Ep_3

Background color
Font
Font size
Line height

Zawgyi

flashback

ေဒါက္ ေဒါက္
ေဒါက္ ေဒါက္

တံခါးကိုအဆက္မျပတ္လာေခါက္ေနေသာသူေၾကာင့္အိပ္ယာကေနေကာက္ထလိုက္တယ္။အိပ္ခ်င္မူးတူးျဖင့္ တံခါးသြားဖြင့္ေပးလိုက္ေတာ့ ေရ႔ွမွာရပ္ေနေသာသူဟာ လူလား နတ္သားလား? ရိေပၚစိတ္ထဲေမးခြန္းထုတ္မိတယ္။

ဘာလားပဲ ဒီလူက! ဘာလို႔ေစာက္ရမ္းလွရတာလဲ? မ်က္ဝန္းဝိုင္းဝိုင္း! မ်က္ႏွာဝိုင္းဝိုင္း! ႏွာတံစင္းစင္းေလး! ပန္းေရာင္မသိသာသန္းေနတဲ့ႏႈတ္ခမ္းေလး! ထိုႏႈတ္ခမ္းေလးရဲ့ေအာက္မွာ မွည့္နက္ေသးေသးေလးကေနရာယူထားသည္။အရပ္ကနည္းနည္းရွည္ၿပီး၊ပိန္ပိန္ပါးပါးေလး၊အသားရည္ကလည္း ေဖြးအုေနတာပဲ!

fuck! ေယာက်ၤားေလးတစ္ေယာက္ျဖစ္ၿပီးဘာလို႔အရမ္းလွေနရတာလဲ?

" ကိုယ္ကမင္းအခန္းေဘးမွာေနတဲ့သူပါ ! ကိုယ္နာမည္ကေရွာင္းက်န္႔ပါ "

အသံေလးကလည္းခ်ိဳသာလိုက္တာကြာ!!!

ခ်က္ခ်င္းဆိုသလိုတံခါးကိုဝုန္းခနဲပိတ္ကာ မွန္ကိုအျမန္ၾကည့္လိုက္တယ္။မွန္ထဲမွာေပၚေနတဲ့ရိေပၚရုပ္ကခါတိုင္းထက္ေခ်ာေမာမေနပဲ၊ဆံပင္စုတ္ဖြား၊အိပ္ခ်င္မူးတူးရုပ္ျဖစ္ေနေတာ့ မ်က္ႏွာအျမန္သစ္ကာ စုတ္ဖြားေနတဲ့ဆံပင္ကိုေခါင္းဘီးျဖင့္အျမန္ၿဖီးကာ အဝတ္စားသန္႔သန္႔ျပန္႔ျပန္႔ဝတ္ကာ တံခါးဖြင့္၍ ထိုလူေရ႔ွရပ္လိုက္မိတယ္။

" ခင္ဗ်ားကိုမိတ္ဆက္ဖို႔ဘယ္သူေျပာလို႔လဲ? "

တိုက္ခန္းကိုေျပာင္းလာတဲ့ေကာင္ေလးကေခ်တာပဲဟုေရွာင္းက်န္႔ေတြးလိုက္မိတယ္။အေစာနကလို ဆံပင္စုတ္ဖြားၿပီး၊အိပ္ခ်င္မူးတူးမ်က္ႏွာအေနထားမဟုတ္ပဲ၊သိမ္းငွက္လိုမ်က္ဝန္းအလားျဖင့္ စူးစိုက္ၾကည့္ေနေသာ ထိုေကာင္ေလး။

" ကိုယ္ကလူမႈေရးအရမိတ္ဆက္တာပါ တကယ္လို႔မင္းမႀကိဳက္ဘူးဆိုလည္း ကိုယ္မင္းေရ႔ွေပၚမလာေတာ့ဘူး အ့ "

ရုတ္ခနဲျပန္လွည့္ကာ ထြက္သြားခါနီး ေရွာင္းက်န္႔ရဲ့လက္ကိုဆြဲၿပီး ေရွာင္းက်န္႔ရဲ့ကိုယ္ေလးကိုနရံမွာကပ္ထားၿပီး နရံဘက္ကိုလက္ေထာက္ထားတဲ့ ထိုေကာင္ေလး အျပဳမႈေၾကာင့္ ရုတ္တစ္ရက္ဆိုသလိုေၾကာင္သြားတယ္။

" ဝမ္ရိေပၚ ! "

နာမည္ကိုေျပာမွန္းမသိပဲ ဟင္ဆိုၿပီးမ်က္လံုးဝိုင္းဝိုင္းျဖင့္ ေၾကာင္ၾကည့္ေနေသာေရွာင္းက်န္႔!

က်စ္ တံုးလိုက္တာ! လူကစိတ္မရွည္ပါဘူးဆိုမွ!

