Part (16)

Background color
Font
Font size
Line height

Unicode

ချန်ကီသည် မိုစံအိမ်မှ သူမ၏အခန်းငယ်လေးအတွင်း သစ်သားတုံးများကို အမှန်အသားများပြုလုပ်ရင်း သူမက အတွေးများနေလေသည်။ တခြားကိစ္စရပ်တော့ မဟုတ်ရပါချေ။

သူတို့က ယခုလအတွက် ပရောဂျက်တင်ပြရန်ရှိလေရာ ကျောင်းသား၆ယောက်နှင့် ပရော်ဖက်ဆာ တစ်ယောက်ပူးပေါင်းလုပ်ရလေသည်။ ချန်ကီက ထိပ်တန်းအဆင့်၆ဖြစ်တာကြောင့် ထိပ်တန်း ၅ ယောက်နဲ့အတူ လုပ်ရသော်လည်း ပရော်ဖက်ဆာ လော့ရန့်က သူ့‌အပေါ် တစ်မျိုးဖြစ်နေသလိုပင်။

သက်သေခိုင်လုံစွာ မရှိသော်လည်း ပရော်ဖက်ဆာ လော့ရန့်က သူ့အပေါ် အလွန်စူးစမ်းနေသကဲ့သို့ ခံစားရလေသည်။ သို့သော်လည်း ပရော်ဖက်ဆာ လော့ရန့်က သူကိုလည်း စကားအပိုမဆိုချေ။

ချန်ကီသည် ထူးဆန်းသည်ဆိုတဲ့ခံစားချက်ကို ရတာကြောက့် ဆွန်ယာကို မေးကြည့်တော့လည်း ပရော်ဖက်ဆာလော့ရန့်က လူတိုင်းအပေါ် ဖော်ရွေတတ်ကြောင်း၊သူမက အလုပ်အများကြီး လုပ်နေရတာကြောင့် မလိုအပ်ဘဲ စိတ်ပူနေခြင်းဖြစ်သည်ဟု ဆိုလေသည်။

" ဘာပဲ ဖြစ်ဖြစ် ထူးဆန်းတယ် "

"ဘာကလဲ ? "

"အောင်မယ်လေး "
မိုလန်၏ အသံက ရုတ်တရက် ခေါင်းပေါ်ကနေ ထွက်လာတော့ ချန်ကီ လန့်ဖြတ်ကာ အော်မိသည်။ မိုလန်က ချန်ကီနောက်က စားပွဲကို လက်ထောက်ကာ ရပ်နေရင်း ချန်ကီ ဖြတ်နေသော သစ်သားချောင်းတွေကို စိတ်ဝင်တစားကြည့်နေလေသည်။

ပြီးခဲ့တဲ့ ရက်တွေတုန်းက စံအိမ်ငယ်မှာ သွားနေနေတာကြောင့် တစ်ပတ်လောက်နီးနီး မိုလန်ကို ‌မတွေ့ခဲ့ရပေ။ မိုလန်သည် ဆံပင်ရှည်တွေကို တရုတ်စာလုံးများထွင်းထားသော ဆံထိုးဖြင့် လျော့တိလျော့ရဲ ထုံးထားကာ တရုတ်ရိုးရာနှင့်ဆင်တူသော ရိုးရာဝတ်စုံ စိမ်းဖျော့ဖျော့ကို ဝတ်ထားလေရာ အသားအရေကမူ သိသိသာသာပင် ကြည်လင်တောက်ပနေလေသည်။

ချန်ကီကမူ ကြမ်းပြင်တွေ ထိုင်ကာ လွှဖြတ်နေတာကြောင့် သူ့ပုံစံက နည်းနည်းလေး ဖြစ်ကတတ်ဆန်းနိုင်လှသည်။ ထို့အပြင် ချန်ကီက ဆံပင်အတိုကို ၂ ဖက်ခွစီးကာ ခဲတံတွေကိုလည်း ထိုးထားတာကြောင့် သူ့ပုံစံက ရှုပ်ပွနေလေသည်။ ချန်ကီက ဆံပင်တွေကို ဂရုစိုက်ဖို့အချိန်မရှိ‌တာကြောင့် သူက အမြဲခပ်တိုတိုသာ ညှပ်လေ့ရှိသည်။

"အဲတာတွေက ဘာလုပ်ဖို့လဲဟင် " မိုလန်က စပ်စပ်စုစုမေးလေသည်။

"ကျောင်းပရောဂျက်အတွက်လေ ။ ဒီအပိုင်းအစတွေကို ဆက်ပြီး မျှော်စင်ဆောက်ရမှာ ၊ ပြီးတော့ ငလျင်ဒဏ်ကို ခံနိုင်တာကို စမ်းသပ်ရမှာ "

"ဒီအပိုင်းအစတွေကို ဆက်လိုက်ရုံပဲလား ? " မိုလန်က ချန်ကီဘေးတွင် ‌ဆောင့်ကြောင့် ထိုင်ချပြီးတော့ အပိုင်းအစတွေကို ကောက်ကိုင်လေသည်။

"ဆက်ချင်သလိုတော့ ဆက်လို့မရဘူး။ ပုံကြမ်းဆွဲထားတာ ရှိတယ်။ Lego ဆက်သလို ဆက်ရမှာ ၊ ဒီမှာ ပုံကြမ်း  "
ချန်ကီက ပရောဂျက်အတွက် ဆွဲထားသော ပုံကြမ်းကို ပြတော့ မိုလန်က ပုံစံတူတွေ ရှာကာ ဆက်နေလေသည်။

" Beam တွေက ရေပြင်ညီအတိုင်းဆက်ပေးရမှာ၊ column တိုင်တွေကျတော့ ဒေါင်လိုက်၊ ဖောင်ဒေးရှင်းပြီးရင် အပေါ် အဲအတိုင်း ဆက်သွားရင် ရတယ်။ သူကတော့ ကော်ကပ်ရဦးမှာပေါ့ " ချန်ကီက သေချာလေးရှင်းပြတော့ မိုလန်က သဘောပေါက်သွားကာ သူက ခပ်မြန်မြန်ပင် မှန်အောင် လုပ်နိုင်သွားသည်။

