောင်ကလည်း တစ်ခါနှစ်ခါမကဖြစ်လာတော့ ယုံရခက်ခက်။

ထိုအကြောင်းတွေJae wookကိုပြောပြတော့လည်း ဒင်းက လျှောက်လဲချက်တွေနှင့်ပြန်လည်ချေပပြန်သည်။

" ငါတို့မြင်တာတော့ Kim Namjoonကအမြဲဖုန်းကိုကြည့်နေတတ်တာပါကွာ"

"ငါရှိတဲ့နေရာတွေလဲရောက်ရောက်လာတယ်"

" မင်းကသူရှိတဲ့နေရာတွေသွားနေတာပါ"

"ဟေ့ကောင် ငါထသတ်မိတော့မယ်နော်"

လက်သီးထရွယ်တော့မှ သကောင့်သားက အကန်ပြောခြင်းကိုရပ်ကာ ကြောက်ဟန်ပြသည်။
SeokJinဘာမှမပြောတော့ပဲ ခုံတန်းပေါ်သာ ခေါင်းမှီ၍ မျက်လုံးများကိုမှိတ်ချလိုက်သည်။

နေရောင်ခြည်က သစ်ရွက်များကြားမှ ခပ်စိပ်စိပ်လေး အလည်ရောက်ရှိလာသည်။
Jae wookသစ်ရွက်ခြောက်တွေကို လက်နှင့်ဖိခြေသဖြင့် ထွက်လာသော အသံမှလွဲ၍ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်လွန်းလှသည်။

တကယ်သာ ထိုသူဟာ Kim Namjoonများဖြစ်ခဲ့ရင်...
နေခြည်မနမ်းသော သူ့နှုတ်ခမ်းများ အလိုလိုတွန့်ကွေးမိသွားသည်။
.
.
.
.
.

မေဂျာပေါင်းစုံWelcomeအတွက် ရှိသမျှဌာနတွေအကုန်အလုပ်ရှုပ်နေကြသည်။
အထူးအခွင့်အရေးအနေဖြင့် စာမသင်ရပဲ လွတ်လပ်ရေး အုပ်စုလိုက်ရနေသော ကာလပင်။

သို့သော် အတန်းခေါင်းဆောင်ကို သူငယ်ချင်းတော်ထားရသော SeokJinတို့အုပ်စုမှာမူ ဒင်းခိုင်းသမျှအကုန်ကူလုပ်ပေးနေရသဖြင့် ဝအောင်ပင်ပျော်ချိန်မရပါချေ။

"သားကြီး ဒီအအေးကဒ်တွေ
လေ့ကျင့်နေတဲ့ ခန်းမထဲသွားပို့ပေး"

သုံးကဒ်လောက်ဆင့်ပြီးပေးလာသော
အအေးကဒ်တွေ၏အလေးချိန်‌ကြောင့် လက်ပျဉ်ကပင်အောင့်ခနဲ။

ဆဲမည်ပြင်လိုက်သော်လည်း နွမ်းဖတ်နေသော မျက်နှာငယ်လေးနှင့် ကိုယ့်သူငယ်ချင်းကိုမဆဲရန်ပြန်တော့ ကြိတ်မှိတ်ကာသာယူခဲ့လိုက်သည်။

"သွားထားပေးရုံပဲမှလား..
လိုက်ဝေပေးရအုံးမှာလား"

"ပိုက်နဲ့တစ်ခါထဲပါးစပ်မှာဆို့ပေးခဲ့"

အကုန်လိုက်ပြင်ဆင်နေရ၍ ‌ဒေါသထွက်နေသော ထိုအသံအား SeokJinရယ်ကာ အအေးကဒ်တွေမလျှက် ထွက်လာခဲ့လိုက်သည်။

တီးလုံးသံမြိုင်မြိုင်ထွက်နေသော ခန်းမကျယ်ကြီးရှေ့ရောက်တော့ မေဂျာပေါင်းစုံမှ အချောအလှပေါင်းစုံကို စု၍ တွေ့လိုက်ရသည်။
အိမ်း တန်ပါတယ်လေ..။

" ဟာ အအေးတွေဟေး"

သူ့ကိုမြင်သည်နှင့် မောနေသော လူတစ်စုက ဝမ်းသာအယ်လဲ ပြေးလာသည်။
တစ်ဖက်က တစ်စုကတော့ အကတိုက်နေတုန်းထင်၏။

"စီနီယာ ဒါကျောင်းသားတွေအတွက် ကျွန်တော်တို့ဌာနက တိုက်တာပါ"

ကြီးကြပ်နေ‌သည့် စီနီယာအစ်ကိုကြီးတစ်ယောက်အား ပြောရင်း အအေးကဒ်တွေကို အခန်းထောင့်သို့ ကပ်ကာချလိုက်သည်။

"ကျေးဇူးကွာ မဟုတ်ရင်တောင် မောနေကြတာ"

စီနီယာ စကားပြောနေတုန်း သူသီချင်းသံကြားရာကို စူးစမ်းချင်စွာကြည့်လိုက်မိသည်။
သွေးတွေအကုန်လုံးနားထင်ဆောင့်တတ်ကုန်သလို တကယ်ဒိန်းခနဲ!

