'အင်း ပြော'
'စောနက ဘာလို့ဖုန်းဆက်ခိုင်းရတာလဲ'
'လိုအပ်လို့ပေါ့'
'နင် အဆင်ပြေရဲ့လား'
'အင်း လောလောဆယ်ထိတော့ ပြေနေပါသေးတယ်'
ခဏတာတိတ်ဆိတ်သွားပြီးနောက်
'ငါထင်နေသလိုဘဲ ဒီနေ့ ငါ့ကိုပြောလာတယ်'
'အဲတော့ နင် ဘာပြောခဲ့လဲ'
'ငါ မသိချင်ယောင်ဆောင်ခဲ့တယ်.... ငါမှားသွားပြီလားဟင်'
'ငါမပြောတတ်ဘူး နင်ဘာလို့ အဲလိုလုပ်တာလဲ'
'ငါ့ကြောင့် မခံစားစေချင်လို့။ ငါ့ကိုချစ်မိရင် သူခံစားရမှာ။ ငါ ငါ့ခံစားချက်တွေကို show off မလုပ်တတ်ဘူး။ အေးစက်စက်နိုင်နေလိမ့်မယ် အပြောအဆိုတွေက အဲတာတွေကြောင့်'
'နင် ချစ်လား'
'စတွေ့ကတည်းက ရင်ခုန်ခဲ့တာ။ ရင်ခုန်မိမှာစိုးလို့ ငါ့ခံစားချက်တွေ လွန်မိမှာစိုးလို့ အန်တီတင့်မျက်နှာကိုတောင် သေချာမကြည့်ရဲဘူး။ နင် သိလား။ အန်တီတင့်က တအားလှတာ ပြီးတော့ ထက်မြက်တယ်။ ငါ့ထက်စာရင် ငါ့ထက်ကောင်းတဲ့သူနဲ့ သူက ပိုထိုက်တန်တယ်'
'နင် ငိုနေတာလား'
'မဟုတ်ပါဘူး ငါ မျက်ရည်ကျနေတာ နာကျင်နေတာ'
'အတူတူဘဲ ကောင်မရဲ့'
'မတူဘူးလို့...မတူဘူး'
'အေးအေး တအားကြီးမျက်ရည် ကျမနေပါနဲ့ နင်လည်းသူ့ကိုချစ်တယ်မလား။ သူကလည်း နင့်ကိုချစ်တယ်လေ အဲတာဆို ပြီးပြီဘဲ နင် တအားမတွေးပါနဲ့'
'ငါလေ ကြောက်တယ် သိလား ချစ်ရမှာကို ငါချစ်ခဲ့ရင် ငါတအားခံစားရမှာဟ ငါရော တစ်ဖက်လူရော ခံစားရမှာ ငါ ငါ ဘယ်လိုလုပ်ရမလဲဟင်'
'အခုလောလောဆယ် နင်နားသင့်တယ်နော်။ မနက်ဖြန်လည်း သင်တန်းသွားရဦးမှာမလား'
'အင်း'
'အဲဆို နားတော့နော်'
သူငယ်ချင်းတစ်ယောက်လေးဘဲရှိပါတယ်။ အတွေးလွန်တတ်လိုက်တာလွန်ရော။ ရင့်ကျက်ရင်လည်းသူဘဲ မရင့်ကျက်ပြန်ရင်လည်း သူဘဲ။ နားလည်ရခက်လိုက်တာ မိသိမ့်မရယ်။
အရင်တုန်းကလည်း အိမ်ကိုပြန်တိုင်း တစ်ယောက်တည်းဘဲ။ အခုလည်းတစ်ယောက်တည်းဘဲလေ ဒါပေမဲ့ အရင်နေ့တွေကထက် နာကျင်နေတယ်။ ကိုယ့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ အားတွေအကုန်လုံးထုတ်ယူထားလိုက်သမျိုး ခံစားနေရတယ်။ ဘာလို့လဲ။ သူက အဲလိုတောင်လွှမ်းမိုးသွားနိုင်ခဲ့တာလား ငါ့ကိုလေ ဒေါ်တင့်မဟာနွယ်ဆိုတဲ့ငါ့ကိုလေ။ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ငါ့ကိုလေ။ ရီစရာကောင်းလိုက်တာ ဒေါ်တင့်ရယ်။ ကိုယ့်ကိုကိုယ်ထိန်းစမ်းပါ။
'ငါ အလုပ်တွေရှိသေးတာဘဲ အလုပ်ထဲ စိတ်နှစ်ရဦးမယ်'
