အပိုင်း( ၃၄ )

Background color
Font
Font size
Line height


ဦးခင်အောင် ဆန်စက်ရောက်တော့ မြတ်ဘုန်းမော်ကို သူ့ရုံးခန်း အပါ်ထပ်မှာ ထားသည်ဆို၍ မြတ်ဘုန်းမော်ကို ခေါ်ခိုင်းလိုက်ကာ သူ့ရုံးခန်းမှာ ထိုင်စောင့် နေလိုက်သည်.... မြတ်ဘုန်းမော် ဆင်းလာတော့ သူ့ရှေ့က ခုံကို မေးငေါ့ ပြကာ ထိုင်ခိုင်းလိုက်လေသည်...

''ဟျောင့်...! မြတ်ဘုန်းမော် မင်းကိစ္စ ပြောပါအုန်း.... ငါ့အိမ်က မိန်းမနဲ့ ယောက္ခမ ကတော့ မင်းကို ခါးခါးသီးသီးကို လက်မခံဘူး... မင်းဖြစ်ခဲ့တာ ငါကို ပြောပြ.....''

'' ဒီလို ဖေဖေရာ .................. .................. .................... .................. .........................
.................. .................. .................... .................. ......................... ..........................
.................. .................. .................... .................. ......................... ..........................
.................. .................. .................... .................. ......................... ........................ ''

'' အေး ဒါမျိုးတွေက ဖြစ်တတ်ပါတယ်.... ငါက စီးပွါးရေးလုပ်နေတော့ ဒါမျိုး ကိစ္စတွေ ကြားဖူးတယ်ကွ.... ငါလည်း အဲလို့ ထင်လို့ ငါ့မိန်းမကို နားချကြည့် တာဘဲ.... ဒါပေမဲ့ အခုလက်မခံသေးဘူး... မင်းကို မြင်တော့ သွေးပူနေတုန်း ပိုဆိုးနေတာပေါ့... မင်းက ချက်ချင်း လာလဲ မဖြေရှင်းဘူး ၊ တပတ်လောက် နေမှာ ရောက်လာပြီး ဖြေရှင်းတော့ လွယ်လွယ် ဘယ်လက်ခံအုန်းမလဲ...ငါ့သမီးကတော့ မင်းကို ကွာရှင်းဖို့ ရှေ့နေ ဌားပြီး နေပြီး မင်းဘယ်လို့ လုပ်မလဲ...''

'' ကျနော့် ကွာမပေးနိုင်ဘူး ဖေဖေ ၊ ကျနော်.. ကျနော်...''

မြတ်ဘုန်းမော် ပြောရင်း ခေါင်းငုံချလိုက်လေသည်...

'' ဟူးးး .. မင်းရန်ကုန်အိမ် မဝင်ခဲ့ဘူးနဲ့တူတယ်.... သမီးရှေ့နေက ပြီးခဲ့တဲ့ သောကြာကမှာ ရန်ကုန်အိမ်လိပ်စာနဲ့ ကွာရှင်းစာချုပ် ပို့ထားတယ် ထင်တယ်... ''

'' ကျနော့် မဝင်ခဲ့ဘူး ဖေဖေ ၊ ကျနော့် လားရှိုးမှာ ရှင်းစရာရှိတာတွေ ရှင်းပြီး၊ ဒီကို အမြန်လိုက်လာခဲ့တာ... ငွေ ပြန်သွားပြီးကို မာမီနဲ့ ဖုန်းရတုန်းက ပြောတယ်... နောက် ငွေ့သူငယ်ချင်းကိုလည်း ဖုန်းဆက် မေးကြည့်ပြီးလို့ သိပြီးပြီး ဖေဖေ...''

'' အေး..! နောက် သမီးငွေက ကိုယ်ဝန်ပါလာတယ်..... ဒါလည်း ဒီရောက်မှာ ကိုယ်ဝန်ရှိ နေလား ၊ မသင်္ကာလို့ သူ့အမေ စစ်ကြည့်လို သိတာ တော်သေးတာပေါ့ ။ ဘာမှာ မဖြစ်လို့ကွာ... မင်း ကလေးအတွက်လည်း စဉ်းစားပေါ့... ''

'' ကျနော် ငွေကို ကလေးမရှိလည်း ရအောင် ပြန်ခေါ်မှာပါ ဖေဖေ... ကလေး ရှိတော့ ပိုဆိုးသွားပြီးပေါ့... ငွေနဲ့ လည်း ဘယ်တော့မှာ ကွာရှင်းမှာ မဟုတ်ဘူး... အခု ငွေမှာ ကိုယ်ဝန်နဲ့မို့လို့ ကျနော့် ဇွတ်အတင်းလည်း မလုပ်ရက်ဘူး..''