" ကြၽန္ေတာ္နာမည္ကဝမ္ရိေပၚလို႔ !! "

" ေအာ္ အြမ္း ! ေနာက္ဆိုအကူညီလိုရင္ ကိုယ့္ကိုေျပာ ကိုယ္ကူညီေပးမယ္ အခုကိုယ့္ကိုလႊတ္ေပးပါလား? "

လႊတ္ေပးပါလားတဲ့? လႊတ္ေပးဖို႔စဉ္းစားရမယ္ထင္တယ္။သူ႔ေရ႔ွကေရွာင္းက်န္႔ဆိုသူကလက္မလႊတ္ခ်င္၊ျမင္ျမင္ခ်င္း ဘယ္လိုေျပာရမလဲ? စြဲလန္းတာလား? မဟုတ္ဘူး မဟုတ္ဘူး စြဲလန္းတာမဟုတ္ဘူး။ေရွာင္းက်န္႔ဆိုတဲ့အမ်ိဳးသားေပၚမွာရိွတဲ့ခံစားခ်က္ကတကယ္တစ္မ်ိဳးႀကီး! ဘယ္လိုႀကီးလဲကြာ!

နား နားေလးကပ္ကာေျပာလာတဲ့ ဝမ္ရိေပၚဆိုေသာေကာင္ေလးေၾကာင့္ ေရွာင္းက်န္႔ပခံုးေလးက်ံဳသြားရတယ္။

" ကြၽန္ေတာ္ကမလႊတ္ေပးဘူးဆိုရင္ေရာ? "

" ေနာက္မေနပါနဲ႔ ငါ့ညီရာ ! "

" ကြၽန္ေတာ္မေနာက္ဘူး! !! "

