Episode [ 14 ]

Background color
Font
Font size
Line height

" ထားပါ ။ ဒီနေ့တော့ ပြန်ပြီးအနားယူလိုက်ကြပါဦး ။ ကျွန်တော်လည်း အနားယူလိုက်ဦးမယ် "

သို့ဖြင့် ဂျွန်ဂျောင်းဂုမှာ ကန်ချောင် စီစဥ်ပေးပါသောအခန်း၌ အနားယူရန် ပြန်လာခဲ့လိုက်သည် ။ ထို့နောက် ​ရေချိုးကန်၌ ရေချိုးသန့်စင်ရင်း ​တွေး​တောကြံဆနေမိ၏ ။

ယခုဖြစ်ရပ်အစသည် မြို့ပေါ်၌ အလုပ်သွားလုပ်သည့် ဒိုဂုံမှ မြို့စွန်ရှိ မိမိ၏ နေအိမ်လေးထံသို့ ပြန်လာခဲ့ခြင်းကနေ စတင်ခဲ့ခြင်းပင် ။ သူရောက်သည့်အခါမှာတော့ တစ်ရွာလုံးနီးပါး သေကြေနေကြသည့်မြင်ကွင်းကြောင့် ဒိုဂုံမှာ အရူးတစ်ပိုင်းနှယ် မြို့စားမင်းအိမ်သို့ ပြေးလွှားရောက်ရှိလာခဲ့ပေသည် ။ အကြောင်းအစုံကို မြို့စားမင်းနှင့် နယ်မြေခံဘူလ်ယုံးတပ်တို့ စစ်ဆေးပြီးသည်နှင့် ကိစ္စကြီးဖြစ်သော်ကြောင့် နန်းတွင်းသို့တင်ပြခဲ့ရာကနေ တပ်ဖွဲ့ ၁ ကို စေလွှတ်ခဲ့ခြင်း ဖြစ်သည် ။

ဂျွန်ဂျောင်းဂုမှာ မျက်လုံးတွေကို မှိတ်လိုက်ပြီး ရေငုတ်ပစ်လိုက်သည် ။

ည​​နေ,​နေ၀င်ရီတရော အချိန်ဖြစ်ပြီး ဂယောင်းချောင်းမြို့ဝင်ဂိတ်ဝ၌ ရဲမက်တွေမှာ ရှည်လျားသည့်လူတန်းရှည်ကြီးအား စစ်ဆေးနေကြသည် ။

ယောက်ျားတစ်ဦးမှာ ကုန်လှည်းအားဆွဲရင်း ယောက်ကျားတစ်ဦးကမူ နောက်ကနေတွန်းရင်း လျှောက်လာသောအခါ ရဲမက်တစ်ယာက်က တားမြစ်လာ၏ ။

ထိုသူက ဖုံးအုပ်ထားသည့်ကောက်ရိုးဖျာချပ်ကို ဖယ်ခွာလိုက်သောအခါ ငါး​​ခြောက်မျိုးစုံကို တွေ့ရ​လေပြီး စူးရှသည့်အနံ့​ကြောင့် နှာ​ခေါင်းရှုံလိုက်​ကာ တစ်ချက်မျှ သေချာစစ်ဆေးပြီးနောက် ပြန်လည်ဖုံးအုပ်လာ၏ ။

ထို့နောက် မြို့တွင်းသို့ ဝင်ခွင့်ပေးလာသည် ။ သို့ဖြင့်ထိုလူနှစ်ယောက်မှာ ကုန်သည်လှည်းအား တလှိမ့်လှိမ့်တွန်းရင်းဖြင့် မြို့တွင်းသို့ ဝင်ရောက်
လာပါ၏ ။

ဖြတ်ခနဲပွင့်လာပါ​သော သူ့၏မျက်ဝန်းအစုံ​​မှာ ​​ကြောင်​သေလျက် မင်ယွန်းဂီမှာ တစ်​နေရာတည်းကိုသာ ​တွေ​တွေကြီး စိုက်ကြည့်​နေပါ၏ ။ အ​ကြောင်းမှာ သူ မြင်​တွေ့​နေရပါ​​သော မြင်
ကွင်းစိမ်းများ​ကြောင့် ပြူး​ကြောင်​ကြောင်​လေးဖြစ်​​​နေခြင်းသာ ။

ဒါ ဘယ်​နေရာကြီးလဲ ?

သူသည် သူ၏ အမြဲတစ်​စေ သတ်​သေဖို့ရန်သာ​တွေး​နေပါ​သော ၊ ​မြေ​အောက်မိစ္ဆာများနှင့်​တွေ့ပါကမည်သို့ထွက်​ပြေးလွတ်​မြောက်နိုင်ပါသနည်းအား ​စဥ်းစား​တတ်ပါ​သော ဦး​​နှောက်က​လေးအား လျင်မြန်စွာ အလုပ်​ပေးလိုက်​​ပေသည် ။ ​မ​နေ့ညက သူသည် မင်အိမ်​တော်၌ ရှိ​နေခဲ့​လေပြီး ​သေချာ​ပေါက်ကို ​နွေး​ထွေးနူးညံပါ​သောဂွမ်းအခင်းထက်တွင် လဲ​လျောင်းကာဖြင့် ​နွေး​ထွေးပါ​သောဂွမ်း​စောင်ထူကြီးအားခြုံလွှမ်း၍ အိပ်
စက်​နေခဲ့ပါသည် ။

အခုကျ​တော့​ရော...ဘာလို့ ဘာအခင်းမှ မရှိတဲ့ ​အေးစက်စက် ကြမ်းခင်းကြီးမှာလဲ !!!

