💙 4 💙

Background color
Font
Font size
Line height

Zaw

"ဟီးး သိသားပဲ။ လာ.. လမ္းေလွ်ာက္ရင္းဆက္ေျပာၾကမယ္။ ကြၽန္ေတာ့္နာမည္က လီယြန္းဂ်ီ။ အသက္က၂၀... ခင္ဗ်ားကေကာ။"
"ကို႔နာမည္က ဂ်န္ဒုန္ဂ်ဴး...အသက္က ၂၅"

"ဟာ... ေတာင္းပန္တယ္ေနာ္။ ခုကစၿပီး အကိုဒုန္ဂ်ဴးလို႔ပဲေခၚမယ္ေနာ္။"
"သေဘာ...."

"ကြၽန္ေတာ္တို႔ အရင္က တစ္ခါမွ မဆုံဖူးဘူးေနာ္။"
"မမွတ္မိဘူးလား"
"ဆုံဘူးလို႔လား။"
"ဆုံဘူးတယ္ေလ မင္းက အဲ့တုန္းက ေနာက္ျပန္လမ္းေလွ်ာက္ေနတာ ကိုနဲ႕တိုက္မိၿပီး လဲမလိုျဖစ္ေတာ့ ကိုေတာင္မင္းကို ထိန္းေပးလိုက္ေသးတယ္ေလ။"

ဒုန္ဂ်ဴးေျပာလိုက္မွ ယြန္းဂ်ီလဲ ပါးစပ္ေလးအဝိုင္းသားျဖစ္သြားၿပီး
"ေအာ္သိၿပီ..အဲ့တုန္းက ကြၽန္ေတာ္က အကိုဒုန္ဂ်ဴးရဲ႕ေနာက္ေက်ာပဲ ျမင္လိုက္ရတာေလ။ ဘယ္မွတ္မိမလဲလို႔။"
"ဟားးး ဟုတ္ပါၿပီ"

ႏႈတ္ခမ္းေလးကို ဆူဆူၿပီး စကားေျပာတတ္တာ အက်င့္တစ္ခုျဖစ္ေနေသာ ယြန္းဂ်ီေလးဟာ ဒုန္ဂ်ဴးမ်က္စိထဲေတာ့ အလြန္လွပတဲ့ ၿပိဳင္စံရွား ႏႈတ္ခမ္းပိုင္ရွင္ေလးျဖစ္သည္....
___________

"မယ္မယ္ႀကီးေတြ႕ခြင့္ေတာင္းပါတယ္မင္းႀကီးးး"
"အင္းး ဝင္ခြင့္ျပဳလိုက္။"

"မင္းႀကီးး"
"မယ္မယ္...လာေလ...ကြၽန္ေတာ္လဲ ခုတေလာ မယ္မယ္အေဆာင္ကိုမလာျဖစ္ေနတာ အလုပ္မ်ားလို႔ပါ။"

"မင္းႀကီးကမလာေတာ့ မယ္မယ္ကပဲလာရတာေပါ့။ ၿပီးေတာ့ မင္းႀကီးကို မယ္မယ္ေျပာစရာရွိေသးတယ္။"
"ေျပာပါမယ္မယ္။"

"ခုမယ္မယ္တို႔ ေဂ်ာင္ဆူးတိုင္းျပည္ႀကီးက ၿငိမ္းခ်မ္းတယ္ဆိုတာ မယ္မယ္ေထာက္ခံပါတယ္။ ဒါပင္မဲ့ အျခားတိုင္းျပည္ဘက္ကေန မင္းႀကီးကို သူတို႔ရဲ႕သမီးေတြနဲ႕ လတ္ဆက္ေပးခ်င္ၾကတယ္ေလ။"

"ခဏေလးမယ္မယ္။ ကြၽန္ေတာ့္ကို လက္ဆက္ဖို႔ တိုက္တြန္းဦးမွာလား။ ေတာ္ပါေတာ့မယ္မယ္ မိဖုရားေခါင္ႀကီးလဲ ရွိေနၿပီးေနၿပီေလ ၿပီးေတာ့ သားေတာ္ေလးလဲ ရွိေနၿပီ။ သားေတာ္ေလးလဲ အသက္၂၀ဆိုတဲ့ အ႐ြယ္ေကာင္းပါပဲ။

လက္ဆက္တာကိုေတာ့ ျငင္းပါရေစ။ ကြၽန္ေတာ္ခ်စ္တဲ့သူနဲ႕လဲ ကြဲၿပီးၿပီ။ ကြၽန္ေတာ္ထက္ၿပီး သစၥာမရွိတဲ့သူ မျဖစ္ပါရေစနဲ႕ေတာ့။ ၿပီးေတာ့..."

