Ep_2

Background color
Font
Font size
Line height

Zawgyi

Flashback

စာအုပ္စင္ကျမင့္ေနေတာ့ ေရွာင္းက်န္႔မွာလက္လွမ္းယူလို႔မမွီတာေၾကာင့္ ခံုေပၚတက္ကာစာအုပ္ကိုယူေနစ​ဉ္မွာ ခံုကေခ်ာ္ကာေရွာင္းက်န္႔တစ္ေယာက္ၾကမ္းျပင္ေပၚဘုန္းခနဲလဲက်သြားတယ္။

ေရွာင္းက်န္႔ရဲ့ကိုယ္ထဲကေနတစ္ေျဖးေျဖးေသြးေတြကစီးက်လာေတာ့ ေရွာင္းက်န္႔အရမ္းတုန္လႈပ္သြားရတယ္။ေရွာင္းက်န္႔ကသူ႔ဗိုက္ေလးကိုလက္ကေလးျဖင့္ကိုင္ကာ စမ္းၾကည့္ရင္း ႏႈတ္ကေနေရရြတ္လိုက္တယ္။

ငါ့ ငါ့ကေလး~~~ဟု ဆိုကာႏႈတ္ကေနတိုးတိုးေရရြတ္ရင္း မ်က္ဝန္းေတြမိွတ္က်လာတယ္။

~~~~~~~

" သတိရလာၿပီးလား ေရွာင္းက်န္႔ "

ရိ ရိေပၚရဲ့ခပ္မာမာအသံေၾကာင့္ ေရွာင္းက်န္႔မ်က္ဝန္းေတြတစ္ေျဖးေျဖးဖြင့္ဟလာခဲ့တယ္။ပတ္ပတ္လည္ကိုၾကည့္မိေတာ့ ေရွာင္းက်န္႔မသိတဲ့ေနရာတစ္ခု။

ေဆးရံုေရာက္ေနတာလို႔ရိေပၚရဲ့ေျဖသံေၾကာင့္ ေရွာင္းက်န္႔ရဲ့ဗိုက္ထဲကကေလးေလးကိုသတိထားမိသြားကာ အိပ္ရင္းကေနခ်က္ခ်င္းေကာက္ထကာ ရိေပၚကိုေမးလိုက္တယ္။

" ေမာင္ ေမာင္ က်န္႔ရဲ့ဗိုက္ထဲကကေလး ဘာ ဘာမွမျဖစ္ဘူး မလား !!! "

ကေလးပ်က္က်သြားပါၿပီ~~~~ ဆရာဝန္ရဲ့ေျပာစကားက ရိေပၚနားထဲျပန္ျပန္ၾကားေယာင္လာတယ္။အခု အခုသူရဲ့လူျဖစ္လာမယ့္ကေလး ေလးကိုဆံုးရႈံးလိုက္ရတာကိုမခံရပ္ျဖစ္ႏိုင္တယ္။ဘယ္သူ႔ကိုအျပစ္တင္လို႔အျပစ္တင္ရမွန္းမသိေပ။

" ဟင္ ဟင္လို႔ ေမာင္ ေျပာလို႔ !!! "

" ေမာင္ ေမာင္ေတာင္းပန္ပါတယ္ ေမ့လိုက္ပါေတာ့ အဲ့အေၾကာင္း !! "

" ဘာ က်န္႔တို႔ရဲ့ကေလးအေၾကာင္းကိုေမ့ရမယ္တဲ့လား အဟက္ ေမာင္ဆိုလိုတာက "

ေရွာင္းက်န္႔တစ္ေယာက္စကားေတာင္မဆံုးေသးပဲ ရိေပၚကေခါင္းညိမ့္ျပလာေတာ့ ေရွာင္းက်န္႔ ကိုယ္
ကိုယ့္ကိုယ္မယံုၾကည္ႏိုင္ျဖစ္မိတယ္။ဘယ္လိုလုပ္ ကေလးက ပ်က္က်သြားရမွာလဲ? မျဖစ္ႏိုင္တာ!

" ေမာင္အခုေျပာေနတာကအမွန္မဟုတ္ဘူးလို႔က်န္႔ကို​ျပန္ေျပာပါ ေမာင္ရယ္ ေက်းဇူးျပဳျပီး !!! "

ရင္ခြင္ထဲမွာအရူးတစ္ေယာက္လိုေအာ္ဟစ္ကာငိုေႂကြးရင္းေျပာလာတဲ့ေရွာင္းက်န္႔ကို ရိေပၚဘာမွမေျပာႏိုင္။တကယ္ တကယ္ပဲ ကေလးေလကိုဆံုးရႈံးလိုက္ရပီေပါ့ အဟက္!!! ေလာကႀကီးကဘာလို႔အဲ့ေလာက္ေတာင္ရက္စက္ရတာလဲ???