Kim Namjoon..
အနက်ရောင်တီရှပ်တစ်ထည်နှင့်ဂျင်းနက်နက်ကို ထင်းနေအောင်ဝတ်ကာ စည်းချက်အလိုက်လှုပ်ရှားနေ၏။

သူအမြဲတမ်းဖတ်တတ်ခဲ့သော မျက်နှာထားအရ
ထိုအသွင်အပြင်ဟာ စိတ်ညစ်ညူးနေသည့်ဟန်။
အေးလေ ဒင်းလိုငချေကောင် အခုလို လူတွေ ရှေ့ ကနေရတာပျော်မတဲ့လား..။

ဒါပေမဲ့လည်း ကတာကအရမ်းကိုကြည့်ကောင်းလွန်းနေတာမို့ မျက်လုံးမခွာနိုင်လောက်အောင်ပင်။ 
သူ့လိုပဲ ခန်းမထဲရှိလူတွေအကုန်လုံး၏ အာရုံဟာ ထိုတစ်ယောက်တွင်သာစုပုံလို့။
ဟုတ်ကဲ့ ကျွန်တော့် ရဲ့ချစ်မလွယ်မုန်းခက် လေးက အဲ့သည်လိုကျော်ကြားပါသတဲ့။

"ဟေး Namjoonတို့
ပြီးရင်အအေးလာသောက်ကြအုံး"

ဘယ်လောက်ငမ်းမိနေသည်မသိ
ဘေးကစီနီယာအစ်ကို စူးခနဲအော်မှ ပစ္စပ္ပါန်ကိုချက်ချင်းပြန်ရတော့သည်။

"ဒါဆို ကျွန်တော် သွားပြီဗျ"

သူတို့အနားကိုလျှောက်လာသော Kim Namjoonရှေ့ကနေခြေမတုန်အောင် သွက်သွက်ကလေးလျှောက်လာရသည်။

ချွေးစိုနေသည့် ဆံပင်တွေနှင့် အနီပြေပြေသန်းနေသော ထိုမျက်နှာကြောင့် ခြေလှမ်းတွေလဲ ယိုင်ချင်ချင်ပင်။

သူ့ကိုတစ်ချက်လေးမှ ဝေ့ဝဲမကြည့်သော မျက်လုံးတွေကို ကြည့်ကာ စိတ်ထဲမှအနည်းတော့ခံပြင်းရ၏။

သူ့အတွေးတွေမှားယွင်းနေခဲ့သလား?
Kim Namjoonဟာ သူ့အပေါ်တကယ်ကိုစိတ်ဝင်စားမှုတစ်စက်ကလေးတောင်ရှိမနေခဲ့ဘူး။

.
.
.
.
.
.

အခုတလော သူတို့ကျောင်းရှိ မိန်းကလေးများ၏
ပါးစပ်ဖျားတွင် Kim Namjoonသည်ရေပန်းစားသထက်စားလာသည်။

အကတိုက်နေသော သူ့ပုံရိပ်တွေကလည်း
ကြည့်ရှုသူတွေအများကြီးနှင့် နေရာယူနေကြသည်။

ထို့အတွက် SeokJinစိတ်မကောင်း..။
ဒါတွေကိုKim Namjoonနည်းနည်းလေးတောင် ပျော်မှာမဟုတ်ဘူး။

SeokJinနှစ်ပေါင်းများစွာ မြင်အောင်ကြည့်ခဲ့ရတဲ့ ထိုသူရဲ့စိတ်က တကယ်အေးအေးချမ်းချမ်းလေးရယ်..
သူ့ကိုအာရုံစိုက်ခံရတာကို အရမ်းမုန်းတဲ့သူ
အခုပျော်နေမည်မဟုတ်တာတော့သေချာသည်။

"ဘာတွေစဉ်းစားနေတာလဲ..မုန့်ရောက်နေပြီ"

ဘေးနားက သူငယ်ချင်းလက်တို့တော့မှ မျက်စိရှေ့ရောက်နေသည်  ကိတ်မုန့်လေးကို သတိပြုမိသည်။

"ဒီကိတ်ဖိုးမင်းကိုရှင်းခိုင်းရင် ကောင်းမယ်လို့"

"ငါ့အသားသာလှီးသွား"

"မင်းအသားရွံလို့ခွေးတောင်မစားဘူး
ရေမချိုးမိုးမချိုးနဲ့"

"ဟာ ဟေ့ကောင်"

သူတို့နှစ်ယောက်ထသတ်နေတုန်း ကန်တင်းကိုလူတစ်စုဝင်လာကာ ဆူညံသွားစေ၏။

"ဝါး SeokJinရေ..
ဌာနတိုင်းကQueenလေးတွေကတော့ ချောနေလိုက်တာများကွာ"

အမှန်ပင်..
ထိုချောချင်တိုင်းချောနေကြသော သားပျိုသမီးပျိုအလှပဂေးတွေအလည်မှာ ထင်းနေသော သူတစ်ဦးကိုသာ သူကြည့်မိသည်။

ပြုံးစစမျက်နှာပေးက တစ်လျှောက်လုံးသူ တစ်ခါမှမမြင်ဖူးခဲ့သော မျက်နှာမျိုးဖြစ်သည်။

"ဒီနေ့ Namjoonက ကျွေးမှာတဲ့နော်
အားမနာကြနဲ့တော့"

ဟေးခနဲအော်ဟစ်သံတွေရယ် ကောင်မလေူတစ်ချို့၏ ရယ်သံချိုချိုတွေရယ်က ကန်တင်းကိုပို၍ဆူညံသွားစေသည်။

ဘေးတိုက်မြင်နေရသော Kim Namjoonက ထိုလူအုပ်ထဲတွင် ပေါ့ပေါ့ပါးပါးပြုံးရယ်၍ ရှိနေသည်။

မင်းမှာငါမမြင်နိုင်တဲ့မျက်နှာဖုံးတွေဘယ်လောက်များရှိနေခ‌ဲ့သလဲ ..
အစစ်အမှန်တွေ ဝေဝါးလာတဲ့တစ်နေ့မှာ
ဒီထုထည်ကြား ကြာလာရင် မင်းမွန်းကြပ်မှာကိုငါစိုးမိပါရဲ့...။

You are reading the story above: TeenFic.Net