Chapter 2

Background color
Font
Font size
Line height

(Unicode)

"စိတ်ကူးစိတ်သန်းဟာ အရာဝတ္ထုတစ်ခုမှစတင်ပြီး လက်တွေ့ဘဝကို ဖယ်ရှားပစ်မည်...လှည့်စားခြင်းသည် အနုပညာ၏ဗဟိုချက်ဖြစ်ပြီး အမှန်တရားကိုကိုယ်စားပြုသည့် အနုပညာလိမ်ညာမှုအဖြစ် ပုံဖော်ခြင်းဖြစ်သည်..."

အနောက်ကနေခြေလှမ်းသံကိုကြားရသည်။ ကြွေပြားခင်းပေါ်က ဒေါက်ဖိနပ်သံဟာ သူ့အသံမှတစ်ပါး တခြားကင်းစင်နေတဲ့လေဟာနယ်ထဲတွင် ခပ်သိပ်သိပ်လှုပ်ရှားထွက်ပေါ်လာသည်။ တဖြည်းဖြည်းနဲ့ ဒေါက်ဖိနပ်သံဟာ သူနဲ့ပိုမိုနီးကပ်လာသည်။ သူကြားသော်လည်း အာရုံမလွင့်။ ပန်းချီဆရာပီကာဆိုရဲ့ ပန်းချီနဲ့အနုပညာခံယူချက်ကိုသာ တဖွဖွရွတ်နေရင်း သူသိမ်းဆည်းထားတဲ့ ပီကာဆိုအဖိုးတန်ပန်းချီကားကို ငေးမောလျက်ရှိသည်။

"ဟန်နွေး"

သဲ့ခနဲမြည်တဲ့ဒေါက်ဖိနပ်သံအဆုံးမှာ သူ့နာမည်ကိုကြားလိုက်ရသည်။

"ဟန်နွေး"

ပန်းချီကိုသာကြည့်နေဆဲမို့ ဒုတိယအကြိမ်ခေါ်တဲ့အမျိုးသမီးငယ်တစ်ယောက်။ သူဟာ ပန်းချီမှအကြည့်ခွါကာ တစ်ဖက်မှ အမျိုးသမီးကိုကြည့်လိုက်သည်။

"လူတစ်ယောက်ရောက်နေတယ်...နင်နဲ့တွေ့ချင်လို့တဲ့"

"ဘယ်သူလဲ"

"မော်ဒယ် Khun Itt"

"Khun Itt...Itt Jakapat ကိုပြောတာလား"

"အင်း...Guest Room ထဲမှာစောင့်နေတယ်"

"Okay...ငါလာခဲ့မယ်"

အမျိုးသမီးငယ်က ခေါင်းညိမ့်ကာ ပြန်ထွက်သွားသည်။ ဟန်နွေးလို့ခေါ်တဲ့သူဟာ သူ့ရဲ့ကုပ်ထိဝဲကျနေတဲ့ဆံပင်တွေကိုသပ်တင်ကာ လက်ကောက်ဝတ်မှာစွပ်ထားတဲ့ခေါင်းစည်းကြိုးဖြင့် စည်းနှောင်လိုက်သည်။ ထို့နောက် ဘေးဘက်ကပ်လျက်မှာရှိတဲ့အခန်းထဲဝင်ကာ မျက်နှာသစ်လိုက်သည်။ ရေအေးဖြင့်ထိလိုက်သောကြောင့် သွေးကြောတွေပွင့်လာပြီး အာရုံတွေလည်းလန်းသွားသည်။

မှန်ကို ခေတ္တစိုက်ကြည့်နေခိုက် ဘာဆေးကူမှမပါဘဲ ဝင်းမွတ်တဲ့သူ့ရဲ့အသားအရည်ပေါ်တွင် အပြုံးတစ်ခုပေးမိသည်။ ရေနဲ့ထိသောကြောင့် ကြည်လင်လာတဲ့အသားအရည်နဲ့မျက်နှာဟာ သွားတွေ့ရမယ့်တစ်ဖက်လူမြင်ရုံနဲ့တင် စိတ်တစ်ဝက်အေးသွားနိုင်မည့်ဖြစ်တည်မှုမျိုးဖြစ်သည်။

"Itt Jakapat...လာရင်းကိစ္စကို သိနေသလိုပဲ"

ဟန်နွေးဟာ Guest Room ထဲမှာစောင့်နေတဲ့လူတစ်ယောက်ကိုသွားတွေ့သည်။ ထိုသူဟာ ဟန်နွေးဝင်လာတာမသိ။ ခေါင်းငုံ့ထားလျက်ပင် မလှုပ်မယှက်ထိုင်နေသည်။

"မင်္ဂလာပါ"

ဟန်နွေးအသံပြုတော့မှ ထိုလူမော့ကြည့်လာသည်။ အကြည့်ချင်းဆုံချိန်မှာ ထိုလူရဲ့အနေအထားအား ဟန်နွေး အကြမ်းဖျင်းဖတ်တတ်ခဲ့သည်။ စိုးရိမ်မှုတွေများပြားနေတဲ့မျက်ဝန်းထဲမှာ ကြောက်ရွံ့မှုတွေနဲ့အတူ စိတ်မချမှုတွေလည်းပါဝင်သည်။ အသက်လုရှူနေသလားဟု ထင်ရလောက်အောင် မျက်တောင်တွေရဲ့မတည်ငြိမ်မှုဟာ ထင်ရှားသည်။

Itt ဟာ မတ်တပ်ရပ်ပြီး ဟန်နွေးကိုတန်ပြန်နှုတ်ဆက်ချိန်မှာ အပြည့်အဝမရပ်နိုင်ဘဲ အနည်းငယ်ကွေးသောဒူးနဲ့အတူ ကိုင်းဟန်ရှိတဲ့ခါးတို့ဟာ Itt ရဲ့လက်ရှိကြုံနေရတဲ့ပြဿနာရဲ့ပုံရိပ်ပင်ဖြစ်သည်။ ဟန်နွေး ဒီလိုနားလည်လိုက်ပါ၏။

"ထိုင်ပါ"

ပြောရင်းနဲ့ ဟန်နွေးက ရေအေးအေးလေးတစ်ခွက်သွားယူပြီး Itt ရှေ့ချပေးလိုက်သည်။

"Khun Itt...ကျွန်တော့်ဆီရောက်လာကတည်းက တစ်စုံတစ်ခုကိုပြောချင်နေတယ်ဆိုတာ ကျွန်တော်ရိပ်မိပါတယ်၊ Khun Itt ဘာမှမပြောခင် ကျွန်တော်အရင်ပြောချင်တာက Khun Itt ကျွန်တော့်ကိုယုံကြည်လို့ရတယ်နော်"

