Chapter 1

Background color
Font
Font size
Line height

(Unicode)

အဝေးပြေးလမ်းမတစ်ခုပေါ်မှာ ကားတစ်စီးပြေးနေသည်။ ဘေးဘက်ဝန်းကျင်နှစ်ခုလုံးမှာ အုံ့ဆိုင်းလှတဲ့တောအုပ်တွေဝန်းရံထားပြီး တစ်ချက်တစ်ချက် မှောင်ရိပ်ခိုသည်။

"ပျော်ပွဲစားထွက်လာရတာပျော်ရဲ့လားသားတို့"

ကားပေါ်မှာဖွင့်ထားတဲ့မြူးကြွတဲ့သီချင်းသံကိုထိုးဖောက်ကာ ကားနောက်ခန်းကသားတွေကို မိခင်ကမေးလိုက်သည်။ ထိုသီချင်းသံအတိုင်း စီးချက်လိုက်နေတဲ့သားကြီးက ပြုံးလျက်ခေါင်းညိမ့်ကာတုံ့ပြန်သည်။

"သားငယ်ရော..."

သားငယ်ဆိုသူဟာ ဝတ်ထားတဲ့ဟူဒီကို လက်ဖမိုးအုပ်အောင်ထိဆွဲချနေရင်း အဖြေပြန်မပေးနိုင်သေးဘဲ မိခင်ကိုငေးကြည့်နေသည်။

"ဖြေလိုက်လေညီလေးရဲ့"

သားကြီးက သားငယ်ရဲ့ပေါင်ကို အသာထိကိုင်ဟန်နဲ့ ပေါင်အတွင်းသားကို လက်မနဲ့နာကျင်အောင် တင်းတင်းထိုးကာ သားငယ်ရင်မဆိုင်ရဲသောမျက်ဝန်းများဖြင့်ကြည့်သည်။ သူတို့ကိုကြည့်နေတဲ့မိခင်ဟာ အပြုအမူတွေကို သတိမထားမိပေ။

"ဟုတ် ဟုတ် ပျော်ပါတယ်"

ညှင်းပျော့သောအသံလေးဖြင့် ဖြေလိုက်မှသာ မိခင်ဖြစ်သူက အရှေ့ပြန်လှည့်သွားပြီး သားကြီးကလည်း တစ်ဖက်ပြန်လှည့်သွားသည်။ သားငယ်ဟာ တုန်ရီစပြုနေတဲ့လက်နှစ်ဖက်ကို ဟူဒီနဲ့အတင်းအုပ်ကွယ်ကာ ကြောက်ရွံ့မှုကို ဖုံးဖိသည်။

ဒီခရီးကိုသူကြောက်သည်။ ခရီးထွက်တိုင်း ကိုကြီးနဲ့နီးနီးကပ်ကပ်နေရသည်။ မိဘတွေက "ညီအစ်ကိုနှစ်ယောက်သွားကြ" ဟု ဆိုတတ်ပြီး တစ်နေရာကို လွှတ်လိုက်တိုင်း ကြောက်လန့်အားကြီးရတဲ့အထိ ကိုကြီးနဲ့ နှစ်ယောက်တည်းရှိရမှာစိုးထိတ်သည်။

"ရောက်ပြီ"

တောစပ်လေးတစ်ခုက သစ်လုံးဘန်ဂလိုတွေရှိတဲ့ သဘာဝအပန်းဖြေစခန်းတစ်ခုကို ရောက်လာကြသည်။ ရောက်ရောက်ချင်း မိုးစက်တွေဖြိုးဖြိုးဖြောက်ဖြောက်ကျနေသေးသည်။ ခုနကအထိ ဒီနေရာမှာ မိုးကြီးထားပုံပေါက်ပြီး ပတ်ဝန်းကျင်ဟာစိုရွဲနေ၏။

"မေမေတို့ပစ္စည်းတွေချနေတုန်း သားကညီလေးနဲ့ လျှောက်ကြည့်လေ"

မိခင်ကပြောတော့ သားငယ်က ခေါင်းတွင်တွင်ခါနေပေမယ့် သားကြီးက "ဟုတ်ကဲ့မေမေ" ဟုဆိုကာ သားငယ်ကို ပုခုံးဖက်၍ တောအတွင်းဝင်သွားသည်။

သားငယ်ရဲ့တဆတ်ဆတ်တုန်နေသောခန္ဓာကိုယ်ဟာ သားကြီးလက်ထဲတွင် သေးငယ်သွားသည်။ ဒါကိုခံစားမိတဲ့သားကြီးက ဟက်ခနဲတစ်ချက် ရယ်မောချလိုက်သည်။

"ဘာလဲ...ကြောက်နေတာလား"

သားငယ်ကခေါင်းခါသည်။

"မကြောက်ပါနဲ့...ပတ်ဝန်းကျင်က စိမ်းစိုနေတာ၊ တစ်ခုခု စိတ်ဝင်စားဖို့ကောင်းတာ လုပ်ကြမလား"

"ဟင့်အင်း ဟင့်အင်း...ကျွန်တော့်ကိုဘာမှမလုပ်ပါနဲ့၊ ကျွန်တော်တောင်းပန်ပါတယ်"

မျက်နှာမဖော်နိုင်အောင် ခေါင်းငုံ့ကာ တောင်းပန်တိုးလျှိုးစကားဆိုသည်။ ဒါပေမယ့်...

