Part (17)

Background color
Font
Font size
Line height

Unicode

အကယ်၍များ သင်က အလွန်တရာကို အားလပ်နေ၍ Google မှာ Mo Family ဆိုပြီးတော့ ရိုက်နှိပ်ကာ ရှာလိုက်မယ်ဆိုရင် ပထမဆုံး ဓာတ်ပုံ ဆယ့်လေးပုံကျလာတာကို မြင်ရမှာဖြစ်ပါတယ်။ ပထမဆုံးမြင်ရမှာကတော့ လေတပ်စစ်ဗိုလ်မှူးကြီး ၂ ဦးကို တွေ့မြင်ရမှာဖြစ်ပါတယ်။ သူတို့က
1939 ကနေ 1945 ဒုတိယကမ္ဘာစစ်အတွင်း ပြင်သစ်လွတ်လပ်ရေးတပ်တွေမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်ဆိုပြီး ရေးထားတာဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့ပြောတဲ့ ပြင်သစ်လွပ်လပ်ရေးတပ်မတော်က Vichy France ၊ Free France၊ French Equatorial Africa၊ French Somaliland၊ French West Africa အဲထဲက ဘယ်အုပ်စုထဲ ပါသလဲတော့ မပြောတတ်ပေ။ သူတို့အောက်မှာ လင့်တွေ ပေးထားပြီးတော့ သင်က အလွန်အမင်းကို အားလပ်ပြီး အသက်အန္တရာယ်ကိုတောင် စိုးရိမ်ရတဲ့ အခြေအနေမှာဆိုရင် ဖတ်ဖို့ အကြံပြုပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ဗိုလ်ချုပ် ၂ယောက်က စစ်တပ်ကနေ ထွက်ပြီးတော့ မြေထဲပင်လယ်မှာ သစ်နဲ့ပတ်သက်သော ကုမ္ပဏီတစ်ခုကို တည်ထောင်တယ်။ နာမည်ကိုတော့ ပြင်သစ်စကားလုံး " Mon ami" ကနေ Mo ကုမ္ပဏီဆိုပြီး ဖြစ်လာတာပဲ။

1980 အစောပိုင်း စီးပွားရေးကျဆင်းမှုတွေ ဖြစ်ပြီးတဲ့နောက် တစ်ယောက်က ကုမ္ပဏီကနေ ထွက်ပြီးတော့ အရှေ့တိဗက်ကို တရားအားထုတ်ဖို့ ထွက်သွားတယ်။ကျန်တဲ့ တစ်ယောက်ကတော့ ဝီနန်ဂရုနဲ့ ပေါင်းပြီးတော့ နှစ်ထောင်ပြည့်နှစ်နောက်ပိုင်းမှာတော့ မိုလုပ်ငန်းစုက တဖြည်းဖြည်းကြီးထွားလာတယ်။ အခုဆိုရင် မိုလုပ်ငန်းစုက ဥရောပစီးပွားရေးမှာ ရှယ်ယာ ၁၀ ရာခိုင်နှုန်းအထိ ပိုင်တဲ့ လုပ်ငန်းစု ဖြစ်လာနေပြီ ဖြစ်သည်။

ကျန်ခဲ့တဲ့ ဗိုလ်ချုပ်ကတော့ မိုလန့်အဖိုးဖြစ်ပြီးတော့ မိုလန်အဖိုးက သူ့မိတ်ဆွေကို အရှေ့တိုင်းမှာ ပြန်လာရှာခဲ့တဲ့အချိန်မှာ ဇနီးသည်ကိုသာ တွေ့ပြီး မိတ်ဆွေကတော့ ဆုံးသွားပြီဖြစ်သည်။ မိတ်ဆွေ၏ဇနီးက လူထုကူညီကယ်ဆယ့်သည့်ပရဟိတအလုပ်တွေကို လုပ်ပြီး မိဘမဲ့ဂေဟာက ဆရာမ ဖြစ်လေသည်။

မိုလန်အဖိုးက မိတ်ဆွေဇနီးသည်နှင့် အတူ အလုပ်လုပ်နေသော ဆရာမလေးကို နှစ်သက်ကာ အပြန်ခေါ်ခဲ့ပြီး မိုလန်တို့က ပြင်သစ်-အာရှကပြားတွေ ဖြစ်လာခဲ့သည်။ နောက်ပိုင်း အေအိုဘီဗိုင်းရပ်တွေကြောင့် လူတွေက အမျိုးအစားများ ကွဲပြားကာ စစ်ပွဲများကလည်း အသွင်ပြောင်းသွားခဲ့သည်။

အောက်ဆုံးမျိုးဆက်နေရာမှာတော့ မိုအန်ယိုနှင့် ဇနီး ၊ ပထမသား မိုရှန်း နှင့် ဒုတိယသမီး မိလန်ဆိုပြီး ဖော်ပြထားသည်။ ဇနီးသည်နေရာကတော့ ကွပ်လပ်ဖြစ်နေပြီး နာမည်ကိုလည်း မဖော်ပြထားပေ။ ထို့ကြောင့် ရင်းနှီးသူများအပ မိုအန်ယိုက ဇနီး ၂ ယောက်ရှိတာကို မသိသလို ကလေး ၂ ယောက်ကလည်း အမေတစ်ယောက်စီက မွေးထားတယ်ဆိုပြီး မသိကြပေ။ မိုအန်ယိုကလည်း အကျယ်တဝင့် မဖော်ပြထားပေ။

မိုလန့်အဖေ မစ္စတာ မိုအန်ယိုက ဥရောပမှာပဲ နေခဲ့ပေမဲ့လည်း ယခုတော့ မွေးရပ်မြေကို ပြန်ရောက်နေလေသည်။ ထို့အပြင် မိုရှန်းလည်း ရောက်လာတာကြောင့် အိမ်တော်မှာ အနည်းငယ် လှုပ်ခတ်နေလေသည်။

ချန်ကီသည် အိမ်တော်ထိန်း ရှန်နန် ပြင်ဆင်ပေးထားသော ဝတ်စုံကို ဝတ်ဆင်နေလေသည်။ ၎င်းသည် အနက်ရောင် ရိုးရာဝတ်စုံဖြစ်ပြီးတော့ ခါးတွင် တပတ်ရှည်တစ်ခုကို ပတ်ရလေသည်။ ချန်ကီကတော့ မည်သည့်ရိုးရာဝတ်စုံလဲတော့ မသိချေ။