ယုံကြည်မှု... ဒါဟာ ဟန်နွေးရဲ့အလုပ်မှာ အရေးအပါဆုံး ဝေါဟာရပင်။ ဟန်နွေးက Psycho Therapist လို့ခေါ်တဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်။ လက်ရှိမှာ ထိုင်းနိုင်ငံက Thammasat University မှာ Master တက်နေတဲ့ကျောင်းသားဖြစ်သည့်နည်းတူ တစ်ဖက်မှာလည်း နာမည်ကြီးနေတဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်ဖြစ်သည်။

နာမည်ကြီးနေရတဲ့အကြောင်းကလည်း ဟန်နွေးကို ပါရမီရှင်လို့ အများသမုတ်ကြရုံသာဖြစ်သည်။ ဟန်နွေးကိုယ်တိုင်က ဒီလိုအာရုံစိုက်ခံရခြင်းကို မကြိုက်။ သို့ပေမယ့် ဟန်နွေးက ပန်းချီတွေကိုမြင်ရုံ၊ ထိရုံနဲ့ ပန်းချီဆွဲတဲ့လူရဲ့ ထိုပန်းချီဆွဲနေချိန် ဖြစ်ပေါ်နေတဲ့စိတ်ကို ဖတ်နိုင်၊ သိနိုင်တယ်ဆိုသော ပါရမီတစ်ခု အမှန်တကယ်ပင်ရှိသူဖြစ်သည်။ အသက်၇နှစ်အရွယ်ကနေစပြီး သိသိသာသာပေါ်လာတဲ့ထိုပါရမီဟာ အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်းကျယ်ပြန့်လာသည်။ အစပထမတုန်းကတော့ စာရွက်နဲ့ ကားချပ်တွေမှာရေးဆွဲထားတာတွေကိုသာ ဖတ်နိုင်တယ်ဆိုပေမယ့် နောက်ပိုင်းမှာတော့ ကင်မရာနဲ့ရိုက်ကူးထားတဲ့ပန်းချီပုံတွေကိုပါ ဖတ်နိုင်တဲ့အစွမ်းရှိလာသည်။

ဟန်နွေးကတော့ သူ့ကို စိတ်ဖတ်နိုင်တာကြောင့် အာရုံလာစိုက်ခြင်းကိုမကြိုက်။ ကိုယ်တိုင်ကလည်း သိုသိုသိပ်သိပ်နေသလို မိသားစုဘက်ကလည်း ဖုံးကွယ်ထားရတာကြောင့် ဟန်နွေးရဲ့ဘဝဟာ သူနေချင်တဲ့သာမန်ပုံစံအတိုင်း နေထိုင်ခွင့်ရတဲ့လူဖြစ်သည်။

မြန်မာနိုင်ငံကနေ စိတ်ပညာအထူးပြုနဲ့ဘွဲ့ရပြီးသားဟန်နွေးက ထိုင်းနိုင်ငံတွင် Art Therapy မေဂျာကို Full Scholarship ရတာကြောင့် တက်ရောက်နေခြင်းဖြစ်သည်။ သူ့ရဲ့ပါရမီဟူ၍ အများပြောကြတဲ့အပေါ်မှာ ထွေထွေထူးထူးတုံ့ပြန်ခြင်းမပြုပေမယ့် Master ဘွဲ့အတွက်မေဂျာကို Art Therapy ရွေးချယ်တက်ရောက်နေခြင်းက သူ့ပါရမီကို သူကိုယ်တိုင် လက်ခံထားခြင်းတစ်ခုပင်ဖြစ်သည်။

"ကျွန်တော်အရမ်းနာကျင်ခံစားရတယ်ဆရာ...ကျွန်တော်မလုပ်တဲ့ကိစ္စအတွက် လူတွေရဲ့မုန်းတီးပြစ်တင်တာကိုခံရတာ အရမ်းခံပြင်းတယ်၊ ကျွန်တော်သေမလိုပဲ၊ အပြင်လည်းမထွက်ရဲဘူး၊ Online တောင်မတက်ရဲဘူး၊ ကျွန်တော့်ကိုပြောဆိုခြိမ်းခြောက်နေတာတွေကို ကျွန်တော်မကြည့်ချင်ဘူးဆရာ"

Itt Jakapat ဟာ ထိုင်းနိုင်ငံက နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်သည်။ သူအောင်မြင်ပြီး ထိပ်တန်းရောက်နေတဲ့အချိန်မှာ သူ့ရဲ့မန်နေဂျာမိန်းကလေးက ကြီးမားတဲ့စွပ်စွဲပြောဆိုချက်တွေနဲ့ သူ့ကို အောက်ဆုံးရောက်အောင် ဆွဲချသွားခဲ့သည်။

"ကျွန်တော်ဘာမှမလုပ်ခဲ့ဘူး၊ သူ ကျွန်တော့်မန်နေဂျာဖြစ်ခဲ့တဲ့၂နှစ်အတွင်း သူ့ကိုလက်ဖျားနဲ့တောင်မတို့ခဲ့ဘူး...အဲ့တာကို သူဘယ်လိုစိတ်ကူးနဲ့ရက်ရက်စက်စက် ဒီလိုတွေ စွပ်စွဲရက်ရတာလဲမသိဘူး"

ရုပ်ပိုင်းဆိုင်ရာနှိပ်စက်ပါတယ်ဆိုပြီး အရိုက်အနှက်ခံရတဲ့ပုံတွေ၊ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရပါတယ်ဆိုပြီး ကိုယ်ဝန်ဓာတ်ပုံတွေ ဒါ့အပြင် ကိုယ်ဝန်အတင်းအကျပ်ဖျက်ချစေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ တစ်မနက်အတွင်းမှာ ဟုန်းဟုန်းတောက် ပျံ့နှံ့သွားပြီး Itt ဟာ လက်ခံထားတဲ့အလုပ်တွေရဲ့ ငြင်းပယ်မှုကိုခံခဲ့သည်။

"အခု လူတွေက သူပြောတာကိုယုံနေကြတုန်းပဲ၊ ကျွန်တော်အရမ်းစိတ်ညစ်တယ်ဆရာ၊ ညတိုင်းလည်းအိပ်မပျော်ဘူး၊ အစားစားလို့လည်းမဝင်ဘူး၊ ခံပြင်းလွန်းလို့ အန်ထွက်တော့မယ့်အထိ ခံစားရတယ်ဆရာ"