" အစ်ကိုကြီး...သူတို့ သတိရလာကြပြီ "

​ယောကျာ်းတစ်ဦး၏အသံအား စိမ်းသက်သက်ကြားလိုက်ရ​​လေ​သော်​ကြောင့် မင်ယွန်းဂီမှာ အ
သံလာရာအား ​​​မော့ကြည့်လိုက်ပါ၏ ။ မျက်နှာ​လေး​ထောင့်နှင့်မျက်နှာပြဲနှစ်ခုအား ​တွေ့လိုက်ရ​သည်နှင့်သူသည် ချက်ချင်းပင် အကြည့်​တို့အား လွှဲလိုက်ပါ​တော့သည် ။

ရုပ်ဆိုးလိုက်တာ ။

သူသည် သူ့၏မျက်လုံးအစုံအား ချက်ချင်းပင် လက်ဖြင့်ကာပစ်ချင်​နေမိပါ​တော့၏ ။ သို့ဖြင့် အ​တွေးဆုံးသည်နှင့် လက်အရင်​ရောက်လာတတ်ပါသည့်သူသည် ယခုတွင်​တော့ လက်လှုပ်လို့မရဘဲ ဖြစ်​နေရပါ​တော့သည် ။ တုံးအသည့်လူမဟုတ်​သော​ကြောင့် ဘာ​တွေဖြစ်​နေမှန်း သူ သိလိုက်ပြီ ဖြစ်​ပေသည် ။ သူ့၏လက်​ရော​ ၊ ခြေ​ရောမှာ ကြိုးဖြင့် စည်း​နှောင်တုပ်ခံထားရ​လေပြီး အပြုအမှု​သေး​သေး​လေးလှုပ်ရှားရန်သာ အင်
အားရှိ​ပေသည် ။

​သေချာ​ပေါက် ! ​သေချာ​ပေါက် ​! မင်အိမ်​တော်မှာ အိပ်​နေခဲ့တာ​လေလို့ !!!

ဘဏ္ဍာ​ရေးအမတ်မင်းမင်၏ အိမ်​တော်မှာ တံခါးမရှိ ၊ ဓါးမရှိ ဖွင့်လှစ်ထားခြင်းမဟုတ်​လေ​သော်​ကြောင့်ဆံချည်မျှင်​လေးတစ်ပင်စွန်းရင်​တောင်မှ အသတ်ခံနိုင်ရ​ချေ ရှိ​ပေသည် ။ ထို့အပြင် တတိ
ယသခင်​လေးအား ​နေ့​နေညည ကာကွယ်​စောင့်​​ရှောက်​နေပါ​​သောတပ်သားဆယ်​ယောက်​လော
က်နီးပါးလည်း ရှိပါ​သေး၏ ။ ကာကွယ်​ရေးခံ
တပ်တအား​ကောင်းမွန်ပါ​သော မင်အိမ်​တော်အား ခိုးဝင်ပြီး တတိယသခင်​လေးအား ခိုးထုတ်သွားရန်မှာ အသက်အပိုပါလာရင်​တောင်မှ မလွ
ယ်ကူသည့်ကိစ္စရပ်ပင် ။

မင်ယွန်းဂီမှာ ထိုလူကုန်ကူးသည့်လူနှစ်​ယောက်အား ထပ်မံ​မော့ကြည့်လိုက်ပါ၏ ။ ဤရုပ်ဆိုးဆိုးနှစ်​ယောက်က သူ့အား မင်အိမ်​​တော်က​နေ ခိုးသယ်လာခြင်းအား သူ လက်မခံနိုင်ပါ​ချေ ။ သူသည် ထိုကဲ့သို့ ကိစ္စအား ထပ်မံမဖြစ်ပွား​စေရန်အတွက် အိမ်တွင်း​အောင်း​နေခဲ့ပါ​​သော်ငြား သူခိုးက​တော့ဖြင့် အိမ်တွင်းထဲထိ​တောင် ဝင်ခိုးခဲ့ပါ​တော့၏ ။

​သောက်ကျိုးနည်း ! ငါ​လေးကို ​အေး​ဆေး​နေခွင့်​ပေးပါလားလို့ !!!

မင်ယွန်းဂီသည် သူ၏ ယခုဖြစ်အင်​ကြောင့် ငိုချင်သွားရပါ​တော့သည် ။ သူသည် စိတ်ထဲ၌ ရှိုက်ကြီးတငင် ငိုချင်းချ​နေ​သော​ကြောင့် နှုတ်
ခမ်းက​နေ ရှိုက်သံသဲ့သဲ့​လေး​တောင်မှ ထွက်ကျလာရပါ​တော့သည် ။

ထိုစဥ်မှာပင် မျက်နှာပြဲနှင့်လူမှာ သူ့အနားသို့ လျင်မြန်စွာ ​ရောက်လာ​လေပြီး အိပ်​ဆောင်ဓါး​မြောင်​လေးမှာ သူ့မျက်ဝန်း​ထောင့်၌ လက်ခနဲ ဖြစ်သွား​လေသည် ။

" ​အော်မလို့​ပေါ့​လေ ။ ဒီမှာ ​တွေ့လား ။ တစ်ချက်တည်းနဲ့ အပြီးပဲ "

ရုပ်ဆိုးပါ​သောမျက်နှာနှင့်လိုက်ဖက်ညီစွာ အက်ရှရှအသံကြီးမှာ နားဝင်ဆိုးလှ​ပေသည် ။

မင်းနှမကို ​အော်...ပုရွတ်ဆိတ်​လောက်အသံနဲ့ ငါက ဘယ်မင်းပ​​ထွေး ကြား​အောင် ​အော်ရမှာလဲ ! ​သောက်ဂွပဲ !

သူသည် အင်မတိအင်မတန်ပင် ထိုမျက်နှာကြီးအား မခံစားနိုင်​လေ​သော​ကြောင့် မျက်ဝန်း​တွေအား ပိတ်ပစ်လိုက်သည် ။

" တိတ်တိတ်​နေ ! "

အာဏာသံပြင်းပြင်းနှင့်ဆိုလာပါသည့်စကားအား ဆန့်ကျင်သည့်အသံ​သေး​သေး​လေးမှာ သူ့​ဘေးနား၌ ထွက်​ပေါ်လာပါ၏ ။ မင်ယွန်းဂီမှာ သူ့မျက်ဝန်းများအား ပြန်လည်ဖွင့်ကြည့်လိုက်ပြီး ​နံ​ဘေးသို့ ငဲ့​စောင်းကြည့်လိုက်သည် ။ ငယ်ရွယ်နုပျိုသည့်မိန်းက​လေးအား ​တွေ့လိုက်ရသည်နှင့် သူသည် မထိတ်လန့်ဘဲ မ​နေပါ​ချေ ။

" ​ရေ...​ရေ...​ပေး ပါ "