ချန်ကီ တစ်ယောက်တည်း တိုင်ပတ်နေတုန်း ဟယ်လ်စီယွန်က ရောက်လာပြီး သူ၏ ခါးပဝါစကို တင်းတင်းဆွဲပတ်လိုက်ရာ ချန်ကီ 'အင့်'ဟုပင် အသံထွက်သွားလေသည်။ ဟယ်လ်စီယွန်သည် အသက်နဲ့မလိုက်ဖက်လောက်အောင် နုပျိုလှပသူဖြစ်သည်။ ညနေဖက် ဟယ်လ်စီယွန်က မိုလန်လက်မောင်းကို ချိတ်သွားလျှင်တောင် လူတိုင်းက တူညီသော အတွေးမျိုးဖြင့် ကြည့်နေလောက်မည်။ လှိုင်းတွန့်ကဲ့သို့ အတွန့်များ ပြုလုပ်ထားသော ဆံပင်ကို ယနေ့တွင် သေသပ်စွာ ထုံးနှောင်ထားသောကြောင့် အဖိုးထိုက်သော လည်တိုင်ပေါ်က ရတနာအနက်ရောင်ပုလဲက ပိုလို့တောင် တောက်ပနေသကဲ့သို့ ဖြစ်လေသည်။

ဟယ်လ်စီယွန်က ချန်ကီ၏ ဆံပင်တွေ တစ်ပင်မကျန် စည်းနှောင်ကာ ဆံထုံးပြုလုပ်ပေးနေစဉ် ပြောလာသည်။

" အိုမီဂါတစ်ယောက် ဖြစ်ရတာ ဘာအကျိုးရှိလဲ သိလား? " ချန်ကီက ခေါင်းခါပြလိုက်သည်။

" အိုမီဂါဆိုတာ လှပတယ်။ နူးညံ့တယ်။ သိမ်မွေ့တယ်။ အားနည်းတယ်။ ပျော့ညံ့တယ်။ မွှေးကြိုင်တယ် ။ သူတို့က လောကကြီးထဲမှာ အလှဆင်ပစ္စည်းတစ်ခုသာသာ အနေနဲ့ပဲ ဖြစ်တည်လာကြတယ်။ ဒါပေမဲ့လည်း ကြမ်းတမ်းတဲ့ လောကဓံက အယ်လ်ဖာနဲ့ အိုမီဂါပေါ်ကိုပဲ ကျရောက်တာ မဟုတ်ဘူး။ အိုမီဂါတွေလည်း ကြမ်းတမ်းတဲ့ လောကထဲမှာ ရှင်သန်ရတယ်။ ထိရှလွယ်ပြီး အားနည်းတဲ့ အိုမီဂါက ပိုင်ဆိုင်လိုစိတ် ပြင်းပြတဲ့ အယ်လ်ဖာတွေရဲ့ အားနည်းချက်ပဲ၊ အားနည်းချက်က ပိုပြီးများလာလေလေ အယ်လ်ဖာတွေရဲ့ စိတ်က အရူးတွေလို ဖောက်ပြန်လာလေလေပဲ "

ဟယ်လ်စီယွန်က ချန်ကီ၏ ဂလင်းကို လက်ဖဝါးဖြင့် ထိလိုက်ပြီး " အိုမီဂါဂလင်းပေါ်က ထာဝစဉ်အမှတ်အသားက အယ်လ်ဖာတစ်ယောက်အတွက် အကြီးကျယ်ဆုံးသော ကောင်းချီးတစ်ခုဖြစ်နိုင်သလို ..."

ဟယ်လ်စီယွန်က မှန်ထဲကနေ ချန်ကီကို တည့်တည့်ကြည့်ကာ " အသက်ရှင်နေသရွေ့ မလွတ်မြောက်နိုင်တဲ့ ကျိန်စာဆိုးတစ်ခုလည်း ဖြစ်လာနိုင်တယ် "

ဘာကြောင့်မှန်း မသိ။ တစ်ခုခု မကောင်းသော ခံစားချက်မျိုးရလာတာကြောင့် ချန်ကီက လည်ပင်းအထိ ရှည်သော အင်္ကျီကြယ်သီးကို အပြည့်တပ်ကာ လည်ပင်းနောက်က ဂလင်းကို ဖုံးလိုက်သည်။

ဟယ်လ်စီယွန်က သူမ၏ နာမည်ကြီးတံဆိတ် အိတ်ကိုကိုင်လိုက်ပြီးတော့ " ခနနေလို့ မစ္စတာမိုရောက်လာတဲ့အခါ သူ မင်းကို သတိမထားမိသွားပါစေနဲ့၊ မဟုတ်ဘူးဆိုရင် မင်းဆီမှာ ကြည့်ရှုထောက်ပံ့ရမယ့် မိဘမဲ့ကလေးတွေအတွက် အာမခံမရှိဘူးနော် "

ချန်ကီက အောက်နှုတ်ခမ်းကို ဖိကိုက်ထားပြီးတော့ သူက '' ဟုတ်ကဲ့ပါ မဒမ်" ဟု ပြောလိုက်ရသည်။ ဟယ်လ်စီယွန်က သူ လိုချင်တဲ့အဖြေကိုရတဲ့အခါ အိတ်ကလေးကို ယမ်းကာ ယမ်းကာဖြင့် ထွက်သွားလေသည်။ ချန်ကီသည် မတိုးမဆုတ်သာအခြေအနေကြောင့် သူသည် အရာအားလုံးကို မြိုသိပ်ကာ ဟယ်လ်စီယွန်နောက်ကနေ လိုက်သွားရလေသည်။

ထိုအချိန်တွင် မိုလန်သည် ကောဇော်အနီခင်းထားသောလှေကားထိပ် လက်ရန်းတွင် ရပ်နေလေလျက် သူတို့အား ကြည့်နေပြီး မျက်ဝန်းများက စူးရှစွာဖြင့် မှေးကျဉ်းသွားလေသည်။

.............................