"ေတာ္ၿပီမင္းႀကီး..မယ္မယ္သိေနတယ္ မင္းႀကီးဆက္ေျပာမဲ့စကားေတြကို လက္ဆက္ဖို႔ျငင္းလဲရပါတယ္။ ခုေတာ့ မယ္မယ့္ကို သြားခြင့္ျပဳပါဦး။"

မင္းႀကီးေျပာမဲ့ စကားကို ႀကိဳသိေနေသာ မယ္မယ္ကေတာ့ ထိုစကားကို မၾကားခ်င္တာမို႔ စကားျဖတ္ၿပီးသာ ထြက္လာခဲ့သည္။

လက္ဆက္ဖို႔ ျငင္းတာေတာ့ လက္ခံနိုင္ပင္မဲ့ အဲ့ကိစၥကိုေတာ့ လက္မခံနိုင္ဘူး..........
________________________

"မင္ဝူေလးး အစစအရာရာ ဂ႐ုစိုက္ေနာ္။"
"ဟုတ္ကဲ့.. အဘြားလဲ ဂ႐ုစိုက္ေနာ္။"

"စိတ္ခ်ပါ အစ္ကိုမင္ဝူ။ ဆူအာလဲရွိေနတာပဲ စိတ္မပူနဲ႕ေနာ္။"
"မင္ဝူေလးသြားေတာ့..ေလွထြက္ေတာ့မယ္။"

"အဘြားသြားၿပီးးးး"
"ေအးေအးးး"
ကမ္းေပၚကေန လက္ျပေနေသာ အဘြားျဖစ္သူက မင္ဝူအတြက္ေတာ့ ဘဝမွာတစ္ဦးတည္းရွိေတာ့တဲ့ခ်စ္ရသူ။ ေမေမမရွိေတာ့တဲ့ေနာက္ပိုင္း အဘြားနဲ႕ပဲေနလာရတာ။ ခုလိုခြဲခ်ိန္ေရာက္ေတာ့ စိတ္မေကာင္းျဖစ္မိတယ္။

မႉးမတ္စာတန္းစစ္ကို ပထမအဆင့္နဲ႕ေအာင္ၿပီး အမတ္ေက်ာင္းကို ၄ႏွစ္တိတိတတ္ရမွာ။ တစ္ႏွစ္တစ္ခါ ျပန္လာလို႔ရပင္မဲ့ တြယ္တာစရာက အဘြားပဲရွိတာမွတ္လား......

ေလွက တျဖည္းျဖည္း ႐ြာေလးရဲ႕အေဝးကို ေရာက္သြားေတာ့ မင္ဝူလဲ စိတ္သစ္လူသစ္နဲ႕ မိမိျဖစ္ခ်င္တာကို ႀကိဳးစားရမယ္.......
____________________

"ယြန္းဂ်ီေကာ..."
"မနက္ထဲက ထြက္သြားတာပဲ..... ေယာက္်ားဘာခိုင္းစရာရွိလို႔လဲ။ ကြၽန္မလုပ္ေပးမယ္ေလ။"

"မရွိပါဘူးးး ဒါပင္မဲ့ ဒီေန႕က မႉးမတ္စာတန္းစစ္ေအာင္တဲ့ ကေလးေတြကို သြားေတြ႕ရမွာ။ အဲ့တာ ယြန္းဂ်ီကို ေခၚသြားမလားလို႔။"

"ေနပါေစ ေယာက္်ားရယ္။ သားေလးစိတ္ရႈပ္ေနဦးမယ္။"
"ဟုတ္ပါၿပီဗ်ာ... ဒီအေမနဲ႕ဒီသား လိုက္လဲလိုက္ပါတယ္။"
(ယြန္းဂ်ီေလးေဖေဖကို အေျခအေနအလိုက္ လီသခင္ႀကီးပဲျဖစ္ျဖစ္ အမတ္ႀကီးလီပဲျဖစ္ျဖစ္ သုံးပါ့မယ္ေနာ္။ ႏွစ္ခုစလုံးကလဲ ယြန္းဂ်ီေလးေဖေဖပဲေနာ္)

အမတ္ႀကီးလီလဲ အမတ္ေက်ာင္းကို ႀကိဳေရာက္ႏွင့္ေနၿပီး စီစဥ္ထားတာေတြ ျပန္စစ္ေနသည္။ ဒီေန႕က အနယ္နယ္အရပ္ရပ္က မႉးမတ္စာတန္းစစ္ေအာင္ထားတဲ့သူေတြ ပထမဦးဆုံးေက်ာင္းတတ္ရမဲ့ေန႕။

"အမတ္ႀကီးလီ.. ေက်ာင္းသားေတြ စုံပါၿပီ။"
"ေအးေအးးး"