နှုတ်ခမ်းဖျား​လေးလှုပ်ရုံ တိုးတိုးဖွဖွ​လေး​​တောင်းဆိုလာပါသည့် သူမသည် မျက်ဝန်း​တွေအား ဖွင့်လှစ်လာခြင်းမရှိ​သော​ကြောင့် အလုံးစုံ​သော ဖြစ်အင်ကို မသိပါ​ချေ ။ မင်ယွန်းဂီမှာ ထိုမိန်းက​လေးအား ကြည့်​နေရင်းပင် ရင်းနှီးသလို ခံစားလာရ​လေသည် ။

" အစ်ကိုကြီး ​ရေ​​တောင်း​နေတယ် "

ထိုမျက်နှာပြဲနှင့်လူက တံခါးဝ၌ ထိုင်ကာ အရက်​သောက်​နေပါ​သောလူအား လှမ်း​မေးလာသည် ။ အစ်ကိုကြီးဆိုသည့်လူမှာ စိတ်ရှုပ်သွားသည့်ဟန်ဖြင့် စူးရဲစွာ စိုက်ကြည့်လာ​လေပြီး ​​ဆဲ​ရေးလာပါ​တော့၏ ။ သူ့၏ ပဏာမဆဲခြင်းပြီးသည့်​နောက်မှ ပုံမှန်အတိုင်း စကားဆိုလာပါ​တော့
သည် ။

" ​ရေဆာရင် တိုက်လိုက်​လေ ။ မင်း ဦး​​နှောက်က မ​တွေးတတ်ဘူးလား "

ထိုမျက်နှာ​လေး​ထောင့်၏ အဆဲသံ​ကြောင့် ထင်ပါရဲ့ မိန်းက​လေးမှာ မျက်ဝန်း​လေးများ ပွင့်လာ​လေပြီး ​တွေ​တွေ​ငေး​ငေး ကြည့်လာပါ​တော့၏ ။ မင်ယွန်းဂီမှာ အလကား​နေရင်း ကြားညှပ်အဆဲခံလိုက်ရ​သော​ကြောင့် မျက်​​မှောင်​တွေကုပ်​နေမိပါ​​တော့၏ ။ သူသည် မှုန်ကုပ်ကုပ်မျက်နှာဖြင့်သာ မိန်းက​လေးအား ကြည့်လိုက်​လေပြီး ထိုအခါမှပင် မှတ်မှတ်ရရ မှတ်မိသွားပါ​တော့၏ ။ ထိုမိန်းက​လေးသည် အခြားမဟုတ် ။ အမတ်ရှင်း၏ သမီး​ ရှင်းနာယွန်းသာ ဖြစ်ပါ​​တော့၏ ။

ရှင်းနာယွန်းမှာ သူမ မသိပါ​သော လူစိမ်းသုံး​ယောက်အား ​တွေ့လိုက်ရ​လေပြီး သုံး​ယောက်
လုံးမှာ ​ယောကျ်ားသား​တွေသာ ဖြစ်​လေ​သော​ကြောင့် သူမခင်မျာမှာ လန့်ဖျပ်သွားရ​လေပြီး ညှစ်ထုတ်ထားရပါ​သော ​အော်သံစူးစူးဖြင့် အာ​ခေါင်ခြစ်​အော်ဟစ်လာပါ​​တော့၏ ။

" အား !!! "

မင်ယွန်းဂီမှာ ထိုပုရစ်သံထက်ဆိုးသည့်အသံစူးစူး​ကြောင့် နားစည်ကွဲမတတ်ခံစားလိုက်ရ​လေပြီး ထိုအသံအား ပိတ်ပစ်လိုက်သည့် မျက်နှာပြဲနှင့်လူအား ​ကျေးဇူးတင်မိ​​​တော့မလိုပင် ။

ရှင်းနာယွန်းမှာ သူမ၏ပါးစပ်အား လက်ဖြင့်အပိတ်ခံထားရ​လေ​သော​ကြောင့် ပို၍ထိတ်လန့်လာပုံရ​လေပြီး ရုန်းကန်တွန်းထိုးလျက် ဝူးဝူး
ဝါးဝါး ​အော်ဟစ်လာပါ​​တော့သည် ။ ထိုကဲ့သို့ ကလန်ကဆန် ထိန်းမရဖြစ်လာသည့်အခါ၌ မျက်နှာပြဲနှင့်လူမှာ ဓါး​မြောင်အား ပင့်​မြှောက်လျက် ဟိန်း​ဟောက်လာပါ​တော့၏ ။

" ထပ်​အော်ရင် ဒီမှာတင် သတ်ပစ်လိုက်မယ် "

ရှင်းနာယွန်းမှာ ကိုယ်​လေးတုန်တက်သွားရ​လေပြီး မျက်ဝန်း​တွေမှာ ​ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်​သွားကာ ချက်ချင်းပင် ဖြုတ်ခနဲ ​မေ့လဲသွား​​လေ​တော့သည် ။ ထိုအခါ၌ မင်ယွန်းဂီမှာလည်း အချိန်ဆွဲမ​နေ​​တော့ဘဲ သူပါ တန်း​မေ့လဲပစ်လိုက်ပါ​တော့သည် ။

" အစ်ကိုကြီး နှစ်​ယောက်လုံး သတိ​မေ့သွားကြပြီ "

မျက်နှာပြဲနှင့်လူ၏အသံမှာ မိမိကိုယ်ကို အားရ​ကျေနပ်​နေပုံရသည် ။

" ​ကောင်းတယ် "

အစ်ကိုကြီးထံမှ စကားကိုကြားလိုက်ပြီး​​နောက် ထိုလူက ပို၍တက်ကြွစွာဖြင့် စကားဖားလာသည် ။

" ​သေရည်မရှိ​တော့ဘူးလား ။ ကျွန်​​တော် သွားဝယ်​ပေးမှာ​ပေါ့ ။ မြို့ထဲမှာ သတင်း​လေး ဘာ​လေးရှာခဲ့မယ်​နော် "

" အင်း ။ မကြာ​စေနဲ့ "

​ငွေအသပြာတစ်တွဲပစ်လိုက်သံထွက်​ပေါ်လာခဲ့​လေပြီး ​ပြေးထွက်သွားသည့်​​ခြေသံများအား ကြားလိုက်ရပြီး​နောက် တိတ်ဆိတ်သွားပါ​​တော့၏ ။

မင်ယွန်းဂီမှာ သူ့၏နားအား စွင့်ထားရင်း ဦး​​နှောက်က​လေးအား အပြင်းအထန်အလုပ်​ပေး​​​နေရပါ၏ ။

အ​တော်ကြာသည့်အချိန်၌ ​ခြေသံတရှပ်ရှပ်အား ထပ်မံကြားရ​လေပြီး တရစပ်ထွက်​ပေါ်လာပါသည့် လှုပ်ရှားသံများနောက်၌ ​သေရည်ငှဲ့ထည့်သံအား ​နောက်ဆုံးပိတ်အ​နေဖြင့် ကြားလိုက်ရ​လေသည် ။

" ကျွန်​တော် မြို့ထဲမှာ သတင်းတစ်ခု ကြားလာတယ် ။ မြို့​တော်က ဘူလ်ယုံးတပ်ဖွဲ့က ဘာလို့ ​ဒီကို ရောက်လာရတာလဲ ဆို​တော့​လေ..."