ချန်ကီသည် အိမ်တော်ထိန်း အနောက်တွင် ရပ်နေပြီး သူက တခြားသော အိမ်ဝန်ထမ်းများကဲ့သို့ တန်းတူဝတ်ဆင်ထားရသည်ကိုတွေ့ရလေသည်။ တရားမဝင်သော အိမ်ထောင်ရေးဖြစ်တဲ့အပြင် လူရာမသွင်းခံရတောင် သူ့ဖက်ကနေ နှုတ်ကို မဖွင့်ရဲပါချေ။ သူမလည်း နာကျင်ခံစားရပါသော်လည်း သူမဆီ ထောက်ထားရမည့် သူတွေရှိသည်။

တုံးအောက်ပိမှ သေသည်။ လူအောက်ကျို့၍ မသေဟု အရပ်ထဲက ဆိုကြသော်လည်း အသည်းနှလုံးကတော့ အကြိမ်ကြိမ်နာကျင်ရသည်။ ပဒေဿရာဇ်ခေတ်ကုန်ခဲ့ပေမဲ့လည်း ဘူဇွာလူမျိုးတွေက ကြီးမြတ်နေဆဲဆိုသကဲ့သို့ပင်။

ချန်ကီသည် ခေါင်းငုံ့ကာ ကြမ်းပြင်ပေါ်ကို ကြည့်နေပြီး အလှဆင်ထားသော စကျင်ကျောက်များကို စိတ်ပါဝင်စားသွားတာကြောင့် ရုတ်တရက် " သခင်ကြီးမိုကို ကြိုဆိုပါတယ်"ဆိုသော အသံကို ကြားတော့ သူက ယောင်ရမ်းကာ ခေါင်းမော့ကြည့်လိုက်မိသည်။

အနက်ရောင် Rolls-Royces ကားသည် စံအိမ်ရှေ့တွင် ရပ်သွားပြီး သက်တော်စောင့်က တံခါးဖွင့်ပေးလိုက်သောအခါတွင် အနက်ရောင် ရိုးရာဝတ်စုံကို ဝတ်ထားသော အမျိုးသားတစ်ဦးဖြစ်ပုံရသည်။ သူသည် မိုလန်နှင့်အတော်လေး ဆင်တူကာ အယ်လ်ဖာတစ်ဦး၏ ဝင့်ကြွားမှု ဟန်ပန်အပြည့်ရှိသည်။ သို့သော်လည်း မျက်နှာထားက မိုလန်ကဲ့သို့ မာထန်မနေဘဲ ပျော့ပျောင်းကာ စိတ်သဘောချိုသာသော အသွင်ရှိသည်။

မိုအန်ယိုနောက်တွင်မူ သပ်ရပ်ကျော့ရှင်းသော အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဆင်မြန်းထားသော အမျိုးသားကို တွေ့လိုက်ပြီးတော့ ထိုသူက မိုလန်၏ အစ်ကို မိုရှန်းဖြစ်ပုံရသည်။ သူက မိုအန်ယိုနဲ့ ဆင်တူသော်လည်း ချောမောခြင်း မဟုတ်ဘဲ လှပတင့်တယ်သော နတ်ဘုရားကဲ့သို့ပင် အလှတရားရှိလေသည်။ နှုတ်ခမ်းပါးပါးတွေကို တင်းတင်းစေ့ထားကာ တည်ငြိမ်သော မျက်လုံးများက ခန့်မှန်းရခက်သော ချဉ်းကပ်ရခက်သော အသွင်ရှိလေသည်။

" ခေါင်းငုံ့ထား " ချန်ကီ ခေါင်းမော့နေတာ တွေ့တော့ အိမ်တော်ထိန်း ရှန်နန်က ချန်ကီခေါင်းကို ဖိချရင်း ပြောလိုက်သည်။

" ယောကျာ်း ၊ ခရီးပင်ပန်းလာသလား ? ကျွန်မ ရှင့်အဖို့ အကုန်စီစဉ်ထားတယ် "ဟယ်လ်စီယွန်က မိုအန်ယိုအနားတွင် ရပ်လိုက်ပြီး သိမ်မွေ့စွာ မေးလာသည်။ မိုအန်ယိုက သူမကို တစ်ချက်ပဲ ကြည့်ပြီး

" မိုလန်ရော ဘယ်မှာလဲ ? " ဟု တန်းမေးလေသည်။

" ဒယ်ဒီရောက်လာပြီလား ? " မိုလန်က တံခါးဝကနေ ဆင်းတောင် မဆင်းဘဲ မေးလာသည်။ သူမ ပုံစံက အိမ်နေရင်း ပေါ့ပေါ့ပါးပါးကဲ့သို့ပင် ဝတ်ဆင်ထားကာ ဆံပင်ကိုတောင် မဖြီးထားပေ။ အနက်ရောင် ရှပ်ကိုတောင် ကြယ်သီးတစ်ဝက်သာ တပ်ထားပြီး အိမ်ထဲစီးတဲ့ ဖိနပ်ပါးပါးကို စီးထားတဲ့ ပုံစံကြောင့် ဟယ်လ်စီယွန် မျက်နှာက ကွက်ခနဲ ပျက်သွားလေသည်။ သို့သော်လည်း ချက်ချင်းပင် ပြန်ပြုံးထားလိုက်သည်။

မိုအန်ယိုက ဝတ်လာသော အပေါ်ထပ်ကို ဟယ်လ်စီယွန်ကို သာမန်ကာလျှံကာ ပစ်ပေးလိုက်ပြီး မိုလန်ဆီ တည့်တည့်သွားလေသည်။ ပြီးတော့ မိုလန်ကို ဖက်တော့ မိုလန်က ထိုင်ချလိုက်တော့ မိုအန်ယိုက မိုလန်ခေါင်းကို လက်မောင်းနဲ့ ညှစ်ထားလေသည်။

" လူဆိုးမလေး ၊ အဖေကိုတောင် တစ်ခေါက်လောက် ပြန်လာမကြည့်ဘူး ။ နှစ်ဝက်လုံးလုံး ဘယ်လိုတောင် ထားသွားရဲတာလဲ ? "

" အားး အဖေပဲ လာခိုင်းပြီးတော့လေ ၊ ဒီမှာ နေရတာ နေ့ရက်တိုင်းက သေလုပဲ၊ ကိုယ့်သမီးကို ငရဲလို နေရာမျိုးကို ပို့ထားပြီးတော့ အဖေက ဥရောပမှာ ခပ်ငယ်ငယ်လေးတွေနဲ့ ကဲနေမှာလေ ၊ အဲတာကြောင့် အဖေ့ဆီကိုလည်း မလာချင်ပါဘူး "

မိုအန်ယိုက ထိုအတိုင်း လက်မောင်းထဲ ဖက်ထားရင်း " ကြည့်စမ်း ၊ အရွယ်တောင် မရောက်သေးဘူး ။ အဖေကို ပုန်ကန်နေတာပဲ "

" သမီး အရွယ်ရောက်နေပြီ ဆိုနေ " မိုလန်က သူ၏ အားပြင်းသော ဖယ်ရိုမုန်းများဖြင့် သူ့အဖေကို နောက်ဆုတ်အောင် လုပ်လိုက်သည်။

" ဟား ဟား " မိုအန်ယိုက ကျေနပ်စွာ ရယ်လိုက်ပြီးတော့ မိုလန်၏ ဖယ်ရိုမုန်းများကို ဖိနှိပ်လိုက်တော့ မိုလန်ကပဲ သူ့ဖယ်ရိုမုန်းကို သူ ပြန်သိမ်းလိုက်သည်။