'' အေးပါ...၊ မင်းသဘောထားကို သိရတာ ကောင်းပါတယ်.. ငါသမီးက ခေါင်းမာ ချင်ရင်းလည်း စွတ်မာတယ်ရယ်... မင်းအနေနဲ့ကလည်း စိတ်ရှည်ရှည်နဲ့ ချော့ ခေါ်ပေါ့... ငါလည်း ငါ့သမီးနဲ့ မင်း ပြေလည်ဖို့ထက် ..သူ့အမေနဲ့ ငါ့ယောက္ခမ မင်းကို လက်ခံဖို့ ငါ့ကြိုးစားပေးမယ် ..သမီးငွေကလူကြီးတွေစကားနားထောင်တော့ သူတို့တွေ မင်းကို လက်ခံဖို့ အရေးကြီးတယ်.. ရှေ့နေဌားပြီး ကွာရှင်းခိုင်းတာလဲ မင်းယောက္ခမဘဲ... ဒါနဲ့ ဒီလာတော့ မင်းအလုပ်တွေကော...''

'' ကျနော့် မန်နေဂျာတွေနဲ့ လွှဲထားခဲ့တယ်.... လောလောဆယ်ဆယ်တော့ ဒီကနေ ညွှန့်ကြားပေါ့... ငွေ စိတ်ဆိုးပြေမှာ သွားကြည်မယ် ဖေဖေ...''

ဦးခင်အောင် အလုပ်သမားလေး တယောက်က မြတ်ဘုန်းစားဖို့ ထမင်းလာပို့ လေသည်...ဦးခင်အောင် မြတ်ဘုန်းမော်ကို...

'' ဟျောင့်..! ထမင်းတော့ ငါ့ကောင်လေးတွေ စီစဉ်ခိုင်းထားတယ်... ကိုဟိန်းကိုတော့ မင်းနဲ့ ညဘက် လာစောင့် အိပ်ပေလိမ့်မယ်... ငါ့ မန်နေဂျာ ကောင်လေးလည်း မကြာမကြာ မင်းတို့ကို အဖေါ်လုပ်ပေးမှာပါ.... စားတာတော့ ဒီက အလုပ်သမားတွေကို ချက်ကျွေးတာ မင်းစားရမှာ ၊ မစားနိုင်ရင် ကလေးတယောက်လောက်ခေါ်ပြီး ဒီနားမှာ ဆိုင်ရှိတယ် ဒီက ကလေးတွေ သိတယ် သွားဝယ်ခိုင်းပြီး စားလိုက် .... ကြားလား..''

'' ဟုတ်ကဲ့ ဖေဖေ ... ကျနော် မဆာ ပါဘူး...''

'' မင်း ဒီမှာ နေရအုန်းမှာ ၊ ငါသမီးက ချက်ချင်းတော့ လက်ခံအုန်းမယ် မထင်ဘူး..... ထမင်းကို ဝင်သလောက်တော့ စား ၊ အားရှိအောင် နေ ကြားလား...''

မြတ်ဘုန်းမော် ခေါင်းငြိမ့်လိုက်ရပေမဲ့ ၊ ထမင်းကတော့ တကယ် မစားချင်ပေ...
ဟူးးးး ငွေရာ မောင့်ကို တချက်လောက် ငဲ့ကြည့်ပေးပါလားကွာ....

ဦးခင်အောင် ခုံမှာ ထ လိုက်ကာ ပြန်ဖို့ ပြင်နေပြီးဖြစ်လို့....

'' ဒါနဲ့ ဖေဖေက ကျနော့်ကို ဘာလိုကူညီတာလဲ... တကယ်ဆို ဖေဖေက ပို စိတ်ဆိုးသင့်တာကို.... ဖေဖေက ငွေကို ပိုချစ်ခဲ့တာမလား....''