ဤေကာင္ေလးရဲ့အၾကည့္ကသိပ္ကိုစူးရွလြန္းတယ္!!! ၿပီးေတာ့ ဤေကာင္ေလးကဘာလို႔ေလသံကမာလာရတာလဲ? သူ႔အျပဳမႈကေရာဘာႀကီးလဲ? ေရွာင္းက်န္႔ နားမလည္ႏိုင္ဘူး!!

~~~~~~~~

ပထမဆံုးစေတြ့တုန္းကလည္းတဇြတ္ထိုးဆန္တယ္!
သူ႔ကိုအရုပ္တစ္ခုလိုမွတ္ၿပီးအၿမဲသေဘာထားတယ္။ကိုယ္ကၾႀကီးပဲးေခ်ာ့ရတယ္၊ဝမ္ရိေပၚကစိတ္ဆိုးေျပသြားရင္း ေျပာေနက်စကားတစ္ခြန္းရိွတယ္။

အဲ့စကားတစ္ခြန္းက" ေမာင္ရဲ့က်န္႔ကလိမၼာတယ္! မင္းကေမာင္အပိုင္ ! " တဲ့ေလ! အဲ့စကားကိုနားထဲျပန္ၾကားေယာင္းတိုင္း ဝမ္ရိေပၚကိုမုန္းလိုက္တာ!!! တဇြတ္ထိုးဆန္ၿပီးလုပ္ခ်င္ရာလုပ္တဲ့အျပင္တစ္ကိုယ္ေကာင္းသိပ္ဆန္တဲ့ဝမ္ရိေပၚကို ဘယ္ေနရာမ်ားၾကည့္ၿပီးခ်စ္ႀကိဳက္ၿပီးလက္ထပ္ခဲ့မိတာလဲဆိုတာ အႀကိမ္ႀကိမ္စဉ္းစားမိဆဲ!

" အတြင္းေရးမႈးေရွာင္းအလုပ္မဆင္းေသးဘူးလား??? "

ေဘးကသူရဲ့စကားေၾကာင့္ ေရွာင္းက်န္႔ရဲ့အေတြးေတျြပန္ရုတ္သိမ္းလိုက္ရတယ္။

ဟုတ္သားပဲ! သူမ်ားေတြေတာင္အလုပ္ကဆင္းေနၾကၿပီ! ကိုယ္ကေတာ့ ဝမ္ရိေပၚအေၾကာင္းေတြးရင္းအလုပ္ဆင္းဖို႔ေတာင္ေမ့သြားၿပီ! ေဘးကေကာင္ေလးေျပာမွ သတိရေတာ့တယ္။

ဖိုင္တြဲအထပ္လိုက္ႀကီးကိုလက္ကေလးထဲထည့္ပိုက္ကာ ဓာတ္ေလွကားရိွရာဆီအျမန္ေျပးသြားလိုက္တယ္။ဓာတ္ေလွကားခလုတ္ကိုႏိွပ္ကာ ခဏေနေတာ့ ဓာတ္ေလွကားတံခါးပြင့္လာတယ္။

ဓာတ္ေလွကားတံခါးပြင့္ပြင့္ခ်င္း ဓာတ္ေလွကားထဲမွာဖုန္းၾကည့္ကာ ရပ္ေနတဲ့ဝမ္ရိေပၚကို ျမင္လိုက္ရလို႔ ေရွာင္းက်န္႔လန္႔သြားရတယ္။ဝမ္ရိေပၚမျမင္ခင္ေနာက္ျပန္လွည့္ကာ ​ထြက္သြားခါနီး ဝမ္ရိေပၚစကားေၾကာင့္ ေရွာင္းက်န္႔ေျခလွမ္းေတြရပ္တန္႔သြားရသည္။

" အတြင္းေရးမႈးေရွာင္း! "

ဝမ္ရိေပၚဘက္ျပန္လွည့္ကာ မ်က္ႏွာခ်ိဳးေသြးျပလိုက္ကာ ျပန္ေျပာလိုက္တယ္။

" ဟုတ္ကဲ့ခင္ဗ် ေျပာပါ "

" အထဲဝင္ ! "

" ရပါတယ္ ကိစၥမရိွဘူး ကြၽန္ေတာ္တို႔ရဲ့အထက္ceoဆိုေတာ့ ဉီးစားေပးရမွာေပါ့ ဟိုဘက္ကစက္ေလွကားနဲ႔ပဲဆင္းသြားလိုက္ပါမယ္ "

အဲ့လိုေတြအတြန္႔တက္လို႔ ေရွာင္းက်န္႔နဲ႔မတည့္တာ! အၿမဲတက်က္က်က္ရန္ျဖစ္ရတယ္! ၾကားထဲ ေရွာင္းက်န္႔ကပဲစိတ္ဆိုးေသး! ဒါေပမယ့္ေခ်ာ့စရာလား?မေခ်ာ့ပါဘူး ဝမ္ရိေပၚဆိုတဲ့သူ႔ကိုပဲအလိုလိုက္ရမယ္၊ေခ်ာ့ရမွာပဲ!!!

" ငါအခုမင္းရဲ့အထက္လူႀကီးတစ္ေယာက္အေနနဲ႔အမိန္႔ေပးေနတာေနာ္ !!! "

အထက္လူႀကီးတစ္ေယာက္အေနနဲ႔အမိန္႔ေပးေနတာေနာ္ဆိုေတာ့လည္း ေရွာင္းက်န္႔တစ္ေယာက္ ဘယ္လိုလုပ္ျငင္းႏိုင္ပါေတာ့မလဲ? မျငင္းေတာ့ပဲ ေခါင္းေလးငုပ္ကာ ဓာတ္ေလွကားထဲဝင္လိုက္တယ္။

ဝမ္ရိေပၚနဲ႔အတူေဘးခ်င္းကပ္မရပ္ပဲ ေရ႔ွမွာေရွာင္းက်န္႔တစ္ေယာက္တည္းရပ္ေနလိုက္တယ္။ဓာတ္ေလွကားထဲမွာ ဝမ္ရိေပၚနဲ႔ႏွစ္ေယာက္တည္းရပ္ေနရတာကတကယ္စိတ္ရႈပ္ဖို႔အေကာင္းဆံုးပဲ!!

ဖုန္းၾကည့္ရာကေနရပ္ကာ ေရွာင္းက်န္႔ကိုလွည့္ၾကည့္လိုက္မိတယ္။သူကိုက်တစ္ေယာက္တည္းအေနာက္မွာရပ္ခိုင္းၿပီး ေရွာင္းက်န္႔ကေတာ့ေရ႔ွဆံုးမွာရပ္ေနေတာ့ အလိုမက်စြာမ်က္ေမွာင္က်ဳတ္လိုက္မိသား! ဖုန္းကိုေဘာင္းဘီအိတ္ကပ္ထဲထည့္၍ လက္ႏွစ္ဖက္ပိုက္ကာ ေျပာလိုက္တယ္။

" ကြၽန္ေတာ္ေဘးလာရပ္ ေရွာင္းက်န္႔ !! "

ေရွာင္းက်န္႔ကေျပာင္းျပန္ေနာက္ျပန္ေလ်ွာက္ကာ ေျခလွမ္းလွမ္း၍ ဝမ္ရိေပၚေျပာတဲ့အတိုင္း ဝမ္ရိေပၚရဲ့ေဘးမွာရပ္ေနလိုက္တယ္။

မ်က္လံုးေလးမသိသာေစာင္းၿပီး ေရွာင္းက်န္႔ကိုတစ္ခ်က္ၾကည့္လိုက္မိသည္။လက္ထဲမွာဖိုင္အထူႀကီးကိုပိုက္သယ္ထားေတာ့ ဖုန္းကိုတစ္ဖက္ကကိုင္ရင္းၾကည့္ေနတာ!! မေလးဘူးလားမသိ!!