မိုအန်ယိုက မိုလန်ကို ကြင်ကြင်နာနာ ဖက်ကာ " ဒယ်ဒီ သမီးကို လွမ်းနေတာ"

မိုလန်က ငြိမ်ငြိမ်လေးနေပြီး " သမီးလည်း ဒယ်ဒီကို သတိရပါတယ် "
ပြီးနောက် မိုလန်က သူဒီမှာနေတုန်းက အတွေ့အကြုံတွေ ဥပမာ ဟယ်ဒရီယန်နဲ့ သူက ကားမောင်းပြိုင်ရင်း အဝေးပြေး လမ်းမပေါ်က ဘလော့တွေကို အကုန်ဖျက်ဆီးမိသွားတာမျိုး ၊ ပါတီသွားရင်း သောက်တာ လက်လွန်သွားလို့ အိမ်ရှေ့ပန်းခြံမှာ မှောက်ယက်ကြီး အိပ်ပျော်နေတာမျိုး စသဖြင့် ပြောပြကာ ရယ်မောနေလေသည်။ မိုရှန်းကတော့ ရုပ်သေကြီးနဲ့ ထိုင်နေပေမဲ့ ဟယ်လ်စီယွန်ကတော့ အတူ ရယ်မောပေးနေလေသည်။

" အန်ကယ် မင်္ဂလာပါ ၊ ကျွန်မက စီလင်း ဝေလာပါ။ အန်ကယ်ရောက်လာမယ်ဆိုတာ သတင်းကြားခဲ့လို့ နှစ်တစ်ရာ ဂျပ်ဆင်းကို လက်ဆောင်ပေးဖို့ ယူလာခဲ့မိတယ်။ " မိုအန်ယိုက မိုလန်နဲ့စကားပြောနေစဉ် ရွှေဝါရောင် ဆံပင်နဲ့ လှပသော အိုမီဂါက လာနှုတ်ဆက်လေသည်။

မိုအန်ယိုက မိုလန်ကို ' ဒီကောင်မလေးက ??? 'ဆိုတဲ့ အကြည့်နဲ့ ကြည့်လာသော မိုလန်က လျှာလေးထုတ်ကာ ပခုံးတွန့်ပြလိုက်သည်။ မိုအန်ယိုက မိုလန်ကို ဂုဏ်ယူစွာဖြင့် ပခုံးပုတ်လိုက်သည်။ " ဒါမှ ငါ့သမီးကွ" ဆိုသလိုပေါ့။

ထိုအချိန်တွင် ချန်ကီသည် အိမ်တော်ထိန်းရှန်နန်နှင့်အတူ လှီးထားပြီးသော သစ်သီးပန်းကန်ကို ချပေးနေခြင်းဖြစ်ရာ သူက သတိလက်လွတ်ဖြင့် ပျားရည်ပုလင်းကို တိုက်မိကာ မှောက်ကျမလို့ ဖြစ်သွားလေသည်။

" အိုး ရရဲ့လား ?" အနားမှာ ထိုင်နေတဲ့ မိုရှန်းက လျင်မြန်စွာဖြင့် ပျားရည်ဘူးကို တည့်မတ်လိုက်ပြီး မေးလာသည်။
ချန်ကီက သူ အမှားလုပ်မိသွားတာကြောင့် အိမ်တော်ထိန်းရှန်နန်နှင့် ဟယ်လ်စီယွန်ကို ကြည့်လိုက်မိသည်။ ဟယ်လ်စီယွန်က စိတ်ပျက်သည်ဆိုသော အကြည့်ဖြင့် ကြည့်နေလေရာ ချန်ကီက ချွေးတွေ ထွက်လာလေသည်။

" မင်း ချွေးတွေ အများကြီး ထွက်နေတာပဲ ၊ အဆင်ပြေရဲ့လား ? " မိုရှန်းက တစ်သျှူးကို ကမ်းပေးကာ ဆိုလေသည်။

"ကျွန်မ..ကျွန်မ အဆင်ပြေပါတယ် " ချန်ကီသည် ကမ်းပေးသော တစ်သျှူးကို ယူကာ ထိုနေရာကနေ ခပ်မြန်မြန်ပြေးထွက်လာလေသည်။

သန့်စင်ခန်းထဲသို့ ဝင်ကာ ချန်ကီသည် သူ့ကိုယ်သူ မျက်ရည်မကျမိစေရန် ထိန်းထားရလေသည်။ အိုမီဂါသဘာဝသည် တစ်ခါတရံတွင် ထင်ရှားလာတတ်ပြီး တစ်ခုခု ခံစားလွယ်လေသည်။ အမှတ်အသားပြုထားသော အယ်လ်ဖာသည် တခြားသော အိုမီဂါတစ်ဦးနှင့် ကြည်နူးနေတာမြင်သော ဗီဇအရ လက်ခံရန်ခက်ခဲကာ မျက်ရည်က ကျိုးချင်သည်။ ချန်ကီသည် အသက်ဝဝရှုရှုကာ သူ့ကိုယ်သူ ထိန်းနေစဉ် မိုလန်က သန့်စင်ခန်းဝင်လာလေသည်။

" အဟက် ဘီတာ တစ်ယောက်ကို တွေ့လိုက်ရတော့ အရင်က ဗီဇတွေ ပေါ်လာပြီးတော့ စိတ်ကိုတောင် ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေတာပေါ့လေ။ မိုရှန်းက အဲလောက်တောင် ဘီတာဆန်တာလား? အရှက်မဲ့လိုက်ပုံများ အိမ်ထောင်ရှိပြီးသား ဘီတာကိုတောင် မြူစွယ်ဖို့ မစောင့်နိုင်တော့ဘူး" ဟု လှောင်ပြောင်ကာ ပြောလေသည်။

" ကျွန်မကို တစ်ယောက်တည်း နေခွင့်ပြုပါ " ချန်ကီက ငိုသံကို ထိန်းကာ ပြောလိုက်သည်။

လက်ကို ရေဆေးနေသော မိုလန်က ချက်ချင်းပင် သူမ၏ မျက်နှာကို ဖျစ်ညှစ်ကာ ကိုင်လာပြီး မိုလန်၏ မျက်လုံးများကလည်း အဝါရောင်တောက်ပ‌ေနသည်က အမဲလိုက်နေသော မြွေတစ်ကောင်လိုပင် ။ ချန်ကီက မိုလန်လက်ကို ရုန်းလေလေ မိုလန်က ပိုပီး ညှစ်လာလေလေဖြစ်သည်။