"ဒါဆက်ပြီးသွားရင် ဘာလုပ်ရမှာလဲ ? " မိုလန်က သူ တစ်ဝက်တစ်ပျက် ဆက်ပြီးသွားသော မျှော်စင်ကို ပြရင်းမေးလေသည်။

"ရစ်ချာစကေး ဘယ်လောက်ထိ ခံနိုင်လဲဆိုတာ စမ်းကြည့်ရမှာ၊ ဒီမျှော်စက်ဆောက်မယ့်နေရာက ငလျင်အများကြီးလှုပ်တဲ့ကမ်းခြေနေရာဆိုတော့လေ "

"ဘယ်လိုစမ်းမှာလဲ ? " မိုလန်က တစ်ခုချင်းစီကို ‌အသေးစိတ်မေးနေလေသည်။ ချန်ကီက သူမေးသမျှကို သေသေချာချာရှင်းပြပြီး တစ်ချို့အရာတွေကိုဆိုရင်  သူ ထင်မြင်ရာကို ပြောပြတတ်သည်။ ပြီးတော့ မြို့ပြအင်ဂျင်နီယာမေဂျာက ဘာတွေသင်ရလဲဆိုတာမျိုး၊ ဘာလို ပစ္စည်းတွေက ဘယ်လိုသုံးရကြောင်း၊ သူမြင်ဖူးတဲ့ ပစ္စည်းတွေကို ပြောပြရင်း အဲတာတွေကို ဘယ်လိုခေါ်ကြောင်း မေးလေသည်။

ချန်ကီ မှတ်မိသလောက် သူတို့လက်ထပ်ပြီးကတည်းက ဒါက ပထမဆုံးအကြိမ် စကားအများကြီးပြောဖြစ်တာဖြစ်သည်။ မိုလန်၏ မျက်လုံးများကလည်း ကြည်လင်နေ‌ကာ အမှန်တကယ်ကို တည်ငြိမ်သည့်အသွင်ဖြစ်သည်။ သူ သိချင်တာကို သိသွားပြီဆိုလို့ မျက်ခုံးများပင့်တတ်သည့်အမူအကျင့်ရှိကြောင်းကိုလည်း သိလိုက်ရသည်။

ချန်ကီကလည်း သစ်သား‌စတွေကို ပုံဖော်ကာ ဖြတ်ပေးရင်း နောက်ဆုံး မျှော်စင်က ထိပ်ပိုင်းသာ ကျန်တော့သည်။ ထိုအချိန်တွင် မိုလန်က ဓာတ်ပုံရိုက်ထားချင်ကြောင်း ပြောတာကြောင့် ချန်ကီကလည်း ရကြောင်း ပြောလေသည်။

ထိုအခါတွင် မိုလန်က ဖုန်းယူရန် သူ့အခန်းထဲသို့ ပြန်သွားလေသည်။

ချန်ကီက အပြီးသတ်ပြီးနောက်  ကော်ကပ်ရန်သာ ကျန်နေသည့်အချိန်တွင် သူက အခန်းထဲက အမှိုက်သရိုက်၊သစ်သားအကြွင်းအကျန်များကို ရှင်းလင်းနေစဉ် ဟယ်ဒရီယန်က ရောက်ချလာသည်။

"အစ်မကြီးက ဒီမှာလည်း အချိန်ပိုင်းသန့်ရှင်းရေးလာလုပ်တာပဲလေ၊ အစ်မကြီးကို ကြည့်ရတာ အောက်ခြေသိမ်းအလုပိတွေကို ကြိုက်ပုံရတယ်နော်"

ချန်ကီက စိတ်အခြေအနေကောင်းနေတာကို ဟယ်ဒရီယန်ကြောင့် မဖျက်ဆီးချင်တာကြောင့် တိတ်တိတ်လေး အမှိုက်လှဲနေလေသည် ။

"မိုလန်ကို တွေ့မိသေးလား ? "

" ခုနက ဖုန်းသွားယူမယ်ဆိုပြီး အပေါ်ထပ်တက်သွားတယ် "

" ဪ ဟုတ်လား ? အစ်မကြီး ဒီမှာ သန့်ရှင်းရေးလာလုပ်နေတာ ဘယ်လောက်ကြာပြီလဲ ? လစာ ဘယ်လောက်ရလဲ ? အစ်မကြီး သန့်ရှင်းရေး လုပ်နေတဲ့ပုံကို ဓာတ်ပုံရိုက်ထားရမယ်။ အဖေက သူ့သားကို သန့်ရှင်းရေးလုပ်နေတဲ့ သူက စာသင်ပေးနေတာ သိရင် ဒေါသထွက်လွန်းလို့ အငွေ့တောင် ပျံ့သွားမယ်နဲ့တူတယ် "

" မိုမိသားစုအိမ်မှာ သန့်ရှင်းရေးလုပ်တယ်လို့ ထည့်ပြောလိုက်သင့်တယ် " ချန်ကီက ထိုသို့ဆိုတော့ ဟယ်ဒရီယန်က

"ဟုတ်သားပဲ ၊ မိုလန်တို့အိမ်က အိမ်ဖော်တွေကိုတောင် ပရော်ဖက်ရှင်နယ် ဘွဲ့ရပြီးသားတွေပဲ ခန့်တာဆိုတော့ အစ်မကြီးက မဆိုးဘူးပဲ ၊ ဒီတစ်ခါ အဖေလာရင်လည်း ခါတိုင်းလိုပဲ အမှတ်တေကို ဖြည့်ပီး ပြောပေးလိုက် "

ဟယ်ဒရီယန်က ချန်ကီကို ‌အနည်းငယ်ပြောဆိုပြီးတော့ သူက အခန်းကို ဟိုဟိုဒီဒီစပ်စုလေသည်။ သူက ပန်းအိုးဘာညာကို စပ်စုနေတုန်း ခုလေးတင် မိုလန်ခဲ့သော မျှော်စင်ကို မြင်သွားလေသည်။

