𝟣𝟥

Background color
Font
Font size
Line height


"မချစ်ပဲနဲ့ ဘယ်သူက ရည်းစားဖြစ်ချင်ပါတယ်ပြောလဲ"

"...."

"မချစ်ပဲနဲ့ ဘယ်သူက နမ်းချင်တယ်ပြောလဲ"

"...."

"မချစ်ပဲနဲ့ အဲ့လူတစ်ယောက်အတွက် ကျွန်တော့် အချိန်တွေကို အကုန်ခံမှာမဟုတ်ဘူး"

"ဟုတ်ပါပြီ...ငါလဲ ဘာပြောနေလို့လဲ"

"ကိုကိုက အချိန်ဆွဲနေတာလေ"

ချွမ်းရွေ့က ကျစ်ကနဲ စုတ်သပ်ပြုရင်း စိတ်မရှည်တော့တဲ့လေသံနဲ့ပြန်ပြောကာ ဆက်ပြီး

"ကိုကို့ပါးစပ်က ကျွန်တော့်ကို ချစ်ပါတယ် ဆိုတဲ့ စကားလေးသုံးလုံးပြောလိုက်ရင်ပြီးနေပြီဗျ! ကိုကိုကလေ ကိုယ့်ကိုယ်ကို နှမြောနေတာ "

ချွမ်းရွေ့ပြောတာ လဲ မှန်နေတာကြောင့် ထယ်ရယ် ငြိမ်နေမိသည်။ ပထမဆုံးရည်းစားထားရမှာကို ကိုယ့်ကိုယ်ကို နှမြောတတ်တဲ့သူ ဒီကမ္ဘာပေါ်မှာ ရှိတာလားလို့ မေးရင် ထယ်ရယ် က လက်ထောင်ပြမိမှာ။

"ကျွန်တော် သူများနောက်ပါသွားမှာမကြောက်ဘူးလား"

ဒီစကားတစ်ခွန်းကတော့ ထယ်ရယ်ကို လှုပ်လှုပ်ရှားရှား ဖြစ်မိစေသွားတဲ့ပုံပဲ။ တစ်ပြိုင်တည်း အတွေးပေါင်းစုံတွေ ဝင်ရောက်လာတယ်။ ချွမ်းရွေ့က တက္ကသိုလ်မှာ နာမည်ကြီးတဲ့ သူဌေးသားလေး။ ချွမ်းရွေ့ပြောခဲ့သလို သူ့ကို လိုချင်တပ်မက်ပြီး သူ့ကိုချစ်သူကောင်လေးတော်ချင်နေကြတဲ့သူတွေချည်းပဲ။ ချွမ်ရွေ့က ထယ်ရယ့်ကို ချစ်နေရသူမို့ စောင့်နိုင်တယ်ပြောပေမဲ့ ထယ်ရယ်က စဉ်းစားဖို့အတွက် အချိန်တွေ လွန်သွားခဲ့ရင် ထယ်ရယ့်ကို ပစ်သွားမှာလားဆိုတဲ့ အတွေးက ဆိုးတယ်။

ချွမ်းရွေ့က လေပူတစ်ချက်မှုတ်လိုက်ပြီး ထယ်ရယ်ကို ပြန်ကြည့်ကာ

"ကိုကို ဆုံးဖြတ်လ်ို့ရအောင် ကျွန်တော်ကူညီမယ် ၊ကိုကို ရုန်းပိုင်ခွင့်ရှိတယ် ကျွန်တော်ပြောပြီးသားနော် ကိုကို့မှာ ရုန်းပိုင်ခွင့်ရှိတယ်"

နောက်ဆုံးစကားလုံးတွေကို တစ်လုံးချင်းပြောလိုက်တဲ့ ချွမ်းရွေ့က ကိစ္စတစ်ခုကို အပြီးဖြတ်နိုင်ဖို့ ကြိုးစားတော့မှာ။