"မင်း သိပ်ကို ဟန်ဆောင်ပြလွန်းတယ်။ဒါပေမဲ့ မင်း ဟယ်လ်စီယွန်ကို ပြောလိုက် ၊ သူ စီစဉ်နေတာတွေကို ငါ ဒီထက်ပိုပြီး မသိချင်ယောင်ဆောင်ပေးမှာမဟုတ်တော့ဘူးလို့ "

" ရှင် ဘာတွေ လာပြောနေတာလဲ ??" ချန်ကီက မိုလန်ကို ခြေထောက်နဲ့ပါ ကန်ပေမဲ့လည်း မိုလန်က သူ့ကို ရုတ်တရက်ကြီး အသက်ရှုကြပ်အောင် အထိနမ်းလာမယ်လို့ မထင်ထားပေ။ မိုလန်က သူ့လက်ကို လွတ်ချလိုက်စဉ် သန့်စင်ခန်းကြမ်းပြင်ပေါ် လဲကျကာ အောက်ဆီဂျင်နည်းပါးလာတာကြောင့် ချန်ကီက ချောင်းဆိုးနေလေသည်။

" မင်း အရှက်မဲ့တာတွေ လုပ်တော့မယ်ဆိုရင် မင်း ဂလင်းပေါ်က အမှတ်အသားကို သတိရပြီး ဆန္ဒကို သိက္ခာနဲ့ ပြန်ထိန်းထားလိုက် ရွံစရာ အိုမီဂါတွေ "

မိုလန်က ထိုသို့ပြောပြီးတော့ သန့်စင်ခန်းတံခါးကို ဆောင့်ပိတ်ကာ ထွက်သွားလေသည်။



ဆက်ရန်။။။။


Zawgyi

အကယ္၍မ်ား သင္က အလြန္တရာကို အားလပ္ေန၍ Google မွာ Mo Family ဆိုၿပီးေတာ့ ႐ိုက္ႏွိပ္ကာ ရွာလိုက္မယ္ဆိုရင္ ပထမဆုံး ဓာတ္ပုံ ဆယ့္ေလးပုံက်လာတာကို ျမင္ရမွာျဖစ္ပါတယ္။ ပထမဆုံးျမင္ရမွာကေတာ့ ေလတပ္စစ္ဗိုလ္မႉးႀကီး ၂ ဦးကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ သူတို႔က
1939 ကေန 1945 ဒုတိယကမာၻစစ္အတြင္း ျပင္သစ္လြတ္လပ္ေရးတပ္ေတြမွာ ပါဝင္ခဲ့တာျဖစ္ပါတယ္ဆိုၿပီး ေရးထားတာျဖစ္ပါတယ္။

ဒါေပမဲ့ သူတို႔ေျပာတဲ့ ျပင္သစ္လြပ္လပ္ေရးတပ္မေတာ္က Vichy France ၊ Free France၊ French Equatorial Africa၊ French Somaliland၊ French West Africa အဲထဲက ဘယ္အုပ္စုထဲ ပါသလဲေတာ့ မေျပာတတ္ေပ။ သူတို႔ေအာက္မွာ လင့္ေတြ ေပးထားၿပီးေတာ့ သင္က အလြန္အမင္းကို အားလပ္ၿပီး အသက္အႏၲရာယ္ကိုေတာင္ စိုးရိမ္ရတဲ့ အေျခအေနမွာဆိုရင္ ဖတ္ဖို႔ အႀကံျပဳပါတယ္။

လြတ္လပ္ေရးရၿပီးေနာက္ပိုင္းမွာ ဗိုလ္ခ်ဳပ္ ၂ေယာက္က စစ္တပ္ကေန ထြက္ၿပီးေတာ့ ေျမထဲပင္လယ္မွာ သစ္နဲ႔ပတ္သက္ေသာ ကုမၸဏီတစ္ခုကို တည္ေထာင္တယ္။ နာမည္ကိုေတာ့ ျပင္သစ္စကားလုံး " Mon ami" ကေန Mo ကုမၸဏီဆိုၿပီး ျဖစ္လာတာပဲ။

1980 အေစာပိုင္း စီးပြားေရးက်ဆင္းမႈေတြ ျဖစ္ၿပီးတဲ့ေနာက္ တစ္ေယာက္က ကုမၸဏီကေန ထြက္ၿပီးေတာ့ အေရွ႕တိဗက္ကို တရားအားထုတ္ဖို႔ ထြက္သြားတယ္။က်န္တဲ့ တစ္ေယာက္ကေတာ့ ဝီနန္ဂ႐ုနဲ႔ ေပါင္းၿပီးေတာ့ ႏွစ္ေထာင္ျပည့္ႏွစ္ေနာက္ပိုင္းမွာေတာ့ မိုလုပ္ငန္းစုက တျဖည္းျဖည္းႀကီးထြားလာတယ္။ အခုဆိုရင္ မိုလုပ္ငန္းစုက ဥေရာပစီးပြားေရးမွာ ရွယ္ယာ ၁၀ ရာခိုင္ႏႈန္းအထိ ပိုင္တဲ့ လုပ္ငန္းစု ျဖစ္လာေနၿပီ ျဖစ္သည္။

က်န္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ကေတာ့ မိုလန႔္အဖိုးျဖစ္ၿပီးေတာ့ မိုလန္အဖိုးက သူ႔မိတ္ေဆြကို အေရွ႕တိုင္းမွာ ျပန္လာရွာခဲ့တဲ့အခ်ိန္မွာ ဇနီးသည္ကိုသာ ေတြ႕ၿပီး မိတ္ေဆြကေတာ့ ဆုံးသြားၿပီျဖစ္သည္။ မိတ္ေဆြ၏ဇနီးက လူထုကူညီကယ္ဆယ့္သည့္ပရဟိတအလုပ္ေတြကို လုပ္ၿပီး မိဘမဲ့ေဂဟာက ဆရာမ ျဖစ္ေလသည္။

မိုလန္အဖိုးက မိတ္ေဆြဇနီးသည္ႏွင့္ အတူ အလုပ္လုပ္ေနေသာ ဆရာမေလးကို ႏွစ္သက္ကာ အျပန္ေခၚခဲ့ၿပီး မိုလန္တို႔က ျပင္သစ္-အာရွကျပားေတြ ျဖစ္လာခဲ့သည္။ ေနာက္ပိုင္း ေအအိုဘီဗိုင္းရပ္ေတြေၾကာင့္ လူေတြက အမ်ိဳးအစားမ်ား ကြဲျပားကာ စစ္ပြဲမ်ားကလည္း အသြင္ေျပာင္းသြားခဲ့သည္။

