တန္ဖိုးႀကီး ကားမ်ိဳးစံုအစီအရီရပ္ထားေသာ ေျမေအာက္ကားပါကင္တြင္SeokJinပါးစပ္အေဟာင္းသားျဖင့္ ေငးမ၀ျဖစ္ေနသည္။
Namjoonက ကားေနာက္ဖံုးထဲမွ ၀ယ္လာေသာ ဟင္းခ်က္ပစၥည္းေတြကို သယ္ၿပီး သူ႔ထံေအးေအးေဆးေဆးေလ်ွာက္လာသည္။
ဒီေန့ပိတ္ရက္ျဖစ္တာေၾကာင့္ သူNamjoonကြန္ဒိုကိုလာလည္ျခင္းျဖစ္၏။
အတူတူ ထမင္းခ်က္စားရန္လဲတိုင္ပင္ထားတာမို႔ အနီးနားကေဈးတြင္ လိုတာေတြပါတစ္ခါတည္း၀င္ဝယ္ေနလိုက္ၾကသည္။
"ဒီအခန္း"
Namjoonက
Passwordကိုခပ္သြက္သြက္ႏိွပ္ကာ ေရွ ့မွ၀င္သြားသည္။
သူထင္ထားသည္ႏွင့္ တျခားစီ အိမ္၏အတြင္းပိုင္းက သန႔္ရွင္းသပ္ရပ္ လြန္းတာေၾကာင့္ SeokJinလက္ခုပ္ပင္ထတီးမိေတာ့မတတ္။
သူ႔အခန္းဆို အေမကသရဲအိမ္ႏွင့္ေတာင္ခိုင္းႏိႈင္းၿပီး အၿမဲဆူေနၾက။
ေတာက္ပေနေသာၾကမ္းခင္းေတြႏွင့္ သစ္ပင္ေတြစီစိုက္ထားေသာ ၀ရန္တာငယ္ေလးကိုလဲ မွန္၏တစ္ဖက္ျခားမွ ျမင္ေနရသည္။
စားပြဲေပၚတြင္လည္း ရွင္းလင္းၿပီး ပန္းအိုးငယ္ေလးတစ္လံုးကိုသာေတြ ့ရ၏။
အထုတ္ေတြကိုမီးဖိုခန္းထဲခ်ၿပီးျပန္လာေသာNamjoonက ဖန္ကရားထဲမွေရကိုခြက္ထဲထၫ့္ကာ ေအးေအးေဆးေသာက္ေနသည္။
ထို႔ေနာက္ သူ႔ထံေလ်ွာက္လာကာ တစ္ဖက္ကဆိုဖာတြင္၀င္ထိုင္၏။
"မင္းအေဖနဲ႔အေမလဲ မေတြ ့ဘူးေနာ္"
ႏွစ္ေယာက္သားဘာစကားမွရွာမရသျဖင့္ SeokJinပါးစပ္ထဲေတြ ့တာေကာက္ေမးလိုက္သည္။
"ငါတစ္ေယာက္ထဲခြဲေနတာ
တကၠသိုလ္စတတ္ကတည္းက"
"အာ..."
Namjoonကတကယ့္သူေဌးသားဆိုတာ သူေမ့ေနခဲ့တာ။ တစ္ေယာက္ထဲေနဖို႔ စီစဉ္ေပးထားတဲ့အိမ္က သူတို႔အိမ္ထက္ေတာင္ပို၍ ခမ္းနားေနေသးသည္။
"ဗိုက္ဆာၿပီလား"
ဒီစကားကိုေတာ့Namjoonကေမးလိုက္ျခင္းသာ။Seokjinေခါင္းခါရင္း
"မဆာေသးဘူး..ငါအိမ္မွာလဲမနက္စာအမ်ားႀကီးစားလာလို႔"
Namjoonကေခါင္းတဆတ္ဆတ္ၿငိမ့္ရင္း ထရပ္သည္။
"သက္သာသလိုေနေလ..
မင္းကငါ့ရည္းစား ဒါမင္းအိမ္ပဲ"
ဘုရား ဘုရား! ဒီလိုအီစီကလီစကားေတြကို မ်က္ေတာင္တစ္ခ်က္မခတ္ပဲ ရုပ္တည္ႀကီးႏွင့္ေျပာေနေသာKim Namjoonေၾကာင့္ သူၾကက္သီးေတြပင္ထလာရသည္။
မ်က္ႏွာေတာင္ျဖန္းခနဲပူၿပီးရင္ေတြပါဝုန္းဆို ေဆာင့္တတ္သြားသည္အထိ စကားတစ္ ခြန္းကေမႊေနာက္သြား၏။
"ဟီးဟီး"
ရွက္ရင္ဘာလုပ္ရမွန္းမသိပဲရယ္တတ္ေသာ သူ႔အက်င့္ေၾကာင့္ ႏွာေခါင္းကိုလက္ႏွင့္ပြတ္ရင္းသာ ရယ္ေနမိသည္။
ထို႔ေနာက္ အာရံုလႊဲေစရန္ အိမ္ပတ္ပတ္လည္ကိုၾကၫ့္မိေတာ့ နံရံထက္တြင္ ခန႔္ခန႔္ညားညားေနရာယူေနေသာ ပန္းခ်ီကားတစ္ခ်ပ္ကိုေတြ ့၏။
ေနၾကာပန္းခင္းႀကီးႏွင့္ ေနေရာင္ေဖ်ာ့ေဖ်ာ့
ေကာင္ေလးတစ္ေယာက္ရယ္ေနသၫ့္ပံု..