"အကယ်၍ ကိုကို ငြိမ်ခံနေရင်တော့ ကိုက်ိုက ကျွန်တော့် ကျော့ကွင်းထဲက အချစ်သားကောင်ဖြစ်သွားပြီနော်"

ထယ်ရယ် နူတ်ဖျားက စကားပြောဖို့ အခွင့်အရေးမရှိတော့အောင် ချွမ်းရွေ့က ရှေ့ကို လှမ်းလာတယ်။ ပြီးတော့ ထယ်ရယ်ရဲ့ ပါးနှစ်ဖက်ကို အုပ်မိုးကာ ကိုင်ပြီး မော့စေလိုက်ကာ မသိမသာ ဆူထွက်နေတဲ့ နူတ်ခမ်းတွေကို ချွမ်းရွေ့က စားသုံးတယ်။ ဟုတ်တယ်  ထယ်ရယ်ရဲ့ ပထမဆုံး အနမ်းဖြစ်ပေမဲ့ တသက်လုံးမေ့မနိုင်တဲ့ နူညံ့မှုမျိုးကို ပေးမယ်ဆိုတဲ့ စိတ်ကူးမျိုး ချွမ်းရွေ့မှာ မရှိပေမဲ့ တသက်လုံး မမေ့နိုင်တဲ့ ကြာရှည်ပြီး မောဟိုက်တဲ့ အနမ်းတွေကိုပဲ ပေးဖို့စိတ်ကူးရှိတယ်။

ပါးကို အုပ်ကိုင်ထားတဲ့ လက်တစ်ဖက်ကို ထယ်ရယ်ရဲ့ ခါးနေရာကို နေရာရွေ့လိုက်ပြီး နူတ်ခမ်းကိုတော့ ပိုအားထည့်ကာနမ်းတယ်။ စုပ်ယူမိတဲ့ နူတ်ခမ်းသားတွေက နူးအိနေတာတော့အမှန်။ အပေါ်နူတ်ခမ်းကို စုပ်ယူပြီးတော့ ပွတ်တိုက်ကာ အောက်နူတ်ခမ်းကိုနေရာပြောင်းတယ်။ ချွမ်းရွေ့ရဲ့ ခါးပေါ်ကိုလဲ ထယ်ရယ်ရဲ့ လက်တွေဟာ ရောက်လာပြီ။

ပြတ်ထွက်တော့မလို စုပ်ယူနေတာကြောင့် ကိုကို့ နူတ်ခမ်းနာနေတော့မှာပဲလို့ တွေးမိပေမဲ့ အလျော့ပေးဖို့စိတ်ကူးမရှိသေးပဲ။ နမ်းလို့အရမ်းကောင်းတာမို့လို့ ပိုပြီးတော့ တောင် နမ်းဦးမှာ။

ညာဘက်ကိုစောင်းထားတဲ့ ချွမ်းရွေ့ရဲ့ ခေါင်းတွေဟာ ဘယ်ဘက်ကို စောင်းဖို့ လိုနေပြီဆိုတော့ ထယ်ရယ်ရဲ့ ခေါင်းဟာလဲ အလိုလို ဆန့်ကျင့်ဘက်ကိုပြောင်းသွားရတယ်။

ကုတ်ခြစ်ထားတဲ့ ချွမ်းရွေ့ရဲ့ အင်္ကျီစဟာလဲ ကြွေမွလို့။

အနမ်းအရှိန်ကြောင့် မျက်နှာတစ်ပြင်လုံးဟာ ပန်းရောင်သမ်းနေပြီး နူတ်ခမ်းအစုံဟာလဲ တံတွေးတွေကြောင့် လဲ့နေတာက မျက်လုံးမဖွင့်ကြည့်ပဲ မြင်ယောင်ကြည့်ရင်တောင် သိပ်လှမှန်း အတပ်ပြောလို့ရပါတယ်။