မျှော်စင်က ငလျင်ဒဏ်စမ်းသပ်သည့် ဘုတ်ပြားပေါ်တွင် တင်ထားခြင်း ဖြစ်လေသည်။

"ဘာလေးလဲ အဲတာ " ဟယ်ဒရီယန်က အနားသွားရင်း စပ်စပ်စုစုပင် ဘုတ်ပြားပေါ်က ခလုတ်တွေကို နှိပ်ချလိုက်သည်။

"အဲတာကို မထိနဲ့ ! အဲတာက မိုလန် စီထားတာ ......! "
ချန်ကီ သတိပေးသည်ပင် မဆုံးသေး မျောက်စလူးထက်ပင် လက်မြန်သော ဟယ်ဒရီလက်က ရစ်ချက်စကေး ၉ကို နှိပ်လိုက်ရာ ကော်မကပ်ထားသော သစ်သားမျှော်စင်လေးသည် တစ်စက္ကန့်အတွင်းပင် တစ်ခုချင်းစီ ပြိုကျသွားလေသည် ။

တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်တွင် မိုလန်က ဖုန်းယူပြီး အခန်းထဲ ဝင်လာချိန်ဖြစ်လေသည်။ မိုလန်သည် ဟယ်ဒရီယန် နှိပ်လိုက်တာကြောင့် တစ်စစီ ပြိုသွားသော မျှော်စင်အပိုင်းအစများကို မြင်ပြီးတော့ အံကြိတ်လိုက်လေသည်။

"မို...မိုလန် .ဆော..ဆောရီး ငါ မတော်တဆ ထိလိုက်မိတယ် "
ဟယ်ဒရီယန်က မိုလန်ဒေါသအကြောင်း သိသူပီပီ အ‌ထစ်ထစ်အငေါ့ငေါ့ဖြင့် တောင်းပန်လေသည်။

သို့သော်လည်း မိုလန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ချာခနဲ လှည့်ထွက်သွားလေသည်။

"ငါ မသိလို့ နှိပ်မိတာဆိုနေမှကွာ ၊ ဟေ့ကောင် အဲတာလေးကို စိတ်ဆိုးစရာလား ?" ဟယ်ဒရီယန်က နောက်ကနေ ပြေးလိုက်သွားရင်း ဆိုလေသည်။ ဟယ်ဒရီယန်က မိုလန်ပခုံးကို ဖက်ကာ ပြောပေမဲ့ မိုလန်က ချက်ချင်းပဲ ဆွဲဖယ်ကာ သွားလေသည်။

ချန်ကီသည် စိတ်ဆိုး‌ကာ ထွက်သွားသူနှင့် လိုက်ချော့နေသော သူငယ်ချင်း၂ ယောက် မိုလန်နှင့်ဟယ်ဒရီယန်ကို ကြည့်ကာ ပြုံးမိသည်။

ဂုဏ်ဒြပ်အသိုင်းအဝိုင်းတွေသာ ကာဆီးမထားလျှင် သံယောဇဉ်တိုင်းက ဖြူစင်ကြချည်းသာ။

ချန်ကီသည် တစ်စစီ ပြန့်ကျဲနေသော သစ်သားအပိုင်းအစများကို ကောက်‌နေရင်း အိမ်တော်ထိန်းရှန်နန်က လာပြောလေသည်။

"မစ္စတာမိုနဲ့ ပထမသခင်လေး မိုရှန်းတို့ ရောက်နေတာကြောင့် အားလုံးက ကြိုဆိုဖို့ အိမ်တော်ရှေ့ကနေ စောင့်‌ရပါ့မယ်။ ချက်ချင်း ပြင်ဆင်ပေးထားတဲ့ဝတ်စုံကို ဝတ်ပြီး ထွက်လာခဲ့"
ဟု ဆိုကာ နက်ပြာရောင်ဝတ်စုံကို ပေးကာ ထွက်သွားလေသည် ။

ချန်ကီသည် ပေးလာသော ဝတ်စုံကို ယူလိုက်သည်။
သခင်ကြိီးမိုနဲ့ ပထမသခင်လေး မိုရှန်း ၊ သူ မိုစံအိမ်ကို ရောက်ပြီး နှစ်ဝက်ကြာမှ ပထမဆုံး မြင်ရတော့မည်ဖြစ်တာကြောင့် ချန်ကီက အနည်းငယ် စိတ်လှုပ်ရှားနေလေသည်။

သူတို့က မိုလန်ကဲ့သို့ပင် အထက်စီးဆန်ကာ နေမလား ?
….........

ဟယ်ဒရီယန်က  သခင်ကြီးမိုနဲ့ အစ်ကိုမိုရှန်းတို့ရောက်လာတာကြောင့် သူက ပြန်လာခဲ့ရလေသည်။ ဟယ်ဒရီယန်က ပျင်းနေတာနဲ့ သူ စီးနေကြ စက်ဘီးအသေးလေးနဲ့ အနီးအနားပန်းခြံတွေကို စက်ဘီးပတ်စီးနေလေသည်။ သူ့အဖေခန့်ထားသော သက်တော်စောင့်နဲ့ သူနဲ့မီတာ၁၀၀ ပတ်လည်မှာ ရှိနေတာကြောင့် ဟယ်ဒရီယန်က စိတ်ချလက်ချသွားနေလေသည်။ စက်ဘီးစီးရတာမောလာရင်တောင် သူ့ကို အိမ်အထိ ချီသွားဆိုရင် ချီသွားကြမည့် လူတွေဖြစ်သည်။

သူက စက်ဘီးစီးရတာ အနည်းငယ်မောလာတာကြောင့် အနီးအနားက convenient store ကို ဝင်ကာ ပဲစုံဖျော်ရည်နို့အေးဘူးကို ဝင်ဝယ်လိုက်သည်။

