❄~13~❄

Background color
Font
Font size
Line height

(Zawgyi)

ဂ်ီမင္းသတိရလာေတာ့ မူးေနာက္ေနတဲ့ေခါင္းကို အသာခါလိုက္ရင္း ပတ္ဝန္းက်င္ကိုအရင္ဆုံး အကဲခတ္လိုက္မိတယ္...။ သူတို႔ေရာက္ေနတာ ကုန္ေလွာင္႐ုံေဟာင္းတစ္ခုမ်ားလား...??

လက္ေတြကို ေနာက္ျပန္ႀကိဳးခ်ည္ထားသျဖင့္ ႐ုန္းေလနာေလပင္...။ ႏုနယ္လွတဲ့မင္းသားတစ္ပါးမို႔ ခုေလာက္ဆိုရင္ သူ႔လက္ေကာက္ဝတ္ေတြမွာ ပြန္းပဲ့ရာေတြျဖစ္ေနမွာ အေသအခ်ာပါပဲ...။ ေဘးမွာေတာ့ သူ႔လိုပင္ လက္ျပန္ႀကိဳးတုပ္လွ်က္သားနဲ႔ သတိေမ့ေနတဲ့ အစ္ကိုေဆာ့ဂ်င္ကို ေတြ႕လိုက္ရတယ္...။

"အစ္ကို....အစ္ကိုေဆာ့ဂ်င္....??"

အျပင္ဘက္မွာေစာင့္ၾကပ္ေနမယ့္သူ တစ္ေယာက္ေယာက္ရွိေနမွာကို ႀကိဳေတြးမိတဲ့မင္းသားေလးဟာ သတိေမ့ေနတဲ့ ေဆာ့ဂ်င္ကို ပခုံးစြန္းနဲ႔အသာတိုးတိုက္ရင္း ခပ္တိုးတိုးေခၚလိုက္တယ္...။ ထိုအခါမွ ေဆာ့ဂ်င္လည္း လူးလြန႔္ကာႏိုးလာေတာ့တယ္...။

"ဟင္... ငါ... ငါတို႔ ဘယ္ေရာက္ေနတာလဲ...??

"မသိဘူး... ကြၽန္ေတာ့္အထင္ေတာ့ ကုန္ေလွာင္႐ံုအေဟာင္းတစ္ခု ျဖစ္လိမ့္မယ္"

ခုမွအာ႐ုံျပန္စုစည္းမိသြားတဲ့ေဆာ့ဂ်င္ အေျခအေနကို တျဖည္းျဖည္းနဲ႔ ရိပ္စားမိလာေတာ့တယ္...။ သူတို႔၂ေယာက္ကို ဘယ္သူေတြလဲဆိုတာသိရက္နဲ႔ ဖမ္းလာတယ္ဆိုကတည္းက မင္းႀကီးကိုလုပ္ႀကံခ်င္သူေတြကပဲ ျဖစ္မယ္ဆိုတာကိုေပါ့...။ မင္းႀကီးကို တိုက္႐ိုက္လုပ္ႀကံဖို႔မလြယ္တာေၾကာင့္ ဘာကိုယ္ခံပညာမွမတတ္ကြၽမ္းတဲ့ မင္းသားငယ္ေလးကို အရင္ဆုံးပစ္မွတ္ထားတာ ျဖစ္ႏိုင္တယ္ဆိုတာကိုေရာေပါ့...။

"ၾကည့္ရတာ မင္းႀကီးေတာ့အခက္ေတြ႕ေတာ့မယ္"

ဂ်ီမင္းကေတာ့ နန္းတြင္းေရးေတြကို ဘာမွမသိသူမို႔ အူလည္လည္ေလးနဲ႔ ျပန္ၾကည့္လာတယ္...။ ထိုအခိုက္မွာတင္ ကုန္ေလွာင္႐ုံတံခါးပြင့္သြားၿပီး လူတစ္ေယာက္အထဲသို႔ဝင္လာတယ္...။ အျပင္ဘက္က အလင္းေရာင္ေၾကာင့္ ထိုသူရဲ႕မ်က္ႏွာကိုေတာ့ သူတို႔မျမင္ရပါ...။

"မင္းသားေလးကိုဖမ္းရတာ ထင္ထားတာထက္ေတာင္ လြယ္သားပဲ... ဟားဟား..!!"

မ်က္ႏွာလည္းေသခ်ာမျမင္ရတာေၾကာင့္ ထိုသူကိုဘယ္သူမွန္း ဂ်ီမင္းမသိေပမယ့္ ေဆာ့ဂ်င္ကေတာ့ သိလိုက္ပါၿပီ...။ ဒါဟာ ဝမ္အမတ္ႀကီးရဲ႕ အသံပင္...။

"တကယ္ပဲခင္ဗ်ားကိုး...!!!"

ေဆာ့ဂ်င္ရဲ႕စကားေၾကာင့္ ဝမ္အမတ္ႀကီးမ်က္ေမွာင္က်ံဳ႕လိုက္မိတယ္...။ ဘာလဲ သူကသိေနတာလား...??

"ခင္ဗ်ားမွန္း ကြၽန္ေတာ္တို႔သိေနၿပီးသားပါ... သက္ေသမခိုင္လုံေသးလို႔သာ ဘာမွမေျပာတာ.. အခု မင္းသားေလးေပ်ာက္သြားတာနဲ႔ မင္းႀကီးက ခင္ဗ်ားဆီကို ဦးတည္လာမွာပဲ"

ဝမ္အမတ္ႀကီး အနည္းငယ္ေတာ့တုန္လႈပ္သြားတယ္...။ တကယ္ပဲသူတို႔အားလုံး ရိပ္မိေနၿပီတဲ့လား...။ ဒါဆိုရင္လည္း ဘာလို႔ဖုံးကြယ္ထားေတာ့မွာလဲ…။ တခါတည္းကိစၥျပတ္လုပ္ရေတာ့မွာေပါ့...။

"မင္းႀကီးက သူ႔ညီတစ္ေယာက္လံုး ငါ့လက္ထဲမွာရွိေနတာကို အတင္းအၾကပ္မလုပ္ရဲပါဘူး... နဂါးတံဆိပ္တုံးနဲ႔ သူ႔ညီကိုလာလဲခိုင္းၿပီး သူေရာက္လာတာနဲ႔ သတ္လိုက္႐ုံပဲ.. ဘယ္ေလာက္လြယ္လိုက္လဲ...??"

"ခင္ဗ်ားႀကီး လူယုတ္မာ...!!!"