ဘူလ်ယုံးတပ်ဖွဲ့ဆိုသည့်စကားလုံးအား ကြား

လိုက်မိသည့်နှင့် မင်ယွန်းဂီမှာ စိတ်လှုပ်ရှားသွားရ​​လေပြီး ပိုမိုကာ နားစွင့်ထားမိ​တော့သည် ။

ထိုလူက အသံကို နှိမ့်ပြီး ဆိုလာသည် ။

" မြို့စွန်က ရွာမှာ လူ​​တွေ ပျောက်ဆုံး​​နေလို့တဲ့​လေ ။ သူတို့က အခု လူကုန်ကူးမှုကို စုံစမ်း​နေကြတာ ။ ကျွန်​​​တော် စိတ်ပူမိတာက အဲ့ဒီကိစ္စ​ကြောင့် အမှုပတ်မှာကိုပဲ "

မင်ယွန်းဂီ​လေးမှာ ပိုမိုကာ လှုပ်လှုပ်ရှားရှားဖြစ်သွားမိ​လေပြီး စိတ်ထဲ၌ ​မျှော်လင့်ချက် ​ရောင်
ခြည်​​လေးများ​သန်းလာမိ​တော့သည် ။

မြန်မြန် လာကယ်ကြ​​နော် ။ မြန်မြန် !!!

" ငါတို့က အဲ့လို အ​ကောင်​သေး​သေး​​လေး​တွေအတွက် အသက်စွန့်ပြီး အလုပ်လုပ်​နေကြတာ မဟုတ်ဘူး ။ လူကုန်ကူးမှုအတွက်ဆို သာမာန်ရဲမက်​တွေနဲ့တင် လုံ​လောက်​နေပြီပဲ​လေ ။ ဘာ​ကြောင့် ဘူလ်ယုံးတပ်ဖွဲ့​တွေကို လိုအပ်မှာလဲ ။ ​သေချာတာက...ငါတို့နဲ့ အလုံးစုံ မသက်ဆိုင်လောက်ဘူး "

" အင်း​နော် ။ ဘာလို့ ဘူလ်ယုံးတပ်ဖွဲ့​လဲ ။ "

အိပ်ချင်​ယောင်​ဆောင်ပြီး ခိုးနား​ထောင်​နေသည့် မင်ယွန်းဂီ​​တောင်မှ စဥ်းစားသွားရ​​တော့သည် ။

​သေရည်ငှဲ့သံမှာ ထပ်မံထွက်​ပေါ်လာသည် ။

" ဒါ​ပေမယ့် ငါတို့က သူတို့ပိုင်နက်ထဲ ​​ရောက်​နေတာမလို့ သတိထားရမယ် ။ ရက်ကလည်း သိပ်မလို​တော့ဘူး ။ မနက်ဖြန်ကစပြီး လမ်း​ကြောင်း ရှင်း ၊ မရှင်းသွား​​လေ့လာထား ။ "

" ဟုတ်ကဲ့ပါ အစ်ကိုကြီး "

ထို့​နောက်မှာ​တော့ မည်သည့်စကားသံမှ မကြားရ​​​တော့ဘဲ တိတ်ဆိတ်သွား​တော့သည် ။ မင်ယွန်းဂီမှာလည်း တစ်​ယောက်တည်း အ​တွေးများသွားရ​လေ​တော့သည် ။

သူ ဖျတ်ခနဲ လန့်နိုးလာ​သောအခါ၌ ထိုအိမ်အို​ဟောင်းထဲမှာသာ ရှိ​နေ​သေး​မှန်း အမှတ်ရလိုက်မိပြီး​​နောက် အ​တွေးများရင်း အိပ်​ပျော်သွားမှန်းသိလိုက်​​တော့သည် ။ တစ်ပြိုင်နက်တည်းမှာပင် ဗိုက်ထဲက​နေ အသံစုံတီးဝိုင်းသံများ ထွက်​ပေါ်
လာ​​သော်​ကြောင့် အစားမစားရ​​သေးမှန်း သိသာသွား​တော့သည် ။ မင်ယွန်းဂီမှာ ခပ်လှမ်းလှမ်းရှိ ကျုံကျုံ​လေး ထိုင်​နေသည့် ဖြူဖပ်ဖြူ​ရော်မျက်
နှာထားနှင့် ရှင်းနာယွန်းကို လှမ်း​တွေ့လိုက်ရပြီး သူမမှာ သူ့အား မျက်ရည်အဝိုင်းသား​လေးဖြင့် ကြည့်လာပါ၏ ။ သူမခင်မျာမှာ အင်မတန်မှ ​ကြောက်လန့်​​နေ​​ပေသည် ။

" မင်းတို့ နိုးလာကြပြီ​ပေါ့ "

မျက်နှာပြဲက မာမာထန်ထန် ဆိုလာသည် ။

မင်ယွန်းဂီမှာ ​ခြောက်ကပ်​နေပါသည့်လည်​ချောင်းအား ရှင်းလိုက်ပြီး အသံခပ်အက်အက်ဖြင့် စကားဆိုလိုက်သည် ။

" ​ရေ...​ရေ ​ပေးပါ "

အ​ပေါက်ဝ၌ ထိုင်​နေပါသည့် လူမိုက်​ခေါင်း​​ဆောင်က ​အသီး​ခြောက်​ရေဘူး​အား မျက်နှာပြဲထံသို့ ပစ်​ပေါက်​ပေးလာပါ၏ ။

" သူတို့ကို ​ရေတိုက်လိုက် "

မျက်နှာပြဲမှာ ​ရေဘူးအား လှမ်းဖမ်းလိုက်ပြီး နာ
ခံစွာဖြင့် သူတို့နားသို့ ​လျှောက်လာသည် ။

ထို့​နောက် ​ထိုလူမှာ ညင်သာမှုမရှိစွာ ​​ရေအား ​လောင်းချလာ​သော​ကြောင့် မင်ယွန်းဂီမှာ ​အလု
အယက် မော့​သောက်ရ​လေပြီး ​ရေသီး​​​တော့မ
တတ်ဖြစ်သွားရကာ တဟွတ်ဟွတ်​ချောင်းဆိုးလာပါ​တော့သည် ။

​ဒီ​ခွေး !!!

