DAY 161 to 180

Background color
Font
Font size
Line height

20/5/2024 (Monday)
161 Days

"Namjoon" ပေါ်လာပြီ သူလည်း ကိုယ်တွေကိုလွမ်းနေတာပဲ...

See you "JIN" in D-23
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်

*********************
21/5/2024 (Tuesday)
162 Days

LOST! Poster ထွက်လာပြီ။ ဒီတစ်ခေါက်လည်း ဘယ်လိုရသတွေပေးဦးမလဲဆိုတာ မျှော်လင့်နေပြီ...

See you "JIN" in D-22
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်

*********************
22/5/2024 (Wednesday)
163 Days

ဒီအတွဲရဲ့ ပူးကပ်ပြီးကဲသည်းနေတဲ့ အခိုက်အတန့်လေးတွေကို သတိရလိုက်တာ။ နှစ်ယောက်ကြားက တယုတယခံစားချက်ကလေးတွေကို ဘေးလူကပါလိုက်ခံစားမိတဲ့အထိ သိသာနေခဲ့တာ...

See you "JIN" in D-21
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်

*********************
23/5/2024 (Thursday)
164 Days

Poster ထွက်လာပြီ
အကိုရေ! လွမ်းလိုက်တာ...

See you "JIN" in D-20
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်

*********************
24/5/2024 (Friday)
165 Days

Album တစ်ချပ်လုံး လူကြီးကသူ့အနုပညာကိုလွတ်လွတ်လပ်လပ်ဖန်တီးထားတာ အကုန်အမိုက်စားတွေချည်းပဲ။ 'LOST' MV ကလည်း တကယ်ခံစားချက်ရသအစုံပဲ။ 'Heaven' ကတော့ driving song အတွက် မိုင်ကုန်ဖွင့်နားထောင်လို့ရသလို လမ်းလျှောက်ရင်းဖြစ်ဖြစ် Bus ပေါ်မှာပဲဖြစ်ဖြစ် နားကြပ်လေးနဲ့ တငြိမ့်ငြိမ့်လုပ်လို့လည်းသိပ်ကောင်းတဲ့ အရသာမျိုး။ သေချာတာကတော့ လူကြီးရဲ့ဖန်တီးမှုက သိပ်တန်ဖိုးရှိတယ်ဆိုတာပဲ...

See you "JIN" in D-19
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်

*********************
25/5/2024 (Saturday)

166 Days

MMM(Mini & Moni Music)
"Jiminie"က သိပ်ချစ်ဖို့ကောင်းတာပဲ ❤️
နှစ်ယောက်သားရဲ့ အရယ်အပြုံးတွေနဲ့ ဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ ခံစားချက်တွေအကြောင်း အတည်တကျပြောနေတာလေးတွေမြင်ရတယ်။ ဒါကိုကြည့်မိတော့မှ "Namjoon"ရဲ့ အတွေးအခေါ်ကဘယ်လောက်ထိ မြင့်မားသလဲဆိုတာ ပိုပိုသိလာရတယ်။
π π (Credit Roll) ထဲမှာပါတဲ့‌ နောက်ဆုံးစာသား "When the credits roll do you hang tight?" အကြောင်းလည်းပြောသွားတယ်။ သာမန်လူတွေလုံးဝမတွေးမိတဲ့အတွေးမျိုးကို သူတွေးမိတယ်။ ပင်ကိုဉာဏ်ရည်မြင့်မားတဲ့အပြင် စာဖတ်ရတာကြိုက်တဲ့လူကြီးမို့ တကယ်ကိုအနှစ်သာရပြည့်ဝတဲ့ တန်ဖိုးကြီးလက်ရာကိုဖန်တီးနိုင်တာ။ တကယ်ကို ဉာဏ်ကြီးရှင်ပါပဲ။ အများကြီးသဘောကျပြီး သိပ်ကိုဂုဏ်ယူရပါတယ်...

See you "JIN" in D-18
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်

*********************
26/5/2024 (Sunday)
167 Days

2025 ကိုမျှော်နေပြီ
Taekook subunit ရလာဖို့ကိုလည်း ရင်ခုန်နေရပြီ။ ဘယ်လောက်ထိများ လိုက်ဖက်နေမှာပါလိမ့်...

