💜 5 💜

Background color
Font
Font size
Line height

Zaw

ဒီေကာင္ေလးရွက္ေနတာလား။ ခ်စ္စရာေလးးးး

ေလးေယာက္သား ေသာက္လဲေသာက္ စားလဲစားရင္း ရယ္ၾကေမာၾကနဲ႕ စကားက်ေနေလရဲ႕။ ဒုန္ဂ်ဴးဘဝမွာ ဒီေလာက္ထိ ၿပဳံးေနမိတာ ဒါပထမဦးဆုံး။ ဒီေကာင္ေလးေၾကာင့္ဆိုရင္ ပိုမွန္လိမ့္မယ္။

သူ႕ေလးကို စေတြ႕တဲ့ေန႕ထဲက သေဘာက်ေနမိတာေတာ့ ဝန္ခံပါရေစ။ သူလဲမလိုျဖစ္တုန္းက ကိုက ေနာက္ကေနထိန္းေပးလိုက္ရတာေလ အမွန္ေျပာရရင္ အဲ့တုန္းက မိမိကိုယ္ကိုမိမိ အံ့ၾသမိတယ္။

မိမိရဲ႕ ဘယ္ဘက္ရင္ဖက္က အေကာင္ေပါက္ေလးက အစမတန္ခုန္သြားတယ္။ ဒါကအစကေတာ့ ေတာ္ေတာ္အံ့ၾသမိတယ္။ စစ္ပြဲအေတြ႕အႀကဳံေတြလဲ ရွိေသာ မိမိက အဲ့တုန္းေတြကလဲ ဒီေလာက္ စိတ္မလႈပ္ရွားဖူးဘူး။

ဒီေကာင္ေလးနဲ႕မွ ပထမဦးဆုံး စိတ္ေတြလႈပ္ရွားမိေနတယ္။ ေနာက္ေတာ့ မိမိလဲ သေဘာေပါက္သြားတယ္။ ဒီေကာင္ေလးပို ခ်စ္မိေနၿပီေလ........

ညနက္ေနၿပီမို႔ ေလးေယာက္သား မူးမူးနဲ႕ အိမ္ျပန္လာခဲ့ၾကသည္။ ေလးေယာက္သာေျပာတာ သုံးေယာက္ကသာ အဓိက မူးေနတာ။ ဒုန္ဂ်ဴးကေတာ့ ထိန္းၿပီးသာေသာက္ထားတာမို႔ က်န္သုံးေယာက္ေလာက္မမူး...

ဂိုေယာင္းကိုလဲ ယြန္းဂ်ီအိမ္ေနရာေမးလိုက္ၿပီး ဒုန္ဂ်ဴးကိုယ္တိုယ္အိမ္လိုက္ပို႔ေပးဖို႔လုပ္တယ္။

စိတ္မခ်ဘဴး။ သုံးေယာက္လုံးမူးေနၾကတာ ဘယ္လိုလုပ္ ဒီေကာင္ေလး အိမ္ကို ေျဖာင့္ေအာင္ျပန္နိုင္မွာလဲ။ ျပန္စရွိလဲ စိတ္ပူတယ္....

တစ္လမ္းလုံး ဒုန္ဂ်ဴးလဲ ေသခ်ာလိုက္ထိန္းေနရတယ္။ အိမ္ေရွ႕ေရာက္ေတာ့မွ
"ဟီးး အစ္ကိုဒုန္ဂ်ဴး ေအ့ ေက်းဇူးတင္ပါတယ္။ ေအ့...အိမ္ျပန္လိုက္ပို႔တာေကာ။"

"ကိစၥမရွိဘူး ကိုအိမ္ထဲထိ လိုက္ပို႔မယ္ေလ။"
"ေနေန...ရတယ္။ သြားေနက် ကိစၥမရွိဘူး။"

ဒုန္ဂ်ဴးကို လက္လွမ္းျပၿပီး အိမ္ထဲကို ယိုင္တိယိုင္တိုင္ ဝင္သြားေသာ ထိုေကာင္ေလးကိုၾကည့္ရင္း ေခါင္းရမ္းမိတယ္။ မလြယ္စိန္ေလးးးးး တကယ္လဲ ခ်စ္ဖို႔ေကာင္းတယ္.....
____________________

"မင္းက ဂန္မင္ဝူေနာ္။"
"ဟုတ္ကဲ့။"
အမတ္ႀကီးလီက မင္ဝူကိုေသခ်ာၾကည့္ရင္း ေခါင္းဆက္လိုက္တယ္။ ၿပီးမွ