ေဘးတိုက္ျမင္ေနရသၫ့္ ထိုေကာင္ေလး ဆံပင္ေတြေလလြင့္ေနတာကအစ အသက္၀င္လြန္းလွ၏။
"ႀကိဳက္လား"
Namjoonကသူ႔ေဘးနား၀င္ထိုင္ကာေမးလိုက္သည္။ နီးကပ္ေနေသာ ကိုယ္ေငြ့ေၾကာင့္ SeokJinတံေတြးပင္ဂလုခနဲၿမိဳခ်မိသြား၏။
"ဟမ္ ဘာကိုလဲ"
"ငါဆြဲထားတဲ့ ပန္းခ်ီကိုေလ"
"ေအး..တကယ္ႀကိဳက္တယ္..
ဒါငါတို႔အလယ္တန္းေလာက္တုန္းကသြားခဲ့တဲ့
ခရီးကထင္တယ္..ေနၾကာပန္းေတြထဲမွာေလ"
ထင္တယ္ဆိုေသာ ေဝါဟာရကို တမင္ထၫ့္ေျပာလိုက္တာသာျဖစ္သည္။
သူ႔ေလာက္ေသခ်ာတာ သူပဲရိွႏိုင္မည္ျဖစ္သည္
မင္းကိုစခ်စ္ခဲ့ရတဲ့ေန့ကေလး လို႔ေတာ့ သူမေျပာ ျဖစ္ခဲ့။
"အင္း..ဟုတ္တယ္"
"အဲ့ရယ္ေနတဲ့ေကာင္ေလးက ဘယ္သူလဲ?
မင္းမဟုတ္တာေတာ့ေသခ်ာတယ္"
SeokJinသိခ်င္စိတ္ကိုအရယ္ေလးေရာကာေမးလိုက္သည္။ ဘယ္လိုလူမို႔ ပန္းခ်ီဆြဲၿပီးေတာင္ အျမတ္တႏိုးခ်ိတ္ထားရသလဲေလ..
"အဲ့ေကာင္ေလးကလား..
ငါ့အခ်စ္ဦး "
တစ္ခါတစ္ေလမွ သူ႔စကားကို အဖက္လုပ္ျပန္ေျပာေသာ Namjoonပံုစံက စကားေတြဆက္ေျပာခ်င္ေနသၫ့္ဟန္။
ေအးစက္မႈန္မိႈင္းေသာ အသြင္ေပ်ာက္ကာ ႏႈတ္ခမ္းေတြကလဲ ၿပံဳးရီခ်ိဳျမလို႔..
"ေအာ္.."
SeokJinတကယ္ စိတ္ထဲခဲဆြဲသလိုေလးလံသြားရသည္။ ပိုင္ဆိုင္ရၿပီလို႔ထင္တဲ့အခ်ိန္မွေတာ့ လက္မလႊတ္ခ်င္ေတာ့ဘူး။
Namjoonကသူျဖစ္သြားတဲ့ပံုကိုၾကၫ့္ကာ ဟက္ခနဲရယ္သည္။
"ၾကၫ့္ရတာ ငါ့ပန္းခ်ီလက္ရာေတာ္ေတာ္ညံ့တယ္ထင္တယ္"
"အာ အဲ့လိုမဟုတ္ပါဘူး..လွပါတယ္"
"သိပ္ပိန္းလိုက္တဲ့ေကာင္ပါကြာ"
သူ႔ပုခံုးေတြညင္သာဆြဲယူခံရၿပီး Namjoonရင္ခြင္ထဲသို႔ က်ေရာက္သြားသည္။
ဒိတ္ဒိတ္ျမည္ေနေသာ ရင္ခုန္သံေတြက သူ႔ဆီကလားNamjoonဆီကလားဆိုတာမသဲကြဲေတာ့ ယဥ္ယဥ္ေလးႏွာ၀သို႔ တိုးေဝွ ့လာေသာ ကိုယ္သင္းရနံ ့ေလးကိုသာ ခိုးရ ဲ့ရႈရိႈက္ေနမိသည္။
တင္းၾကပ္ေအာက္ဖက္ထားတာလဲမဟုတ္ပဲ
Namjoonပံုစံက ၀က္ဝံရုပ္ေလးကို အသည္းတယားယားႏွင့္ ေထြးပိုက္ထားသၫ့္ဟန္။
ဆံပင္ေလးကိုနမ္းလိုက္ နားရြက္ေလးကိုက္လိုက္ျဖင့္ မထိတထိႏွင့္ က်ီစယ္ေနသည္။
"Namjoon ငါ..."