Itt ရဲ့ခံစားချက်တွေကို ဟန်နွေးနားထောင်ပေးသည်။ ဒီအကြောင်းကို ဟန်နွေးသိတန်သလောက်သိပါသည်။ တစ်ဖက်မိန်းကလေးရဲ့ပြောဆိုချက်တွေဟာ ယုတ္တိရှိလွန်းတာကြောင့် လူအများစုယုံကြည်ကာ Itt ကို ပုတ်ချကြသည်။ သို့သော် Itt လိုနာမည်ကြီးမော်ဒယ်က ပိုင်ဆိုင်ထားတဲ့ Fandom အင်အားကလည်း ကြီးတာကြောင့် သူတို့စုံစမ်းပေးရုံနဲ့တင် ဒီဖြစ်စဉ်တစ်ခုလုံးဟာ အလိမ်အညာလို့ ပေါ်ထွက်လာသည်။

"ဒါတွေက အလိမ်အညာစွပ်စွဲချက်တွေလို့ အချက်အလက်တွေနဲ့ပေါ်ထွက်လာတော့ လူတွေက ကျွန်တော့်ကို သနားပြီးနားလည်ပေးဖို့နေနေသာသာ Problem Maker ဆိုပြီး ခေါင်းစဉ်တပ်ကြတယ်ဆရာ...ကျွန်တော် ကျွန်တော်..."

Itt ဟာ သူ့စကားမဆုံးခင်မှာပင် ဝမ်းနည်းကြီးစွာငိုကြွေးလေသည်။ အလိမ်အညာစွပ်စွဲချက်ဆိုတာ သက်သေနဲ့တကွပေါ်ထွက်လာပေမယ့် သူ့ကိုမကောင်းပြောနေကြသေးတဲ့အပေါ်မှာ Itt အရမ်းပြိုလဲသွားရသည်။ ဟန်နွေး သက်ပြင်းအနည်းငယ်ရှိူက်ကာ Itt ရဲ့အနားတိုး၍ ကျောကုန်းကိုပွတ်ပြီး နှစ်သိမ့်ပါသည်။

"ကျွန်တော်နားလည်ပါတယ် Khun Itt"

နားလည်ပေးမှုအပြည့်အဝရှိတယ်ဆိုတာ ယုံကြည်လာအောင် တစ်ဖက်ပြောသမျှတွေကို ဟန်နွေး သေချာနားထောင်ပေးသည်။ ဖြတ်မပြော... ဖြတ်မမေး။ တစ်ဖက်လူရဲ့သွားချင်တဲ့လမ်းကြောင်းအတိုင်းသာ အနောက်ကနေလိုက်ပေးသည်။ စစတွေ့တဲ့နေ့ဖြစ်တာကြောင့် နားထောင်တာမှတစ်ပါး ထူးထူးခြားခြားမလုပ်ဖြစ်ပါ။ အနည်းဆုံးတော့ ကိုယ်ခံစားနေရတာတွေကို ကိုယ်ယုံကြည်ရာလူတစ်ယောက်ထံ ပြောပြပေးလိုက်နိုင်ခြင်းနဲ့အတူ ငိုကြွေးလိုက်ခြင်းကလည်း အကောင်းဆုံးထဲကတစ်ခုသော Healing လုပ်နည်းပင်ဖြစ်သည်။

"Khun Itt ပုံဆွဲတတ်လား"

"ဟင့်အင်း"

"ပန်းချီရော ဝါသနာပါလား"

"ဟင့်အင်းဆရာ"

"ဆွဲကြည့်ချင်လား"

ဟန်နွေးက စာရွက်တစ်ရွက်ထောင်ပြကာ Itt ဆီမှ တုံ့ပြန်ချက်ကိုစောင့်သည်။

"ဟုတ်ကဲ့"

Itt ကို Guest Room ထဲကနေ Healing Room ထဲသို့ ပြောင်းစေသည်။ ဘာဆွဲကြည့်ပါဆိုပြီးမပြောဘဲ Itt စိတ်ရဲ့စေစားရာအတိုင်း ဆွဲကြည့်ဖို့ကိုပြောခဲ့သည်။ ဟန်နွေးသေချာစီစဉ်ထားတဲ့ ထို Healing Room ထဲမှာ Itt ရဲ့စိတ်ဒဏ်ရာတွေကို နည်းနည်းချင်းမှစပြီး ဟန်နွေးကုသပေးမည်။

🥀🥀

"ဖူးဖူး...ကော်ဖီတစ်ခွက်"

Dining Room ထဲဝင်ပြီး ဖူးဖူးဟု သူချစ်စနိုးခေါ်တတ်တဲ့ သူငယ်ချင်းမလေးပြည့်ရည်ဖူးကို ကော်ဖီတစ်ခွက်တောင်းဆိုလိုက်သည်။

"Khun Itt က ဘာတဲ့လဲ"

"ဘာလို့ပြောပြရမှာလဲ"

"အာ..."

ဟန်နွေးက ခပ်တည်တည်ပင် ဖုန်းထုတ်သုံးနေသောကြောင့် ပြည်ရည်ဖူးက စိတ်ဆိုးသွားသည်။

"မပြောလည်းနေ...ကော်ဖီမဖျော်တိုက်ဘူး"

"Okay...ကိုယ့်ဘာသာဖျော်မယ်"

ပြောပြောဆိုဆိုနဲ့ ဟန်နွေးက ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲထည့်ကာ ကော်ဖီခွက်ကို ပြည့်ရည်ဖူးဆီမှ လက်လွှဲယူသည်။

"ချီးထုပ်ပဲ"

ပြည့်ရည်ဖူးက ဆောင့်အောင့်ပြောတော့ ဟန်နွေးက ပြုံးသည်။

"ကိုယ့် Client ရဲ့ Case တွေအပေါ်မှာ လျှို့ဝှက်မှုထားပေးရမယ်ဆိုတာ နင်မသိတာလည်းမဟုတ်ဘူး"

"ငါသိပါတယ်...Khun Itt က နာမည်ကြီးမော်ဒယ်ကိုး၊ ပြီးတော့ ဒီသတင်းက အရမ်းပေါက်နေတာ"

"အဲ့တာကြောင့် ငါ့ဆီလာတာလေ၊ သူဖြစ်နေတာတွေကို ငါက ဘယ်သူ့ကိုမှပြန်မပြောဘူးဆိုတာ သူသေချာလို့..."

"သူကဘယ်လိုသေချာတာလဲ...ဘာလို့ယုံကြည်တာလဲ"

ဟန်နွေးက မွှေလက်စကော်ဖီဇွန်းကိုရပ်ကာ ပြည့်ရည်ဖူးကိုကြည့်၍...