See you "JIN" in D-17
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်

*********************
27/5/2024 (Monday)
168 Days

မျက်နှာလေးလာပြတာ ကျေးဇူးပါ လူကြီးရေ...

See you "JIN" in D-16
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်

*********************
28/5/2024 (Tuesday)
169 Days

"TaeTae" IG story မှာ သူ့သူငယ်ချင်းတွေနဲ့ ကထားတာတင်ထားတယ်။ သည်းသည်းလေးက ကနေတာလည်း အမိုက်စား! ရင်အုပ်အမောက်ကြီးနဲ့ တောင့်ဖြောင့်နေတာပဲ...

See you "JIN" in D-15
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်

*********************
29/5/2024 (Wednesday)
170 Days

'Heaven' ကိုတော့ တကယ်အကြိုက်ဆုံးပဲ။ နားထဲစွဲနေပြီ တကယ်တကယ်...

See you "JIN" in D-14
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠

#ဟန်

*********************
30/5/2024 (Thursday)
171 Days

"Tae Hyungie Hyung" ကလေ ကကွက်တွေကိုအမြဲတမ်းမှတ်မိလွယ်တယ်လို့ "Jungkookie" ကပြောနေကျ။ သည်းသည်းကလည်း တကယ်ကိုတော်တာပါ။ Artist "Kia" ကလည်း ချက်ချင်းကို ပုံလေးဆွဲပေးထားတာ ချစ်လိုက်တာဆိုတာ...

See you "JIN" in D-13
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်

*********************
31/5/2024 (Friday)
172 Days

အားလုံးပြန်ရောက်ပြီးတဲ့နောက်ပိုင်း ဒီလို Live မျိုး မြင်ရဖို့ မျှော်လင့်နေပြီ...

See you "JIN" in D-12
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်

*********************
1/6/2024 (Saturday)
173 Days

လွမ်းနေရတဲ့ "Kookie"လေး ပေါ်လာပေးတယ်။ တကယ်ရင်ခုန်ဖို့ကောင်းတဲ့ 'June' ပါပဲ။ သူ့အကိုရဲ့ album ကိုချီးကျူးနေပြီးတော့ ARMY နဲ့ Members တွေကိုလွမ်းကြောင်းပြောပြီး ချွဲသွားသေးတာ အတတ်ကလေး...

See you "JIN" in D-11
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်

*********************
2/6/2024 (Sunday)
174 Days

အကိုကြီးက 12ရက်နေ့ ပြန်ရောက်ပြီး 13ရက်နေ့ကျရင် ARMY တွေနဲ့ဆုံမှာတဲ့။ တကယ်လေ ကိုယ်တွေကအရမ်းအချစ်ခံရတာနော်။ ပြန်လာဖို့ကလည်း ဆယ်ရက်ပဲလိုတော့တယ်။ တကယ် ပျော်စရာ...

See you "JIN" in D-10
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်

*********************
3/6/2024 (Monday)
175 Days

'Never Let Go' တဲ့
အရမ်းမျှော်လင့်နေပြီ
တကယ်ကို အချစ်ခံရတယ်ဆိုတဲ့ခံစားချက်က သိပ်ကောင်းတာပဲ...

See you "JIN" in D-9
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠

#ဟန်

*********************
4/6/2024 (Tuesday)
176 Days

"Hope" ကိုတွေ့ရပြီ
အရမ်းကိုတောင့်ဖြောင့်ပြီး မိမိုက်နေတာပဲ
မတ်တတ်လေးရပ်ပြီး စကားပြောနေရုံနဲ့ကို ခံစားမိနေတဲ့အရှိန်အဝါက တကယ်နောက်စရာမဟုတ်ဘူး...