"မင်းမကြိုက်ဘူးလို့ ဟန်မဆောင်စမ်းပါနဲ့...မင်းဘယ်လိုကောင်လဲဆိုတာ ငါအသိဆုံးပါကွာ"

ထိုသို့ပြောရင်း သားငယ်ရဲ့လက်မောင်းကို အတင်းဆောင့်ဆွဲကာ မြေပြင်ပေါ်လှဲချသည်။ သားငယ်က ကုန်းရုန်းထကာ...

"ကိုကြီးအဲ့လိုမလုပ်ပါနဲ့...ကျွန်တော် မေမေနဲ့တိုင်ပြောမှာ"

"ဟား ဟား...ပြောလေ ပြောပေါ့...မင်းလို ကောက်ရတဲ့မွေးစားသားနဲ့ ငါ့လိုသားအရင်း သူဘယ်သူ့ကိုပိုယုံမယ်လို့ မင်းထင်လဲ၊ ပြောလိုက်စမ်းပါ ဟား...ဘာလဲ မင်းမပြောရဲဘူးမလား...ဒါပေါ့ မင်းပြောလိုက်ရင် မင်းက အရင်ကလို မိမရှိ ဖမရှိ တစ်ကောင်ကြွက်ဘဝကိုရောက်သွားမှာလေ...ဟား ဟား ဟား ဟား"

အညှာတာကင်းစွာရယ်နေပုံက သားငယ်ကိုပိုပြီး သိမ်ငယ်သွားစေသည်။ ကြောက်သည်။ ရွံ့သည်။ မုန်းသည်။ ဖန်တလဲလဲဖြစ်ပျက်နေတဲ့ဒီလိုကိစ္စတွေကို စိတ်ကုန်သည်။ ဘယ်သူ့ကိုမှမပြောရဲဘဲ ကြိတ်မှိတ်သည်းခံနေရတာကိုလည်း စိတ်ညစ်သည်။

"လာပါ...မင်းကလိမ္မာပါတယ်"

"ဟင့်အင်း ကျွန်တော့်ကိုလွှတ်..."

သားငယ်က မည်မျှပင်ရုန်းပါစေ... အားချင်းကွာတဲ့သားကြီးရဲ့တိုက်ခိုက်မှုကို တွန်းလှန်ဖို့ခက်ခဲသည်။ ဘယ်တုန်းကမှလည်း မလွယ်ကူခဲ့ဘဲ မရိုးနိုင်တဲ့ကိစ္စတစ်ခုလို ထပ်ခါထပ်ခါ ဖြစ်ပျက်နေသည်။

မြေပြင်ပေါ်သို့ သားငယ်လဲကျသွားသည်။ သားငယ်ရဲ့ဘောင်းဘီကို ဆွဲချွတ်ဖို့ပြင်နေတဲ့သားကြီးရဲ့လက်တွေကို အတင်းတွန်းဖယ်သည်။

"မအော်နဲ့နော်...သူများတွေသိသွားရင် မင်းပဲအရှက်ကွဲမှာ"

ဒါမျိုးကိုလက်မခံနိုင်တော့။ ဆက်မဖြစ်ချင်တော့။ တင်းခံပြီးအသက်ရှင်ရတာ သူပင်ပန်းလာပြီ။ ရုန်းကန်နေရင်းနဲ့ပင် ဘေးနားမှာ ကျိုးပဲ့အုတ်ခဲတစ်ခုကိုတွေ့လိုက်ရချိန် သူဘာမှအရှည်ကြီးမစဉ်းစားနိုင်တော့။ လက်နဲ့တင်းတင်းဆုပ်ကိုင်ပြီး သူ့အပေါ်အမြတ်ထုတ်နေတဲ့မွေးစားအစ်ကိုကို ရိုက်ပစ်လိုက်သည်။

"အား! အား! ဘာလဲ....မင်း မင်း...တောက်!"

သားကြီးရဲ့နဖူးစပ်မှ သွေးတွေစီးကျလာချိန် သားငယ်က ထွက်ပြေးသည်။ သွေးတွေနဲ့လုံးပမ်းနေဆဲသူ့အစ်ကိုကို နောက်ပြန်လှည့်မကြည့်ဘဲ ရှေ့ကိုသာပြေးသည်။ သူလွတ်မြောက်မှာလားဆိုတာ မသေချာဘူး။ ဒါပေမယ့် ရှေ့ကိုသာဆက်ပြေးနေခဲ့သည်။

"မင်းကိုငါသတ်မယ်!...တွေ့တာနဲ့သတ်မယ်!"

အသံတွေညံထွက်လာသည်။ အပန်းဖြေစခန်းမှလူတစ်ချို့ တောထဲရောက်လာကြသည်။ ရုတ်တရက် သူတို့နာမည်တွေကိုအော်ခေါ်နေကြသည်။

လူတွေတွေ့သွားရင်ဘာဖြစ်မှာလဲ... ကိုကြီးက သူ့ကိုဘယ်လိုထပ်ပြီးနှိပ်စက်ဦးမလဲ... မေမေကစွန့်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ... သူ့ခေါင်းထဲမှာအတွေးတွေရောက်လာသည်။ ရင်ထဲမှာ တစ်စတစ်စနဲ့နာကျင်လာသည်။ တုန်ရီနေဆဲလက်တွေဟာ အေးစက်သွားပြီ။ သူကြောက်လန့်နေဆဲ...။ ထိုသို့ကြောက်လန့်အားကြီးစွာနဲ့ဆက်တိုက်ပြေးနေတဲ့သူဟာ သစ်ငုတ်တစ်ခုနဲ့တိုက်မိပြီး လဲကျသွားသည်။ သူလဲကျသွားသည်။ ကမ္ဘာကြီးနဲ့အဆက်အသွယ်ပျက်သွားပြီ။ အရာအားလုံး မှောင်အတိကျသွားပြီ...။

