💞 9 💞

Background color
Font
Font size
Line height

Zaw

"ဟာ..ၿပီးေရာ။သေဘာ။...ဒါနဲ႕....."
ေျပာမွာကို ဆက္မေျပာပဲ ရပ္ေနတာေၾကာင့္ မင္ဝူလဲ
"ဒါနဲ႕..ဘာျဖစ္လဲ ေျပာေလ။"

"ခုနကေကာင္မေလးက ကိုကိုနဲ႕ ခ်စ္သူေတြလား။" ယြန္းဂ်ီအေမးေၾကာင့္ လမ္းေလွ်ာက္တာေတာင္ ရပ္သြားေသာ မင္ဝူ။

ယြန္းဂ်ီမ်က္ႏွာကိုၾကည့္လိုက္ေတာ့ မိမိ၏အေျဖအား ေမွ်ာ္လင့္တႀကီးေစာင့္ေနပုံ။ မင္ဝူလဲ စခ်င္တာနဲ႕။
"အေကာင္ေပါက္က ဘယ္လိုထင္လို႔လဲ။"

"သိဘူးေလဗ်ာ။" ႏႈတ္ခမ္းေလးဆူၿပီးျပန္ေျပာလာေတာ့ မင္ဝူတကယ္အသည္းယားမိသည္။ ဒီေကာင္ေလးက ငါ့ကို အမ်ိဳးမ်ိဳးခံစားရေအာင္ လုပ္နိုင္တယ္ ဘယ္လိုေလးလဲကြာ။

"ခ်စ္သူမဟုတ္ပါဘူး။ ငယ္သူငယ္ခ်င္းေတြပါ။" မင္ဝူ႕အေျဖေၾကာင့္ ခိုးၿပီးသတ္ပ်င္းခ်ေနေသာ ယြန္းဂ်ီကို သိတဲ့သူကလဲ သိေနတယ္။

"အေကာင္ေပါက္ အိမ္က ဘယ္မွာလဲ။ လိုက္ပို႔ေပးမယ္။"
"အာ...ရတယ္ ဒီနားေလးတင္ ျပန္ေတာ့မယ္ေနာ္။" ခ်က္ခ်င္းျငင္းၿပီး ေျပးထြက္သြားေသာေကာင္ေလးအား မင္ဝူေခ်ာ္လဲမွာစိုးရိမ္မိေသး။

အ႐ြယ္ကေရာက္ေနၿပီ ေျပးတဲ့ပုံက ခုန္ေပါက္ေနတာပဲ။ ဘယ္လိုေလးမွန္းကို မသိဘူး။

မင္ဝူလဲ ေျပးသြားေသာသူေလးအား ၾကည့္ၿပီး ေခါင္းသာတြင္တြင္ခါမိသည္။
___________________

'ခ်စ္သူမဟုတ္ဘူး'ဆိုတဲ့ အေျဖေၾကာင့္ ဘာေၾကာင့္မွန္းမသိ တကယ္ေပ်ာ္သြားသည္။ အဲ့လိုမိန္းကေလးမ်ိဳးနဲ႕လဲ ကိုကိုကမလိုက္ဘူး။ ဘယ့္ႏွယ္ေယာက္်ားေလးတစ္ေယာက္ကို ေပါက္ထြက္မတတ္ေသခ်ာစိုက္ၾကည့္ေနတာ ယဥ္ေက်းမႈကိုမရွိဘူး။

႐ုပ္ရည္ေလးက မဆိုးပင္မဲ့ အတြင္းစိတ္ပုပ္မွန္း အလိုလိုခံစားမိေနသည္။ ၿပီးေတာ့ မိမိကိုယ္ကို ရွက္စရာက ဘာအေၾကာင္းေၾကာင့္မ်ား ၂ခါပဲေတြ႕ဖူးေသးတဲ့ လူတစ္ေယာက္ကို ကိုကိုတဲ့ ရွက္လိုက္တာေနာ္။

ေခၚလို႔ေတာ့ေကာင္းသား။ တစ္ခါေခၚတိုင္း ရင္ထဲ ဘယ္လိုျဖစ္သြားမွန္းမသိဘူး။ ငါ့ကိုလဲ အေကာင္ေပါက္တဲ့ အဲ့တာေတာ့ သိပ္မခံရပ္နိုင္ဘူး။ ငါက အဲ့ေလာက္ေသးလို႔လား။ ဟြန့္ ခုေသးလဲ ဘာျဖစ္လဲ ႀကီးလာေအာင္လုပ္ရမွာေပါ့။