မင္းကိုခ်စ္တယ္ ဟုအက်ယ္ႀကီးေျပာလိုက္ခ်င္ပါေသာ္လည္း ထိုရီေဝေဝအၾကၫ့္တို႔ေအာက္မွာ စကားတို႔ျပန္ေပ်ာက္ရွကုန္ရျပန္၏။
သူစကားသံထြက္မလာေတာ့ Namjoonကေျပာေလဟူေသာ ပံုစံျဖင့္ မ်က္ခံုးေလးပင့္ျပသည္
"ငါ..ငါဗိုက္ဆာတယ္"
စိတ္ကတစ္ျခားပါးစပ္ကတစ္လြဲဆိုတာ သူလိုလူကိုေျပာသည္ထင္၏။ Namjoonကေတာ့ ဘာမွမေျပာပဲ ပါးကိုနစ္၀င္ေအာင္ႏွာေခါင္းခြၽန္တို႔ျဖင့္ နမ္းရိႈက္လိုက္ၿပီးမွ ဖယ္ခြာေပးသည္။
" ခနေစာင့္ "
"တူတူခ်က္မယ္ေလ"
သူ႔စကားကိုဟုတ္လို႔လားဟူသၫ့္ပံုျဖင့္ Namjoonက ၾကၫ့္သည္။
ဒီလိုေပေစာင္ေစာင္ ၾကၫ့္ေနတာေတာင္ ဒင္းကခ်စ္ဖို႔ေကာင္းေနတုန္း ဒုကၡ..။
.
.
.
.
.
မီးဖိုထဲသံစံုတီးဝိုင္းမ်ား ျမည္တီးၿပီးေနာက္ စားပြဲေပၚတြင္ ဟင္းပြဲတစ္ခ်ိဳ႕ ေနရာယူႏိုင္ခဲ့ၿပီျဖစ္သည္။
ထမင္းကေတာ့ SeokJinလက္ရာ..ေရလြန္သြားသျဖင့္အနည္းငယ္ေပ်ာ့ၿပဲေလ်ာ့ရဲေနသည္။
Namjoonလက္ရာၾကက္ဥလိပ္တူးတူးႏွင့္
အႂကြပ္လြန္၀က္သားေၾကာ္ႏွင့္တြဲစားမည္ဆိုလ်ွင္ေတာ့ အေတာ္ပါပဲဟု ေျဖေတြးေတြးလိုက္သည္။ အရြက္စံုထၫ့္၍ ႏွစ္ေယာက္ေပါင္းဖန္တီးထားေသာ ဆယ့္ႏွစ္မ်ိဳးဟင္းခ်ိဳမွာေတာ့ ေၾကာက္ခမန္းလိလိကို စိမ္ေခၚေနသည္။
သူတို႔ႏွစ္ေယာက္လံုး ဘယ္ဟင္းကိုမွလက္မလွမ္းရဲၾကပဲ စိုက္ၾကၫ့္ေနမိၾက၏။
"ဒီအတိုင္းမွာစားရေအာင္ Namjoon"
"အဟမ္း အဆင္ေျပမွာပါ"
Namjoonကတူကိုဟန္ပါပါကိုင္ကာ ထမင္းကို စတင္စားသည္။ ထို႔ေနာက္ ၾကက္ဉလိပ္ကို ကိုက္သည္။ မ်က္ႏွာကပံုမွန္ပင္ ဘာမွအမူအယာမျပေသာေၾကာင့္ SeokJinေရ႔ွကတူကို ေကာက္လိုက္ၿပီး ၾကက္ဥလိပ္ပန္းကန္စီလက္ရြယ္လိုက္သည္။
"မစားနဲ့"
Namjoonက သူ႔လက္ကိုတားကာ ပန္းကန္ကိုဆြဲယူလိုက္သည္။
" တျခားဟာပဲမွာစားၾကမယ္"
"အင္း အဲ့တာေကာင္းမယ္ထင္တယ္"
ထို႔ေနာက္ဘာမွေထြေထြထူးထူးရယ္စရာမပါပဲ သူတို႔ရယ္မိၾကသည္။
သူ႔ဘ၀မွာ Namjoonအဲ့လိုလြတ္လြတ္လပ္လပ္ရယ္တာ ပထမဆံုးျမင္ဖူးတာျဖစ္သည္။
ဆံပင္ေတြကိုလက္ျဖင့္သပ္တင္ရင္း
ပါးခ်ိဳင့္ငယ္ေပၚေအာင္ရယ္ေနေသာ ပံုေလးကို သူတစ္၀ႀကီး စိုက္ၾကၫ့္ေနမိသည္။
အၿမဲတမ္း ငါ့ေကာင္ေလးဒီလိုရယ္ေမာရင္ သိပ္ေကာင္းမယ္...။
.