🥀🥀

Ring Ring

တဒူဒူနဲ့ ဆက်တိုက်အော်မြည်နေတဲ့ဖုန်း။

ထိုဖုန်းသံကြောင့် မောပန်းကြီးစွာနဲ့ သူနိုးလာသည်။ ချွေးစက်တွေက နားထင်ကနေစီးကျနေဆဲ။

ဒီအိပ်မက်ဆိုးကနေနိုးထခွင့်ရအောင် ဘယ်သူဖုန်းဆက်တာလဲ...။ ကောက်ကိုင်ကြည့်တော့ ဌာနမှူး။

"ဟဲလို"

("ဖုန်းကိုင်တာကြာလိုက်တာ...မင်းဒီအချိန်ထိအိပ်နေတုန်းပဲလားကွ ဟမ်")

"အရေးကြီးလို့လား"

("မင်းအတွက် အမှုသစ်တစ်ခုရှိတယ်")

"ဟမ်...အရှေ့ကအမှုအတွက်တောင် Report ထိုင်ရေးတာ ဒီမနက်၄နာရီမှပြီးတယ်ဗျ၊ အခု ထပ်လာပြန်ပြီလား"

("ငြီးငြူတာတွေမလိုချင်ဘူး၊ နာရီဝက်အတွင်း ငါ့ဆီအရောက်လာ")

သူဘာမှပြန်မဖြေနိုင်ခင် တစ်ဖက်ကဌာနမှူး ဖုန်းချသွားသည်။ နာရီလှမ်းကြည့်တော့ မနက်၇နာရီ။ ၃နာရီအတွင်း အိပ်မက်လှလှလေးတွေဘာလို့မမက်ရတာလဲ...။ ဖန်တရာတေနေတဲ့အဲ့ဒီအိပ်မက်ဆိုးကို သူအတော်ပင် ငြီးငွေ့လာပြီ။

"အိပ်မက်ကတစ်မျိုး ဌာနမှူးကတစ်မျိုးကွာ"

စိတ်ပျက်လက်ပျက်ရေရွတ်ရင်းနဲ့ အလုပ်သွားဖို့ပြင်ဆင်သည်။ ထို့နောက် ရိုးရာမပျက်ပင် အေးခဲနေတဲ့ Sandwich ကို Microwave နဲ့ နွှေးကာ စားလိုက်သည်။ ဌာနမှူးပေးတဲ့အချိန်နာရီဝက်ပြည့်ရန် ဆယ်မိနစ်သာလိုတော့ပေမယ့် သူကတော့ သူ့ရဲ့တစ်ကိုယ်ရည်ပြင်ဆင်မှုကို လုပ်မြဲအတိုင်းသာလုပ်သည်။

ပင်ကိုကြည့်ကောင်းတဲ့ဥပဓိရုပ်ရည်ဟာ အလုပ်သွားမယ့်မနက်တိုင်းမှာ သန့်ပြန့်နေတတ်သည်။ မဖြူမညိုသောအသားအရည်နဲ့အတူ မည်းနက်နေတဲ့ဆံပင်တိုဟာ ဖြီးသင်စရာမလိုအောင် သေသပ်နေသည်။ သူ့ရဲ့မျက်နှာမှာ အထင်ရှားဆုံးအစိတ်အပိုင်းဟာ သူ့ရဲ့မေးရိုးပင်။ ပြည့်စုံစွာထင်းလင်းနေတဲ့ထိုမေးရိုးဟာ ဘယ်သူ့ဆီက လက်ဆင့်ကမ်းရရှိထားလဲမသိရလောက်အောင် သူ့ရဲ့ဥပဓိရုပ်ကို ကြည့်ကောင်းစေသည်။

ဥပဓိရုပ်က ကြည့်ကောင်းနေပေသော်ငြား ရှိရင်းစွဲအသက်၃၂နှစ်ထက် ပိုမိုရင့်နေသယောင်ဖြစ်ရလောက်အောင် သူဟာ မနုပျိုနိုင်တဲ့ယောက်ျားတစ်ယောက်ဖြစ်သည်။ အကြောင်းကတော့ အမြဲတွန့်ချိုးနေတဲ့မျက်ခုံးများကြောင့်ပင်။ သူ၏မူပိုင်လို့ဆိုနိုင်သည့် အလိုမကျဟန်တို့ဖြင့်ပြည့်နေတဲ့ တွန့်ချိုးမျက်ခုံးများဟာ လူရှိန်စေပြီး လူရှောင်စေသည်။

လုပ်ရတဲ့အလုပ်ကြောင့် အားကစားကိုအများကြီးလိုက်စားထားပြီး ဖွံ့ဖြိုးနေတဲ့ကြွက်သားတွေဟာ သူ့ကိုယောက်ျားသားတစ်ယောက်ရဲ့ခန္ဓာကိုယ်အစစ်အမှန်ဖြစ်အောင် ဖြည့်တင်းပေးလျက်ရှိသည်။ ထိုသို့ ပြည့်တင်းသောခန္ဓာကိုယ်ပေါ်မှာ တီရှပ်တစ်ထည်နဲ့ဂျင်းဘောင်းဘီတစ်ထည်နေရာယူထားသည်။