ခန္းမဘက္သို႔ လူတစ္ေယာက္လာေခၚမႈေၾကာင့္ လိုက္လာခဲ့လိုက္သည္။ ခန္းမႀကီးထဲတြင္လဲ ေက်ာင္းသားေတြက စုံေနၿပီ ခုမွစေရာက္ၾကတာဆိုေတာ့ ကိုယ္စီအထုတ္ေတြနဲ႕။

"ကဲ...အားလုံးပဲ။ဒါကေတာ့ နန္းေတာ္တြင္းက အတိုင္ပင္ခံ ဒုတိယအဆင့္ အမတ္လီပါ။" မိတ္ဆက္ေပးလိုက္ေတာ့ အမတ္လီလဲ မတ္တပ္ရပ္က စကားစလိုက္တယ္...

"ခုခ်ိန္ကစၿပီး အားလုံးက လိုက္နာရမယ့္အခ်က္ေတြ၊ စည္းကမ္းေတြကို မင္းတို႔ကို ေဝေပးထားတဲ့ စာအုပ္မွာ အကုန္ေရးေပးထားတယ္။ စာသင္တာကေတာ့ ဒီအပတ္ထဲမစေသးဘူး အဲ့အတြက္ မင္းတို႔က စာသင္တဲ့အခါက် လိုအပ္တာရွိတာေတြကို ႀကိဳတင္ျပင္ဆင္ထားၾက။

အျပင္ထြက္ခြင့္ အကန့္အသတ္ကိုလဲ စာအုပ္ထဲ ေရးေပးထားတယ္။ မင္းတို႔က အမတ္ေက်ာင္းသားျဖစ္တာေၾကာင့္ အျပင္ထြက္ခြင့္ အရမ္းႀကီးမပိတ္ထားဘူး။

ပတ္ဝန္းက်င္က ေလ့လာစရာေတြရွိေသးတာမို႔ ငါတို႔ခြင့္ျပဳေပးထားတယ္။ အျပင္ထြက္ကမယ္ဆိုတိုင္း စည္းကမ္းေဖာက္လို႔ေတာ့မရဘူး။

အရာရာက ဆုေပးဒဏ္ေပး စနစ္ပဲ။ အားလုံးၾကားလား..."

"ဟုတ္ကဲ့ ၾကားပါတယ္!!" ေက်ာင္းသားေတြလဲ ကိုယ္စီ​မိမိေနၾကရမည့္ အခန္းဆီသို႔ အထုတ္ေတြ ပိုက္ကာ သြားၾကသည္။
____________________

"မိတ္ဆက္ေပးဖို႔ဟုတ္လား။"
"ဟုတ္တယ္ေလ.. ဟဲ့ သူကေခ်ာတာယ္ဟ။ ၿပီးေတာ့ေလ နင္တို႔မွတ္မိၾကလား။ ဟိုေန႕ညက ငါ့ျပဳတ္က်မွာကိုလွမ္းထိန္းေပးတဲ့သူေလ.."

ယြန္းဂ်ီေလးေျပာတာေၾကာင့္ ဂိုေယာင္းနဲ႕အြန္းနာမွာ ဦးႏွောက္ကို အလုပ္ေပးေနရတယ္။
"အာ... သိၿပီ။ နင့္ကို ခါးကေန လွမ္းထိန္းေပးတာေလ။"

"ဟုတ္တယ္အြန္းနာ...ဟုတ္တယ္ သူပဲ။"
"ေနစမ္းပါဦးးး မင္းက သူ႕နဲ႕ ဘယ္လိုေတြ႕ၿပီး ဘယ္လိုရင္းႏွီးသြားတာတုန္း။"

ဂိုေယာင္း၏ အေမးကို ယြန္းဂ်ီတစ္ေယာက္ ေမးေစ့က လက္ေလးနဲ႕သတ္ရင္း ဆရာႀကီးဟန္နဲ႕ ျဖစ္ေၾကာင္းကုန္စင္ အားလုံးကို ေျပာျပလိုက္သည္။

"သူက ခုဒီလာမွာလား။"အြန္းနာ၏ အေမးကို ယြန္းဂ်ီက ေခါင္းကို တြင္တြင္ညွိမ့္ကာ ျပန္ျပေလတယ္။

"သူက ဒီေဆာင္ၾကာၿမိဳင္ကို လာပါ့မလားကြ။"
"လာမွာပါ.. ငါေမးေတာ့ လာမယ္တဲ့။ ...ေဟာ.... ဟိုမွာလာေနၿပီ..."

