𝟣𝟤

Background color
Font
Font size
Line height



"ဟို..."

စကားစဖို့ ပါးစပ်ကဖွင့်ဟလိုက်ပေမဲ့ တကယ်တမ်းက ဘာပြောရမှန်း မသိဖြစ်နေတဲ့ ထယ်ရယ်က အခက်ခဲ တစ်ခုကို ရင်ဆိုင်နေရသလိုပါပဲ။ သူအမှားလဲ မလုပ်ပါပဲ ဘာကြောင့်များ သူခိုး လူမိနေသလို ခံစားချက်မျိုး ခံစားနေရတာပါလိမ့်။

အိမ်အောက်မှာ ပက်ပင်းတိုးခဲ့တာကြောင့် ရှိုးတိုးရှန်းတန်းဖြစ်နေတာလဲ ပါမယ်ထင်တယ်။ ပြီးတော့ ရုတ်တစ်ရက်ဆန်ဆန် အစ်ကိုဟန်ဘင်း လာမှ ချွမ်းရွေ့ က တမင် သူ့ကို နမ်းပစ်ဖို့ လုပ်တာ။ ချွမ်းရွေ့က ပွင့်ပွင့်လင်းလင်းပြောထားပြီးသား။ အစ်ကိုဟန်ဘင်းနှင့် ထယ်ရယ်ကို တွဲမြင်ရတာ သဝန်တိုပါတယ်လို့လေ။ သူ့စိတ်ထဲမှာ အစ်ကိုဟန်ဘင်းက ထယ်ရယ့်အပေါ်ခံစားချက်ရှိနေတာလို့ ထင်နေပုံပါပဲ။ ဘယ်လိုတွေးချလိုက်တာလဲ။ အစ်ကိုဟန်ဘင်းက ထယ်ရယ်ကို ညီလေးတစ်ယောက်လို ခံစားချက်ပဲရှိတာ လူတိုင်းအသိ။

ဒါကို ချွမ်းရွေ့က သူ သဝန်တ်ိုပါတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ထယ်ရယ်ကို သူသာလျှင် ပိုင်တာ ဆိုတဲ့ အကြောင်းကို သိပ် သိစေချင်တာကြောင့် ထယ်ရယ်ကို နမ်းဖို့ ကြိုးစားခဲ့ပေမဲ့ မနမ်းခင် ထယ်ရယ်ရဲ့ 'ရည်းစားမဖြစ်ပဲ မနမ်းရဘူး' ဆိုတဲ့ စကားက သူ့ခေါင်းထဲ ဝင်လာပုံပဲ။

ဒါကြောင့် မျက်နှာချင်း နီးကပ်ပစ်ပေမဲ့ နူတ်ခမ်းလွှာ နှစ်ခုကြားထဲမှာ လက်မကို ခံပစ်လိုက်တယ်။  ချွမ်းရွေ့က လူလည်။ သဝန်လဲတိုချင်တယ်။ စိတ်ထင်ရာ လိုက်လဲလုပ်ချင်တယ်။ ဒါပေမဲ့ ပြောစကားနားမထောင်လို့ ထယ်ရယ် သူ့ကို အဖြေ ပြန်မပေးမှာကြောက်ပြန်တော့ လက်မကို ခံနမ်းလိုက်တာ။

မလိမ်တမ်းပြောရရင် ထယ်ရယ် ရင်ခုန်သွားတယ်။ တကယ် မနမ်းခဲ့ဖူးဆိုတာ ထယ်ရယ်နှင့် ချွမ်းရွေ့သာ သိပေမဲ့ အစ်ကိုဟန်ဘင်းကတော့ သူတို့ နမ်းတယ်လို့ ထင်သွားမှာ။

အစ်ကိုဟန်ဘင်းကိုလဲ ထယ်ရယ် မလိမ်ချင်တာကြောင့် အမှန်တရားကိုပြောဖို့ လိုတယ်။

"အစ်ကိုဟန်ဘင်း..တောင်းပန်ပါတယ် ကျွန်တော် တမင် မပြောပြတာမဟုတ်ပါဘူး"

"ဘာကိုတောင်းပန်တာလဲထယ်ရယ်ရ"

ဟန်ဘင်းက ခဏက အံ့ဩသွားတာ သူမဟုတ်သလိုနဲ့ ဘာမှမဖြစ်သလ်ို ပုံစံမျိုးနဲ့ မေးခွန်းပြန်ထုတ်တယ်။