"မင္းက ေတာ္တာပဲ။ ပထမအဆင့္နဲ႕ေတာင္ ေအာင္ထားတာဆိုေတာ့ ေနာက္လဲဆက္ႀကိဳးစား။"
"ဟုတ္ကဲ့ ကြၽန္ေတာ္ႀကိဳးစားမွာပါ။"

"အင္းးး သြားေတာ့။"
"ဟုတ္ကဲ့။"
မင္ဝူလဲ အခန္းကထြက္သြားေရာ အမတ္လီက ေဘးက အမတ္တစ္ဦးကို

"ဒီေကာင္ေလးၾကည့္ရတာ လိမ္မာယဥ္ေက်းမဲ့ပုံ။ သူ႕ကို လိုအပ္တာရွိရင္လဲ ျဖည့္ေပးလိုက္။ အဆင္မေျပရင္ ငါ့ကိုေခၚ ငါလုပ္ေပးမယ္။"

"ဟုတ္ကဲ့"
"မင္းမထင္ဘူးလား.. ငါ့အိမ္ကေကာင္နဲ႕ ကြာတာေလ။"
အမတ္ႀကီးလီစကားေၾကာင့္ ေဘးကအမတ္လဲ ၿပဳံးစိစိျဖစ္သြားသည္။

အမတ္ႀကီးလီက အျခားအမတ္ေတြလို ဂုဏ္ဝင့္ၿပီး ေနတတ္တဲ့သူထဲမပါဘူး။ အားလုံးကို ညီညီမွ်မွ်ပဲ ဆက္ဆံတယ္။ အဲ့တာေၾကာင့္လဲ နန္းတြင္းက လူေတာ္ေတာ္မ်ားမ်ားက အမတ္ႀကီးလီ မိသားစုကို ခ်စ္ခင္ၾကသည္။

ေဘးက အမတ္က မသိမသာရယ္ပင္မဲ့ အမတ္ႀကီးလီက ရိတ္မိသား
"မရီနဲ႕ေလကြာ... ငါလဲ အဲ့ေကာင္ေၾကာင့္ စိတ္ညစ္ေနတာ။ ဘယ္လိုေတြေတာင္ သူ႕ကို ဆက္ထိန္းရမလဲပဲ။ ေသာက္လိုက္တဲ့ေသရည္ကလဲ ေျပာမေကာင္းဘူးကြာ။"

"အမတ္ႀကီးလီရယ္ ယြန္းဂ်ီ​က လူငယ္သဘာဝ လြတ္လြတ္လပ္လပ္ ေနခ်င္ေနတာေနမွာ။"
"လြတ္လပ္တာလဲ လြတ္လပ္ေပ့ကြာ ခုဟာက မဟုတ္ေသးပါဘူး။

အိမ္ေထာင္ခ်ေပးမလားဆိုေတာ့လဲ သူ႕လက္ေၾကာမတင္းတာနဲ႕ ဘယ္မိန္းကေလးရွင္မွ ေပးစားခ်င္မွာ မဟုတ္ဘူး။"
"ေနာက္ေတာ့ သူလဲ သူဝါသနာပါတာေတြ႕မွာပါ။"

"ငါလဲ အဲ့တာပဲ ေမွ်ာ္လင့္ေနရတယ္။" အမတ္ႀကီးလီလဲ သတ္ျပင္းခ်ရင္း သားျဖစ္သူအတြက္ စိတ္ေလးေနရသည္။
________________

ညက ေသာက္တာ မ်ားသြားတဲ့အရွိန္ေၾကာင့္ ယြန္းဂ်ီမွာ အိပ္ယာေတာင္ ေန႕လည္မွနိုးတယ္။ နိုးျပန္ေတာ့လဲ ေတာ္ေတာ္ၾကာၾကာမထနိုင္ေသး။

"အားး အာ့.... ဟင့္.... ေခါင္းကိုက္လိုက္တာ...ဟင္းးးး"
"ငိုမေနနဲ႕ ေသာက္တုန္းကျဖင့္ေသာက္ၿပီး"

"ေမေမကလဲ...ဘာေျပာမို႔လဲ သားအခန္းထဲဝင္လာၿပီး"
"ဒီမွာေရာ့... အမူးေျပ ဟင္းရည္လုပ္လာတယ္ ေသာက္လိုက္။"