ယြန္းဂ်ီေလးက ေျမာက္ႂကြႂကြနဲ႕ အေတြးနယ္ခ်ဲ့ကာ လမ္းေလွ်ာက္ရင္း ၿခံေပါက္ဝကေန ရပ္ေနေသာ လူတစ္ေယာက္ကိုေတာင္ မျမင္ေတာ့ဘဲ ေက်ာ္တတ္သြားေသး။

"ဟဲ့...ယြန္းဂ်ီ..ငါ့ေတာင္မျမင္ဘူးလား။"
ေခၚသံၾကားမွ ကိုယ္ေလးတုန္တတ္သြားၿပီး အသံလာရာ အေနာက္သို႔ ျပန္လွည့္ၾကည့္လိုက္ေတာ့မွ ေမြးဆူဖခင္​ျဖစ္ေနတယ္။

'ေမြးဖခင္' ဆိုတဲ့ ဂုဏ္ထူးထက္ 'ေမြးဆူဖခင္'လို႔ ဂုဏ္ထူးပိုေပးခ်င္တယ္ေလ။ မဟုတ္ဘူးလား အားေနဆူေနတာကို။

"ယြန္းဂ်ီ ငါေျပာတာၾကားလား!!"
"ၾကားပါတယ္ေဖေဖကလဲ။"

"အဲ့တာဆိုေမးတာေျဖေလ။"
"ဟီးးး မျမင္မိလိုက္ဘူး။"

"ငါရိုက္လိုက္ရ။" သခင္ႀကီးလီက လက္႐ြယ္လိုက္ေသာ္လဲ ေနာက္က ေက်းဇူးရွင္ေမေမ၏ ေအာ္သံေၾကာင့္ မရိုက္ပဲ တဟင္းဟင္းနဲ႕ေဒါသထြက္ကာ ဝင္သြားသည္။

ေျပာသြားေသးတယ္ ညက်ရင္ ေျပာစရာရွိလို႔ လာခဲ့တဲ့။ ဘာေတြေျပာဦးမလဲ မသိဘူး။ စာဆိုရင္ေတာ့ ေဝးေဝးေနာ္ဟြန့္။
.
.
.
ညစာစားၿပီးလို႔ ဖခင္၏ အမိန့္ေပးထားတာေၾကာင့္ ခဏအၾကာ စာဖတ္ခန္းထဲ သြားေတြ႕ကေသး။

'ေဒါက္..ေဒါက္'
"ဝင္ခဲ့။" အထဲက ခတ္တင္းတင္းအမိန့္သံေၾကာင့္ ကိုယ္ေလးကို က်ဳံ႕ကာဝင္လာေသာ ယြန္းဂ်ီကို လီသခင္ႀကီးက ရယ္ခ်င္ေသာ္လဲ မေလးစားမွာမို႔ မ်က္ႏွာတင္းထားရတယ္။

"ေဖေဖ.."
"အင္းး ထိုင္..."

"ဟုတ္ကဲ့။"
"ေဖေဖေျပာစရာရွိတယ္။ ေဖေဖ့ဘဝမွာ သားကိုျဖစ္ေစခ်င္တဲ့ ဆႏၵက တစ္ခုထဲရွိတာကို သိတယ္လို႔ေဖေဖထင္တယ္။ ေဖေဖကဘဲ ထပ္ေတာင္းဆိုေတာ့မယ္။ ဒီႏွစ္စာေမးပြဲ ၿပီးရင္ မင္းစၿပီး စာျပန္ေလ့လာ မႉးမတ္စာတန္းစစ္ဝင္ေျဖၿပီး အမတ္ျဖစ္ေအာင္လုပ္ပါလားကြာ။

ေဖေဖ လူတစ္ေယာက္ကိုလဲ ကမ္းလွမ္းထားတယ္ သူက စာသိပ္ေတာ္တာ မင္းလဲ ေမးခ်င္တာေမးလို႔ရေအာင္ အဆင္ေျပတာေပါ့။"

"..." စာၾကည့္ခန္းထဲမွာ ခုဆိုရင္ အပ္က်သံေတာင္ မၾကားနိုင္ေအာင္ တိတ္ဆိတ္သြားသည္။
"ယြန္းဂ်ီ..... ငါ​ေျပာတာၾကားလား။"