"ကျွန်တော် ချွမ်းရွေ့နဲ့ တွဲနေတာတော့ မဟုတ်ဘူး..အမှန်က သူ ကျွန်တော့်ကိုတော့ ချစ်ရေးဆိုထားတယ်"

ဘာလို့မှန်းမသိ ၊ ရင်တွေပူလာပြီး တစ်ကိုယ်လုံး ရှိန်းတိမ်းတိမ်းခံစားချက်တွေ ဖုံးလာပြီး မိဘတစ်ယောက်ကို အမှန်အတိုင်း ဝန်ခံနေရသလိုမျိုးခံစားလာရတဲ့ ထယ်ရယ်က ဟန်ဘင်းရဲ့ မျက်နှာ အရိပ်အကဲကို ကြည့်လိုက်တော့ အဆင်ပြေနေတဲ့ပုံ မပေါ်နေဘူး။

ဟန်ဘင်းက သက်ပြင်းကိုချပြီးမှ ထယ်ရယ်ရဲ့ ပုခုံးကို ခပ်ဖွဖွပုတ်ပေးရင်း

"အင်း..သူ့ကို လေ့လာနေတုန်းမလား၊အဆင်ပြေရင် ပြီးတာပါပဲ ထယ်ရယ်ရဲ့၊ အဆင်ပြေမှာပါ ၊ တစ်ခုခုဆို အစ်ကို့ကို တိုင်ပင်လဲ ရပါတယ်"

ဟန်ဘင်းက အပြုံးတစ်ခုကိုပေးရင်း ထယ်ရယ်ကိုပြောတော့မှ ထယ်ရယ်လဲ စိတ်သက်သာရာ ရသွားတော့တယ်။ ပြီးတော့ ထယ်ရယ်ပြောလိုက်မိတာက 'နားလည်ပေးလို့ အစ်ကိုဟန်ဘင်းကို ကျေးဇူးတင်ပါတယ်' တဲ့လေ။

ဟန်ဘင်းက မလိုပါဘူးကွာလို့ပြောရင်း အလုပ်သွားရဦးမယ်ဆိုပြီး ထွက်သွားတာကို ထယ်ရယ် မတားမိ။ အခုပဲ ဟန်ဘင်းက အလုပ်ကနေ ပြန်လာတာမဟုတ်ဘူးလားဆိုတဲ့ အတွေးမျိုးကို ထယ်ရယ် မတွေးမိတာလဲ ပါလိမ့်မည်။


•Temperature Of Kiss•

မနေ့ညက အစ်ကိုဟန်ဘင်းက အဆောင်ကိုပြန်မလာတော့ ထယ်ရယ် တစ်ယောက်တည်းသာ။ဘားမှာ အချိန်အပိုင်း အလုပ်လုပ်တဲ့ ဟန်ဘင်းက တစ်ခါတစ်လေ ဒီလိုမပြန်လာတတ်ပေမဲ့ အခုကျမှ ထယ်ရယ့်စိတ်ထဲ ဘာက ဘယ်လို စိတ်မတင်မကျဖြစ်နေလဲကိုမသိ။

မနက်စာအတွက် ပြင်ဆင်နေတုန်းမှာ တံခါးခေါက်သံကြားတာကြောင့် အစ်ကိုဟန်ဘင်းပြန်လာပြီလို့ ထင်လိုက်ပေမဲ့ အစ်ကိုဟန်ဘင်းသာဆိုရင် သော့နဲ့ ဖွင့်ဝင်လာမှာပေါ့။

"ဘယ်သူပါလိမ့်"

ဘုရားရေ!!! ရှန်ချွမ်းရွေ့။

ဒီကောင်ကတော့ တစ်နေ့တစ်ခြား ပိုအတင့်ရဲလာတာပဲ။
အဆောင်အောက်မှတင်မဟုတ်ပဲ အခန်းရှေ့တင်ရောက်လာတာ မသိရင် ချွမ်းရွေ့က ထယ်ရယ်ရဲ့ အဖြေပေးလိုက်ပြီဖြစ်တဲ့ ရည်းစားလိုလို။

တံခါးဖွင့်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် ထယ်ရယ်ရဲ့ ကိုယ်လုံးလေးက ချွမ်းရွေ့ရင်ဘတ်ထဲကို နစ်နေအောင်ရောက်သွားတော့တာပဲ။ ထယ်ရယ်ရဲ့ လက်ကောက်ဝတ်ကနေ ဆွဲယူဖက်လိုက်ပြီး ချွမ်းရွေ့က သူ့ရဲ့လက်တွေကို ထယ်ရယ်ရဲ့ လည်ပင်းသားပေါ်မှာ။