~~~~~~~~~

" အတြင္းေရးမႈးေရွာင္း !!! ဘာေတြေတြးေနတာ
လဲ? "

ရံုးခန္းထဲမွာရုတ္တစ္ရက္အလုပ္လုပ္ေနရင္း ေရွာင္းက်န္႔ရဲ့ကေလးေလးအေၾကာင္းကိုျပန္ေတြးမိသြားတယ္။မ်က္ရည္ေတြတဆက္ဆက္က်သည္အထိေတြးမိတာေၾကာင့္ ဝန္ထမ္းျဖစ္သူက်ိဳးယိက အလန္႔တၾကား ဘာျဖစ္တာလဲဟု ထေျပာလာေတာ့ ေရွာင္းက်န္႔မွာ မ်က္ရည္ေတြကိုလက္ျဖင့္ပြတ္ကာ ျပန္ေျပာလိုက္တယ္။

" ဟင့္အင္း မ်က္လံုးထဲဖုန္ဝင္သြားလို႔ပါ !! "

" ကြၽန္ေတာ္ၾကည့္ေပးမယ္ေလဗ်ာ ! "

" ရပါတယ္ ေက်းဇူးပါ သန္႔စင္ခန္းခဏသြားလိုက္အံုးမယ္ "

သန္႔စင္ခန္းထဲမွာတံခါးကိုေလာ့ခ်ကာ တစ္ေယာက္တည္း ထိုင္ကာ ဖုန္းကိုပြတ္ၾကည့္ေနမိစဉ္ သန္႔စင္ခန္းအျပင္ဘက္ကသူေတြရဲ့စကားသံကိုၾကားလိုက္ရေတာ့ အာရံုစိုက္နားေထာင္မိတယ္။

ခါတိုင္းဆို ေရွာင္းက်န္႔ကစပ္စုတက္သူမဟုတ္၊ကိုယ္ဘာသာေအးေဆးသမား။သို႔ေသာ္ ထိုလူေတြေျပာေနတဲ့အေၾကာင္းကဝမ္ရိေပၚရဲ့အေၾကာင္းဆိုေတာ့ နားေထာင္မိတယ္။

" ငါတို႔ဥကၠဌႀကီးရဲ့သားအငယ္ေကာင္ကအခုceo ဝမ္ရိေပၚေလကြာ!! "

" Ceo ဝမ္ရိေပၚရဲ့အေၾကာင္းကိုငါၾကားဖူးတာကေတာ့ ဝမ္ရိေပၚကသူ႔ပါးနဲ႔ဆက္ဆံေရးကအဆင္မေျပဖူးတဲ့ေလ၊ပိုဆိုးတာကဝမ္ရိေပၚကသူ႔ရဲ့အရင္ေကာင္မေလး သူ႔ပါးကိုမိတ္ဆက္ဖို႔ေခၚလာတာေလ။ျဖစ္ခ်င္ေတာ့ ေကာင္မေလးကဆင္းရဲေတာ့သူ႔ပါးကလက္မခံတာေလကြာ!! ေကာင္မေလးခင္ဗ်ာသနားရွာပါတယ္ ဝမ္ရိေပၚနဲ႔လမ္းခြဲၿပီးတစ္ပတ္အလိုမွာကားတိုက္ဆံုးသြားတာေလ !! အဲ့တည္းကဝမ္ရိေပၚကသူ႔ပါးဆီကေနထြက္သြားတာ အခုက်မျွပန္ေရာက္လာတာတဲ့ !! "

ဒါ ဒါ ဒါဆိုဝမ္ရိေပၚကတကယ္ကိုသူေဌးသားေပါ့။အရင္ကလည္းေကာင္မေလးရိွခဲ့ဖူးတယ္ေပါ့၊အစကေတာ့ ခ်စ္သူရည္းစားတစ္ခါမွမထားဖူးဘူးတဲ့၊သူ႔မွာအဟုတ္မွတ္ၿပီး ဝမ္ရိေပၚရဲ့စကားကိုယံုလိုက္ရတာအဟက္! ဝမ္ရိေပၚအေၾကာင္းကိုလည္းမသိရတဲ့အျပင္၊သူ႔ပါးမားကဆံုးသြားၿပီးလို႔လိမ္ညာခဲ့တာလည္း အလြန္အံ့ဩတယ္။

ဝမ္ရိေပၚ ဝမ္ရိေပၚ မင္းကငါ့ကိုအၿမဲနာက်င္မႈေတြပဲေပးတဲ့အျပင္!!ကို မင္းကဆင္းရဲသားပါဆိုၿပီးဟန္ေဆာင္ၿပီး ငါ့ဘဝထဲဝင္လာရဲေသးတယ္!!

~~~~~~~~~~~

အတြင္းေရးမႈးေရွာင္းကစာပြဲေပၚကိုအလုပ္ထြက္စာတင္လာေတာ့ ရိေပၚကလက္ထဲမွာကိုင္ထားတဲ့ေဘာပင္ရဲ့အဖံုးကို ထပ္ကာထပ္ကာခြၽတ္ၿပီးျပန္တပ္ရင္း သူ႔ေရ႔ွမွာမတ္တပ္ရပ္ေနတဲ့အတြင္းေရးမႈးေရွာင္းကိုၾကည့္လိုက္တယ္။

" အလုပ္ထြက္မွာလား ok ေလ အလုပ္ထြက္လို႔ရပါတယ္ ကြၽန္ေတာ္မတားပါဘူး ဒါေပမယ့္တစ္ခုေတာ့ရိွတယ္ အလုပ္မထြက္ခင္မွာခင္ဗ်ားကကြၽန္ေတာ္ပါးပိုင္တဲ့ဘဏ္မွာေခ်းထားတဲ့ပိုက္ဆံျပန္ဆပ္သြားပါ!! ကြၽန္ေတာ္ကကုမၼဏီတစ္ခုကိုအုပ္ခ်ဳပ္ေနတာမဟုတ္ဘူး ကြၽန္ေတာ္ပါးပိုင္တဲ့ကုမၼဏီအားလံုးကို ကြၽန္ေတာ္အုပ္ခ်ဳပ္ေနရတာ!! အကယ္လို႔ ခင္ဗ်ားသာျပန္မဆပ္ဘူးဆိုရင္ ကြၽန္ေတာ္တရားစြဲရ
ပါေစ။ "

" ဝမ္ရိေပၚ မင္း တမင္ယုတ္မာတာပဲ !! "

" ကြၽန္ေတာ္ကအရင္ကမင္းရဲ့ခင္ပြန္းေဟာင္းျဖစ္ခဲ့တယ္။ဒါေပမယ့္အခုလက္ရိွမွာေတာ့ကြၽန္ေတာ္ကမင္းရဲ့အထက္ကလူႀကီးCeoတစ္ေယာက္ပါ!! ကြၽန္ေတာ္ကိုရိုရိုေသေသဆက္ဆံေစခ်င္တယ္။ "

အခန္းထဲထြက္သြားခါနီးလက္ေကာက္ဝတ္ကို ကိုင္ကာ ဝမ္ရိေပၚကသူ႔ဘက္ကိုဆြဲလွည့္လိုက္ေတာ့ ေရွာင္းက်န္႔မွာ သက္ျပင္းခ်မိသြားကာ ျပန္ဆက္ေျပာလိုက္ရတယ္။

" ဘာလိုခ်င္တာလဲ? ceo "

" ကေလးကိုေက်ာင္းသြားႀကိဳရေအာင္ ရိေပၚ "

မေန့ကအမ်ိဳးသမီးကပဲအခန္းထဲဝင္ကာေျပာလာေတာ့ သူ႔လက္ကိုဆုပ္ကိုင္ထားတဲ့ ရိေပၚလက္ကိုမသိသာျဖဳတ္ခ်ကာ ေခါင္းေလးငုပ္ကာ အခန္းထဲကေနထြက္သြားမိတယ္။

" ကေလးကိုေက်ာင္းသြားႀကိဳမယ္လို႔ !!! "

" ေအာ္ သြားမယ္ေလ "