အနေအထားတွေပြောင်းလာလေလေ ထယ်ရယ်ရဲ့ လက်တွေဟာလဲ ချွမ်းရွေ့ရဲ့ ခါးကနေ ချွမ်းရွေ့ရဲ့ လည်ပင်းကို ခိုသိုင်းမိသွားသည်။ အချစ်ကျော့ကွင်းထဲကို ဆိုက်ဆိုက်မြိုက်မြိုက် တိုးဝင်သွားတဲ့ သူ့အဖို့ ပြန်တုံ့ပြန်ကာ နမ်းပေမဲ့လို့ အမှီမလိုက်နိုင်တာကိုတော့ ဝန်ခံရမည်။ ဘာလို့လဲဆိုတော့ ချွမ်းရွေ့ရဲ့ အနမ်းတွေက လိုက်မမှီလို့ပါပဲ။ပြီးတော့ ချွမ်းရွေ့ရဲ့ နူတ်ခမ်းတွေရဲ့ လာစုပ်ယူအားတွေကို ထယ်ရယ် မခံနိုင်ပါ။

လူနှစ်ယောက် နမ်းတာဟာ သဘာဝကျတာမှန်တယ်။နှလုံးခုန်နူန်းက တော့ သဘာဝမကျတော့ဘူး။ အခုရက်ပိုင်းချွမ်းရွေ့ အကြောင်းပဲ ခေါင်းထဲ တစ်ဝဲလည်လည် စဉ်းစားမိနေတော့ ပိုဆိုးကုန်ပြီ။

ကိုက်ခဲခံလိုက်ရတဲ့ ထယ်ရယ်ရဲ့ အောက်နူမ်ခမ်းတွေဟာ ချွမ်းရွေ့ရဲ့ ပစ်မှတ်လိုဖြစ်နေတော့ အရှုံးပေးကာပွင့်ဟပေးလိုက်မိတော့ တိုးဝင်လာတဲ့ လျှာဖျားက ဝင်ရောက် အလည်လာသလိုလှည့်ပတ်နေတာကြောင့် မနေတတ်တော့ပဲ ချွမ်းရွေ့ကို တွန်းထုတ်မိလိုက်တယ်။ဒါက ခဏတာအတွက်တော့ အမောပြေသွားတယ်။ ချွမ်းရွေ့က နမ်းနေတာအရှိန်မလျော့ချင်တာကြောင့် အတွန်းခံလိုက်ရတဲ့ ခဏတာကိုတောင်မှ အလိုမကျဟန် မျက်မှောင် ကြုတ်ပစ်လိုက်တယ်။

မကြာပါ၊ ထယ်ရယ်ကို ပြန်နမ်းဖို့အတွက် လည်ပင်းကနေပြန်ဆွဲကာ သူ့ရဲ့ နူတ်ခမ်းတွေနဲ့ ပြန်ထိကပ်လိုက်တယ်။ဒီဒုတိယအချီ နမ်းခြင်းမှာတော့ ပိုပြီးအားပြင်းဖို့ကောင်းတဲ့ အနမ်းတွေကို ဖောဖောသီသီပေးဖြစ်တယ်။ နှာခေါင်းချင်းတိုက်မိတာလဲ ခဏခဏပါပဲ။ ပါးအိအိလေးထဲ နစ်ဝင်နေတဲ့ချွမ်းရွေ့ရဲ့ နှာခေါင်းချွန်ချွန်ဟာ လဲ ကြည့်ရတာ ထယ်ရယ်ရဲ့ ပါးကို သဘောကျနေတာထင်ပါရဲ့။

အသက်ရှူဖို့တောင် အချိန်မပေးတဲ့ ချွမ်းရွေ့က ထယ်ရယ့်ကို အနိုင်ကျင့်နေတာ။ မျက်လုံးဖွင့်ကြည့်မိတော့ တိုက်ဆိုင်စွာ ချွမ်းရွေ့ရဲ့မျက်လုံးကလဲ ဖွင့်လာကာ ထယ်ရယ့်ကိုကြည့်တဲ့ အချိန်နဲ့ဆုံတော့ မျက်လုံးပြန်မှိတ်မိကာ အနမ်းမှာ ပြန်စီးမြောလိုက်တယ်။

