(Zawgyi)
ဖြူစင်လွန်းတဲ့မင်းသားငယ်လေးကတော့ ဆော့ဂျင်ဘာဖြစ်နေလဲဆိုတာကို မျက်နှာရိပ်မျက်နှာကဲ မခန့်မှန်းတတ်လောက်အောင်ကို ငယ်ရွယ်သေးတာကြောင့် ဘာမှဆက်မမေးတော့ပေ...။ သူလုပ်စရာရှိတာကိုသာ ဆက်လုပ်နေတာကြောင့် ဆော့ဂျင်လည်း သက်ပြင်းကိုသာ အသာချလိုက်တော့တယ်...။
"ယွန်းဂီ...!!!!!"
သူ့ကိုလာကြိုတဲ့ချစ်ရသူကိုမြင်လိုက်တာနဲ့ ဝမ်းသာအားရပြေးသွားတဲ့ မင်းသားငယ်လေး...။ ချစ်စရာကောင်းလွန်းတဲ့ မင်းသားငယ်လေးကို ပွေ့ဖက်ဆွဲမွေ့ယမ်းလိုက်ချင်ပေမယ့် စနောက်ချင်တဲ့စိတ်ကြောင့် ယွန်းဂီ ခပ်တည်တည်နဲ့သာ လက်ပိုက်ထားရင်း စိုက်ကြည့်နေလိုက်တယ်...။ ထိုအခါထင်တဲ့အတိုင်းပင် မင်းသားငယ်ရဲ့ နှုတ်ခမ်းဖူးဖူးလေးဟာ စူထွက်လာလေရဲ့...။
"ယွန်း...ဂီ...!!!"
အသံလေးကိုနဂိုကထက် ပိုချွဲချွဲနွဲ့နွဲ့ခေါ်လိုက်ပုံက ယွန်းဂီလိုရေခဲတုံးကြီးကို အရည်မပျော်ဘဲ ဘယ်နေနိုင်ပါ့မလဲ..။ ဒါပေမဲ့လည်း ဟန်ဆောင်ကောင်းတဲ့ယွန်းဂီကတော့ ရယ်ချင်စိတ်ကိုမြိုသိပ်ကာ သူ့ကလေးငယ်ကို ဒီတိုင်းစိုက်ကြည့်နေလိုက်တယ်...။
"အဟင့်.. စားပြီးနားမလည်တဲ့လူကြီး"
သူ့ကိုအဖက်မလုပ်တာကြောင့် စိတ်ကောက်သွားပြီဖြစ်တဲ့ မင်းသားလေးဟာ ယွန်းဂီကိုကျောခိုင်းကာ ထွက်သွားနှင့်လေပြီ...။ မထင်မှတ်ထားတဲ့စကားကြောင့် အံ့သြသွားတဲ့ယွန်းဂီဟာ နေရာမှာတင်ကြက်သေသေပြီးမှ လုံးတုံးတုံးနဲ့ရှေ့ကနေထွက်သွားနှင့်တဲ့ မင်းသားငယ်နောက်ကို ပြေးလိုက်ရတော့တယ်...။
"ခုနကဘာပြောလိုက်တာလဲ...??"
ပခုံးစွန်းလေးကို အသာဆုပ်ကိုင်ပြီးမေးလိုက်တော့ အဆိုးလေးက လက်ကိုပြန်ပုတ်ချလိုက်တယ်...။ မင်းသားလေးတစ်ယောက်အတွက်တော့ ဒီစကားဟာ ကြမ်းတမ်းလွန်းတာကြောင့် ယွန်းဂီအံ့ဩနေရခြင်းပင်...။ သို့သော်အသေးလေးက စိတ်ကောက်ပြီး စကားပြန်မပြောတာကြောင့် ယွန်းဂီနောက်တစ်ခေါက် ထပ်မေးရပြန်တယ်...။
"ဘာပြောလိုက်တာလဲလို့....??"
နှုတ်ခမ်းလေးကိုပိုစူရင်း စိတ်ကောက်နေတဲ့ မင်းသားငယ်လေးကိုကြည့်ကာ ယွန်းဂီစိတ်ထဲမှာ ရယ်ချင်နေပေမဲ့လည်း မျက်မှောင်ကျုံ့ရင်းနဲ့သာ သိလိုတာကိုမေးလိုက်တယ်...။ စိတ်ကောက်သွားတဲ့မင်းသားငယ်လေးကတော့ သူ့ရင်ဘက်ကိုဆောင့်တွန်းကာ ဝူးဝူးဝါးဝါးနဲ့ ထအော်တော့တယ်.….။
"စားပြီးနားမလည်ဘူးလို့ ပြောတာလေ... စိတ်ကအမျိုးမျိုး... မနက်ကတော့အကောင်း... အခုကျတော့ ဘာဖြစ်နေတာလဲ... ပြောလေ... ပြော..."