ဟင္းရည္ပန္းကန္ႀကီး ေရွ႕လာျပေတာ့မွ အနံ႕ရေတာ့ မ်က္လုံးေလးဖြင့္ၾကည့္တယ္။
"ေမေမက ခ်စ္ဖို႔ေကာင္းလိုက္တာ။ အဲ့တာေၾကာင့္ သားက ပိုခ်စ္ေနရတာ။"

"ခြၽဲစိန္လုပ္မေနနဲ႕ေတာ့။ ေသာက္လိုက္ သားေဖေဖက မနက္က စိတ္ဆိုးေနတယ္။ ညက မူးေအာင္ေသာက္လာလို႔"
"အားး ေသာက္လို႔ေကာင္းလိုက္တာ။"

"သားးေမေမေျပာေနတာၾကားလား။"
"ၾကားတယ္ေလ။"

"ဟင္အဲ့ဆို ဘာလို႔ဘာမွ ျပန္မေျပာတာလဲ။"
"အဲ့တာထုံးစံပဲေလ။"

"ခုကေတာ့ေတာ္ေတာ္စိတ္ဆိုးေနတယ္။"
"ဘာလို႔လဲ။"

" ခုခ်ိန္ထိ ေရေရရာရာ ဘာအလုပ္မွ မလုပ္ေသးလို႔တဲ့။ ၿပီးေတာ့ ဒီႏွစ္ ပထမအဆင့္နဲ႕ ေအာင္တဲ့သူက ဆင္းရဲၿပီး ႀကိဳးစားလို႔ အားက်တယ္တဲ့။ သားကိုလဲ အဲ့လိုျဖစ္ေစခ်င္ေနတယ္။"

"သားက ေဖေဖ့လို အမတ္ျဖစ္ခ်င္ပါတယ္။ ခတ္တာက စာမွမလုပ္ခ်င္တာကို။" ႏႈတ္ခမ္းေလးဆူၿပီးေျပာလာေသာ သားျဖစ္သူကို မေအမွာေတာ့ ေခါင္းတဆက္ဆက္။

'ေယာက္်ားေလးေပမို႔ စိတ္ပူရတယ္။ မိန္းကေလးဆို မိမိတို႔ အသိုင္းအဝိုင္းနဲ႕ သင့္ေတာ္တဲ့သူက ရွာၿပီး လက္ထပ္ေပးလို႔ရေသး။ ခုဟာက ေယာက္်ားေလး ေပးစားလို႔ရရင္လဲ ေတာ္ေသးေပါ့။'

သခင္မႀကီးလီက ကိုယ့္အေတြးနဲ႕ကိုယ္ ျဖစ္ေနလို႔ ယြန္းဂ်ီေခၚတာေတာင္ မၾကား။
"ေမေမ..ေမေမလို႔...."

"ေဟ..ေအာ...ေျပာသား။"
"ဘာေတြစဥ္းစားေနလဲမသိဘူး။ သားခု ေခါက္ဆြဲေအးကို ပုစဥ္နဲ႕စားခ်င္တယ္။"

"ေအးပါ..ေမေမခု သြားလုပ္ေပးမယ္ေနာ္။" သခင္မႀကီးလီ ထြက္သြားေတာ့မွ ယြန္းဂ်ီလဲ ျပန္လွဲလိုက္သည္။ အေတြးထဲေတာ့ ဒီႏွစ္ ပထမရသူေၾကာင့္ ေဖေဖက မနက္က မိမိကို ေဒါသထြက္သြားတာမွတ္လား။

သူကဘယ္ေလာက္ေတာ္လို႔ ေဖေဖက မိမိနဲ႕ေတာင္ႏွိုင္းၿပီး ေျပာရတာလဲ။ အဲ့လိုဆို ကိုက ႀကိဳက္တာမဟုတ္ဖူး။

မ်က္လုံးသာမွိတ္ထားတာ ပါးစပ္က တြတ္တြတ္ေဖာက္ေျပာေနတာမို႔ ေဘးနားမွာသာ လူရွိရင္ ထေအာ္ခံရမွာေသခ်ာတယ္။
______________

"ခုေနာက္ပိုင္း မင္းက အိမ္ေရွ႕စံကိုပဲ ဂ႐ုစိုက္ကေတာ့မယ္။"
"အမိန့္ေတာ္အတိုင္းပါ မင္းႀကီး။"

အရင္ဆို ဂ်န္ဒုန္ဂ်ဴးက မင္းႀကီးအတြက္ အလုပ္လုပ္ေပးေနရတာ။ ခုေတာ့ မင္းႀကီးရဲ႕အမိန့္ေၾကာင့္ အိမ္ေရွ႕စံကို ေစာင့္ေရွာက္ရေတာ့မယ္။