ဘာမွနားမလည္တာေၾကာင့္ တခ်ိန္လုံးၿငိမ္ေနတဲ့ မင္းသားငယ္ေလးဂ်ီမင္းဟာ သူ႔အစ္ကိုကို လုပ္ႀကံမယ္ဆိုေသာေၾကာင့္ ေဒါသတႀကီးထေအာ္ေတာ့တယ္...။ နဂါးတံဆိပ္တုံးကိုသာ ဒီလူယုတ္မာရသြားခဲ့ရင္ အလိုလိုဘုရင္ျဖစ္သြားမွာ...။ သူလိုေလာဘသားေကာင္ကို တိုင္းျပည္ရဲ႕ဘုရင္ ျဖစ္ခြင့္မေပးႏိုင္ပါ...။

"မင္းေဒါသထြက္ေနလည္းအပိုပဲ... စိတ္မပူပါနဲ႔ မင္းအစ္ကိုသြားရမယ့္ မရဏလမ္းကို မင္းပါအေဖာ္လိုက္ေပးရမွာပါ... ၿပီးေတာ့မင္းေရာပဲ"

ေဆာ့ဂ်င္ကိုပါလက္ညိဳးထိုးၿပီးေျပာလာတဲ့ ဝမ္အမတ္ႀကီး….။ သူတို႔ ၂ေယာက္လံုး ေဒါသထြက္လြန္းလို႔ ဘာစကားမွျပန္မေျပာႏိုင္ဘဲ ထိုသူ႔ကိုသာ ႐ြံ႕ရွာမုန္းတီးစြာနဲ႔ စူးစိုက္ၾကည့္ေနမိတယ္...။ ထိုလူယုတ္မာကေတာ့့ သူ႔အႀကံအစည္ေတြ ေအာင္ျမင္ေတာ့မယ္ဆိုတဲ့အေတြးနဲ႔ တဟားဟားရယ္ေမာကာ ျပန္ထြက္သြားေလသည္...။

"ေတာင္းပန္ပါတယ္အစ္ကိုေဆာ့ဂ်င္.. ဒါေတြအားလုံးက ကြၽန္ေတာ့္ေၾကာင့္ပါ... ကြၽန္ေတာ္သာ ေဈးထဲအတင္းမသြားခဲ့ရင္..."

"ရွဴး... ေျပာမေနနဲ႔ေတာ့ မင္းသားေလး... ဒီအတိုင္းေနလို႔ေတာ့မျဖစ္ဘူး... လြတ္ဖို႔နည္းလမ္းရွာၾကတာေပါ့"

ေသရမယ့္အေရးကို ေစာင့္စားေနတာထက္စာရင္ လြတ္ေျမာက္ဖို႔အတြက္ ႀကံစည္ဖို႔သာ ေဆာ့ဂ်င္ဆုံးျဖတ္လိုက္တယ္...။ အထူးသျဖင့္ သူတို႔မင္းႀကီးကို အခက္မေတြ႕ေစခ်င္ပါ...။

"ဟာ.. အစ္ကိုေဆာ့ဂ်င္.. ကြၽန္ေတာ့္အက်ႌရင္ဘက္ထဲမွာ ယြန္းဂီအတြက္ဝယ္ထားတဲ့ ေက်ာက္စီဓားေလးရွိတယ္... အဲဒါေလးကိုရေအာင္ထုတ္ေပးပါေနာ္.. ဒါမွလက္ျပန္ႀကိဳးေတြကို ျဖတ္လို႔ရမွာ"

ေဆာ့ဂ်င္လည္းသေဘာေပါက္သြားၿပီး လြတ္ေနတဲ့ေျခေထာက္နဲ႔ပင္ ဂ်ီမင္းရဲ႕အက်ႌရင္ဘက္ထဲကဓားကို ခက္ခက္ခဲခဲနဲ႔ ဆြဲထုတ္ဖို႔ႀကိဳးစားတယ္...။ သူတို႔၂ေယာက္ဟာ အသုံးမဝင္တဲ့သူေတြလို ရန္သူလက္ထဲမွာလြယ္လြယ္နဲ႔ အသက္ဆုံး႐ံႈးရမွာမ်ိဳးကိုေတာ့ အျဖစ္မခံႏိုင္ေသာေၾကာင့္ ကိုယ္စြမ္းဉာဏ္စြမ္းရွိသ၍ ႀကိဳးစားရေပမည္...။

~•~•~•~•~•~•~•~•~•~

ခိုနဲ႔ ပို႔လိုက္တဲ့စာကိုျဖင့္ဖတ္ၾကည့္ၿပီးေနာက္ နမ္ဂြၽန္းေဒါသတႀကီးနဲ႔ ေတာက္ေခါက္လိုက္တယ္...။ သူ႔ေဘးမွာလည္း မ်က္ႏွာမသာမယာနဲ႔ ထိုင္ေနတဲ့ဂ်ံဳးကု...။

"ေအာက္တန္းက်လိုက္တာ... ထီးနန္းကိုလိုခ်င္တာနဲ႔ အျပစ္မရွိတဲ့ငါ့ညီနဲ႔ ေဆာ့ဂ်င္ကို အသုံးခ်ရတယ္လို႔"

"ခြင့္လႊတ္ပါမင္းႀကီး... ကြၽန္ေတာ့္အမွားေၾကာင့္ပါ"

မင္းႀကီးေရွ႕မွာ ဒူးေထာက္လ်က္သားရွိေနတဲ့ ယြန္းဂီက စိတ္မေကာင္းစြာနဲ႔ေျပာလာတယ္...။ ဂ်ီမင္းအခုလိုအဖမ္းခံရတာ သူေဘးမွာအခ်ိန္ျပည့္ ေနမေပးႏိုင္တဲ့အတြက္ေၾကာင့္ဟူ၍ ကိုယ့္ကိုကိုယ္သာ အျပစ္တင္မဆုံးျဖစ္ေနမိတယ္...။

"မင္းအျပစ္မဟုတ္ပါဘူး ယြန္းဂီ... သူေဆးပညာသင္ယူေနတဲ့အခ်ိန္ဆို မင္းလည္းငါကိုယ္ေတာ္ခိုင္းတဲ့အလုပ္ေတြကို လုပ္ေပးေနရတာပဲေလ... အခုသူတို႔က တမင္သက္သက္ ဘာကိုယ္ခံပညာမွမတတ္တဲ့ ဂ်ီမင္းနဲ႔ ေဆာ့ဂ်င္ကိုဖမ္းၿပီး ထီးနန္းနဲ႔အလဲအလွယ္လုပ္ခ်င္ေနတာ"

"မင္းႀကီး.. သူတို႔ေတာင္းဆိုသလိုမ်ိဳး ခ်ိန္းဆိုထားတဲ့ေနရာကို တစ္ေယာက္တည္းသြားဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးေနာ္... သူတို႔မွာတျခားအႀကံရွိေလာက္တယ္"