ေအာက္ဆုံးမ်ိဳးဆက္ေနရာမွာေတာ့ မိုအန္ယိုႏွင့္ ဇနီး ၊ ပထမသား မိုရွန္း ႏွင့္ ဒုတိယသမီး မိလန္ဆိုၿပီး ေဖာ္ျပထားသည္။ ဇနီးသည္ေနရာကေတာ့ ကြပ္လပ္ျဖစ္ေနၿပီး နာမည္ကိုလည္း မေဖာ္ျပထားေပ။ ထို႔ေၾကာင့္ ရင္းႏွီးသူမ်ားအပ မိုအန္ယိုက ဇနီး ၂ ေယာက္ရွိတာကို မသိသလို ကေလး ၂ ေယာက္ကလည္း အေမတစ္ေယာက္စီက ေမြးထားတယ္ဆိုၿပီး မသိၾကေပ။ မိုအန္ယိုကလည္း အက်ယ္တဝင့္ မေဖာ္ျပထားေပ။

မိုလန႔္အေဖ မစၥတာ မိုအန္ယိုက ဥေရာပမွာပဲ ေနခဲ့ေပမဲ့လည္း ယခုေတာ့ ေမြးရပ္ေျမကို ျပန္ေရာက္ေနေလသည္။ ထို႔အျပင္ မိုရွန္းလည္း ေရာက္လာတာေၾကာင့္ အိမ္ေတာ္မွာ အနည္းငယ္ လႈပ္ခတ္ေနေလသည္။

ခ်န္ကီသည္ အိမ္ေတာ္ထိန္း ရွန္နန္ ျပင္ဆင္ေပးထားေသာ ဝတ္စုံကို ဝတ္ဆင္ေနေလသည္။ ၎သည္ အနက္ေရာင္ ႐ိုးရာဝတ္စုံျဖစ္ၿပီးေတာ့ ခါးတြင္ တပတ္ရွည္တစ္ခုကို ပတ္ရေလသည္။ ခ်န္ကီကေတာ့ မည္သည့္႐ိုးရာဝတ္စုံလဲေတာ့ မသိေခ်။

ခ်န္ကီ တစ္ေယာက္တည္း တိုင္ပတ္ေနတုန္း ဟယ္လ္စီယြန္က ေရာက္လာၿပီး သူ၏ ခါးပဝါစကို တင္းတင္းဆြဲပတ္လိုက္ရာ ခ်န္ကီ 'အင့္'ဟုပင္ အသံထြက္သြားေလသည္။ ဟယ္လ္စီယြန္သည္ အသက္နဲ႔မလိုက္ဖက္ေလာက္ေအာင္ ႏုပ်ိဳလွပသူျဖစ္သည္။ ညေနဖက္ ဟယ္လ္စီယြန္က မိုလန္လက္ေမာင္းကို ခ်ိတ္သြားလွ်င္ေတာင္ လူတိုင္းက တူညီေသာ အေတြးမ်ိဳးျဖင့္ ၾကည့္ေနေလာက္မည္။ လႈိင္းတြန႔္ကဲ့သို႔ အတြန႔္မ်ား ျပဳလုပ္ထားေသာ ဆံပင္ကို ယေန႔တြင္ ေသသပ္စြာ ထုံးေႏွာင္ထားေသာေၾကာင့္ အဖိုးထိုက္ေသာ လည္တိုင္ေပၚက ရတနာအနက္ေရာင္ပုလဲက ပိုလို႔ေတာင္ ေတာက္ပေနသကဲ့သို႔ ျဖစ္ေလသည္။

ဟယ္လ္စီယြန္က ခ်န္ကီ၏ ဆံပင္ေတြ တစ္ပင္မက်န္ စည္းေႏွာင္ကာ ဆံထုံးျပဳလုပ္ေပးေနစဥ္ ေျပာလာသည္။

" အိုမီဂါတစ္ေယာက္ ျဖစ္ရတာ ဘာအက်ိဳးရွိလဲ သိလား? " ခ်န္ကီက ေခါင္းခါျပလိုက္သည္။

" အိုမီဂါဆိုတာ လွပတယ္။ ႏူးညံ့တယ္။ သိမ္ေမြ႕တယ္။ အားနည္းတယ္။ ေပ်ာ့ညံ့တယ္။ ေမႊးႀကိဳင္တယ္ ။ သူတို႔က ေလာကႀကီးထဲမွာ အလွဆင္ပစၥည္းတစ္ခုသာသာ အေနနဲ႔ပဲ ျဖစ္တည္လာၾကတယ္။ ဒါေပမဲ့လည္း ၾကမ္းတမ္းတဲ့ ေလာကဓံက အယ္လ္ဖာနဲ႔ အိုမီဂါေပၚကိုပဲ က်ေရာက္တာ မဟုတ္ဘူး။ အိုမီဂါေတြလည္း ၾကမ္းတမ္းတဲ့ ေလာကထဲမွာ ရွင္သန္ရတယ္။ ထိရွလြယ္ၿပီး အားနည္းတဲ့ အိုမီဂါက ပိုင္ဆိုင္လိုစိတ္ ျပင္းျပတဲ့ အယ္လ္ဖာေတြရဲ႕ အားနည္းခ်က္ပဲ၊ အားနည္းခ်က္က ပိုၿပီးမ်ားလာေလေလ အယ္လ္ဖာေတြရဲ႕ စိတ္က အ႐ူးေတြလို ေဖာက္ျပန္လာေလေလပဲ "

ဟယ္လ္စီယြန္က ခ်န္ကီ၏ ဂလင္းကို လက္ဖဝါးျဖင့္ ထိလိုက္ၿပီး " အိုမီဂါဂလင္းေပၚက ထာဝစဥ္အမွတ္အသားက အယ္လ္ဖာတစ္ေယာက္အတြက္ အႀကီးက်ယ္ဆုံးေသာ ေကာင္းခ်ီးတစ္ခုျဖစ္ႏိုင္သလို ..."