ယြန္းဂ်ီလက္ေလးျပၿပီး လွမ္းေခၚရာဆီသို႔ ႏွစ္ေယာက္သားေခါင္းလွည့္ၾကည့္လိုက္ေတာ့ ဝတ္႐ုံကို ေသသပ္စြာ ဝတ္ဆင္ထားၿပီး ခႏၶာကိုယ္မွာလဲ က်စ္လစ္ေနမွာေသခ်ာတယ္။

အရပ္ကလဲ ေဘးေတြ ျဖတ္သြားေသာ ေယာက္်ားမ်ားက သိသိသာသာရွည္ေနေသးသည္။
"ေရာက္တာၾကာၿပီလား။ ကိုလာခါနီး အလုပ္ေလးေပၚလာလို႔။"

"ရပါတယ္ ကိစၥမရွိဘူး။ ဘာေသာက္မလဲ။"
"ရတယ္... မွာထားတာေတြနဲ႕တင္ အဆင္ေျပေနပါၿပီ။"
ေရာက္ထဲက ႏွစ္ေယာက္ တစ္ကမၻာျဖစ္ေနေသာ ယြန္းဂ်ီ နဲ႕ ဒုန္ဂ်ဴးကို သူငယ္ခ်င္းျဖစ္သူေတြလဲ ၾကည့္ၿမဲသာ ၾကည့္ေနၾကသည္။

"ေၾသာ္ ေမ့လို႔ မိတ္ဆက္ေပးမယ္ေနာ္။ ဒါက အြန္းနာ ဒါက ဂိုေယာင္း သူတို႔ကေတာ့ ကြၽန္ေတာ့္သူငယ္ခ်င္းေတြ။"

"ေတြ႕ရတာဝမ္းသာပါတယ္။ အကိုကေတာ့ သူငယ္ခ်င္းမရွိဘူး။" ဒုန္ဂ်ဴးရဲ႕စကားေၾကာင့္ က်န္သုံးေယာက္လုံး တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး ေခတၱမွ်ေတာ့ တိတ္သြားတယ္။

"ကြၽန္ေတာ္တို႔ကို ခင္လို႔ရပါတယ္ဗ်ာ..."ဂိုေယာင္းရဲ႕ စကားေၾကာင့္ ဒုန္ဂ်ဴးလဲ ေခါင္းတၿငိမ့္ၿငိမ့္နဲ႕။

"ဟယ္ မမ လာေလ။ ညီမေလးကေစာင့္ေနတာ။" အြန္းနာစကားေၾကာင့္ က်န္ႏွစ္ေယာက္က မ်က္ႏွာပူသြားတယ္။ ဒုန္ဂ်ဴးကို လွမ္းၾကည့္လိုက္ေတာ့လဲ ေအးေအးလူလူပဲ။

"ဟို..အစ္ကိုဒုန္ဂ်ဴး အဆင္ေျပလား။ ကြၽန္မက မိန္းကေလးေတြပဲ သေဘာက်တာေလ။"
"အဆင္ေျပပါတယ္။ လူတစ္ေယာက္နဲ႕တစ္ေယာက္က အႀကိဳက္မွ မတူတာ အဲ့တာ အျပစ္လဲမဟုတ္ဘူး။"

ဒုန္ဂ်ဴးက ေျပာလဲေျပာ ယြန္းဂ်ီေလးကို လွမ္းၾကည့္လိုက္ေတာ့ ယြန္းဂ်ီက နား႐ြက္ဖ်ားေလးေတြရဲေနၿပီး ေခါင္းကို ငုံထားတာေတြ႕ေတာ့ ဒုန္ဂ်ဴးေတာင္ၿပဳံးမိေသး။

ဒီေကာင္ေလးရွက္ေနတာလား။ ခ်စ္စရာေလးးးး

ေလးေယာက္သား ေသာက္လဲေသာက္ စားလဲစားရင္း ရယ္ၾကေမးၾကနဲ႕ စကားက်ေနေလရဲ႕။ ဒုန္ဂ်ဴးဘဝမွာ ဒီေလာက္ထိ ၿပဳံးေနမိတာ ဒါပထမဦးဆုံး။ ဒီေကာင္ေလးေၾကာင့္ဆိုရင္ ပိုမွန္လိမ့္မယ္။

သူေလးကို စေတြ႕တဲ့ေန႕ထဲက သေဘာက်ေနမိတာေတာ့ ဝန္ခံပါရေစ။ သူလဲမလိုျဖစ္တုန္းက ကိုက ေနာက္ကေနထိန္းေပးလိုက္ရတာေလ အမွန္ေျပာရရင္ အဲ့တုန္းက မိမိကိုယ္ကိုမိမိ အံ့ၾသမိတယ္။

မိမိရဲ႕ ဘယ္ဘက္ရင္ဖက္က အေကာင္ေပါက္ေလးက အစမတန္ခုန္သြားတယ္။ ဒါကအစကေတာ့ ေတာ္ေတာ္အံ့ၾသမိတယ္။ စစ္ပြဲအေတြ႕အႀကဳံေတြလဲ ရွိေသာ မိမိက အဲ့တုန္းေတြကလဲ ဒီေလာက္ စိတ္မလႈပ္ရွားဖူးဘူး။