" ငါမင္းကိုအရမ္းလြမ္းတယ္!! "

ေရွာင္းက်န္႔ဖုန္းထဲကေနဘယ္ကမွန္းမသိတဲ့အမ်ိဳးသားရဲ့အသံကို ေရွာင္းက်န္႔က နား နားေလးကပ္ကာ နားေထာင္ေနၿပီး ၿပံဳးေနေတာ့ ရိေပၚ ႏႈတ္ခမ္းတြန္႔လိုက္မိတယ္။

ေျပာေတာ့ တစ္ေယာက္ဆိုတစ္ေယာက္ပဲ! ဘယ္သူ႔ကိုမွမခ်စ္ဘူး! ေရွာင္းက်န္႔ေျပာတဲ့စကားေတြကေစာက္ပိုေတြ!! သူတို႔ကြာရွင္းတာ၄ႏွစ္ရိွၿပီ!! ဆိုေပမယ့္ အခုခင္ဗ်ားက ေနာက္ေကာင္နဲ႔သာယာေနတယ္!!!

" ကြၽန္ေတာ္မင္းကိုေျပာလိုက္မယ္ေနာ္!! အခုရက္ပိုင္းႏိုင္ငံျခားဧည့္သည္ေတြက ကြၽန္ေတာ္တို႔ဟိုတယ္ကိုလာတည္လိမ့္မယ္ အဲ့အခါက်ေသေသခ်ာဂရုစိုက္ရမယ္ျဖစ္တဲ့အတြက္ မင္းရဲ့အေရးမပါတဲ့ကိစၥေတြကိုေဘးဖယ္ထားေပး! "

ရုတ္တစ္ရက္ထေျပာလာတဲ့ ဝမ္ရိေပၚေၾကာင့္ ေရွာင္းက်န္႔က ဖုန္းကိုပိတ္ကာ ျပန္ေျပာခါနီး ဝမ္ရိေပၚကထပ္ေျပာလာေတာ့ ေရွာင္းက်န္႔နားေထာင္ေနေပးလိုက္သည္။

သူေျပာတာကိုနားမေထာင္ေပးရင္စိတ္ကဆိုးအံုးမွာကိုသိတာေၾကာင့္ ဝမ္ရိေပၚစိတ္ႀကိဳက္ နားေထာင္ေပးလိုက္တယ္။

" အထူးသျဖင့္မင္းရဲ့အေရးမပါးတဲ့အခ်စ္ေရးေတြကိုဖယ္ထားဖို႔အႀကံေပးခ်င္တယ္!!! "

ဟမ္ အခ်စ္ေရးတဲ့လား!? ဝမ္ရိေပၚနဲ႔ကြာရွင္းျပတ္ဆဲၿပီးတည္းကသူ႔မွာအခ်စ္ေရးဆိုတာႀကီးမရိွေတာ့တာ။ေရွာင္းက်န္႔ နားမလည္စြာေမးခြန္းထုတ္ခါနီး ေရွာင္းက်န္႔ရဲ့ဖုန္းကိုဇြတ္ခနဲဆြဲယူသြားတဲ့ ဝမ္ရိေပၚေၾကာင့္ ေရွာင္းက်န္႔ ေၾကာင္အသြားရတယ္။

ဖုန္းယူၿပီးဘာလုပ္တာလဲသူက!!!

ဝမ္ရိေပၚကအခုအရပ္ႀကီးလည္း၆ေပေက်ာ္ေလာက္ရွည္ေနေတာ့ ေရွာင္းက်န္႔ ေျခဖ်ားေလးေထာက္ကာ ဝမ္ရိေပၚနား နားေလးရပ္ၾကည့္ရတယ္။

ေနပါအံုး အေစာကစာပို႔တဲ့သူကို block လိုက္တာလား!!! ဖုန္းကိုျပန္ဆြဲယူခါနီး ဝမ္ရိေပၚကအျမန္ဖုန္းကိုေဘာင္းဘီအိတ္ကပ္ထဲထည့္ပစ္လိုက္ေတာ့ ေရွာင္းက်န္႔ မ်က္ေမွာင္က်ဳတ္ၾကည့္ရင္း ေျပာလိုက္သည္။

" ဝမ္ရိေပၚ မင္းဘာလုပ္တာလဲ! "

" ေယာက်ၤားေဟာင္းကိုပစ္ၿပီး ေနာက္ေကာင္နဲ႔သာယာတာ ၾကည့္မေကာင္းဘူး !! ဖုန္းယူခ်င္ရင္ ကြၽန္ေတာ္ေဘာင္းဘီအိတ္ကပ္ထဲႏိႈက္ယူေလ !!! "

ဝမ္ရိေပၚ !!! ဆိုတဲ့ေကာင္ကေလေတာ္ေတာ္ကိုရိုက္သတ္ခ်င္စရာေကာင္းတယ္!! ခ်စ္သူဘဝမွာေရာအိမ္ေထာင္ဘဝမွာေရာ! ဝမ္ရိေပၚကသူ႔အလိုက်အၿမဲခ်ဳပ္ခ်ယ္တယ္။အၿမဲလူကိုအႏိုင္က်င့္တယ္!! ခ်စ္သူဘဝမွာလည္း ကိုယ္ရိွရက္နဲ႔အျခားမိန္းကေလးေတြနဲ႔တြဲတယ္!! ဘာမွမေျပာခဲ့ဘူး!! ဘာမွမေျပာခဲ့တာလည္း ခ်စ္လြန္းလို႔!!!

ဝမ္ရိေပၚဆိုတဲ့အယုတ္တမာေကာင္က သူသိပ္ခ်စ္မွန္းသိေတာ့ သိပ္အႏိုင္ယူတာ!!!

အခုေတာ့ဝမ္ရိေပၚကိုခ်စ္ေသးလားလို႔တစ္စံုတစ္ေယာက္ကသူ႔ကိုေမးလာခဲ့ရင္ လံုးဝမခ်စ္ေတာ့ဘူးလို႔ခပ္ျပတ္ျပတ္ေျဖမွာ!!

" ကဲ ယူပါဆို ၾကာတယ္ !! စိတ္မရွည္ဘူး ! "

ႏႈတ္ခမ္းကိုတင္းတင္းေစ့ထားရင္း ေခါင္းငုပ္ကာ ဝမ္ရိေပၚရဲ့ေဘာင္းဘီအိတ္ကပ္ထဲလက္ႏိႈက္ခါနီး ၿပံဳးၿပံဳးႀကီးၾကည့္ေနေသာဝမ္ရိေပၚေၾကာင့္ ေရွာင္းက်န္႔ဆက္မလုပ္ႏိုင္ေပ။

ေတာ္ၿပီ ေတာ္ၿပီ!!! ဝမ္ရိေပၚအေၾကာင္းကိုေကာင္း​ေကာင္းႀကီးသိတာမို႔ ဆက္မလုပ္ႏိုင္ေပ!!!

" ceo ေက်းဇူးျပဳျပီးျပန္ေပးလို႔ရမလား? တကယ္ေတာင္းဆိုတာပါ !! "

" Ok ေလ !! ခင္ဗ်ားကေတာင္းဆိုေနေတာ့ ကြၽန္ေတာ္ဖုန္းျပန္ေပးလိုက္မယ္!! ဒါေပမယ့္ အဲ့ေကာင္နဲ႔စကားဆက္မေျပာနဲ႔ေတာ့ မဟုတ္ရင္ ကြၽန္ေတာ္အေၾကာင္းေကာင္းေကာင္းႀကီးသိေစရမယ္။ "