"ငါကဟန်နွေးလေ...အဲ့တာကြောင့် သူယုံတာ"

ထိုတစ်ခွန်းပြောပြီး ကော်ဖီပူပူအား မှုတ်သောက်ကာ Dining Room ထဲမှ ပြန်ထွက်သွားလေသည်။

ဟန်နွေးနည်းတူ Therapist တစ်ယောက်ပင်ဖြစ်ပြီး ဟန်နွေးရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်၊ မိဘချင်းကလည်း သဘောတူထားတဲ့ပြည့်ရည်ဖူးက ဟန်နွေးနဲ့အတူ ဘန်ကောက်မှာ အတူတူကျောင်းတက်ကြပြီး စိတ်ပညာအကြံပေးရုံးခန်းကို စပ်တူဖွင့်ထားကြသည်။

အသက်အရွယ်အရ ၂၈နှစ်ဖြစ်နေကြပြီမို့လို့ မိဘချင်းက သူတို့စေ့စပ်ကြဖို့ကို စိတ်အားသန်သန်ပြောနေကြတာကြောင့် နှစ်ယောက်သား ဘန်ကောက်ကိုပြေးလာကြခြင်းဖြစ်သည်။ အခု ဒီမှာနေတာ ၂နှစ်ရှိပြီဖြစ်ပြီး Master ဘွဲ့အတွက်လည်း နောက်ဆုံးစာတမ်းတစ်စောင် ပြုစုဖို့သာကျန်တော့သည်။ မြန်မာပြန်ပြီး မိဘအိမ်ရောက်တဲ့အခါ စေ့စပ်ပြီးလက်ထပ်ဖို့ အလျင်စလိုတွေလုပ်ကြမှာကိုတော့ နှစ်ယောက်လုံး စိုးရိမ်မိပါသည်။

"ဘဝင်ရူး"

ကျောခိုင်းသွားတဲ့ဟန်နွေးကိုကြည့်ပြီး ပြည့်ရည်ဖူးက စိတ်ပေါက်ပေါက်နဲ့ပြောပစ်လိုက်သည်။

"ဒီလိုလူနဲ့နှစ်၂၀ကျော်လောက် သူငယ်ချင်းဖြစ်ရတာတောင် တော်တော်ပျင်းရတာ၊ တစ်သက်လုံးအတူနေရရင် ငါတော့ရူးမှာပဲ"

ပြည့်ရည်ဖူးက သက်ပြင်းချကာ ခေါင်းခါလျက် ရေရွတ်ရင်း ကျန်ခဲ့လေတော့သည်။

🥀🥀

"Khun Itt"

ပုံဆွဲလို့ပြီးသွားဟန်ရှိတဲ့ Itt က ဟန်နွေးရောက်တော့ အခန်းထဲက ပန်းအိုးတွေကိုလိုက်ကြည့်နေသည်။ ဟန်နွေးခေါ်တော့ အပြုံးတစ်ခုနဲ့ကြိုဆို၏။

"အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့...ခုနကထက်စာရင် အဆင်ပြေလာတယ်"

ဟန်နွေးက Itt ဆွဲထားတဲ့ပုံကို ယူကြည့်လိုက်သည်။

အမည်းရောင်ကို အောက်ခံအဖြစ်သုံးကာရေးခြစ်ပြီး အနီရောင်ကိုတော့ အမည်းရောင်ဖျော့တဲ့နေရာတွေမှာ စုခြစ်ထားသည်။ ဒါဟာ စိတ်အရှူပ်အထွေးတွေကို ကိုယ်စားပြုသည်။ ဟန်နွေးက ဒီပုံကနေ ဘယ်လိုအာရုံကိုမှမဝင်စားဘဲ စာရွက်ကို Itt Jakapat လို့ရေးထားတဲ့ဖိုင်အိတ်အတွင်းထည့်သိမ်းလိုက်သည်။

"ဒီနေ့အတွက်က ဒီလောက်ပဲသွားရအောင်ဗျ...မနက်ဖြန်ကျရင်တွေ့ကြတာပေါ့"

"ပုံဆွဲဖို့ပဲမလား"

"Khun Itt ကြိုက်တာတွေဆွဲဖို့ပါ"

Itt က ပြုံးသွားသည်။ လူတွေဟာ သူတို့ကိုဗဟိုပြုပြီးလည်ပတ်တဲ့မည်သည့်အရာကိုမဆို အလေးအနက်ထားပြီး စိတ်ထဲမှာ သိမ်းထားတတ်ကြသည်။ ထိုကဲ့သို့အခြေအနေကနေတဆင့် ကျေနပ်ခြင်းကိုဖြစ်စေပြီး စိတ်ချမ်းသာမှုကို ဖန်တီးပေးသည်။

နေ့တစ်ဝက်ကျိုးသွားပေမယ့် Itt ရဲ့ စိတ်က စလာတုန်းကထက် ပိုပြီးသက်သာသွားသည်မှာအမှန်ပင်။ ဘာမှထွေထွေထူးထူးမလုပ်ပေးလိုက်ရသော်ငြား သူက သူဖြစ်နေလို့ လူတွေအတွက် အသုံးဝင်နေခြင်းဖြစ်သည်။

ငါကဟန်နွေးဖြစ်နေလို့... ထိုစကားတစ်ခွန်းဟာ ဟန်နွေးဖြစ်တည်မှုရဲ့ပြယုဂ်တစ်ခု...။

🥀🥀

အပြုံးပန်း

[ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။ Love you all🤍]

AN

'Khun' က ထိုင်းနိုင်ငံမှာသုံးတဲ့ အသုံးအနှုန်းတစ်ခုဖြစ်ပြီး သာမန်အခြေအနေ ဒါမှမဟုတ် ယဉ်ကျေးချင်တဲ့အခါမျိုးမှာ သုံးလေ့ရှိတဲ့စကားလုံးပါ။ နာမည်အရှေ့မှာတပ်ခေါ်လေ့ရှိပြီး မြန်မာလိုဆိုရင်တော့ 'ဦီး' 'ဒေါ်' 'ကို' 'မ' စသဖြင့်တို့နဲ့ အလားသဏ္ဌာန်တူပါတယ်။

###################################################

(Zawgyi)

"စိတ္ကူးစိတ္သန္းဟာ အရာဝတၳဳတစ္ခုမွစတင္ၿပီး လက္ေတြ႕ဘဝကို ဖယ္ရွားပစ္မည္...လွည့္စားျခင္းသည္ အႏုပညာ၏ဗဟိုခ်က္ျဖစ္ၿပီး အမွန္တရားကိုကိုယ္စားျပဳသည့္ အႏုပညာလိမ္ညာမႈအျဖစ္ ပုံေဖာ္ျခင္းျဖစ္သည္..."