နာရီကြည့်တော့ နာရီဝက်ပြည့်ရန် ငါးမိနစ်အလို။ သူက တစ်ချက်မျှပြုံးကာ သူနေထိုင်ရာတိုက်ခန်းအတွင်းမှထွက်သွားသည်။ သူက အချိန်တိကျသမား။ ငါးမိနစ်တည်းနဲ့ သူနေထိုင်ရာတိုက်ခန်းမှ အလုပ်နေရာဆီရောက်နိုင်တယ်ဆိုတာ သူယုံကြည်မှုအပြည့်ရှိသည်။

လမ်းမထက်မှာကားတွေပြွတ်သိပ်နေပြီး ဟွန်းတီးသံတွေဟာ ကြွက်ကြွက်ညံလျက်ရှိသည်။ ဒါဟာ ဘန်ကောက်မြို့ရဲ့ယာဉ်ကြောပိတ်ဆို့မှုအမှတ်လက္ခဏာအဖြစ် တစ်နိုင်ငံလုံးသိထားကြသည်။ သူကတော့ ကိုယ်ပိုင်ဆိုင်ကယ်တစ်စီးဖြင့် လမ်းကြားတွေကနေသာ မောင်းနှင်သွားလာသောကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေကနေ လွတ်မြောက်သွားခဲ့သည်။

Interpol Thailand

ငွေရောင်စာလုံးထွင်းထားတဲ့ဆိုင်းဘုတ်ကြီးရှေ့ရောက်တော့ နာရီဝက်ပြည့်ရန် ၂မိနစ်လိုသေးသည်။ အပြေးတစ်ပိုင်းနဲ့ပင် ရုံးထဲသူဝင်တော့ တစ်ချို့လူတွေ ကွက်ကြည့်သွားကြသည်။

"Time up Chan"

သူ့မျက်နှာမြင်တာနဲ့ Timer မှတ်ထားတဲ့ဖုန်းကိုထောင်ပြပြီး ဌာနမှူးက ဆီးကြိုပြောဆိုသည်။

Chan... ရုံးမှာခေါ်ကြတဲ့အမည်နာမ။ သူ့နာမည်က ချမ်းထက်ခေါင်။ ထိုင်းနိုင်ငံက Interpol လို့ ခေါ်တဲ့ နိုင်ငံတကာရာဇဝတ်မှုဖြေရှင်းရေးအဖွဲ့အစည်းရုံးခွဲမှာ မှုခင်းစုံစမ်းရေးအဖွဲ့ခေါင်းဆောင်အဖြစ် အလုပ်လုပ်နေသူဖြစ်သည်။

"I'm in time, sir"

ချမ်းထက်ခေါင်က ခပ်တည်တည်သာဖြေပြီး သူ့အလုပ်စားပွဲမှာဝင်ထိုင်သည်။

"မနေ့ကပြီးပြတ်တဲ့အမှုအတွက် Report ကို Fax ရော Mail ရော ပို့ထားပြီးပါပြီ"

"မြင်တယ်...ရော့...အမှုအသစ်"

ဌာနမှူးက ချမ်းထက်ခေါင်ရဲ့စားပွဲပေါ်သို့ ဖိုင်တစ်တွဲချပေးသည်။

"မနေ့ညကမှဖြစ်ထားတဲ့အမှု...ပြင်သစ်ပန်းချီဆရာ အသတ်ခံရတာ"

"ဌာနမှူး...ဒီလိုအမှုမျိုးက Local ဘက်ကိုကိုင်ခိုင်းသင့်တာမဟုတ်ဘူးလား"

"အကြမ်းဖျင်းကြည့်ရင်တော့ သာမန်လူသတ်မှုပဲ၊ ဒါပေမယ့် သူ့ပန်းချီတွေက ငွေမည်းတွေ ငွေဖြူပြောင်းလဲရေးအတွက် အသုံးပြုနေတယ်လို့ သံသယရှိထားတယ်၊ Local ဘက်က ဒါကိုစောင့်ကြည့်နေတာကြာပြီ၊ အခုအသတ်ခံရတဲ့အမှုမှာ အဲ့ဒီကိစ္စနဲ့ပတ်သက်တယ်လို့ ယူဆလို့ ငါတို့ကိုလက်လွှဲတာ"

ချမ်းထက်ခေါင်က အမှုဖိုင်တွဲကိုလိုက်ဖတ်ကြည့်နေသည်။

"Dead Body ကိုတော့ သူတို့သယ်သွားကြပြီ၊ ငါတို့ဘက်ကို တစ်ခါတည်းစာရွက်စာတမ်းနဲ့ လက်လွှဲသွားတာ"

"ဒီအမှုအတွက်က မဖြစ်မနေကျွန်တော်လား"

"မင်းပဲရှိတယ်လေ"

ဌာနမှူးပြောတဲ့စကားကိုနားမလည်စွာဖြင့် ချမ်းထက်ခေါင်ကမော့ကြည့်လိုက်သည်။ သူတို့ ထိုင်းရုံးခွဲမှာ စုံထောက်ပေါင်းရာကျော်ရှိပါလျက်နဲ့ ဒီအဖြေက ထူးဆန်းနေသည်။

"ကျွန်တော်"

"အေး...ငါအယုံကြည်ရဆုံးက မင်းပဲရှိတယ်၊ အချိန်တိုတိုအတွင်းမှာ တိတိကျကျအမှုလိုက်နိုင်တဲ့တစ်ဦးတည်းသောစုံထောက်က မင်းပဲ Chan"

ချမ်းထက်ခေါင် မသိမသာပြုံးလိုက်သည်။ ဌာနမှူးက ချမ်းထက်ခေါင်ရဲ့ပုခုံးကိုပုတ်လိုက်ရင်း...