~~~~~~~

ကားေနာက္ခန္းထဲမွာဝမ္ခ်င့္ယိဆိုသူအမ်ိဳးသမီးကရိေပၚနဲ႔အတူေဘးခ်င္းကပ္ရပ္ထိုင္ရင္း ျပတင္းေပါက္ကိုေငးၾကည့္ေနတဲ့ ရိေပၚကို စိုက္

ၾကည့္ကာေမးခြန္းထုတ္လိုက္တယ္။

" ဝမ္ေလးအရမ္းေျပာင္းလဲသြားတယ္ ဝမ္ေလးရဲ့အရင္ကကားတိုက္ၿပီးဆံုးသြားတဲ့ေကာင္မေလးကိုမေမ့ႏိုင္ေသးတာလား ? "

က်ဲစကားေၾကာင့္ ဝမ္ရိေပၚေခါင္းခါကာသက္ျပင္းခ်မိတယ္။အဲ့ေကာင္မေလးကိုတကယ္ေမ့သြားပါၿပီ၊အစကေတာ့ ေကာင္မေလးနဲ႔တြဲတြဲခ်င္း သေဘာက်မိတယ္၊ခ်စ္လားလို႔ေျပာရင္မခ်စ္ဘူး။သေဘာက်ရံုပဲရိွတယ္။စစ တြဲတည္းက ပါးကိုသေဘာရိုးပဲမိတ္ဆက္ေပးခဲ့တာ၊ဒါေပမယ့္ပါးကထံုစမ္းအတိုင္း အတည္ႀကီးမွတ္ၿပီး ေကာင္မေလးကိုလက္ထပ္မို႔လားမေပးစားႏိုင္ဘူးဟုစဆူေတာ့တာပဲ။တကယ္က်ဒီတိုင္ေလးပဲမိတ္ဆက္ရံုပဲမိတ္ဆက္လိုက္တာကို ပါးကေကာင္မေလးကိုသြားၿခိမ္းေခ်ာက္ကာ ေဝးေဝးေနဖို႔ေျပာတယ္။ဝမ္ရိေပၚတို႔ကေတာ့ play boy ဆိုသည့္အတိုင္း မိန္းကေလးတိုင္းကိုထပ္တလဲတလဲအေပ်ာ္တြဲတက္တယ္။အခ်စ္ကိုကစားစရာတစ္ခုလို႔ပဲ ဝမ္ရိေပၚသတ္မွတ္ထားတယ္။

သို႔ေသာ္ျငားေကာင္မေလးဆံုးသြားတယ္ဆိုေသာ္ ေၾကာင့္ ရိေပၚလံုးဝမယံုၾကည္ႏိုင္။ၿပီး ၿပီးေတာ့ ေကာင္မေလးေသဆံုးတဲ့ကိစၥကပါးနဲ႔ပါဝင္ပတ္သတ္တယ္ဆိုတာ ရိေပၚသိထားတယ္။ေသဆံုးသြားတဲ့ေကာင္မေလးကို ရိေပၚသနားစိတ္ဝင္မိတယ္။ေနာက္ဆို ရိေပၚလည္းလြတ္လြတ္လပ္လပ္မေနရမွာဆိုးတာေၾကာင့္ ေပက်င္းၿမိဳ႔ကေနရွန္းဟိုင္းၿမိဳ႔ကိုေျပာင္းေရႊ့ေနထိုင္လာခဲ့တယ္။ဆင္းရဲသားတစ္ေယာက္ဟန္ေဆာင္ၿပီး ရွန္းဟိုင္းၿမိဳ႔မွာတိုက္ခန္းငွားကာအေျခခ်ရင္း  ရွန္းဟိုင္တကၠသိုလ္မွာဆက္တက္ေနဆဲ။