ဒီတစ်ခါတော့ယွန်းဂီမနေနိုင်တော့ဘဲ အော်ရယ်မိတော့တယ်...။ ဒါကိုပဲ အသေးလေးက မကြည်ကြည့်နဲ့ ကြည့်နေပြန်တယ်….။
"အဲ့စကားတွေ ဘယ်ကတတ်လာတာလဲ... ဟင်...?? အသေးလေးနော်... တော်တော်ဆိုးနေတယ်"
သူ့နှာခေါင်းလေးကိုဆွဲညှစ်ရင်း ယွန်းဂီအသည်းယားစွာပြောမိတော့ ဟွန့်ခနဲနှာခေါင်းရှုံ့ကာ တစ်ဖက်သို့ လှည့်သွားပြန်တယ်...။ ထိုအခါမှယွန်းဂီလည်း သူ့ကိုအနောက်ကနေ သိုင်းဖက်ထားရင်း ပါးဖောင်းဖောင်းလေးကို ငုံ့နမ်းလိုက်တယ်...။ ထိုအနမ်းတစ်ခုနဲ့တင် ယွန်းဂီကိုစိတ်ကောက်နေတာတွေက ပျောက်သွားခဲ့လေပြီ...။
"မစားခင်ကတည်းကရော စားပြီးတော့ရော ဒီကလေးလေးက သိပ်အရသာရှိတာကို နားလည်ပြီးသားပါကွာ"
နားနားကပ်ကာပြောတဲ့ ယွန်းဂီရဲ့ခပ်အက်အက်အသံက ဂျီမင်းကို ကြက်သီးထစေတယ်...။ သို့သော်တစ်ဖက်ကလည်း ရင်ခုန်ကြည်နူးနေမိပြန်တယ်...။ အတွေးထဲမှာ ချယ်ရီပင်အောက်က သူနဲ့ကိုယ်အတူတူ ကခဲ့ကြတဲ့ အချစ်ဇာတ်လမ်းလေးကို ပြန်မြင်ယောင်မိတော့ ပါးမို့မို့လေးတွေ ရဲတက်လာပြန်တယ်...။
"လူဆိုးကြီး… အဲလိုလိုက်စ,နေရတာကို ပျော်နေတာလား...??"
"အင်း... ပျော်တယ်... ကိုယ့်အသေးလေးရဲ့ စိတ်ကောက်သွားတဲ့ပုံစံလေးက သိပ်ချစ်စရာကောင်းလွန်းလို့ ပါးစပ်ထဲကောက်ဝါးလိုက်ချင်နေပြီ"
"ဒါဆို ဘာလို့ အချိန်ဆွဲနေတာလဲ...??"
အဆိုးအစွာလေးက လူကိုစိန်ခေါ်လာပြန်သဖြင့် ယွန်းဂီတစ်ယောက် အသည်းတယားယားနဲ့ သူ့ကိုယ်လေးကို ဆတ်ခနဲပွေ့ချီလိုက်တော့တယ်…။ ၂ယောက်သားအတန်ကြာအောင် အကြည့်ချင်းဆုံပြီးမှ ယွန်းဂီလည်း သူ့ရဲ့နှုတ်ခမ်းဖူးဖူးလေးကို အသာငုံ့နမ်းလိုက်တော့ အလိုက်သင့်လေးပြန်တုံ့ပြန်လို့လာခဲ့ တယ်...။ နမ်းနေတဲ့တချိန်လုံးလည်း သူ့ကိုပွေ့ချီထားခဲ့ပေမယ့် ညောင်းရကောင်းမှန်းလည်း ယွန်းဂီမသိတော့ပေ...။ ထိကပ်ထားတဲ့နှုတ်ခမ်းတွေကနေ အင်အားတွေက ရရှိနေသည်ကိုး.…။
~•~•~•~•~•~•~•~•~•~
ဒီနေ့ဂျီမင်းအစောကြီးနိုးနေပြီး အပြင်ထွက်ဖို့ရန် စဉ်းစားနေမိတယ်...။ ယွန်းဂီကိုတော့ ခေါ်လို့မဖြစ်...။ အကြောင်းမှာ နောက်၂ရက်ဆိုကျရောက်လာမယ့် ယွန်းဂီရဲ့မွေးနေ့အတွက် လက်ဆောင်ပစ္စည်းတချို့ကို သွားဝယ်ချင်သောကြောင့်ပင်...။