"ဒီအမှုပြီးရင် မင်းအမေကိုနှုတ်ဆက်ဖို့ မဲဆောက်ကို ငါလိုက်ခဲ့ပါ့မယ်"

မဲဆောက်... ချမ်းထက်ခေါင်ကလေးဘဝရဲ့ကြီးပြင်းရာနေရာ။ ထိုနေရာမှာ အမေရှိသည်။ မဲဆောက်ဆိုတာ အမေခေါင်းချရာနေရာပေါ့။ အခုဆို အနှစ်၂၀တောင်ပြည့်ခဲ့ပါပြီ။

"ဒါဆို အခင်းနေရာသွားကြည့်လိုက်ပါဦးမယ်"

အမေကိုလွမ်းတဲ့စိတ်နဲ့ ကြာကြာငိုင်မိမှာစိုးတာကြောင့် ကမန်းကတန်းပင် ချမ်းထက်ခေါင်ထသည်။

"ရိုးရိုးပဲစုံစမ်းခဲ့နော်...သံသယရှိတယ်ဆိုတိုင်း လူမရိုက်ခဲ့နဲ့"

ဌာနမှူးက အော်မှာပေမယ့် ချမ်းထက်ခေါင်က နောက်ပြန်လက်ပြရုံမျှသာ တုံ့ပြန်သည်။

"ဟေ့ကောင်...မကျိုးမပဲ့စေနဲ့ကွ!"

ထပ်ပြီးအော်မှာနေရင်းပင် ချမ်းထက်ခေါင်က သူ့မြင်ကွင်းထဲကနေပျောက်ကွယ်သွားသည်။ ချမ်းထက်ခေါင်ဆိုတာ အမှုလိုက်ရင် လူရိုက်တတ်တဲ့အကျင့်ရှိတာကြောင့် ဌာနမှူးခမျာ အာပေါက်အောင်မှာရသည်။ သူအင်အားမသုံးဘဲဖြေရှင်းပြီးတဲ့အမှုမရှိသလို ဌာနမှူးကိုယ်တိုင်လည်း အထက်လူကြီးအဆူမခံရတဲ့အမှုဆိုတာမရှိသလောက်ပင်။

🥀🥀

Victim Profile

Name- Leo Weber
Age- 27 years

Sex- Male
Occupation- Freelance Painter
Nationality- French
Date of Death- August 26

ချမ်းထက်ခေါင်ဟာ Victim Profile ထဲမှာရေးထားတဲ့သေဆုံးသူရဲ့အကြမ်းဖျင်းအချက်အလက်တွေကိုဖတ်ကြည့်နေသည်။

"Dead Body ကို ဘယ်တုန်းကသယ်သွားတာလဲ"

"မနေ့က ညတွင်းချင်းသယ်သွားကြတာပါ၊ Autopsy Department ဘက်ကို လွှဲပြောင်းထားပြီးပါပြီ။

[Autopsy Department = အလောင်းစစ်ဌာန]

ပြင်သစ်ပန်းချီဆရာတစ်ယောက်ဟာ ဘန်ကောက်မြို့လယ်က သူ့ရဲ့ပန်းချီပြခန်းမှာပင် လည်ပင်းလှီးဖြတ်ကာ အသတ်ခံလိုက်ရသည်။

"လက်ရှိအထိ သဲလွန်စကရော"

"ဒီသွေးစွန်းပန်းချီကို အဓိကသဲလွန်စအဖြစ် သိမ်းဆည်းထားပါတယ်"

"သွေးစွန်းပန်းချီ"

"သေဆုံးသူရဲ့ဘေးနားမှာတွေ့ခဲ့ရတာပါ၊ သေဆုံးသူက သူ့ရဲ့သွေးစွန်းနေတဲ့လက်နဲ့ ဒီပန်းချီကို ဆွဲခဲ့တယ်လို့ သံသယရှိပါတယ်"

"အခြားရော"

"လက်ဗွေရာ ၂၂ခုနဲ့ သွေးစက် ၇စက်ကိုသိမ်းဆည်းထားပါတယ်၊ Forensic Science ဘက်ကနေ မနက်ဖြန်ချက်ချင်း အဖြေသိရမှာပါ"

[Forensic Science = မှုခင်းဆေးပညာ]

"Okay...Dead Body သွားကြည့်မယ်"

အခင်းဖြစ်ပွါးရာနေရာရဲ့ ဓာတ်ပုံတွေကို စေ့စေ့စပ်စပ်ကြည့်သည်။ လက်ရှိပြင်ပအနေအထားနဲ့ ကွာခြားမှုရှိ မရှိကို စစ်ဆေးသည်။ Dead Body ကို သူကိုယ်တိုင်မျက်မြင်ဒိဌမြင်လိုက်ရခြင်းမရှိတဲ့အတွက် အနည်းငယ်တော့ စိတ်ပျက်သွားသည်။ ထို့ကြောင့်ပင် အခင်းဖြစ်ပွါးပွါးချင်းမှာ ရိုက်ယူထားတဲ့ပုံတွေကနေတဆင့် အလောင်းရဲ့အနေအထားကိုပုံဖော်ကာ အခြေအနေအား ခန့်မှန်းရသည်။