တစ္ေန့ ရိေပၚရဲ့ဘဝထဲကိုေရွာင္းက်န္႔ဆိုတဲ့အကိုႀကီးကသူကိုယ္တိုင္ဝင္ေရာက္လာကာ ရိေပၚရဲ့ဆိုးသြမ္းေနတဲ့အက်င့္စာရိုက္ေတြကို ျပဳျပင့္ေပးတယ္။

ေကာရိွတယ္ေနာ္ညီေလးဟု ဆိုေသာေရွာင္းက်န္႔ရဲ့စကားတစ္ခြန္းေၾကာင့္ ရိေပၚမွာခြန္းအားေတြရလာတယ္။ၿပီးေတာ့ ရိေပၚအေပၚအၿမဲေကာင္းေပးၿပီး၊ရိေပၚကိုအၿမဲစိုးရိမ္တက္ကာ ဂရုစိုက္ေစာင့္ေရွာက္ေပးတယ္။ရိေပၚဘဝမွာေရွာင္းက်န္႔ဆိုတဲ့အကိုႀကီးရဲ့ၾကင္နာမႈေတြကိုပဲေကာင္းေကာင္းမြန္မြန္ရခဲ့တယ္။တေျဖးေျဖးခင္တြယ္လာမိရာကေန အကိုႀကီးနဲ႔ညီေလးဆိုတဲ့အဆင့္ကေန ရိေပၚကိုယ္တိုင္ တက္ခ်င္ခဲ့တာေၾကာင့္ ေရွာင္းက်န္႔ကိုသိပ္ခ်စ္ေၾကာင္းဖြင့္ေျပာတယ္။ရိေပၚဘဝတစ္ေလ်ွာက္တြဲခဲ့ဖူးတဲ့မိန္းကေလးေတြကိုတစ္ခါမွခ်စ္တယ္၊ႀကိဳက္တယ္လို႔မေျပာ၊တြဲမလားဟု ဆိုေသာစကားတစ္ခြန္းပဲေျပာေလ့ရိွသည္။

ရိေပၚကိုယ္တိုင္ႏႈတ္ကေန ခ်စ္တယ္လို႔ေျပာတာဆိုလို႔ မားနဲ႔ ေရွာင္းက်န္႔ဆိုတဲ့အကိုႀကီးပဲရိွတယ္။ၿပီးေတာ့ေရွာင္းက်န္႔ဆိုတဲ့အကိုႀကီးနဲ႔ေတြ့မွပဲအခ်စ္ဆိုတာအလြန္လွပတဲ့အရာတစ္ခုပါးလာဟုရိေပၚသတ္မွတ္ခ်က္ေပးမိသည္။ေရွာင္းက်န္႔နဲ႔ပဲတစ္သက္လံုးအတူေနထိုင္သြားခ်င္ခဲ့တယ္၊ပါးသာသိရင္ ေရွာင္းက်န္႔ဒုကၡေရာက္မွာဆိုးတာေၾကာင့္ ရိေပၚရဲ့သရုပ္အမွန္ကိုေဖ်ာက္ကာ ဆင္းရဲသားဘဝနဲ႔ပဲဟန္ေဆာင္ရင္း တရားရံုးမွာေရွာင္းက်န္႔နဲ႔အတူလက္ထပ္ထိမ္းျမားခဲ့တယ္။

ဒါေပမယ့္ ေရွာင္းက်န္႔ရဲ့ကေလး ေလးပ်က္က်သြားပါတယ္ဆိုတည္းက ရိေပၚနဲ႔ေရွာင္းက်န္႔အိမ္ေထာင္ေရးလံုးဝအဆင္မေျပ၊ေန့စဉ္ေန့တိုင္းစကားမ်ားလာတယ္။ၿပီးေတာ့ ေရွာင္းက်န္႔ရဲ့အေမဟိုအဖြားႀကီးေၾကာင့္လည္း ရန္ေတြဆက္တိုက္ပိုမိုျဖစ္လာတယ္။သူတို႔ႏွစ္ေယာက္ၾကားမွာအခ်စ္ဆိုတာလည္းမရိွေတာ့ သူတို႔ႏွစ္ေယာက္စလံုးကိုယ္တိုင္တရားဝင္ကြာရွင္းဖို႔ ဆံုးျဖတ္ခဲ့ကာ တရားရံုးမွာကိုယ္စီဆႏၵေတျြဖင့္ ကြာရွင္းခဲ့သည္။

" ဝမ္ေလး က်ဲေမးတာေျဖအံုးေလ ! "

မားဆံုးသြားၿပီးတည္း ရိေပၚတို႔ေမာင္ႏွမႏွစ္ေယာက္ပဲတစ္ေယာက္အေပၚတစ္ေယာက္အနားမွာရိွခဲ့တယ္။ပါးကေတာ့ဖခင္ေကာင္းမပီသခဲ့ဘူး၊ကိုယ္ေတြေမာင္ႏွမႏွစ္ေယာက္ကိုျဖစ္ခ်င္ရာျဖစ္ဟုဆိုကာအၿမဲလႊတ္ထားခဲ့တယ္။က်ဲရဲ့အိမ္ေထာင္ေရးကလည္းကံမေကာင္း၊က်ဲအမ်ိဳးသားကဆံုးသြားကာ က်ဲရဲ့၅ႏွစ္အရြယ္သာရိွတဲ့ကေလးမေလးက်န္ခဲ့ေတာ့ ရိေပၚမွာ ဉီးေလးတစ္ေယာက္ပီပီ ထိုကေလးမေလးကိုဂရုစိုက္ခဲ့တယ္။