ထိုအကြောင်းရင်းကြောင့် ယွန်းဂီကို ဘယ်လိုပ,ထုတ်ရမလဲဆိုတာ ဂျီမင်းစဉ်းစားနေလိုက်တယ်...။ ကိုယ်ရံတော်ဖြစ်တဲ့ယွန်းဂီဟာ အမြဲတမ်းလိုလို ဂျီမင်းရဲ့ဘေးမှာ ပါနေသည်ကိုး...။ သူနဲ့ချစ်သူတွေဖြစ်သွားပြီးတဲ့နောက် သူ့ကိုအရင်ကထက် ပိုပြီးဂရုစိုက်ပေးချင်တယ်...။ ဒါမှလည်းသူက ကိုယ်မှကိုယ်ဖြစ်လာမှာကိုး...။
အတွေးနဲ့တင် ကြည်နူးနေစဉ်မှာပဲ အထိန်းတော်ကြီးရဲ့ လျှောက်တင်သံကြောင့် ဂျီမင်းလှုပ်လှုပ်ရှားရှားဖြစ်သွားရတယ်...။
"ကိုယ်ရံတော်ယွန်းဂီ အခစားဝင်လာပါပြီ မင်းသားလေး"
"အထဲကိုလွှတ်လိုက်ပါ”
ယောက်ျားလေးချင်းလည်းဖြစ်တဲ့အပြင် အချိန်အကြာကြီးစောင့်ရှောက်လာခဲ့တဲ့ ကိုယ်ရံတော်တစ်ယောက်လည်းဖြစ်တာကြောင့် သူတို့၂ယောက်ကို ဘယ်သူကမှ သံသယမရှိကြပေ...။ ယွန်းဂီအခန်းထဲဝင်လာတော့ ထုံးစံအတိုင်း တံခါးကိုပြန်ပိတ်လိုက်တယ်...။ မင်းသားငယ်လေးကတော့ ခုထက်ထိအိပ်ယာထဲကနေ မထသေးဘဲ ပျင်းရိစွာလှဲလျောင်းနေသေးရဲ့...။
"ကိုယ့်အိပ်ပုတ်လေး မထသေးဘူးလား...??
"ယွန်းဂီ...ချီပါ"
အပျင်းကြောဆွဲနေရင်းနဲ့ ချီဖို့လက်လှမ်းပေးတော့ ယွန်းဂီလည်း အိပ်ယာနားသို့တိုးကပ်သွားကာ ဆွဲပွေ့ချီလိုက်ရတယ်...။
"ယွန်းဂီရဲ့ကိုယ်က မွှေးနေတာပဲ"
အကောင်းစားအဝတ်အထည်တွေ အမွှေးနံ့သာတွေ သုံးမထားပေမယ့်လည်း ဂျီမင်းအတွက်တော့ ယွန်းဂီရဲ့ချွေးနံ့ကပင် မွှေးတယ်လို့ထင်မှတ်ရ၏...။ စကားတတ်လွန်းတဲ့ထိုကလေးကိုလည်း ယွန်းဂီမှာ တနေ့တခြားအချစ်တိုးရတော့တယ်...။
"ထတော့လေ အသေးလေးရဲ့... ဒီနေ့လည်း သမားတော်ဆော့ဂျင်ဆီ သွားရဦးမှာမလား...??"
ယွန်းဂီရဲ့စကားကြောင့် ဂျီမင်းတစ်ယောက် သူစဉ်းစားနေတဲ့အကြံအစည်အတွက် အဖြေကိုရရှိသွားခဲ့တယ်....။
"အင်း.. ဟုတ်တယ်.. ကျွန်တော့်ကိုရေချိုးဖို့ကူပေးပါဦး"
အရင်ကတော့အထိန်းတော်တွေက ကူပေးပေမယ့် ချစ်သူတွေဖြစ်ပြီးလို့ ငြိစွန်းပြီးသွားတဲ့နောက်ပိုင်းမှာ ဂျီမင်းရေချိုးတိုင်း ယွန်းဂီပဲ ကူပေးရတယ်...။ ဒါကိုလည်း ဘယ်သူကမှ သံသယမဝင်ကြပေ...။ သူတို့ရဲ့မင်းသားငယ်လေးကို အရွယ်မရောက်သေးဘူးပဲ ထင်နေကြလားတော့မသိ...။