ဒါပေမဲ့ ဒီအနမ်းကိုစီးမြောဖို့အတွက် လုံလောက်ပြီးပြီလေ ၊ အချိန်က ဘယ်လောက်မှမကြာဘူးဆိုပေမဲ့ ထယ်ရယ်အတွက်တော့ ကြာနေပြီလေ။ပြီးတော့ ရပ်သင့်နေပြီမလား။

ရပ်ပေးတော့ဖို့ အချက်ပြတဲ့အနေနဲ့ ထယ်ရယ်က ချွမ်းရွေ့ရဲ့ ရင်ဘတ်ကိုပုတ်လိုက်ပေမဲ့ ချွမ်းရွေ့က ကိုယ်ချင်း ခဏခွါလိုက်ပြီး 'ပေးနမ်းပါဦးကိုကို'တဲ့လေ။

မြိုချမတတ်နမ်းနေရအောင် ထယ်ရယ်ရဲ့ နူတ်ခမ်းတွေက ချွမ်းရွေ့အတွက် ညှို့အားဖြစ်သွားခဲ့ပုံပဲ။ မခွါနိုင်ဖြစ်နေရအောင် နမ်းရခြင်းအရသာကလဲ ဆွဲဆောင်မှုရှိလို့ပဲပေါ့။

နောက်လှန်ကျတော့မတတ်ဖြစ်သွားတဲ့ ထယ်ရယ်ရဲ့ကိုယ်ကြောင့် ချွမ်းရွေ့က ခါးကနေထိန်းထားလို့တော်သေးသည်။ ပြွတ်ကနဲမြည်အောင် နောက်ဆုံးအကြိမ် နမ်းပြီးမှ ခွါပေးခံလိုက်ရတဲ့ ထယ်ရယ်ရဲ့နူတ်ခမ်းက အလွန်နီရဲနေပြီး အရောင်တော်တော်လဲ့နေတယ်။ ထယ်ရယ့်နူတ်ခမ်းတင်မဟုတ်၊ ချွမ်းရွေ့ရဲ့ နူတ်ခမ်းကလဲ နီရဲတာပဲ။ ဒါပေမဲ့ ထယ်ရယ်ရဲ့ နူတ်ခမ်းပေါ်က တစ်ချို့နေရာတွေမှာတော့ ဖူးယောင်လို့နေတာကြောင့် နာနေတော့မှာ။

နှစ်ယောက်လုံးရဲ့ နူတ်ခမ်းဟာ ခွါလိုက်ပေမဲ့လို့ သူတို့နှစ်ယောက်လုံးရဲ့ နူတ်ခမ်းကို ဆက်သွယ်ထားတဲ့ အကြည်ရောင် ကြိုးမျှင်လေးကရှိနေတုန်းပဲ။

"ကိုကို ကျွန်တော့်ကို ချစ်လား"

".... "

ဖြေသံမထွက်လာတာကြောင့် ချွမ်းရွေ့က

"ထပ်မေးမယ် ကိုကို ကျွန်တော့်ကိုချစ်လား"

"အ..အင်း.."

"အင်းဆိုတာ မကြားချင်ဘူး ချစ်တယ်ဆိုတာပဲကြားချင်တာ ဖြေ..ချစ်တယ်လို့"

"..ချ..ချစ်တယ် ငါ မင်းကိုချစ်တယ် ချွမ်းရွေ့"

"ကောင်းပြီ ၊အခု ကိုကိုက ကျွန်တော့်ချစ်သူဖြစ်သွားပြီမို့လို့ ၊ တစ်ယောက်ယောက်ကရည်းစားရှိလားလို့မေးခဲ့ရင် ငါ့ကောင်လေးက ရှန်ချွမ်းရွေ့လို့ ဖြေလို့ရပြီ"




•Temperature Of Kiss•


"ကိုကို အတန်းပြီးရင် စာလုပ်ဦးမှာလား"