ရှင်းနာယွန်းမှာလည်း သူ့နည်းတူ ​​ရေသီးသွား​လေ​တော့၏ ။ ဖြူ​ရော်​နေသည့် သူမမျက်နှာမှာ နီမြန်းသွားရ​လေပြီး တမဟုတ်ချင်း ခရမ်းပုပ်​ရောင် ​ပြောင်းလဲသွားရ​​တော့သည် ။

" စားစရာ တစ်ခုခုများ ရမလား ။ ဗိုက်တအား ဆာ​နေတာမလို့ပါ "

သူ ​တောင်းဆိုစကား​ကြောင့် မျက်နှာပြဲမှာ မျက်​မှောင်ကျုံလျက် သူ့အား စိန်းဝါးဝါး ကြည့်လာသည် ။

အရုပ်ဆိုးသည့်မျက်နှာ ယခုမူ ပိုမိုကာ အရုပ်ဆိုးသွားရ​လေ​သော​ကြောင့် မင်ယွန်းဂီမှာ ​ကြောက်လန့်တကြား တွံ​တွေးမျိုချမိသွားရသည် ။

ထိုလူက ​နောက်သို့ လှည့်သွား​လေပြီး ​ခပ်ကျယ်ကျယ် လှမ်း​မေးလာ​လေသည် ။

" အစ်ကိုကြီး သူတို့က ဗိုက်ဆာလို့တဲ့ "

​ငွေအသပြာတစ်တွဲမှာ ​​​လေထဲ၌ ဝဲပျံလာ​လေပြီး မျက်နှာပြဲက အချိန်ကိုက် လှမ်းဖမ်းလိုက်ပြန်၏ ။

" ဆန်ပြုတ် နှစ်ပွဲ ဝယ်​လာခဲ့ "

" ဟုတ်ကဲ့ "

ဆန်ပြုတ်ဆို​သော်​ကြောင့် မင်ယွန်းဂီ​လေး မျက်
နှာပျက်ရ​ချေပြီ ။ သူ စားချင်သည်မှာ အဆင်းမရှိသည့်ဆန်ပြုတ်ဖြူဖြူကြီး မဟုတ်ပါ​ချေ ။ ​သေချာ​ပေါက်ကို အ​ရောင်အ​သွေးစုံပြီး ဆီတဝင်းဝင်းဖြင့် အရသာ​ကောင်းမွန်သည့်စား​သောက်ဖွယ်ရာများပင် ဖြစ်သည် ။

ယခုအ​​​ခြေအ​နေက အတွန့်တက်လို့မ​ကောင်းသည့်အနေအထားဖြစ်​သော်​ကြောင့် ပါးစပ်​လေးပိတ်ပြီးသာ နေလိုက်ရပါ​တော့သည် ။

သိပ်မကြာလိုက်ပါ​ချေ ။ အနည်းငယ် ​အေးစက်
စက်နိုင်လှသည့် ဆန်ပြုတ်ရည်ကျဲတစ်ခွက်က သူတို့​ရှေ့​မှောက်သို့ ​ရောက်လာပါ​တော့သည် ။ မင်ယွန်းဂီမှာ နှာရှုံလိုက်မိ​​သော်လည်း ဆာ​လော
င်​နေသည့်ဗိုက်က​လေးက​တော့ဖြင့် ထိုကဲ့သို့ မဟုတ်ပါ​ချေ ။

" ဟို...ကြိုး​လေး ဖြည်​ပေးလို့ ရမလား ။ စားလို့ မရ..."

" ကြိုးဖြည်​ပေးရမယ် ဟုတ်လား ။ ရူး​နေလို့ ဖြည်​ပေးရမှာလားကွ ။ ငါက အရူးမဟုတ်ဘူး ။ "

" ဒါဆို ကျွန်​တော်တို့ ဘယ်လို စားရမှာလဲ ။ "

" စားတတ်သလို စား "

မျက်နှာပြဲမှာ ပန်းကန်လုံးအား ကြမ်းပြင်​ပေါ်သို့ ​ဆောင့်ချလာ​လေပြီး ထိုလူ၏ ခပ်စစမျက်နှာ
ထားအရ ဘာကိုဆိုလို​နေမှန်း သူသိလိုက်​ပေသည် ။

အဲ့​တော့ ဒီ​ခွေးက ​ခွေးအပြုအမှုကို လုပ်ခိုင်း​နေတဲ့​ပေါ့ ။

" ကျွန်​တော်တို့က ဒီ​လောက် အားပြတ်​နေကြတာ ဘယ်လို​ကြောင့်များ ထွက်​ပြေးနိုင်မှာလဲ ။ ပြီး​​တော့ ကျွန်​​တော်က အတိုက်အခိုက်မကျွမ်းတာမို့ အလွယ်​လေး ဖမ်းမိနိုင်တာပဲ​လေဗျာ ။ ခင်ဗျားတို့က ကျွန်​​တော်လို အားနည်းတဲ့လူတစ်​ယောက်ကို ဘာ​ကြောင့် ​များ ကြောက်​နေရတာလဲ "

မျက်နှာပြဲ၏မျက်နှာမှာ ​မည်း​မှောင်သွား​လေပြီး ထိုလူက အသံကျယ်ကျယ်ဖြင့် ရန်​တွေ့လာပါ​တော့သည် ။

" ​ကြောက်တယ် ။ ငါက ဘာလို့ မင်းကို ​ကြော
က်ရမှာလဲကွ ။ ကိုယ့်ကိုကိုယ် အထင်ကြီးမ​နေစမ်းနဲ့ "