ဂျီမင်းရေချိုးပြီးလို့ အဝတ်အစားသစ်တွေ လဲဝတ်တဲ့အထိ ယွန်းဂီပဲအစအဆုံးကူညီပေးလိုက်တယ်...။ သပ်သပ်ရပ်ရပ်နဲ့ ချစ်ဖို့ကောင်းသွားပြီဖြစ်တဲ့ မင်းသားငယ်လေးရဲ့ ပါးဖောင်းဖောင်းလေး၂ဖက်ကို ယွန်းဂီတရွှတ်ရွှတ်နမ်းမိတော့ ရယ်သံပိစိလေးတွေ ထွက်လာပြန်တယ်...။ အသေးလေးဆိုတဲ့အတိုင်း သူ့ကိုယ်ပေါ်က ကိုယ်ခန္ဓာအစိတ်အပိုင်းလေးတွေရော အသံလေးကရော တကယ့်ကိုသေးသေးလေး...။
မင်းသားငယ်လေးကို သမားတော်ဆော့ဂျင်ဆီသွားပို့တော့ အကြောင်းစုံသိပြီးနေပြီဖြစ်တဲ့ သမားဆော့ဂျင်ရဲ့ရှေ့မှာပင် ယွန်းဂီရဲ့ပါးကို လှမ်းနမ်းကာနှုတ်ဆက်ပြန်တယ်...။ ယွန်းဂီကတော့ ဆော့ဂျင်ရှေ့မှာမို့ ရှိုးတို့ရှန်းတန်းနဲ့ မနေတတ်သလိုဖြစ်နေသေးတယ်...။ ဆော့ဂျင်ကတော့ ချစ်စရာကောင်းတဲ့စုံတွဲလေးကို အားကျစွာငေးကြည့်ရင်း ပြုံးလို့နေလေရဲ့...။
ယွန်းဂီပြန်သွားတော့မှ တစခန်းထလာတဲ့ မင်းသားလေးကြောင့် ဆော့ဂျင်ခေါင်းကိုက်ရလေပြီ...။ အကြောင်းမှာ ယွန်းဂီမသိအောင် မြို့ထဲကဈေးထဲကို သွားချင်တယ်တဲ့လေ...။
"မဖြစ်ဘူးလေ မင်းသားလေးရယ်... ယွန်းဂီမပါဘဲ ဘယ်မှသွားလို့မဖြစ်ဘူး... မင်းသားလေးမှာ အန္တရာယ်ရှိနိုင်တယ်"
"ဟာ အစ်ကိုဆော့ဂျင်ကလည်း ကျွန်တော်က ကလေးမဟုတ်တော့ပါဘူး... ပြီးတော့ကိုယ်ခံပညာတွေလည်း သင်ထားပြီးသားပါ"
သင်ထားပေမယ့် မတတ်ကျွမ်းသေးတာကိုတော့ ဂျီမင်းရှင်းပြမနေတော့ပါ...။ သူ့ကိုယ်သူလည်း အပြည့်အဝအရွယ်ရောက်နေပြီလို့ သတ်မှတ်ထားတာကြောင့် အစောင့်အရှောက်မပါဘဲ တစ်ယောက်တည်းအပြင်ထွက်ချင်နေမိတယ်...။ အရင်ကလည်း ဒီလမ်းခရီးက ယွန်းဂီနဲ့အတူတူသွားနေကျမို့ အခက်အခဲမရှိနိုင်ပါ...။
"မဖြစ်ပါဘူးဂျီမင်းရယ်... မသွားပါနဲ့နော်"
"ခွင့်ပြုပေးပါအစ်ကိုဆော့ဂျင်ရယ်... မဟုတ်ရင် အစ်ကိုရေးထားတဲ့စာအုပ်လေးကို အစ်ကိုတော်မင်းကြီးကို ပြလိုက်ရမလား...??"
"စာအုပ်...?? ဘာစာအုပ်လဲ...??"
ဆော့ဂျင်ရင်ထဲထိတ်ခနဲဖြစ်သွားပြီး သေချာအောင် ပြန်မေးလိုက်တော့ မင်းသားငယ်လေးဂျီမင်းဟာ ညစ်ကျယ်ကျယ်နဲ့ပြုံးနေလေရဲ့..။ ဆော့ဂျင်အတွက်တော့ ထိုအပြုံးဟာ ကျောချမ်းစရာပါပဲ...။
"အစ်ကိုတော်ကို ဘယ်လောက်ချစ်ကြောင်း ကဗျာတွေစပ်ပြီးရေးထားတဲ့ စာအုပ်လေ... ဘာတဲ့... သူ့ပါးချိုင့်လေးထက်မှာ ခစားချင်တယ်ဆိုလား"
"ဂျီ... ဂျီမင်း... အဲလိုမလုပ်ရဘူးလေနော်... မင်းသားလေးက လိမ္မာပါတယ် ဟုတ်တယ်မလား...??"