ဟယ္လ္စီယြန္က မွန္ထဲကေန ခ်န္ကီကို တည့္တည့္ၾကည့္ကာ " အသက္ရွင္ေနသေ႐ြ႕ မလြတ္ေျမာက္ႏိုင္တဲ့ က်ိန္စာဆိုးတစ္ခုလည္း ျဖစ္လာႏိုင္တယ္ "

ဘာေၾကာင့္မွန္း မသိ။ တစ္ခုခု မေကာင္းေသာ ခံစားခ်က္မ်ိဳးရလာတာေၾကာင့္ ခ်န္ကီက လည္ပင္းအထိ ရွည္ေသာ အက်ႌၾကယ္သီးကို အျပည့္တပ္ကာ လည္ပင္းေနာက္က ဂလင္းကို ဖုံးလိုက္သည္။

ဟယ္လ္စီယြန္က သူမ၏ နာမည္ႀကီးတံဆိတ္ အိတ္ကိုကိုင္လိုက္ၿပီးေတာ့ " ခနေနလို႔ မစၥတာမိုေရာက္လာတဲ့အခါ သူ မင္းကို သတိမထားမိသြားပါေစနဲ႔၊ မဟုတ္ဘူးဆိုရင္ မင္းဆီမွာ ၾကည့္ရႈေထာက္ပံ့ရမယ့္ မိဘမဲ့ကေလးေတြအတြက္ အာမခံမရွိဘူးေနာ္ "

ခ်န္ကီက ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ထားၿပီးေတာ့ သူက '' ဟုတ္ကဲ့ပါ မဒမ္" ဟု ေျပာလိုက္ရသည္။ ဟယ္လ္စီယြန္က သူ လိုခ်င္တဲ့အေျဖကိုရတဲ့အခါ အိတ္ကေလးကို ယမ္းကာ ယမ္းကာျဖင့္ ထြက္သြားေလသည္။ ခ်န္ကီသည္ မတိုးမဆုတ္သာအေျခအေနေၾကာင့္ သူသည္ အရာအားလုံးကို ၿမိဳသိပ္ကာ ဟယ္လ္စီယြန္ေနာက္ကေန လိုက္သြားရေလသည္။

ထိုအခ်ိန္တြင္ မိုလန္သည္ ေကာေဇာ္အနီခင္းထားေသာေလွကားထိပ္ လက္ရန္းတြင္ ရပ္ေနေလလ်က္ သူတို႔အား ၾကည့္ေနၿပီး မ်က္ဝန္းမ်ားက စူးရွစြာျဖင့္ ေမွးက်ဥ္းသြားေလသည္။

.............................

ခ်န္ကီသည္ အိမ္ေတာ္ထိန္း အေနာက္တြင္ ရပ္ေနၿပီး သူက တျခားေသာ အိမ္ဝန္ထမ္းမ်ားကဲ့သို႔ တန္းတူဝတ္ဆင္ထားရသည္ကိုေတြ႕ရေလသည္။ တရားမဝင္ေသာ အိမ္ေထာင္ေရးျဖစ္တဲ့အျပင္ လူရာမသြင္းခံရေတာင္ သူ႔ဖက္ကေန ႏႈတ္ကို မဖြင့္ရဲပါေခ်။ သူမလည္း နာက်င္ခံစားရပါေသာ္လည္း သူမဆီ ေထာက္ထားရမည့္ သူေတြရွိသည္။

တုံးေအာက္ပိမွ ေသသည္။ လူေအာက္က်ိဳ႕၍ မေသဟု အရပ္ထဲက ဆိုၾကေသာ္လည္း အသည္းႏွလုံးကေတာ့ အႀကိမ္ႀကိမ္နာက်င္ရသည္။ ပေဒႆရာဇ္ေခတ္ကုန္ခဲ့ေပမဲ့လည္း ဘူဇြာလူမ်ိဳးေတြက ႀကီးျမတ္ေနဆဲဆိုသကဲ့သို႔ပင္။

ခ်န္ကီသည္ ေခါင္းငုံ႔ကာ ၾကမ္းျပင္ေပၚကို ၾကည့္ေနၿပီး အလွဆင္ထားေသာ စက်င္ေက်ာက္မ်ားကို စိတ္ပါဝင္စားသြားတာေၾကာင့္ ႐ုတ္တရက္ " သခင္ႀကီးမိုကို ႀကိဳဆိုပါတယ္"ဆိုေသာ အသံကို ၾကားေတာ့ သူက ေယာင္ရမ္းကာ ေခါင္းေမာ့ၾကည့္လိုက္မိသည္။

အနက္ေရာင္ Rolls-Royces ကားသည္ စံအိမ္ေရွ႕တြင္ ရပ္သြားၿပီး သက္ေတာ္ေစာင့္က တံခါးဖြင့္ေပးလိုက္ေသာအခါတြင္ အနက္ေရာင္ ႐ိုးရာဝတ္စုံကို ဝတ္ထားေသာ အမ်ိဳးသားတစ္ဦးျဖစ္ပုံရသည္။ သူသည္ မိုလန္ႏွင့္အေတာ္ေလး ဆင္တူကာ အယ္လ္ဖာတစ္ဦး၏ ဝင့္ႂကြားမႈ ဟန္ပန္အျပည့္ရွိသည္။ သို႔ေသာ္လည္း မ်က္ႏွာထားက မိုလန္ကဲ့သို႔ မာထန္မေနဘဲ ေပ်ာ့ေပ်ာင္းကာ စိတ္သေဘာခ်ိဳသာေသာ အသြင္ရွိသည္။

မိုအန္ယိုေနာက္တြင္မူ သပ္ရပ္ေက်ာ့ရွင္းေသာ အနက္ေရာင္ အေနာက္တိုင္းဝတ္စုံကို ဆင္ျမန္းထားေသာ အမ်ိဳးသားကို ေတြ႕လိုက္ၿပီးေတာ့ ထိုသူက မိုလန္၏ အစ္ကို မိုရွန္းျဖစ္ပုံရသည္။ သူက မိုအန္ယိုနဲ႔ ဆင္တူေသာ္လည္း ေခ်ာေမာျခင္း မဟုတ္ဘဲ လွပတင့္တယ္ေသာ နတ္ဘုရားကဲ့သို႔ပင္ အလွတရားရွိေလသည္။ ႏႈတ္ခမ္းပါးပါးေတြကို တင္းတင္းေစ့ထားကာ တည္ၿငိမ္ေသာ မ်က္လုံးမ်ားက ခန႔္မွန္းရခက္ေသာ ခ်ဥ္းကပ္ရခက္ေသာ အသြင္ရွိေလသည္။

" ေခါင္းငုံ႔ထား " ခ်န္ကီ ေခါင္းေမာ့ေနတာ ေတြ႕ေတာ့ အိမ္ေတာ္ထိန္း ရွန္နန္က ခ်န္ကီေခါင္းကို ဖိခ်ရင္း ေျပာလိုက္သည္။