ဂ်ံဳးကုက ေတြးေတြးဆဆနဲ႔ေျပာလာေတာ့ မင္းႀကီးလည္းေခါင္းညိတ္လိုက္တယ္...။ အေရးအေၾကာင္းတစ္ခုခုဆိုရင္ သင့္ေတာ္ရာကို အႀကံေပးတတ္တဲ့ေဆာ့ဂ်င္ ေဘးမွာမရွိတာေၾကာင့္ ေတြးရခက္လြန္းတယ္...။

"ဟုတ္တယ္... သူတို႔က ငါကိုယ္ေတာ္ကို သတ္ခ်င္ေနတာျဖစ္မယ္.. ၿပီးေတာ့ သူသာနန္းတက္ရင္ မင္းတို႔အားလုံးပါ အသက္ဆက္ရွင္ဖို႔ခဲယဥ္းလိမ့္မယ္"

တစ္ဖက္ရန္သူရဲ႕အႀကံကို ရိပ္မိေသာ္လည္း သူတို႔အေနနဲ႔ ဘာဆက္လုပ္ရမလဲဆိုတာ ေတြးရခက္လြန္းလွတယ္...။

"သူတို႔ေျပာထားတဲ့ရက္မတိုင္မီ မင္းသားေလးနဲ႔ သမားေတာ္ေဆာ့ဂ်င္ကို ေတြ႕ေအာင္ရွာမယ္ဆိုရင္ေရာ..?? ဒါကခက္ခဲေပမယ့္လည္း အနည္းဆုံးေတာ့ သူတို႔ကိုကယ္ႏိုင္တယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ရွိတာေပါ့.. လူအင္အားသုံးလို႔ေတာ့မျဖစ္ဘူး... ကြၽန္ေတာ္တစ္ေယာက္တည္း တိုးတိုးတိတ္တိတ္လႈပ္ရွားပါ့မယ္"

ယြန္းဂီရဲ႕ေလွ်ာက္တင္ခ်က္ကို မင္းႀကီးေသခ်ာျပန္စဥ္းစားေနမိတယ္...။ သူေျပာတာလည္း ဟုတ္တာပဲ...။ ဒီတိုင္းထိုင္ေစာင့္ေနမယ့္အစား သူတို႔ကိုဘယ္မွာ ဖြက္ထားႏိုင္လဲဆိုတာကို ႐ွာေဖြသင့္တာပဲ...။

"ေကာင္းၿပီယြန္းဂီ... သူတို႔ကိုအတတ္ႏိုင္ဆုံးေတြ႕ေအာင္ရွာေပးပါ... ငါကိုယ္ေတာ္ မင္းကိုယုံၾကည္တယ္"

"ကြၽန္ေတာ္လည္း လိုက္သြားပါရေစ"

အသံလာရာကိုၾကည့္လိုက္ေတာ့ သူတို႔လွ်ိဳ႕ဝွက္ေတြ႕ဆုံေနတဲ့ စာၾကည့္ခန္းထဲကိုဝင္ေရာက္လာတဲ့ အိမ္ေရွ႕စံမင္းသားထယ္ေယာင္း...။ သူ႔မ်က္ႏွာက ခါတိုင္းထက္ တည္ၾကည္ေနတယ္...။

"ကြၽန္ေတာ္လည္း အစ္ကိုယြန္းဂီနဲ႔အတူတူ လိုက္ရွာခ်င္ပါတယ္... ခုအ႐ြယ္ထိ နန္းတြင္းအမႈအခင္းေတြကို အစ္ကိုေတာ္တို႔ပဲေျဖရွင္းေနရတာ... ဒီတစ္ခါေတာ့ ကြၽန္ေတာ့္ကိုလည္းတာဝန္ေပးပါ"

ထယ္ေယာင္းေရာက္လာတဲ့အတြက္ နမ္ဂြၽန္းပိုအားတက္သြားတာေတာ့ အမွန္ပင္...။ တခ်ိန္မွာသူ႔ကိုပဲ ထီးနန္းလႊဲေပးမွာျဖစ္တဲ့အတြက္ ထယ္ေယာင္းခုလိုကိစၥေတြမွာ စိတ္ဝင္တစားရွိတာကိုလည္း ဝမ္းေျမာက္မိျပန္တယ္...။ ဒါ့အျပင္ထယ္ေယာင္းဟာ သိုင္းပညာမွာလည္း ေတာ္ေတာ္ေလးထူးခြၽန္တဲ့အတြက္ ဘာမွစိတ္မခ်ႏိုင္စရာမရွိပါ...။

"ေကာင္းၿပီညီေတာ္... မင္းနဲ႔ယြန္းဂီ ေသခ်ာေလး ရွာေဖြခဲ့ၾကပါ... သူတို႔ေပးထားတဲ့အခ်ိန္က တစ္ပါတ္တည္းေနာ္"

"စိတ္ခ်ပါအစ္ကိုေတာ္... ကြၽန္ေတာ္တို႔ လုပ္ႏိုင္မွာပါ"

ရဲရဲဝံ့ဝံ့နဲ႔ေျပာလာတဲ့ထယ္ေယာင္းကို ဂ်ံဳးကုအထင္ႀကီးစြာနဲ႔ ေငးၾကည့္ေနမိတယ္...။ ကိုယ့္ခ်စ္သူဟာ တာဝန္ဝတၱရားကို ေခါင္းမေရွာင္တတ္သူမို႔ အထင္ႀကီးေလးစားဖြယ္ရာ ေကာင္းလြန္းလွသည္...။ သူယုံၾကည္ပါတယ္...။ ထယ္ေယာင္းနဲ႔ယြန္းဂီသာ အတူတူရွာေဖြမယ္ဆို ဂ်ီမင္းတို႔ကိုေသခ်ာေပါက္ ျပန္ေတြ႕ရမယ္ဆိုတာ...။

~•~•~•~•~•~•~•~•~

မင္းသားေလးနဲ႔သမားေတာ္ေဆာ့ဂ်င္ နန္းေတာ္ေနာက္ဘက္တံခါးေပါက္ကေန ထြက္သြားတယ္ဆိုတဲ့သတင္းေၾကာင့္ ယြန္းဂီနဲ႔ထယ္ေယာင္း ထိုလမ္းတေလွ်ာက္ကေန စတင္႐ွာေဖြၾကတယ္...။ စမ္းတဝါးဝါးနဲ႔ ေနရာအႏွံ႔လိုက္ရွာေနမယ့္အစား လမ္းမွာသဲလြန္စေတြ႕လိုေတြ႕ ျငား လိုက္႐ွာေနၾကျခင္းပင္...။