" ကြၽန္ေတာ္ကဝမ္ရိေပၚပါဗ်ာ! အကုန္လံုးကိုေမ့ႏိုင္တယ္စြန္႔လႊတ္ႏိုင္တယ္ က်ဲ ! "

" က်ဲတစ္ခုေမးမယ္ ဝမ္ေလးနဲ႔အတြင္းေရးမႈးေရွာင္းကထူးျခားတဲ့ပတ္သတ္မႈရိွတယ္လို႔ထင္တယ္ "

" ဟာ က်ဲ က်ဲရာ ဘာမွပတ္သတ္မွမရိွပါဘူး အေမးျမန္းမထူပါနဲ႔ "

~~~~~~~~~~~~~~

Flashback

စာအုပ်စင်ကမြင့်နေတော့ ရှောင်းကျန့်မှာလက်လှမ်းယူလို့မမှီတာကြောင့် ခုံပေါ်တက်ကာစာအုပ်ကိုယူနေစ​ဉ်မှာ ခုံကချော်ကာရှောင်းကျန့်တစ်ယောက်ကြမ်းပြင်ပေါ်ဘုန်းခနဲလဲကျသွားတယ်။

ရှောင်းကျန့်ရဲ့ကိုယ်ထဲကနေတစ်ဖြေးဖြေးသွေးတွေကစီးကျလာတော့ ရှောင်းကျန့်အရမ်းတုန်လှုပ်သွားရတယ်။ရှောင်းကျန့်ကသူ့ဗိုက်လေးကိုလက်ကလေးဖြင့်ကိုင်ကာ စမ်းကြည့်ရင်း နှုတ်ကနေရေရွတ်လိုက်တယ်။

ငါ့ ငါ့ကလေး~~~ဟု ဆိုကာနှုတ်ကနေတိုးတိုးရေရွတ်ရင်း မျက်ဝန်းတွေမှိတ်ကျလာတယ်။

~~~~~~~

" သတိရလာပြီးလား ရှောင်းကျန့် "

ရိ ရိပေါ်ရဲ့ခပ်မာမာအသံကြောင့် ရှောင်းကျန့်မျက်ဝန်းတွေတစ်ဖြေးဖြေးဖွင့်ဟလာခဲ့တယ်။ပတ်ပတ်လည်ကိုကြည့်မိတော့ ရှောင်းကျန့်မသိတဲ့နေရာတစ်ခု။

ဆေးရုံရောက်နေတာလို့ရိပေါ်ရဲ့ဖြေသံကြောင့် ရှောင်းကျန့်ရဲ့ဗိုက်ထဲကကလေးလေးကိုသတိထားမိသွားကာ အိပ်ရင်းကနေချက်ချင်းကောက်ထကာ ရိပေါ်ကိုမေးလိုက်တယ်။

" မောင် မောင် ကျန့်ရဲ့ဗိုက်ထဲကကလေး ဘာ ဘာမှမဖြစ်ဘူး မလား !!! "

ကလေးပျက်ကျသွားပါပြီ~~~~ ဆရာဝန်ရဲ့ပြောစကားက ရိပေါ်နားထဲပြန်ပြန်ကြားယောင်လာတယ်။အခု အခုသူရဲ့လူဖြစ်လာမယ့်ကလေး လေးကိုဆုံးရှုံးလိုက်ရတာကိုမခံရပ်ဖြစ်နိုင်တယ်။ဘယ်သူ့ကိုအပြစ်တင်လို့အပြစ်တင်ရမှန်းမသိပေ။

" ဟင် ဟင်လို့ မောင် ပြောလို့ !!! "

" မောင် မောင်တောင်းပန်ပါတယ် မေ့လိုက်ပါတော့ အဲ့အကြောင်း !! "

" ဘာ ကျန့်တို့ရဲ့ကလေးအကြောင်းကိုမေ့ရမယ်တဲ့လား အဟက် မောင်ဆိုလိုတာက "

ရှောင်းကျန့်တစ်ယောက်စကားတောင်မဆုံးသေးပဲ ရိပေါ်ကခေါင်းညိမ့်ပြလာတော့ ရှောင်းကျန့် ကိုယ်
ကိုယ့်ကိုယ်မယုံကြည်နိုင်ဖြစ်မိတယ်။ဘယ်လိုလုပ် ကလေးက ပျက်ကျသွားရမှာလဲ? မဖြစ်နိုင်တာ!

" မောင်အခုပြောနေတာကအမှန်မဟုတ်ဘူးလို့ကျန့်ကို​ပြန်ပြောပါ မောင်ရယ် ကျေးဇူးပြုပြီး !!! "