See you "JIN" in D-8
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်

*********************
5/6/2024 (Wednesday)
177 Days

အစ်ကိုကြီးပြန်လာဖို့ တကယ်ကြီး အချိန်တစ်ပတ်ပဲလိုတော့တယ်။ ဒီတစ်ပတ်အတွင်း Artist "Jin" ရဲ့ သီချင်းတွေအကြောင်းနဲ့ အမှတ်တရတွေရေးမယ်။

"Jin"ဆိုရင် 'Epiphany'နဲ့ အများကသိကြတယ်။ ARMY မဟုတ်တဲ့သူတွေတောင် 'Epiphany'ကိုကြိုက်ကြတယ်။ ကိုယ့်အတွက် 'Epiphany'က Healing song တစ်ပုဒ်ပဲ။ မှတ်မှတ်ရရ ပြဿနာတချို့ကြောင့် အတော်လေးစိတ်ပင်ပန်းနေချိန်မှာ လိုင်းသုံးနေရင်း 'Epiphany'က တိုက်တိုက်ဆိုင်ဆိုင်ကိုယ့်ရှေ့ပေါ်လာရော။ အဲဒီမှာငိုချလိုက်မိတော့တာ... ငိုချလိုက်ပြီးသွားတော့မှ စိတ်ထဲသိသိသာသာပေါ့ပါးသွားတယ်။ ပြဿနာကိုကိုင်တွယ်ရမဲ့ လမ်းစကိုလည်းရှာတွေ့သွားတယ်။ ရုန်းကန်နေရတဲ့ နေ့ရက်တချို့မှာ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့မေ့နေပြီး အမှားတွေမှာခေါင်းငုံ့ခံလို့ နှစ်ဆသုံးဆပိုပင်ပန်းရတာတွေရှိခဲ့ဖူးတယ်။ အဲလိုအခြေအနေမျိုးမှာ 'Epiphany'က အသက်ကယ်ကြိုးတစ်ချောင်းဖြစ်နေခဲ့တာ...

See you "JIN" in D-7
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်

*********************
6/6/2024 (Thursday)
178 Days

နောက်တစ်ပုဒ်က 'Moon'
Stage performance တိုင်းမှာ တအားကိုလှပြီး သိပ်နားထောင်လို့ကောင်းတဲ့ သီချင်းလေး။
"မင်းဘေးနားမှာရှိနေပေးမယ် မင်းရဲ့အလင်းရောင်လေးဖြစ်ပေးမယ် အားလုံးကမင်းအတွက်ပဲ"ဆိုပြီး သူနဲ့ကိုယ်နဲ့ တစ်ယောက်အတွက်တစ်ယောက်ကရှိနေပေးပြီး အချင်းချင်းဖေးမနေတဲ့အကြောင်းလေးမို့ သိပ်ကိုအဓိပ္ပာယ်ရှိတဲ့ သီချင်းလေး...

See you "JIN" in D-6
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်

*********************
8/6/2024 (Saturday)
180 Days

'Tonight'
အတူရှိခဲ့တဲ့အချိန်တွေက ပျော်စရာတွေများပြီး
ခွဲခွာသွားရချိန်မှာတော့ အမှတ်တရတွေပြန်တွေးရင်း လွမ်းဆွတ်ရတယ်။ တစ်ယောက်နဲ့တစ်ယောက် အဖော်ပြုပြီးဖြတ်သန်းခဲ့တဲ့အချိန်တွေက သိပ်တန်ဖိုးရှိခဲ့တာမို့ ဒီညပြီးရင်မင်းကိုမမြင်ရတော့ဘူးဆိုတဲ့အတွေးလေးများတွေးမိတဲ့အခါ ရင်ထဲမှာသိပ်ကိုနာကျင်ရတာပေါ့။

Pet မွေးဖူးတဲ့သူတိုင်း နားထောင်လိုက်တာနဲ့မျက်ရည်လည်စေတဲ့သီချင်းလေး...

ဒီနေ့တစ်နေကုန် 2024 BANGBANGCON ထိုင်ကြည့်နေတာ။ လွမ်းနေရတဲ့မျက်နှာလေးတွေမြင်ရတော့ ရင်ထဲမှာဝမ်းနည်းဝမ်းသာနဲ့...။ အားလုံးပြန်ဆုံကြတဲ့အခါ အရင်ကလို Concert ကြီးတွေ မြင်ရတော့မှာပါဆိုပြီး မျှော်လင့်ရင်း...
လွမ်းလိုက်တာ တအားကိုလွမ်းတာပဲ
.⁠·⁠´⁠¯⁠'⁠(⁠>⁠▂⁠<⁠)⁠´⁠¯⁠'⁠·⁠.

See you "JIN" in D-4
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်

*********************


You are reading the story above: TeenFic.Net