17

Background color
Font
Font size
Line height


                        For Zawgyi

Namjoonနဲ႔ တြဲရင္း သိလာရတာကေတာ့
သူထင္ထားတာထက္ကို ပို‌၍ ထိုလူဟာ ေသြးေအးသည္ဆိုတာကိုပင္။

ေဆးလိပ္ကို တရိႈက္မက္မက္မဟုတ္ေသာ္လည္း တစ္ခါတစ္ေလ ခဲတတ္သည္။
သူေျပာထားတာေၾကာင့္ အတန္းေရ႔ွကို လာမေစာင့္ တတ္ေသာ္လည္းလူရွင္းသၫ့္ ေက်ာင္းအျပင္တစ္ေနရာမွေန ကားကိုရပ္ေစာင့္ကာ အိမ္ျပန္ပို႔ေပးတတ္၏။
အမ်ားအျမင္မွာဆိုလ်ွင္ မည္သူမ်ွ သူတို႔ကို တြဲေနသည္ဟုထင္စရာအေၾကာင္းရိွမည္မဟုတ္ပါ။

ႏွစ္ေယာက္တူတူဆံုခ်င္သၫ့္ ေန့လည္စာ စားခ်ိန္ေတြဆိုလ်ွင္ jae wookတို႔ကို လွၫ့္ပတ္ေရွာင္ကာ Namjoonႏွင့္အျပင္ထြက္စားဖို႔ခ်ိန္းရသည္။
ဒီလိုဆိုေတာ့ ကိုယ့္ကိုကိုယ္ idolလိုလိုဘာလိုလိုေတာင္ထင္မိသားရယ္။

Namjoonကေတာ့ဘာမွမေျပာေပမဲ့ သူ၀ရုန္းသုန္းကားေရာက္ခ်လာတိုင္း ေခါင္းတစ္ခါခါႏွင့္ မ်က္ေမွာင္ႀကံဳ႔ေနတတ္သည္။

*Namjoon အတန္းၿပီးရင္ တူတူေန့လည္စာသြားစားရေအာင္..ထံုးစံအတိုင္းေစာင့္ေန*

သူ႔စာကို ခ်က္ခ်င္းဖတ္သြားေပမဲ့ ဘာမျွပန္မေျပာ။ဒါသည္ပင္ လက္ခံသေဘာတူျခင္းဟု သိေနေသာ SeokJinက‌ေလေလးတစ္ခြၽန္ခြၽန္ျဖင့္ ၿပံဳးလိုက္မိသည္။

"ငါဒီေန့မင္းတို႔န‌ဲ့ ေန့လည္စာလိုက္မစားဘူးေနာ္
အတန္းလဲမရိွေတာ့ဘူးဆိုေတာ့ အိမ္ျပန္မလို႔"

"ဟင္းဟင္းဟင္း Kim SeokJinလက္ပူးလက္ၾကပ္မမိေသးလို႔ေနာ္"

"ျပန္ေပါ့..ငါတို႔လဲသြားစရာရိွပါတယ္ ဟြန္း"

"Kim Namjoonကိုေတာင္ေမ့ၿပီေပါ့ေလ"

SeokJinထိုစကားကို စိတ္ထဲမွႀကိတ္ရယ္လိုက္သည္။ ေမ့စရာလား..ငါကရွားရွားပါးပါး Crushနဲ႔ ရည္းစားေတာ္ခြင့္ရတဲ့ အခြင့္ထူးခံေလးေလ...။

အတန္းဆင္းသည္ႏွင့္ ပစၥည္းေတြကိုတစ္ခုခ်င္း စိတ္ေျပနေျပ ဇိမ္ဆြဲကာသိမ္းေနလိုက္သည္။
Jaewookတို႔ကေတာ့ ေပေစာင္းေပေစာင္းၾကၫ့္ကာ ပုခံုးဖက္ထြက္သြားၾကေလၿပီျဖစ္သည္။

အတန္းထဲလူကုန္သြားမွ SeokJinဦးထုပ္တစ္လံုးကို ခပ္ငိုက္ငိုက္ ေဆာင္းကာထြက္လာခဲ့လိုက္၏။
သူတို႔ ဌာနအလြန္ လူရွင္းေသာ သစ္ပင္အုပ္ႀကီးမ်ားေအာက္တြင္ ရပ္ထားေသာ Namjoonကားေလးကိုေတြ ့ေတာ့ ခပ္သြက္သြက္ ေျပးသြားလိုက္မိသည္။