ၿမိဳ႕တြင္းကေန နန္းေတာ္ရဲ႕အေနာက္ဘက္တံခါးေပါက္ကို ေရာက္ဖို႔အတြက္ သစ္ေတာအုပ္ေလးကို ျဖတ္လာရတယ္...။ ဆီးႏွင္းအၿမဲက်တဲ့ အရပ္ေဒသျဖစ္ေပမယ့္ သစ္ေတာအုပ္ေလးကေတာ့ သစ္ပင္ေတြအုပ္ဆိုင္းေနတာမို႔ ဆီးႏွင္းေတြကေျမျပင္ေပၚအနည္းငယ္သာ သက္ေရာက္ႏိုင္တယ္...။

ယြန္းဂီတစ္ေယာက္ ဟိုဒီေလွ်ာက္ၾကည့္ရင္း ေျမမာမာေပၚက တစ္စံုတစ္ခုကိုတက္နင္းမိတယ္...။ မသိစိတ္ရဲ႕ လႈံ႕ေဆာ္မႈေၾကာင့္ သူတက္နင္းမိတဲ့အရာကို သာမန္ခဲလုံးတစ္လုံးဟု ခပ္ေပါ့ေပါ့သေဘာမထားဘဲ ငုံ႔ၾကည့္လိုက္မိတယ္...။

အနက္ေရာင္ပုတီးေစ့ေလးတစ္လုံး...။ ဖ်တ္ခနဲၾကည့္ရင္ေတာ့ ခဲလုံးတစ္လုံးလို႔ အထင္ေရာက္စရာပါပဲ...။ ယြန္းဂီကေတာ့ ထိုပုတီးေစ့ေလးကိုျမင္တာနဲ႔ ဝမ္းသာစိတ္ေၾကာင့္ မ်က္ဝန္းေတြတလက္လက္ေတာက္ပသြားတယ္...။

"ထယ္ေယာင္းဒီကိုတခ်က္လာၾကည့္"

ယြန္းဂီသည္ ဟိုေဆာ့လိုမဟုတ္ဘဲ ထယ္ေယာင္းကို နာမည္သာေခၚတတ္တယ္...။ ထယ္ေယာင္းကလည္း သူ႔ကိုမရိုမေသလုပ္တယ္လို႔ အထင္မေရာက္ပါ...။ ဆရာတူအစ္ကိုမို႔ ယြန္းဂီကိုအစတည္းက ေလးစားၿပီးသားပါ...။ ခုလည္းယြန္းဂီေခၚတဲ့ဆီကို ခပ္ျမန္ျမန္ေလး ေလွ်ာက္သြားလိုက္တယ္...။

"ဒါေလးက ဂ်ီမင္းရဲ႕လက္ပတ္ေလးက ပုတီးေစ့ေလးပဲ... ဖမ္းေခၚသြားတုန္းက ျပတ္က်သြားတာေနမွာ... တစ္လုံးေတြ႕ၿပီဆိုကတည္းက ေနာက္ထပ္လည္းရွိဦးမွာပဲ"

"ဟုတ္ၿပီ... ဒါဆိုပုတီးေစ့ေလးေတြရဲ႕ လမ္းေၾကာင္းအတိုင္းလိုက္႐ွာၾကမယ္"

သူတို႔၂ေယာက္ခ်က္ခ်င္းပင္ ပတ္ဝန္းက်င္တဝိုက္က ေျမျပင္ေပၚကို သတိထားၿပီးလိုက္ၾကည့္ေတာ့ သိပ္မၾကာခင္မွာပင္ ေနာက္ထပ္ပုတီးေစ့တစ္လုံးကို ထယ္ေယာင္းရွာေတြ႕သြားခဲ့တယ္...။

"အစ္ကိုယြန္းဂီ... ဒီမွာေနာက္တစ္လုံး"

သူတို႔လည္း ပုတီးေစ့ေလးရဲ႕လမ္းေၾကာင္းအတိုင္း တျဖည္းျဖည္းနဲ႔ လိုက္သြားၾကတယ္...။ ပုတီးေစ့တစ္လုံးနဲ႔တစ္လုံးဟာ ၂ကိုက္၃ကိုက္ခန႔္ ကြာေဝးတယ္...။ ပုတီးေစ့ေလးေတြက လက္ပတ္တစ္ခုစာျပည့္သြားလို႔ ကုန္သြားေပမယ့္ သူတို႔၂ေယာက္ဟာ လမ္းေၾကာင္းကိုခန႔္မွန္းမိသြားခဲ့တယ္...။

"ဒီလမ္းအတိုင္းသြားရင္ စိုက္ခင္းေတြကိုေရာက္လိမ့္မယ္.. အခုက သီးႏွံစိုက္တဲ့ရာသီမဟုတ္ေတာ့ လယ္သမားေတြ ရွိမွာမဟုတ္ဘူး... ဒါေပမယ့္ သူတို႔ေနခဲ့တဲ့ တဲအိမ္ေတြ... သီးႏွံမ်ိဳးေစ့ေတြသိမ္းစည္းဖို႔ သိုေလွာင္႐ုံႀကီးေတြ ရွိလိမ့္မယ္"

"ဒါဆိုကြၽန္ေတာ္တို႔ ျမန္ျမန္လိုက္သြားၾကတာေပါ့"

၂ေယာက္သား ကိုယ္ေဖာ့ပညာကိုအသုံးျပဳကာ ခပ္ျမန္ျမန္ေလးသြားလိုက္ၾကတယ္...။ အုပ္ဆိုင္းေနတဲ့သစ္ပင္ေတြကို အကာအကြယ္ယူရင္း စိုက္ခင္းနဲ႔ ကုန္ေလွာင္႐ုံေတြဘက္ကို လွမ္းၾကည့္လိုက္ေတာ့ မသကၤာစရာလူတစ္စုကို ေတြ႕ရွိလိုက္ရတယ္...။

"ကြၽန္ေတာ္တို႔ သူတို႔ကိုေတြ႕ၿပီထင္တယ္... ဘယ္သူေတြက သီးႏွံမ်ိဳးေစ့ေတြသိမ္းတဲ့ကုန္ေလွာင္႐ံုကို လူအင္အားအမ်ားႀကီးနဲ႔ ေစာင့္မွာတဲ့လဲ"

ထယ္ေယာင္းရဲ႕စကားကို ေထာက္ခံတဲ့အေနနဲ႔ ယြန္းဂီေခါင္းညိတ္ျပလိုက္တယ္...။ လူအင္အားကေတာ့ ေတာ္ေတာ္မ်ားတယ္...။ ဒါေပမဲ့ သူတို႔စိတ္ထဲမွာ ေၾကာက္႐ြံ႕မေနၾကပါ..။

"ထယ္ေယာင္း....???"