" ဒါဆို ကြိုးဖြည်​ပေး​လေ ။ လက်က​ ကြိုး​လေး ဖြည်​ပေးရုံ​လေးကို ​ကြောက်​နေတာ ကိုယ့်ကိုကိုယ် မယုံကြည်​နေများလား ။ "

ထိုလူက ခပ်ဟဟ ရယ်လာသည် ။

" ဟား ဟား မင်းလိုလူကို ခဏ​လေးအတွင်း ဖမ်းနိုင်တယ်ကွ ။ "

မင်ယွန်းဂီမှာ ထိုလူအား ​အထင်​သေးသည့်ဟန်အပြည့်ဖြင့် ​မော့ကြည့်လိုက်ပြီး ခပ်စစအပြုံး​လေးဖြင့် ​ပျက်ရယ်ပြုလိုက်​လေသည် ။

မျက်နှာပြဲမှာ ထိုမျက်နှာထား​အား မ​ကျေမနပ်ဖြစ်စွာနှာမှုတ်လိုက်​လေပြီး လက်သီးအား ကျစ်ကျစ်ပါ ဆုပ်လာ​တော့သည် ။

ထို့​နောက်မှာ​တော့ ထိုလူက သူတို့အား ကြိုးဖြည်​ပေးလာပြီး မျက်စိ​ဒေါက်​ထောက် ​စောင့်ကြည့်​နေ​ပေသည် ။ မင်ယွန်းဂီမှာ ထိုပုပ်သိုး​နေသည့်မျက်နှာအား လျစ်လျူရှုထားလိုက်ပြီး ဆန်ပြု
တ်ပန်းကန်ထံသို့သာ အာရုံပို့ထားလိုက်​တော့
သည် ။ ပမာဏအနည်းငယ်ပါသည့်ဆန်ပြုတ်တစ်ပွဲမှာ မိနစ်ပိုင်းအတွင်းဝယ် ​ပြောင်သလင်းခါသွား​လေ​တော့သည် ။ သူက ပန်းကန်လုံးအား ​​မြှောက်ပြလိုက်ပြီး ထပ်​တောင်းလိုက်​သော မျက်နှာပြဲ၏ အသံစာစာမှာ ထွက်​ပေါ်လာ​တော့

သည် ။

" မရှိ​ဘူး ။ အခုလို စားရတာ​တောင် ကံ​ကောင်းတယ် မှတ် ။ "

မင်ယွန်းဂီမှာ ပါးစပ်ထဲကိုက်ထားသည့်ဇွန်း​လေးကို ဆွဲထုတ်လိုက်ပြီး စိတ်အလိုမကျစွာ နှာရှုံလိုက်​တော့သည် ။

စား​သောက်​ခြင်းလုပ်ငန်းပြီးဆုံးပြီး တစ်နာရီခန့်ကြာသွားသည့်အခါမှာ ခန္ဓာကိုယ်၏ လုပ်ငန်း​ဆောင်တာဖြစ်သည့် မလိုအပ်သည့်အရာများအား စွန့်ထုတ်သည့်အပိုင်းသို့ ​ရောက်လာ​တော့
သည်။

မင်ယွန်းဂီမှာ မျက်နှာ​လေးရှုံမဲ့လျက် အကူအညီလှမ်း​တောင်းလိုက်သည် ။

" ဟို​လေ...အိမ်သာ ဘယ်မှာရှိလဲဗျ "

မျက်နှာပြဲမှာ ထိုသခင်​လေး​ကြောင့် အ​တော်​လေး စိတ်ရှုပ်​နေရပြီ ဖြစ်သည် ။ တောင်းဆို
ချက်​တွေမှာ မပြီးနိုင်မစီးနိုင်ဖြင့် သူ့အား အလုပ်​ပေး​နေ​တော့သည် ။

" မရှိဘူး "

မင်ယွန်းဂီ၏ မျက်နှာမှာ ပြာနှမ်းသွားရပါ​တော့
သည် ။

" အ​ရေးကြီး​နေလို့ပါဗျာ ။ "

" ​အောင့်ထား "

" ဒါမျိုးက ​အောင့်ထားလို့မှ မရဘဲ ။ အစ်ကိုကြီးလည်း သိမှာပါဗျာ "

ထိုလူက နှာမှုတ်လာသည် ။ ထို့​နောက် ထိုင်​နေ
ရာက​နေ ထရပ်လာပြီး သူ့​ရှေ့သို့ ​ရောက်လာသည် ။

" ကြိုး​လေး ဖြည်​ပေးပါဗျာ ။ ကျွန်​တော် ထွက်မ​ပြေးနိုင်ပါဘူး ။ "

မျက်နှာပြဲနှင့်လူမှာ ​ခြေ​ထောက်မှကြိုးအားဖြည်​ပေးလာ​​သော်လည်း လက်မှကြိုးကို​တော့ ဒီအတိုင်းသာ ထားခဲ့သည် ။

မင်ယွန်းဂီမှာ လက်အား ​မြှောက်ပြလိုက်သည် ။

" ဒါ​လည်း ဖြည်​ပေးဦး​လေဗျာ ။ မဟုတ်ရင် ကျွန်​တော် ဘယ်လိုလုပ်ရမှာလဲ "

မျက်နှာပြဲမှာ အ​တော်​လေး စိတ်မရှည်ဖြစ်လာရ​လေ​တော့သည် ။

" ကျွန်​​တော် တကယ် ထွက်မ​ပြေးနိုင်ပါဘူးဗျာ ။ အားတစ်စက်မှမရှိလို့ လမ်း​တောင် ​ကောင်း​ကောင်း ​လျှောက်နိုင်မယ်မထင်ဘူး "

မင်ယွန်းဂီမှာ အ​ပြောနှင့်အလုပ်ညီ​စွာ သူ့၏ ခန္ဓာ
ကိုယ်အား ​​ပျော့ခွေပြလိုက်​သော ​​ခြေ​ထောက်​တွေမှာ ​ခွေယိုင်လျက် ကြမ်းပြင်​ပေါ်သို့ လဲကျသွားရ​လေ​တော့သည် ။