.
.
.
ညေနေစာင္းလုၿပီျဖစ္ေသာေၾကာင့္ SeokJinျပန္ဖို႔ျပင္ဆင္ရေတာ့မည္ျဖစ္သည္။
အသန႔္ႀကိဳက္လြန္လွေသာ Namjoonကေတာ့
ဟင္းခ်က္ရင္းအနံ ့စြဲသည္ဆိုကာ ေရသြားခ်ိဳးေနေလ၏။
ဧၫ့္ခန္းတစ္ခန္းလံုးေလ်ွာက္ၾကၫ့္ရတာေညာင္းလာသျဖင့္ ခပ္ဟဟဖြင့္ထားေသာ Namjoonအခန္းဆီသို႔ သူ၀င္လာခဲ့သည္။
သန႔္ရွင္းသပ္ရပ္ေသာ အခန္းက်ယ္ႀကီးက
အျပစ္တင္ခ်င္စရာတစ္ခုမွရွာမေတြ ့ပါ။
စာၾကၫ့္စားပြဲတြင္လည္း ေသသပ္စြာထပ္ထားေသာ စာအုပ္မ်ားႏွင့္ မီးအိမ္ငယ္ေလးတစ္ခုသာေတြ ့တယ္။
နံရံကပ္စင္ေလးမ်ားတြင္ေတာ့ သစ္ပင္ေသးေသးေလးေတြ အရုပ္ေသးေသးေလးေတြ စီရီတင္ထားတာေတြ ့ရသည္။
ကုတင္ေပၚ၀င္ထိုင္မည္ျပင္ေတာ့ ကုတင္ေအာက္ရိွ စကၠ ူပံုးတစ္ခုကိုေျခေထာက္ကသြားတိုက္မိသည္။
ၾကၫ့္ရတာ စာရြက္မ်ားဖိုင္မ်ားကို ျဖစ္သလိုထိုးထၫ့္ထားဟန္ေပၚသည္။
"ဟင္"
တစ္စြန္းတစ္စထြက္ေနေသာ ဖိုင္တြဲေပၚမွစာကိုဖတ္မိကာ သူမ်က္လံုးျပ ူးသြား၏။
LAရွိထိပ္တန္းတကၠသိုလ္တစ္ခု၏ ေက်ာင္၀င္ခြင့္ေခၚစာျဖစ္သည္။
Namjoonက ထိုတကၠသိုလ္ ကိုျငင္းပယ္ၿပီး သူတို႔ဆီမွာတတ္ခဲ့တာလား?
ကိုရီးယားမွာပင္ သူတို႔ထက္အပံုႀကီးျမင့္ေသာ တကၠသိုလ္ေတြ ဒုႏွင့္ေဒးရိွေနေသးသည္။
"အေရးမပါပါဘူး"
ဘယ္အခ်ိန္ကတည္းကေရာက္ေနမွန္းမသိေသာ Namjoonကစာၾကၫ့္စားပြဲကိုမွီကာ ေလသံေအးေအးေလးျဖင့္ေျပာသည္။
ေရစို၍၀င္းလဲ့ေနေသာ အသားရည္က
တကယ္ပင္ေကာင္းျခင္းအတိျပၫ့္စံုလွ၏။
"ေဆာရီး..ငါမရည္ရြယ္ပဲၾကၫ့္မိတာပါ"
"က်စ္.. SeokJinရာ..
ဒီအိမ္ထဲမွာ မင္းဘာမွခြင့္ေတာင္းစရာမလိုပဲအကုန္လုပ္ခြင့္ရိွတယ္"
Namjoonကဆံပင္ေတြကိုတံဘက္ျဖင့္ ခပ္ၾကမ္းၾကမ္းခါရင္း အ၀တ္ဗီရိုလွၫ့္သြား၏။
" ဒီအိမ္မွာ ငါလုပ္ခ်င္တာလုပ္လို႔ရတယ္ဆိုတာတကယ္လား"
အ၀တ္ေရြးေနေသာ Namjoonက သူ႔ဘက္ကိုလွၫ့္ကာ ေခါင္းညိမ့္ျပသည္။
"ဒါဆို ငါမင္းဆံပင္ေတြကို ေရသုတ္ေပးခ်င္တယ္"
Namjoonကထင္မထားဟန္တူေသာစကားေျကာင့္ခနမ်ွေငးေနကာ ၿပံဳးသည္..