"အင္းးး"
"ဘာ အင္း လဲ။ ေတာ္ၿပီကြာ အမိန့္ပဲ မင္းလာမဲ့ႏွစ္မွာ မႉးမတ္စာတန္းစစ္ကို ေအာင္ေအာင္ေျဖ မဟုတ္လို႔ကေတာ့ ငါ့ယာလုပ္ငန္းဦးေဆာင္ဖို႔ ႐ြာသြားရဖို႔သာျပင္ထား။"

ဖခင္၏ တစ္ခ်က္လႊတ္အမိန့္ေၾကာင့္ ယြန္းဂ်ီမွာ ၿပိဳေတာ့မဲ့ မိုးလိုျဖစ္သြားၿပီး မ်က္ဝန္းမွာလဲ မ်က္ရည္စေလးေတြ ဝဲတတ္သြားသည္။

အျပင္ေတြေတာ့ ေအးေအးေဆးေဆးသာ အခန္းထဲက ျပန္ထြက္လာခဲ့သည္။ ထြက္ထြက္ခ်င္းေျပာလိုက္တဲ့စကားက
"ငါ့ကိုစာသင္မဲ့လူ ေခ်ာလဲဒူးၿပဲၿပီး အိပ္ယာထဲလဲပါေစ"

"အဟြတ္...ဟြတ္...." မင္ဝူေလး ေသာက္လက္စေရပင္ အေၾကာင္းမရွိ ထသီးသြားသည္။
"ငါ့အေၾကာင္းေျပာေနလို႔မ်ားလား။"
________________________

"သတ္ေတာ္ေစာင့္ဂ်န္" ေအးေဆးတည္ၿငိမ္ေသာ မင္းသား၏ေခၚသံေၾကာင့္ ဒုန္ဂ်ဴးတစ္ေယာက္ ဖတ္လက္စစာအုပ္ကို အျမန္ပိတ္ၿပီး

"ဟုတ္ကဲ့မင္းသား။"
"မင္းမွာသေဘာက်ေနတဲ့သူရွိလား။" မင္းသားေယာင္ဟိုအေမးေၾကာင့္ ဒုန္ဂ်ဴးလဲ အံ့ၾသသြားၿပီး

"ဟို..ဟို..မရွိပါဘူး။" မိမိေျဖလိုက္တဲ့အေျဖမွာ စိတ္ထဲရွိတာနဲ႕ တစ္လြဲျဖစ္သြားသည္။ 'ငါက ဘာလို႔ညာလိုက္မိတာလဲ။'

"ေအာ္....." ျပန္လည္တိတ္ဆိတ္သြားေသာ လသာေဆာင္ေလးးးးး

"မင္းသားမွာ သေဘာက်ေနတဲ့သူမ်ားရွိလို႔လား။" တိတ္ဆိတ္သြားေသာ ပတ္ဝန္းက်င္အား ၿဖိဳခြင္းလိုက္သူက ဒုန္ဂ်ဴးပင္။ ဟုတ္တယ္ေလ ဘာေၾကာင့္ေမးတာလဲေတာ့ သိခ်င္တာေပါ့။

"အင္းရွိတယ္။ ဒါပင္မဲ့ မျဖစ္နိုင္ဘူး။" ညွိုးငယ္သြားေသာ မ်က္ႏွာေလးေၾကာင့္ ဒုန္ဂ်ဴးလဲ
"မင္းႀကီးက ဘေဘာမက်လိဳ႕လား။"

"အဲ့တာေတာ့ ငါလဲမသိဘူး။ ငါသိတာကေတာ့ သူက ငါ့ကိုႀကိဳက္ပါ့မလားပဲ။"
"မင္းသားေလးလိုလူမ်ိဳးကို မႀကိဳက္တဲ့သူ မရွိေလာက္ပါဘူး။ မင္းသားေလးက အိမ္ေရွ႕စံဆိုတာ မသိတဲ့သူေတာင္ မင္းသားေလးကိုျမင္ရင္ သေဘာက်မွာ။ ဘာလို႔ဆို မင္းသားေလးမွာ ခန့္ညားတဲ့ ႐ုပ္ရည္ရွိၿပီးသာေလ။"

"ေသခ်ာလား။"
"ေသခ်ာတာေပါ့။" ဒုန္ဂ်ဴး ေျပာပင္မဲ့ ေခါင္းကိုသာ တြင္တြင္ခါေနေသာ ေယာင္ဟို။