ဒီေကာင္ေလးနဲ႕မွ ပထမဦးဆုံး စိတ္ေတြလႈပ္ရွားမိေနတယ္။ ေနာက္ေတာ့ မိမိလဲ သေဘာေပါက္သြားတယ္။ ဒီေကာင္ေလးကို ခ်စ္မိေနၿပီေလ........
___________
ေနာက္ပိုင္းေတြကို ခိုင္ေလးupေပးေနက် ၃ရက္တစ္ခါမဟုတ္ေတာ့ဘဲ အခ်ိန္ရရင္ရသလိုျမန္ျမန္ typeၿပီး upေပးပါေတာ့မယ္
အဆင္ေျပရဲ႕လား ေျပာျပခဲ့ဦး
22.11.2020
Khine Lay

Uni

"ဟီးး သိသားပဲ။ လာ.. လမ်းလျှောက်ရင်းဆက်ပြောကြမယ်။ ကျွန်တော့်နာမည်က လီယွန်းဂျီ။ အသက်က၂၀... ခင်ဗျားကကော။"
"ကို့နာမည်က ဂျန်ဒုန်ဂျူး...အသက်က ၂၅"

"ဟာ... တောင်းပန်တယ်နော်။ ခုကစပြီး အကိုဒုန်ဂျူးလို့ပဲခေါ်မယ်နော်။"
"သဘော...."

"ကျွန်တော်တို့ အရင်က တစ်ခါမှ မဆုံဖူးဘူးနော်။"
"မမှတ်မိဘူးလား"
"ဆုံဘူးလို့လား။"
"ဆုံဘူးတယ်လေ မင်းက အဲ့တုန်းက နောက်ပြန်လမ်းလျှောက်နေတာ ကိုနဲ့တိုက်မိပြီး လဲမလိုဖြစ်တော့ ကိုတောင်မင်းကို ထိန်းပေးလိုက်သေးတယ်လေ။"

ဒုန်ဂျူးပြောလိုက်မှ ယွန်းဂျီလဲ ပါးစပ်လေးအဝိုင်းသားဖြစ်သွားပြီး
"အော်သိပြီ..အဲ့တုန်းက ကျွန်တော်က အကိုဒုန်ဂျူးရဲ့နောက်ကျောပဲ မြင်လိုက်ရတာလေ။ ဘယ်မှတ်မိမလဲလို့။"
"ဟားးး ဟုတ်ပါပြီ"

နှုတ်ခမ်းလေးကို ဆူဆူပြီး စကားပြောတတ်တာ အကျင့်တစ်ခုဖြစ်နေသော ယွန်းဂျီလေးဟာ ဒုန်ဂျူးမျက်စိထဲတော့ အလွန်လှပတဲ့ ပြိုင်စံရှား နှုတ်ခမ်းပိုင်ရှင်လေးဖြစ်သည်....
___________

"မယ်မယ်ကြီးတွေ့ခွင့်တောင်းပါတယ်မင်းကြီးးး"
"အင်းး ဝင်ခွင့်ပြုလိုက်။"

"မင်းကြီးး"
"မယ်မယ်...လာလေ...ကျွန်တော်လဲ ခုတလော မယ်မယ်အဆောင်ကိုမလာဖြစ်နေတာ အလုပ်များလို့ပါ။"

"မင်းကြီးကမလာတော့ မယ်မယ်ကပဲလာရတာပေါ့။ ပြီးတော့ မင်းကြီးကို မယ်မယ်ပြောစရာရှိသေးတယ်။"
"ပြောပါမယ်မယ်။"

"ခုမယ်မယ်တို့ ဂျောင်ဆူးတိုင်းပြည်ကြီးက ငြိမ်းချမ်းတယ်ဆိုတာ မယ်မယ်ထောက်ခံပါတယ်။ ဒါပင်မဲ့ အခြားတိုင်းပြည်ဘက်ကနေ မင်းကြီးကို သူတို့ရဲ့သမီးတွေနဲ့ လတ်ဆက်ပေးချင်ကြတယ်လေ။"

"ခဏလေးမယ်မယ်။ ကျွန်တော့်ကို လက်ဆက်ဖို့ တိုက်တွန်းဦးမှာလား။ တော်ပါတော့မယ်မယ် မိဖုရားခေါင်ကြီးလဲ ရှိနေပြီးနေပြီလေ ပြီးတော့ သားတော်လေးလဲ ရှိနေပြီ။ သားတော်လေးလဲ အသက်၂၀ဆိုတဲ့ အရွယ်ကောင်းပါပဲ။

လက်ဆက်တာကိုတော့ ငြင်းပါရစေ။ ကျွန်တော်ချစ်တဲ့သူနဲ့လဲ ကွဲပြီးပြီ။ ကျွန်တော်ထက်ပြီး သစ္စာမရှိတဲ့သူ မဖြစ်ပါရစေနဲ့တော့။ ပြီးတော့..."