အေနာက္ကေနေျခလွမ္းသံကိုၾကားရသည္။ ေႂကြျပားခင္းေပၚက ေဒါက္ဖိနပ္သံဟာ သူ႔အသံမွတစ္ပါး တျခားကင္းစင္ေနတဲ့ေလဟာနယ္ထဲတြင္ ခပ္သိပ္သိပ္လႈပ္ရွားထြက္ေပၚလာသည္။ တျဖည္းျဖည္းနဲ႔ ေဒါက္ဖိနပ္သံဟာ သူနဲ႔ပိုမိုနီးကပ္လာသည္။ သူၾကားေသာ္လည္း အာ႐ုံမလြင့္။ ပန္းခ်ီဆရာပီကာဆိုရဲ႕ ပန္းခ်ီနဲ႔အႏုပညာခံယူခ်က္ကိုသာ တဖြဖြ႐ြတ္ေနရင္း သူသိမ္းဆည္းထားတဲ့ ပီကာဆိုအဖိုးတန္ပန္းခ်ီကားကို ေငးေမာလ်က္ရွိသည္။

"ဟန္ေႏြး"

သဲ့ခနဲျမည္တဲ့ေဒါက္ဖိနပ္သံအဆုံးမွာ သူ႔နာမည္ကိုၾကားလိုက္ရသည္။

"ဟန္ေႏြး"

ပန္းခ်ီကိုသာၾကည့္ေနဆဲမို႔ ဒုတိယအႀကိမ္ေခၚတဲ့အမ်ိဳးသမီးငယ္တစ္ေယာက္။ သူဟာ ပန္းခ်ီမွအၾကည့္ခြါကာ တစ္ဖက္မွ အမ်ိဳးသမီးကိုၾကည့္လိုက္သည္။

"လူတစ္ေယာက္ေရာက္ေနတယ္...နင္နဲ႔ေတြ႕ခ်င္လို႔တဲ့"

"ဘယ္သူလဲ"

"ေမာ္ဒယ္ Khun Itt"

"Khun Itt...Itt Jakapat ကိုေျပာတာလား"

"အင္း...Guest Room ထဲမွာေစာင့္ေနတယ္"

"Okay...ငါလာခဲ့မယ္"

အမ်ိဳးသမီးငယ္က ေခါင္းညိမ့္ကာ ျပန္ထြက္သြားသည္။ ဟန္ေႏြးလို႔ေခၚတဲ့သူဟာ သူ႔ရဲ႕ကုပ္ထိဝဲက်ေနတဲ့ဆံပင္ေတြကိုသပ္တင္ကာ လက္ေကာက္ဝတ္မွာစြပ္ထားတဲ့ေခါင္းစည္းႀကိဳးျဖင့္ စည္းေႏွာင္လိုက္သည္။ ထို႔ေနာက္ ေဘးဘက္ကပ္လ်က္မွာရွိတဲ့အခန္းထဲဝင္ကာ မ်က္ႏွာသစ္လိုက္သည္။ ေရေအးျဖင့္ထိလိုက္ေသာေၾကာင့္ ေသြးေၾကာေတြပြင့္လာၿပီး အာ႐ုံေတြလည္းလန္းသြားသည္။

မွန္ကို ေခတၱစိုက္ၾကည့္ေနခိုက္ ဘာေဆးကူမွမပါဘဲ ဝင္းမြတ္တဲ့သူ႔ရဲ႕အသားအရည္ေပၚတြင္ အၿပဳံးတစ္ခုေပးမိသည္။ ေရနဲ႔ထိေသာေၾကာင့္ ၾကည္လင္လာတဲ့အသားအရည္နဲ႔မ်က္ႏွာဟာ သြားေတြ႕ရမယ့္တစ္ဖက္လူျမင္႐ုံနဲ႔တင္ စိတ္တစ္ဝက္ေအးသြားႏိုင္မည့္ျဖစ္တည္မႈမ်ိဳးျဖစ္သည္။

"Itt Jakapat...လာရင္းကိစၥကို သိေနသလိုပဲ"

ဟန္ေႏြးဟာ Guest Room ထဲမွာေစာင့္ေနတဲ့လူတစ္ေယာက္ကိုသြားေတြ႕သည္။ ထိုသူဟာ ဟန္ေႏြးဝင္လာတာမသိ။ ေခါင္းငုံ႔ထားလ်က္ပင္ မလႈပ္မယွက္ထိုင္ေနသည္။

"မဂၤလာပါ"

ဟန္ေႏြးအသံျပဳေတာ့မွ ထိုလူေမာ့ၾကည့္လာသည္။ အၾကည့္ခ်င္းဆုံခ်ိန္မွာ ထိုလူရဲ႕အေနအထားအား ဟန္ေႏြး အၾကမ္းဖ်င္းဖတ္တတ္ခဲ့သည္။ စိုးရိမ္မႈေတြမ်ားျပားေနတဲ့မ်က္ဝန္းထဲမွာ ေၾကာက္႐ြံ႕မႈေတြနဲ႔အတူ စိတ္မခ်မႈေတြလည္းပါဝင္သည္။ အသက္လုရွဴေနသလားဟု ထင္ရေလာက္ေအာင္ မ်က္ေတာင္ေတြရဲ႕မတည္ၿငိမ္မႈဟာ ထင္ရွားသည္။

Itt ဟာ မတ္တပ္ရပ္ၿပီး ဟန္ေႏြးကိုတန္ျပန္ႏႈတ္ဆက္ခ်ိန္မွာ အျပည့္အဝမရပ္ႏိုင္ဘဲ အနည္းငယ္ေကြးေသာဒူးနဲ႔အတူ ကိုင္းဟန္ရွိတဲ့ခါးတို႔ဟာ Itt ရဲ႕လက္ရွိႀကဳံေနရတဲ့ျပႆနာရဲ႕ပုံရိပ္ပင္ျဖစ္သည္။ ဟန္ေႏြး ဒီလိုနားလည္လိုက္ပါ၏။

"ထိုင္ပါ"

ေျပာရင္းနဲ႔ ဟန္ေႏြးက ေရေအးေအးေလးတစ္ခြက္သြားယူၿပီး Itt ေရွ႕ခ်ေပးလိုက္သည္။

"Khun Itt...ကြၽန္ေတာ့္ဆီေရာက္လာကတည္းက တစ္စုံတစ္ခုကိုေျပာခ်င္ေနတယ္ဆိုတာ ကြၽန္ေတာ္ရိပ္မိပါတယ္၊ Khun Itt ဘာမွမေျပာခင္ ကြၽန္ေတာ္အရင္ေျပာခ်င္တာက Khun Itt ကြၽန္ေတာ့္ကိုယုံၾကည္လို႔ရတယ္ေနာ္"