အိမ္ေရွ႕စံနန္းေဆာင္~~~~~
"မင္းသား ....... သတ္ေတာ္ေစာင့္ဂ်န္ ေရာက္ရွိေၾကာင္းပါ။"
"ဝင္ခြင့္ေပးလိုက္။"

နန္းေဆာင္ထဲက ဝင္ခြင့္ရတာနဲ႕ ဒုန္ဂ်ဴးလဲ ဝင္လိုက္တယ္။ အိမ္ေရွ႕စံမင္းသားက အျပင္သိပ္ထြက္ေလ့မရွိဘူး မနက္ခင္းညီလာခံေတြ ပြဲေတာ္ေတြ မပါမျဖစ္ကိစၥေတြကလြဲလို႔ နန္းေဆာင္ထဲမွာပဲ ေနေလ့ရွိသည္။

ဒုန္ဂ်ဴးနန္းေဆာင္ထဲ ဝင္လာၿပီး ေခါင္းငုံ႕လ်က္သာ ခစားလိုက္သည္။
"မင္းႀကီး၏ အမိန့္ေတာ္ေၾကာင့္ ကိုယ္ရံေတာ္ျဖင့္ေနာက္ပိုင္း ဆက္လက္ထမ္းေဆာင္ရေၾကာင္းပါ မင္းသား။"

စာၾကည့္ခုံေရွ႕သာထိုင္ၿပီး စာ႐ြက္ေတြကို တစ္႐ြက္ခ်င္းလွန္ၾကည့္ေနၿပီး
"အဲ့တာဆိုရင္ ေျပာထားရမယ္။ ကြၽန္ေတာ္က အရမ္းႀကီး ခစားတာတို႔ အေလးေပးတာတို႔မႀကိဳက္ဘူး။ စိတ္ရႈပ္တယ္လို႔ ခံစားရလို႔။"

စကားေျပာရင္း ေမာ့ၾကည့္လိုက္ေတာ့မွ......

ေယာက္်ားဆန္ေသာ အရပ္ရွည္ရွည္...
ကိုယ္ရံေတာ္ ဝတ္စုံျဖစ္ေသာေၾကာင့္ ခ်ပ္ခ်ပ္ရပ္ရပ္ေလး ဝတ္ထားေသာ ဒုန္ဂ်ဴး ခႏၶာကိုယ္မွာ ေပၚလြင္ေနေသးးး
ေခါင္းငုံ႕ထားေသာ္လဲ ေပၚလြင္ေနေသာ ႏွာတံက အထင္းသားးး

မင္းသားဆီမွ ဘာစကားမွ ျပန္မလာတာမို႔ ေျပာစရာကုန္သြားသည္အထင္ႏွင့္
"ဟုတ္ကဲ့။ ဒါဆို ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး.."

"ခဏေလး!!" ျပန္ထြက္သြားမွာကို စိုးရိမ္ဟန္ႏွင့္ ဟန့္တားလိုက္တာေၾကာင့္ မင္းသားအသံမွာ မသိမသာေလးမာသြားသည္။

"ေၾသာ္..ေျပာစရာရွိလို႔။"
"ဟုတ္ကဲ့ အမိန့္နာခံလ်က္ပါ.."

"ဒီမွာပဲ ခဏထိုင္ေနပါလား။"
"ဗ်ာ.. ဟုတ္ကဲ့။" မင္းသား၏ မထင္မွတ္တဲ့ စကားေၾကာင့္ ဒုန္ဂ်ဴးတကယ္ကို အံ့ၾသရသည္။

မင္းသားက သူစာဖတ္ေနခ်ိန္ အနားမွာ ဘယ္သူမွ ရွိတာႀကိဳက္တာမဟုတ္ဘူး။ ခုေတာင္မင္းႀကီးအမိန့္မို႔ ခ်က္ခ်င္းေရာက္လာၿပီး အေၾကာင္းၾကားရတာမွတ္လား။ ခုလိုမ်ိဳး 'ခဏထိုင္ေနပါလား' ဆိုတဲ့စကားေၾကာင့္ တကယ္ အံ့ၾသမိတယ္။

