9/6/2024 (Sunday)
181 Days
'Abyss'
လူတိုင်းက ဘဝတစ်လျှောက်မှာ သိပ်ကိုခက်ခဲကြမ်းတမ်းပင်ပန်းတဲ့အချိန်တွေ ရှိတာပေါ့။ ပင်ပန်းတာကိုထုတ်မပြဘဲ စိတ်ရဲ့ ဟိုး...အတွင်းပိုင်းကပင်လယ်ထဲမှာနစ်မြှုပ်ပစ်လိုက်တာမျိုးတွေလည်းရှိတယ်။ အဲဒီပင်လယ်အနက်ထဲမှာ ပိတ်လှောင်မွန်းကြပ်နေတဲ့ခံစားချက် ပြေးထွက်သွားချင်တဲ့ခံစားချက်တွေနဲ့ သိပ်ကိုပင်ပန်းနေရတဲ့ ကိုယ့်ကိုယ်ကိုယ်ရှာဖွေပြီးတော့ စကားတွေပြောချင်တယ်။
ဒီသီချင်းနားထောင်တိုင်း "Jin"ရဲ့ အသံချိုချိုလေးနဲ့ ကိုယ့်ကိုပွေ့ဖက်ပေးထားတဲ့ခံစားချက်မျိုးရတယ်။ ပင်ပန်းနေချိန်မှာ နှစ်သိမ့်ပေးခံရသလိုမျိုးလေး...
See you "JIN" in D-3
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
10/6/2024 (Monday)
182 Days
'Super Tuna'
ဒီ MV ထွက်လာတော့ တအားတအားချစ်ဖို့ကောင်းအောင်ကနေတဲ့ "Jin Hyung"ကိုတွေ့လိုက်ရတာ။ In The Soop ထဲမှာ ငါးမြားရတာကြိုက်တဲ့ အကိုကြီးရဲ့ပုံရိပ်တွေက သိပ်သဘောကျစရာအမှတ်တရလေးဖြစ်နေခဲ့လို့ ဒီသီချင်းက အဲဒီသိပ်လှတဲ့အမှတ်တရတွေကို ပြန်အောက်မေ့မိစေတဲ့ သီချင်းလေးပဲ...
See you "JIN" in D-2
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
11/6/2024 (Tuesday)
183 Days
'The Astronaut'
မသွားခင်နောက်ဆုံးလက်ဆောင်ပေးခဲ့တဲ့သီချင်းလေး
'When I'm with you
There is no one else,
I get heaven to myself...'
ကိုယ်တွေကို ဘယ်လောက်တန်ဖိုးထားပြီး ချစ်ပေး၊ ဂရုစိုက်ပေးလဲဆိုတာ ခံစားရတယ်။ သူအနားမှာမရှိပေးနိုင်တဲ့ အခိုက်အတန့်လေးမှာ ကိုယ်တွေက ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နိုင်ဖို့ လုံလောက်အောင်သန်မာနေဖို့ကိုလည်း သူမျှော်လင့်နေတယ်ဆိုတဲ့စိတ်နဲ့ ဒီတစ်လျှောက်လုံး ကောင်းကောင်းနေခဲ့တယ်။ MVကြည့်တုန်း အမှတ်ရဆုံးကတော့ အကိုကြီးရဲ့ပါးလေးကိုဆွဲလိုက်တဲ့ ကလေးမပေါက်စလေးကို အားကျရတာပါပဲ။
မနက်ဖြန်ဆိုရင် အကိုကြီးတစ်ယောက် အိမ်ပြန်လာတော့မယ်...
Weverse မှာလည်း post လေး လာတင်ပေးသွားတယ် တအားတအားရင်ခုန်ပြီးမျှော်နေပါပြီ...
See you "JIN" in D-1
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
12/6/2024 (Wednesday)
184 Days
WELCOME HOME 🏡 💜
WWH 'KIM SEOK JIN'
နောက်ဆုံးတော့ စောင့်ဆိုင်းနေရတဲ့နေ့လေးရောက်ခဲ့ပြီ!!!
ပုံလေးကို LOVELY TAEHYUNG page ကယူလာတာပါ _/|\_
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
13/6/2024 (Thursday)
2024 BTS FESTA
185 Days
ပျော်ရွှင်စရာ ဆယ့်တစ်နှစ်ပြည့်လေးပါ ကောင်လေးတို့ရေ...
မင်းတို့နဲ့ဆုံပြီးနောက်ပိုင်းမှာ
ဖြူစင်နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာဆိုတာကို ယုံကြည်တတ်ခဲ့တယ်။ မင်းတို့ရဲ့ တန်ဖိုးထားမှုနဲ့ဂရုစိုက်မှုတွေ အမြတ်တနိုးချစ်ခင်မှုတွေကို ရရှိနေပါလားဆိုတာ ခံစားမိရင်းနဲ့ပဲ မင်းတို့ကိုလည်း ပိုပိုပြီးချစ်မိလာတယ်။ ဒီခရမ်းရောင်အိမ်ကလေးဟာ သိပ်ကိုနွေးထွေးပြီးပျော်စရာကောင်းတာပါလားဆိုတာ သေချာသိလာခဲ့တယ်။ နောင်လာမဲ့နှစ်ပေါင်းများစွာမှာလည်း အတူတူရှိသွားမယ်နော်။
ခုနစ်ယောက်လုံးကို သိပ်ချစ်တယ်
သိပ်ကိုတန်ဖိုးထားပြီးမြတ်နိုးရပါတယ်
♡♡♡♡♡♡♡♡♡♡♡♡♡♡
"Jin Hyung" ကလည်း ပွဲမှာ ARMY တွေနဲ့ဆုံပြီး အမှတ်တရလှလှလေးတွေဖန်တီးပေးသွားတယ်။ Moon, Super Tuna, The Astronaut တွေ ဆိုပြတာနားထောင်ရင်း အနားကိုသွားခွင့်မရလိုက်ဘဲ အဝေးကကြည့်နေရတဲ့လူတောင် မျက်ရည်ကျမိတဲ့အထိပဲ...