"ေဆာရီးကြာ..ဟိုေကာင္ေတြရစ္ေနလို႔"

Namjoonကဘာမွမေျပာပဲ ကားစက္ကိုသာ ႏိႈးေတာ့ သူျမန္ျမန္ပါးစပ္ပိတ္ကာ၀င္ထိုင္ရေတာ့သည္။

"Namjoonမင္းဘာစားခ်င္လဲ"

"မင္းေျပာ"

"အင္း.... ဒီနားေလးက ေဈးကိုပ‌ဲသြားရေအာင္"

ေဈးကလူေတြရႈပ္ေသာ္လည္း စားေသာက္ဆိုင္တန္းေတြကေပါလွသည္။
မိုးကာေလးေတ‌ြႏွင့္ ေဆာက္ထားၾကေသာ ဆိုင္ငယ္ေလးေတြကိုၾကၫ့္ကာ သူနည္းနည္းေတာ့Namjoonကိုအားနာသြားရသည္။

"ဟိုေလ..မင္းအဆင္မေျပရင္"

သူစကားေတာင္ဆက္မေျပာရေသး Namjoonကေခါင္းကိုငံု႔ကာ တစ္ဖက္ဆိုင္ထဲသို႔ ၀င္သြားေလ၏။

"ဘာစားမလဲ..?ဒီက ေခါက္ဆြဲအရမ္းေကာင္းတယ္"

SeokJinျမဴးျမဴးေလးေျပာေတာ့ Namjoonႏႈတ္ခမ္းေတြ အနည္းငယ္ၿပံဳးေယာင္သမ္းသြားသည္။ အေငြ ့တစ္ေထာင္းေထာင္းထေနေသာ စားစရာေတြကိုၾကၫ့္ကာ ေခါင္းကိုခပ္ျဖည္းျဖည္းယမ္းရင္း

"ငါမသိဘူး မင္းပဲမွာေပးပါ"

"ဟုတ္ၿပီေလ! ဒီကို ေခါက္ဆြဲအစပ္ႏွစ္ပြဲေပးပါဗ်"

နီရဲမွၫ့္ေနေသာ ေခါက္ဆြဲေတြရလာခ်ိန္ သူကအငမ္းမရစားသေလာက္ Namjoonကေတာ့ တို႔တိတို႔တိသာ..
မႀကိဳက္ဟန္ျဖင့္စားေနတာမဟုတ္ပဲ ဒီအတိုင္းေအးေအးေဆးေဆးေလး...
ရည္စားရကံေကာင္းလိုက္ပါဘိ ဟု သူ႔ကိုယ္သူေတြးရင္း အသံတစ္ခ်က္ထြက္ကာရယ္မိေတာ့ Namjoonကစားေနရာမွ သူ႔ကိုမ်က္လံုးပင့္ၾကၫ့္သည္။
SeokJinလက္ကို အျမန္ခါယမ္းျပရင္း

"ဘာမွမဟုတ္ဘူး..ဆက္စား ဆက္စား"

သူစားေနတာျမင္လို႔ ကိုယ္ဗိုက္မျပၫ့္ေသာ္လည္း တူကိုင္ထား‌ေသာ ေကာ့ဆင္းသၫ့္လက္သြယ္သြယ္ေလးေတြ..
စပ္၍ ႏွဖူးတြင္သီးလာေသာ ေခြၽးစက္ကေလးမ်ားအစ ႏွစ္လိုဖြယ္ကိုေကာင္းေနေလေတာ့၏။
ခ်စ္ရည္းစား၏အသေရကိုရႈရင္းစားရတာမို႔ ေခါက္ဆြဲက ပို၍ပင္စား၀င္ေသးသည္။

"အတန္းရိွေသးလား Namjoon..
ရိွရင္သြားတတ္..ငါBusနဲ႔ျပန္ေတာ့မယ္"

" မွီတယ္"

အစပ္အရသာက ႏႈတ္ခမ္းမွာစြဲေနတာမို႔ SeokJinေရာNamjoonပါ ႏႈတ္ခမ္းေတြက နီရဲရဲျဖစ္ေနၾကသည္။