"လုပ်ရမှာပေါ့ မင်းလို ငပျင်းများထင်နေလား"

"ကိုကိုနော်"

"စတာ စတာ "

ဆူပုတ်ပုတ်ဖြစ်သွားတဲ့ ချွမ်းရွေ့ရဲ့ ခေါင်းကို ထယ်ရယ်က ခြေဖျားထောက်ကာ လှမ်းပုတ်လိုက်တော့မှ ကျေနပ်သွားဟန် ချွမ်းရွေ့က ထယ်ရယ်ရဲ့ ပါးကို ရွှတ်ကနဲ နမ်းသွားပြီး ပြေးသွားကာ အဝေးကိုရောက်တော့မှ

"အတန်းပြီးမှ တွေ့ကြမယ် ကိုကို" တဲ့။

ချွမ်းရွေ့ကရှက်မရှက်တော့မသိ၊ ထယ်ရယ်ကတော့ သူ့အစားရှက်လိုက်ရတာ။ ဘေးဘီကိုတောင် ခိုးကြောင် ခိုးဝှက်ကြည့်လိုက်ရတဲ့ အဖြစ်။

အတန်းပြီးတာနဲ့ စာကြည့်တိုက်မှာ စာလုပ်ပြီးကျန်ခဲ့မယ် တစ်ကဲကဲလုပ်နေတဲ့ ထယ်ရယ့်ကို ချွမ်းရွေ့က စိတ်ဆိုးဖြစ်အောင်စိတ်ဆိုးလိုက်သေးတယ်။

စာက သေရင်ကိုယ့်နောက်ပါတာမဟုတ်ဘူးလေ။ ဘာလို့ အသဲသန်လုပ်နေမှာလဲ။ ကိုကို စာကြိုးစားတာသိပေမဲ့ အခု ကိုကို့မှာ ကောင်လေးရှိနေပြီလေ။ ကောင်လေးကို အချိန်တော့ပေးမှာပေါ့။ ကိုကိုဟာလေ တကယ်ပါပဲ စိတ်ကောက်ရင် သူကချည်းစိတ်ကောက်တယ်ဖြစ်ဦးမယ်။ ပြီးတော့  ရည်းစားက စိတ်ကောက်ရင် ချော့ရတယ်လို့လဲ ကိုကို့ကိုပြောထားရဦးမယ်။

ဟူး..ကိုကို့ကို သင်ပြစရာတွေများသား။တော်သေးတာပေါ့ ချွမ်းရွေ့လို ကောင်းတဲ့ ရည်းစားကောင်လေးနဲ့တွေ့ပေလို့၊မဟုတ်ရင် ကိုကိုရောင်းစားခံရမှာလို့ ကိုကို့ကို မကျေမနပ်ပြောရဦးမယ်။

အခုတောင် စာလုပ်ချင်ရင် ကျွန်တော့်အိမ်မှာပဲ စာလုပ်ဆိုပြီး အတင်းခေါ်လို့ ပါလာတာ။

"ဘယ်လိုလဲ စာကြည့်တိုက်ထက် အဆတစ်ထောင်ပိုသာတယ်မလား"

"အေးပါ ဟုတ်ပါပြီ၊ ကြွားနေတာ ရပ်ပါတော့"

ထယ်ရယ်က ခေါင်းတစ်ခါခါနဲ့စာကို ပြန်အာရုံစိုက်နေပေမဲ့ သူ့ကို မေးထောက်ကာ စိုက်ကြည့်နေသေးပြန်တဲ့ ချွမ်းရွေ့ကြောင့် မနေတတ်တော့ပဲ မကျေမနပ်လေသံနဲ့ ထအော်လိုက်တယ်။

"မင်းလဲ စာကြည့်စရာရှိတယ်မလား ကြည့်ပါလား ကိုယ့်စာကိုယ် ၊ငါ့ကို ဘာလို့ လာကြည့်နေတာလဲ"

"စာ က ကိုကို့လောက် ကြည့်မကောင်းလို့ပေါ့"