"ငါသိေနပါတယ္။" ေယာင္ဟို အေျပာကို ဒုန္ဂ်ဴးလဲနားမလည္ေတာ့ပါ။ မိမိပဲ ဉာဏ္တိန္တာလား မင္းသားေလးပဲ ဉာဏ္ထက္ေနတာလားမသိ။

ေယာင္ဟိုစိတ္တြင္းေတာ့ ဒုန္ဂ်ဴးေျပာတာ မယုံပါ။ ဟိုေန႕ညက ယြန္းဂ်ီဆိုတဲ့ေကာင္ေလးတို႔ သူငယ္ခ်င္အုပ္စုနဲ႕ေသရည္ေသာက္ခဲ့ၾကတယ္မဟုတ္လား။ အဲ့ေန႕ညက ဒုန္ဂ်ဴးက ယြန္းဂ်ီအေပၚ လိုတာထက္ပိုဂ႐ုစိုက္တာေတြ၊ ႏူညံ့တဲ့ အၾကည့္ေတြနဲ႕ ၾကည့္ေနတာမွတ္လား။

မိမိမမွားနိုင္ပါဘူး။ ဒုန္ဂ်ဴး ယြန္းဂ်ီကို သေဘာက်ေနမယ္ဆိုတာ။ အဲ့လိုဂ႐ုစိုက္မႈေတြကို မိမိကပဲရခ်င္တယ္။ ဂ႐ုစိုက္တာမွန္ပင္မဲ့ အေျခအေနမတူဘူးေလ မိမိကိုက် သက္ေတာ္ေစာင့္မို႔ ဟိုေကာင္ေလးယြန္းဂ်ီကိုက် မလိုအပ္ပဲ ပိုေနတာေလ။

ဘာမွမေျပာပဲ မ်က္ေမွာင္ႀကီးသာ ခဏခဏက်ဳံ႕သြားေသာ မင္းသားေလးအားၾကည့္ၿပီး ဒုန္ဂ်ဴးတကယ္ေတြးရခတ္သည္။ ဘာေတြမ်ားအဲ့ေလာက္ထိ စဥ္းစားေနတာလဲ ဖတ္ေနတဲ့စာအုပ္အေပၚ အာ႐ုံမရွိတာကေတာ့ေသခ်ာသည္။ ဘာလို႔ဆို မင္းသားဖတ္ေနတဲ့ စာအုပ္က ေျပာင္းျပန္ႀကီးျဖစ္ေနတာကို။
___________________

"အဲ့တာဆိုမင္းစာတန္းစစ္ေအာင္ ေအာင္ေျဖရေတာ့မယ္ေပါ့။" ဂိုေယာင္းစကားေၾကာင့္ ႏွာတရႈံ႕ရႈံ႕နဲ႕ ျပန္ေျဖေနသာ ယြန္းဂ်ီ..

"႐ႊတ္...ဟင့္...ေအးေပါ့ဟာ...မဟုတ္ရင္..ဟင့္..ငါ႐ြာဘက္သြားၿပီး ယာလုပ္ကမွာ။"
"ဟဲ့နင္ စာေတာ့ႀကိဳးစားလိုက္စမ္းပါဟာ။ ႐ြာဘက္သြားၿပီး ယာအလုပ္ဦးစီးလုပ္ရရင္ နင္ေျပာခဲ့ဖူးသလိုပဲ အသားေတြမဲသြားမွာေသခ်ာတယ္။"

အြန္းနာစကားေၾကာင့္ ခ်က္ခ်င္းအသံတိတ္သြားေသာ ယြန္းဂ်ီ
"ဟုတ္တယ္ ငါစာႀကိဳးစားရမယ္ ခတ္တာက ငါမွစာမလုပ္ခ်င္တာ....ဟင့္....."

"နင္ကလဲဟာ ခုစာတန္းစစ္ဝင္ေျဖ ၿပီးရင္ေက်ာင္းေလး သုံးႏွစ္တတ္။ အဲ့အေတာအတြင္းေလးပဲေလဟာ ၿပီးရင္ေအးေဆးၿပီး ယာအလုပ္ကေတာ့ အဲ့လိုမဟုတ္ဘူးေနာ္။"

"ဟုတ္တယ္ ယြန္းဂ်ီရ။ အြန္းနာေျပာတာ ငါလဲ လက္ခံတယ္ မင္းႀကိဳးစားလိုက္ပါ ခဏပဲဟာ။"
"မင္းတို႔ႏွစ္ေယာက္ေျပာတာလဲ မွန္ပါတယ္။ အင္းေပါ့ ငါႀကိဳးစားၾကည့္ရမွာပဲ။ လာ...ခုေတာ့ေသရည္သြားေသာက္ရေအာင္။"