"ေဟး ကားပါကင္ကဒီဘက္ေလ"

Namjoonကဘာမွမေျပာပဲ သစ္ပင္ပုေလးေတြစီခ်ထားေသာ လွပသၫ့္ဆိုင္ေလးတစ္ဆိုင္ထဲသို႔၀င္သြားသည္။
ထို႔ေနာက္ ေရခဲမုန႔္တစ္ခြက္ကိုကိုင္ထာထြက္လာ၏။ ေနေရာင္ေအာက္ လက္သြားေသာ ေက်ာက္နားကပ္ေလးဆီမွ အလင္းတန္းေလးႏွင့္အတူ ထိုပံုရိပ္ကအၿပိဳင္ေတာက္ပေနသည္။

"မင္းဖို႔ေရာ"

သူ႔ကိုကမ္းေပးလာသၫ့္ ေရခဲမုန႔္ခြက္ေလးကို ယူရင္း အေမးထုတ္ေတာ့ ဘာမွမေျပာပဲ သူ႔ေခါင္းကိုသာ အသည္းယားသလိုဖိခ်ပစ္သည္။

"ထိုင္စားရေအာင္ပါ..လာ"

ဆိုင္အျပင္ဘက္ရိွခ်ထားေသာ ခံုေလး‌သို႔ အတင္းဆြဲေခၚရင္းNamjoonကိုထိုင္ေစလိုက္သည္။
ထို႔ေနာက္ ေရခဲမုန႔္ကိုဇြန္းဖ်ားေလးႏွင့္ေကာ္ကာ
ခြံ ့ရန္လက္ျပင္လိုက္၏..

"မင္းပဲစား..ေတာ္ၿပီ"

"ငါ့လက္ကတန္းလန္းႀကီး..စားပါကြာ"

ေနာက္ေတာ့Namjoonကသက္ျပင္းခ်ကာ သူ႔လက္ေတြကိုအုပ္မိုးကိုင္၍ ဇြန္းကိုဆြဲယူၿပီးစားသည္ ။SeokJinလဲ ရယ္ရင္း ေရခဲမုန႔္ကို စားမည္ပါးစပ္အျပင္ ဆိုင္ဘက္ကိုဦးတည္လာေနေသာ လူတစ္စုေၾကာင့္ အလိုလိုထရပ္မိသားျဖစ္သြားရ၏။

Jaewookတို႔..လက္ထဲမွာလဲ ငါးအူေခ်ာင္းေတြကိုင္ကာ သူတို႔ရိွရာသို႔ မိန႔္မိန႔္ႀကီး ဦးတည္ကာလာလ်ွက္..။

"ဒုကၡပဲ..ေစာက္က်ိဳးေတာ့ကမ႓ာနဲ႔ခ်ီၿပီးနဲၿပီ"

တစ္ျဖည္းျဖည္းန‌ဲ့ နီးကပ္လာေသာ ဟိုေကာင္ေတြေၾကာင့္ SeokJinမ်က္ႏွာကိုကြယ္ရင္း
ဘာလုပ္ရမွန္းမသိျဖစ္ေနမိသည္။
Namjoonကိုေတြ ့သြား၍ လံုး၀ လံုး၀မျဖစ္..သူတို႔အတန္းေခါင္းေဆာင္ ေအာ္ပီက်ယ္ သိလ်ွင္ တစ္ေက်ာင္းလံုး သိမွာ ေျမၾကီးလက္ခတ္မလြဲ။

"Namjoonေရေဆာရီး"

ယေန့မွ၀တ္လာခဲ့ေသာ ပြေယာင္းေနသၫ့္ Hoodieကိုမကာ Namjoonေခါင္းကိုစြပ္ခ်လိုက္သည္။ အခ်ိန္ကိုက္ပင္Jaewookတို႔ကလဲသူ႔ကိုျမင္ကာေရာက္ခ်လာ၏။

"ငါထင္တယ္..ဒီေကာင္ဒီအခ်ိဳးခ်ိဳးေနတာ"

"အမ္..ေခါင္းကိုဘယ္ထဲထၫ့္ထားတုန္း ဟေကာင္ရ"

"ဘယ္သူတုန္းျပပါဟ သူငယ္ခ်င္းအခ်င္းခ်င္းကို မင္းစိတ္ဓာတ္ပဲ"