"မနက်မျက်လုံးနှစ်လုံးပွင့်ကတည်းက ကိုကို့ကို လွမ်းလိုက်တာ "

အနဲငယ် ချွဲသယောင်ယောင်အသံတွေနဲ့ပြောလာတဲ့ ချွမ်းရွေ့က ထယ်ရယ့်ကိုလာပြီး ကြောင် ငချွဲလေးလုပ်နေတော့တာပဲ။

"ကိုကိုရော ကျွန်တော့်ကို မလွမ်းဘူးလား"

ရင်ခွင်ထဲကနေ ထယ်ရယ်ကို ခဏထုတ်လိုက်ပြီး မေးကနေ ဆွဲမော့စေကာ သူ့ကိုမော့ကြည့်စေတယ်။

"ငါအခုမှ အိပ်ရာက ထလာတာ၊ မင်းကိုတောင် သတိရတာမဟုတ်ဘူး မနက်စာစားမလို့ကို"

"ဟာ ကိုကိုကလဲ..မကြာခင် ရည်းစားတွေပဲဖြစ်တော့မှာကို"

"အံမယ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာချည်လား ဆရာသမားရဲ့"

"ဒါပေါ့ ဘာလို့မရှိရမှာလဲ..ကျွန်တော် သဘောကျတဲ့သူက ကျွန်တော့်ကို သေချာပေါက်ပြန်ကြိုက်မှာလေ"

ထယ်ရယ်က မနိုင်ဟန် မျက်လုံးလန် ပြလိုက်တော့ ချွမ်းရွေ့က 'အား..ကိုကိုက အရမ်းချစ်ဖို့ကောင်းတာပဲ' ဆိုပြီး ပါးနှစ်ဖက်ကို ဆွဲညှစ်ပြီး အိမ်ထဲ ဝင်သွားတော့ ထယ်ရယ့် ခင်ဗျာ မျက်လုံးမျက်စံပြူးနဲ့ နောက်ကနေ လိုက်ရတော့တယ်။

"ချွမ်းရွေ့ ငါ့အိမ်ထဲက ပြန်ထွက်စမ်း!မင်းကို ဘယ်သူက ဝင်ပါ လို့ပြောလို့လဲ"

"မောင်းထုတ်ရက်တယ်ပေါ့လေ ..ဟမ် ကိုကို ကျွန်တော့်ကို မချစ်ဘူးလား"

ချွမ်းရွေ့ ဟာ စနောက်သလိုပြောရင်းနဲ့ပင် အမူအရာနဲ့လဲ စနောက်သည်။ ထယ်ရယ်ရဲ့ ခါးကို လိုက်ညှစ်ကာ ကလိလိုက်ထိုးနေသေးတာမို့လို့  ထယ်ရယ်က မအောင့်နိုင်တော့ပဲ တစ်ဟားဟား ရယ်မိတော့တာပဲ။

"လွှတ်ပေး ယားတယ်လို့ ခ်ခ်ခ် ချွမ်းရွေ့ ယားပါတယ်ဆို မင်းနော် ခ်ခ်ခ် အနိုင်မကျင့်နဲ့လို့"

ထယ်ရယ်ဟာ ရယ်မောရင်း ချွမ်းရွေ့ကို တားဆီးပေမဲ့ အဲ့အသံလေးက သူ့ကို အမောပြေစေတယ်ဆိုပြီး ပိုပြီးတော့တောင် ကလိထိုးကာ ချွမ်းရွေ့ဟာ သူ့ကိုကို ထယ်ရယ် နဲ့ အတူ ရယ်မောလိုက်သည်။

"ဖယ်တော့ ငါဗိုက်ဆာနေပြီ"

ချွမ်းရွေ့နဲ့ ကျီစယ်နေတာနဲ့တင် နေလုံးက ကောင်းကင် တည့်တည့်ကိုရောက်တော့မယ်။ မနက်စာမဟုတ်ပဲ နေ့လည်စာ ဖြစ်သွားလိမ့်မယ်။

"ဟိုတစ်ယောက်ရော"

"ဟမ် ဘယ်တစ်ယောက်လဲ"

"ကျစ်..ကိုကို့ အခန်းဖော်"

"အော..အိမ်မှာမရှိဘူး"