"ဟဲ့ ေန႕ခင္းႀကီး။"
"ေန႕ခင္းႀကီးလဲ ဘာျဖစ္လဲ မေသာက္ခ်င္ရင္ေနခဲ့ ငါေတာ့သြားၿပီ။"
လက္ျပကာ ေျမာက္ႂကြႂကြလက္ေလွ်ာက္သြားေသာ ယြန္းဂ်ီေနာက္ သူငယ္ခ်င္းႏွစ္ေယာက္ကလဲ အမွီလိုက္ရသည္။

ဒီသုံးေယာက္က ခြဲတဲ့ခ်ိန္ဆိုလို႔ ညဘက္ အိမ္ျပန္အိပ္တဲ့ အခ်ိန္ပဲ ရွိတာမွတ္လား။
_________________
4.12.2020
Khine Lay

Uni

"ဟာ..ပြီးရော။သဘော။...ဒါနဲ့....."
ပြောမှာကို ဆက်မပြောပဲ ရပ်နေတာကြောင့် မင်ဝူလဲ
"ဒါနဲ့..ဘာဖြစ်လဲ ပြောလေ။"

"ခုနကကောင်မလေးက ကိုကိုနဲ့ ချစ်သူတွေလား။" ယွန်းဂျီအမေးကြောင့် လမ်းလျှောက်တာတောင် ရပ်သွားသော မင်ဝူ။

ယွန်းဂျီမျက်နှာကိုကြည့်လိုက်တော့ မိမိ၏အဖြေအား မျှော်လင့်တကြီးစောင့်နေပုံ။ မင်ဝူလဲ စချင်တာနဲ့။
"အကောင်ပေါက်က ဘယ်လိုထင်လို့လဲ။"

"သိဘူးလေဗျာ။" နှုတ်ခမ်းလေးဆူပြီးပြန်ပြောလာတော့ မင်ဝူတကယ်အသည်းယားမိသည်။ ဒီကောင်လေးက ငါ့ကို အမျိုးမျိုးခံစားရအောင် လုပ်နိုင်တယ် ဘယ်လိုလေးလဲကွာ။

"ချစ်သူမဟုတ်ပါဘူး။ ငယ်သူငယ်ချင်းတွေပါ။" မင်ဝူ့အဖြေကြောင့် ခိုးပြီးသတ်ပျင်းချနေသော ယွန်းဂျီကို သိတဲ့သူကလဲ သိနေတယ်။

"အကောင်ပေါက် အိမ်က ဘယ်မှာလဲ။ လိုက်ပို့ပေးမယ်။"
"အာ...ရတယ် ဒီနားလေးတင် ပြန်တော့မယ်နော်။" ချက်ချင်းငြင်းပြီး ပြေးထွက်သွားသောကောင်လေးအား မင်ဝူချော်လဲမှာစိုးရိမ်မိသေး။

အရွယ်ကရောက်နေပြီ ပြေးတဲ့ပုံက ခုန်ပေါက်နေတာပဲ။ ဘယ်လိုလေးမှန်းကို မသိဘူး။

မင်ဝူလဲ ပြေးသွားသောသူလေးအား ကြည့်ပြီး ခေါင်းသာတွင်တွင်ခါမိသည်။
___________________

'ချစ်သူမဟုတ်ဘူး'ဆိုတဲ့ အဖြေကြောင့် ဘာကြောင့်မှန်းမသိ တကယ်ပျော်သွားသည်။ အဲ့လိုမိန်းကလေးမျိုးနဲ့လဲ ကိုကိုကမလိုက်ဘူး။ ဘယ့်နှယ်ယောက်ျားလေးတစ်ယောက်ကို ပေါက်ထွက်မတတ်သေချာစိုက်ကြည့်နေတာ ယဥ်ကျေးမှုကိုမရှိဘူး။

ရုပ်ရည်လေးက မဆိုးပင်မဲ့ အတွင်းစိတ်ပုပ်မှန်း အလိုလိုခံစားမိနေသည်။ ပြီးတော့ မိမိကိုယ်ကို ရှက်စရာက ဘာအကြောင်းကြောင့်များ ၂ခါပဲတွေ့ဖူးသေးတဲ့ လူတစ်ယောက်ကို ကိုကိုတဲ့ ရှက်လိုက်တာနော်။