" ၂.၇ ဒေါ်လာကျသင့်ပါတယ်။ ငွေသားနဲ့ ရှင်းမှာလား ? ကဒ်နဲ့ရှင်းမှာလား ? "

"ကဒ်နဲ့ " ဟယ်ဒရီယန်က ငွေရှင်းပြီး ကဒ်ထုတ်ပြီး ပေးလိုက်ချိန်မှ သူက မှင်သက်သွားလေသည်။

‌အထက်တန်းကျောင်းသားတွေ ညှပ်လေ့ရှိတဲ့ တပ်ထွက်ကေကိုမှ အနည်းငယ်ရှည်နေပြီး နဖူးပေါ် ဝဲကျနေတဲ့ ဆံစလေးတွေ၊ ပြောင်ရှင်းနေတဲ့ နားရွက်နုနုလေးတွေ၊ ပေါ်ပီလေးတွေလို မျက်လုံးဝိုင်းဝိုင်းလေး၊ ပါးပြင်ပေါ်က ပါးချိုင့်ကလေး၊ ကျော့ရှင်းနေတဲ့ လည်တိုင်ပတ်ပတ်လည်က အနက်ရောင် လည်ပတ်။

ဒီလောက် ပြီးပြည့်စုံတဲ့ အသွင်၊ချိုသာတဲ့အသံလေးနဲ့က တစ်ရာ ရာခိုင်နှုန်း အိုမီဂါစင်စစ်လေးပင်။

ဘုရားရေ နတ်သားလေးကို ဘယ်သူက အလုပ်လာခန့်ထားတာလဲ !

"လူကြီးမင်း ကဒ်လေး ဖြတ်ပါရစေ " ဝန်ထမ်းလေးက နောက်တစ်ခါထပ်ပြောမှ အငေးလွန်နေတဲ့ သူ့အဖြစ်ကို ပြန်သတိပြုမိကာ ကဒ်ကို လွှတ်လိုက်သည်။

" အချောလေး နာမည် ဘယ်လိုခေါ်လဲ ? " ဟယ်ဒရီယန်က ပြောင်တင်းတင်းပဲ အလှလေးက ကြူးလေသည်။

ဝန်ထမ်းလေးက ပြုံးနေပြီးတော့ "ဒီမှာ ပဲစုံဖျော်ရည်နို့အေးနဲ့ ဘောက်ချာပါ ခင်‌ဗျ "

ဟယ်ဒရီယန်က သူ၏ ချောမောလှပသော ‌မျက်နှာကြီးကို ရှေ့ကို တွန်းတိုက်ကာ ပြရင်း မေးနေလေသည်။

"ဟေ့လူ ဝယ်ပြီးရင်လည်း ဘေးဖယ်လေ " ဟယ်ဒရီယန်က ငေါက်မလို့ နောက်လှည့်ရုံသာ ရှိသေးသည်။ တစ်မိုင်ကျော်လောက်ထိ ရှည်သော လူတန်းကြီးကြောင့် သူက ဘေးသို့ ဆုတ်ပေးလိုက်ရသည်။

"ဧည့်သည် ထွက်ပေါက်က ဘယ်ဖက်မှာပါ "
ဝန်ထမ်းကောင်လေးက ပြောတော့ ဟယ်ဒရီယန်က ရှက်သွေးများဖြန်းကာ သူက ထွက်ပေါက်ဆီ သွားလေသည်။

ရှေ့ကို ကိုင်းကာ ပြောလိုက်တာကြောင့် ဝန်ထမ်းလေး၏ နာမည်ကဒ်က ရှေ့သို့ တွဲလောင်းကျလာရာ နာမည်ကို တွေ့လိုက်ရသည်။

အိုင်ယန်နို ၊ စီနီယာ အထက်တန်းနောက်ဆုံးနှစ်။

ဟယ်ဒရီယန်က နာမည်သိပြီမို့ ပြုံးတုံ့တုံ့နဲ့ထွက်လာရာ အပြင်ရောက်မှ တစ်ခုခုမှားနေသည်ကို သတိထားမိလေသည်။

စီနီယာ အထက်တန်းနောက်ဆုံးနှစ်!
အထက်တန်းနောက်ဆုံးနှစ် !
အထက်တန်း !
အထက်တန်း !

အထက်တန်းကျောင်းသားဆိုတော့ ဆိုလိုတာက ဒီအိုမီဂါလေးက အသက်မပြည့်သေးဘူးပေါ့။ အဲတော့ သူ့ကို ရည်းစားစကားပြောလို့မရသေးဘူးပေါ့။

ဟယ်ဒရီယန်သည် လက်ထဲက ပဲစံဖျော်ရည်နို့အေးဘူးကို ကိုင်ကာ အကျယ်ကြီး အော်လိုက်တော့သည်။

"အန်းသွဲ့!!!!"

To be continued











Zawgyi

ခ်န္ကီသည္ မိုစံအိမ္မွ သူမ၏အခန္းငယ္ေလးအတြင္း သစ္သားတုံးမ်ားကို အမွန္အသားမ်ားျပဳလုပ္ရင္း သူမက အေတြးမ်ားေနေလသည္။ တျခားကိစၥရပ္ေတာ့ မဟုတ္ရပါေခ်။

သူတို႔က ယခုလအတြက္ ပေရာဂ်က္တင္ျပရန္ရွိေလရာ ေက်ာင္းသား၆ေယာက္ႏွင့္ ပေရာ္ဖက္ဆာ တစ္ေယာက္ပူးေပါင္းလုပ္ရေလသည္။ ခ်န္ကီက ထိပ္တန္းအဆင့္၆ျဖစ္တာေၾကာင့္ ထိပ္တန္း ၅ ေယာက္နဲ႔အတူ လုပ္ရေသာ္လည္း ပေရာ္ဖက္ဆာ ေလာ့ရန႔္က သူ႔‌အေပၚ တစ္မ်ိဳးျဖစ္ေနသလိုပင္။