ယုံၾကည္မႈ... ဒါဟာ ဟန္ေႏြးရဲ႕အလုပ္မွာ အေရးအပါဆုံး ေဝါဟာရပင္။ ဟန္ေႏြးက Psycho Therapist လို႔ေခၚတဲ့ စိတ္ကုထုံးပညာရွင္တစ္ေယာက္။ လက္ရွိမွာ ထိုင္းႏိုင္ငံက Thammasat University မွာ Master တက္ေနတဲ့ေက်ာင္းသားျဖစ္သည့္နည္းတူ တစ္ဖက္မွာလည္း နာမည္ႀကီးေနတဲ့ စိတ္ကုထုံးပညာရွင္တစ္ေယာက္ျဖစ္သည္။

နာမည္ႀကီးေနရတဲ့အေၾကာင္းကလည္း ဟန္ေႏြးကို ပါရမီရွင္လို႔ အမ်ားသမုတ္ၾက႐ုံသာျဖစ္သည္။ ဟန္ေႏြးကိုယ္တိုင္က ဒီလိုအာ႐ုံစိုက္ခံရျခင္းကို မႀကိဳက္။ သို႔ေပမယ့္ ဟန္ေႏြးက ပန္းခ်ီေတြကိုျမင္႐ုံ၊ ထိ႐ုံနဲ႔ ပန္းခ်ီဆြဲတဲ့လူရဲ႕ ထိုပန္းခ်ီဆြဲေနခ်ိန္ ျဖစ္ေပၚေနတဲ့စိတ္ကို ဖတ္ႏိုင္၊ သိႏိုင္တယ္ဆိုေသာ ပါရမီတစ္ခု အမွန္တကယ္ပင္ရွိသူျဖစ္သည္။ အသက္၇ႏွစ္အ႐ြယ္ကေနစၿပီး သိသိသာသာေပၚလာတဲ့ထိုပါရမီဟာ အသက္ႀကီးလာတာနဲ႔အမွ် တျဖည္းျဖည္းက်ယ္ျပန္႔လာသည္။ အစပထမတုန္းကေတာ့ စာ႐ြက္နဲ႔ ကားခ်ပ္ေတြမွာေရးဆြဲထားတာေတြကိုသာ ဖတ္ႏိုင္တယ္ဆိုေပမယ့္ ေနာက္ပိုင္းမွာေတာ့ ကင္မရာနဲ႔႐ိုက္ကူးထားတဲ့ပန္းခ်ီပုံေတြကိုပါ ဖတ္ႏိုင္တဲ့အစြမ္းရွိလာသည္။

ဟန္ေႏြးကေတာ့ သူ႔ကို စိတ္ဖတ္ႏိုင္တာေၾကာင့္ အာ႐ုံလာစိုက္ျခင္းကိုမႀကိဳက္။ ကိုယ္တိုင္ကလည္း သိုသိုသိပ္သိပ္ေနသလို မိသားစုဘက္ကလည္း ဖုံးကြယ္ထားရတာေၾကာင့္ ဟန္ေႏြးရဲ႕ဘဝဟာ သူေနခ်င္တဲ့သာမန္ပုံစံအတိုင္း ေနထိုင္ခြင့္ရတဲ့လူျဖစ္သည္။

ျမန္မာႏိုင္ငံကေန စိတ္ပညာအထူးျပဳနဲ႔ဘြဲ႕ရၿပီးသားဟန္ေႏြးက ထိုင္းႏိုင္ငံတြင္ Art Therapy ေမဂ်ာကို Full Scholarship ရတာေၾကာင့္ တက္ေရာက္ေနျခင္းျဖစ္သည္။ သူ႔ရဲ႕ပါရမီဟူ၍ အမ်ားေျပာၾကတဲ့အေပၚမွာ ေထြေထြထူးထူးတုံ႔ျပန္ျခင္းမျပဳေပမယ့္ Master ဘြဲ႕အတြက္ေမဂ်ာကို Art Therapy ေ႐ြးခ်ယ္တက္ေရာက္ေနျခင္းက သူ႔ပါရမီကို သူကိုယ္တိုင္ လက္ခံထားျခင္းတစ္ခုပင္ျဖစ္သည္။

"ကြၽန္ေတာ္အရမ္းနာက်င္ခံစားရတယ္ဆရာ...ကြၽန္ေတာ္မလုပ္တဲ့ကိစၥအတြက္ လူေတြရဲ႕မုန္းတီးျပစ္တင္တာကိုခံရတာ အရမ္းခံျပင္းတယ္၊ ကြၽန္ေတာ္ေသမလိုပဲ၊ အျပင္လည္းမထြက္ရဲဘူး၊ Online ေတာင္မတက္ရဲဘူး၊ ကြၽန္ေတာ့္ကိုေျပာဆိုၿခိမ္းေျခာက္ေနတာေတြကို ကြၽန္ေတာ္မၾကည့္ခ်င္ဘူးဆရာ"

Itt Jakapat ဟာ ထိုင္းႏိုင္ငံက နာမည္ႀကီးေမာ္ဒယ္တစ္ေယာက္ျဖစ္သည္။ သူေအာင္ျမင္ၿပီး ထိပ္တန္းေရာက္ေနတဲ့အခ်ိန္မွာ သူ႔ရဲ႕မန္ေနဂ်ာမိန္းကေလးက ႀကီးမားတဲ့စြပ္စြဲေျပာဆိုခ်က္ေတြနဲ႔ သူ႔ကို ေအာက္ဆုံးေရာက္ေအာင္ ဆြဲခ်သြားခဲ့သည္။

"ကြၽန္ေတာ္ဘာမွမလုပ္ခဲ့ဘူး၊ သူ ကြၽန္ေတာ့္မန္ေနဂ်ာျဖစ္ခဲ့တဲ့၂ႏွစ္အတြင္း သူ႔ကိုလက္ဖ်ားနဲ႔ေတာင္မတို႔ခဲ့ဘူး...အဲ့တာကို သူဘယ္လိုစိတ္ကူးနဲ႔ရက္ရက္စက္စက္ ဒီလိုေတြ စြပ္စြဲရက္ရတာလဲမသိဘူး"