ထိတ်ထိတ်ပျာပျာနဲ့ တောင်းပန်နေလေတဲ့ ဆော့ဂျင်ကိုကြည့်ပြီး ဂျီမင်းတစ်ယောက် မခို့တယို့ပြုံးနေလေရဲ့...။ ဆော့ဂျင်ရဲ့စိတ်ထဲမှာ ဂျီမင်းကို ကလေးသာသာအရွယ်လေးမို့ ဘာမှမသိလောက်ဘူးလို့ အထင်သေးမိသမျှ မှားတာပဲလို့တွေးနေမိလေတယ်...။ ဆော့ဂျင်မသိတာက မင်းသားငယ်လေးဂျီမင်းဟာ အရွယ်အရောက်လွန်လို့ ချစ်သူနဲ့တောင် အတူချစ်ရည်လူးပြီးနေပြီဆိုတာကိုပေါ့...။
"အစ်ကိုတော့်ကို ပြန်မပြောစေချင်ရင် ကျွန်တော့်ကို အပြင်သွားခွင့်ပေးလေ... ယွန်းဂီလာမကြိုခင် အချိန်မှီပြန်လာမှာပါ"
စိတ်အားထက်သန်လွန်းနေတဲ့ဂျီမင်းကြောင့် ဆော့ဂျင်လည်း မတတ်သာတဲ့အဆုံး လိုက်လျောရတော့မယ်...။ ဒါပေမဲ့လည်း သူ့တစ်ယောက်တည်းကိုလွှတ်ဖို့ကတော့ ဘယ်လိုမှစိတ်မချနိုင်ပါ...။
"ကောင်းပြီလေ... သွားကြတာပေါ့ ငါပါလိုက်ခဲ့မယ်"
"ဟင်.. ကျွန်တော်တစ်ယောက်တည်းသွားချင်တာ"
အထွန့်တက်ဖို့ပြင်နေတဲ့မင်းသားငယ်လေး...။
ဒါကိုတော့ ဆော့ဂျင်အလိုမလိုက်နိုင်တော့ပါ...။
"မရဘူး သွားမယ်ဆိုအတူတူသွားမယ်... မင်းသားလေးကို တစ်ယောက်တည်းပေးလွှတ်လို့တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး"
"ဟူး... အဲဒါဆိုလည်း သွားကြတာပေါ့"
တစ်ယောက်တည်းလွတ်လွတ်လပ်လပ် သွားချင်နေပေမယ့်လည်း စိတ်မချဖြစ်နေတဲ့အစ်ကိုဆော့ဂျင်ကြောင့် ဂျီမင်းလည်းလက်ခံလိုက်ရတော့တယ်...။ အင်းပေါ့လေ... ၂ယောက်အတူတူဆိုတော့လည်း တိုင်ပင်ဖော် စကားပြောဖော်ရတာပေါ့...။
ဤသို့ဖြင့် သမားတော်ဆော့ဂျင်နဲ့ မင်းသားငယ်လေးဂျီမင်းတို့လည်း နန်းတော်အနောက်ဘက်တံခါးကနေ တိတ်တဆိတ်လစ်ထွက်ပြီး မြို့ဈေးသို့ ထွက်လာခဲ့တော့တယ်...။
"အစ်ကိုဆော့ဂျင်.. ဆီးသီးတုတ်ထိုးစားရအောင်"
ယွန်းဂီနဲ့သွားတုန်းက ချောင်းဆိုးမှာစိုးပြီးမစားခိုင်းတဲ့ ဆီးသီးကိုသကြားရည်စိမ်ပြီး တုတ်ထိုးထားတာကို ဆော့ဂျင်နဲ့ဆိုတော့ မရမကပူဆာတော့တယ်...။ ဆော့ဂျင်ခမျာလည်း နိုင်ကွက်ကိုအနင်းခံထားရတာကြောင့် တော်ရုံပြန်မပြောရဲပေ...။ မင်းသားငယ်လေးဟာ တအားကို လူလည်ကျလွန်းသည်လေ...။
သူစားချင်တာတွေစိတ်ကြိုက်ဝယ်စားပြီး ယွန်းဂီအတွက်တော့ ကျောက်မျက်ရတနာတွေနဲ့ စီခြယ်ထားတဲ့ အိတ်ဆောင်ဓားလှလှလေးတစ်လက်ကို ဝယ်ယူခဲ့လိုက်တယ်...။
"ဒါလေး ယွန်းဂီသဘောကျလောက်မှာပါနော်"
"သဘောကျမှာပါ... မင်းသားလေးဝယ်ပေးတာဆိုကတည်းက ဘာဖြစ်ဖြစ်သူက သဘောကျနေမှာပါ"
ဆော့ဂျင်ရဲ့အပြောကြောင့် ဂျီမင်းတစ်ယောက် ဝမ်းသာပီတိဖြာသွားတော့တယ်...။ ဒီလိုနဲ့၂ယောက်သား လိုအပ်တာတွေလည်းဝယ်ပြီးပြီမို့ နန်းတော်သို့ ပြန်လာခဲ့လိုက်တော့တယ် ။
အစစအရာရာအဆင်ပြေနေပြီးမှ နန်းတော်သို့မရောက်သေးခင် လူပြတ်သောလမ်းခုလတ်တွင် မျက်နှာဖုံးတပ်ထားတဲ့လူတစ်စုနဲ့ ရင်ဆိုင်တွေ့ကြတော့တယ်...။ ၂ယောက်လုံးက ကိုယ်ခံပညာလည်း မတတ်ကြတော့ စိတ်ထဲလန့်နေကြပေမယ့် ဟန်ကိုယ့်ဖို့ဆိုသလို မျက်နှာမပျက်စေရန် အားတင်းထားလိုက်တယ်...။
"မင်းတို့ ငွေလိုချင်ကြတာလား... ဒီမှာယူသွားကြ... ငါတို့ကိုမနှောက်ယှက်နဲ့... ဖယ်ပေး...!!!"