တစ်နေ့လယ်လုံး အလုပ်လုပ်နေပေမဲ့ စိတ်သိပ်မပါပါ။ သိမ့်ဆီက ငြင်းသလိုလိုစကားက ကိုယ့်စကားကိုနားမလည်လိုပြန်ပြောခံလိုက်ရတဲ့ စကားတွေက ဒေါ်တင့်ရဲ့ စိတ်ကို ညှိုးနွမ်းသွားစေခဲ့တာ။
'ဘယ်လိုလုပ်ရင်ကောင်းမလဲ'
ထုံးစံအတိုင်း Viber ကနေ call တစ်ခုဝင်လာပါပြီ။
ဒါပေမဲ့ ဒီနေ့ စောလှချည်လား။
'နင် ဒီနေ့ အားနေတာလား'
'ဟုတ်တယ်လေ ပိတ်ရက်ရလို့''ဒါနဲ့ နင် နေ့လည်က ဘယ်သွားနေတာတုန်း ငါအပြင်ခေါ်ရင်တောင် မလိုက်ချင်တဲ့သူက'
'ငါပြောစရာရှိတယ် မဟုတ်ဘူး မေးစရာရှိတယ်'
'အင်း မေးလေ ဘာလဲ'
'လူတွေက ချစ်ရင် လက်လွှတ်နိုင်လား ဒါမှမဟုတ် ပိုင်ဆိုင်ချင်ကြတာလား'
'အဲတာက လူတွေပေါ်မှာဘဲမူတည်တယ်လေ။ တစ်ချို့က စွန့်လွှတ်နိုင်တယ်။ တစ်ချို့က ပိုင်ဆိုင်ချင်ကြတယ်။ အဓိကတော့ ကိုယ်ချစ်ရတဲ့သူကို ပျော်ရွှင်စေချင်တာဘဲမလား'
အင်း ပျော်ရွှင်စေချင်တယ်။ ဒါပေမဲ့ အဲလိုပျော်ရွှင်အောင် ငါကဘဲလုပ်ပေးချင်တာ။
'ဘာလဲ အပျိုကြီးက ရည်းစားထားတော့မလို့လား'
'ငါ ချစ်နေမိပြီ'
'ဟင် ဘာ ဘာပြောလိုက်တာ'
'နင်နားကြားမမှားပါဘူး။ ငါ ချစ်နေမိပြီ အဲတာကလည်း ငါ့ထက် နှစ်၂၀ ငယ်တဲ့ ကလေးမလေးကို'
အံ့ဩမိပါတယ်။ သူစိမ်းတစ်ယောက်ကို ချစ်မိဖို့မပြောနဲ့ သံယောဇဉ်တောင် မတွယ်တတ်တဲ့သူက။ ပြီးတော့ ကလေးမလေးတစ်ယောက်ကိုတဲ့လား။
'နင် ရူးသွားတာလား'
'မဟုတ်ဘူး တကယ်ပြောတာ။ ငါ့ဘဝမှာ အခုအချိန်ထိ ဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့ဖူးဘူး။ ကိုယ်မှန်ရာကိုကိုယ်လုပ်ပြီး ကိုယ့်ဘာသာကိုယ်ကြိုးစားရပ်တည်လာလေ။ ဒါပေမဲ့ နင်သိလား။ ငါ သူ့ကိုတွေ့မိလိုက်တဲ့အချိန်ကစပြီး ဘာလို့မှန်းမသိပေမဲ့ ပျော်ရွှင်ခြင်းဆိုတာကို ခံစားရမိတယ်။ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးလမ်းလျှောက်နေတဲ့သူ့ပုံစံလေးက ငါ့စိတ်ကိုဆွဲဆောင်နေတာ'
'အင်း ဆက်ပြော'
'တစ်နေ့က သူနဲ့ခင်သွားတယ်။ သူနဲ့အတူ လိုင်းကားစီးပြီး မုန့်ဆိုင်ထိုင်ဖြစ်တယ်။ သူက သိပ်ရိုးသားတာ။ သဘောလည်းကောင်းတယ်။ ဖော်လည်းဖော်ရွေတယ်။ ရီလိုက်ရင် ပါးချိုင့်လေးပေါ်ပေါ်လာတယ်။ အထူးခြားဆုံးက ရီလိုက်ရင်လေ မျက်လုံးအောက်က ဖောင်းဖောင်းအစ်အစ်လေး။ ပါးလေးကလည်းမို့မို့လေး'
'နင် တော်တော်ကြည့်ထားတာဘဲ'
'ငါ ဒီနေ့ သူ့ကိုဖွင့်ပြောလိုက်တယ်။ ဒါပေမဲ့ သူက ငြင်းတာလိုလို နားမလည်တာလိုလို လုပ်သွားတယ်'
'အဲကြောင့် နင် ဒီနေ့ အားမရှိနေတာကိုး'
'ဘယ်လိုသိတာလဲ'
'နင့်သူငယ်ချင်းပါ နှစ် ၂၀ကျော် နင့်နားမှာနေလာပြီး နင့်ကို အရိပ်တကြည့်ကြည့်နဲ့နေလာခဲ့တဲ့သူပါ နွယ်ရာ'
'ကျေးဇူးပါ အဲအတွက်လည်း'
နင် မြင်အောင်ကြည့်မယ်ဆိုရင် နင့်အနားမှာ အမြဲရှိနေခဲ့တဲ့ ငါ့ကိုမြင်နိုင်မှာ နွယ်ရယ်။
'အဲဆို နင် ဘယ်လိုဆက်လုပ်မှာလဲ'
'ဘာကိုလဲ သူနားမလည်ဘူးဆိုရင် နားလည်အောင် ရှင်းပြမှာပေါ့'
'မချစ်ဘူးဆိုရင်ရော'
'ချစ်လာအောင် သင်ပြပေးရမှာပေါ့ဟ'
မလွယ်ကြောပါလား မိနွယ်ရယ်။ ကလေးမလေးဘဝက မတွေးရဲစရာဘဲ။
'တော်ပြီဟယ် နင်နဲ့ပြောနေတာနဲ့ ငါ့ကလေးမလေးနဲ့စကားပြောဖို့ နောက်ကျဦးမယ် သူက စာလုပ်တော့မှာ မလုပ်ခင် ခဏ သွားပြောမလို့'
'အမယ်လေးဟယ် အေးပါဟ'
နင် ပျော်နေတာကို လွတ်လွတ်လပ်လပ်ပြောဆိုနေတာကို မြင်ရတာ ဝမ်းသာပါတယ် နွယ်ရယ်။ နင်တောင် အချစ်ကြောင့်ပြောင်းလဲလာနေပြီဘဲ ငါပြောင်းလဲပေးစရာ မလိုတော့ဘူးပေါ့နော်။
တီ တီ တီ
'ဟယ်လို အန်တီတင့်'
'အင်း အိမ်ပြန်ရောက်ပြီလား'
'ဟုတ် အန်တီတင့်ဖုန်းဆက်တာနဲ့ကွတ်တိဘဲ'
'ညနေ ညနေဆို ဘယ်သွားတာလဲဟင်'
'Gym လေ'
'အော်'
အဲကြောင့် ခါးက သေးနေတာလား။
'အန်တီတင့်ရော ဘာတွေလုပ်နေလဲ'
'စာရင်းတွေပေါ့ ထုံးစံအတိုင်း'
'အလုပ်ကိုနားနားပြီးလုပ်ပေါ့။ အတင်းအမြန်ကြီးမလုပ်နဲ့ ခေါင်းမူးနေမယ်'
'ဟုတ်ကဲ့ပါရှင့်'
'သိမ့်'
'ရှင် အန်တီတင့်'
'တို့ မင်းကို ချစ်တယ်'
ဝဲတက်လာသောမျက်ရည်စများနှင့် ဆို့နစ်လာသောခံစားမှုများ။ သမီး အန်တီတင့်ကို မချစ်ဘူးလို့လည်း မပြောနိုင်ဘူး မဟုတ်ဘူး ပြောမထွက်ဘူး။ သမီးကိုချစ်လို့ အန်တီတင့်ခံစားရမည့်ဖြစ်ချင်းကိုလည်း သမီးမလိုချင်ဘူး။
'ဟိတ် ကလေးမ တို့ပြောတာကြားရဲ့လား နားထောင်နေရဲ့လား'
'မဖြစ်နိုင်တဲ့ အရာတွေကို စိတ်ကူးယဉ်မိရင် နာကျင်ရမယ်လို့ သမီးထင်တာဘဲ အန်တီတင့်ရယ်'
'ဟင် ဘာကိုလဲ'
'သမီး ရေချိုးတော့မှာမို့ ဒါဘဲနော်'
'ဟမ် နေ နေဦးလေ....ဟာ ဖုန်းချသွားတာဘဲ'
ဒီကလေးမ ဘာကိုပြောချင်တာလဲ။ ငါ့ကို မချစ်တာလား။ ကိစ္စမရှိပါဘူး စိတ်မဆိုးသွားဖူးမလား။ မချစ်တတ်ရင် သင်ပေးမှာပေါ့ မာမီက။
You are reading the story above: TeenFic.Net