႐ုပ္ပိုင္းဆိုင္ရာႏွိပ္စက္ပါတယ္ဆိုၿပီး အ႐ိုက္အႏွက္ခံရတဲ့ပုံေတြ၊ လိင္ပိုင္းဆိုင္ရာက်ဴးလြန္ခံရပါတယ္ဆိုၿပီး ကိုယ္ဝန္ဓာတ္ပုံေတြ ဒါ့အျပင္ ကိုယ္ဝန္အတင္းအက်ပ္ဖ်က္ခ်ေစခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြဟာ တစ္မနက္အတြင္းမွာ ဟုန္းဟုန္းေတာက္ ပ်ံ႕ႏွံ႔သြားၿပီး Itt ဟာ လက္ခံထားတဲ့အလုပ္ေတြရဲ႕ ျငင္းပယ္မႈကိုခံခဲ့သည္။

"အခု လူေတြက သူေျပာတာကိုယုံေနၾကတုန္းပဲ၊ ကြၽန္ေတာ္အရမ္းစိတ္ညစ္တယ္ဆရာ၊ ညတိုင္းလည္းအိပ္မေပ်ာ္ဘူး၊ အစားစားလို႔လည္းမဝင္ဘူး၊ ခံျပင္းလြန္းလို႔ အန္ထြက္ေတာ့မယ့္အထိ ခံစားရတယ္ဆရာ"

Itt ရဲ႕ခံစားခ်က္ေတြကို ဟန္ေႏြးနားေထာင္ေပးသည္။ ဒီအေၾကာင္းကို ဟန္ေႏြးသိတန္သေလာက္သိပါသည္။ တစ္ဖက္မိန္းကေလးရဲ႕ေျပာဆိုခ်က္ေတြဟာ ယုတၱိရွိလြန္းတာေၾကာင့္ လူအမ်ားစုယုံၾကည္ကာ Itt ကို ပုတ္ခ်ၾကသည္။ သို႔ေသာ္ Itt လိုနာမည္ႀကီးေမာ္ဒယ္က ပိုင္ဆိုင္ထားတဲ့ Fandom အင္အားကလည္း ႀကီးတာေၾကာင့္ သူတို႔စုံစမ္းေပး႐ုံနဲ႔တင္ ဒီျဖစ္စဥ္တစ္ခုလုံးဟာ အလိမ္အညာလို႔ ေပၚထြက္လာသည္။

"ဒါေတြက အလိမ္အညာစြပ္စြဲခ်က္ေတြလို႔ အခ်က္အလက္ေတြနဲ႔ေပၚထြက္လာေတာ့ လူေတြက ကြၽန္ေတာ့္ကို သနားၿပီးနားလည္ေပးဖို႔ေနေနသာသာ Problem Maker ဆိုၿပီး ေခါင္းစဥ္တပ္ၾကတယ္ဆရာ...ကြၽန္ေတာ္ ကြၽန္ေတာ္..."

Itt ဟာ သူ႔စကားမဆုံးခင္မွာပင္ ဝမ္းနည္းႀကီးစြာငိုေႂကြးေလသည္။ အလိမ္အညာစြပ္စြဲခ်က္ဆိုတာ သက္ေသနဲ႔တကြေပၚထြက္လာေပမယ့္ သူ႔ကိုမေကာင္းေျပာေနၾကေသးတဲ့အေပၚမွာ Itt အရမ္းၿပိဳလဲသြားရသည္။ ဟန္ေႏြး သက္ျပင္းအနည္းငယ္ရွိဴက္ကာ Itt ရဲ႕အနားတိုး၍ ေက်ာကုန္းကိုပြတ္ၿပီး ႏွစ္သိမ့္ပါသည္။

"ကြၽန္ေတာ္နားလည္ပါတယ္ Khun Itt"

နားလည္ေပးမႈအျပည့္အဝရွိတယ္ဆိုတာ ယုံၾကည္လာေအာင္ တစ္ဖက္ေျပာသမွ်ေတြကို ဟန္ေႏြး ေသခ်ာနားေထာင္ေပးသည္။ ျဖတ္မေျပာ... ျဖတ္မေမး။ တစ္ဖက္လူရဲ႕သြားခ်င္တဲ့လမ္းေၾကာင္းအတိုင္းသာ အေနာက္ကေနလိုက္ေပးသည္။ စစေတြ႕တဲ့ေန႔ျဖစ္တာေၾကာင့္ နားေထာင္တာမွတစ္ပါး ထူးထူးျခားျခားမလုပ္ျဖစ္ပါ။ အနည္းဆုံးေတာ့ ကိုယ္ခံစားေနရတာေတြကို ကိုယ္ယုံၾကည္ရာလူတစ္ေယာက္ထံ ေျပာျပေပးလိုက္ႏိုင္ျခင္းနဲ႔အတူ ငိုေႂကြးလိုက္ျခင္းကလည္း အေကာင္းဆုံးထဲကတစ္ခုေသာ Healing လုပ္နည္းပင္ျဖစ္သည္။

"Khun Itt ပုံဆြဲတတ္လား"

"ဟင့္အင္း"

"ပန္းခ်ီေရာ ဝါသနာပါလား"

"ဟင့္အင္းဆရာ"

"ဆြဲၾကည့္ခ်င္လား"

ဟန္ေႏြးက စာ႐ြက္တစ္႐ြက္ေထာင္ျပကာ Itt ဆီမွ တုံ႔ျပန္ခ်က္ကိုေစာင့္သည္။

"ဟုတ္ကဲ့"

Itt ကို Guest Room ထဲကေန Healing Room ထဲသို႔ ေျပာင္းေစသည္။ ဘာဆြဲၾကည့္ပါဆိုၿပီးမေျပာဘဲ Itt စိတ္ရဲ႕ေစစားရာအတိုင္း ဆြဲၾကည့္ဖို႔ကိုေျပာခဲ့သည္။ ဟန္ေႏြးေသခ်ာစီစဥ္ထားတဲ့ ထို Healing Room ထဲမွာ Itt ရဲ႕စိတ္ဒဏ္ရာေတြကို နည္းနည္းခ်င္းမွစၿပီး ဟန္ေႏြးကုသေပးမည္။

🥀🥀

"ဖူးဖူး...ေကာ္ဖီတစ္ခြက္"

Dining Room ထဲဝင္ၿပီး ဖူးဖူးဟု သူခ်စ္စႏိုးေခၚတတ္တဲ့ သူငယ္ခ်င္းမေလးျပည့္ရည္ဖူးကို ေကာ္ဖီတစ္ခြက္ေတာင္းဆိုလိုက္သည္။

"Khun Itt က ဘာတဲ့လဲ"

"ဘာလို႔ေျပာျပရမွာလဲ"

"အာ..."