*ငါ ဘာျဖစ္သြားတာလဲ။ ဘာလို႔ငါက သူထြက္သြားရတာမလိုလားတာလဲ။ ငါစာဖတ္ေနတာေလ အရင္လိုဘာလို႔ လူရွိတာ အႏွောက္အယွက္မျဖစ္တာလဲ။အားးး စိတ္ရႈပ္လိုက္တာ စာပဲျပန္ဖတ္ေနတာေကာင္းတယ္။"

အိမ္ေရွ႕စံနန္းေဆာင္ထဲမွာေတာ့ စာဖတ္ရင္ အနားမွာ လူရွိတာ မႀကိဳက္တတ္ေသာ လူငယ္တစ္ေယာက္က အနားမွာ လူတစ္ေယာက္ကို ျပန္မလႊတ္ပဲ ေခၚထားတဲ့ဆိုတဲ့ သတင္းက အပ်ိဳေတာ္ေတြ ပါးစပ္ဖ်ားမွာ ေျပာစရာစကားတစ္ခု ျဖစ္လာသည္......
__________________
23.11.2020
Khine Lay

Uni

ဒီကောင်လေးရှက်နေတာလား။ ချစ်စရာလေးးးး

လေးယောက်သား သောက်လဲသောက် စားလဲစားရင်း ရယ်ကြမောကြနဲ့ စကားကျနေလေရဲ့။ ဒုန်ဂျူးဘဝမှာ ဒီလောက်ထိ ပြုံးနေမိတာ ဒါပထမဦးဆုံး။ ဒီကောင်လေးကြောင့်ဆိုရင် ပိုမှန်လိမ့်မယ်။

သူ့လေးကို စတွေ့တဲ့နေ့ထဲက သဘောကျနေမိတာတော့ ဝန်ခံပါရစေ။ သူလဲမလိုဖြစ်တုန်းက ကိုက နောက်ကနေထိန်းပေးလိုက်ရတာလေ အမှန်ပြောရရင် အဲ့တုန်းက မိမိကိုယ်ကိုမိမိ အံ့သြမိတယ်။

မိမိရဲ့ ဘယ်ဘက်ရင်ဖက်က အကောင်ပေါက်လေးက အစမတန်ခုန်သွားတယ်။ ဒါကအစကတော့ တော်တော်အံ့သြမိတယ်။ စစ်ပွဲအတွေ့အကြုံတွေလဲ ရှိသော မိမိက အဲ့တုန်းတွေကလဲ ဒီလောက် စိတ်မလှုပ်ရှားဖူးဘူး။

ဒီကောင်လေးနဲ့မှ ပထမဦးဆုံး စိတ်တွေလှုပ်ရှားမိနေတယ်။ နောက်တော့ မိမိလဲ သဘောပေါက်သွားတယ်။ ဒီကောင်လေးပို ချစ်မိနေပြီလေ........

ညနက်နေပြီမို့ လေးယောက်သား မူးမူးနဲ့ အိမ်ပြန်လာခဲ့ကြသည်။ လေးယောက်သာပြောတာ သုံးယောက်ကသာ အဓိက မူးနေတာ။ ဒုန်ဂျူးကတော့ ထိန်းပြီးသာသောက်ထားတာမို့ ကျန်သုံးယောက်လောက်မမူး...

ဂိုယောင်းကိုလဲ ယွန်းဂျီအိမ်နေရာမေးလိုက်ပြီး ဒုန်ဂျူးကိုယ်တိုယ်အိမ်လိုက်ပို့ပေးဖို့လုပ်တယ်။

စိတ်မချဘူး။ သုံးယောက်လုံးမူးနေကြတာ ဘယ်လိုလုပ် ဒီကောင်လေး အိမ်ကို ဖြောင့်အောင်ပြန်နိုင်မှာလဲ။ ပြန်စရှိလဲ စိတ်ပူတယ်....

တစ်လမ်းလုံး ဒုန်ဂျူးလဲ သေချာလိုက်ထိန်းနေရတယ်။ အိမ်ရှေ့ရောက်တော့မှ
"ဟီးး အစ်ကိုဒုန်ဂျူး အေ့ ကျေးဇူးတင်ပါတယ်။ အေ့...အိမ်ပြန်လိုက်ပို့တာကော။"

"ကိစ္စမရှိဘူး ကိုအိမ်ထဲထိ လိုက်ပို့မယ်လေ။"
"နေနေ...ရတယ်။ သွားနေကျ ကိစ္စမရှိဘူး။"