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
#2024BTSFESTA
*********************
14/6/2024 (Friday)
186 Days
အကိုကြီးကိုသွားကြိုတဲ့နေ့ကပုံတွေမြင်ကတည်းက ဒီပုံတွေကိုသပ်သပ်တင်ချင်ခဲ့တာ။ ဒီအမျိုးသားကလေ ဘယ်အချိန်ကြည့်ကြည့် ပြီးပြည့်စုံနေတာပဲ သဘောကျလိုက်တာဆိုတာ။ နောက်နှစ်ဒီလိုအချိန်ဆိုရင် အားလုံးပြန်ဆုံရတော့မှာပါ...
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
15/6/2024 (Saturday)
187 Days
"Namjoon" က ပုံတင်ပေးလာပြီ။ မျက်နှာပြောင်လေးတွေနဲ့ကို ချောမောနေလိုက်ကြတာ။ ခုနစ်ယောက်လုံး မျက်နှာလေးမြင်ရတာ သိပ်ကောင်းတာပဲ
ချစ်တယ် သိပ်ချစ်ရပါတယ်...
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
16/6/2024 (Sunday)
188 Days
ဒီပုံတွေကိုဆွဲပေးတဲ့ Artist Kia ကို ကျေးဇူးတင်လိုက်တာ အရမ်းပဲ...
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
17/6/2024 (Monday)
Artist Kiaက ပုံအသစ်လေး ထပ်ဆွဲပေးထားတယ်။ ပုံထဲကလိုပဲ သွားပြီးစားကြသောက်ကြရင်း အဲ့လိုလေးပူးကပ်နေပြီး ပြောစရာတွေမကုန်နိုင် အလွမ်းတွေသယ်နေကြမှာလေး မြင်ယောင်လာတယ် ဟိ...
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
18/6/2024 (Tuesday)
190 Days
"Jiminie" ရဲ့ 'MUSE' တဲ့
19th July ဆိုရင် နားထောင်ရတော့မယ်
ရင်ခုန်စရာတွေတစ်ခုပြီး တစ်ခုပါပဲ...
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
19/6/2024 (Wednesday)
191 Days
'MUSE' ကို ဘယ်လို Concept နဲ့ ထွက်လာမလဲ တအားမျှော်လင့်နေပြီ။ နူးနူးညံ့ညံ့လေးလား အမိုက်စားလား ဆိုတာ... တကယ်တော့ တို့တွေရဲ့ "Jiminie"ကိုယ်တိုင်က နူးနူးညံ့ညံ့အမိုက်စားလေးပဲဆိုတော့ကာ မခန့်မှန်းတတ်တော့ဘူး။ မနက်ဖြန်ဆိုရင် Track list ထွက်လာတော့မယ် မျှော်နေပြီ မျှော်နေပါပြီ...
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
20/6/2024 (Thursday)
192 Days
Track list ထွက်လာပါပြီ
တန်ဒန်ဒန်...
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
21/6/2024 (Friday)
193 Days
"Jin Hyung" နဲ့ "Hobi" ညီအကိုနှစ်ယောက်လုံး Weverse မှာ active ဖြစ်နေကြတာ။ "Jiminie" album ထွက်တော့မှာဆိုတော့ သူတို့ညီလေးအတွက်ရှိနေပေးကြတာ တကယ်နွေးထွေးတဲ့အိမ်ကလေး...
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
22/6/2024 (Saturday)
194 Days
ခါးသေးသေးလေးနဲ့လှလိုက်တာ
ချစ်လွန်းလို့သေပါပြီဟယ်...
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
*********************
23/6/2024 (Sunday)
195 Days
"SEVEN" ကိုလေ တအားကြိုက်တာ။ စထွက်တည်းကအခုထိ phone ringtone က "SEVEN"ပဲ။ 400M ရောက်သွားပြီ မကြာခင် 500,600... Road to 1B view အထိရောက်အောင် ကြိုးစားရမယ်...
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
24/6/2024 (Monday)
196 Days
ပင်ပန်းရတဲ့တစ်နေ့တာကို သီချင်းလေးနားထောင်ရင်းအားပြန်ဖြည့်...
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
25/6/2024 (Tuesday)
197 Days
Artist Kia ဆွဲထားတဲ့ ENVYKOO fanart လေးတွေ အသေချစ်ဖို့ကောင်းသောပဲ...
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
26/6/2024 (Wednesday)
198 Days
'KIMTAEHYUNG TYPE1' တဲ့
"TaeTae" လေးက Surprise တိုက်ချလာတာပဲ။ မနေ့ညက စောအိပ်သွားတော့ ဒီနေ့မနက်မှ ပုံကိုမြင်တယ်။ ဆရာကင်မ်တို့က ဖန်တီးလိုက်သမျှအကုန် အဓိပ္ပာယ်အပြည့်နဲ့ပါ။ အခုလည်း တကယ်ကိုအလှအပလေးထွက်လာမှာပဲ။ စာအုပ်လေးက အစိမ်းရောင်လေး...
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
27/6/2024 (Thursday)
199 Days
မနက်ဖြန်အတွက် စိတ်လှုပ်ရှားနေပြီ...
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
28/6/2024 (Friday)
200 Days
"Jiminie" is so so... CUTE!
CUTE is His MBTI exactly.
သီချင်းကလည်း ချစ်စရာ
လူကလည်း ချစ်စရာလေးပါ...
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
You are reading the story above: TeenFic.Net