တစ္ေန့တည္းႏွင့္တင္ ျမင္လိုက္ရေသာ အၿပံဳးေတြေၾကာင့္ ပိတ္ရက္ေလးဟာ ၾကည္ႏူးဖြယ္ေကာင္းေနေတာ့၏။
ထို႔ေနာက္ Namjoonကသူ႔ကိုကုတင္ေပၚထိုင္ေစကာ သူ႔ေပါင္ေပၚေခါင္းတင္၍ မွီလိုက္၏။
အျဖဴေရာင္တံဘက္ပြပြကိုလဲ ကမ္းေပးလိုက္ေသးသည္။
"Kim SeokJin"
"မေမ့နဲ႔ "
" ငါ့ကိုလဲမင္းပိုင္တယ္"
Namjoonဆီမွထြက္လာေသာ စကားသံတိုးရွရွ..
SeokJinရင္ခုန္လြန္း၍ အသက္ပင္ေအာင့္မိသြားသည္။ အၾကင္သူကေတာ့ သြားတန္းညီညီေတြေပၚေအာင္ၿပံဳးရင္း ရယ္ေသြးသြမ္းေနခဲ့ေလ၏။
မင္းကဆိုးလိုက္တာ Kim Namjoonရာ..။
______________________________________
For Unicode
တန်ဖိုးကြီး ကားမျိုးစုံအစီအရီရပ်ထားသော မြေအောက်ကားပါကင်တွင်SeokJinပါးစပ်အဟောင်းသားဖြင့် ငေးမဝဖြစ်နေသည်။
Namjoonက ကားနောက်ဖုံးထဲမှ ဝယ်လာသော ဟင်းချက်ပစ္စည်းတွေကို သယ်ပြီး သူ့ထံအေးအေးဆေးဆေးလျှောက်လာသည်။
ဒီနေ့ပိတ်ရက်ဖြစ်တာကြောင့် သူNamjoonကွန်ဒိုကိုလာလည်ခြင်းဖြစ်၏။
အတူတူ ထမင်းချက်စားရန်လဲတိုင်ပင်ထားတာမို့ အနီးနားကဈေးတွင် လိုတာတွေပါတစ်ခါတည်းဝင်ဝယ်နေလိုက်ကြသည်။
"ဒီအခန်း"
Namjoonက
Passwordကိုခပ်သွက်သွက်နှိပ်ကာ ရှေ့မှဝင်သွားသည်။
သူထင်ထားသည်နှင့် တခြားစီ အိမ်၏အတွင်းပိုင်းက သန့်ရှင်းသပ်ရပ် လွန်းတာကြောင့် SeokJinလက်ခုပ်ပင်ထတီးမိတော့မတတ်။
သူ့အခန်းဆို အမေကသရဲအိမ်နှင့်တောင်ခိုင်းနှိုင်းပြီး အမြဲဆူနေကြ။
တောက်ပနေသောကြမ်းခင်းတွေနှင့် သစ်ပင်တွေစီစိုက်ထားသော ဝရန်တာငယ်လေးကိုလဲ မှန်၏တစ်ဖက်ခြားမှ မြင်နေရသည်။
စားပွဲပေါ်တွင်လည်း ရှင်းလင်းပြီး ပန်းအိုးငယ်လေးတစ်လုံးကိုသာတွေ့ရ၏။
အထုတ်တွေကိုမီးဖိုခန်းထဲချပြီးပြန်လာသောNamjoonက ဖန်ကရားထဲမှရေကိုခွက်ထဲထည့်ကာ အေးအေးဆေးသောက်နေသည်။
ထို့နောက် သူ့ထံလျှောက်လာကာ တစ်ဖက်ကဆိုဖာတွင်ဝင်ထိုင်၏။
"မင်းအဖေနဲ့အမေလဲ မတွေ့ဘူးနော်"
နှစ်ယောက်သားဘာစကားမှရှာမရသဖြင့် SeokJinပါးစပ်ထဲတွေ့တာကောက်မေးလိုက်သည်။
"ငါတစ်ယောက်ထဲခွဲနေတာ
တက္ကသိုလ်စတတ်ကတည်းက"
"အာ..."
Namjoonကတကယ့်သူဌေးသားဆိုတာ သူမေ့နေခဲ့တာ။ တစ်ယောက်ထဲနေဖို့ စီစဉ်ပေးထားတဲ့အိမ်က သူတို့အိမ်ထက်တောင်ပို၍ ခမ်းနားနေသေးသည်။
"ဗိုက်ဆာပြီလား"
ဒီစကားကိုတော့Namjoonကမေးလိုက်ခြင်းသာ။Seokjinခေါင်းခါရင်း
"မဆာသေးဘူး..ငါအိမ်မှာလဲမနက်စာအများကြီးစားလာလို့"
Namjoonကခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ထရပ်သည်။
"သက်သာသလိုနေလေ..