~~~~~~~~~~~~~
Unicode

flashback

ဒေါက် ဒေါက်
ဒေါက် ဒေါက်

တံခါးကိုအဆက်မပြတ်လာခေါက်နေသောသူကြောင့်အိပ်ယာကနေကောက်ထလိုက်တယ်။အိပ်ချင်မူးတူးဖြင့် တံခါးသွားဖွင့်ပေးလိုက်တော့ ရှေ့မှာရပ်နေသောသူဟာ လူလား နတ်သားလား? ရိပေါ်စိတ်ထဲမေးခွန်းထုတ်မိတယ်။

ဘာလားပဲ ဒီလူက! ဘာလို့စောက်ရမ်းလှရတာလဲ? မျက်ဝန်းဝိုင်းဝိုင်း! မျက်နှာဝိုင်းဝိုင်း! နှာတံစင်းစင်းလေး! ပန်းရောင်မသိသာသန်းနေတဲ့နှုတ်ခမ်းလေး! ထိုနှုတ်ခမ်းလေးရဲ့အောက်မှာ မှည့်နက်သေးသေးလေးကနေရာယူထားသည်။အရပ်ကနည်းနည်းရှည်ပြီး၊ပိန်ပိန်ပါးပါးလေး၊အသားရည်ကလည်း ဖွေးအုနေတာပဲ!

fuck! ယောင်္ကျားလေးတစ်ယောက်ဖြစ်ပြီးဘာလို့အရမ်းလှနေရတာလဲ?

" ကိုယ်ကမင်းအခန်းဘေးမှာနေတဲ့သူပါ ! ကိုယ်နာမည်ကရှောင်းကျန့်ပါ "

အသံလေးကလည်းချိုသာလိုက်တာကွာ!!!

ချက်ချင်းဆိုသလိုတံခါးကိုဝုန်းခနဲပိတ်ကာ မှန်ကိုအမြန်ကြည့်လိုက်တယ်။မှန်ထဲမှာပေါ်နေတဲ့ရိပေါ်ရုပ်ကခါတိုင်းထက်ချောမောမနေပဲ၊ဆံပင်စုတ်ဖွား၊အိပ်ချင်မူးတူးရုပ်ဖြစ်နေတော့ မျက်နှာအမြန်သစ်ကာ စုတ်ဖွားနေတဲ့ဆံပင်ကိုခေါင်းဘီးဖြင့်အမြန်ဖြီးကာ အဝတ်စားသန့်သန့်ပြန့်ပြန့်ဝတ်ကာ တံခါးဖွင့်၍ ထိုလူရှေ့ရပ်လိုက်မိတယ်။

" ခင်ဗျားကိုမိတ်ဆက်ဖို့ဘယ်သူပြောလို့လဲ? "

တိုက်ခန်းကိုပြောင်းလာတဲ့ကောင်လေးကချေတာပဲဟုရှောင်းကျန့်တွေးလိုက်မိတယ်။အစောနကလို ဆံပင်စုတ်ဖွားပြီး၊အိပ်ချင်မူးတူးမျက်နှာအနေထားမဟုတ်ပဲ၊သိမ်းငှက်လိုမျက်ဝန်းအလားဖြင့် စူးစိုက်ကြည့်နေသော ထိုကောင်လေး။

" ကိုယ်ကလူမှုရေးအရမိတ်ဆက်တာပါ တကယ်လို့မင်းမကြိုက်ဘူးဆိုလည်း ကိုယ်မင်းရှေ့ပေါ်မလာတော့ဘူး အ့ "

ရုတ်ခနဲပြန်လှည့်ကာ ထွက်သွားခါနီး ရှောင်းကျန့်ရဲ့လက်ကိုဆွဲပြီး ရှောင်းကျန့်ရဲ့ကိုယ်လေးကိုနရံမှာကပ်ထားပြီး နရံဘက်ကိုလက်ထောက်ထားတဲ့ ထိုကောင်လေး အပြုမှုကြောင့် ရုတ်တစ်ရက်ဆိုသလိုကြောင်သွားတယ်။

" ဝမ်ရိပေါ် ! "

နာမည်ကိုပြောမှန်းမသိပဲ ဟင်ဆိုပြီးမျက်လုံးဝိုင်းဝိုင်းဖြင့် ကြောင်ကြည့်နေသောရှောင်းကျန့်!