Leo ဟာ ပြခန်းဝင်ပေါက်ကိုကျောခိုင်းကာလဲကျသေဆုံးနေသည်။ သိမ်းဆည်းထားတဲ့သွေးစက်၇စက်ဟာ Leo ရဲ့အနောက်ဘက် ၂ပေအကွာတွင်ရှိသည်။ ဒါတွေကိုကြည့်ချင်းအားဖြင့် Leo ဟာ နောက်ကျောမှတိုက်ခိုက်ခံရပြီးနောက် လဲကျသွားချိန်တွင် တရားခံဟာ လူသတ်လက်နက်ကိုကိုင်ထားဆဲဖြစ်ပြီး ထိုလက်နက်မှ သွေး၇စက် စီးကျလာခြင်းဖြစ်သည်ဟု ချမ်းထက်ခေါင် ခန့်မှန်းချက်ထုတ်လိုက်သည်။

"CCTV အရင်စစ်မယ်"

Dead Body သွားမကြည့်ခင် ပန်းချီပြခန်းရဲ့ CCTV တွေကို စစ်ဆေးပြီး တစ်ခါတည်းတောင်းယူသွားသည်။ ဒီအမှုကို မြန်မြန်ဖြေရှင်းနိုင်ဖို့ သူကြိုးစားရမည်။ ဒါမှ မဲဆောက်ကို အမြန်ပြန်နိုင်မည်ဖြစ်သည်။

Ring Ring

("ဟဲလို Khun Chan")

ဖုန်းထဲကအသံ။

"အင်း ပြော"

("ကျွန်တော့်ဆီလာခဲ့လေ...Dead Body Result ပြောပြချင်လို့")

"Okay Babe"

("Khun...အလုပ်ချိန်ကြီးကို ဒါမျိုးမခေါ်နဲ့လေ")

"၁၀မိနစ်အတွင်းရောက်မယ်"

ချမ်းထက်ခေါင်က အဖြေထူးထူးခြားခြားပြန်မပေးဘဲ ဖုန်းချလိုက်သည်။ Babe လို့ သူခေါ်လိုက်တဲ့လူက Dew လို့ခေါ်တဲ့ ထိုင်းလူမျိုးကောင်လေး။ Interpol က ဝန်ထမ်းပင်ဖြစ်ပြီး Medical Examiner လို့ခေါ်တဲ့ အလောင်းခွဲစိတ်စစ်ဆေးတဲ့ဆရာဝန်လေးဖြစ်သည်။ ချမ်းထက်ခေါင်ရဲ့အထူးအလေးပေးဆက်ဆံခြင်းကိုခံရသူဖြစ်ပေမယ့် ချစ်သူတော့မဟုတ်ပေ။

၁၀မိနစ်အတွင်းလို့ပြောထားတာကြောင့် အချိန်တိကျသမားဟာ ဆိုင်ကယ်ကို ထပ်ပြီးအပြင်းမောင်းနှင်လေသည်။ ဘန်ကောက်မြို့ရဲ့လမ်းမထက်မှာတော့ ချမ်းထက်ခေါင်ဟာ စမတ်ကျစွာပင် ဝဲလွင့်နေလေ၏။

🥀🥀

အပြုံးပန်း

[ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။ Love you all🤍]

#####################################################

(Zawgyi)

အေဝးေျပးလမ္းမတစ္ခုေပၚမွာ ကားတစ္စီးေျပးေနသည္။ ေဘးဘက္ဝန္းက်င္ႏွစ္ခုလုံးမွာ အုံ႔ဆိုင္းလွတဲ့ေတာအုပ္ေတြဝန္းရံထားၿပီး တစ္ခ်က္တစ္ခ်က္ ေမွာင္ရိပ္ခိုသည္။

"ေပ်ာ္ပြဲစားထြက္လာရတာေပ်ာ္ရဲ႕လားသားတို႔"

ကားေပၚမွာဖြင့္ထားတဲ့ျမဴးႂကြတဲ့သီခ်င္းသံကိုထိုးေဖာက္ကာ ကားေနာက္ခန္းကသားေတြကို မိခင္ကေမးလိုက္သည္။ ထိုသီခ်င္းသံအတိုင္း စီးခ်က္လိုက္ေနတဲ့သားႀကီးက ၿပဳံးလ်က္ေခါင္းညိမ့္ကာတုံ႔ျပန္သည္။

"သားငယ္ေရာ..."