ဒုန်ဂျူးကို လက်လှမ်းပြပြီး အိမ်ထဲကို ယိုင်တိယိုင်တိုင် ဝင်သွားသော ထိုကောင်လေးကိုကြည့်ရင်း ခေါင်းရမ်းမိတယ်။ မလွယ်စိန်လေးးးးး တကယ်လဲ ချစ်ဖို့ကောင်းတယ်.....
____________________

"မင်းက ဂန်မင်ဝူနော်။"
"ဟုတ်ကဲ့။"
အမတ်ကြီးလီက မင်ဝူကိုသေချာကြည့်ရင်း ခေါင်းဆက်လိုက်တယ်။ ပြီးမှ

"မင်းက တော်တာပဲ။ ပထမအဆင့်နဲ့တောင် အောင်ထားတာဆိုတော့ နောက်လဲဆက်ကြိုးစား။"
"ဟုတ်ကဲ့ ကျွန်တော်ကြိုးစားမှာပါ။"

"အင်းးး သွားတော့။"
"ဟုတ်ကဲ့။"
မင်ဝူလဲ အခန်းကထွက်သွားရော အမတ်လီက ဘေးက အမတ်တစ်ဦးကို

"ဒီကောင်လေးကြည့်ရတာ လိမ်မာယဥ်ကျေးမဲ့ပုံ။ သူ့ကို လိုအပ်တာရှိရင်လဲ ဖြည့်ပေးလိုက်။ အဆင်မပြေရင် ငါ့ကိုခေါ် ငါလုပ်ပေးမယ်။"

"ဟုတ်ကဲ့"
"မင်းမထင်ဘူးလား.. ငါ့အိမ်ကကောင်နဲ့ ကွာတာလေ။"
အမတ်ကြီးလီစကားကြောင့် ဘေးကအမတ်လဲ ပြုံးစိစိဖြစ်သွားသည်။

အမတ်ကြီးလီက အခြားအမတ်တွေလို ဂုဏ်ဝင့်ပြီး နေတတ်တဲ့သူထဲမပါဘူး။ အားလုံးကို ညီညီမျှမျှပဲ ဆက်ဆံတယ်။ အဲ့တာကြောင့်လဲ နန်းတွင်းက လူတော်တော်များများက အမတ်ကြီးလီ မိသားစုကို ချစ်ခင်ကြသည်။

ဘေးက အမတ်က မသိမသာရယ်ပင်မဲ့ အမတ်ကြီးလီက ရိတ်မိသား
"မရီနဲ့လေကွာ... ငါလဲ အဲ့ကောင်ကြောင့် စိတ်ညစ်နေတာ။ ဘယ်လိုတွေတောင် သူ့ကို ဆက်ထိန်းရမလဲပဲ။ သောက်လိုက်တဲ့သေရည်ကလဲ ပြောမကောင်းဘူးကွာ။"

"အမတ်ကြီးလီရယ် ယွန်းဂျီ​က လူငယ်သဘာဝ လွတ်လွတ်လပ်လပ် နေချင်နေတာနေမှာ။"
"လွတ်လပ်တာလဲ လွတ်လပ်ပေ့ကွာ ခုဟာက မဟုတ်သေးပါဘူး။

အိမ်ထောင်ချပေးမလားဆိုတော့လဲ သူ့လက်ကြောမတင်းတာနဲ့ ဘယ်မိန်းကလေးရှင်မှ ပေးစားချင်မှာ မဟုတ်ဘူး။"
"နောက်တော့ သူလဲ သူဝါသနာပါတာတွေ့မှာပါ။"

"ငါလဲ အဲ့တာပဲ မျှော်လင့်နေရတယ်။" အမတ်ကြီးလီလဲ သတ်ပြင်းချရင်း သားဖြစ်သူအတွက် စိတ်လေးနေရသည်။
________________

ညက သောက်တာ များသွားတဲ့အရှိန်ကြောင့် ယွန်းဂျီမှာ အိပ်ယာတောင် နေ့လည်မှနိုးတယ်။ နိုးပြန်တော့လဲ တော်တော်ကြာကြာမထနိုင်သေး။

"အားး အာ့.... ဟင့်.... ခေါင်းကိုက်လိုက်တာ...ဟင်းးးး"
"ငိုမနေနဲ့ သောက်တုန်းကဖြင့်သောက်ပြီး"

"မေမေကလဲ...ဘာပြောမို့လဲ သားအခန်းထဲဝင်လာပြီး"
"ဒီမှာရော့... အမူးပြေ ဟင်းရည်လုပ်လာတယ် သောက်လိုက်။"

