'' မမငွေ !!!...."
" ဒေါက်....ဒေါက် ...''
" မမငွေ !!! ......''
'' ဟင်း.... ဘယ်သူလဲ ကိုဟိန်းလား.... ''
ဒီနေ့မှာ ယုယုဟာ ဖေဖေ့အမကြီးတို့ဆီ သွားနေလို့ ဒီနေ့ ငွေအိပ်ခန်းမှာ ငွေတယောက် တည်းပင်... ကိုဟိန်းက တံခါးလာခေါက်တာကြောင့် ငွေ့ ဖုန်းနာရီကို ယူကြည့်လိုက် တော့ ၁၁ နာရီထိုးနေပြီး..... ဒီကောင်လေး ဘာဖြစ်လို့ပါလိမ့်.... ငွေအိပ်ရာက ထကာ အခန်းတံခါး ဖွင့်လိုကတော့...ကိုဟိန်းက ငွေ့အခန်း ပေါက်တွင် ရပ်နေပြီး... ဖေဖေကတော့ လှေကားထိပ် တွင်ရပ်နေသည်....
'' ဘာဖြစ်လို့လဲ ကိုဟိန်း.....''
'' ဟို... ဟို... ကိုမြတ်ဘုန်း ဖျားနေလို့ မမငွေ ... ကျနော်လဲ ဘာမှာ မလုပ်တတ် လို့.... မမငွေကို လာခေါ်တာ....''
'' ဟင်... ဟုတ်လား ဖျားရအောင် ၊ ကိုရန်နိုင်ပြန်သွားတာတောင် မကြာသေးဘူး ၊ ကိုရန်နိုင် ရှိကတည်းက ဖျားနေတာလား...''
'' မဟုတ်ဘူး... မမငွေ ကိုရန်နိုင် ပြန်သွားတော့ ညနေဘက် ရေချိုးပြီး ညမှာ ဖျားလာ တာ ၊ အခုက အဖျားတော်တော်တက်နေလို့ ကျနော် ဘာလုပ်ရမှန်း မသိလို့ မမငွေ...''
'' အင်း!.. မမငွေ အခု လိုက်ခဲ့မယ်...''
'' လိုက်မသွားနဲ့ သမီး...''
'' ရှင့် !!...''
'' ဖေဖေ နိုင်နိုင်ကို ကားနဲ့ သွားခေါ်ခိုင်းထားတယ်... လာရင်သာ သက်တောင့် သက်သာ နားဖို့သာ စီစဉ်ထားလိုက်..''
'' ဟုတ်ကဲ့... ဖေဖေ...''
ကိုဟိန်းနဲ့ ဖေဖေ အောက်ထပ်ဆင်းသွားတော့ ငွေလည်း လိုက်ဆင်းလာကာ မောင့်ကို သွားစောင့်နေလိုက်၏ မေမေနဲ့ ဖွားမေက အိပ်နေကြပုံပင်.... ခဏနေ မောင် နဲ့ နိုင်နိုင် ရောက်လာ၏ ရောက်လာတော့လဲ သိပ်မဖျားသလို့ပင်.... သူဘာသာ သူ ကားပေါ်က ဆင်းလာပြီ အိမ်ထဲ ဝင်လာလေသည်... ဖေဖေက...
'' မင်းဖျားနေရင်း အပေါ်ထပ်က သမီးအခန်းမှာ သွားနားလိုက်... သွားနားကြတော့ ညနက်နေပြီ... ကိုဟိန်းနဲ့ နိုင်နိုင်လည်း ကားယူသွားပြီး ပြန်တော့...
'' ဟုတ် လေးလေး....''
'' ဟုတ်ကဲ့..... ''
ဖေဖေက ငွေတို့ကို ပြောကာ သူ့အိပ်ခန်းထဲသို့ ဝင်သွားလေပြီ ဖြစ်သည်။
-
-
-
-
-
'' မောင် တောင်းပန်ပါတယ်.... မောင်ကြောင့် မောင့်မိန်းမ ပင်းပန်းခဲ့ရတယ်...''