သားငယ္ဆိုသူဟာ ဝတ္ထားတဲ့ဟူဒီကို လက္ဖမိုးအုပ္ေအာင္ထိဆြဲခ်ေနရင္း အေျဖျပန္မေပးႏိုင္ေသးဘဲ မိခင္ကိုေငးၾကည့္ေနသည္။

"ေျဖလိုက္ေလညီေလးရဲ႕"

သားႀကီးက သားငယ္ရဲ႕ေပါင္ကို အသာထိကိုင္ဟန္နဲ႔ ေပါင္အတြင္းသားကို လက္မနဲ႔နာက်င္ေအာင္ တင္းတင္းထိုးကာ သားငယ္ရင္မဆိုင္ရဲေသာမ်က္ဝန္းမ်ားျဖင့္ၾကည့္သည္။ သူတို႔ကိုၾကည့္ေနတဲ့မိခင္ဟာ အျပဳအမူေတြကို သတိမထားမိေပ။

"ဟုတ္ ဟုတ္ ေပ်ာ္ပါတယ္"

ညႇင္းေပ်ာ့ေသာအသံေလးျဖင့္ ေျဖလိုက္မွသာ မိခင္ျဖစ္သူက အေရွ႕ျပန္လွည့္သြားၿပီး သားႀကီးကလည္း တစ္ဖက္ျပန္လွည့္သြားသည္။ သားငယ္ဟာ တုန္ရီစျပဳေနတဲ့လက္ႏွစ္ဖက္ကို ဟူဒီနဲ႔အတင္းအုပ္ကြယ္ကာ ေၾကာက္႐ြံ႕မႈကို ဖုံးဖိသည္။

ဒီခရီးကိုသူေၾကာက္သည္။ ခရီးထြက္တိုင္း ကိုႀကီးနဲ႔နီးနီးကပ္ကပ္ေနရသည္။ မိဘေတြက "ညီအစ္ကိုႏွစ္ေယာက္သြားၾက" ဟု ဆိုတတ္ၿပီး တစ္ေနရာကို လႊတ္လိုက္တိုင္း ေၾကာက္လန္႔အားႀကီးရတဲ့အထိ ကိုႀကီးနဲ႔ ႏွစ္ေယာက္တည္းရွိရမွာစိုးထိတ္သည္။

"ေရာက္ၿပီ"

ေတာစပ္ေလးတစ္ခုက သစ္လုံးဘန္ဂလိုေတြရွိတဲ့ သဘာဝအပန္းေျဖစခန္းတစ္ခုကို ေရာက္လာၾကသည္။ ေရာက္ေရာက္ခ်င္း မိုးစက္ေတြၿဖိဳးၿဖိဳးေျဖာက္ေျဖာက္က်ေနေသးသည္။ ခုနကအထိ ဒီေနရာမွာ မိုးႀကီးထားပုံေပါက္ၿပီး ပတ္ဝန္းက်င္ဟာစို႐ြဲေန၏။

"ေမေမတို႔ပစၥည္းေတြခ်ေနတုန္း သားကညီေလးနဲ႔ ေလွ်ာက္ၾကည့္ေလ"

မိခင္ကေျပာေတာ့ သားငယ္က ေခါင္းတြင္တြင္ခါေနေပမယ့္ သားႀကီးက "ဟုတ္ကဲ့ေမေမ" ဟုဆိုကာ သားငယ္ကို ပုခုံးဖက္၍ ေတာအတြင္းဝင္သြားသည္။

သားငယ္ရဲ႕တဆတ္ဆတ္တုန္ေနေသာခႏၶာကိုယ္ဟာ သားႀကီးလက္ထဲတြင္ ေသးငယ္သြားသည္။ ဒါကိုခံစားမိတဲ့သားႀကီးက ဟက္ခနဲတစ္ခ်က္ ရယ္ေမာခ်လိုက္သည္။

"ဘာလဲ...ေၾကာက္ေနတာလား"

သားငယ္ကေခါင္းခါသည္။

"မေၾကာက္ပါနဲ႔...ပတ္ဝန္းက်င္က စိမ္းစိုေနတာ၊ တစ္ခုခု စိတ္ဝင္စားဖို႔ေကာင္းတာ လုပ္ၾကမလား"

"ဟင့္အင္း ဟင့္အင္း...ကြၽန္ေတာ့္ကိုဘာမွမလုပ္ပါနဲ႔၊ ကြၽန္ေတာ္ေတာင္းပန္ပါတယ္"

မ်က္ႏွာမေဖာ္ႏိုင္ေအာင္ ေခါင္းငုံ႔ကာ ေတာင္းပန္တိုးလွ်ိဳးစကားဆိုသည္။ ဒါေပမယ့္...

"မင္းမႀကိဳက္ဘူးလို႔ ဟန္မေဆာင္စမ္းပါနဲ႔...မင္းဘယ္လိုေကာင္လဲဆိုတာ ငါအသိဆုံးပါကြာ"

ထိုသို႔ေျပာရင္း သားငယ္ရဲ႕လက္ေမာင္းကို အတင္းေဆာင့္ဆြဲကာ ေျမျပင္ေပၚလွဲခ်သည္။ သားငယ္က ကုန္း႐ုန္းထကာ...

"ကိုႀကီးအဲ့လိုမလုပ္ပါနဲ႔...ကြၽန္ေတာ္ ေမေမနဲ႔တိုင္ေျပာမွာ"

"ဟား ဟား...ေျပာေလ ေျပာေပါ့...မင္းလို ေကာက္ရတဲ့ေမြးစားသားနဲ႔ ငါ့လိုသားအရင္း သူဘယ္သူ႔ကိုပိုယုံမယ္လို႔ မင္းထင္လဲ၊ ေျပာလိုက္စမ္းပါ ဟား...ဘာလဲ မင္းမေျပာရဲဘူးမလား...ဒါေပါ့ မင္းေျပာလိုက္ရင္ မင္းက အရင္ကလို မိမရွိ ဖမရွိ တစ္ေကာင္ႂကြက္ဘဝကိုေရာက္သြားမွာေလ...ဟား ဟား ဟား ဟား"

အညႇာတာကင္းစြာရယ္ေနပုံက သားငယ္ကိုပိုၿပီး သိမ္ငယ္သြားေစသည္။ ေၾကာက္သည္။ ႐ြံ႕သည္။ မုန္းသည္။ ဖန္တလဲလဲျဖစ္ပ်က္ေနတဲ့ဒီလိုကိစၥေတြကို စိတ္ကုန္သည္။ ဘယ္သူ႔ကိုမွမေျပာရဲဘဲ ႀကိတ္မွိတ္သည္းခံေနရတာကိုလည္း စိတ္ညစ္သည္။

"လာပါ...မင္းကလိမၼာပါတယ္"

"ဟင့္အင္း ကြၽန္ေတာ့္ကိုလႊတ္..."