'' အင်း.... ငါ ဘာလို့ မင်းကို ကူညီနေသလဲဆိုတော့ ငါ့သမီးလေးကို မင်း တကယ် ချစ်တယ်ဆိုတာ ယုံလို့ဘဲ.....မင်း ငါ့သမီးကို မမူးဘဲနဲ့ လိမ်ယူတာလည်း ငါသိတယ်... ငါဘယ်လို သိလဲ မင်းတွေးနေတယ်မလား... မင်းတို့ သူငယ်ချင်းတွေ ပြောနေကြတာကို ငါကြားခဲ့တာ... သိသိချင်းတုန်းက မင်းကို ငါ ထိုးမလို့ ဘဲ... မင်းရဲ့ နောက်ဆက်တွဲ စကားကြောင့် ငါမထိုးဖြစ်တော့တာ အဲကြောင့်ဘဲ ကြည်ကြည်ဖြူဖြူ သဘောတူပေးခဲ့တာ...

အခုကိစ္စကြတော့ ငါ့စီးပွါးဖက်တွေမှာလဲ ဒီလိုမျိုးကိစ္စတွေ ကြားဖူးလို့ ၊ သူတို့ ငါ့မိန်းမဖုန်းကို ပုံတွေ ပိုတော့ မဖြစ်နိုင်ဘူးလို့ ငါထင်တယ်လေ... ငါ့က ငါ့သမီးကို တခုလပ် မဖြစ်စေချင်ဘူး.. နောက် ငါ့မြေးလေးတွေကိုလည်း ဖအေတကွဲ မအေတကွဲ မဖြစ်စေချင်ဘူး မင်းလည်း ဟိုဘက်ကို ရှင်းပြီးရင်း... ငါ့သမီး ကြည်ဖြူအောင် ကြိုးစားပေါ့... ငါ့ဘက်ကလည်း တတ်နိုင်သလောက် ဖျောင်းဖျ ပေးမယ်...''

'' ဟုတ်ကဲ့ ဖေဖေ .... ကျေးဇူးတင်ပါတယ်ဗျာ့...''

'' အေး ... ၊ အဲဒီဖေဖေဆိုတာကြီးလဲ ငါ့ကို လျှော့ခေါ် မအေဘေးလေးရ....''

ဦးခင်အောင် ပြောရင်း ရုံးခန်းထဲမှာ ထွက်ကာ အိမ်ပြန်ရန် ကားရှိရာ လျှောက် လာခဲ့လေသည်.....

-
-
-
-
-

'' မမငွေ.... မမငွေ... သိလား ကိုမြတ်ဘုန်းမော် ရန်ကုန်မပြန်သေးဘူးတဲ့ ရွာမှာဘဲ ဖေဖေက သူ့ဆန်စက်မှာ ခေါ်ထားတယ်တဲ....''

ယုယုက အမောတကော ဆန်စက်က ပြန်လာကာ ငွေကို ပြောပြနေချင် ဖြစ် ပါသည်.... ငွေလည်း ထင်ပါတယ် ။ မောင်က တော်တော်နဲ့ လက်လျှော့မှာ တော့ မဟုတ်ပေ...

'' ဟယ်...! ဖေဖေကတော့လေ မေမေသိရင် ရန်ဖြစ်ကြအုန်းမယ်.... သူက အဲမှာ ဘာလုပ်နေတာလဲ....''

'' မသိဘူးလေ..... ဖေဖေရုံးခန်းမှာ ၊ ယုယုနဲ့တော့ မတွေ့ဖြစ်သေးဘူးရယ်.... မမငွေ သွားရအောင်လေ....''

ပြည်ဖြိုးမင်္ဂလာဆောင်သွားရန် ငွေနဲ့ ယုယု အကျီသွားချုပ်ကြမည်ဖြစ်သည်...
ငွေ အပျိုတုန်းက အကျီတွေက ကိုယ်လေးနဲကွတ်တိချုပ်ထားတာမို့ အခု ကိုယ်ဝန်က ၄လကျော် ဗိုက်မထွက်သေးပေမဲ့ ခါးလေးတုတ်ကာ ပြည့်ပြည့်လေး ဖြစ်နေသည်.... ကျပ်ကျပ်တွေ ဝတ်ဖို့အဆင်မပြေတော့တာနဲ့ စက်ဆိုင် သွား အကျီချုပ်ကြခြင်း ဖြစ်သည်.. စက်ဆိုင်ကလည်း မြို့ပေါ်ထိသွားရမှာမို့ ဖေဖေက ဆိုင်ကယ်နဲ့ မသွားစေဘဲ... ကားနဲ့ ငွေတို့ကို လွတ်လိုက်လေသည်..