မင်းကငါ့ရည်းစား ဒါမင်းအိမ်ပဲ"
ဘုရား ဘုရား! ဒီလိုအီစီကလီစကားတွေကို မျက်တောင်တစ်ချက်မခတ်ပဲ ရုပ်တည်ကြီးနှင့်ပြောနေသောKim Namjoonကြောင့် သူကြက်သီးတွေပင်ထလာရသည်။
မျက်နှာတောင်ဖြန်းခနဲပူပြီးရင်တွေပါဝုန်းဆို ဆောင့်တတ်သွားသည်အထိ စကားတစ် ခွန်းကမွှေနောက်သွား၏။
"ဟီးဟီး"
ရှက်ရင်ဘာလုပ်ရမှန်းမသိပဲရယ်တတ်သော သူ့အကျင့်ကြောင့် နှာခေါင်းကိုလက်နှင့်ပွတ်ရင်းသာ ရယ်နေမိသည်။
ထို့နောက် အာရုံလွှဲစေရန် အိမ်ပတ်ပတ်လည်ကိုကြည့်မိတော့ နံရံထက်တွင် ခန့်ခန့်ညားညားနေရာယူနေသော ပန်းချီကားတစ်ချပ်ကိုတွေ့၏။
နေကြာပန်းခင်းကြီးနှင့် နေရောင်ဖျော့ဖျော့
ကောင်လေးတစ်ယောက်ရယ်နေသည့်ပုံ..
ဘေးတိုက်မြင်နေရသည့် ထိုကောင်လေး ဆံပင်တွေလေလွင့်နေတာကအစ အသက်ဝင်လွန်းလှ၏။
"ကြိုက်လား"
Namjoonကသူ့ဘေးနားဝင်ထိုင်ကာမေးလိုက်သည်။ နီးကပ်နေသော ကိုယ်ငွေ့ကြောင့် SeokJinတံတွေးပင်ဂလုခနဲမြိုချမိသွား၏။
"ဟမ် ဘာကိုလဲ"
"ငါဆွဲထားတဲ့ ပန်းချီကိုလေ"
"အေး..တကယ်ကြိုက်တယ်..
ဒါငါတို့အလယ်တန်းလောက်တုန်းကသွားခဲ့တဲ့
ခရီးကထင်တယ်..နေကြာပန်းတွေထဲမှာလေ"
ထင်တယ်ဆိုသော ဝေါဟာရကို တမင်ထည့်ပြောလိုက်တာသာဖြစ်သည်။
သူ့လောက်သေချာတာ သူပဲရှိနိုင်မည်ဖြစ်သည်
မင်းကိုစချစ်ခဲ့ရတဲ့နေ့ကလေး လို့တော့ သူမပြော ဖြစ်ခဲ့။
"အင်း..ဟုတ်တယ်"
"အဲ့ရယ်နေတဲ့ကောင်လေးက ဘယ်သူလဲ?
မင်းမဟုတ်တာတော့သေချာတယ်"
SeokJinသိချင်စိတ်ကိုအရယ်လေးရောကာမေးလိုက်သည်။ ဘယ်လိုလူမို့ ပန်းချီဆွဲပြီးတောင် အမြတ်တနိုးချိတ်ထားရသလဲလေ..
"အဲ့ကောင်လေးကလား..
ငါ့အချစ်ဦး "
တစ်ခါတစ်လေမှ သူ့စကားကို အဖက်လုပ်ပြန်ပြောသော Namjoonပုံစံက စကားတွေဆက်ပြောချင်နေသည့်ဟန်။
အေးစက်မှုန်မှိုင်းသော အသွင်ပျောက်ကာ နှုတ်ခမ်းတွေကလဲ ပြုံးရီချိုမြလို့..
"အော်.."
SeokJinတကယ် စိတ်ထဲခဲဆွဲသလိုလေးလံသွားရသည်။ ပိုင်ဆိုင်ရပြီလို့ထင်တဲ့အချိန်မှတော့ လက်မလွှတ်ချင်တော့ဘူး။
Namjoonကသူဖြစ်သွားတဲ့ပုံကိုကြည့်ကာ ဟက်ခနဲရယ်သည်။
"ကြည့်ရတာ ငါ့ပန်းချီလက်ရာတော်တော်ညံ့တယ်ထင်တယ်"
"အာ အဲ့လိုမဟုတ်ပါဘူး..လှပါတယ်"
"သိပ်ပိန်းလိုက်တဲ့ကောင်ပါကွာ"
သူ့ပုခုံးတွေညင်သာဆွဲယူခံရပြီး Namjoonရင်ခွင်ထဲသို့ ကျရောက်သွားသည်။
ဒိတ်ဒိတ်မြည်နေသော ရင်ခုန်သံတွေက သူ့ဆီကလားNamjoonဆီကလားဆိုတာမသဲကွဲတော့ ယဉ်ယဉ်လေးနှာဝသို့ တိုးဝှေ့လာသော ကိုယ်သင်းရနံ့လေးကိုသာ ခိုးရ ဲ့ရှုရှိုက်နေမိသည်။
တင်းကြပ်အောက်ဖက်ထားတာလဲမဟုတ်ပဲ
Namjoonပုံစံက ဝက်ဝံရုပ်လေးကို အသည်းတယားယားနှင့် ထွေးပိုက်ထားသည့်ဟန်။
ဆံပင်လေးကိုနမ်းလိုက် နားရွက်လေးကိုက်လိုက်ဖြင့် မထိတထိနှင့် ကျီစယ်နေသည်။
"Namjoon ငါ..."