ငွေ မောင်ဖက်ထားတာကို ရုန်းလိုက်ပြီး မောင့်နဖူးကို စမ်းလိုက်ရင်း...
'' အခုက ဖျားနေတယ်မလား... ခုတင်ပေါ် လှဲနေလိုက်အုန်း....''
ငွေက ခြင်ထောင်ကို မပေးတော့ မောင်က လှဲလိုက်ပြီး ငွေလက်ကို ဆွဲထား၏
'' ငွေ အောက်မှာ အပူကျတောင် ရေခဲကပ်ပေးမလို့ ၊ ရေခဲသွားယူလိုက် အုန်းမယ်...... ညနေက ဘာစားထားသေးလည်း ၊ ဆေးရော သောက်ပြီးပြီး လား....''
'' အဲဒါက အရေးမကြီးဘူး ၊ မောင့်ကို ခွင့်လွတ်တယ် ပြောအုန်း....''
'' ရှင့်ကို ခွင့်မလွတ်ရင်း ၊ ရှင့် ဒီအခန်းထဲ ရောက်နေပါမလား.....''
'' ဟာကွာ..၊ တရှင့်ရှင့်နဲ့ မောင့်ကို မောင်လို့ ပြန်ခေါ်အုန်း... ငွေ မောင့်လို့ မခေါ်တော့ ဒီနားက ဘယ်လောက်တောင် နာရတယ် အောက်မေ့လဲ.... မောင်လို့ ပြန်ခေါ်နော် .....''
ငွေလက်ကို မလွတ်တမ်းကိုင်ထားပြီး မောင့်ရဲ့ဝဲဘက်ရင်အုံပေါ် ငွေလက်ကို တင်ထားရင်း ပြောနေလေသည်... ငွေ့မျက်စောင်း ထိုးပစ်လိုက်ပြီးး..
'' မောင်... မောင်..... ကဲ ရပြီလား...''
'' ဗျာ့ ..... ဗျာ့.... ရပြီး.... ''
'' လက်လွတ်တော့ ငွေ အောက်ဆင်းပြီးး မောင့်စားဖို့ တခုခုသွားလုပ်လိုက် အုန်းမယ်....''
'' မြန်မြန်ပြန်လာနော် မောင့်မိန်းမ မောင့်နေမကောင်းဘူးရယ်......''
ငွေလက်ကို တရွတ်ရွတ်နမ်းရင်း မှာနေတဲ့ မောင့်ကို မျက်စောင်းထိုးကာ ငွေ အောက်ထပ် ဆင်းပြီး အသင့်ရှိတဲ့ ခေါက်ဆွဲထုတ်ကို ပြုတ် ရေခဲထည့်ထားတဲ့ခွက်ရယ် ယူကာ အပေါ်ပြန်တက်ခဲ့လေသည်.....
'' မောင်... ထ...ခေါက်ဆွဲနည်းနည်း စားလိုက်အုန်း.... ကော်ဖီတော့ မဖျော်ခဲ့ တော့ဘူး... အိပ်မပျော်မှာဆိုလို.... ''
'' အင်း....''
မောင်က နည်းနည်းသာ စားပြီး....
'' မောင် တော်ပြီ ငွေ.....''
ငွေ မောင့်ဆီက ခေါက်ဆွဲပန်းကန်ယူကာ ကုတင်ဘေးက ခုံပေါ်တင်ထားလိုက်သည်.. မောင်ကို ခုတင်ပေါ် ပြန်လှဲခိုင်းပြီး ရေခဲဝတ် ကပ်ပေးဖို့ လုပ်နေလေ သည်.....
'' ငွေ အဲဒါထားပြီး မောင် ပြောတာ နားထောင်အုန်း....''
ရေခဲဝတ်ကို ဇလုံထဲ ပြန်ထည့်လိုက်ပြီး ခုံပေါ်တင်ကာ မောင်လှဲနေတဲ့နား ထိုင်လိုက်ပြီး...
'' မောင့်တို့အကြောင်းလား ၊ ကိုရန်နိုင်လည်း ပြောပြပြီးပြီး... မောင့်မာမီကလည်း ငွေကို ပြောပြတယ်.... ငွေ အားလုံး သိပြီပြီး...''
'' ဒါတောင် မောင့်ကို ခွင့်မလွတ်ဘူးလား....''
'' အခု မောင့်ကို ခွင့်လွတ်တယ်လေ....ငွေစိတ်ဆိုးတာက မောင် ငွေကို ညာလို့ ၊ ရွာကို လိုက်လာခဲ့ကတည်းက မောင် မမှားလို့ လိုက်လာတာမှန်း ငွေ သိတယ်.... ဒါပေမဲ့ ဟန်သွယ်ဆုနဲ့ လားရှိုးရောက်ကတည်းက တွေ့တာကို ငွေကို လိမ်ထားလို့ ငွေ စိတ်ဆိုးတာ....''
'' မောင် ဟန်သွယ်ဆုနဲ့ လားရှိုးမှာ တွေ့တော့ မောင့်အလုပ်ကို လက်မခံတော့ဘဲ ပြန်ဖို့ စဉ်းစားလိုက်တယ်.... ဒါပေမဲ့ နယ်ထိ လိုက်လာတဲ့ ဝန်ထမ်းတွေက အများကြီး သူတို့အတွက် မောင် စဉ်းစားပေးရမယ်..... ဒါနဲ့ မောင် ဆက်လုပ် ဖြစ်ခဲ့တာ... မောင့်တာဝန် ယူရမဲ့အပိုင်းကို မြန်မြန်ပြီးအောင် သိပ်အနားမယူဘဲ လုပ်နေတာ... မြန်မြန်ပြီးရင် ငွေဆီ မောင် မြန်မြန်ပြန်ရမယ် လေ....
ဟန်သွယ်ဆုကလည်း အဲ့မှာ စကယ်တရီလို့သာ ပြောတာ မစ္စတာဝမ်နဲ့ က မရှင်းမရှင်း ဆိုတော့... သူ မောင့်ကို အာရုံထားလိမ့်မယ်လို့ မောင် မထင်မိဘူး...အဲဒါကြောင့် ငွေကို မပြောပြဖြစ်တာ ၊ ပြောရင်း ငွေ စိတ်ရှုပ်ရမယ်.. သူ မစ္စတာဝမ်နဲ့ ဖြစ်ပျက်နေတာထိ တော့ သူပါဆင်နယ်မို့လို့ မောင် ငွေကို ပြောမပြချင်ဘူး ...မောင် သူကို့ လျှော့တွက်မိ တာပေါ့ ..."
"ငွေကို လာရှိုးလိုက်မလား စေချင်တာ သူရှိလို့လား"
" မဟုတ်ဘူး ငွေ ၊ ဒါကမှန်သော် စကားပါ ၊ ငွေလိုက်လာရင် မောင်အလုပ် အားသွန်း ခွန်စိုက် လုပ်နေတုန်း ငွေကို ဂရုတစိုက် လိုက်ပို့မပေးနိုင်မှာဆိုလို့ မလာစေချင်တာပါ ၊ မောင်အလုပ်ပြီးလို့ ငွေကို ခေါ်လည်မယ်ဆိုတဲ့ စိတ်ကူးမောင်မှာရှိတယ်။ အဲဒီကျရင်း ငွေလည်း ဟန်သွယ်ဆုအနေအထားကို မြင်ရင်း သဘောပေါက်မယ်လို့ မောင် ထင်တယ်။ တကယ်ကွာ ဟန်သွယ်ဆုအနေအထားကိုကြည့်ပြီး မောင်ကို အညှိုးထားလိမ့်မယ်လို့ မထင်မိဘူး...."
'' ထိုင်းကို ဘယ်လို့ သွားဖြစ်တာလဲ...''
''မစ္စတာ ဝမ်က မောင်တို့ အလုပ်လုပ်တာ သဘောကျတော့ သူ့သားရှိတဲ့ ထိုင်းက သူ့ကွန်ဒိုကို လိုက်ပြတာ.... သူ့က လားရှိုးမှာ ကွန်ဒို ဆောက်ချင်လို့လေ အဲဒါနဲ့ မောင်က လိုက်ကြည့်တာပါ.... သွားတုန်းက မောင်က နေ့ချင်း ပြန်ဆိုပြီး သွားတာ... မစ္စတာဝမ်နဲ့ ဟန်သွယ်ဆုက ထိုင်းမှာ နေခဲ့ကြအုန်းမယ်.... ဟိုရောက်တော့ ကွန်ဒိုလိုက်ကြည့်ပြီး ဟန်သွယ်ဆုက သူတို့တည်းတဲ့ ဟိုတယ်မှာ ဒင်နာ လိုက်စားပါ... လေယာဉ်ချိန်ကလည်း လိုသေးတယ် ... ပြောလို့ မောင်လည်း ဒင်နာလိုက်စားလိုက်တာ.... ဒင်နာ စားနေတုန်း မစ္စတာ ဝမ် သားက ထိုင်း Club တခုမှာ ပြဿနာ တက်နေလို့ဆိုပြီး သူ့ဆီ ဖုန်းဆက် လို့ မစ္စတာဝမ် အရေးတကြီး ထွက်သွားရတယ်... ဟန်သွယ်ဆုနဲ့ မောင်ဘဲ ဒင်နာ ဆက်စားနေရတယ်.... သူက မောင့်ကို အရက်အပြင်းစားတွေထဲ အိပ်ဆေးခပ်ထားပုံရတယ်.... မောင်က တော်ရုံ မူးခဲပြီး... အိပ်ခဲတယ်...''
'' သူက အဲပုံတွေကို တယောက်ယောက် အကူအညီ မပါဘဲ ရိုက်လို့မရဘူး မလား.... နောက် ဟိုတယ်က CCTV တွေရှိနိုင်သလို... လုံခြုံရေးလည်း ရှိတယ် မလား...''
'' ဟုတ်တယ်... ငွေ သူ့မောင်ဝမ်းကွဲက အဲ့က ဟိုတယ်ဝန်ထမ်းလေ .... သူ့ အလုပ် မပြုတ်ချင်တော့ သူအမကို အချိန်အများကြီး မပေးနိုင်ဘူးလေ... အဲကြောင့် မောင်ကို အိပ်ဆေးလောက်ဘဲ ခတ်တာ အချိန်သာရရင်း ဆေးခတ်ပြီး ဒီထက် အမှုကို ကြီးအောင် ဖန်းတီးနိုင်တယ်....''
'' အမယ်လေး ကြောက်စရာကြီး ဒါကြောင့် အိပ်နေတဲ့သူကို အရက်မူးနေ့လို သူနဲ့ အတူနေပါတယ် ဖြစ်အောင် လုပ်တာပေါ့...''
'' ဟုတ်တယ်... မောင်နဲ့ ဘာမှာ မဖြစ်ခဲ့ဘူးလို့ မောင်က ဘယ်လောက် ငြင်းငြင်း သူ့က ဓါတ်ပုံသက်သေ၊မူးနေပါတယ်ဆိုတဲ့ သက်သေတွေနဲ့ မောင့်ကို ငြင်းမရအောင်လုပ်မယ်.... ယောကျာ်းနဲ့မိန်းမ အဲလိုအနေထားမျိုး ဖြစ်ကြပြီးဆိုရင် အများအားဖြင့် မိန်းကလေးဘက်ကဘဲ အမှန်ဖြစ်တယ် မလား.. ဘယ်သူမှာ ယောကျာ်းလေးဘက်က ဘယ်လောက်အမှန်ပြော ပြော မယုံကြဘူး မလား....သူ့က အဲဒါနဲ့ မောင်ကို ချုပ်ထားတာလေ... အိပ်ဆေး မခတ်လဲ အရက်အရမ်းမူးနေတဲ့ သူက ဘာမှာကို မလုပ်နိုင်တာ...''
'' ဟင်... ဟုတ်လို့လား...''
'' ဟုတ်တယ် ငွေ၊ မူးကွဲနေတဲ့သူက ဘယ်သူ ဘာလုပ်နိုင်မလဲ၊ လမ်းပေါ်မှာ မူးလဲနေတဲ့ သူတွေ သူများကို စော်ကားဖို့ နေနေသာသာ သူ့ကိုယ်သူတောင် မဟန်နိုင်ဘူးလေ... မြင်ဘူးတယ်မလား ငွေ.... ဒါတွေကို အရက်သမားတွေ ကောင်းကောင်းသိ ကောင်းကောင်းနားလည်တယ်....''
'' ဒါပေမဲ့ မောင် ငွေကို မူးနေလို့ အခန်းမှားအိပ်မိလို့ ဆိုပြီး ယူတာလေ....''
'' ဟား... ဟား...ဟား... အဲဒါငွေကို ယူချင်လို့ မူးချင်ယောင်ဆောင်လိုက်တာ လေ မောင်က ဘီယာနှစ်ခွက်လောက်နဲ့ မူးနေမလား...''
'' ဟင်း... ဒါဆို မောင် ညာယူတာပေါ့...''
'' အွန်း...''
'' ဟယ်... ကဲ....''
ငွေ မောင်ကို ရိုက်လိုက်တော့ မောင်က မရှောင်တော့ဘဲ အရိုက်ခံလိုက်ပြီး
'' ငွေ ခြင်ထောင်ထဲဝင်တော့ ခြင်ကိုက်မယ်.. ခြင်ထဲကျမှာ စကားဆက်ပြော''
ငွေခြင်ထောင်ထဲဝင်ကာ မောင်ဘေးနားလှဲချလိုက်လေသည်... မောင်က ငွေကို သိုင်းဖက်လိုက်ပြီးး
''ငွေက မောင် တရားဝင်လက်ထပ်ဖို့ တောင်းဆိုရင်း ငြင်းမယ်မလား... မရရင် တဖက်ရွာက အဒေါ်တွေဆီ သွားနေမယ် မောင်တို့ ပြန်မှာ ပြန်လာမယ်... ပြော တာကို မောင် ကြားတယ်ရယ်... ငွေ့မိဘတွေကလည်း ငွေကသာ ငြင်းရင်း သေချာပေါက် သဘောတူပေးမှာ မဟုတ်ဘူး.... ငွေမိဘတွေကို မောင်နဲ့ ပတ်သတ်ပြီး ပြောနေတာကိုလည်း မောင် ကြားခဲ့တယ်... ငွေမိဘတွေ ငြင်းလို့မရတဲ့အနေအထားမျိုး ရောက်အောင်ထိ အခြေအနေကို ဖန်းတီး လိုက်တာပေါ့....''
'' ဟယ်... လူလည်ကြီး.... အဲ့နေ့က မောင်က ငွေတယောက်တည်းမှန်း သိနေတာလား..''