ဓါး​မြောင်မှာ သူ့မျက်စိ​ရှေ့ဝယ် လက်ခနဲ ဖြစ်သွား​လေပြီး လက်မှကြိုးမှာ ​ပြတ်သွား​တော့
သည် ။ ထိုအခါ၌ ကြမ်းပြင်ထက်မှ ကုန်းရုန်းထလိုက်​သော ထိုလူက ​နောက်​ကျောအား ဓါးဖြင့်​ထောက်လာသည် ။ မင်ယွန်းဂီမှာ ထိုအတိုင်းပင် ယိုင်တိုင်တိုင်ဖြင့် ​ထိုလူလမ်းညွန်သည့်အတိုင်း ထွက်လာခဲ့လိုက်​တော့သည် ။

အပြင်ဖက်သို့​ရောက်​သောအခါ၌ ပတ်ဝန်းကျင်မှာ အင်မတန်မှ တိတ်ဆိတ်​နေ​လေပြီး အိမ်​​ခြေအ​ဟောင်းများသာ ရှိ​နေ​သော်​ကြောင့် သူတို့မှာ လူပြတ်သည့်​နေရာတစ်ခု၌ အဖမ်းခံထား​ရ​ပေသည် ။ ပတ်ဝန်းကျင်အား မသိမသာ အကဲခတ်ကြည့်မိရင်း အသုံးဝင်မည့်တစ်စုံတစ်ရာအား ရှာ​ဖွေ​နေမိသည် ။ ရှင်းလင်း​နေသည့်​မြေကြီး၌ သစ်ရွက်​​ခြောက်နှင့် ​ကျောက်ခဲ​သေး​လေး​တွေကလွဲ၍ သူ့အတွက် အသုံးဝင်နိုင်မည့်ပစ္စည်းမရှိပါ​ချေ ။

သူ့​နောက်၌ လူမှာ တစ်ချက်က​လေးမှ အလွတ်​ပေးမည့်မဟုတ်​သော​ကြောင့် မင်ယွန်းဂီမှာ ခပ်မြန်မြန် ​​ဝေ့ကြည့်ရုံသာကြည့်လိုက်ရသည် ။ ထို့​နောက် လုပ်စရာရှိသည့်အမှုကိစ္စအားလုပ်လိုက်​တော့သည် ။

အိမ်ထဲသို့ပြန်​ရောက်လာသည်နှင့် ထုံးစံအတိုင်း ကြိုးချည်ခံထားရပြန်သည် ။ မင်ယွန်းဂီမှာ ​အေး​ဆေး​လေး ငြိမ်ခံ​နေလိုက်သည် ။

ညဥ့်ဦးယံအချိန်သည် ပုံမှန်ထက်ပိုမိုကာ တိတ်
ဆိတ်​နေပါ​သောလည်း ထိုလူ​တွေ၏ ​ဟောက်သံဆိုးဆိုးမှာ ကျယ်​လောင်လျက် အိပ်ရခက်​စေ​ပေသည် ။ မင်ယွန်းဂီမှာ ​ခေါင်းပူမတတ် စဥ်းစားခန်းဝင်​နေခဲ့ရ​​သော​ကြောင့် အိပ်ချင်​​နေပြီ ဖြစ်​သော်လည်း သူ့၌ လုပ်စရာ​လေး ရှိ​နေပါ​သေး၏ ။ ထို့​ကြောင့်ပင် ဤအချိန်အား အပင်ပန်းခံ ​စောင့်​နေခဲ့​လေပြီး သူသည် ရှင်းနာယွန်းအား အကဲ
ခတ်လိုက်သည် ။ ရှင်းနာယွန်းမှာ သူ့အား မျက်
ကွင်းညို​တွေဖြင့် လှမ်းကြည့်လာပါ၏ ။ သူမမျက်နှာမှာ ယခု တကယ်ပင် ခရမ်းပုပ်​ရောင် ဖြစ်​နေပြီ ဖြစ်သည် ။

သူသည် ရှင်းနာယွန်းနားသို့ ​ဖင်တရွတ်ဆွဲကာ တိုးကပ်သွားလိုက်ပြီး အိပ်​ပျော်​နေသည့်လူနှစ်​ယောက်အား သတိထားကြည့်လိုက်သည် ။ ​ပလုံစီ​နေသည့်​ဟောက်သံများ​မှာ နားငြီးစရာ​ကောင်းလှ​ပေသည် ။

" ငါ...မင်းကို ​ပြောစရာရှိတယ် "

မင်ယွန်းဂီမှာ အသံကို တိုးနိုင်သမျှတိုးလိုက်ပြီး ဆိုလိုက်သည် ။

ရှင်းနာယွန်းက​ ခေါင်း​လေး ညိတ်ပြလာသည် ။

" မင်းမှာ ချွန်ထက်တဲ့အရာမျိုး ရှိလား "

မင်ယွန်းဂီမှာ လူနှစ်​ယောက်အား ထပ်မံ လှမ်းကြည့်လိုက်ပြီး ထူးခြားမှုမရှိ​သောအခါ ရှင်းနာယွန်းဖက်သို့ ပြန်လှည့်လိုက်သည် ။

သူမက ​ခေါင်းခါပြလာသည် ။

သူလည်း ခန့်မှန်းမိပါသည် ။ မိန်းက​လေးငယ်​လေးထံ၌ မည်ကဲ့သို့ ချွန်ထက်သည့်အရာမျိုးမှ မရှိနိုင်ပါ​ချေ ။ သူ၏ အကြံအစည်မှာလည်း ​လော​လောဆယ် တစ်ခုသာ ထွက်​ပေါ်​သေးပြီး ထိုတစ်ခုကသာ အဖြစ်နိုင်ဆုံးဖြစ်​သော်လည်း ယခုမူ တစ်မျိုး စဥ်းစားရ​ပေ​တော့မည် ။

အတန်ကြာ​လောက်​အောင် သူ စဥ်းစားခန်းဝင်​နေမိသည် ။ သူ့၌ လုပ်စရာ တစ်ခုသာ ရှိ​ပေသည် ။ ထိုအရာမှာ မျက်နှာပြဲထံမှ ဓါး​မြောင်က ခိုးယူရန်ဖြစ်သည် ။ သို့​သော် ယခုလို ကြိုးတုပ်ခံ​နေရသည့်အ​ခြေအ​နေ၌ မည်သို့ခိုးယူရမည်နည်း ။ တစ်နည်းနည်း​တော့ ကြံစည်ရ​ပေမည် ။

" ကျွန်မမှာ အ​မေ ​ပေးထားတဲ့ဆံထိုး​လေး​​တော့ရှိတယ် "

ရှင်းနာယွန်း၏ အသံ​ဖျော့​ဖျော့မှာ အင်မတန်မှတိုးဖွလွန်းကာ မနည်းပင် နား​ထောင်ယူလိုက်ရ​ပေသည် ။

" ဘယ်လိုမျိုးလဲ "

" ​​ကျောက်စိမ်းနဲ့လုပ်ထားတဲ့လိပ်ပြာပုံဆံထိုး​လေးပါ ။ ​​တောင်ပံနား​လေး​တွေမှာ အတွန့်လေး​တွေပါပါတယ် ။ အကယ်၍ အဆင်​ပြေမယ်ဆိုရင်..."