မင်းကိုချစ်တယ် ဟုအကျယ်ကြီးပြောလိုက်ချင်ပါသော်လည်း ထိုရီဝေဝေအကြည့်တို့အောက်မှာ စကားတို့ပြန်ပျောက်ရှကုန်ရပြန်၏။
သူစကားသံထွက်မလာတော့ Namjoonကပြောလေဟူသော ပုံစံဖြင့် မျက်ခုံးလေးပင့်ပြသည်
"ငါ..ငါဗိုက်ဆာတယ်"
စိတ်ကတစ်ခြားပါးစပ်ကတစ်လွဲဆိုတာ သူလိုလူကိုပြောသည်ထင်၏။ Namjoonကတော့ ဘာမှမပြောပဲ ပါးကိုနစ်ဝင်အောင်နှာခေါင်းချွန်တို့ဖြင့် နမ်းရှိုက်လိုက်ပြီးမှ ဖယ်ခွာပေးသည်။
" ခနစောင့် "
"တူတူချက်မယ်လေ"
သူ့စကားကိုဟုတ်လို့လားဟူသည့်ပုံဖြင့် Namjoonက ကြည့်သည်။
ဒီလိုပေစောင်စောင် ကြည့်နေတာတောင် ဒင်းကချစ်ဖို့ကောင်းနေတုန်း ဒုက္ခ..။
.
.
.
.
.
မီးဖိုထဲသံစုံတီးဝိုင်းများ မြည်တီးပြီးနောက် စားပွဲပေါ်တွင် ဟင်းပွဲတစ်ချို့ နေရာယူနိုင်ခဲ့ပြီဖြစ်သည်။
ထမင်းကတော့ SeokJinလက်ရာ..ရေလွန်သွားသဖြင့်အနည်းငယ်ပျော့ပြဲလျော့ရဲနေသည်။
Namjoonလက်ရာကြက်ဥလိပ်တူးတူးနှင့်
အကြွပ်လွန်ဝက်သားကြော်နှင့်တွဲစားမည်ဆိုလျှင်တော့ အတော်ပါပဲဟု ဖြေတေွးတွေးလိုက်သည်။ အရွက်စုံထည့်၍ နှစ်ယောက်ပေါင်းဖန်တီးထားသော ဆယ့်နှစ်မျိုးဟင်းချိုမှာတော့ ကြောက်ခမန်းလိလိကို စိမ်ခေါ်နေသည်။
သူတို့နှစ်ယောက်လုံး ဘယ်ဟင်းကိုမှလက်မလှမ်းရဲကြပဲ စိုက်ကြည့်နေမိကြ၏။
"ဒီအတိုင်းမှာစားရအောင် Namjoon"
"အဟမ်း အဆင်ပြေမှာပါ"
Namjoonကတူကိုဟန်ပါပါကိုင်ကာ ထမင်းကို စတင်စားသည်။ ထို့နောက် ကြက်ဉလိပ်ကို ကိုက်သည်။ မျက်နှာကပုံမှန်ပင် ဘာမှအမူအယာမပြသောကြောင့် SeokJinရှေ့ကတူကို ကောက်လိုက်ပြီး ကြက်ဥလိပ်ပန်းကန်စီလက်ရွယ်လိုက်သည်။
"မစားနဲ့"
Namjoonက သူ့လက်ကိုတားကာ ပန်းကန်ကိုဆွဲယူလိုက်သည်။
" တခြားဟာပဲမှာစားကြမယ်"
"အင်း အဲ့တာကောင်းမယ်ထင်တယ်"
ထို့နောက်ဘာမှထွေထွေထူးထူးရယ်စရာမပါပဲ သူတို့ရယ်မိကြသည်။
သူ့ဘဝမှာ Namjoonအဲ့လိုလွတ်လွတ်လပ်လပ်ရယ်တာ ပထမဆုံးမြင်ဖူးတာဖြစ်သည်။
ဆံပင်တွေကိုလက်ဖြင့်သပ်တင်ရင်း
ပါးချိုင့်ငယ်ပေါ်အောင်ရယ်နေသော ပံုလေးကို သူတစ်ဝကြီး စိုက်ကြည့်နေမိသည်။
အမြဲတမ်း ငါ့ကောင်လေးဒီလိုရယ်မောရင် သိပ်ကောင်းမယ်...။
.
.
.
.