ထယ်ရယ် ခင်ဗျာ တစ်စက္ကန့်လောက်တော့ အယ် ကနဲ ဖြစ်သွားရပါသေးတယ်။ပြီးတော့ ပြုံးမိတော့မလို့ပါပဲ။ ဒါပေမဲ့ အမြန်ပြန်ထိန်းလိုက်ရတယ်။

အခုမှသိလိုက်ရတယ်။ အမြဲရင်ခုန်နေရတာ မလွယ်ဘူးပဲ။ပြီးတော့ ရည်းစားထားရတာ ဒီလိုမျိုးပါလားဆိုတာ သိလိုက်ရတယ်။အဲ့ထဲမှာမှ ရည်းစားငယ်ငယ်ထားရတာ ပိုပြီးတော့တောင် ပျော်သလိုခံစားနေရတာ။

"ကိုကို ရော့ စတော်ဘယ်ရီစားကြည့် အာ.."

ချွမ်းရွေ့ အာလို့ ထယ်ရယ်ကလဲ လိုက်ပြီး အာ လိုက်တော့ ချွမ်းရွေ့ ခွံ့ကျွေးတဲ့ စတော်ဘယ်ရီက မချဉ်ပဲ ချိုနေတယ်။

အချစ်တွေ ချိုမြိန်နေလို့ထင်ပါရဲ့။

"ကိုကို ကျွန်တော့်ကို ပေးမနမ်းချင်ဘူးလား"

ထယ်ရယ်က ချွမ်းရွေ့ရဲ့ အဲ့စကားကိုကြားတာနဲ့ ချက်ချင်း သူ့နူတ်ခမ်းတွေကို လက်နဲ့ အမြန်ကာကွယ်လိုက်တော့တာပဲ။ ချွမ်းရွေ့ က ဟက်ကနဲ ရယ်လိုက်ကာ ထိုင်နေရာကနေ ကုန်းထပြီး အဲ့ကာထားတဲ့ ထယ်ရယ်ရဲ့လက်တွေကို ဖယ်လိုက်တော့ လက်က အသာလေးပါလာသား။

ထယ်ရယ့်ရဲ့ နူတ်ခမ်းနားကို ဦးတည်လာတဲ့ ချွမ်းရွေ့ကို ထယ်ရယ်က အမြန်တားဆီတယ်။

"မနမ်းနဲ့၊ မင်း အနမ်းကို ငါကြောက်တယ်"

"အဟင်း..ကျွန်တော့် ကိုကို့ အပေါ် အဲ့လောက်မရက်စက်ပါဘူး၊ ဒီတစ်ခါ ညင်ညင်သာသာလေး နမ်းမှာပါနော်"

အယုံသလို အကြည့်နဲ့ ကြည့်လာတဲ့ ထယ်ရယ့်ကို ချွမ်းရွေ့က ဆူပုတ်ပုတ်မျက်နှာနဲ့ အတူ ခြေထောက်ပါ ဆောင့်ပြလိုက်သေးတယ်။

"ယုံပါဆိုမှ"

ထိုအခါမှ သာ ခေါင်းညိမ့်ပြတဲ့ ထယ်ရယ်ကို ချွမ်းရွေ့က ရွှန်းရွှန်းစားစားကြည့်ပြီးမှ သူ့နူတ်ခမ်းတွေကို ထယ်ရယ်ရဲ့ နူတ်ခမ်းတွေပေါ်မှာ ထပ်တူကျစေရင်း ချစ်သူဖြစ်ပြီး ဒုတိယမြှောက်ရက်မှာတင် ထပ်နမ်းဖြစ်သွားကြတယ်။

ချွမ်းရွေ့ပြောတာတော့ နူးနူးညံ့ညံ့၊ညင်ညင်သာသာတဲ့။

ဒါပေမဲ့...ရှန်ချွမ်းရွေ့!!!! လူလိမ်ကောင်။


𝟦.𝟫.𝟤𝟢𝟤𝟥


You are reading the story above: TeenFic.Net