" ေယာက်ာ္း ၊ ခရီးပင္ပန္းလာသလား ? ကြၽန္မ ရွင့္အဖို႔ အကုန္စီစဥ္ထားတယ္ "ဟယ္လ္စီယြန္က မိုအန္ယိုအနားတြင္ ရပ္လိုက္ၿပီး သိမ္ေမြ႕စြာ ေမးလာသည္။ မိုအန္ယိုက သူမကို တစ္ခ်က္ပဲ ၾကည့္ၿပီး

" မိုလန္ေရာ ဘယ္မွာလဲ ? " ဟု တန္းေမးေလသည္။

" ဒယ္ဒီေရာက္လာၿပီလား ? " မိုလန္က တံခါးဝကေန ဆင္းေတာင္ မဆင္းဘဲ ေမးလာသည္။ သူမ ပုံစံက အိမ္ေနရင္း ေပါ့ေပါ့ပါးပါးကဲ့သို႔ပင္ ဝတ္ဆင္ထားကာ ဆံပင္ကိုေတာင္ မၿဖီးထားေပ။ အနက္ေရာင္ ရွပ္ကိုေတာင္ ၾကယ္သီးတစ္ဝက္သာ တပ္ထားၿပီး အိမ္ထဲစီးတဲ့ ဖိနပ္ပါးပါးကို စီးထားတဲ့ ပုံစံေၾကာင့္ ဟယ္လ္စီယြန္ မ်က္ႏွာက ကြက္ခနဲ ပ်က္သြားေလသည္။ သို႔ေသာ္လည္း ခ်က္ခ်င္းပင္ ျပန္ၿပဳံးထားလိုက္သည္။

မိုအန္ယိုက ဝတ္လာေသာ အေပၚထပ္ကို ဟယ္လ္စီယြန္ကို သာမန္ကာလွ်ံကာ ပစ္ေပးလိုက္ၿပီး မိုလန္ဆီ တည့္တည့္သြားေလသည္။ ၿပီးေတာ့ မိုလန္ကို ဖက္ေတာ့ မိုလန္က ထိုင္ခ်လိုက္ေတာ့ မိုအန္ယိုက မိုလန္ေခါင္းကို လက္ေမာင္းနဲ႔ ညႇစ္ထားေလသည္။

" လူဆိုးမေလး ၊ အေဖကိုေတာင္ တစ္ေခါက္ေလာက္ ျပန္လာမၾကည့္ဘူး ။ ႏွစ္ဝက္လုံးလုံး ဘယ္လိုေတာင္ ထားသြားရဲတာလဲ ? "

" အားး အေဖပဲ လာခိုင္းၿပီးေတာ့ေလ ၊ ဒီမွာ ေနရတာ ေန႔ရက္တိုင္းက ေသလုပဲ၊ ကိုယ့္သမီးကို ငရဲလို ေနရာမ်ိဳးကို ပို႔ထားၿပီးေတာ့ အေဖက ဥေရာပမွာ ခပ္ငယ္ငယ္ေလးေတြနဲ႔ ကဲေနမွာေလ ၊ အဲတာေၾကာင့္ အေဖ့ဆီကိုလည္း မလာခ်င္ပါဘူး "

မိုအန္ယိုက ထိုအတိုင္း လက္ေမာင္းထဲ ဖက္ထားရင္း " ၾကည့္စမ္း ၊ အ႐ြယ္ေတာင္ မေရာက္ေသးဘူး ။ အေဖကို ပုန္ကန္ေနတာပဲ "

" သမီး အ႐ြယ္ေရာက္ေနၿပီ ဆိုေန " မိုလန္က သူ၏ အားျပင္းေသာ ဖယ္႐ိုမုန္းမ်ားျဖင့္ သူ႔အေဖကို ေနာက္ဆုတ္ေအာင္ လုပ္လိုက္သည္။

" ဟား ဟား " မိုအန္ယိုက ေက်နပ္စြာ ရယ္လိုက္ၿပီးေတာ့ မိုလန္၏ ဖယ္႐ိုမုန္းမ်ားကို ဖိႏွိပ္လိုက္ေတာ့ မိုလန္ကပဲ သူ႔ဖယ္႐ိုမုန္းကို သူ ျပန္သိမ္းလိုက္သည္။

မိုအန္ယိုက မိုလန္ကို ၾကင္ၾကင္နာနာ ဖက္ကာ " ဒယ္ဒီ သမီးကို လြမ္းေနတာ"

မိုလန္က ၿငိမ္ၿငိမ္ေလးေနၿပီး " သမီးလည္း ဒယ္ဒီကို သတိရပါတယ္ "
ၿပီးေနာက္ မိုလန္က သူဒီမွာေနတုန္းက အေတြ႕အႀကဳံေတြ ဥပမာ ဟယ္ဒရီယန္နဲ႔ သူက ကားေမာင္းၿပိဳင္ရင္း အေဝးေျပး လမ္းမေပၚက ဘေလာ့ေတြကို အကုန္ဖ်က္ဆီးမိသြားတာမ်ိဳး ၊ ပါတီသြားရင္း ေသာက္တာ လက္လြန္သြားလို႔ အိမ္ေရွ႕ပန္းၿခံမွာ ေမွာက္ယက္ႀကီး အိပ္ေပ်ာ္ေနတာမ်ိဳး စသျဖင့္ ေျပာျပကာ ရယ္ေမာေနေလသည္။ မိုရွန္းကေတာ့ ႐ုပ္ေသႀကီးနဲ႔ ထိုင္ေနေပမဲ့ ဟယ္လ္စီယြန္ကေတာ့ အတူ ရယ္ေမာေပးေနေလသည္။

" အန္ကယ္ မဂၤလာပါ ၊ ကြၽန္မက စီလင္း ေဝလာပါ။ အန္ကယ္ေရာက္လာမယ္ဆိုတာ သတင္းၾကားခဲ့လို႔ ႏွစ္တစ္ရာ ဂ်ပ္ဆင္းကို လက္ေဆာင္ေပးဖို႔ ယူလာခဲ့မိတယ္။ " မိုအန္ယိုက မိုလန္နဲ႔စကားေျပာေနစဥ္ ေ႐ႊဝါေရာင္ ဆံပင္နဲ႔ လွပေသာ အိုမီဂါက လာႏႈတ္ဆက္ေလသည္။

မိုအန္ယိုက မိုလန္ကို ' ဒီေကာင္မေလးက ??? 'ဆိုတဲ့ အၾကည့္နဲ႔ ၾကည့္လာေသာ မိုလန္က လွ်ာေလးထုတ္ကာ ပခုံးတြန႔္ျပလိုက္သည္။ မိုအန္ယိုက မိုလန္ကို ဂုဏ္ယူစြာျဖင့္ ပခုံးပုတ္လိုက္သည္။ "

You are reading the story above: TeenFic.Net