ပိုပြီးသွက်လက်တဲ့ဂျီမင်းက ဦးအောင်အရင်ပြောလိုက်ပေမယ့် မျက်နှာဖုံးနက်တို့ရဲ့ ခေါင်းဆောင်ဖြစ်ဟန်ရှိသူက တဟားဟားနဲ့ အော်ရယ်လေရဲ့...။
"ဒီငွေလောက်ကို ငါတို့က မက်မောမယ်ထင်လို့လား မင်းသားလေးရဲ့... မင်းတို့ကိုဖမ်းပြီး ငါတို့သခင်ကြီးဆီ ဆက်သလိုက်ရင် ဒီထပ်မကတဲ့ဆုလာဘ်တွေတောင် ရဦးမှာကို... ကြာတယ် ဟေ့ကောင်တွေ.. ဖမ်းလိုက်ကြစမ်း...!!!"
သူအမိန့်ပေးလိုက်တာနဲ့ တခြားဝတ်ရုံနက်တွေကပါ သူတို့၂ယောက်ကို ဝိုင်းဝန်းချုပ်နှောင်ဖို့ ကြိုးစားလေတော့တယ်...။ ထိုအခါမှာတော့ ၂ယောက်သား သင်ထားခဲ့ဖူးတဲ့ကိုယ်ခံပညာတွေကို ထုတ်သုံးကာခုခံဖို့ကြိုးစားကြပေမယ့် အင်အားချင်းမမျှဘဲ သိပ်မကြာခင်မှာပင် ဇက်ပိုးဆီမှနာကျင်မှုနဲ့အတူ စိတ်ဝိညာဉ်အလုံးစုံဟာ အမှောင်ထုထဲသို့ တိုးဝင်သွားရတော့တယ်...။
To Be Continued........
(Unicode)
အတန်ငယ်နေသာတဲ့နေ့လေးမို့ ခူးထားတဲ့ဆေးပင်တွေကို နေရောင်မှာထုတ်လှန်းနေတဲ့ သမားတော်ဆော့ဂျင်...။ လက်တွေကသာ အလုပ်လုပ်နေပေမယ့် သူ့စိတ်တွေကတော့ ပျံ့လွင့်လို့နေတယ်...။
မင်းကြီးကိုမတွေ့ရတာ တစ်လနီးပါးတောင်ရှိနေပြီပဲ...။ မင်းကြီးအလုပ်များနေတယ်ဆိုပေမဲ့လည်း အရင်ကတော့ တစ်ပါတ်ကိုတစ်ခါလောက်တော့ သူ့ရဲ့တဲငယ်လေးသို့ မင်းကြီးကိုယ်တိုင် ရောက်လာတတ်သည်လေ...။ အခုရက်ပိုင်း သူရောက်မလာတော့တဲ့အတွက် ဆော့ဂျင်အရဲကိုးကာ မင်းကြီးရဲ့နန်းဆောင်သို့လိုက်သွားပြီး ဂျင်ဆင်းအားဆေးသွားဆက်သသော်လည်း မင်းကြီးကိုမတွေ့ခဲ့ရပေ...။
"ငါ့ကိုတမင်သက်သက်များရှောင်နေတာလား...??"
မရေမရာအတွေးတွေနဲ့ ဆော့ဂျင်သက်ပြင်းကိုသာချလိုက်မိတယ်...။ ဒီရက်ပိုင်း လူနဲ့စိတ်သိပ်မကပ်တာကြောင့် ဆေးပညာလာသင်တဲ့ မင်းသားငယ်လေးဂျီမင်းကိုတောင် သိပ်ဂရုစိုက်မပေးနိုင်ပေ...။ ဒါပေမဲ့လည်း မင်းသားလေးက ဉာဏ်ကောင်းလွန်းပြီး သူ့ဘာသာသူလည်း ဆေးပညာဆိုင်ရာစာအုပ်တွေဖတ်ပြီး လေ့လာသင်ယူတတ်တာမို့ တော်သေးတယ်ပြောရမယ်...။
ဘာပဲပြောပြော သူရှိနေလို့လည်း စကားစမြည်ဟြေကြရင်း စိတ်တွေအရမ်းမပျံ့လွင့်တာ...။ မဟုတ်ရင်တော့ ဆေးတွေတလွဲဖော်စပ်မိလို့ တသက်လုံးထိန်းလာရတဲ့ နန်းတွင်းသမားတော်ဆိုတဲ့နာမည်ဂုဏ်က ကျဆင်းသွားပေလိမ့်မယ်...။
အချိန်ကား မင်းသားငယ်ဂျီမင်းရောက်လာရတော့မှာမို့ ဆော့ဂျင်လည်း အိမ်ထဲပြန်မဝင်တော့ဘဲ ခြံဝန်းလေးမှာပဲ ဆေးပင်လေးတွေဖြန့်လှန်းရင်း စောင့်ပေးနေလိုက်တယ်...။ အရင်ရက်တွေကတော့ မင်းသားငယ်လေးကို သူ့ရဲ့ကိုယ်ရံတော်လာပို့ပေးချိန်မှာ ဆော့ဂျင်က အိမ်ထဲမှာပဲအလုပ်ရှုပ်နေတတ်သည်...။