သက္ေသခိုင္လုံစြာ မရွိေသာ္လည္း ပေရာ္ဖက္ဆာ ေလာ့ရန႔္က သူ႔အေပၚ အလြန္စူးစမ္းေနသကဲ့သို႔ ခံစားရေလသည္။ သို႔ေသာ္လည္း ပေရာ္ဖက္ဆာ ေလာ့ရန႔္က သူကိုလည္း စကားအပိုမဆိုေခ်။

ခ်န္ကီသည္ ထူးဆန္းသည္ဆိုတဲ့ခံစားခ်က္ကို ရတာေၾကာက့္ ဆြန္ယာကို ေမးၾကည့္ေတာ့လည္း ပေရာ္ဖက္ဆာေလာ့ရန႔္က လူတိုင္းအေပၚ ေဖာ္ေ႐ြတတ္ေၾကာင္း၊သူမက အလုပ္အမ်ားႀကီး လုပ္ေနရတာေၾကာင့္ မလိုအပ္ဘဲ စိတ္ပူေနျခင္းျဖစ္သည္ဟု ဆိုေလသည္။

" ဘာပဲ ျဖစ္ျဖစ္ ထူးဆန္းတယ္ "

"ဘာကလဲ ? "

"ေအာင္မယ္ေလး "

မိုလန္၏ အသံက ႐ုတ္တရက္ ေခါင္းေပၚကေန ထြက္လာေတာ့ ခ်န္ကီ လန႔္ျဖတ္ကာ ေအာ္မိသည္။ မိုလန္က ခ်န္ကီေနာက္က စားပြဲကို လက္ေထာက္ကာ ရပ္ေနရင္း ခ်န္ကီ ျဖတ္ေနေသာ သစ္သားေခ်ာင္းေတြကို စိတ္ဝင္တစားၾကည့္ေနေလသည္။

ၿပီးခဲ့တဲ့ ရက္ေတြတုန္းက စံအိမ္ငယ္မွာ သြားေနေနတာေၾကာင့္ တစ္ပတ္ေလာက္နီးနီး မိုလန္ကို ‌မေတြ႕ခဲ့ရေပ။ မိုလန္သည္ ဆံပင္ရွည္ေတြကို တ႐ုတ္စာလုံးမ်ားထြင္းထားေသာ ဆံထိုးျဖင့္ ေလ်ာ့တိေလ်ာ့ရဲ ထုံးထားကာ တ႐ုတ္႐ိုးရာႏွင့္ဆင္တူေသာ ႐ိုးရာဝတ္စုံ စိမ္းေဖ်ာ့ေဖ်ာ့ကို ဝတ္ထားေလရာ အသားအေရကမူ သိသိသာသာပင္ ၾကည္လင္ေတာက္ပေနေလသည္။

ခ်န္ကီကမူ ၾကမ္းျပင္ေတြ ထိုင္ကာ လႊျဖတ္ေနတာေၾကာင့္ သူ႔ပုံစံက နည္းနည္းေလး ျဖစ္ကတတ္ဆန္းႏိုင္လွသည္။ ထို႔အျပင္ ခ်န္ကီက ဆံပင္အတိုကို ၂ ဖက္ခြစီးကာ ခဲတံေတြကိုလည္း ထိုးထားတာေၾကာင့္ သူ႔ပုံစံက ရႈပ္ပြေနေလသည္။ ခ်န္ကီက ဆံပင္ေတြကို ဂ႐ုစိုက္ဖို႔အခ်ိန္မရွိ‌တာေၾကာင့္ သူက အၿမဲခပ္တိုတိုသာ ညႇပ္ေလ့ရွိသည္။

"အဲတာေတြက ဘာလုပ္ဖို႔လဲဟင္ " မိုလန္က စပ္စပ္စုစုေမးေလသည္။

"ေက်ာင္းပေရာဂ်က္အတြက္ေလ ။ ဒီအပိုင္းအစေတြကို ဆက္ၿပီး ေမွ်ာ္စင္ေဆာက္ရမွာ ၊ ၿပီးေတာ့ ငလ်င္ဒဏ္ကို ခံႏိုင္တာကို စမ္းသပ္ရမွာ "

"ဒီအပိုင္းအစေတြကို ဆက္လိုက္႐ုံပဲလား ? " မိုလန္က ခ်န္ကီေဘးတြင္ ‌ေဆာင့္ေၾကာင့္ ထိုင္ခ်ၿပီးေတာ့ အပိုင္းအစေတြကို ေကာက္ကိုင္ေလသည္။

"ဆက္ခ်င္သလိုေတာ့ ဆက္လို႔မရဘူး။ ပုံၾကမ္းဆြဲထားတာ ရွိတယ္။ Lego ဆက္သလို ဆက္ရမွာ ၊ ဒီမွာ ပုံၾကမ္း  "
ခ်န္ကီက ပေရာဂ်က္အတြက္ ဆြဲထားေသာ ပုံၾကမ္းကို ျပေတာ့ မိုလန္က ပုံစံတူေတြ ရွာကာ ဆက္ေနေလသည္။

" Beam ေတြက ေရျပင္ညီအတိုင္းဆက္ေပးရမွာ၊ column တိုင္ေတြက်ေတာ့ ေဒါင္လိုက္၊ ေဖာင္ေဒးရွင္းၿပီးရင္ အေပၚ အဲအတိုင္း ဆက္သြားရင္ ရတယ္။ သူကေတာ့ ေကာ္ကပ္ရဦးမွာေပါ့ " ခ်န္ကီက ေသခ်ာေလးရွင္းျပေတာ့ မိုလန္က သေဘာေပါက္သြားကာ သူက ခပ္ျမန္ျမန္ပင္ မွန္ေအာင္ လုပ္ႏိုင္သြားသည္။

"ဒါဆက္ၿပီးသြားရင္ ဘာလုပ္ရမွာလဲ ? " မိုလန္က သူ တစ္ဝက္တစ္ပ်က္ ဆက္ၿပီးသြားေသာ ေမွ်ာ္စင္ကို ျပရင္းေမးေလသည္။