ကျစ် တုံးလိုက်တာ! လူကစိတ်မရှည်ပါဘူးဆိုမှ!

" ကျွန်တော်နာမည်ကဝမ်ရိပေါ်လို့ !! "

" အော် အွမ်း ! နောက်ဆိုအကူညီလိုရင် ကိုယ့်ကိုပြော ကိုယ်ကူညီပေးမယ် အခုကိုယ့်ကိုလွှတ်ပေးပါလား? "

လွှတ်ပေးပါလားတဲ့? လွှတ်ပေးဖို့စဉ်းစားရမယ်ထင်တယ်။သူ့ရှေ့ကရှောင်းကျန့်ဆိုသူကလက်မလွှတ်ချင်၊မြင်မြင်ချင်း ဘယ်လိုပြောရမလဲ? စွဲလန်းတာလား? မဟုတ်ဘူး မဟုတ်ဘူး စွဲလန်းတာမဟုတ်ဘူး။ရှောင်းကျန့်ဆိုတဲ့အမျိုးသားပေါ်မှာရှိတဲ့ခံစားချက်ကတကယ်တစ်မျိုးကြီး! ဘယ်လိုကြီးလဲကွာ!

နား နားလေးကပ်ကာပြောလာတဲ့ ဝမ်ရိပေါ်ဆိုသောကောင်လေးကြောင့် ရှောင်းကျန့်ပခုံးလေးကျုံသွားရတယ်။

" ကျွန်တော်ကမလွှတ်ပေးဘူးဆိုရင်ရော? "

" နောက်မနေပါနဲ့ ငါ့ညီရာ ! "

" ကျွန်တော်မနောက်ဘူး! !! "