"တော်ပြီမင်းကြီး..မယ်မယ်သိနေတယ် မင်းကြီးဆက်ပြောမဲ့စကားတွေကို လက်ဆက်ဖို့ငြင်းလဲရပါတယ်။ ခုတော့ မယ်မယ့်ကို သွားခွင့်ပြုပါဦး။"

မင်းကြီးပြောမဲ့ စကားကို ကြိုသိနေသော မယ်မယ်ကတော့ ထိုစကားကို မကြားချင်တာမို့ စကားဖြတ်ပြီးသာ ထွက်လာခဲ့သည်။

လက်ဆက်ဖို့ ငြင်းတာတော့ လက်ခံနိုင်ပင်မဲ့ အဲ့ကိစ္စကိုတော့ လက်မခံနိုင်ဘူး..........
________________________

"မင်ဝူလေးး အစစအရာရာ ဂရုစိုက်နော်။"
"ဟုတ်ကဲ့.. အဘွားလဲ ဂရုစိုက်နော်။"

"စိတ်ချပါ အစ်ကိုမင်ဝူ။ ဆူအာလဲရှိနေတာပဲ စိတ်မပူနဲ့နော်။"
"မင်ဝူလေးသွားတော့..လှေထွက်တော့မယ်။"

"အဘွားသွားပြီးးးး"
"အေးအေးးး"
ကမ်းပေါ်ကနေ လက်ပြနေသော အဘွားဖြစ်သူက မင်ဝူအတွက်တော့ ဘဝမှာတစ်ဦးတည်းရှိတော့တဲ့ချစ်ရသူ။ မေမေမရှိတော့တဲ့နောက်ပိုင်း အဘွားနဲ့ပဲနေလာရတာ။ ခုလိုခွဲချိန်ရောက်တော့ စိတ်မကောင်းဖြစ်မိတယ်။

မှူးမတ်စာတန်းစစ်ကို ပထမအဆင့်နဲ့အောင်ပြီး အမတ်ကျောင်းကို ၄နှစ်တိတိတတ်ရမှာ။ တစ်နှစ်တစ်ခါ ပြန်လာလို့ရပင်မဲ့ တွယ်တာစရာက အဘွားပဲရှိတာမှတ်လား......

လှေက တဖြည်းဖြည်း ရွာလေးရဲ့အဝေးကို ရောက်သွားတော့ မင်ဝူလဲ စိတ်သစ်လူသစ်နဲ့ မိမိဖြစ်ချင်တာကို ကြိုးစားရမယ်.......
____________________

"ယွန်းဂျီကော..."
"မနက်ထဲက ထွက်သွားတာပဲ..... ယောက်ျားဘာခိုင်းစရာရှိလို့လဲ။ ကျွန်မလုပ်ပေးမယ်လေ။"

"မရှိပါဘူးးး ဒါပင်မဲ့ ဒီနေ့က မှူးမတ်စာတန်းစစ်အောင်တဲ့ ကလေးတွေကို သွားတွေ့ရမှာ။ အဲ့တာ ယွန်းဂျီကို ခေါ်သွားမလားလို့။"

"နေပါစေ ယောက်ျားရယ်။ သားလေးစိတ်ရှုပ်နေဦးမယ်။"
"ဟုတ်ပါပြီဗျာ... ဒီအမေနဲ့ဒီသား လိုက်လဲလိုက်ပါတယ်။"
(ယွန်းဂျီလေးဖေဖေကို အခြေအနေအလိုက် လီသခင်ကြီးပဲဖြစ်ဖြစ် အမတ်ကြီးလီပဲဖြစ်ဖြစ် သုံးပါ့မယ်နော်။ နှစ်ခုစလုံးကလဲ ယွန်းဂျီလေးဖေဖေပဲနော်)

အမတ်ကြီးလီလဲ အမတ်ကျောင်းကို ကြိုရောက်နှင့်နေပြီး စီစဥ်ထားတာတွေ ပြန်စစ်နေသည်။ ဒီနေ့က အနယ်နယ်အရပ်ရပ်က မှူးမတ်စာတန်းစစ်အောင်ထားတဲ့သူတွေ ပထမဦးဆုံးကျောင်းတတ်ရမဲ့နေ့။

"အမတ်ကြီးလီ.. ကျောင်းသားတွေ စုံပါပြီ။"
"အေးအေးးး"