ရင်ခွင်ထဲမှာအရူးတစ်ယောက်လိုအော်ဟစ်ကာငိုကြွေးရင်းပြောလာတဲ့ရှောင်းကျန့်ကို ရိပေါ်ဘာမှမပြောနိုင်။တကယ် တကယ်ပဲ ကလေးလေကိုဆုံးရှုံးလိုက်ရပီပေါ့ အဟက်!!! လောကကြီးကဘာလို့အဲ့လောက်တောင်ရက်စက်ရတာလဲ???

~~~~~~~~~

" အတွင်းရေးမှုးရှောင်း !!! ဘာတွေတွေးနေတာ
လဲ? "

ရုံးခန်းထဲမှာရုတ်တစ်ရက်အလုပ်လုပ်နေရင်း ရှောင်းကျန့်ရဲ့ကလေးလေးအကြောင်းကိုပြန်တွေးမိသွားတယ်။မျက်ရည်တွေတဆက်ဆက်ကျသည်အထိတွေးမိတာကြောင့် ဝန်ထမ်းဖြစ်သူကျိုးယိက အလန့်တကြား ဘာဖြစ်တာလဲဟု ထပြောလာတော့ ရှောင်းကျန့်မှာ မျက်ရည်တွေကိုလက်ဖြင့်ပွတ်ကာ ပြန်ပြောလိုက်တယ်။

" ဟင့်အင်း မျက်လုံးထဲဖုန်ဝင်သွားလို့ပါ !! "

" ကျွန်တော်ကြည့်ပေးမယ်လေဗျာ ! "

" ရပါတယ် ကျေးဇူးပါ သန့်စင်ခန်းခဏသွားလိုက်အုံးမယ် "

သန့်စင်ခန်းထဲမှာတံခါးကိုလော့ချကာ တစ်ယောက်တည်း ထိုင်ကာ ဖုန်းကိုပွတ်ကြည့်နေမိစဉ် သန့်စင်ခန်းအပြင်ဘက်ကသူတွေရဲ့စကားသံကိုကြားလိုက်ရတော့ အာရုံစိုက်နားထောင်မိတယ်။

ခါတိုင်းဆို ရှောင်းကျန့်ကစပ်စုတက်သူမဟုတ်၊ကိုယ်ဘာသာအေးဆေးသမား။သို့သော် ထိုလူတွေပြောနေတဲ့အကြောင်းကဝမ်ရိပေါ်ရဲ့အကြောင်းဆိုတော့ နားထောင်မိတယ်။

" ငါတို့ဥက္ကဌကြီးရဲ့သားအငယ်ကောင်ကအခုceo ဝမ်ရိပေါ်လေကွာ!! "

" Ceo ဝမ်ရိပေါ်ရဲ့အကြောင်းကိုငါကြားဖူးတာကတော့ ဝမ်ရိပေါ်ကသူ့ပါးနဲ့ဆက်ဆံရေးကအဆင်မပြေဖူးတဲ့လေ၊ပိုဆိုးတာကဝမ်ရိပေါ်ကသူ့ရဲ့အရင်ကောင်မလေး သူ့ပါးကိုမိတ်ဆက်ဖို့ခေါ်လာတာလေ။ဖြစ်ချင်တော့ ကောင်မလေးကဆင်းရဲတော့သူ့ပါးကလက်မခံတာလေကွာ!! ကောင်မလေးခင်ဗျာသနားရှာပါတယ် ဝမ်ရိပေါ်နဲ့လမ်းခွဲပြီးတစ်ပတ်အလိုမှာကားတိုက်ဆုံးသွားတာလေ !! အဲ့တည်းကဝမ်ရိပေါ်ကသူ့ပါးဆီကနေထွက်သွားတာ အခုကျမှပြန်ရောက်လာတာတဲ့ !! "

ဒါ ဒါ ဒါဆိုဝမ်ရိပေါ်ကတကယ်ကိုသူဌေးသားပေါ့။အရင်ကလည်းကောင်မလေးရှိခဲ့ဖူးတယ်ပေါ့၊အစကတော့ ချစ်သူရည်းစားတစ်ခါမှမထားဖူးဘူးတဲ့၊သူ့မှာအဟုတ်မှတ်ပြီး ဝမ်ရိပေါ်ရဲ့စကားကိုယုံလိုက်ရတာအဟက်! ဝမ်ရိပေါ်အကြောင်းကိုလည်းမသိရတဲ့အပြင်၊သူ့ပါးမားကဆုံးသွားပြီးလို့လိမ်ညာခဲ့တာလည်း အလွန်အံ့ဩတယ်။

ဝမ်ရိပေါ် ဝမ်ရိပေါ် မင်းကငါ့ကိုအမြဲနာကျင်မှုတွေပဲပေးတဲ့အပြင်!!ကို မင်းကဆင်းရဲသားပါဆိုပြီးဟန်ဆောင်ပြီး ငါ့ဘဝထဲဝင်လာရဲသေးတယ်!!

~~~~~~~~~~~

အတွင်းရေးမှုးရှောင်းကစာပွဲပေါ်ကိုအလုပ်ထွက်စာတင်လာတော့ ရိပေါ်ကလက်ထဲမှာကိုင်ထားတဲ့ဘောပင်ရဲ့အဖုံးကို ထပ်ကာထပ်ကာချွတ်ပြီးပြန်တပ်ရင်း သူ့ရှေ့မှာမတ်တပ်ရပ်နေတဲ့အတွင်းရေးမှုးရှောင်းကိုကြည့်လိုက်တယ်။

" အလုပ်ထွက်မှာလား ok လေ အလုပ်ထွက်လို့ရပါတယ် ကျွန်တော်မတားပါဘူး ဒါပေမယ့်တစ်ခုတော့ရှိတယ် အလုပ်မထွက်ခင်မှာခင်ဗျားကကျွန်တော်ပါးပိုင်တဲ့ဘဏ်မှာချေးထားတဲ့ပိုက်ဆံပြန်ဆပ်သွားပါ!! ကျွန်တော်ကကုမ္မဏီတစ်ခုကိုအုပ်ချုပ်နေတာမဟုတ်ဘူး ကျွန်တော်ပါးပိုင်တဲ့ကုမ္မဏီအားလုံးကို ကျွန်တော်အုပ်ချုပ်နေရတာ!! အကယ်လို့ ခင်ဗျားသာပြန်မဆပ်ဘူးဆိုရင် ကျွန်တော်တရားစွဲရ
ပါစေ။ "