ဤကောင်လေးရဲ့အကြည့်ကသိပ်ကိုစူးရှလွန်းတယ်!!! ပြီးတော့ ဤကောင်လေးကဘာလို့လေသံကမာလာရတာလဲ? သူ့အပြုမှုကရောဘာကြီးလဲ? ရှောင်းကျန့် နားမလည်နိုင်ဘူး!!

~~~~~~~~

ပထမဆုံးစတွေ့တုန်းကလည်းတဇွတ်ထိုးဆန်တယ်!

သူ့ကိုအရုပ်တစ်ခုလိုမှတ်ပြီးအမြဲသဘောထားတယ်။ကိုယ်ကကြီးပဲချော့ရတယ်၊ဝမ်ရိပေါ်ကစိတ်ဆိုးပြေသွားရင်း ပြောနေကျစကားတစ်ခွန်းရှိတယ်။

အဲ့စကားတစ်ခွန်းက" မောင်ရဲ့ကျန့်ကလိမ္မာတယ်! မင်းကမောင်အပိုင် ! " တဲ့လေ! အဲ့စကားကိုနားထဲပြန်ကြားယောင်းတိုင်း ဝမ်ရိပေါ်ကိုမုန်းလိုက်တာ!!! တဇွတ်ထိုးဆန်ပြီးလုပ်ချင်ရာလုပ်တဲ့အပြင်တစ်ကိုယ်ကောင်းသိပ်ဆန်တဲ့ဝမ်ရိပေါ်ကို ဘယ်နေရာများကြည့်ပြီးချစ်ကြိုက်ပြီးလက်ထပ်ခဲ့မိတာလဲဆိုတာ အကြိမ်ကြိမ်စဉ်းစားမိဆဲ!

" အတွင်းရေးမှုးရှောင်းအလုပ်မဆင်းသေးဘူးလား??? "

ဘေးကသူရဲ့စကားကြောင့် ရှောင်းကျန့်ရဲ့အတွေးတွေပြန်ရုတ်သိမ်းလိုက်ရတယ်။

ဟုတ်သားပဲ! သူများတွေတောင်အလုပ်ကဆင်းနေကြပြီ! ကိုယ်ကတော့ ဝမ်ရိပေါ်အကြောင်းတွေးရင်းအလုပ်ဆင်းဖို့တောင်မေ့သွားပြီ! ဘေးကကောင်လေးပြောမှ သတိရတော့တယ်။

ဖိုင်တွဲအထပ်လိုက်ကြီးကိုလက်ကလေးထဲထည့်ပိုက်ကာ ဓာတ်လှေကားရှိရာဆီအမြန်ပြေးသွားလိုက်တယ်။ဓာတ်လှေကားခလုတ်ကိုနှိပ်ကာ ခဏနေတော့ ဓာတ်လှေကားတံခါးပွင့်လာတယ်။

ဓာတ်လှေကားတံခါးပွင့်ပွင့်ချင်း ဓာတ်လှေကားထဲမှာဖုန်းကြည့်ကာ ရပ်နေတဲ့ဝမ်ရိပေါ်ကို မြင်လိုက်ရလို့ ရှောင်းကျန့်လန့်သွားရတယ်။ဝမ်ရိပေါ်မမြင်ခင်နောက်ပြန်လှည့်ကာ ​ထွက်သွားခါနီး ဝမ်ရိပေါ်စကားကြောင့် ရှောင်းကျန့်ခြေလှမ်းတွေရပ်တန့်သွားရသည်။

" အတွင်းရေးမှုးရှောင်း! "

ဝမ်ရိပေါ်ဘက်ပြန်လှည့်ကာ မျက်နှာချိုးသွေးပြလိုက်ကာ ပြန်ပြောလိုက်တယ်။

" ဟုတ်ကဲ့ခင်ဗျ ပြောပါ "

" အထဲဝင် ! "

" ရပါတယ် ကိစ္စမရှိဘူး ကျွန်တော်တို့ရဲ့အထက်ceoဆိုတော့ ဉီးစားပေးရမှာပေါ့ ဟိုဘက်ကစက်လှေကားနဲ့ပဲဆင်းသွားလိုက်ပါမယ် "

အဲ့လိုတွေအတွန့်တက်လို့ ရှောင်းကျန့်နဲ့မတည့်တာ! အမြဲတကျက်ကျက်ရန်ဖြစ်ရတယ်! ကြားထဲ ရှောင်းကျန့်ကပဲစိတ်ဆိုးသေး! ဒါပေမယ့်ချော့စရာလား?မချော့ပါဘူး ဝမ်ရိပေါ်ဆိုတဲ့သူ့ကိုပဲအလိုလိုက်ရမယ်၊ချော့ရမှာပဲ!!!

" ငါအခုမင်းရဲ့အထက်လူကြီးတစ်ယောက်အနေနဲ့အမိန့်ပေးနေတာနော် !!! "

အထက်လူကြီးတစ်ယောက်အနေနဲ့အမိန့်ပေးနေတာနော်ဆိုတော့လည်း ရှောင်းကျန့်တစ်ယောက် ဘယ်လိုလုပ်ငြင်းနိုင်ပါတော့မလဲ? မငြင်းတော့ပဲ ခေါင်းလေးငုပ်ကာ ဓာတ်လှေကားထဲဝင်လိုက်တယ်။

ဝမ်ရိပေါ်နဲ့အတူဘေးချင်းကပ်မရပ်ပဲ ရှေ့မှာရှောင်းကျန့်တစ်ယောက်တည်းရပ်နေလိုက်တယ်။ဓာတ်လှေကားထဲမှာ ဝမ်ရိပေါ်နဲ့နှစ်ယောက်တည်းရပ်နေရတာကတကယ်စိတ်ရှုပ်ဖို့အကောင်းဆုံးပဲ!!

ဖုန်းကြည့်ရာကနေရပ်ကာ ရှောင်းကျန့်ကိုလှည့်ကြည့်လိုက်မိတယ်။သူကိုကျတစ်ယောက်တည်းအနောက်မှာရပ်ခိုင်းပြီး ရှောင်းကျန့်ကတော့ရှေ့ဆုံးမှာရပ်နေတော့ အလိုမကျစွာမျက်မှောင်ကျုတ်လိုက်မိသား! ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲထည့်၍ လက်နှစ်ဖက်ပိုက်ကာ ပြောလိုက်တယ်။

" ကျွန်တော်ဘေးလာရပ် ရှောင်းကျန့် !! "

ရှောင်းကျန့်ကပြောင်းပြန်နောက်ပြန်လျှောက်ကာ ခြေလှမ်းလှမ်း၍ ဝမ်ရိပေါ်ပြောတဲ့အတိုင်း ဝမ်ရိပေါ်ရဲ့ဘေးမှာရပ်နေလိုက်တယ်။

မျက်လုံးလေးမသိသာစောင်းပြီး ရှောင်းကျန့်ကိုတစ်ချက်ကြည့်လိုက်မိသည်။လက်ထဲမှာဖိုင်အထူကြီးကိုပိုက်သယ်ထားတော့ ဖုန်းကိုတစ်ဖက်ကကိုင်ရင်းကြည့်နေတာ!! မလေးဘူးလားမသိ!!

" ငါမင်းကိုအရမ်းလွမ်းတယ်!! "