"ရစ္ခ်ာစေကး ဘယ္ေလာက္ထိ ခံႏိုင္လဲဆိုတာ စမ္းၾကည့္ရမွာ၊ ဒီေမွ်ာ္စက္ေဆာက္မယ့္ေနရာက ငလ်င္အမ်ားႀကီးလႈပ္တဲ့ကမ္းေျခေနရာဆိုေတာ့ေလ "

"ဘယ္လိုစမ္းမွာလဲ ? " မိုလန္က တစ္ခုခ်င္းစီကို ‌အေသးစိတ္ေမးေနေလသည္။ ခ်န္ကီက သူေမးသမွ်ကို ေသေသခ်ာခ်ာရွင္းျပၿပီး တစ္ခ်ိဳ႕အရာေတြကိုဆိုရင္  သူ ထင္ျမင္ရာကို ေျပာျပတတ္သည္။ ၿပီးေတာ့ ၿမိဳ႕ျပအင္ဂ်င္နီယာေမဂ်ာက ဘာေတြသင္ရလဲဆိုတာမ်ိဳး၊ ဘာလို ပစၥည္းေတြက ဘယ္လိုသုံးရေၾကာင္း၊ သူျမင္ဖူးတဲ့ ပစၥည္းေတြကို ေျပာျပရင္း အဲတာေတြကို ဘယ္လိုေခၚေၾကာင္း ေမးေလသည္။

ခ်န္ကီ မွတ္မိသေလာက္ သူတို႔လက္ထပ္ၿပီးကတည္းက ဒါက ပထမဆုံးအႀကိမ္ စကားအမ်ားႀကီးေျပာျဖစ္တာျဖစ္သည္။ မိုလန္၏ မ်က္လုံးမ်ားကလည္း ၾကည္လင္ေန‌ကာ အမွန္တကယ္ကို တည္ၿငိမ္သည့္အသြင္ျဖစ္သည္။ သူ သိခ်င္တာကို သိသြားၿပီဆိုလို႔ မ်က္ခုံးမ်ားပင့္တတ္သည့္အမူအက်င့္ရွိေၾကာင္းကိုလည္း သိလိုက္ရသည္။

ခ်န္ကီကလည္း သစ္သား‌စေတြကို ပုံေဖာ္ကာ ျဖတ္ေပးရင္း ေနာက္ဆုံး ေမွ်ာ္စင္က ထိပ္ပိုင္းသာ က်န္ေတာ့သည္။ ထိုအခ်ိန္တြင္ မိုလန္က ဓာတ္ပုံ႐ိုက္ထားခ်င္ေၾကာင္း ေျပာတာေၾကာင့္ ခ်န္ကီကလည္း ရေၾကာင္း ေျပာေလသည္။

ထိုအခါတြင္ မိုလန္က ဖုန္းယူရန္ သူ႔အခန္းထဲသို႔ ျပန္သြားေလသည္။

ခ်န္ကီက အၿပီးသတ္ၿပီးေနာက္  ေကာ္ကပ္ရန္သာ က်န္ေနသည့္အခ်ိန္တြင္ သူက အခန္းထဲက အမႈိက္သ႐ိုက္၊သစ္သားအႂကြင္းအက်န္မ်ားကို ရွင္းလင္းေနစဥ္ ဟယ္ဒရီယန္က ေရာက္ခ်လာသည္။

"အစ္မႀကီးက ဒီမွာလည္း အခ်ိန္ပိုင္းသန႔္ရွင္းေရးလာလုပ္တာပဲေလ၊ အစ္မႀကီးကို ၾကည့္ရတာ ေအာက္ေျခသိမ္းအလုပိေတြကို ႀကိဳက္ပုံရတယ္ေနာ္"

ခ်န္ကီက စိတ္အေျခအေနေကာင္းေနတာကို ဟယ္ဒရီယန္ေၾကာင့္ မဖ်က္ဆီးခ်င္တာေၾကာင့္ တိတ္တိတ္ေလး အမႈိက္လွဲေနေလသည္ ။

"မိုလန္ကို ေတြ႕မိေသးလား ? "

" ခုနက ဖုန္းသြားယူမယ္ဆိုၿပီး အေပၚထပ္တက္သြားတယ္ "

" ဪ ဟုတ္လား ? အစ္မႀကီး ဒီမွာ သန႔္ရွင္းေရးလာလုပ္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ ? လစာ ဘယ္ေလာက္ရလဲ ? အစ္မႀကီး သန႔္ရွင္းေရး လုပ္ေနတဲ့ပုံကို ဓာတ္ပုံ႐ိုက္ထားရမယ္။ အေဖက သူ႔သားကို သန႔္ရွင္းေရးလုပ္ေနတဲ့ သူက စာသင္ေပးေနတာ သိရင္ ေဒါသထြက္လြန္းလို႔ အေငြ႕ေတာင္ ပ်ံ႕သြားမယ္နဲ႔တူတယ္ "

" မိုမိသားစုအိမ္မွာ သန႔္ရွင္းေရးလုပ္တယ္လို႔ ထည့္ေျပာလိုက္သင့္တယ္ " ခ်န္ကီက ထိုသို႔ဆိုေတာ့ ဟယ္ဒရီယန္က

"ဟုတ္သားပဲ ၊ မိုလန္တို႔အိမ္က အိမ္ေဖာ္ေတြကိုေတာင္ ပေရာ္ဖက္ရွင္နယ္ ဘြဲ႕ရၿပီးသားေတြပဲ ခန႔္တာဆိုေတာ့ အစ္မႀကီးက မဆိုးဘူးပဲ ၊ ဒီတစ္ခါ အေဖလာရင္လည္း ခါတိုင္းလိုပဲ အမွတ္ေတကို ျဖည့္ပီး ေျပာေပးလိုက္ "

ဟယ္ဒရီယန္က ခ်န္ကီကို ‌အနည္းငယ္ေျပာဆိုၿပီးေတာ့ သူက အခန္းကို ဟိုဟိုဒီဒီစပ္စုေလသည္။ သူက ပန္းအိုးဘာညာကို စပ္စုေနတုန္း ခုေလးတင္ မိုလန္ခဲ့ေသာ ေမွ်ာ္စင္ကို ျမင္သြားေလသည္။