ခန်းမဘက်သို့ လူတစ်ယောက်လာခေါ်မှုကြောင့် လိုက်လာခဲ့လိုက်သည်။ ခန်းမကြီးထဲတွင်လဲ ကျောင်းသားတွေက စုံနေပြီ ခုမှစရောက်ကြတာဆိုတော့ ကိုယ်စီအထုတ်တွေနဲ့။

"ကဲ...အားလုံးပဲ။ဒါကတော့ နန်းတော်တွင်းက အတိုင်ပင်ခံ ဒုတိယအဆင့် အမတ်လီပါ။" မိတ်ဆက်ပေးလိုက်တော့ အမတ်လီလဲ မတ်တပ်ရပ်က စကားစလိုက်တယ်...

"ခုချိန်ကစပြီး အားလုံးက လိုက်နာရမယ့်အချက်တွေ၊ စည်းကမ်းတွေကို မင်းတို့ကို ဝေပေးထားတဲ့ စာအုပ်မှာ အကုန်ရေးပေးထားတယ်။ စာသင်တာကတော့ ဒီအပတ်ထဲမစသေးဘူး အဲ့အတွက် မင်းတို့က စာသင်တဲ့အခါကျ လိုအပ်တာရှိတာတွေကို ကြိုတင်ပြင်ဆင်ထားကြ။

အပြင်ထွက်ခွင့် အကန့်အသတ်ကိုလဲ စာအုပ်ထဲ ရေးပေးထားတယ်။ မင်းတို့က အမတ်ကျောင်းသားဖြစ်တာကြောင့် အပြင်ထွက်ခွင့် အရမ်းကြီးမပိတ်ထားဘူး။

ပတ်ဝန်းကျင်က လေ့လာစရာတွေရှိသေးတာမို့ ငါတို့ခွင့်ပြုပေးထားတယ်။ အပြင်ထွက်ကမယ်ဆိုတိုင်း စည်းကမ်းဖောက်လို့တော့မရဘူး။

အရာရာက ဆုပေးဒဏ်ပေး စနစ်ပဲ။ အားလုံးကြားလား..."

"ဟုတ်ကဲ့ ကြားပါတယ်!!" ကျောင်းသားတွေလဲ ကိုယ်စီ​မိမိနေကြရမည့် အခန်းဆီသို့ အထုတ်တွေ ပိုက်ကာ သွားကြသည်။
____________________

"မိတ်ဆက်ပေးဖို့ဟုတ်လား။"
"ဟုတ်တယ်လေ.. ဟဲ့ သူကချောတာယ်ဟ။ ပြီးတော့လေ နင်တို့မှတ်မိကြလား။ ဟိုနေ့ညက ငါ့ပြုတ်ကျမှာကိုလှမ်းထိန်းပေးတဲ့သူလေ.."

ယွန်းဂျီလေးပြောတာကြောင့် ဂိုယောင်းနဲ့အွန်းနာမှာ ဦးနှောက်ကို အလုပ်ပေးနေရတယ်။
"အာ... သိပြီ။ နင့်ကို ခါးကနေ လှမ်းထိန်းပေးတာလေ။"

"ဟုတ်တယ်အွန်းနာ...ဟုတ်တယ် သူပဲ။"
"နေစမ်းပါဦးးး မင်းက သူ့နဲ့ ဘယ်လိုတွေ့ပြီး ဘယ်လိုရင်းနှီးသွားတာတုန်း။"

ဂိုယောင်း၏ အမေးကို ယွန်းဂျီတစ်ယောက် မေးစေ့က လက်လေးနဲ့သတ်ရင်း ဆရာကြီးဟန်နဲ့ ဖြစ်ကြောင်းကုန်စင် အားလုံးကို ပြောပြလိုက်သည်။

"သူက ခုဒီလာမှာလား။"အွန်းနာ၏ အမေးကို ယွန်းဂျီက ခေါင်းကို တွင်တွင်ညှိမ့်ကာ ပြန်ပြလေတယ်။

"သူက ဒီဆောင်ကြာမြိုင်ကို လာပါ့မလားကွ။"
"လာမှာပါ.. ငါမေးတော့ လာမယ်တဲ့။ ...ဟော.... ဟိုမှာလာနေပြီ..."