SeokJinတဟဲဟဲရယ္ရင္း

"ငါ့ ငါ့ေကာင္ေလးရွက္ေနလို႔..
ေနာက္မွေနာ္..အဲ‌ ေနာက္မွပဲ"

Namjoonေခါင္းကသူ႔အက်ီ ္ထဲမွာမို႔ လမ္းေလ်ွာက္ေတာ့ မျမင္မကန္းသူေခၚရာလိုက္ေနရသၫ့္အျပင္ အဆင္ေျပေအာင္ ဒူးကိုပါေကြ းေပးထားရ၏။

ဒါေတာင္ လိုက္ေခ်ာင္းမည္ျပင္ေနေသာ ဟိုငနာအဖြဲ႔အား အၾကၫ့္ႏွင့္ဆဲေပးလိုက္ရေသးသည္။

ကားပါကင္ကိုေရာက္ေတာ့မွ သက္ျပင္းခ်ရင္း
သူ႔အက်ီ ္ကိုမကာ လက္ဝါးႏွစ္ဖက္ကိုပူးရင္း

"ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္
ဒီနည္းပ‌ဲရိွေတာ့လို႔ပါ"

Namjoonမ်က္ႏွာကေဒါသေၾကာင့္လား ရွက္တာေၾကာင့္လား မသိနီစပ္စပ္..
အသက္ကို၀ေအာင္ရႈေနရတာမို႔ သူ႔ကိုဘာစကားမွပင္ျပန္မေျပာအား။
အတန္ၾကာမွ သူ႔ေခါင္းကိုခပ္နာနာေလးထုကာ

"ဘာေသာက္ရူးထတာလဲကြ"

"မင္းမ်က္ႏွာျမင္သြားမွာစိုးလို႔ေလ"

"ျမင္ေတာ့ဘာျဖစ္လဲ"

"မင္းနဲ႔ငါတြဲေနတာသိကုန္မွာေပါ့"

"သိေတာ့ဘာျဖစ္လဲ"

"မ မေကာင္းဘူးေလ..
မင္းကနာမည္ႀကီးေနတာကို"

Namjoonကသက္ျပင္းခ်ကာ သူ႔နားသို႔တိုးကပ္လာသည္။

"ငါမင္းကိုSilentတြဲမယ္လို႔ထင္သလား "

SeokJinထိုေလသံေအးေအးေလးေအာက္ ေခြက်မတတ္အရည္ေပ်ာ္ရျပန္သည္။
Namjoonကသူ႔ကိုအတည္ႀကီးေႂကြေနတာပဲ!
ေယာက်ာ္းေလးခ်င္းပတ္သတ္မႈတစ္ခုကို ထုတ္ေဖာ္ျပသဖို႔အထိ ေတ‌ြးထားျခင္းဟာ
သူ႔အေပါ ္ဘယ္‌ေလာက္အေလးနက္ထားေၾကာင္း ထုတ္ျပေနသလိုလို..

ဒါေပမဲ့ မျဖစ္ဘူးေလ...
Namjoonလို နာမည္ႀကီးအသိုင္းဝိုင္းကလူတစ္ေယာက္၏ အခ်စ္ေရးဆိုတာ အမ်ားစိတ္၀င္စားၾကသၫ့္အရာ..။

အကုန္ဟိုးေလးတေက်ာ္ေက်ာ္ျဖစ္ရင္ က်န္တဲ့လူကိုမေၾကာက္ေပမဲ့ အေမတို႔အေဖတို႔  သိမွာကိုေတာ့SeokJinေၾကာက္သည္။
Namjoonကေရာ သူ႔မိဘေတ‌ြမေၾကာက္ဘူးလား?

Namjoonကသူ႔အေတြးေတြကိုသိေနသၫ့္အလား ႏႈတ္ခမ္းေလးတြန႔္ေကြးကာၿပံဳးရင္း

"ဘယ္သူ႔ကိုမွမသိေစခ်င္လဲရတယ္..
မင္းကငါ့အတြက္  ဒီလိုပါဆိုတာေသခ်ာသိေစခ်င္ရံုပဲဲ"

ကားပါကင္မွာသာမဟုတ္လ်ွင္ သူNamjoonကို ဖက္နမ္းမိမည္ထင္သည္။
အခုေတာ့ ရွက္ရယ္သာ ရယ္ျပရသည္။
ဘာျပန္ေျပာရမွန္း မသိတာလဲပါသည္။