ထယ္ေယာင္းလွည့္ၾကည့္လိုက္ေတာ့ ယြန္းဂီက စတင္တိုက္ခိုက္ဖို႔ အခ်က္ျပတယ္...။ ထယ္ေယာင္းလည္းခ်က္ခ်င္းပင္ ေခါင္းညိတ္ျပကာလက္ခံလိုက္တယ္...။

၂ေယာက္သား ဓားကိုယ္စီထုတ္ကာ အကြယ္ကေန ထြက္လိုက္ေတာ့ သူတို႔စခန္းကလူေတြ ႐ုတ္႐ုတ္သဲသဲျဖစ္သြားၾကတယ္...။ တိုက္ခိုက္ေရးမွာ အဆင့္တစ္ျဖစ္တဲ့ ထယ္ေယာင္းနဲ႔ယြန္းဂီကို သူတို႔အေနနဲ႔ အသည္းအသန္ျပန္ခုခံေနရတယ္...။ ယြန္းဂီတို႔မွာလည္း သတိတခ်က္မွမလြတ္ရဲပါ...။ နည္းနည္းေပါ့ဆလိုက္တာနဲ႔ ရန္သူ႕ဓားခ်က္ေအာက္မွာ အသက္ေပ်ာက္ရမည္ကိုး...။

အျပင္ဘက္ကဆူညံသံေတြေၾကာင့္ ေဆာ့ဂ်င္နဲ႔ဂ်ီမင္း တစ္ေယာက္မ်က္ႏွာကိုတစ္ေယာက္ ၾကည့္လိုက္မိၾကတယ္...။ ထိုအခိုက္မွာပင္ ကုန္ေလွာင္႐ုံတံခါးပြင့္လာၿပီး ရန္သူ၂ေယာက္ဝင္လာတယ္...။

"အျမန္လုပ္... သူတို႔ကိုေနရာေျပာင္းရမယ္"

တစ္ေယာက္ခ်င္းစီအနားကိုတိုးကပ္လာၾကေတာ့ ေဆာ့ဂ်င္နဲ႔ဂ်ီမင္း တစ္ေယာက္နဲ႔တစ္ေယာက္ အခ်က္ျပလိုက္တယ္...။ ရန္သူက ေဘးနားလည္းေရာက္လာေရာ ေျပေလ်ာ့ေနၿပီျဖစ္တဲ့လက္ျပန္ႀကိဳးကို ဆြဲျဖဳတ္လိုက္ကာ သူတို႔ရဲ႕လည္ပင္းမွာ ရစ္ပတ္ခ်ည္လိုက္ၾကတယ္...။

"ေဟ့.. မင္း... မင္းတို႔ဘာလုပ္တာလဲ...??"

တကယ္ေတာ့ႀကိဳးက အခ်ိန္အေတာ္ၾကာကတည္းက ေျပသြားၿပီးျဖစ္ေပမယ့္ ၂ေယာက္သားဘာဆက္လုပ္ရမွန္းမသိတာေၾကာင့္ ဟန္မျပတ္ၿငိမ္ေနၾကျခင္းသာ...။ အခုေတာ့ အနားေရာက္လာတဲ့ရန္သူကို အနီးကပ္တိုက္ခိုက္ႏိုင္ေလၿပီ...။ အျပင္မွာ လာကယ္တဲ့သူေတြေရာက္ေနၿပီမို႔လို႔လည္း သူတို႔၂ေယာက္ပိုရဲတင္းလာၾကျခင္းပင္...။ တျဖည္းျဖည္းနဲ႔ ၿငိမ္က်သြားတဲ့ ရန္သူ၂ေယာက္ေၾကာင့္ သူတို႔ႀကိဳးေတြကို ျပန္ေျဖေလ်ာ့လိုက္ေတာ့တယ္...။

"အစ္ကို.. သူတို႔..ေသမ်ားသြားၿပီလား"

ျဖဴစင္လြန္းတဲ့မင္းသားေလးဟာ သူ႔လက္နဲ႔လူတစ္ေယာက္ကို သတ္လိုက္မိၿပီဆိုတဲ့အေတြးနဲ႔ လန႔္ေန႐ွာတယ္...။ ေဆာ့ဂ်င္ကိုယ္တိုင္သည္လည္း လူမသတ္ဖူးလို႔ လန္႔ေနေပမယ့္ ဂ်ီမင္းပိုေၾကာက္မွာစိုးလို႔ အားေပးလိုက္ရတယ္...။

"သတိေမ့သြားတာပါ... ဘာမွမျဖစ္ဘူး... လာ.. သြားၾကမယ္"

သူတို႔ ကုန္ေလွာင္႐ုံအျပင္ဘက္ကို ေျပးထြက္လာေတာ့ အျပင္ဘက္က တိုက္ပြဲကိုျမင္လိုက္ရတယ္...။ ရန္သူေတြအမ်ားႀကီးၾကားမွာ ရဲရဲဝံ့ဝံ့တိုက္ခိုက္ေနတဲ့ ယြန္းဂီနဲ႔ထယ္ေယာင္း...။ ဂ်ီမင္းတစ္ေယာက္ သူ႔ခ်စ္သူကိုျမင္ေတာ့ အရမ္းေပ်ာ္မိေပမယ့္ ယြန္းဂီအာ႐ုံေထြျပားသြားမွာ စိုးရိမ္ေသာေၾကာင့္ လွမ္းမေခၚရဲေပ...။

သို႔ေသာ္ယြန္းဂီက ကုန္ေလွာင္႐ုံရဲ႕အေပါက္ဝမွာ မတ္တပ္ရပ္ကာ သူ႔ကိုေငးေနတဲ့ဂ်ီမင္းကို ေတြ႕သြားေလတယ္...။ အဆင္ေျပေနပုံရတဲ့ဂ်ီမင္းေၾကာင့္ ပိုအားတက္သြားၿပီး တိုက္ခိုက္ႏႈန္းကို အရွိန္ျမႇင့္လိုက္တယ္...။ သိပ္မၾကာခင္မွာပင္ အတုံးအ႐ုန္းက်ဆုံးသြားေသာ ရန္သူမ်ားၾကားတြင္ ယြန္းဂီနဲ႔ထယ္ေယာင္း ေအာင္ႏိုင္သူေတြအျဖစ္ မားမားမတ္မတ္ရပ္တည္ႏိုင္သြားေလၿပီ...။

"ယြန္းဂီ.....!!!!"