'' မောင်တို့ ဘီယာဆိုင် ပြန်လာတော့ ယုယုက တဖက်အိမ်မှာ အိပ်မယ်လို့ ငွေမေမေနဲ့ ပြောနေတာ မောင်တို့ ကြားခဲ့တယ်...အဲဒီထိလည်း မောင့်အကြံ မရသေးဘူး... မောင် ညကျ အိမ်သာကအပြန် ငွေအိပ်ခန်းတံခါးက ဟ နေတာနဲ့ မောင်အကြံရသွားပြီး.... ငွေအနား ဝင်အိပ်နေတာ...မနက်ကျ လူကြီး တွေ မဖြစ်မနေ ပေးကို ပေးစားအောင် ဖန်းတီးပစ်လိုက်တာပေါ့... မောင်က အဲအကြံမရခင်က ငွေကို လက်ထပ်ဖို့ Plan B ရှိတယ်.. သိလား...''
'' ဟင်း... ၊မောင် Plan B ကဘာလဲ......''
'' ဟင်း ဟင်း ငွေကိုတောင်းရင်း ငြင်းမှာသိလို့ မောင်က အလှူပြီးတာနဲ့ ငွေကို ရန်ကုန်ထိ ခိုးပြေးဖို့ Plan လေး...''
'' ဟယ်... မောင် မကောင်းဘူး....''
'' မောင် ကောင်းပါတယ်... မောင် ကောင်းကြောင်း သိချင်လား..''
'' သွား... နေအုန်း...ငွေ မေးအုန်းမယ်...''
'' မေး....မွ...မွ..''
'' အခု... ဟန်သွယ်ဆုက လားရှိုးမှာဘဲလား....''
"ဟင့်အင်း....မဟုတ်တော့ဘူး...''
'' ဘယ်ရောက်သွားလဲ....''
''သူဘယ်ရောက်သွားလဲလို့ မောင်မသိဘူး... မောင် သူ့ကို ပြောသာဘဲ ငွေတို့ကို မထိဖို့ သူ့မှာ နားမထောင်ဘဲလေ....''
'' မောင် ဘာလုပ်လိုက်တာလဲ....''
'' မောင်နဲ့ သူ အဲဒီကိစ္စဖြစ်ပြီး မောင်လားရှိုးပြန်ရောက်တာနဲ့ မောင့် မစ္စတာ ဝမ် မိန်းမကို သွားတွေ့ဖို့ လုပ်တယ်.... မစ္စတာဝမ် အမျိုးသမီးကလည်း လားရှိုးမှာ ရှိမနေဘူး.. သူ့ကိုလည်း ထပ်စောင့်နေရတာပေါ့... အဲ့ဒါကြောင့် ငွေဆီကို ချက်ချင်း မောင်လိုက်မလာနိုင်တာပါ ။
နောက်ရက်မှာ သူ့အမျိုးသမီးနဲ့ မောင်တွေ့ခွင့်ရတယ်... မောင်က သူယောကျာ်းနဲ့ ဟန်သွယ်ဆုအကြောင်း ပြောပြလိုက်တယ်.... ဟန်သွယ်ဆုက မောင့်ကို ငွေနဲ့မကွဲ ကွဲအောင် ငွေတို့ အထင်လွဲအောင် တမင်ဖန်းတီးထားတဲ့ကိစ္စကိုပါ မောင်ပြောပြ အကူညီ တောင်းလိုက်တယ်.... မစ္စတာဝမ်အမျိုးသမီးက သူ့ယောကျာ်းနဲ့ဟန်သွယ်ဆု အကြာင်းကိုရော၊မောင်တို့ ထိုင်းမှာ ဖြစ်တဲ့ကိစ္စကိုရော အားလုံးစုံစမ်းပြီး ဟန်သွယ်ဆုကို ခေါ်ပြီး ...သူယောကျာ်းနဲ့ ဖြစ်တဲ့ကိစ္စကို သက်သေတွေနဲ့ပြတယ်...
မောင်နဲ့ သူဘာမှာ မဖြစ်တာ ဝန်ခံမလား... ဝန်မခံဘူးဆိုရင် သူ့ ယောကျာ်းနဲ့ ဖောက်ပြန်တဲ့ကိစ္စကို သူက လူသိရှင်ကြားဖြစ်အောင် လုပ်မယ်လို့ ချိမ်းခြောက်တယ်..... သူ့မောင်လေး ထိုင်း Hotelမှာ ဝန်ထမ်းစည်းကမ်း မလိုက်နာဘဲ... ဧည့်သည်ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးချိုးဖေါက်မူနဲ့ သူက တရားစွဲပစ်မယ်.... ကူညီတဲ့သူတွေ အကုန်လုံးကို တရားစွဲမဲ့အကြောင်း အကြပ်ကိုင်လိုက်တော့ သူက နောက်ဆုံးဝန်ခံသွားတယ်.... မောင်က အဲဒါကို Record ယူထားတယ်.... ငွေက မောင့်ကို ကွာရှင်းခွင့်တောင်းရင် မောင့်က အဲဒီ Record ပြငြင်းမယ်ပေါ့...''
'' ဟင်း ဒါဆို မောင်ရွာရောက်ကတည်းက အဲဒီ Record ပြတာမဟုတ်ဘူး...''
'' ပြဖို့နေနေသာသာ ငွေတို့က မောင့်ကို စကားတောင် အပြောမခံဘူး.. မောင် က အဲဒါထက် မောင် ပြောတဲ့ စကားကို ငွေကို ယုံကြည်စေချင်တာ..''
'' အင်းပါ... အခု ဟန်သွယ်ဆုလည်း နောက်တရ နေမှာပါ ... မောင် ညလည်း နက်ပြီး ဖျားလည်း နေတာကို အိပ်တော့...''
ငွေက ထပြီး ခြင်ထောင်အပြင်ထွက်ဖို့ ဟန်ပြင်တော့...
''ဟင့် ငွေက ဘယ်မှာ သွားအိပ်မလို့လဲ....''
'' ယုယုအခန်းမှာ သွားအိပ်မလို့....ဒီနေ့ ယုယုမရှိဘူး....''
'' ဟာကွာ ငွေကလည်း မအိပ်ရပါဘူး.... မောင်အနား လာအိပ်...''
ညလည်းနက်နေတာ တကြောင်း အိပ်လည်း အိပ်ချင်ပြီးမလို မောင်စကား လည်း ခွန့်တုန့်ပြန်မနေတော့ဘဲ... မောင့်အနားကပ်လှဲကာ အိပ်လိုက်တော့ သည်၊
'' မောင့် ငွေကို ဖက်မအိပ်ရတာ တော်တော်ကြာနေပြီ... မောင် အရမ်း လွမ်း နေတာ.... ငွေကို မောင် သိပ်ချစ်တယ်.....''
မောင်ရဲ့ချစ်စကားတွေနားထောင်ရင်း ငွေရဲ့အိမ်မက်ကမ္ဘာလေးထဲမှာ ငွေရယ် မောင်ရယ်...ငွေတို့ ကလေးတွေရယ်နဲ.....
**************** ****************** ***************
အပိုင်း( ၃၇ ) ဆက်ရန်
ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ။ 😁
စာတင်တာ နည်းနည်းနောက်ကျသွားလို့ မီးယားနဲ့ 😊
စာကတော့ စစ်လိုက်တာဘဲ၊ပထမဆုံး စရေးတဲ့fic ဖြစ်လို့ လိုအပ်ချက်များကော စာလုံးပေါင်းအမှားများရောကို သည်းခံဖတ်ပေးကြပါရှင့်
လိုအပ်ချက်များကိုလည်း ပြောပြပေးလို့ရပါတယ်ရှင့်၊
ဖတ်ပေးသူ တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်
ကျန်းမာရွှင်လန်းကြပါစေရှင့်....
#With Love
#Author:HNINN Pann Mho
#နှင်းပန်းမိုရ်
#မြတ်ဘုန်းမော်+ငွေမှုန်းခင်
You are reading the story above: TeenFic.Net