"တတ္ေတာ့"

Namjoonက ကားေပၚတတ္ရင္း သူ႔ကိုပါလွမ္းေျပာသည္။
သူမတတ္ေသးပဲ ကိုယ္ကိုကိုင္းကာ Namjoon၏နီရဲေနေသာ နားရြက္ဖ်ားႏုႏုေလးမ်ားကို ခပ္ဖြဖြနမ္းလိုက္သည္။

အခ်စ္ဦးေကာင္ေလးဟာ မ်က္ႏွာကိုလက္ႏွင့္ကြယ္ရင္း ပါးခ်ိဳင့္ေတြေပၚေအာင္ ၿပံဳးေနခဲ့ေလ၏။

     

                               For Unicode



Namjoonနဲ့ တွဲရင်း သိလာရတာကတော့
သူထင်ထားတာထက်ကို ပို‌၍ ထိုလူဟာ သွေးအေးသည်ဆိုတာကိုပင်။

ဆေးလိပ်ကို တရှိုက်မက်မက်မဟုတ်သော်လည်း တစ်ခါတစ်လေ ခဲတတ်သည်။
သူပြောထားတာကြောင့် အတန်းရှေ့ကို လာမစောင့် တတ်သော်လည်းလူရှင်းသည့် ကျောင်းအပြင်တစ်နေရာမှနေ ကားကိုရပ်စောင့်ကာ အိမ်ပြန်ပို့ပေးတတ်၏။
အများအမြင်မှာဆိုလျှင် မည်သူမျှ သူတို့ကို တွဲနေသည်ဟုထင်စရာအကြောင်းရှိမည်မဟုတ်ပါ။

နှစ်ယောက်တူတူဆုံချင်သည့် နေ့လည်စာ စားချိန်တွေဆိုလျှင် jae wookတို့ကို လှည့်ပတ်ရှောင်ကာ Namjoonနှင့်အပြင်ထွက်စားဖို့ချိန်းရသည်။
ဒီလိုဆိုတော့ ကိုယ့်ကိုကိုယ် idolလိုလိုဘာလိုလိုတောင်ထင်မိသားရယ်။

Namjoonကတော့ဘာမှမပြောပေမဲ့ သူဝရုန်းသုန်းကားရောက်ချလာတိုင်း ခေါင်းတစ်ခါခါနှင့် မျက်မှောင်ကြုံ့နေတတ်သည်။

*Namjoon အတန်းပြီးရင် တူတူနေ့လည်စာသွားစားရအောင်..ထုံးစံအတိုင်းစောင့်နေ*

သူ့စာကို ချက်ချင်းဖတ်သွားပေမဲ့ ဘာမြှပန်မပြော။ဒါသည်ပင် လက်ခံသဘောတူခြင်းဟု သိနေသော SeokJinက‌လေလေးတစ်ချွန်ချွန်ဖြင့် ပြုံးလိုက်မိသည်။

"ငါဒီနေ့မင်းတို့န‌ဲ့ နေ့လည်စာလိုက်မစားဘူးနော်
အတန်းလဲမရှိတော့ဘူးဆိုတော့ အိမ်ပြန်မလို့"

"ဟင်းဟင်းဟင်း Kim SeokJinလက်ပူးလက်ကြပ်မမိသေးလို့နော်"

"ပြန်ပေါ့..ငါတို့လဲသွားစရာရှိပါတယ် ဟွန်း"

"Kim Namjoonကိုတောင်မေ့ပြီပေါ့လေ"

SeokJinထိုစကားကို စိတ်ထဲမှကြိတ်ရယ်လိုက်သည်။ မေ့စရာလား..ငါကရှားရှားပါးပါး Crushနဲ့ ရည်းစားတော်ခွင့်ရတဲ့ အခွင့်ထူးခံလေးလေ...။

အတန်းဆင်းသည်နှင့် ပစ္စည်းတွေကိုတစ်ခုချင်း စိတ်ပြေနပြေ ဇိမ်ဆွဲကာသိမ်းနေလိုက်သည်။
Jaewookတို့ကတော့ ပေစောင်းပေစောင်းကြည့်ကာ ပုခုံးဖက်ထွက်သွားကြလေပြီဖြစ်သည်။