ရှောင်းကျန့်ဖုန်းထဲကနေဘယ်ကမှန်းမသိတဲ့အမျိုးသားရဲ့အသံကို ရှောင်းကျန့်က နား နားလေးကပ်ကာ နားထောင်နေပြီး ပြုံးနေတော့ ရိပေါ် နှုတ်ခမ်းတွန့်လိုက်မိတယ်။

ပြောတော့ တစ်ယောက်ဆိုတစ်ယောက်ပဲ! ဘယ်သူ့ကိုမှမချစ်ဘူး! ရှောင်းကျန့်ပြောတဲ့စကားတွေကစောက်ပိုတွေ!! သူတို့ကွာရှင်းတာ၄နှစ်ရှိပြီ!! ဆိုပေမယ့် အခုခင်ဗျားက နောက်ကောင်နဲ့သာယာနေတယ်!!!

" ကျွန်တော်မင်းကိုပြောလိုက်မယ်နော်!! အခုရက်ပိုင်းနိုင်ငံခြားဧည့်သည်တွေက ကျွန်တော်တို့ဟိုတယ်ကိုလာတည်လိမ့်မယ် အဲ့အခါကျသေသေချာဂရုစိုက်ရမယ်ဖြစ်တဲ့အတွက် မင်းရဲ့အရေးမပါတဲ့ကိစ္စတွေကိုဘေးဖယ်ထားပေး! "

ရုတ်တစ်ရက်ထပြောလာတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်က ဖုန်းကိုပိတ်ကာ ပြန်ပြောခါနီး ဝမ်ရိပေါ်ကထပ်ပြောလာတော့ ရှောင်းကျန့်နားထောင်နေပေးလိုက်သည်။

သူပြောတာကိုနားမထောင်ပေးရင်စိတ်ကဆိုးအုံးမှာကိုသိတာကြောင့် ဝမ်ရိပေါ်စိတ်ကြိုက် နားထောင်ပေးလိုက်တယ်။

" အထူးသဖြင့်မင်းရဲ့အရေးမပါးတဲ့အချစ်ရေးတွေကိုဖယ်ထားဖို့အကြံပေးချင်တယ်!!! "

ဟမ် အချစ်ရေးတဲ့လား!? ဝမ်ရိပေါ်နဲ့ကွာရှင်းပြတ်ဆဲပြီးတည်းကသူ့မှာအချစ်ရေးဆိုတာကြီးမရှိတော့တာ။ရှောင်းကျန့် နားမလည်စွာမေးခွန်းထုတ်ခါနီး ရှောင်းကျန့်ရဲ့ဖုန်းကိုဇွတ်ခနဲဆွဲယူသွားတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် ကြောင်အသွားရတယ်။

ဖုန်းယူပြီးဘာလုပ်တာလဲသူက!!!

ဝမ်ရိပေါ်ကအခုအရပ်ကြီးလည်း၆ပေကျော်လောက်ရှည်နေတော့ ရှောင်းကျန့် ခြေဖျားလေးထောက်ကာ ဝမ်ရိပေါ်နား နားလေးရပ်ကြည့်ရတယ်။

နေပါအုံး အစောကစာပို့တဲ့သူကို block လိုက်တာလား!!! ဖုန်းကိုပြန်ဆွဲယူခါနီး ဝမ်ရိပေါ်ကအမြန်ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲထည့်ပစ်လိုက်တော့ ရှောင်းကျန့် မျက်မှောင်ကျုတ်ကြည့်ရင်း ပြောလိုက်သည်။

" ဝမ်ရိပေါ် မင်းဘာလုပ်တာလဲ! "

" ယောင်္ကျားဟောင်းကိုပစ်ပြီး နောက်ကောင်နဲ့သာယာတာ ကြည့်မကောင်းဘူး !! ဖုန်းယူချင်ရင် ကျွန်တော်ဘောင်းဘီအိတ်ကပ်ထဲနှိုက်ယူလေ !!! "

ဝမ်ရိပေါ် !!! ဆိုတဲ့ကောင်ကလေတော်တော်ကိုရိုက်သတ်ချင်စရာကောင်းတယ်!! ချစ်သူဘဝမှာရောအိမ်ထောင်ဘဝမှာရော! ဝမ်ရိပေါ်ကသူ့အလိုကျအမြဲချုပ်ချယ်တယ်။အမြဲလူကိုအနိုင်ကျင့်တယ်!! ချစ်သူဘဝမှာလည်း ကိုယ်ရှိရက်နဲ့အခြားမိန်းကလေးတွေနဲ့တွဲတယ်!! ဘာမှမပြောခဲ့ဘူး!! ဘာမှမပြောခဲ့တာလည်း ချစ်လွန်းလို့!!!

ဝမ်ရိပေါ်ဆိုတဲ့အယုတ်တမာကောင်က သူသိပ်ချစ်မှန်းသိတော့ သိပ်အနိုင်ယူတာ!!!

အခုတော့ဝမ်ရိပေါ်ကိုချစ်သေးလားလို့တစ်စုံတစ်ယောက်ကသူ့ကိုမေးလာခဲ့ရင် လုံးဝမချစ်တော့ဘူးလို့ခပ်ပြတ်ပြတ်ဖြေမှာ!!

" ကဲ ယူပါဆို ကြာတယ် !! စိတ်မရှည်ဘူး ! "

နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်း ခေါင်းငုပ်ကာ ဝမ်ရိပေါ်ရဲ့ဘောင်းဘီအိတ်ကပ်ထဲလက်နှိုက်ခါနီး ပြုံးပြုံးကြီးကြည့်နေသောဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်ဆက်မလုပ်နိုင်ပေ။

တော်ပြီ တော်ပြီ!!! ဝမ်ရိပေါ်အကြောင်းကိုကောင်း​ကောင်းကြီးသိတာမို့ ဆက်မလုပ်နိုင်ပေ!!!

" ceo ကျေးဇူးပြုပြီးပြန်ပေးလို့ရမလား? တကယ်တောင်းဆိုတာပါ !! "

" Ok လေ !! ခင်ဗျားကတောင်းဆိုနေတော့ ကျွန်တော်ဖုန်းပြန်ပေးလိုက်မယ်!! ဒါပေမယ့် အဲ့ကောင်နဲ့စကားဆက်မပြောနဲ့တော့ မဟုတ်ရင် ကျွန်တော်အကြောင်းကောင်းကောင်းကြီးသိစေရမယ်။ "

~~~~~~~~~~~~~






You are reading the story above: TeenFic.Net