အတင္းေျပးလာတဲ့အေသးေလးကို ယြန္းဂီရင္ဖြင့္ကာ ႀကိဳဆိုလိုက္တယ္...။ သူေလးတစ္ခုခုျဖစ္မွာကို စိုးရိမ္ေနခဲ့ရတာ ခုမွပဲစိတ္ေအးရေတာ့တယ္...။

"ဒဏ္ရာရေသးလားဟင္... ကိုယ္စိတ္ပူလိုက္ရတာ"

"လက္ေလးနည္းနည္းပဲ ႀကိဳးေၾကာင့္ပြန္းသြားတာပါ... က်န္တာအကုန္အဆင္ေျပတယ္.. ေတာင္းပန္ပါတယ္... ကြၽန္ေတာ့္ေၾကာင့္ ယြန္းဂီပင္ပန္းရၿပီ"

ေဘးမွာအတူပါလာတဲ့အစ္ကိုအရင္းကိုေတာင္ သတိမျပဳမိတဲ့အထိ ဂ်ီမင္းဟာ ယြန္းဂီတစ္ေယာက္ကိုသာ အာ႐ုံရွိေနခဲ့တယ္...။ အခုလည္းသူ႔ကို စိတ္ပူပန္ေနရတဲ့ယြန္းဂီကို ေတာင္းပန္တဲ့အေနနဲ႔ ယြန္းဂီရဲ႕ႏႈတ္ခမ္းကို ေခါင္းေမာ့ရင္းလွမ္းနမ္းေလတယ္...။

ထယ္ေယာင္းခမ်ာေတာ့ ညီျဖစ္သူနဲ႔ ဆရာတူအစ္ကိုရဲ႕ အခ်စ္ဇာတ္လမ္းကို ခုမွသိသူမို႔ အံ့ၾသလြန္းလို႔ ပါးစပ္အေဟာင္းသားျဖစ္ေနတယ္...။ သေဘာမတူတာမ်ိဳးေတာ့ မရွိပါဘူး...။ ဒီတိုင္းအံ့ၾသလြန္းလို႔ပါ...။ သူ႔ညီငယ္ေလး သြက္လက္မွန္းသိေပမယ့္ ေရခဲတုံးႀကီးကို အရည္ေဖ်ာ္ႏိုင္ေလာက္တဲ့အထိ ကဲလိမ့္မယ္လို႔ေတာ့ မထင္ခဲ့ဘူးကိုး...။

"အိမ္ေရွ႕စံမင္းသားေရ.. သူတို႔ကိုၾကည့္မေနဘဲ ေ႐ွ႕ကေန အရင္သြားႏွင့္ရေအာင္ပါ.. လာပါ"

ေၾကာင္အမ္းေနတဲ့ထယ္ေယာင္းကို ေဆာ့ဂ်င္ကပဲ အလိုက္တသိဆြဲေခၚကာ ေ႐ွ႕ကေနသြားႏွင့္လိုက္ေတာ့တယ္…။ ခ်စ္သူ၂ဦးကေတာ့ ပတ္ဝန္းက်င္ကိုေမ့ေလ်ာ့ကာ အနမ္းခ်င္းဖလွယ္လို႔ေကာင္းေနဆဲပင္။

ခ်စ္သူနဲ႔သာအတူတူရွိေနမယ္ဆိုရင္ ေဘးပတ္ပတ္လည္မွာရွိတဲ့ လူေသအေလာင္းေတြကလည္း စိတ္ကူးထဲမွာေတာ့ ပန္းခင္းႀကီးပါပဲ...။

To Be Continued..........









(Unicode)

ဂျီမင်းသတိရလာတော့ မူးနောက်နေတဲ့ခေါင်းကို အသာခါလိုက်ရင်း ပတ်ဝန်းကျင်ကိုအရင်ဆုံး အကဲခတ်လိုက်မိတယ်...။ သူတို့ရောက်နေတာ ကုန်လှောင်ရုံဟောင်းတစ်ခုများလား...??

လက်တွေကို နောက်ပြန်ကြိုးချည်ထားသဖြင့် ရုန်းလေနာလေပင်...။ နုနယ်လှတဲ့မင်းသားတစ်ပါးမို့ ခုလောက်ဆိုရင် သူ့လက်ကောက်ဝတ်တွေမှာ ပွန်းပဲ့ရာတွေဖြစ်နေမှာ အသေအချာပါပဲ...။ ဘေးမှာတော့ သူ့လိုပင် လက်ပြန်ကြိုးတုပ်လျှက်သားနဲ့ သတိမေ့နေတဲ့ အစ်ကိုဆော့ဂျင်ကို တွေ့လိုက်ရတယ်...။

"အစ်ကို....အစ်ကိုဆော့ဂျင်....??"

အပြင်ဘက်မှာစောင့်ကြပ်နေမယ့်သူ တစ်ယောက်ယောက်ရှိနေမှာကို ကြိုတွေးမိတဲ့မင်းသားလေးဟာ သတိမေ့နေတဲ့ ဆော့ဂျင်ကို ပခုံးစွန်းနဲ့အသာတိုးတိုက်ရင်း ခပ်တိုးတိုးခေါ်လိုက်တယ်...။ ထိုအခါမှ ဆော့ဂျင်လည်း လူးလွန့်ကာနိုးလာတော့တယ်...။

"ဟင်... ငါ... ငါတို့ ဘယ်ရောက်နေတာလဲ...??

"မသိဘူး... ကျွန်တော့်အထင်တော့ ကုန်လှောင်ရုံအဟောင်းတစ်ခု ဖြစ်လိမ့်မယ်"

ခုမှအာရုံပြန်စုစည်းမိသွားတဲ့ဆော့ဂျင် အခြေအနေကို တဖြည်းဖြည်းနဲ့ ရိပ်စားမိလာတော့တယ်...။ သူတို့၂ယောက်ကို ဘယ်သူတွေလဲဆိုတာသိရက်နဲ့ ဖမ်းလာတယ်ဆိုကတည်းက မင်းကြီးကိုလုပ်ကြံချင်သူတွေကပဲ ဖြစ်မယ်ဆိုတာကိုပေါ့...။ မင်းကြီးကို တိုက်ရိုက်လုပ်ကြံဖို့မလွယ်တာကြောင့် ဘာကိုယ်ခံပညာမှမတတ်ကျွမ်းတဲ့ မင်းသားငယ်လေးကို အရင်ဆုံးပစ်မှတ်ထားတာ ဖြစ်နိုင်တယ်ဆိုတာကိုရောပေါ့...။

"ကြည့်ရတာ မင်းကြီးတော့အခက်တွေ့တော့မယ်"

ဂျီမင်းကတော့ နန်းတွင်းရေးတွေကို ဘာမှမသိသူမို့ အူလည်လည်လေးနဲ့ ပြန်ကြည့်လာတယ်...။ ထိုအခိုက်မှာတင် ကုန်လှောင်ရုံတံခါးပွင့်သွားပြီး လူတစ်ယောက်အထဲသို့ဝင်လာတယ်...။ အပြင်ဘက်က အလင်းရောင်ကြောင့် ထိုသူရဲ့မျက်နှာကိုတော့ သူတို့မမြင်ရပါ...။

"မင်းသားလေးကိုဖမ်းရတာ ထင်ထားတာထက်တောင် လွယ်သားပဲ... ဟားဟား..!!"