" ဝမ်ရိပေါ် မင်း တမင်ယုတ်မာတာပဲ !! "

" ကျွန်တော်ကအရင်ကမင်းရဲ့ခင်ပွန်းဟောင်းဖြစ်ခဲ့တယ်။ဒါပေမယ့်အခုလက်ရှိမှာတော့ကျွန်တော်ကမင်းရဲ့အထက်ကလူကြီးCeoတစ်ယောက်ပါ!! ကျွန်တော်ကိုရိုရိုသေသေဆက်ဆံစေချင်တယ်။ "

အခန်းထဲထွက်သွားခါနီးလက်ကောက်ဝတ်ကို ကိုင်ကာ ဝမ်ရိပေါ်ကသူ့ဘက်ကိုဆွဲလှည့်လိုက်တော့ ရှောင်းကျန့်မှာ သက်ပြင်းချမိသွားကာ ပြန်ဆက်ပြောလိုက်ရတယ်။

" ဘာလိုချင်တာလဲ? ceo "

" ကလေးကိုကျောင်းသွားကြိုရအောင် ရိပေါ် "

မနေ့ကအမျိုးသမီးကပဲအခန်းထဲဝင်ကာပြောလာတော့ သူ့လက်ကိုဆုပ်ကိုင်ထားတဲ့ ရိပေါ်လက်ကိုမသိသာဖြုတ်ချကာ ခေါင်းလေးငုပ်ကာ အခန်းထဲကနေထွက်သွားမိတယ်။

" ကလေးကိုကျောင်းသွားကြိုမယ်လို့ !!! "