ေမွ်ာ္စင္က ငလ်င္ဒဏ္စမ္းသပ္သည့္ ဘုတ္ျပားေပၚတြင္ တင္ထားျခင္း ျဖစ္ေလသည္။

"ဘာေလးလဲ အဲတာ " ဟယ္ဒရီယန္က အနားသြားရင္း စပ္စပ္စုစုပင္ ဘုတ္ျပားေပၚက ခလုတ္ေတြကို ႏွိပ္ခ်လိုက္သည္။

"အဲတာကို မထိနဲ႔ ! အဲတာက မိုလန္ စီထားတာ ......! "
ခ်န္ကီ သတိေပးသည္ပင္ မဆုံးေသး ေမ်ာက္စလူးထက္ပင္ လက္ျမန္ေသာ ဟယ္ဒရီလက္က ရစ္ခ်က္စေကး ၉ကို ႏွိပ္လိုက္ရာ ေကာ္မကပ္ထားေသာ သစ္သားေမွ်ာ္စင္ေလးသည္ တစ္စကၠန႔္အတြင္းပင္ တစ္ခုခ်င္းစီ ၿပိဳက်သြားေလသည္ ။

တိုက္တိုက္ဆိုင္ဆိုင္ပင္ ထိုအခ်ိန္တြင္ မိုလန္က ဖုန္းယူၿပီး အခန္းထဲ ဝင္လာခ်ိန္ျဖစ္ေလသည္။ မိုလန္သည္ ဟယ္ဒရီယန္ ႏွိပ္လိုက္တာေၾကာင့္ တစ္စစီ ၿပိဳသြားေသာ ေမွ်ာ္စင္အပိုင္းအစမ်ားကို ျမင္ၿပီးေတာ့ အံႀကိတ္လိုက္ေလသည္။

"မို...မိုလန္ .ေဆာ..ေဆာရီး ငါ မေတာ္တဆ ထိလိုက္မိတယ္ "
ဟယ္ဒရီယန္က မိုလန္ေဒါသအေၾကာင္း သိသူပီပီ အ‌ထစ္ထစ္အေငါ့ေငါ့ျဖင့္ ေတာင္းပန္ေလသည္။

သို႔ေသာ္လည္း မိုလန္က လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ကာ ခ်ာခနဲ လွည့္ထြက္သြားေလသည္။

"ငါ မသိလို႔ ႏွိပ္မိတာဆိုေနမွကြာ ၊ ေဟ့ေကာင္ အဲတာေလးကို စိတ္ဆိုးစရာလား ?" ဟယ္ဒရီယန္က ေနာက္ကေန ေျပးလိုက္သြားရင္း ဆိုေလသည္။ ဟယ္ဒရီယန္က မိုလန္ပခုံးကို ဖက္ကာ ေျပာေပမဲ့ မိုလန္က ခ်က္ခ်င္းပဲ ဆြဲဖယ္ကာ သြားေလသည္။

ခ်န္ကီသည္ စိတ္ဆိုး‌ကာ ထြက္သြားသူႏွင့္ လိုက္ေခ်ာ့ေနေသာ သူငယ္ခ်င္း၂ ေယာက္ မိုလန္ႏွင့္ဟယ္ဒရီယန္ကို ၾကည့္ကာ ၿပဳံးမိသည္။

ဂုဏ္ျဒပ္အသိုင္းအဝိုင္းေတြသာ ကာဆီးမထားလွ်င္ သံေယာဇဥ္တိုင္းက ျဖဴစင္ၾကခ်ည္းသာ။

ခ်န္ကီသည္ တစ္စစီ ျပန႔္က်ဲေနေသာ သစ္သားအပိုင္းအစမ်ားကို ေကာက္‌ေနရင္း အိမ္ေတာ္ထိန္းရွန္နန္က လာေျပာေလသည္။

"မစၥတာမိုနဲ႔ ပထမသခင္ေလး မိုရွန္းတို႔ ေရာက္ေနတာေၾကာင့္ အားလုံးက ႀကိဳဆိုဖို႔ အိမ္ေတာ္ေရွ႕ကေန ေစာင့္‌ရပါ့မယ္။ ခ်က္ခ်င္း ျပင္ဆင္ေပးထားတဲ့ဝတ္စုံကို ဝတ္ၿပီး ထြက္လာခဲ့"
ဟု ဆိုကာ နက္ျပာေရာင္ဝတ္စုံကို ေပးကာ ထြက္သြားေလသည္ ။

ခ်န္ကီသည္ ေပးလာေသာ ဝတ္စုံကို ယူလိုက္သည္။
သခင္ႀကိီးမိုနဲ႔ ပထမသခင္ေလး မိုရွန္း ၊ သူ မိုစံအိမ္ကို ေရာက္ၿပီး ႏွစ္ဝက္ၾကာမွ ပထမဆုံး ျမင္ရေတာ့မည္ျဖစ္တာေၾကာင့္ ခ်န္ကီက အနည္းငယ္ စိတ္လႈပ္ရွားေနေလသည္။

သူတို႔က မိုလန္ကဲ့သို႔ပင္ အထက္စီးဆန္ကာ ေနမလား ?
….........