ခေါ်လို့တော့ကောင်းသား။ တစ်ခါခေါ်တိုင်း ရင်ထဲ ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ ငါ့ကိုလဲ အကောင်ပေါက်တဲ့ အဲ့တာတော့ သိပ်မခံရပ်နိုင်ဘူး။ ငါက အဲ့လောက်သေးလို့လား။ ဟွန့် ခုသေးလဲ ဘာဖြစ်လဲ ကြီးလာအောင်လုပ်ရမှာပေါ့။

ယွန်းဂျီလေးက မြောက်ကြွကြွနဲ့ အတွေးနယ်ချဲ့ကာ လမ်းလျှောက်ရင်း ခြံပေါက်ဝကနေ ရပ်နေသော လူတစ်ယောက်ကိုတောင် မမြင်တော့ဘဲ ကျော်တတ်သွားသေး။

"ဟဲ့...ယွန်းဂျီ..ငါ့တောင်မမြင်ဘူးလား။"
ခေါ်သံကြားမှ ကိုယ်လေးတုန်တတ်သွားပြီး အသံလာရာ အနောက်သို့ ပြန်လှည့်ကြည့်လိုက်တော့မှ မွေးဆူဖခင်​ဖြစ်နေတယ်။

'မွေးဖခင်' ဆိုတဲ့ ဂုဏ်ထူးထက် 'မွေးဆူဖခင်'လို့ ဂုဏ်ထူးပိုပေးချင်တယ်လေ။ မဟုတ်ဘူးလား အားနေဆူနေတာကို။

"ယွန်းဂျီ ငါပြောတာကြားလား!!"
"ကြားပါတယ်ဖေဖေကလဲ။"

"အဲ့တာဆိုမေးတာဖြေလေ။"
"ဟီးးး မမြင်မိလိုက်ဘူး။"

"ငါရိုက်လိုက်ရ။" သခင်ကြီးလီက လက်ရွယ်လိုက်သော်လဲ နောက်က ကျေးဇူးရှင်မေမေ၏ အော်သံကြောင့် မရိုက်ပဲ တဟင်းဟင်းနဲ့ဒေါသထွက်ကာ ဝင်သွားသည်။

ပြောသွားသေးတယ် ညကျရင် ပြောစရာရှိလို့ လာခဲ့တဲ့။ ဘာတွေပြောဦးမလဲ မသိဘူး။ စာဆိုရင်တော့ ဝေးဝေးနော်ဟွန့်။
.
.
.
ညစာစားပြီးလို့ ဖခင်၏ အမိန့်ပေးထားတာကြောင့် ခဏအကြာ စာဖတ်ခန်းထဲ သွားတွေ့ကသေး။

'ဒေါက်..ဒေါက်'
"ဝင်ခဲ့။" အထဲက ခတ်တင်းတင်းအမိန့်သံကြောင့် ကိုယ်လေးကို ကျုံ့ကာဝင်လာသော ယွန်းဂျီကို လီသခင်ကြီးက ရယ်ချင်သော်လဲ မလေးစားမှာမို့ မျက်နှာတင်းထားရတယ်။

"ဖေဖေ.."
"အင်းး ထိုင်..."

"ဟုတ်ကဲ့။"
"ဖေဖေပြောစရာရှိတယ်။ ဖေဖေ့ဘဝမှာ သားကိုဖြစ်စေချင်တဲ့ ဆန္ဒက တစ်ခုထဲရှိတာကို သိတယ်လို့ဖေဖေထင်တယ်။ ဖေဖေကဘဲ ထပ်တောင်းဆိုတော့မယ်။ ဒီနှစ်စာမေးပွဲ ပြီးရင် မင်းစပြီး စာပြန်လေ့လာ မှူးမတ်စာတန်းစစ်ဝင်ဖြေပြီး အမတ်ဖြစ်အောင်လုပ်ပါလားကွာ။

ဖေဖေ လူတစ်ယောက်ကိုလဲ ကမ်းလှမ်းထားတယ် သူက စာသိပ်တော်တာ မင်းလဲ မေးချင်တာမေးလို့ရအောင် အဆင်ပြေတာပေါ့။"

"..." စာကြည့်ခန်းထဲမှာ ခုဆိုရင် အပ်ကျသံတောင် မကြားနိုင်အောင် တိတ်ဆိတ်သွားသည်။
"ယွန်းဂျီ..... ငါ​ပြောတာကြားလား။"