" အော် သွားမယ်လေ "

~~~~~~~

ကားနောက်ခန်းထဲမှာဝမ်ချင့်ယိဆိုသူအမျိုးသမီးကရိပေါ်နဲ့အတူဘေးချင်းကပ်ရပ်ထိုင်ရင်း ပြတင်းပေါက်ကိုငေးကြည့်နေတဲ့ ရိပေါ်ကို စိုက်
ကြည့်ကာမေးခွန်းထုတ်လိုက်တယ်။

" ဝမ်လေးအရမ်းပြောင်းလဲသွားတယ် ဝမ်လေးရဲ့အရင်ကကားတိုက်ပြီးဆုံးသွားတဲ့ကောင်မလေးကိုမမေ့နိုင်သေးတာလား ? "

ကျဲစကားကြောင့် ဝမ်ရိပေါ်ခေါင်းခါကာသက်ပြင်းချမိတယ်။အဲ့ကောင်မလေးကိုတကယ်မေ့သွားပါပြီ၊အစကတော့ ကောင်မလေးနဲ့တွဲတွဲချင်း သဘောကျမိတယ်၊ချစ်လားလို့ပြောရင်မချစ်ဘူး။သဘောကျရုံပဲရှိတယ်။စစ တွဲတည်းက ပါးကိုသဘောရိုးပဲမိတ်ဆက်ပေးခဲ့တာ၊ဒါပေမယ့်ပါးကထုံစမ်းအတိုင်း အတည်ကြီးမှတ်ပြီး ကောင်မလေးကိုလက်ထပ်မို့လားမပေးစားနိုင်ဘူးဟုစဆူတော့တာပဲ။တကယ်ကျဒီတိုင်လေးပဲမိတ်ဆက်ရုံပဲမိတ်ဆက်လိုက်တာကို ပါးကကောင်မလေးကိုသွားခြိမ်းချောက်ကာ ဝေးဝေးနေဖို့ပြောတယ်။ဝမ်ရိပေါ်တို့ကတော့ play boy ဆိုသည့်အတိုင်း မိန်းကလေးတိုင်းကိုထပ်တလဲတလဲအပျော်တွဲတက်တယ်။အချစ်ကိုကစားစရာတစ်ခုလို့ပဲ ဝမ်ရိပေါ်သတ်မှတ်ထားတယ်။

သို့သော်ငြားကောင်မလေးဆုံးသွားတယ်ဆိုသော် ကြောင့် ရိပေါ်လုံးဝမယုံကြည်နိုင်။ပြီး ပြီးတော့ ကောင်မလေးသေဆုံးတဲ့ကိစ္စကပါးနဲ့ပါဝင်ပတ်သတ်တယ်ဆိုတာ ရိပေါ်သိထားတယ်။သေဆုံးသွားတဲ့ကောင်မလေးကို ရိပေါ်သနားစိတ်ဝင်မိတယ်။နောက်ဆို ရိပေါ်လည်းလွတ်လွတ်လပ်လပ်မနေရမှာဆိုးတာကြောင့် ပေကျင်းမြို့ကနေရှန်းဟိုင်းမြို့ကိုပြောင်းရွှေ့နေထိုင်လာခဲ့တယ်။ဆင်းရဲသားတစ်ယောက်ဟန်ဆောင်ပြီး ရှန်းဟိုင်းမြို့မှာတိုက်ခန်းငှားကာအခြေချရင်း  ရှန်းဟိုင်တက္ကသိုလ်မှာဆက်တက်နေဆဲ။

တစ်နေ့ ရိပေါ်ရဲ့ဘဝထဲကိုရှောင်းကျန့်ဆိုတဲ့အကိုကြီးကသူကိုယ်တိုင်ဝင်ရောက်လာကာ ရိပေါ်ရဲ့ဆိုးသွမ်းနေတဲ့အကျင့်စာရိုက်တွေကို ပြုပြင့်ပေးတယ်။

ကောရှိတယ်နော်ညီလေးဟု ဆိုသောရှောင်းကျန့်ရဲ့စကားတစ်ခွန်းကြောင့် ရိပေါ်မှာခွန်းအားတွေရလာတယ်။ပြီးတော့ ရိပေါ်အပေါ်အမြဲကောင်းပေးပြီး၊ရိပေါ်ကိုအမြဲစိုးရိမ်တက်ကာ ဂရုစိုက်စောင့်ရှောက်ပေးတယ်။ရိပေါ်ဘဝမှာရှောင်းကျန့်ဆိုတဲ့အကိုကြီးရဲ့ကြင်နာမှုတွေကိုပဲကောင်းကောင်းမွန်မွန်ရခဲ့တယ်။တဖြေးဖြေးခင်တွယ်လာမိရာကနေ အကိုကြီးနဲ့ညီလေးဆိုတဲ့အဆင့်ကနေ ရိပေါ်ကိုယ်တိုင် တက်ချင်ခဲ့တာကြောင့် ရှောင်းကျန့်ကိုသိပ်ချစ်ကြောင်းဖွင့်ပြောတယ်။ရိပေါ်ဘဝတစ်လျှောက်တွဲခဲ့ဖူးတဲ့မိန်းကလေးတွေကိုတစ်ခါမှချစ်တယ်၊ကြိုက်တယ်လို့မပြော၊တွဲမလားဟု ဆိုသောစကားတစ်ခွန်းပဲပြောလေ့ရှိသည်။

ရိပေါ်ကိုယ်တိုင်နှုတ်ကနေ ချစ်တယ်လို့ပြောတာဆိုလို့ မားနဲ့ ရှောင်းကျန့်ဆိုတဲ့အကိုကြီးပဲရှိတယ်။ပြီးတော့ရှောင်းကျန့်ဆိုတဲ့အကိုကြီးနဲ့တွေ့မှပဲအချစ်ဆိုတာအလွန်လှပတဲ့အရာတစ်ခုပါးလာဟုရိပေါ်သတ်မှတ်ချက်ပေးမိသည်။ရှောင်းကျန့်နဲ့ပဲတစ်သက်လုံးအတူနေထိုင်သွားချင်ခဲ့တယ်၊ပါးသာသိရင် ရှောင်းကျန့်ဒုက္ခရောက်မှာဆိုးတာကြောင့် ရိပေါ်ရဲ့သရုပ်အမှန်ကိုဖျောက်ကာ ဆင်းရဲသားဘဝနဲ့ပဲဟန်ဆောင်ရင်း တရားရုံးမှာရှောင်းကျန့်နဲ့အတူလက်ထပ်ထိမ်းမြားခဲ့တယ်။

ဒါပေမယ့် ရှောင်းကျန့်ရဲ့ကလေး လေးပျက်ကျသွားပါတယ်ဆိုတည်းက ရိပေါ်နဲ့ရှောင်းကျန့်အိမ်ထောင်ရေးလုံးဝအဆင်မပြေ၊နေ့စဉ်နေ့တိုင်းစကားများလာတယ်။ပြီးတော့ ရှောင်းကျန့်ရဲ့အမေဟိုအဖွားကြီးကြောင့်လည်း ရန်တွေဆက်တိုက်ပိုမိုဖြစ်လာတယ်။သူတို့နှစ်ယောက်ကြားမှာအချစ်ဆိုတာလည်းမရှိတော့ သူတို့နှစ်ယောက်စလုံးကိုယ်တိုင်တရားဝင်ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ကာ တရားရုံးမှာကိုယ်စီဆန္ဒတွေဖြင့် ကွာရှင်းခဲ့သည်။

" ဝမ်လေး ကျဲမေးတာဖြေအုံးလေ ! "

မားဆုံးသွားပြီးတည်း ရိပေါ်တို့မောင်နှမနှစ်ယောက်ပဲတစ်ယောက်အပေါ်တစ်ယောက်အနားမှာရှိခဲ့တယ်။ပါးကတော့ဖခင်ကောင်းမပီသခဲ့ဘူး၊ကိုယ်တွေမောင်နှမနှစ်ယောက်ကိုဖြစ်ချင်ရာဖြစ်ဟုဆိုကာအမြဲလွှတ်ထားခဲ့တယ်။ကျဲရဲ့အိမ်ထောင်ရေးကလည်းကံမကောင်း၊ကျဲအမျိုးသားကဆုံးသွားကာ ကျဲရဲ့၅နှစ်အရွယ်သာရှိတဲ့ကလေးမလေးကျန်ခဲ့တော့ ရိပေါ်မှာ ဉီးလေးတစ်ယောက်ပီပီ ထိုကလေးမလေးကိုဂရုစိုက်ခဲ့တယ်။

" ကျွန်တော်ကဝမ်ရိပေါ်ပါဗျာ! အကုန်လုံးကိုမေ့နိုင်တယ်စွန့်လွှတ်နိုင်တယ် ကျဲ ! "

" ကျဲတစ်ခုမေးမယ် ဝမ်လေးနဲ့အတွင်းရေးမှုးရှောင်းကထူးခြားတဲ့ပတ်သတ်မှုရှိတယ်လို့ထင်တယ် "

" ဟာ ကျဲ ကျဲရာ ဘာမှပတ်သတ်မှမရှိပါဘူး အမေးမြန်းမထူပါနဲ့ "

~~~~~~~~~~~~~~


You are reading the story above: TeenFic.Net