ဟင်းရည်ပန်းကန်ကြီး ရှေ့လာပြတော့မှ အနံ့ရတော့ မျက်လုံးလေးဖွင့်ကြည့်တယ်။
"မေမေက ချစ်ဖို့ကောင်းလိုက်တာ။ အဲ့တာကြောင့် သားက ပိုချစ်နေရတာ။"

"ချွဲစိန်လုပ်မနေနဲ့တော့။ သောက်လိုက် သားဖေဖေက မနက်က စိတ်ဆိုးနေတယ်။ ညက မူးအောင်သောက်လာလို့"
"အားး သောက်လို့ကောင်းလိုက်တာ။"

"သားးမေမေပြောနေတာကြားလား။"
"ကြားတယ်လေ။"

"ဟင်အဲ့ဆို ဘာလို့ဘာမှ ပြန်မပြောတာလဲ။"
"အဲ့တာထုံးစံပဲလေ။"

"ခုကတော့တော်တော်စိတ်ဆိုးနေတယ်။"
"ဘာလို့လဲ။"

" ခုချိန်ထိ ရေရေရာရာ ဘာအလုပ်မှ မလုပ်သေးလို့တဲ့။ ပြီးတော့ ဒီနှစ် ပထမအဆင့်နဲ့ အောင်တဲ့သူက ဆင်းရဲပြီး ကြိုးစားလို့ အားကျတယ်တဲ့။ သားကိုလဲ အဲ့လိုဖြစ်စေချင်နေတယ်။"

"သားက ဖေဖေ့လို အမတ်ဖြစ်ချင်ပါတယ်။ ခတ်တာက စာမှမလုပ်ချင်တာကို။" နှုတ်ခမ်းလေးဆူပြီးပြောလာသော သားဖြစ်သူကို မအေမှာတော့ ခေါင်းတဆက်ဆက်။

'ယောက်ျားလေးပေမို့ စိတ်ပူရတယ်။ မိန်းကလေးဆို မိမိတို့ အသိုင်းအဝိုင်းနဲ့ သင့်တော်တဲ့သူက ရှာပြီး လက်ထပ်ပေးလို့ရသေး။ ခုဟာက ယောက်ျားလေး ပေးစားလို့ရရင်လဲ တော်သေးပေါ့။'

သခင်မကြီးလီက ကိုယ့်အတွေးနဲ့ကိုယ် ဖြစ်နေလို့ ယွန်းဂျီခေါ်တာတောင် မကြား။
"မေမေ..မေမေလို့...."

"ဟေ..အော...ပြောသား။"
"ဘာတွေစဥ်းစားနေလဲမသိဘူး။ သားခု ခေါက်ဆွဲအေးကို ပုစဥ်နဲ့စားချင်တယ်။"

"အေးပါ..မေမေခု သွားလုပ်ပေးမယ်နော်။" သခင်မကြီးလီ ထွက်သွားတော့မှ ယွန်းဂျီလဲ ပြန်လှဲလိုက်သည်။ အတွေးထဲတော့ ဒီနှစ် ပထမရသူကြောင့် ဖေဖေက မနက်က မိမိကို ဒေါသထွက်သွားတာမှတ်လား။

သူကဘယ်လောက်တော်လို့ ဖေဖေက မိမိနဲ့တောင်နှိုင်းပြီး ပြောရတာလဲ။ အဲ့လိုဆို ကိုက ကြိုက်တာမဟုတ်ဖူး။

မျက်လုံးသာမှိတ်ထားတာ ပါးစပ်က တွတ်တွတ်ဖောက်ပြောနေတာမို့ ဘေးနားမှာသာ လူရှိရင် ထအော်ခံရမှာသေချာတယ်။
______________

"ခုနောက်ပိုင်း မင်းက အိမ်ရှေ့စံကိုပဲ ဂရုစိုက်ကတော့မယ်။"
"အမိန့်တော်အတိုင်းပါ မင်းကြီး။"

အရင်ဆို ဂျန်ဒုန်ဂျူးက မင်းကြီးအတွက် အလုပ်လုပ်ပေးနေရတာ။ ခုတော့ မင်းကြီးရဲ့အမိန့်ကြောင့် အိမ်ရှေ့စံကို စောင့်ရှောက်ရတော့မယ်။

အိမ်ရှေ့စံနန်းဆောင်~~~~~
"မင်းသား ....... သတ်တော်စောင့်ဂျန် ရောက်ရှိကြောင်းပါ။"
"ဝင်ခွင့်ပေးလိုက်။"