အတန်းထဲလူကုန်သွားမှ SeokJinဦးထုပ်တစ်လုံးကို ခပ်ငိုက်ငိုက် ဆောင်းကာထွက်လာခဲ့လိုက်၏။
သူတို့ ဌာနအလွန် လူရှင်းသော သစ်ပင်အုပ်ကြီးများအောက်တွင် ရပ်ထားသော Namjoonကားလေးကိုတွေ့တော့ ခပ်သွက်သွက် ပြေးသွားလိုက်မိသည်။

"ဆောရီးကွာ..ဟိုကောင်တွေရစ်နေလို့"

Namjoonကဘာမှမပြောပဲ ကားစက်ကိုသာ နှိုးတော့ သူမြန်မြန်ပါးစပ်ပိတ်ကာဝင်ထိုင်ရတော့သည်။

"Namjoonမင်းဘာစားချင်လဲ"

"မင်းပြော"

"အင်း.... ဒီနားလေးက ဈေးကိုပ‌ဲသွားရအောင်"

ဈေးကလူတွေရှုပ်သော်လည်း စားသောက်ဆိုင်တန်းတွေကပေါလှသည်။
မိုးကာလေးတေ‌ွနှင့် ဆောက်ထားကြသော ဆိုင်ငယ်လေးတွေကိုကြည့်ကာ သူနည်းနည်းတော့Namjoonကိုအားနာသွားရသည်။

"ဟိုလေ..မင်းအဆင်မပြေရင်"

သူစကားတောင်ဆက်မပြောရသေး Namjoonကခေါင်းကိုငုံ့ကာ တစ်ဖက်ဆိုင်ထဲသို့ ဝင်သွားလေ၏။

"ဘာစားမလဲ..?ဒီက ခေါက်ဆွဲအရမ်းကောင်းတယ်"

SeokJinမြူးမြူးလေးပြောတော့ Namjoonနှုတ်ခမ်းတွေ အနည်းငယ်ပြုံးယောင်သမ်းသွားသည်။ အငွေ့တစ်ထောင်းထောင်းထနေသော စားစရာတွေကိုကြည့်ကာ ခေါင်းကိုခပ်ဖြည်းဖြည်းယမ်းရင်း

"ငါမသိဘူး မင်းပဲမှာပေးပါ"

"ဟုတ်ပြီလေ! ဒီကို ခေါက်ဆွဲအစပ်နှစ်ပွဲပေးပါဗျ"

နီရဲမှည့်နေသော ခေါက်ဆွဲတွေရလာချိန် သူကအငမ်းမရစားသလောက် Namjoonကတော့ တို့တိတို့တိသာ..
မကြိုက်ဟန်ဖြင့်စားနေတာမဟုတ်ပဲ ဒီအတိုင်းအေးအေးဆေးဆေးလေး...
ရည်စားရကံကောင်းလိုက်ပါဘိ ဟု သူ့ကိုယ်သူတွေးရင်း အသံတစ်ချက်ထွက်ကာရယ်မိတော့ Namjoonကစားနေရာမှ သူ့ကိုမျက်လုံးပင့်ကြည့်သည်။
SeokJinလက်ကို အမြန်ခါယမ်းပြရင်း

"ဘာမှမဟုတ်ဘူး..ဆက်စား ဆက်စား"

သူစားနေတာမြင်လို့ ကိုယ်ဗိုက်မပြည့်သော်လည်း တူကိုင်ထား‌သော ကော့ဆင်းသည့်လက်သွယ်သွယ်လေးတွေ..
စပ်၍ နှဖူးတွင်သီးလာသော ချွေးစက်ကလေးများအစ နှစ်လိုဖွယ်ကိုကောင်းနေလေတော့၏။
ချစ်ရည်းစား၏အသရေကိုရှုရင်းစားရတာမို့ ခေါက်ဆွဲက ပို၍ပင်စားဝင်သေးသည်။

"အတန်းရှိသေးလား Namjoon..
ရှိရင်သွားတတ်..ငါBusနဲ့ပြန်တော့မယ်"

" မှီတယ်"

အစပ်အရသာက နှုတ်ခမ်းမှာစွဲနေတာမို့ SeokJinရောNamjoonပါ နှုတ်ခမ်းတွေက နီရဲရဲဖြစ်နေကြသည်။