ခပ်လှမ်းလှမ်းဆီကခြေသံနဲ့အတူ စကားပြောသံသဲ့သဲ့ကြားလိုက်ရတာကြောင့် မင်းသားငယ်လေးရောက်လာပြီဆိုတာ ဆော့ဂျင်သိလိုက်ရတယ်…။ ဒါပေမဲ့ထူးဆန်းတာက မင်းသားငယ်လေးဟာ အိမ်ရှေ့ကနေမလာဘဲ အိမ်နောက်ဖက်တောအုပ်ငယ်လေးကနေ ပတ်လာခြင်းပင်...။ ဒါကိုအရင်ရက်တွေက ဆော့ဂျင်သတိမထားမိပါ...။
"ယွန်းဂီကလည်း နမ်းပါဆို"
မင်းသားငယ်လေးရဲ့ ခပ်ချွဲချွဲအသံလေးကြောင့် အိမ်နောက်ဘက်ခြံဝန်းဆီသို့ ဦးတည်သွားနေတဲ့ဆော့ဂျင်ရဲ့ ခြေလှမ်းတွေ ရပ်တန့်လို့သွားလေတယ်...။ ပြီးတော့မှသတိဝင်သွားပြီး အုပ်ဆိုင်းနေတဲ့ချယ်ရီပင်ကြီးနားကို အမြန်ချဉ်းကပ်သွားလိုက်ပြီး အသံလာရာဆီကို လှမ်းကြည့်လိုက်တော့ ဆော့ဂျင်ရဲ့မျက်ဝန်းတွေ ပြူးကျယ်သွားရတယ်...။
မင်းသားငယ်လေးဟာ သူ့ရဲ့ကိုယ်ရံတော်ယွန်းဂီရဲ့လည်တိုင်ကို ခိုဖက်ထားရင်း ခပ်ဖူးဖူးနှုတ်ခမ်းလေးကိုလည်းစူထော်ထားကာ သူ့ကိုနမ်းပါလို့ ကလေးတစ်ယောက်လို ပူဆာနေတယ်လေ...။ ယွန်းဂီကလည်း ချစ်စရာကောင်းလွန်းတဲ့မင်းသားလေးကို မြတ်နိုးစွာငုံ့ကြည့်နေရင်း သူ့ခါးသေးသေးလေးကို အသာပြန်ပွေ့ဖက်ထားသေးတယ်...။
"နမ်းရင်းနဲ့ မရပ်နိုင်တော့ရင် ဘယ်လိုလုပ်မလဲ...??"
"မရပ်နဲ့ပေါ့... ပြောတော့ချစ်တယ်ဆို"
မြင်နေရတဲ့မြင်ကွင်းနဲ့ ကြားလိုက်ရတဲ့စကားတွေကြောင့် ဆော့ဂျင်တစ်ယောက် ရင်ထဲကလိကလိဖြစ်သွားရတယ်...။ အနေနီးကပ်လွန်းတဲ့ သူတို့၂ယောက်ကို သာမန်ဆက်ဆံရေးလို့ထင်ခဲ့မိတာ ဆော့ဂျင်မှားခဲ့တာပဲ...။ ကိုယ်ကပဲ တအားတုံးအ,နေတာလားမသိ သူတို့ကိုဆက်ကြည့်ဖို့တောင် အားမရှိ တော့ပေ...။ သူတို့အစား မျက်နှာပူမိသလိုခံစားရတာကြောင့် အသာလေးခြေဖော့နင်းကာ အိမ်ထဲသို့သာ ပြန်ဝင်လာလိုက်တယ်...။
"ဂျီမင်းလေးတောင် အရွယ်ရောက်လာပြီပဲ"
ငယ်စဉ်တုန်းက မင်းကြီးနဲ့အတူတူ ဆော့ဂျင်စာသွားသင်တိုင်း မင်းသားငယ်လေးဂျီမင်း ရောက်ရောက်လာတတ်တယ်...။ အနေတည်တဲ့ထယ်ယောင်းထက်စာရင် ဂျီမင်းက ဆော့ဂျင်နဲ့ပိုပြီးရင်းနှီးခဲ့တယ်...။ အစ်ကိုဖြစ်သူကိုလည်း တအားချွဲတတ်တဲ့ဂျီမင်းလေးဟာ သူ့ရဲ့ချစ်သူကိုလည်း မချစ်ချစ်အောင် ဆွဲဆောင်နေပြန်တယ်...။ ယွန်းဂီရဲ့အကြောင်းကိုလည်း သိနေပြီးသားမို့ ဂျီမင်းအတွက် သိပ်တော့မစိုးရိမ်ပါ...။ တစ်ခုပါပဲ အစ်ကိုဖြစ်သူမင်းကြီးက ဒါကိုလက်ခံပေးဖို့ပဲလိုတာ...။
ခဏကြာတော့ အိမ်ငယ်လေးထဲသို့ ပြုံးတုံ့တုံ့မျက်နှာထားလေးနဲ့ မင်းသားငယ်လေးဂျီမင်း ဝင်လာတော့တယ်....။ သေချာကြည့်လိုက်ရင် သူ့နှုတ်ခမ်းဖူးဖူးလေးက အရင်ကထက်အရောင်ရင့်နေတာကို သတိထားမိမှာပါ...။
"တော်တော်မှပျော်ခဲ့ရဲ့လား မင်းသားလေး...??"