"အင်းးး"
"ဘာ အင်း လဲ။ တော်ပြီကွာ အမိန့်ပဲ မင်းလာမဲ့နှစ်မှာ မှူးမတ်စာတန်းစစ်ကို အောင်အောင်ဖြေ မဟုတ်လို့ကတော့ ငါ့ယာလုပ်ငန်းဦးဆောင်ဖို့ ရွာသွားရဖို့သာပြင်ထား။"

ဖခင်၏ တစ်ချက်လွှတ်အမိန့်ကြောင့် ယွန်းဂျီမှာ ပြိုတော့မဲ့ မိုးလိုဖြစ်သွားပြီး မျက်ဝန်းမှာလဲ မျက်ရည်စလေးတွေ ဝဲတတ်သွားသည်။

အပြင်တွေတော့ အေးအေးဆေးဆေးသာ အခန်းထဲက ပြန်ထွက်လာခဲ့သည်။ ထွက်ထွက်ချင်းပြောလိုက်တဲ့စကားက
"ငါ့ကိုစာသင်မဲ့လူ ချောလဲဒူးပြဲပြီး အိပ်ယာထဲလဲပါစေ"

"အဟွတ်...ဟွတ်...." မင်ဝူလေး သောက်လက်စရေပင် အကြောင်းမရှိ ထသီးသွားသည်။
"ငါ့အကြောင်းပြောနေလို့များလား။"
________________________

"သတ်တော်စောင့်ဂျန်" အေးဆေးတည်ငြိမ်သော မင်းသား၏ခေါ်သံကြောင့် ဒုန်ဂျူးတစ်ယောက် ဖတ်လက်စစာအုပ်ကို အမြန်ပိတ်ပြီး

"ဟုတ်ကဲ့မင်းသား။"
"မင်းမှာသဘောကျနေတဲ့သူရှိလား။" မင်းသားယောင်ဟိုအမေးကြောင့် ဒုန်ဂျူးလဲ အံ့သြသွားပြီး

"ဟို..ဟို..မရှိပါဘူး။" မိမိဖြေလိုက်တဲ့အဖြေမှာ စိတ်ထဲရှိတာနဲ့ တစ်လွဲဖြစ်သွားသည်။ 'ငါက ဘာလို့ညာလိုက်မိတာလဲ။'

"အော်....." ပြန်လည်တိတ်ဆိတ်သွားသော လသာဆောင်လေးးးးး

"မင်းသားမှာ သဘောကျနေတဲ့သူများရှိလို့လား။" တိတ်ဆိတ်သွားသော ပတ်ဝန်းကျင်အား ဖြိုခွင်းလိုက်သူက ဒုန်ဂျူးပင်။ ဟုတ်တယ်လေ ဘာကြောင့်မေးတာလဲတော့ သိချင်တာပေါ့။

"အင်းရှိတယ်။ ဒါပင်မဲ့ မဖြစ်နိုင်ဘူး။" ညှိုးငယ်သွားသော မျက်နှာလေးကြောင့် ဒုန်ဂျူးလဲ
"မင်းကြီးက ဘဘောမကျလို့လား။"

"အဲ့တာတော့ ငါလဲမသိဘူး။ ငါသိတာကတော့ သူက ငါ့ကိုကြိုက်ပါ့မလားပဲ။"
"မင်းသားလေးလိုလူမျိုးကို မကြိုက်တဲ့သူ မရှိလောက်ပါဘူး။ မင်းသားလေးက အိမ်ရှေ့စံဆိုတာ မသိတဲ့သူတောင် မင်းသားလေးကိုမြင်ရင် သဘောကျမှာ။ ဘာလို့ဆို မင်းသားလေးမှာ ခန့်ညားတဲ့ ရုပ်ရည်ရှိပြီးသာလေ။"

"သေချာလား။"
"သေချာတာပေါ့။" ဒုန်ဂျူး ပြောပင်မဲ့ ခေါင်းကိုသာ တွင်တွင်ခါနေသော ယောင်ဟို။

"ငါသိနေပါတယ်။" ယောင်ဟို အပြောကို ဒုန်ဂျူးလဲနားမလည်တော့ပါ။ မိမိပဲ ဉာဏ်တိန်တာလား မင်းသားလေးပဲ ဉာဏ်ထက်နေတာလားမသိ။