" မ​ပြေ​ပြေ​အောင် လုပ်ရမယ် ။ အဲ့ဒီဆံထိုး​လေးကို အသုံးပြုလို့ တကယ် အဆင်​ပြေပါရဲ့လား "

" ရပါတယ် ။ အသုံးဝင်မယ်ဆို ဘာပဲလုပ်လုပ် အဆင်​​ပြေပါတယ် "

" ​ကောင်းပြီ ။ ဒါဆိုရင် ​သေချာ နား​ထောင်​​​​ "

သို့ဖြင့် မင်ယွန်းဂီမှာ ​မျှော်လင့်ချက် တစ်စွန်း
တစ်စအား ရင်ဝယ်ပိုက်ထားလိုက်ရင်း အကြံ
အစည်အား​ပြောပြလိုက်ပါ​တော့၏ ။

ရှင်းနာယွန်းက ဂရုတစိုက်နား​ထောင်လာ​လေပြီး သ​ဘောတူဟန် ​ခေါင်းညိတ်ပြလာသည် ။ သူသည်လည်း ထိုအကြံအစည်အား ကျိန်း​သေ​ပေါက် အ​ကောင်အထည်​ဖော်​သင့်​ကြောင်း ​ခေါင်းညိတ်အတည်ပြု​ပေးလိုက်သည် ။

နံနက်ခင်း မိုးစင်စင်လင်းပြီ ဖြစ်​ကြောင်းအား အိမ်​​ခေါင်မိုး အကျိုး ၊ အ​ပေါက်များကြားမှ တိုးဝင်လာပါ​သော ​နေ​ရောင်ခြည်စူးစူးက ​ပြောပြ​နေပါ၏ ။ မင်ယွန်းဂီမှာ တအား အအိပ်မက်တတ်​​သော်လည်း အခုအ​ခြေအ​နေမှာ အိပ်​ပျော်​နေသင့်သည့် အချိန််မဟုတ်​သော​ကြောင့် ဆတ်
ခနဲ လန့်နိုးလာပါသည် ။ ထုံးစံအတိုင်းပင် အို​ဟောင်း​နေသည့်အိမ်တွင်းနှင့် အ​ပေါက်ဝ၌ ထိုင်ကာ အရက်​သောက်​နေသည့်လူကို ​တွေ့လိုက်ရသည် ။ မျက်နှာပြဲအား မျက်လုံးဖွင့်ဖွင့်ချင်း မ​တွေ့ရ​သော်လည်း အချိန်အ​တော်ကြာသည့်​နောက် ​သေရည်တစ်အိုးနှင့်စားစရာများကိုင်ဆွဲကာ အိမ်ထဲဝင်လာသည်ကို ​တွေ့လိုက်ရပါ​တော့သည် ။

သူ့တို့အတွက် နံနက်စာမှာ အရသာ​ပေါ့သည့်ဆန်ပြုတ်အရည်ကျဲတစ်ပန်းကန်သာ ဖြစ်​ပေသည် ။ မ​နေ့က​လောက် ဗိိုက်မဆာ​​နေခဲ့​သော​ကြောင့် စားမ​ကောင်းဖြစ်​နေရပြီး မင်ယွန်းဂီ​လေးမှာ ဂလုံဆန်​အောင် မျိုချ​နေရပါ​​တော့သည် ။

အ​ပေါက်ဝမှ လူနှစ်​ယောက်မှာ​​တော့ ​သေရည်​သောက်ရင်း တိုးတိုးကြိတ်ကြိတ် ​ဆွေး​နွေးတိုင်ပင်​နေကြသည် ။ မည်သည့်ကိစ္စကို တိုင်ပင်​နေမှန်း သူ ခန့်မှန်းမိ​​ပေသည် ။ ထို့​ကြောင့်ပင် အလှမ်း​ဝေး၍ မကြားရပါ​သောလည်း နား​လေး စွင့်ကားထားရင်း မျက်လုံး​လေး ​ဝေ့ကစားကာဖြင့် သူတို့၏ သိုဝှက်သည့် စကားများအား အဓိ
ပ္ပါယ် ​ဖော်​နေလိုက်သည် ။

​နေ့လယ်ခင်းအချိန်၌ ရှင်းနာယွန်းမှာ မျက်နှာ​လေး ဖြူတစ်လှည့် ၊ ပြာတစ်လှည့်ဖြင့် မျက်နှာပြဲအား ခပ်တိုးတိုး​လေး တောင်းဆိုလာ​လေသည် ။

" ဟို...ဟို..."

သူမခင်မျာမှာ ​ပြော​နေရခက်​နေပုံ​ပေါ်ပြီး မျက်
နှာပြဲမှာလည်း စိတ်မရှည်ပါ​ချေ ။ ထိုလူက သူ့
၏အိမ်​ဆောင်ဓါး​မြောင်အား လက်ထဲ၌ ​ဝေ့ယမ်းလာ​လေပြီး ​ငေါက်ငမ်းလာ​တော့၏ ။

" ​မြန်မြန်​ပြော ! "

​ငေါက်သံ​ကြောင့် ရှင်းနာယွန်းမှာ ဇာတ်​လေးပုဝင်သွား​လေပြီး သူ့အား အကူအညီ​တောင်းဟန် မျက်နှာငယ်​လေးဖြင့် ကြည့်လာပါ၏ ။

သို့ဖြင့် မင်ယွန်းဂီမှာ လူစွမ်း​ကောင်း ဝင်လုပ်ရပါ​​​​တော့သည် ။

" အိမ်သာ သွားချင်​နေတာ ​နေမယ် ။ သူလည်း လူပဲ​လေဗျာ ။ "

သူ့စကားကို ​ထောက်ခံ​သည့်ဟန် သူမက

You are reading the story above: TeenFic.Net