"ဟေး ကားပါကင်ကဒီဘက်လေ"

Namjoonကဘာမှမပြောပဲ သစ်ပင်ပုလေးတွေစီချထားသော လှပသည့်ဆိုင်လေးတစ်ဆိုင်ထဲသို့ဝင်သွားသည်။
ထို့နောက် ရေခဲမုန့်တစ်ခွက်ကိုကိုင်ထာထွက်လာ၏။ နေရောင်အောက် လက်သွားသော ကျောက်နားကပ်လေးဆီမှ အလင်းတန်းလေးနှင့်အတူ ထိုပုံရိပ်ကအပြိုင်တောက်ပနေသည်။

"မင်းဖို့ရော"

သူ့ကိုကမ်းပေးလာသည့် ရေခဲမုန့်ခွက်လေးကို ယူရင်း အမေးထုတ်တော့ ဘာမှမပြောပဲ သူ့ခေါင်းကိုသာ အသည်းယားသလိုဖိချပစ်သည်။

"ထိုင်စားရအောင်ပါ..လာ"

ဆိုင်အပြင်ဘက်ရှိချထားသော ခုံလေး‌သို့ အတင်းဆွဲခေါ်ရင်းNamjoonကိုထိုင်စေလိုက်သည်။
ထို့နောက် ရေခဲမုန့်ကိုဇွန်းဖျားလေးနှင့်ကော်ကာ
ခွံ့ရန်လက်ပြင်လိုက်၏..

"မင်းပဲစား..တော်ပြီ"

"ငါ့လက်ကတန်းလန်းကြီး..စားပါကွာ"

နောက်တော့Namjoonကသက်ပြင်းချကာ သူ့လက်တွေကိုအုပ်မိုးကိုင်၍ ဇွန်းကိုဆွဲယူပြီးစားသည် ။SeokJinလဲ ရယ်ရင်း ရေခဲမုန့်ကို စားမည်ပါးစပ်အပြင် ဆိုင်ဘက်ကိုဦးတည်လာနေသော လူတစ်စုကြောင့် အလိုလိုထရပ်မိသားဖြစ်သွားရ၏။

Jaewookတို့..လက်ထဲမှာလဲ ငါးအူချောင်းတွေကိုင်ကာ သူတို့ရှိရာသို့ မိန့်မိန့်ကြီး ဦးတည်ကာလာလျှက်..။

"ဒုက္ခပဲ..စောက်ကျိုးတော့ကမ္ဘာနဲ့ချီပြီးနဲပြီ"

တစ်ဖြည်းဖြည်းန‌ဲ့ နီးကပ်လာသော ဟိုကောင်တွေကြောင့် SeokJinမျက်နှာကိုကွယ်ရင်း
ဘာလုပ်ရမှန်းမသိဖြစ်နေမိသည်။
Namjoonကိုတွေ့သွား၍ လုံး၀ လုံးဝမဖြစ်..သူတို့အတန်းခေါင်းဆောင် အော်ပီကျယ် သိလျှင် တစ်ကျောင်းလုံး သိမှာ မြေကြီးလက်ခတ်မလွဲ။

"Namjoonရေဆောရီး"

ယနေ့မှဝတ်လာခဲ့သော ပွယောင်းနေသည့် Hoodieကိုမကာ Namjoonခေါင်းကိုစွပ်ချလိုက်သည်။ အချိန်ကိုက်ပင်Jaewookတို့ကလဲသူ့ကိုမြင်ကာရောက်ချလာ၏။

"ငါထင်တယ်..ဒီကောင်ဒီအချိုးချိုးနေတာ"

"အမ်..ခေါင်းကိုဘယ်ထဲထည့်ထားတုန်း ဟကောင်ရ"

"ဘယ်သူတုန်းပြပါဟ သူငယ်ချင်းအချင်းချင်းကို မင်းစိတ်ဓာတ်ပဲ"

SeokJinတဟဲဟဲရယ်ရင်း

"ငါ့ ငါ့ကောင်လေးရှက်နေလို့..
နောက်မှနော်..အဲ‌ နောက်မှပဲ"

Namjoonခေါင်းကသူ့အကျီ ်ထဲမှာမို့ လမ်းလျှောက်တော့ မမြင်မကန်းသူခေါ်ရာလိုက်နေရသည့်အပြင် အဆင်ပြေအောင် ဒူးကိုပါကွေ းပေးထားရ၏။

ဒါတောင် လိုက်ချောင်းမည်ပြင်နေသော ဟိုငနာအဖွဲ့အား အကြည့်နှင့်ဆဲပေးလိုက်ရသေးသည်။

ကားပါကင်ကိုရောက်တော့မှ သက်ပြင်းချရင်း
သူ့အကျီ ်ကိုမကာ လက်ဝါးနှစ်ဖက်ကိုပူးရင်း

"တောင်းပန်ပါတယ် တောင်းပန်ပါတယ်
ဒီနည်းပ‌ဲရှိတော့လို့ပါ"

Namjoonမျက်နှာကဒေါသကြောင့်လား ရှက်တာကြောင့်လား မသိနီစပ်စပ်..
အသက်ကိုဝအောင်ရှုနေရတာမို့ သူ့ကိုဘာစကားမှပင်ပြန်မပြောအား။
အတန်ကြာမှ သူ့ခေါင်းကိုခပ်နာနာလေးထုကာ

"ဘာသောက်ရူးထတာလဲကွ"

"မင်းမျက်နှာမြင်သွားမှာစိုးလို့လေ"

"မြင်တော့ဘာဖြစ်လဲ"

"မင်းနဲ့ငါတွဲနေတာသိကုန်မှာပေါ့"

"သိတော့ဘာဖြစ်လဲ"

"မ မကောင်းဘူးလေ..
မင်းကနာမည်ကြီးနေတာကို"

Namjoonကသက်ပြင်းချကာ သူ့နားသို့တိုးကပ်လာသည်။

"ငါမင်းကိုSilentတွဲမယ်လို့ထင်သလား "

SeokJinထိုလေသံအေးအေးလေးအောက် ခွေကျမတတ်အရည်ပျော်ရပြန်သည်။
Namjoonကသူ့ကိုအတည်ကြီးကြွေနေတာပဲ!
ယောကျာ်းလေးချင်းပတ်သတ်မှုတစ်ခုကို ထုတ်ဖော်ပြသဖို့အထိ တေ‌ွးထားခြင်းဟာ
သူ့အပေါ ်ဘယ်‌လောက်အလေးနက်ထားကြောင်း ထုတ်ပြနေသလိုလို..

ဒါပေမဲ့ မဖြစ်ဘူးလေ...
Namjoonလို နာမည်ကြီးအသိုင်းဝိုင်းကလူတစ်ယောက်၏ အချစ်ရေးဆိုတာ အများစိတ်ဝင်စားကြသည့်အရာ..။

အကုန်ဟိုးလေးတကျော်ကျော်ဖြစ်ရင် ကျန်တဲ့လူကိုမကြောက်ပေမဲ့ အမေတို့အဖေတို့  သိမှာကိုတော့SeokJinကြောက်သည်။
Namjoonကရော သူ့မိဘတေ‌ွမကြောက်ဘူးလား?

Namjoonကသူ့အတွေးတွေကိုသိနေသည့်အလား နှုတ်ခမ်းလေးတွန့်ကွေးကာပြုံးရင်း

"ဘယ်သူ့ကိုမှမသိစေချင်လဲရတယ်..
မင်းကငါ့အတွက်  ဒီလိုပါဆိုတာသေချာသိစေချင်ရုံပဲ"

ကားပါကင်မှာသာမဟုတ်လျှင် သူNamjoonကို ဖက်နမ်းမိမည်ထင်သည်။
အခုတော့ ရှက်ရယ်သာ ရယ်ပြရသည်။
ဘာပြန်ပြောရမှန်း မသိတာလဲပါသည်။

"တတ်တော့"

Namjoonက ကားပေါ်တတ်ရင်း သူ့ကိုပါလှမ်းပြောသည်။
သူမတတ်သေးပဲ ကိုယ်ကိုကိုင်းကာ Namjoon၏နီရဲနေသော နားရွက်ဖျားနုနုလေးများကို ခပ်ဖွဖွနမ်းလိုက်သည်။

အချစ်ဦးကောင်လေးဟာ မျက်နှာကိုလက်နှင့်ကွယ်ရင်း ပါးချိုင့်တွေပေါ်အောင် ပြုံးနေခဲ့လေ၏။


You are reading the story above: TeenFic.Net