ညနေစောင်းလုပြီဖြစ်သောကြောင့် SeokJinပြန်ဖို့ပြင်ဆင်ရတော့မည်ဖြစ်သည်။
အသန့်ကြိုက်လွန်လှသော Namjoonကတော့
ဟင်းချက်ရင်းအနံ့စွဲသည်ဆိုကာ ရေသွားချိုးနေလေ၏။
ဧည့်ခန်းတစ်ခန်းလုံးလျှောက်ကြည့်ရတာညောင်းလာသဖြင့် ခပ်ဟဟဖွင့်ထားသော Namjoonအခန်းဆီသို့ သူဝင်လာခဲ့သည်။
သန့်ရှင်းသပ်ရပ်သော အခန်းကျယ်ကြီးက
အပြစ်တင်ချင်စရာတစ်ခုမှရှာမတေွ့ပါ။
စာကြည့်စားပွဲတွင်လည်း သေသပ်စွာထပ်ထားသော စာအုပ်များနှင့် မီးအိမ်ငယ်လေးတစ်ခုသာတွေ့တယ်။
နံရံကပ်စင်လေးများတွင်တော့ သစ်ပင်သေးသေးလေးတွေ အရုပ်သေးသေးလေးတွေ စီရီတင်ထားတာတွေ့ရသည်။
ကုတင်ပေါ်ဝင်ထိုင်မည်ပြင်တော့ ကုတင်အောက်ရှိ စက္က ူပုံးတစ်ခုကိုခြေထောက်ကသွားတိုက်မိသည်။
ကြည့်ရတာ စာရွက်များဖိုင်များကို ဖြစ်သလိုထိုးထည့်ထားဟန်ပေါ်သည်။
"ဟင်"
တစ်စွန်းတစ်စထွက်နေသော ဖိုင်တွဲပေါ်မှစာကိုဖတ်မိကာ သူမျက်လုံးပြ ူးသွား၏။
LAရှိထိပ်တန်းတက္ကသိုလ်တစ်ခု၏ ကျောင်ဝင်ခွင့်ခေါ်စာဖြစ်သည်။
Namjoonက ထိုတက္ကသိုလ် ကိုငြင်းပယ်ပြီး သူတို့ဆီမှာတတ်ခဲ့တာလား?
ကိုရီးယားမှာပင် သူတို့ထက်အပုံကြီးမြင့်သော တက္ကသိုလ်တွေ ဒုနှင့်ဒေးရှိနေသေးသည်။
"အရေးမပါပါဘူး"
ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိသော Namjoonကစာကြည့်စားပွဲကိုမှီကာ လေသံအေးအေးလေးဖြင့်ပြောသည်။
ရေစို၍ဝင်းလဲ့နေသော အသားရည်က
တကယ်ပင်ကောင်းခြင်းအတိပြည့်စုံလှ၏။
"ဆောရီး..ငါမရည်ရွယ်ပဲကြည့်မိတာပါ"
"ကျစ်.. SeokJinရာ..
ဒီအိမ်ထဲမှာ မင်းဘာမှခွင့်တောင်းစရာမလိုပဲအကုန်လုပ်ခွင့်ရှိတယ်"
Namjoonကဆံပင်တွေကိုတံဘက်ဖြင့် ခပ်ကြမ်းကြမ်းခါရင်း အဝတ်ဗီရိုလှည့်သွား၏။
" ဒီအိမ်မှာ ငါလုပ်ချင်တာလုပ်လို့ရတယ်ဆိုတာတကယ်လား"
အဝတ်ရွေးနေသော Namjoonက သူ့ဘက်ကိုလှည့်ကာ ခေါင်းညိမ့်ပြသည်။
"ဒါဆို ငါမင်းဆံပင်တွေကို ရေသုတ်ပေးချင်တယ်"
Namjoonကထင်မထားဟန်တူသောစကားကြောင့်ခနမျှငေးနေကာ ပြုံးသည်..
တစ်နေ့တည်းနှင့်တင် မြင်လိုက်ရသော အပြုံးတွေကြောင့် ပိတ်ရက်လေးဟာ ကြည်နူးဖွယ်ကောင်းနေတော့၏။
ထို့နောက် Namjoonကသူ့ကိုကုတင်ပေါ်ထိုင်စေကာ သူ့ပေါင်ပေါ်ခေါင်းတင်၍ မှီလိုက်၏။
အဖြူရောင်တံဘက်ပွပွကိုလဲ ကမ်းပေးလိုက်သေးသည်။
"Kim SeokJin"
"မမေ့နဲ့ "
" ငါ့ကိုလဲမင်းပိုင်တယ်"
Namjoonဆီမှထွက်လာသော စကားသံတိုးရှရှ..
SeokJinရင်ခုန်လွန်း၍ အသက်ပင်အောင့်မိသွားသည်။ အကြင်သူကတော့ သွားတန်းညီညီတွေပေါ်အောင်ပြုံးရင်း ရယ်သွေးသွမ်းနေခဲ့လေ၏။
မင်းကဆိုးလိုက်တာ Kim Namjoonရာ..။
______________________________________
You are reading the story above: TeenFic.Net