ဟယ္ဒရီယန္က  သခင္ႀကီးမိုနဲ႔ အစ္ကိုမိုရွန္းတို႔ေရာက္လာတာေၾကာင့္ သူက ျပန္လာခဲ့ရေလသည္။ ဟယ္ဒရီယန္က ပ်င္းေနတာနဲ႔ သူ စီးေနၾက စက္ဘီးအေသးေလးနဲ႔ အနီးအနားပန္းၿခံေတြကို စက္ဘီးပတ္စီးေနေလသည္။ သူ႔အေဖခန႔္ထားေသာ သက္ေတာ္ေစာင့္နဲ႔ သူနဲ႔မီတာ၁၀၀ ပတ္လည္မွာ ရွိေနတာေၾကာင့္ ဟယ္ဒရီယန္က စိတ္ခ်လက္ခ်သြားေနေလသည္။ စက္ဘီးစီးရတာေမာလာရင္ေတာင္ သူ႔ကို အိမ္အထိ ခ်ီသြားဆိုရင္ ခ်ီသြားၾကမည့္ လူေတြျဖစ္သည္။

သူက စက္ဘီးစီးရတာ အနည္းငယ္ေမာလာတာေၾကာင့္ အနီးအနားက convenient store ကို ဝင္ကာ ပဲစုံေဖ်ာ္ရည္ႏို႔ေအးဘူးကို ဝင္ဝယ္လိုက္သည္။

" ၂.၇ ေဒၚလာက်သင့္ပါတယ္။ ေငြသားနဲ႔ ရွင္းမွာလား ? ကဒ္နဲ႔ရွင္းမွာလား ? "

"ကဒ္နဲ႔ " ဟယ္ဒရီယန္က ေငြရွင္းၿပီး ကဒ္ထုတ္ၿပီး ေပးလိုက္ခ်ိန္မွ သူက မွင္သက္သြားေလသည္။

‌အထက္တန္းေက်ာင္းသားေတြ ညႇပ္ေလ့ရွိတဲ့ တပ္ထြက္ေကကိုမွ အနည္းငယ္ရွည္ေနၿပီး နဖူးေပၚ ဝဲက်ေနတဲ့ ဆံစေလးေတြ၊ ေျပာင္ရွင္းေနတဲ့ နား႐ြက္ႏုႏုေလးေတြ၊ ေပၚပီေလးေတြလို မ်က္လုံးဝိုင္းဝိုင္းေလး၊ ပါးျပင္ေပၚက ပါးခ်ိဳင့္ကေလး၊ ေက်ာ့ရွင္းေနတဲ့ လည္တိုင္ပတ္ပတ္လည္က အနက္ေရာင္ လည္ပတ္။

ဒီေလာက္ ၿပီးျပည့္စုံတဲ့ အသြင္၊ခ်ိဳသာတဲ့အသံေလးနဲ႔က တစ္ရာ ရာခိုင္ႏႈန္း အိုမီဂါစင္စစ္ေလးပင္။

ဘုရားေရ နတ္သားေလးကို ဘယ္သူက အလုပ္လာခန႔္ထားတာလဲ !

"လူႀကီးမင္း ကဒ္ေလး ျဖတ္ပါရေစ " ဝန္ထမ္းေလးက ေနာက္တစ္ခါထပ္ေျပာမွ အေငးလြန္ေနတဲ့ သူ႔အျဖစ္ကို ျပန္သတိျပဳမိကာ ကဒ္ကို လႊတ္လိုက္သည္။

" အေခ်ာေလး နာမည္ ဘယ္လိုေခၚလဲ ? " ဟယ္ဒရီယန္က ေျပာင္တင္းတင္းပဲ အလွေလးက ၾကဴးေလသည္။

ဝန္ထမ္းေလးက ၿပဳံးေနၿပီးေတာ့ "ဒီမွာ ပဲစုံေဖ်ာ္ရည္ႏို႔ေအးနဲ႔ ေဘာက္ခ်ာပါ ခင္‌ဗ် "

ဟယ္ဒရီယန္က သူ၏ ေခ်ာေမာလွပေသာ ‌မ်က္ႏွာႀကီးကို ေရွ႕ကို တြန္းတိုက္ကာ ျပရင္း ေမးေနေလသည္။

"ေဟ့လူ ဝယ္ၿပီးရင္လည္း ေဘးဖယ္ေလ " ဟယ္ဒရီယန္က ေငါက္မလို႔ ေနာက္လွည့္႐ုံသာ ရွိေသးသည္။ တစ္မိုင္ေက်ာ္ေလာက္ထိ ရွည္ေသာ လူတန္းႀကီးေၾကာင့္ သူက ေဘးသို႔ ဆုတ္ေပးလိုက္ရသည္။

"ဧည့္သည္ ထြက္ေပါက္က ဘယ္ဖက္မွာပါ "
ဝန္ထမ္းေကာင္ေလးက ေျပာေတာ့ ဟယ္ဒရီယန္က ရွက္ေသြးမ်ားျဖန္းကာ သူက ထြက္ေပါက္ဆီ သြားေလသည္။

ေရွ႕ကို ကိုင္းကာ ေျပာလိုက္တာေၾကာင့္ ဝန္ထမ္းေလး၏ နာမည္ကဒ္က ေရွ႕သို႔ တြဲေလာင္းက်လာရာ နာမည္ကို ေတြ႕လိုက္ရသည္။

အိုင္ယန္ႏို ၊ စီနီယာ အထက္တန္းေနာက္ဆုံးႏွစ္။

ဟယ္ဒရီယန္က နာမည္သိၿပီမို႔ ၿပဳံးတုံ႔တုံ႔နဲ႔ထြက္လာရာ အျပင္ေရာက္မွ တစ္ခုခုမွားေနသည္ကို သတိထားမိေလသည္။

စီနီယာ အထက္တန္းေနာက္ဆုံးႏွစ္!
အထက္တန္းေနာက္ဆုံးႏွစ္ !
အထက္တန္း !
အထက္တန္း !
အထက္တန္းေက်ာင္းသားဆိုေတာ့ ဆိုလိုတာက ဒီအိုမီဂါေလးက အသက္မျပည့္ေသးဘူးေပါ့။ အဲေတာ့ သူ႔ကို ရည္းစားစကားေျပာလို႔မရေသးဘူးေပါ့။

ဟယ္ဒရီယန္သည္ လက္ထဲက ပဲစံေဖ်ာ္ရည္ႏို႔ေအးဘူးကို ကိုင္ကာ အက်ယ္ႀကီး ေအာ္လိုက္ေတာ့သည္။

"အန္းသြဲ႕!!!!"

To be continued


You are reading the story above: TeenFic.Net