မျက်နှာလည်းသေချာမမြင်ရတာကြောင့် ထိုသူကိုဘယ်သူမှန်း ဂျီမင်းမသိပေမယ့် ဆော့ဂျင်ကတော့ သိလိုက်ပါပြီ...။ ဒါဟာ ဝမ်အမတ်ကြီးရဲ့ အသံပင်...။

"တကယ်ပဲခင်ဗျားကိုး...!!!"

ဆော့ဂျင်ရဲ့စကားကြောင့် ဝမ်အမတ်ကြီးမျက်မှောင်ကျုံ့လိုက်မိတယ်...။ ဘာလဲ သူကသိနေတာလား...??

"ခင်ဗျားမှန်း ကျွန်တော်တို့သိနေပြီးသားပါ... သက်သေမခိုင်လုံသေးလို့သာ ဘာမှမပြောတာ.. အခု မင်းသားလေးပျောက်သွားတာနဲ့ မင်းကြီးက ခင်ဗျားဆီကို ဦးတည်လာမှာပဲ"

ဝမ်အမတ်ကြီး အနည်းငယ်တော့တုန်လှုပ်သွားတယ်...။ တကယ်ပဲသူတို့အားလုံး ရိပ်မိနေပြီတဲ့လား...။ ဒါဆိုရင်လည်း ဘာလို့ဖုံးကွယ်ထားတော့မှာလဲ…။ တခါတည်းကိစ္စပြတ်လုပ်ရတော့မှာပေါ့...။

"မင်းကြီးက သူ့ညီတစ်ယောက်လုံး ငါ့လက်ထဲမှာရှိနေတာကို အတင်းအကြပ်မလုပ်ရဲပါဘူး... နဂါးတံဆိပ်တုံးနဲ့ သူ့ညီကိုလာလဲခိုင်းပြီး သူရောက်လာတာနဲ့ သတ်လိုက်ရုံပဲ.. ဘယ်လောက်လွယ်လိုက်လဲ...??"

"ခင်ဗျားကြီး လူယုတ်မာ...!!!"

ဘာမှနားမလည်တာကြောင့် တချိန်လုံးငြိမ်နေတဲ့ မင်းသားငယ်လေးဂျီမင်းဟာ သူ့အစ်ကိုကို လုပ်ကြံမယ်ဆိုသောကြောင့် ဒေါသတကြီးထအော်တော့တယ်...။ နဂါးတံဆိပ်တုံးကိုသာ ဒီလူယုတ်မာရသွားခဲ့ရင် အလိုလိုဘုရင်ဖြစ်သွားမှာ...။ သူလိုလောဘသားကောင်ကို တိုင်းပြည်ရဲ့ဘုရင် ဖြစ်ခွင့်မပေးနိုင်ပါ...။

"မင်းဒေါသထွက်နေလည်းအပိုပဲ... စိတ်မပူပါနဲ့ မင်းအစ်ကိုသွားရမယ့် မရဏလမ်းကို မင်းပါအဖော်လိုက်ပေးရမှာပါ... ပြီးတော့မင်းရောပဲ"

ဆော့ဂျင်ကိုပါလက်ညိုးထိုးပြီးပြောလာတဲ့ ဝမ်အမတ်ကြီး….။ သူတို့ ၂ယောက်လုံး ဒေါသထွက်လွန်းလို့ ဘာစကားမှပြန်မပြောနိုင်ဘဲ ထိုသူ့ကိုသာ ရွံ့ရှာမုန်းတီးစွာနဲ့ စူးစိုက်ကြည့်နေမိတယ်...။ ထိုလူယုတ်မာကတော့ သူ့အကြံအစည်တွေ အောင်မြင်တော့မယ်ဆိုတဲ့အတွေးနဲ့ တဟားဟားရယ်မောကာ ပြန်ထွက်သွားလေသည်...။

"တောင်းပန်ပါတယ်အစ်ကိုဆော့ဂျင်.. ဒါတွေအားလုံးက ကျွန်တော့်ကြောင့်ပါ... ကျွန်တော်သာ ဈေးထဲအတင်းမသွားခဲ့ရင်..."

"ရှူး... ပြောမနေနဲ့တော့ မင်းသားလေး... ဒီအတိုင်းနေလို့တော့မဖြစ်ဘူး... လွတ်ဖို့နည်းလမ်းရှာကြတာပေါ့"

သေရမယ့်အရေးကို စောင့်စားနေတာထက်စာရင် လွတ်မြောက်ဖို့အတွက် ကြံစည်ဖို့သာ ဆော့ဂျင်ဆုံးဖြတ်လိုက်တယ်...။ အထူးသဖြင့် သူတို့မင်းကြီးကို အခက်မတွေ့စေချင်ပါ...။

"ဟာ.. အစ်ကိုဆော့ဂျင်.. ကျွန်တော့်အင်္ကျီရင်ဘက်ထဲမှာ ယွန်းဂီအတွက်ဝယ်ထားတဲ့ ကျောက်စီဓားလေးရှိတယ်... အဲဒါလေးကိုရအောင်ထုတ်ပေးပါနော်.. ဒါမှလက်ပြန်ကြိုးတွေကို ဖြတ်လို့ရမှာ"

ဆော့ဂျင်လည်းသဘောပေါက်သွားပြီး လွတ်နေတဲ့ခြေထောက်နဲ့ပင် ဂျီမင်းရဲ့အင်္ကျီရင်ဘက်ထဲကဓားကို ခက်ခက်ခဲခဲနဲ့ ဆွဲထုတ်ဖို့ကြိုးစားတယ်...။ သူတို့၂ယောက်ဟာ အသုံးမဝင်တဲ့သူတွေလို ရန်သူလက်ထဲမှာလွယ်လွယ်နဲ့ အသက်ဆုံးရှုံးရမှာမျိုးကိုတော့ အဖြစ်မခံနိုင်သောကြောင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုးစားရပေမည်...။

~•~•~•~•~•~•~•~•~•~

ခိုနဲ့ ပို့လိုက်တဲ့စာကိုဖြင့်ဖတ်ကြည့်ပြီးနောက် နမ်ဂျွန်းဒေါသတကြီးနဲ့ တောက်ခေါက်လိုက်တယ်...။ သူ့ဘေးမှာလည်း မျက်နှာမသာမယာနဲ့ ထိုင်နေတဲ့ဂျုံးကု...။

"အောက်တန်းကျလိုက်တာ... ထီးနန်းကိုလိုချင်တာနဲ့ အပြစ်မရှိတဲ့ငါ့ညီနဲ့ ဆော့ဂျင်ကို အသုံးချရတယ်လို့"

"ခွင့်လွှတ်ပါမင်းကြီး... ကျွန်တော့်အမှားကြောင့်ပါ"