'' မမငွေ... နောက်မှာ ကိုဘုန်းကားလား မသိဘူး..... ''

ငွေ ဘက်မှန်ကနေကြည့်တော့ ဟုတ်ပါသည်။ မောင့်ကား...

'' မမငွေတို့ စက်ဆိုင်သွားမှာ သူက ဘယ်လို့သိတာလဲ... ယုယု ဆန်စက်မှာတုန်း က ဘယ်သူ့ပြောခဲ့သေးလဲ.... ''

'' ဘယ်သူ့မှာ မပြောခဲ့ဘူး.... စက်ဆိုင်သွားမှာကို သိတာဆိုလို့ မေမေတို့အပြင်
ဘယ်သူ့မှာ မရှိဘူး... ယုယုတို့ကို ကိုဘုန်းက စောင့်ကြည့်နေသလားမှာ မသိတာ...''

'' ဟယ် ... မဖြစ်နိုင်တာ.... အိမ်နားမှာ သူ့ မမြင်ပါဘူး...''

'' ဘာလဲ... မမငွေက သူ့အိမ်နား လာမှာကို မျှော်နေတာလား...''

'' ယုယုနော့်....''

'' ဟင်း...ဟင်း... ဟင်း....''

မောင့်က တောက်လျှောက် ငွေတို့ကားနောက်က လိုက်လာလေသည်.... ငွေတို့ စက်ဆိုင်မှာ အကျီအပ်နေတော့ မောင့်က ငွေကားကို မှီကာ စောင့်နေ လေသည်..... ငွေတို့ စက်ဆိုင်က ထွက်လာတော့.....

'' ငွေ ... မောင့်ကို ခဏဘဲ အချိန်ပေး ၊ ခဏလေးပါကွာ... မောင် ရှင်းပြတာ နားထောင် ပေးပါနော်... ''

'' ငွေကို ဘာမှာ လာမရှင်းပြနဲ့... ရှင်တခြားဟာတွေ မလုပ်ထားရင်တောင် ကျမကို လိမ်ထားတာတော့ ညာလို့မရဘူး.... ငွေ ဟိုတခါ လိမ်ကတည်းက ပြောပြီးသားး...''

'' ဟာကွာ !!! ... ငွေကလဲ ရှင်တွေ ကျမတွေနဲ့ မောင်လိမ်ထားတာ ဟုတ်တယ်၊ မောင်မှားသွားပါတယ် မောင့်ကို ခွင့်လွတ်ပါ တောင်းပန်ပါတယ်နော်....ငွေမှာ ကိုယ်ဝန်ရှိတာလည်း မောင်က နောက်ဆုံးမှာ သိရတယ် ... တကယ်ဆို မောင်က ငွေနဲ့ ကလေးရှိနေပြီးဆိုတော့ အရင်ဆုံးသိပြီး ပျော်ချင်တာပေါ့...ခုတော့ အကုန်လုံး သိပြီးပြီးဆိုမှာ မောင့်က သိရတာ... အခုမောင့် ကလေးကို ငဲ့ပြီး မောင့်ကို ခွင့်လွတ်ပေးပါနော်..... နောက်ပြီး မောင်ရှင်းပြမဲ့ အကြောင်းတွေကိုလည်း နားထောင်ပေးပါနော်.....''

'' ဒီမှာ ကလေးရှိနေတာနဲ့ဘဲ ရှင့်ကို မကွာရှင်းတော့ဘူး မထင်နဲ့... ကျမ တယောက်တည်း ကျမကလေးကို ပျိုးထောင်နိုင်တယ်... အခုခေတ် Single Mom တွေ ဘယ်လောက် သန်မာလိုက်သလဲ... ရှင့်လည်း တွေ့မှာပေါ့...''

''သူတို့က အကြောင်းကြောင်းကြောင့် Single Mom ဖြစ်ရတာလေ... ငွေမှာ မောင့်တစ်ယောက်လုံးရှိတာ ဘာကိစ္စ Single Mom ဖြစ်ရမှာလဲ... မောင့်က ငွေ့ကို Single Mom လုပ်ဖို့ ခွင့်ပြုမယ်ထင်လို့လား...''