ထယ်ရယ်ရဲ့အဖြေကို ချွမ်းရွေ့က ကျေနပ်သွားတဲ့ မျက်နှာ မျိုးနဲ့ ပြုံးလိုက်မိပြီး

"ကိုကို..အဆောင်မှာမနေတော့နဲ့..ကျွန်တော် နဲ့ အတူတူနေရအောင်လေ"

"အတူတူနေရအောင် ငါတို့က ရည်းစားတွေလား"

ပက်ကနဲပြန်ပြောတတ်တဲ့ ကိုကိုက စွာလွန်းတယ်။

"ကျွန်တော် တို့ အတူတူနေကြရအောင်လေ နော် လို့ ..နော် နော် ရည်းစားတွေ ဖြစ်ချင်နေပြီလို့"

ချွမ်းရွေ့က ထယ်ရယ်ကို နောက်က နေသိုင်းဖက်ရုံတင်မက သူ့ရဲ့မေ့ကိုပါ ထယ်ရယ်ရဲ့ ပုခုံးပေါ်ကိုတင်ထားသေးတယ်။

"ဒီလိုဆက်ချွဲနေရင် မင်းပြန်လိုက်တော့"

"ကိုကိုကလဲ"

"နူတ်ခမ်းကြီး ဆူမထုတ်ထားနဲ့"

ဆူမထုတ်ထားနဲ့ပြောမှ ကိုကို့ကို အရွဲ့တိုက်ပစ်တဲ့ ချွမ်းရွေ့ကြောင့် ထယ်ရယ် ခိုးပြုံးလိုက်မိတယ်။

မနက်စာစားနေတာကိုလဲ မေးထောက်ကာ ကြည့်နေတဲ့ ချွမ်းရွေ့ကြောင့် ခပ်မြန်မြန်စားလိုက်ရတယ်။

"ကိုကိုစားပြီးပြီမလား၊ လာ အပြင်သွားရအောင်"

"ဟာ မသွားဘူး၊ငါဒီနေ့ အိမ်မှာပဲ နေမှာ"

"ကိုကိုက ငပျင်းလေးပဲ"

"အံမယ် ငါ့ဟာငါ အနားယူမှာကို၊ သွားသွား ပြန်တော့ လာမရှုပ်နဲ့ "

"ဘာလဲ စိတ်ဆိုးသွားတာလား..အား.ကိုကိုက ဘာပဲလုပ်လုပ် ချစ်စရာကောင်းနေတာ ခက်တယ်..ခက်တယ်"

ထယ်ရယ်က ပါးစပ်ကနေ မတိုးမကျယ် ပွစိပွစိ လှုပ်ရွကာ ဘာပြောလိုက်မှန်းမသိ။

ချွမ်းရွေ့က ထပ်ပြောတော့ စကားအတွက် မျက်နှာကို ငယ်ချထားတယ်။

"ကိုကို..သေချာနားထောင်နော်"

ခေါင်းညိမ့်ပြတဲ့ ထယ်ရယ် ကြောင့် ချွမ်းရွေ့က ဆက်ပြောဖို့ ပြင်လိုက်တယ်။

"ကျွန်တော်က ကိုကို့ထက် အသက်ငယ်တာ မှန်ပေမဲ့ ကိုကို အားကိုးလို့ရပါတယ်၊ ကိုကို စိတ်ညစ်သည့်အခါဖြစ်စေ၊ ဝမ်းသာ သည့်အခါဖြစ်စေ ဘေးနားမှာ အတူတူရှိပေးပြီး မျှဝေခံစားချင်တယ်"

"ဟင်!"

ရုတ်တစ်ရက် စနောက်​နေရင်းက အတည်တွေပြောချလာတဲ့ ချွမ်းရွေ့ကြောင့် ထယ်ရယ်မှာ ဟင် ကနဲ ဖြစ်သွားရတယ်။

"အစကတော့ ကိုကို ကျွန်တော့်ကို မယုံလို့ စိတ်တို ဒေါသဖြစ်ရတာကို ဝန်ခံတယ်၊ ဒါပေမဲ့ ကိုကို့ဘက်ကိုတွေ့ကြည့်ပြန်တော့ မမှားပါဘူး ကျွန်တော့်ကို အချိန်ယူစဉ်းစားကြည့်သင့်ပါတယ်၊ ကျွန်တော်ကသာ ကိုကို့ကို ချစ်နေလို့ စိတ်လောနေရတာ..ရပါတယ်လေ ကျွန်တော်က ချစ်နေရသူဆိုတော့ ဘယ်လောက် စောင့်ရစောင့်ရ ၊ စောင့်ရမယ့် တာဝန်က ရှိသွားပြီ၊ ဒါပေမဲ့ ကျွန်တော်လေ စောင့်ရကျိုးတော့ နပ်ချင်တယ်ဗျ"

"...."