ယွန်းဂျီလက်လေးပြပြီး လှမ်းခေါ်ရာဆီသို့ နှစ်ယောက်သားခေါင်းလှည့်ကြည့်လိုက်တော့ ဝတ်ရုံကို သေသပ်စွာ ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်မှာလဲ ကျစ်လစ်နေမှာသေချာတယ်။

အရပ်ကလဲ ဘေးတွေ ဖြတ်သွားသော ယောက်ျားများက သိသိသာသာရှည်နေသေးသည်။
"ရောက်တာကြာပြီလား။ ကိုလာခါနီး အလုပ်လေးပေါ်လာလို့။"

"ရပါတယ် ကိစ္စမရှိဘူး။ ဘာသောက်မလဲ။"
"ရတယ်... မှာထားတာတွေနဲ့တင် အဆင်ပြေနေပါပြီ။"
ရောက်ထဲက နှစ်ယောက် တစ်ကမ္ဘာဖြစ်နေသော ယွန်းဂျီ နဲ့ ဒုန်ဂျူးကို သူငယ်ချင်းဖြစ်သူတွေလဲ ကြည့်မြဲသာ ကြည့်နေကြသည်။

"သြော် မေ့လို့ မိတ်ဆက်ပေးမယ်နော်။ ဒါက အွန်းနာ ဒါက ဂိုယောင်း သူတို့ကတော့ ကျွန်တော့်သူငယ်ချင်းတွေ။"

"တွေ့ရတာဝမ်းသာပါတယ်။ အကိုကတော့ သူငယ်ချင်းမရှိဘူး။" ဒုန်ဂျူးရဲ့စကားကြောင့် ကျန်သုံးယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခေတ္တမျှတော့ တိတ်သွားတယ်။

"ကျွန်တော်တို့ကို ခင်လို့ရပါတယ်ဗျာ..."ဂိုယောင်းရဲ့ စကားကြောင့် ဒုန်ဂျူးလဲ ခေါင်းတငြိမ့်ငြိမ့်နဲ့။

"ဟယ် မမ လာလေ။ ညီမလေးကစောင့်နေတာ။" အွန်းနာစကားကြောင့် ကျန်နှစ်ယောက်က မျက်နှာပူသွားတယ်။ ဒုန်ဂျူးကို လှမ်းကြည့်လိုက်တော့လဲ အေးအေးလူလူပဲ။

"ဟို..အစ်ကိုဒုန်ဂျူး အဆင်ပြေလား။ ကျွန်မက မိန်းကလေးတွေပဲ သဘောကျတာလေ။"
"အဆင်ပြေပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်က အကြိုက်မှ မတူတာ အဲ့တာ အပြစ်လဲမဟုတ်ဘူး။"

ဒုန်ဂျူးက ပြောလဲပြော ယွန်းဂျီလေးကို လှမ်းကြည့်လိုက်တော့ ယွန်းဂျီက နားရွက်ဖျားလေးတွေရဲနေပြီး ခေါင်းကို ငုံထားတာတွေ့တော့ ဒုန်ဂျူးတောင်ပြုံးမိသေး။

ဒီကောင်လေးရှက်နေတာလား။ ချစ်စရာလေးးးး

လေးယောက်သား သောက်လဲသောက် စားလဲစားရင်း ရယ်ကြမေးကြနဲ့ စကားကျနေလေရဲ့။ ဒုန်ဂျူးဘဝမှာ ဒီလောက်ထိ ပြုံးနေမိတာ ဒါပထမဦးဆုံး။ ဒီကောင်လေးကြောင့်ဆိုရင် ပိုမှန်လိမ့်မယ်။

သူလေးကို စတွေ့တဲ့နေ့ထဲက သဘောကျနေမိတာတော့ ဝန်ခံပါရစေ။ သူလဲမလိုဖြစ်တုန်းက ကိုက နောက်ကနေထိန်းပေးလိုက်ရတာလေ အမှန်ပြောရရင် အဲ့တုန်းက မိမိကိုယ်ကိုမိမိ အံ့သြမိတယ်။

မိမိရဲ့ ဘယ်ဘက်ရင်ဖက်က အကောင်ပေါက်လေးက အစမတန်ခုန်သွားတယ်။ ဒါကအစကတော့ တော်တော်အံ့သြမိတယ်။ စစ်ပွဲအတွေ့အကြုံတွေလဲ ရှိသော မိမိက အဲ့တုန်းတွေကလဲ ဒီလောက် စိတ်မလှုပ်ရှားဖူးဘူး။

ဒီကောင်လေးနဲ့မှ ပထမဦးဆုံး စိတ်တွေလှုပ်ရှားမိနေတယ်။ နောက်တော့ မိမိလဲ သဘောပေါက်သွားတယ်။ ဒီကောင်လေးကို ချစ်မိနေပြီလေ........
___________
နောက်ပိုင်းတွေကို ခိုင်လေးupပေးနေကျ ၃ရက်တစ်ခါမဟုတ်တော့ဘဲ အချိန်ရရင်ရသလိုမြန်မြန် typeပြီး upပေးပါတော့မယ်
အဆင်ပြေရဲ့လား ပြောပြခဲ့ဦး
22.11.2020
Khine Lay

You are reading the story above: TeenFic.Net