မင်းကြီးရှေ့မှာ ဒူးထောက်လျက်သားရှိနေတဲ့ ယွန်းဂီက စိတ်မကောင်းစွာနဲ့ပြောလာတယ်...။ ဂျီမင်းအခုလိုအဖမ်းခံရတာ သူဘေးမှာအချိန်ပြည့် နေမပေးနိုင်တဲ့အတွက်ကြောင့်ဟူ၍ ကိုယ့်ကိုကိုယ်သာ အပြစ်တင်မဆုံးဖြစ်နေမိတယ်...။

"မင်းအပြစ်မဟုတ်ပါဘူး ယွန်းဂီ... သူဆေးပညာသင်ယူနေတဲ့အချိန်ဆို မင်းလည်းငါကိုယ်တော်ခိုင်းတဲ့အလုပ်တွေကို လုပ်ပေးနေရတာပဲလေ... အခုသူတို့က တမင်သက်သက် ဘာကိုယ်ခံပညာမှမတတ်တဲ့ ဂျီမင်းနဲ့ ဆော့ဂျင်ကိုဖမ်းပြီး ထီးနန်းနဲ့အလဲအလှယ်လုပ်ချင်နေတာ"

"မင်းကြီး.. သူတို့တောင်းဆိုသလိုမျိုး ချိန်းဆိုထားတဲ့နေရာကို တစ်ယောက်တည်းသွားဖို့ဆိုတာ မဖြစ်နိုင်ဘူးနော်... သူတို့မှာတခြားအကြံရှိလောက်တယ်"

ဂျုံးကုက တွေးတွေးဆဆနဲ့ပြောလာတော့ မင်းကြီးလည်းခေါင်းညိတ်လိုက်တယ်...။ အရေးအကြောင်းတစ်ခုခုဆိုရင် သင့်တော်ရာကို အကြံပေးတတ်တဲ့ဆော့ဂျင် ဘေးမှာမရှိတာကြောင့် တွေးရခက်လွန်းတယ်...။

"ဟုတ်တယ်... သူတို့က ငါကိုယ်တော်ကို သတ်ချင်နေတာဖြစ်မယ်.. ပြီးတော့ သူသာနန်းတက်ရင် မင်းတို့အားလုံးပါ အသက်ဆက်ရှင်ဖို့ခဲယဉ်းလိမ့်မယ်"

တစ်ဖက်ရန်သူရဲ့အကြံကို ရိပ်မိသော်လည်း သူတို့အနေနဲ့ ဘာဆက်လုပ်ရမလဲဆိုတာ တွေးရခက်လွန်းလှတယ်...။

"သူတို့ပြောထားတဲ့ရက်မတိုင်မီ မင်းသားလေးနဲ့ သမားတော်ဆော့ဂျင်ကို တွေ့အောင်ရှာမယ်ဆိုရင်ရော..?? ဒါကခက်ခဲပေမယ့်လည်း အနည်းဆုံးတော့ သူတို့ကိုကယ်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ရှိတာပေါ့.. လူအင်အားသုံးလို့တော့မဖြစ်ဘူး... ကျွန်တော်တစ်ယောက်တည်း တိုးတိုးတိတ်တိတ်လှုပ်ရှားပါ့မယ်"

ယွန်းဂီရဲ့လျှောက်တင်ချက်ကို မင်းကြီးသေချာပြန်စဉ်းစားနေမိတယ်...။ သူပြောတာလည်း ဟုတ်တာပဲ...။ ဒီတိုင်းထိုင်စောင့်နေမယ့်အစား သူတို့ကိုဘယ်မှာ ဖွက်ထားနိုင်လဲဆိုတာကို ရှာဖွေသင့်တာပဲ...။

"ကောင်းပြီယွန်းဂီ... သူတို့ကိုအတတ်နိုင်ဆုံးတွေ့အောင်ရှာပေးပါ... ငါကိုယ်တော် မင်းကိုယုံကြည်တယ်"

"ကျွန်တော်လည်း လိုက်သွားပါရစေ"

အသံလာရာကိုကြည့်လိုက်တော့ သူတို့လျှို့ဝှက်တွေ့ဆုံနေတဲ့ စာကြည့်ခန်းထဲကိုဝင်ရောက်လာတဲ့ အိမ်ရှေ့စံမင်းသားထယ်ယောင်း...။ သူ့မျက်နှာက ခါတိုင်းထက် တည်ကြည်နေတယ်...။

"ကျွန်တော်လည်း အစ်ကိုယွန်းဂီနဲ့အတူတူ လိုက်ရှာချင်ပါတယ်... ခုအရွယ်ထိ နန်းတွင်းအမှုအခင်းတွေကို အစ်ကိုတော်တို့ပဲဖြေရှင်းနေရတာ... ဒီတစ်ခါတော့ ကျွန်တော့်ကိုလည်းတာဝန်ပေးပါ"

ထယ်ယောင်းရောက်လာတဲ့အတွက် နမ်ဂျွန်းပိုအားတက်သွားတာတော့ အမှန်ပင်...။ တချိန်မှာသူ့ကိုပဲ ထီးနန်းလွှဲပေးမှာဖြစ်တဲ့အတွက် ထယ်ယောင်းခုလိုကိစ္စတွေမှာ စိတ်ဝင်တစားရှိတာကိုလည်း ဝမ်းမြောက်မိပြန်တယ်...။ ဒါ့အပြင်ထယ်ယောင်းဟာ သိုင်းပညာမှာလည်း တော်တော်လေးထူးချွန်တဲ့အတွက် ဘာမှစိတ်မချနိုင်စရာမရှိပါ...။

"ကောင်းပြီညီတော်... မင်းနဲ့ယွန်းဂီ သေချာလေး ရှာဖွေခဲ့ကြပါ... သူတို့ပေးထားတဲ့အချိန်က တစ်ပါတ်တည်းနော်"

"စိတ်ချပါအစ်ကိုတော်... ကျွန်တော်တို့ လုပ်နိုင်မှာပါ"

ရဲရဲဝံ့ဝံ့နဲ့ပြောလာတဲ့ထယ်ယောင်းကို ဂျုံးကုအထင်ကြီးစွာနဲ့ ငေးကြည့်နေမိတယ်...။ ကိုယ့်ချစ်သူဟာ တာဝန်ဝတ္တရားကို ခေါင်းမရှောင်တတ်သူမို့ အထင်ကြီးလေးစားဖွယ်ရာ ကောင်းလွန်းလှသည်...။ သူယုံကြည်ပါတယ်...။ ထယ်ယောင်းနဲ့ယွန်းဂီသာ အတူတူရှာဖွေမယ်ဆို ဂျီမင်းတို့ကိုသေချာပေါက်

You are reading the story above: TeenFic.Net