ငွေ မောင့်ကို မျက်စောင်း ပိတ်ထိုးလိုက်ရင်း( စကားကတော့ အတက် ဟင်း )

''နော် ငွေ.. မောင့်ရှင်းပြခွင့်လေးပေးပါနော့်... မောင့်ပြောတာ နားထောင်ပြီး ငွေဆုံးဖြတ်ပေါ့.... ဟုတ်လား... မောင့် အလုပ်တွေ အားလုံးထားခဲ့ပြီး မောင့်မိန်းမ စိတ်ဆိုးမပြေသေးလို့ ပြန်မသွားနိုင်ဘဲ ၊ ဒီမှာ ဒုက္ခခံပြီး ငွေကို စောင့်နေတာပါ ငွေရာ... မောင် ငွေကို ဘယ်လောက်ချစ်လဲ ငွေသိသားနဲ့ မောင်ဖြစ်ခဲ့တဲ့ကိစ္စတွေကို ငွေကို ပြောပြချင်တယ်.. ငွေရာ နော်လို့....''

''မမငွေ ခဏ နားထောင်ပေးလိုက်ပါ....''

'' ယုယု!!!!... တက် ကားပေါ် ..ပြန်မယ်....''

ငွေကားပေါ်တက်ဖို့ ပြင်တော့ မောင်က ငွေလက်ကို ကိုင်မလို့ လက်လှမ်းလာတာကို ငွေ မောင့်လက်ကို လှမ်းရိုက်လိုက်ပြီး.....

'' ကျမ ကိုယ်ဝန်ကြီးနဲ့ ကျမကို စိတ်ညစ်အောင် မလုပ်နဲ့ ကိုမြတ်ဘုန်းမော်.....''

ကလေးနဲ့ ကိုင်ပေါက်တော့လည်း မြတ်ဘုန်း အလျှော့ပေးလိုက်ရလေတော့သည်၊

'' ကားကို ဖြေးဖြေးမောင်းသွား .... ငွေ့ကားနောက်မှာ မောင့်ကားရှိတယ် ဂရုစိုက်မောင်းနော်...''

ငွေ ကားပေါ်တက်ကာ ရွာအပြန်လမ်းပေါ်တက်ကာ မောင်းလာလိုက်သည်... လိမ်ထားတာတော့ ငွေတကယ် စိတ်ဆိုးသည်... ငွေကို ဘာလို့ လိမ်ရတာလဲ မောင်ရာ... မောင်က ငွေတို့ အိမ်နားထိ တောက်လျှောက်လိုက်လာကာ အိမ် နားရောက်မှာ ရပ်ကျန်ခဲ့ပြီး ငွေတို့အိမ်ထဲ ဝင်သွားမှာသာ လှည့်ပြန်သွားလေ သည်.....

-
-
-
-

-

ဦးခင်အောင် ဖြူဖြူကို မြတ်ဘုန်းမော်ကို ဆန်စက်မှာ ခေါ်ထားကြောင်း ပြောပြီးပြီ းဖြစ်လေသည်... ထိုနေ့က ဖြူဖြူနဲ့တောင် ကတောက်ကဆ ဖြစ်ကြသေးသည်...

'' ရှင့်က ဘာလို့ ခေါ်ထားတာလည်း၊ သူ့ဘာသာ သူ ရန်ကုန်ပြန်ပါစေပေါ့.. ဒါမှာ မဟုတ်လဲ မပြန်ချင်သပါ့ဆိုလည်း မြို့တက် တည်းခိုးခန်း တည်းပါစေပေါ့....
ကျမက ရှင်ထိုးကြိတ်လွတ်လိုက်လို့ အဟုတ်မှတ်နေတာ၊ ရှင့်က ခေါ်တောင် တည်းခိုင်းလိုက် သေး..''

'' ဖြူဖြူ မင်းမှလဲကွာ ၊ မင်းကြည်ဖြူတုန်းက ကြည်ဖြူထားပြီး ။ နောက်ပြီး ကိုရဲမြင့်ကျော်တို့ မမော်တို့ မျက်နှာလည်း ထောက်ပါအုန်း... နောက်ဆုံး လေးလေးဒီပ မျက်နှာတော့ ထောက်ပေါ့... သူ့က မင်းအဖေ အချစ်ဆုံး သူငယ်ချင်း...''

'' အိုတော့်... သူက ကျမသမီးကို စိတ်ဆင်းရဲအောင်လုပ်ထားတာလေ... သူ ဖောက်ပြန်လို့ ဒီလို့ ပုံတွေ ကျမတို့ ဆီရောက်လာတာပေါ့...''