"ကိုကို့ အဖြေက ကျွန်တော့်ကို ပျော်စေမှာပါနော် ဟင်..ဟုတ်တယ်မလား"

"ငါ...ငါ..မသိသေးဘူး ချွမ်းရွေ့"

"ကိုကို အချိန်ယူတာ သိပ်များနေပြီ ကိုကိုရဲ့ !အဲ့ဒါကို သိရဲ့လား"

"ငါသိပါတယ်..ဒါပေမဲ့ ငါ့အတွက်တော့ အချိန်လိုတယ်လေ ချွမ်းရွေ့"

အကြည့်ကို အခြားတစ်နေရာဆီကို ပို့လိုက်တဲ့ ထယ်ရယ့်ကို ချွမ်းရွေ့က ပါးနှစ်ဖက်ကို အုပ်ကိုင်လိုက်ပြီး သူနဲ့ အကြည့်ချင်း ပြန်ဆုံစေကာ

"ကိုကို ရဲ့ အသက်၂၀ကျော်အရွယ်မှာ ရည်းစားတစ်ယောက်တော့ ရှိသင့်နေပြီလေ ဒါပေမဲ့ အဲ့ရည်းစားက ကျွန်တော် ပဲ ဖြစ်ရမှာ"

"ရည်းစားရတာ မရတာထက် ၊အဲ့ဒါက အရေးမကြီးဘူး ၊ အရေးကြီးတာက ငါ့ကို တကယ်ချစ်ပေးပြီး တန်ဖိုးထားဖို့ပဲ လိုတာ"

"တောက်"

မကျယ်လဲမကျယ် ၊မတိုးလဲ မတိုးတဲ့ တောက်ခတ်သံကြောင့် ထယ်ရယ်ရဲ့ ကိုယ်လဲ တုန်တက်သွားတယ်။

ကင်မ်ထယ်ရယ်က ဘယ်လိုလူစားမျိုးမို့လို့ အဲ့လောက် ခေါင်းကြောမာနေရတာလဲ။ ဒီလောက်ဆို 'အင်း' ဆိုပြီး ခေါင်းညိမ့်အဖြေပေးပြီး ရည်းစားဖြစ်ရတော့မှာမဟုတ်လား။ သူဘာတွေ မယုံဖြစ်နေတာလဲ။ အချစ်ကို အဲ့လောက်တောင် မယုံမကြည်ဖြစ်နေတာလဲ။ ဒါမှမဟုတ် ချွမ်းရွေ့ ဖြစ်လို့ မယုံနေတာလား။

"မင်းက ဘာတွေ ဒေါသထွက်နေတယ်လဲ၊ ငါအဖြေမပေးဘူးလို့ပြောမိလား "

ထယ်ရယ်ဘာပြောပြေ ချွမ်းရွေ့ရဲ့ နားထဲမဝင်တော့ဘူး။ ချွမ်းရွေ့ရဲ့ တစ်ကိုယ်လုံးမှာ ဒေါသတွေ နဲ့ ပြည့်နှက်နေပြီဖြစ်တယ်။ နံပါတ်တစ်အချက်၊ ကင်မ်ထယ်ရယ်က သူ့ကို အပြည့်အဝ အယုံကြည်မရှိသေးဘူး၊ နံပါတ်နှစ်အချက် ၊ မိန်းကလေးတိုင်းနီးပါးလိုချင်နေကြတဲ့ ရှန်ချွမ်းရွေလို လူကတောင် ခခယယ ချစ်ရေးဆိုထားတာကို ကင်မ်ထယ်ရယ်တို့က တွန့်ဆုတ်တွန့်ဆုတ်လုပ်နေတယ်၊ နံပါတ်သုံးအချက် ကင်မ်ထယ်ရယ်က သူ့ကို ရဲရဲကြီး မချစ်ရဲဘူး။

"ငါ..."

"ဘာမှလာမပြောနဲ့၊ ကျွန်တော်အခု ဒေါသထွက်လွန်းလို့ ကိုကို ခြေထောက် မခိုင်တော့တဲ့ အထိ နမ်းပစ်ချင်နေတာနော်"


#3.9.2023


You are reading the story above: TeenFic.Net