ဆော့ဂျင်ရဲ့စကားကြောင့် မင်းသားငယ်လေးဟာ နားမလည်သလို အူကြောင်ကြောင်လေးနဲ့ ပြန်ကြည့်လာတယ်...။
"အစ်ကိုဆော့ဂျင်က ဘာကိုဆိုလိုတာလဲဟင်...?"
"အိမ်နောက်ဖက်မှာလေ... ကိုယ်ရံတော်ယွန်းဂီနဲ့"
ထိုအခါမှမင်းသားငယ်လေးရဲ့ ပါးမို့မို့လေး၂ဖက်ဟာ နီရဲသွားပြီး အရှက်သည်းသလိုခေါင်းငုံ့သွားတယ်...။ ဆော့ဂျင်ကတော့ ရုပ်တည်ကြီးနဲ့မနေနိုင်တော့ဘဲ တဟားဟားအော်ရယ်မိတော့တယ်...။
"အစ်ကိုဆော့ဂျင်နော်.. မရယ်ပါနဲ့ … ကျွန်တော်ရှက်တယ်"
ဆော့ဂျင်လည်း ရယ်နေရင်းနဲ့ပင် မင်းသားငယ်လေးရဲ့ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်တယ်...။ ဒီချစ်စရာမင်းသားလေးကို ယွန်းဂီအရမ်းချစ်မယ်ဆိုတာ အသေအချာပါပဲ..။
"မရှက်ပါနဲ့... ယွန်းဂီလိုလူကောင်းတစ်ယောက်နဲ့ဆို မင်းသားလေးကို စိတ်မချစရာကိုမရှိပါဘူး... သူနဲ့အတူရှိနေရင် ပျော်တယ်မဟုတ်လား...??"
"ဟုတ်...ပျော်တယ်... သူ့ကိုကျွန်တော် ဟိုးအရင်ကတည်းက ချစ်လာခဲ့ရတာလေ... သူကလည်းချစ်တယ်ဆိုတော့ တခြားဘာမှကိုမလိုတော့တာ... သူသာဘေးမှာရှိနေရင် ကျွန်တော့်ဘဝက ပြီးပြည့်စုံသွားပြီ"
နှစ်ပေါင်းများစွာတိုင်အောင် တိတ်တခိုးချစ်နေမိသူက ကိုယ့်ကိုလည်းပြန်ချစ်မယ်ဆိုရင် ဘယ်လောက်တောင်ပျော်ဖို့ကောင်းလိုက်မလဲ...။ ဆော့ဂျင်လည်း ဂျီမင်းလိုကံကောင်းချင်မိတယ်...။ အခုတော့ သူတို့အခြေအနေက အကြင်နာပေးဖူးပေမယ့် ပတ်သတ်မှုရှိတယ်လို့ သတ်မှတ်လို့မရသေးပေ...။
အခွင့်ကြုံရင်တော့ မေးကြည့်ချင်ပါတယ်...။ မင်းကြီးအဲ့ဒီနေ့က သူ့ကိုနမ်းခဲ့တာ ဘာလို့လဲဆိုတာကိုပေါ့...။ မင်းကြီးရဲ့စိတ်ထဲမှာရော သူကအရေးပါတဲ့လူတစ်ယောက် ဖြစ်လာနိုင်ပါ့မလား...??
"အစ်ကိုဆော့ဂျင်..ဘာတွေတွေးနေတာလဲ…??"
"ဟမ်.. ဟင်.. ဘာမှမတွေးပါဘူး"
ဖြူစင်လွန်းတဲ့မင်းသားငယ်လေးကတော့ ဆော့ဂျင်ဘာဖြစ်နေလဲဆိုတာကို မျက်နှာရိပ်မျက်နှာကဲ
You are reading the story above: TeenFic.Net