'' အေး မင်းတို့က ဒါဘဲ မြင်တာကို... ဟိုက အကျိုးအကြောင်းပြောတော့ လည်း နားမထောင်ဘူး..... သူ့ရှုပ်ထားရင် သူ့အခုလို ဒီထိ လိုက်လာရှင်းမလား.. သူ သမီးပို့လိုက်တဲ့ ကွာရှင်းစာချုပ်လက်မှတ်ထိုးပြီး အေးဆေးနေမှာပေါ့လို့''

'' တော်ပြီ ကိုခင်အောင်... ဒီအကြောင်းထပ်ပြောရင်း ရှင်နဲ့ကျမ ထပ်ရန်ဖြစ်ရ အုန်းမယ်.... ရှင့်ဘာသာ ရှင့် လက်ခံ ခံ ၊ မခံခံ ရှင့်သဘော ကျမကတော့ လက်မခံနိုင်ဘူး ... ဒါဘဲ...''

-
-
-
-
-

'' သမီး ငွေ... ''

'' ရှင့် ဖေဖေ...''

'' သမီး ဖေဖေ ဆန်စက်သွားမလို့ ထမင်းချိုင့်ထည့်ပေးလိုက်အုန်း ..ဟိုကောင် လေး ထမင်းစားမကောင်းဘူး ထင်တယ် သိပ်မစားဘူးရယ်....''

'' ရှင့်... အယ့်... ဟုတ်ကဲ့ ဖေဖေ....''

ငွေအနားမှာ ရှိနေတဲ့ ဒေါ်ဖြူဖြူ မျက်စောင်း ၊ဦးခင်အောင်ဆီသို့ ...........

..........//....//.....

'' အေးအေး ရေ... သမီး...''

'' ရှင့် ဘဘ.....''

''ရော့ .... ဒါတွေ လျှော်ပေးလိုက်အုန်း ဟိုကောင်လေး အဝတ်လဲ လျှော်မဝတ် တတ်ဘူး.... မီးပူပါ ထိုးပြီး ဘဘ ဆန်စက်သွားရင် ပြန်ထည့်ပေးလိုက်နော်..''

'' ဟုတ်ကဲ့ ဘဘ...''

ငွေနဲ့ယုယု နေကြာစေ့ စားနေရင်း ဖေဖေကို အံ့သြတကြီး ကြည့်နေမိသည်...

ငွေတိုနဲ့အတူ ရှိနေတဲ့ မေမေ မျက်စောင်း ဖေဖေထံသို့......

........//...///.......

'' အေးအေးရေ ... ခုဏန ဖေဖေပေးခဲ့တဲ့ အဝတ်ထုပ် မမငွေကိုပေး .... မမငွေ လျှော်လိုက်မယ်...''

'' အေးအေး လျှော်လိုက်ပါမယ် မမငွေ... မမငွေမှာ ကိုယ်ဝန်ကြီးနဲ့ ထိုင်ရ ထရခက်နေပါမယ်.... အေးအေး လုပ်လိုက်မယ်နော့်....''

'' ရပါတယ်... သိပ်မှာ မများတာ မမငွေ လျှော်လိုက်မယ်... သူ့အဝတ်တွေ ကလည်း ဂျေးသိပ်ပါတာ မဟုတ်ဘူး..... ချွေးနံလောက်ဘဲ ကို...''

''ဒါဆို အေးအေး လျှော်ပေးလိုက်မယ်.. မမငွေက မီးပူဘဲ ထိုးပေးလိုက်နော်...

'' ဟုတ်ကဲ့ပါ ကျေးဇူးဘဲနော် အေးအေး...''

....................

'' သမီးငွေ ဖေဖေဆန်စက်သွားမလို့ လက်ဖက်နဲ့ အကြော်စုံ ထည့်ပေးလိုက် အုန်း... ဟိုကောင်လေး နေ့ခင်း စားလို့ ရအောင်.... ထမင်းချိုင့်ကကော ဘာဟင်းတွေလဲ...''

'' ဟို... ဝက်သားနီချက်၊ ပဲဟင်းချို၊ ငါးဖယ်သုတ်ရယ် ဖေဖေ .. နောက် သဘောင်္သီးမှည့် ထည့်ပေးထားတယ် ဖေဖေ....''