သားငယ္က မည္မွ်ပင္႐ုန္းပါေစ... အားခ်င္းကြာတဲ့သားႀကီးရဲ႕တိုက္ခိုက္မႈကို တြန္းလွန္ဖို႔ခက္ခဲသည္။ ဘယ္တုန္းကမွလည္း မလြယ္ကူခဲ့ဘဲ မ႐ိုးႏိုင္တဲ့ကိစၥတစ္ခုလို ထပ္ခါထပ္ခါ ျဖစ္ပ်က္ေနသည္။

ေျမျပင္ေပၚသို႔ သားငယ္လဲက်သြားသည္။ သားငယ္ရဲ႕ေဘာင္းဘီကို ဆြဲခြၽတ္ဖို႔ျပင္ေနတဲ့သားႀကီးရဲ႕လက္ေတြကို အတင္းတြန္းဖယ္သည္။

"မေအာ္နဲ႔ေနာ္...သူမ်ားေတြသိသြားရင္ မင္းပဲအရွက္ကြဲမွာ"

ဒါမ်ိဳးကိုလက္မခံႏိုင္ေတာ့။ ဆက္မျဖစ္ခ်င္ေတာ့။ တင္းခံၿပီးအသက္ရွင္ရတာ သူပင္ပန္းလာၿပီ။ ႐ုန္းကန္ေနရင္းနဲ႔ပင္ ေဘးနားမွာ က်ိဳးပဲ့အုတ္ခဲတစ္ခုကိုေတြ႕လိုက္ရခ်ိန္ သူဘာမွအရွည္ႀကီးမစဥ္းစားႏိုင္ေတာ့။ လက္နဲ႔တင္းတင္းဆုပ္ကိုင္ၿပီး သူ႔အေပၚအျမတ္ထုတ္ေနတဲ့ေမြးစားအစ္ကိုကို ႐ိုက္ပစ္လိုက္သည္။

"အား! အား! ဘာလဲ....မင္း မင္း...ေတာက္!"

သားႀကီးရဲ႕နဖူးစပ္မွ ေသြးေတြစီးက်လာခ်ိန္ သားငယ္က ထြက္ေျပးသည္။ ေသြးေတြနဲ႔လုံးပမ္းေနဆဲသူ႔အစ္ကိုကို ေနာက္ျပန္လွည့္မၾကည့္ဘဲ ေရွ႕ကိုသာေျပးသည္။ သူလြတ္ေျမာက္မွာလားဆိုတာ မေသခ်ာဘူး။ ဒါေပမယ့္ ေရွ႕ကိုသာဆက္ေျပးေနခဲ့သည္။

"မင္းကိုငါသတ္မယ္!...ေတြ႕တာနဲ႔သတ္မယ္!"

အသံေတြညံထြက္လာသည္။ အပန္းေျဖစခန္းမွလူတစ္ခ်ိဳ႕ ေတာထဲေရာက္လာၾကသည္။ ႐ုတ္တရက္ သူတို႔နာမည္ေတြကိုေအာ္ေခၚေနၾကသည္။

လူေတြေတြ႕သြားရင္ဘာျဖစ္မွာလဲ... ကိုႀကီးက သူ႔ကိုဘယ္လိုထပ္ၿပီးႏွိပ္စက္ဦးမလဲ... ေမေမကစြန္႔ပစ္လိုက္ရင္ ဘယ္လိုလုပ္မလဲ... သူ႔ေခါင္းထဲမွာအေတြးေတြေရာက္လာသည္။ ရင္ထဲမွာ တစ္စတစ္စနဲ႔နာက်င္လာသည္။ တုန္ရီေနဆဲလက္ေတြဟာ ေအးစက္သြားၿပီ။ သူေၾကာက္လန္႔ေနဆဲ...။ ထိုသို႔ေၾကာက္လန္႔အားႀကီးစြာနဲ႔ဆက္တိုက္ေျပးေနတဲ့သူဟာ သစ္ငုတ္တစ္ခုနဲ႔တိုက္မိၿပီး လဲက်သြားသည္။ သူလဲက်သြားသည္။ ကမာၻႀကီးနဲ႔အဆက္အသြယ္ပ်က္သြားၿပီ။ အရာအားလုံး ေမွာင္အတိက်သြားၿပီ...။

🥀🥀

Ring Ring

တဒူဒူနဲ႔ ဆက္တိုက္ေအာ္ျမည္ေနတဲ့ဖုန္း။

ထိုဖုန္းသံေၾကာင့္ ေမာပန္းႀကီးစြာနဲ႔ သူႏိုးလာသည္။ ေခြၽးစက္ေတြက နားထင္ကေနစီးက်ေနဆဲ။

ဒီအိပ္မက္ဆိုးကေနႏိုးထခြင့္ရေအာင္ ