'နင့်ကြည့်ရတာ အားမရှိသလိုဘဲနော် သိမ့်သိမ့်မ'
'အင်း နည်းနည်းပင်ပန်းနေလို့ နားတော့မလို့'
'အေး ဖုန်းတွေလည်းကြည့်မနေနဲ့ဦး'
'အင်းပါ'
ပင်ပန်းလိုက်တာ ခံစားချက်တွေကို ဖုံးကွယ်ပြီးနေရတာက။
'မဖြစ်နိုင်ဘူးမလား ငါ့လိုလူမျိုးနဲ့မထိုက်တန်ဘူးမလား ဟင်'
တစ်ချို့ခံစားချက်တွေဟာ တစ်ခါတစ်လေမှာတစ်ဖက်အတွက်မှန်နေနိုင်ပေမဲ့ တစ်ခြားတစ်ဖက်အတွက် နာကျင်စရာတွေဖြစ်လာနိုင်တယ်ဆိုတာ သိမ့်ဒေစီလင်း ဆိုတဲ့ ကလေးမလေး မသိခဲ့ပါဘူး။
အာ ငါ အန်တီတင့်ကို စာပို့ထားရမှာဘဲ။ စောင့်နေလိမ့်မယ်။
'အန်တီတင့် သမီး တအားပင်ပန်းနေလို့ စောစောအိပ်တော့မယ်နော် ဆောတီးပါနော် ကောင်းသောညလေးဖြစ်ပါစေရှင့်'
သိမ့်ဒေစီလင်း တစ်ယောက် ဒေါ်တင့်မဟာနွယ်ကို စာပို့ပြီးနောက် အိပ်စက်ခြင်းကို ဦးတည်ပါတော့တယ်။ စိတ်တွေတအားပင်ပန်းလာတဲ့အခါ အိပ်စက်ခြင်းက အနည်းငယ်သက်သာစေတယ်မလား။
တစ်ဖက်မှာတော့ ကိုယ်လက်တွေသန့်စင်ပြီး ထွက်လာတဲ့ ဒေါ်တင့်တစ်ယောက် ဖုန်းထဲက စာကိုဖတ်ပြီးတဲ့အချိန်မှာ တော်တော်လေး ညှိုးနွမ်းသွားခဲ့တာပေါ့။ သူ စကားပြောလို့ရမယ့်အချိန်ကို စောင့်နေခဲ့တာမလား။ အခုတော့ အိပ်တော့မယ်တဲ့လား။ ဘာလို့ပါလိမ့်။
'နေမကောင်းဖြစ်နေတာလား မဖြစ်နိုင်ပါဘူး။ မနက်က အကောင်းကြီးကို'
'စိတ်ပူလိုက်တာ ဖုန်းဆက်လိုက်ရင်ကောင်းမလား။
အိပ်ပျော်နေရင်ဘယ်လိုလုပ်မလဲ'
'အင်း မနက်ကျမှ မေးတော့မယ်။ အဲလိုလုပ်တာဘဲ ကောင်းပါတယ်'
'အိပ်မက်လှလှမက်ပါစေ ကလေးမလေး။ ချစ်တယ်နော်'
ဖုန်း wallpaper ကပုံလေး။ ဒေါ်တင့်ရဲ့ တစ်ဦးတည်းသော နှလုံးသားပိုင်ရှင်လေး။
တို့ မင်းနဲ့ကျမှ အများကြီးပြောင်းလဲချင်နေတာဘဲ။
...........
'ဟယ်လို ဒေါ်တင့်မဟာနွယ် ပြောနေပါတယ်'
'ဟုတ်ကဲ့ ဒီနေ့ကျွန်တော်တို့ company ကို စီးအီးအိုလာမှာမလို့ အဲတာ သူက ဒေါ်တင့်မဟာနွယ်နဲ့ တွေ့ချင်တယ်ဆိုလို့ပါ အချိန်လေးများရရင် လာပေးလို့ရမလားခင်ဗျ'
'ရှင် ကျွန်မကိုလား'
'ဟုတ်ပါတယ် ကျွန်တော်တို့ စီအီးအိုက Singpore နဲ့ ဒီနဲ့ သွားလိုက်ပြန်လိုက်လုပ်နေတော့ ဒီရောက်တုန်းရောက်ခိုက် တွေ့ချင်တယ်ဆိုလို့ပါ'
'ဒီနေ့လား ဘယ်အချိန်လဲ'
'မနက်ပိုင်းတင်ပါ ၉ခွဲ ၁၀နာရီလောက်'
ဘာလို့ အဲအချိန်ဖြစ်ရတာလဲ။ အလုပ်ရှင်ဆိုတော့ မတွေ့လို့လည်း မကောင်းဘူးထင်ပါရဲ့။
'ဟုတ်ကဲ့ လာရမယ့်နေရာလေး တစ်ချက်လောက်'
'Sule Square ကိုပါ'
'ဟုတ်ကဲ့ ကောင်းပါပြီ'
ငါ့ဘေဘီလေးနဲ့ မတွေ့ရတော့ဘူးဘဲ။ ဖုန်းဆက်ကြည့်ဦးမယ်။
ဖုန်းမကိုင်ဘူးလား။ ဘာလဲဟ။ ပြီးကျ ပြန်ခေါ်ပါလိမ့်မယ်။
၁၅ မိနစ်လောက်ကြာပြီးချိန်မှာတော့ သိမ့်က ဖုန်းပြန်ခေါ်လာတယ်။
'ဟုတ်ကဲ့ အန်တီတင့် ဖုန်းခေါ်ထားတာတွေ့လို့။ စောနက သမီးရေချိုးနေတာမို့'
'ဟုတ်လား ပြောစရာရှိလို့ပါ'
'ဟုတ်ကဲ့ ပြောလေ အန်တီတင့်'
'တို့ ဒီနေ့ သိမ့်ဆီမလာနိုင်တော့ဘူးထင်တယ်။ အလုပ်ကိစ္စလေးပေါ်လာလို့'
'ရပါတယ် အဆင်ပြေပါတယ် အန်တီတင့်ရဲ့။ အလုပ်က အရေးကြီးတာပေါ့'
'အင်း'
'ဂရုစိုက်သွားဦးနော်'
'အေးပါ'
'အဲဆို သမီး မနက်စာ စားတော့မယ် ဖုန်းချလိုက်တော့မယ်နော်'
'အင်းပါ သိမ့်လည်း ဂရုစိုက်သွားနော်'
'ဟုတ်ကဲ့'
တော်သေးတာပေါ့။ မဟုတ်ရင် မျက်နှာပူနေရမှာ။ ကျေးဇူးတင်ပါတယ် ပေါ်လာတဲ့ အလုပ်ကိစ္စလေးကို။
ပေါ်လာတဲ့အလုပ်ကိစ္စကြောင့် ဒေါ်တင့်မဟာနွယ်တစ်ယောက် စိတ်ညစ်နေပေမဲ့ သိမ့်ဒေစီလင်းဆိုတဲ့ ကလေးမကတော့ ပျော်နေပုံရတယ်။ ကျေးဇူးတောင် တင်နေပါသေးတယ်။ အဲမှာ စပြီး လွဲတော့တာဘဲ။
...........
ဒေါ်တင့်မဟာနွယ်တစ်ယောက် သူ့ပုံစံအတိုင်းဘဲ ယုံကြည်ချက်ရှိရှိ ဆွေးနွေးခဲ့ပါတယ်။ ဘာတွေဘဲဖြစ်နေပါစေ အလုပ်ကိုတော့ အဆုံးရှုံးခံမယ့်သူမှမဟုတ်ပါဘဲ။ အရင်ကအတိုင်းဆို အဲတာက အမြဲဖြစ်နိုင်ပါတယ်လို့ ပြောနိုင်ပေမဲ့ အခုကရော အဲလိုပုံစံက ဘယ်အခြေအနေထိ တောင့်ခံနိုင်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်သေးဘူးလေ
'ဒေါ်တင့်မဟာနွယ်က တော်တော့်ကိုထက်မြက်တဲ့ အမျိုးသမီးဘဲဗျ ကျွန်တော်တွေ့ဖူးသမျှထဲမှာ။ ကျွန်တော်တို့ company မှာ အချိန်ပြည့်လုပ်မပေးချင်ဘူးလားဗျာ။ ထိုင်းဘက်က companyခွဲမှာ finance department မှာ ဒေါ်တင့်မဟာနွယ်လိုမျိုး အမျိုးသမီးတစ်ဦးရှိနေရင် ဘယ်လောက်ကောင်းမလဲဗျာ'
'ခုလို ချီးကျူးပေးတာကို ကျေးဇူးတင်ပါတယ်။ အားနာပေမဲ့ ကျွန်မ မလုပ်နိုင်ပါဘူး။ company တွေ ရုံးတွေမတတ်ချင်လို့ ဒီအပိုင်းကို ကျွန်မယူခဲ့တာပါ။ sorry ပါဘဲရှင်'
'ပြတ်သားတာဘဲ'
နှုတ်ခမ်းထောင့်စွန်းလေး ကွေးရုံသာ ပြုံးပြသည့် ထိုအမျိုးသမီး။ ဘယ်လောက် မာထန်ပြတ်သားကြောင်း သိနိုင်သလို ဘယ်လောက်တောင် မာနကြီးလိမ့်မလဲ။
'အလုပ်ကိစ္စပြောပြီးပြီ ဆိုရင် ကျွန်မကို သွားခွင့်ပြုပါဦး ကျွန်မသွားစရာလေးတစ်ခုရှိသေးလို့ပါ'
'ဟုတ်ကဲ့ ခုလို တွေဆုံခွင့်ပေးတဲ့အတွက် ဒေါ်တင့်မဟာနွယ်ကို ကျေးဇူးတင်ပါတယ်'
'ရပါတယ် ကျွန်မကိုအလုပ်အပ်ထားတဲ့သူဘဲကို'
မှီသေးမလား။ မှီသေးတာဘဲ။
........
သိမ့်ဒေစီလင်း တစ်ယောက် သင်တန်းက ဆင်းဆင်းချင်း စင်တာရဲ့ ဒုတိယထပ်ကို ဆင်းလာတော့
'အိုး ဒီမှာဘာလာလုပ်တာလဲ'
'နင့်ဆီလာတာ'
'မဟုတ်တာတွေမပြောပါစမ်းနဲ့ အမရယ်။ တစ်ယောက်ယောက်ကို လာစောင့်တာမလား'
'အေး နင် အိမ်မှာလည်း ဘာမှမချက်ထားဘူးဆိုတော့ တစ်ခုခုသွားစားရအောင်'
'ကောင်းပြီလေ ဘာစားကြမလဲ'
'ငါ ဝယ်စရာလေးလည်းရှိတော့ JS ကိုသွားရအောင်'
'ကောင်းပြီလေ သွားတာပေါ့'
ဒေါ်တင့်မဟာနွယ် ကားပါးကင်ထိုးပြီး လှည်းတန်းစင်တာရဲ့ နှစ်ထပ်မြောက်ကို တက်လာပေမဲ့ သင်တန်းက အကုန်ပြန်သွားကြပြီလေ။
'ဘယ်လိုဖြစ်လို့လဲ အကုန်ပြန်သွားကြပြီလား ဖုန်းဆက်ကြည့်ဦးမယ်'
'လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိသောကြောင့်'
ဘာလဲ သုံးခါရှိပြီကို ကားစီးနေတာလား။ တစ်ခါထပ်ခေါ်ကြည့်မယ်။
'ဟယ်လို အန်တီတင့်'
'အင်း ဘယ်မှာလဲ'
'ဆောရီးပါနော် သမီးလမ်းလျှောက်နေတော့ ဖုန်းက အိတ်ထဲထည့်ထားတာမို့ မကြားလိုက်လို့။ အခုက အဆောင်က အမကြီးတစ်ယောက်နဲ့ မုန့်စားမလို့ စောင့်နေတာ'
'ဟုတ်လား ဘယ်မှာလဲ'
'JS မှာပါ သူကလည်း သူ့ဧည့်သည်နဲ့တွေ့ဖို့ လှည်းတန်းလာရင်း ဒီဘက်ကူးလာတာ''အန်တီတင့်က အလုပ်ကိစ္စပြီးသွားတာလား'
'အဲကြောင့် သိမ့်ဆီတန်းလာပေမဲ့ မမှီလိုက်ဖူးဘဲ'
'ပင်ပန်းနေမှာကို ဒီနေ့တော့ အိမ်ပြန်နားလိုက်ပါလား အန်တီတင့်ရဲ့ သမီး ညကျဖုန်းဆက်လိုက်မယ်လေ'
'အင်းပါ အဲတာဆို ဒါဘဲနော်'
'ဟုတ် ဂရုစိုက်ပြန်ဦးနော်'
'အင်း'
'ဘယ်သူလဲ''အသိအန်တီတစ်ယောက်ပါ မုန့်က မရသေးဘူးလားမသိဘူး'
ဖုန်းမချခင်ကြားလိုက်ရသော စကားတစ်ခွန်း။ အသိဖြစ်ချင်တာမဟုတ်ပါဘူး သိမ့်ရယ်။ သိမ့်ရဲ့မူပိုင်ရှင် ဖြစ်ချင်တာ။ တို့မဟုတ်တဲ့သူတစ်ယောက်နဲ့ သွားနေတာကို မကြိုက်လိုက်တာ။
You are reading the story above: TeenFic.Net