''အေးအေး ငခြောက်ကြော်လဲ ထည့်ပေးလိုက်... ညစာပါ ထည့်ပေး လိုက် တယ် မလား.... ''

'' ဟို.... ဟုတ် ဖေဖေ...''

နေ့လည့်စာ စားနေသော် မေမေမျက်စောင်း ငွေနဲ့ ဖေဖေထံသို့........

..........//..........//........

'' သမီးငွေ ဖေဖေ ဒီနေ့ ဆန်စက်ကို စောသွားမှာမို့လို့... ထမင်းချိုင့်ကို သမီး နေ့ခင်းထမင်းစားချိန် လာပို့လိုက်နော့်... ''

'' ရှင့်!! ..... ဟို.... ဟုတ်... ဟုတ်ကဲ့ ဖေဖေ...''

''ကိုခင်အောင် !!.. ရှင့်ကို ကျမ မပြောလို့ အကောင်းမှတ်နေသလား .. ဘာကိစ္စ ကိုယ်ဝန်သည်က ထမင်းချိုင့် ပို့ရမှာလဲ... ရှင့် တပည့်တယောက်ယောက် လာယူခိုင်းလိုက်... ဟင်း ဟင်း... ရှင့်နော်... ရှင့်.... တကယ်ထဲ... ပြော မပြောချင် ဘူး....''

'' အေးပါကွာ.... ငါ့လွတ်ယူခိုင်းလိုက်ပါမယ်..... မင်းကလဲ...''

ဒေါ်ဖြူဖြူနဂါးမျက်စောင်း ဦးခင်အောင်ထံသို့ ဒိန်းခနဲ့ပင်....

.......//......//.......

မြတ်ဘုန်း ငွေတို့ဆီ ရောက်နေတာ တပတ်ပြည့်တော့မယ် ငွေက အပြင် လည်း သိပ်မထွက်ပေ.... မြတ်ဘုန်းမှာလည်း ငွေနဲ့တွေ့ဖို့ ဘယ်လို့ ကြံဖန် ရမှန်းမသိ... ယောက္ခထီးဦးခင်အောင်တော့ မြတ်ဘုန်းကို သိပ်မလောဖို့ မြတ်ဘုန်းကို နားချလေသည်... ဦးခင်အောင်နဲ့ နေပြီး သူ့အလုပ်တွေ လိုက် ကူနေလေသည်.... ငွေတို့အိမ်ကတော့ ဦးခင်အောင်ကနေတဆင့် မနက် ည ထမင်းတွေ ပို့ပေးနေလို့ အစားအသောက်အတွက် အဆင်ပြေလေသည်..

အဝတ်တွေလည်း ယူလျှော်ပေးလေသည်.... ငွေကို မတွေ့ရတာ လွှဲလို့ အားလုံးအဆင်ပြေလေသည်.... လားရှိုး Hotel ဆောက်တာလည်း မပြီးသေး တော့ မန်နေဂျာ သန်းဇော်ကလည်း မြတ်ဘုန်းကို တဂျီးဂျီးခေါ်နေလေသည်..တပတ်လောက် ရွာမှာနေပြီး ခဏတော့ လားရှိုးသွားရအုန်းမည် ဖြစ်သည်...

ဟူးးး ငွေရာ မောင့်ကို ခွင့်လွတ်ပေးပါတော့လားကွာ............

**************** ****************** ***************
အပိုင်း( ၃၅ ) ဆက်ရန်

စာက မစစ်လိုက်ရပါဘူး ၊ မနက်ဖြန်တော့ အဆင်‌ ပြေရင် တင်ပါမယ် ။ နောက်ကျရင်း ကျမယ် ထင်တယ် ၊ အရမ်း နောက်ကျနေရင်း တနင်္လာနေ့ကျ စောစောတင်ပေးပါမယ်။

ပထမဆုံး စရေးတဲ့fic ဖြစ်လို့ လိုအပ်ချက်‌များ‌ကော စာလုံးပေါင်းအမှားများရောကို သည်းခံဖတ်ပေးကြပါရှင့်
လိုအပ်ချက်များကိုလည်း ပြောပြပေးလို့ရပါတယ်ရှင့်၊
ဖတ်ပေးသူ တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်
ကျန်းမာရွှင်လန်းကြပါစေရှင့်....

#With Love
#Author:HNINN Pann Mho
#နှင်းပန်းမိုရ်
#မြတ်ဘုန်းမော်+ငွေမှုန်းခင်



You are reading the story above: TeenFic.Net