နန်းဆောင်ထဲက ဝင်ခွင့်ရတာနဲ့ ဒုန်ဂျူးလဲ ဝင်လိုက်တယ်။ အိမ်ရှေ့စံမင်းသားက အပြင်သိပ်ထွက်လေ့မရှိဘူး မနက်ခင်းညီလာခံတွေ ပွဲတော်တွေ မပါမဖြစ်ကိစ္စတွေကလွဲလို့ နန်းဆောင်ထဲမှာပဲ နေလေ့ရှိသည်။

ဒုန်ဂျူးနန်းဆောင်ထဲ ဝင်လာပြီး ခေါင်းငုံ့လျက်သာ ခစားလိုက်သည်။
"မင်းကြီး၏ အမိန့်တော်ကြောင့် ကိုယ်ရံတော်ဖြင့်နောက်ပိုင်း ဆက်လက်ထမ်းဆောင်ရကြောင်းပါ မင်းသား။"

စာကြည့်ခုံရှေ့သာထိုင်ပြီး စာရွက်တွေကို တစ်ရွက်ချင်းလှန်ကြည့်နေပြီး
"အဲ့တာဆိုရင် ပြောထားရမယ်။ ကျွန်တော်က အရမ်းကြီး ခစားတာတို့ အလေးပေးတာတို့မကြိုက်ဘူး။ စိတ်ရှုပ်တယ်လို့ ခံစားရလို့။"

စကားပြောရင်း မော့ကြည့်လိုက်တော့မှ......

ယောက်ျားဆန်သော အရပ်ရှည်ရှည်...
ကိုယ်ရံတော် ဝတ်စုံဖြစ်သောကြောင့် ချပ်ချပ်ရပ်ရပ်လေး ဝတ်ထားသော ဒုန်ဂျူး ခန္ဓာကိုယ်မှာ ပေါ်လွင်နေသေးးး
ခေါင်းငုံ့ထားသော်လဲ ပေါ်လွင်နေသော နှာတံက အထင်းသားးး

မင်းသားဆီမှ ဘာစကားမှ ပြန်မလာတာမို့ ပြောစရာကုန်သွားသည်အထင်နှင့်
"ဟုတ်ကဲ့။ ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး.."

"ခဏလေး!!" ပြန်ထွက်သွားမှာကို စိုးရိမ်ဟန်နှင့် ဟန့်တားလိုက်တာကြောင့် မင်းသားအသံမှာ မသိမသာလေးမာသွားသည်။

"သြော်..ပြောစရာရှိလို့။"
"ဟုတ်ကဲ့ အမိန့်နာခံလျက်ပါ.."

"ဒီမှာပဲ ခဏထိုင်နေပါလား။"
"ဗျာ.. ဟုတ်ကဲ့။" မင်းသား၏ မထင်မှတ်တဲ့ စကားကြောင့် ဒုန်ဂျူးတကယ်ကို အံ့သြရသည်။

မင်းသားက သူစာဖတ်နေချိန် အနားမှာ ဘယ်သူမှ ရှိတာကြိုက်တာမဟုတ်ဘူး။ ခုတောင်မင်းကြီးအမိန့်မို့ ချက်ချင်းရောက်လာပြီး အကြောင်းကြားရတာမှတ်လား။ ခုလိုမျိုး 'ခဏထိုင်နေပါလား' ဆိုတဲ့စကားကြောင့် တကယ် အံ့သြမိတယ်။

*ငါ ဘာဖြစ်သွားတာလဲ။ ဘာလို့ငါက သူထွက်သွားရတာမလိုလားတာလဲ။ ငါစာဖတ်နေတာလေ အရင်လိုဘာလို့ လူရှိတာ အနှောက်အယှက်မဖြစ်တာလဲ။အားးး စိတ်ရှုပ်လိုက်တာ စာပဲပြန်ဖတ်နေတာကောင်းတယ်။"

အိမ်ရှေ့စံနန်းဆောင်ထဲမှာတော့ စာဖတ်ရင် အနားမှာ လူရှိတာ မကြိုက်တတ်သော လူငယ်တစ်ယောက်က အနားမှာ လူတစ်ယောက်ကို ပြန်မလွှတ်ပဲ ခေါ်ထားတဲ့ဆိုတဲ့ သတင်းက အပျိုတော်တွေ ပါးစပ်ဖျားမှာ ပြောစရာစကားတစ်ခု ဖြစ်လာသည်......
__________________
23.11.2020
Khine Lay

You are reading the story above: TeenFic.Net