ယောင်ဟိုစိတ်တွင်းတော့ ဒုန်ဂျူးပြောတာ မယုံပါ။ ဟိုနေ့ညက ယွန်းဂျီဆိုတဲ့ကောင်လေးတို့ သူငယ်ချင်အုပ်စုနဲ့သေရည်သောက်ခဲ့ကြတယ်မဟုတ်လား။ အဲ့နေ့ညက ဒုန်ဂျူးက ယွန်းဂျီအပေါ် လိုတာထက်ပိုဂရုစိုက်တာတွေ၊ နူညံ့တဲ့ အကြည့်တွေနဲ့ ကြည့်နေတာမှတ်လား။

မိမိမမှားနိုင်ပါဘူး။ ဒုန်ဂျူး ယွန်းဂျီကို သဘောကျနေမယ်ဆိုတာ။ အဲ့လိုဂရုစိုက်မှုတွေကို မိမိကပဲရချင်တယ်။ ဂရုစိုက်တာမှန်ပင်မဲ့ အခြေအနေမတူဘူးလေ မိမိကိုကျ သက်တော်စောင့်မို့ ဟိုကောင်လေးယွန်းဂျီကိုကျ မလိုအပ်ပဲ ပိုနေတာလေ။

ဘာမှမပြောပဲ မျက်မှောင်ကြီးသာ ခဏခဏကျုံ့သွားသော မင်းသားလေးအားကြည့်ပြီး ဒုန်ဂျူးတကယ်တွေးရခတ်သည်။ ဘာတွေများအဲ့လောက်ထိ စဥ်းစားနေတာလဲ ဖတ်နေတဲ့စာအုပ်အပေါ် အာရုံမရှိတာကတော့သေချာသည်။ ဘာလို့ဆို မင်းသားဖတ်နေတဲ့ စာအုပ်က ပြောင်းပြန်ကြီးဖြစ်နေတာကို။
___________________

"အဲ့တာဆိုမင်းစာတန်းစစ်အောင် အောင်ဖြေရတော့မယ်ပေါ့။" ဂိုယောင်းစကားကြောင့် နှာတရှုံ့ရှုံ့နဲ့ ပြန်ဖြေနေသာ ယွန်းဂျီ..

"ရွှတ်...ဟင့်...အေးပေါ့ဟာ...မဟုတ်ရင်..ဟင့်..ငါရွာဘက်သွားပြီး ယာလုပ်ကမှာ။"
"ဟဲ့နင် စာတော့ကြိုးစားလိုက်စမ်းပါဟာ။ ရွာဘက်သွားပြီး ယာအလုပ်ဦးစီးလုပ်ရရင် နင်ပြောခဲ့ဖူးသလိုပဲ အသားတွေမဲသွားမှာသေချာတယ်။"

အွန်းနာစကားကြောင့် ချက်ချင်းအသံတိတ်သွားသော ယွန်းဂျီ
"ဟုတ်တယ် ငါစာကြိုးစားရမယ် ခတ်တာက ငါမှစာမလုပ်ချင်တာ....ဟင့်....."

"နင်ကလဲဟာ ခုစာတန်းစစ်ဝင်ဖြေ ပြီးရင်ကျောင်းလေး သုံးနှစ်တတ်။ အဲ့အတောအတွင်းလေးပဲလေဟာ ပြီးရင်အေးဆေးပြီး ယာအလုပ်ကတော့ အဲ့လိုမဟုတ်ဘူးနော်။"

"ဟုတ်တယ် ယွန်းဂျီရ။ အွန်းနာပြောတာ ငါလဲ လက်ခံတယ် မင်းကြိုးစားလိုက်ပါ ခဏပဲဟာ။"
"မင်းတို့နှစ်ယောက်ပြောတာလဲ မှန်ပါတယ်။ အင်းပေါ့ ငါကြိုးစားကြည့်ရမှာပဲ။ လာ...ခုတော့သေရည်သွားသောက်ရအောင်။"

"ဟဲ့ နေ့ခင်းကြီး။"
"နေ့ခင်းကြီးလဲ ဘာဖြစ်လဲ မသောက်ချင်ရင်နေခဲ့ ငါတော့သွားပြီ။"
လက်ပြကာ မြောက်ကြွကြွလက်လျှောက်သွားသော ယွန်းဂျီနောက် သူငယ်ချင်းနှစ်ယောက်ကလဲ အမှီလိုက်ရသည်။

ဒီသုံးယောက်က ခွဲတဲ့ချိန်ဆိုလို့ ညဘက် အိမ်ပြန်အိပ်တဲ့ အချိန်ပဲ ရှိတာမှတ်လား။
_________________
4.12.2020
Khine Lay

You are reading the story above: TeenFic.Net