ဟန္ေႏြးက ခပ္တည္တည္ပင္ ဖုန္းထုတ္သုံးေနေသာေၾကာင့္ ျပည္ရည္ဖူးက စိတ္ဆိုးသြားသည္။

"မေျပာလည္းေန...ေကာ္ဖီမေဖ်ာ္တိုက္ဘူး"

"Okay...ကိုယ့္ဘာသာေဖ်ာ္မယ္"

ေျပာေျပာဆိုဆိုနဲ႔ ဟန္ေႏြးက ဖုန္းကိုေဘာင္းဘီအိတ္ကပ္ထဲထည့္ကာ ေကာ္ဖီခြက္ကို ျပည့္ရည္ဖူးဆီမွ လက္လႊဲယူသည္။

"ခ်ီးထုပ္ပဲ"

ျပည့္ရည္ဖူးက ေဆာင့္ေအာင့္ေျပာေတာ့ ဟန္ေႏြးက ၿပဳံးသည္။

"ကိုယ့္ Client ရဲ႕ Case ေတြအေပၚမွာ လွ်ိဳ႕ဝွက္မႈထားေပးရမယ္ဆိုတာ နင္မသိတာလည္းမဟုတ္ဘူး"

"ငါသိပါတယ္...Khun Itt က နာမည္ႀကီးေမာ္ဒယ္ကိုး၊ ၿပီးေတာ့ ဒီသတင္းက အရမ္းေပါက္ေနတာ"

"အဲ့တာေၾကာင့္ ငါ့ဆီလာတာေလ၊ သူျဖစ္ေနတာေတြကို ငါက ဘယ္သူ႔ကိုမွျပန္မေျပာဘူးဆိုတာ သူေသခ်ာလို႔..."

"သူကဘယ္လိုေသခ်ာတာလဲ...ဘာလို႔ယုံၾကည္တာလဲ"

ဟန္ေႏြးက ေမႊလက္စေကာ္ဖီဇြန္းကိုရပ္ကာ ျပည့္ရည္ဖူးကိုၾကည့္၍...

"ငါကဟန္ေႏြးေလ...အဲ့တာေၾကာင့္ သူယုံတာ"

ထိုတစ္ခြန္းေျပာၿပီး ေကာ္ဖီပူပူအား မႈတ္ေသာက္ကာ Dining Room ထဲမွ ျပန္ထြက္သြားေလသည္။

ဟန္ေႏြးနည္းတူ Therapist တစ္ေယာက္ပင္ျဖစ္ၿပီး ဟန္ေႏြးရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းလည္းျဖစ္၊ မိဘခ်င္းကလည္း သေဘာတူထားတဲ့ျပည့္ရည္ဖူးက ဟန္ေႏြးနဲ႔အတူ ဘန္ေကာက္မွာ အတူတူေက်ာင္းတက္ၾကၿပီး စိတ္ပညာအႀကံေပး႐ုံးခန္းကို စပ္တူဖြင့္ထားၾကသည္။

အသက္အ႐ြယ္အရ ၂၈ႏွစ္ျဖစ္ေနၾကၿပီမို႔လို႔ မိဘခ်င္းက သူတို႔ေစ့စပ္ၾကဖို႔ကို စိတ္အားသန္သန္ေျပာေနၾကတာေၾကာင့္ ႏွစ္ေယာက္သား ဘန္ေကာက္ကိုေျပးလာၾကျခင္းျဖစ္သည္။ အခု ဒီမွာေနတာ ၂ႏွစ္ရွိၿပီျဖစ္ၿပီး Master ဘြဲ႕အတြက္လည္း ေနာက္ဆုံးစာတမ္းတစ္ေစာင္ ျပဳစုဖို႔သာက်န္ေတာ့သည္။ ျမန္မာျပန္ၿပီး မိဘအိမ္ေရာက္တဲ့အခါ ေစ့စပ္ၿပီးလက္ထပ္ဖို႔ အလ်င္စလိုေတြလုပ္ၾကမွာကိုေတာ့ ႏွစ္ေယာက္လုံး စိုးရိမ္မိပါသည္။

"ဘဝင္႐ူး"

ေက်ာခိုင္းသြားတဲ့ဟန္ေႏြးကိုၾကည့္ၿပီး ျပည့္ရည္ဖူးက စိတ္ေပါက္ေပါက္နဲ႔ေျပာပစ္လိုက္သည္။

"ဒီလိုလူနဲ႔ႏွစ္၂၀ေက်ာ္ေလာက္ သူငယ္ခ်င္းျဖစ္ရတာေတာင္ ေတာ္ေတာ္ပ်င္းရတာ၊ တစ္သက္လုံးအတူေနရရင္ ငါေတာ့႐ူးမွာပဲ"

ျပည့္ရည္ဖူးက သက္ျပင္းခ်ကာ ေခါင္းခါလ်က္ ေရ႐ြတ္ရင္း က်န္ခဲ့ေလေတာ့သည္။

🥀🥀

"Khun Itt"

ပုံဆြဲလို႔ၿပီးသြားဟန္ရွိတဲ့ Itt က ဟန္ေႏြးေရာက္ေတာ့ အခန္းထဲက ပန္းအိုးေတြကိုလိုက္ၾကည့္ေနသည္။ ဟန္ေႏြးေခၚေတာ့ အၿပဳံးတစ္ခုနဲ႔ႀကိဳဆို၏။

"အဆင္ေျပရဲ႕လား"

"ဟုတ္ကဲ့...ခုနကထက္စာရင္ အဆင္ေျပလာတယ္"

ဟန္ေႏြးက Itt ဆြဲထားတဲ့ပုံကို ယူၾကည့္လိုက္သည္။

အမည္းေရာင္ကို ေအာက္ခံအျဖစ္သုံးကာေရးျခစ္ၿပီး အနီေရာင္ကိုေတာ့ အမည္းေရာင္ေဖ်ာ့တဲ့ေနရာေတြမွာ စုျခစ္ထားသည္။ ဒါဟာ စိတ္အရွဴပ္အေထြးေတြကို ကိုယ္စားျပဳသည္။ ဟန္ေႏြးက ဒီပုံကေန ဘယ္လိုအာ႐ုံကိုမွမဝင္စားဘဲ စာ႐ြက္ကို Itt Jakapat လို႔ေရးထားတဲ့ဖိုင္အိတ္အတြင္းထည့္သိမ္းလိုက္သည္။

"ဒီေန႔အတြက္က ဒီေလာက္ပဲသြားရေအာင္ဗ်...မနက္ျဖန္က်ရင္ေတြ႕ၾကတာေပါ့"

"ပုံဆြဲဖို႔ပဲမလား"

"Khun Itt ႀကိဳက္တာေတြဆြဲဖို႔ပါ"

Itt က ၿပဳံးသြားသည္။ လူေတြဟာ

You are reading the story above: TeenFic.Net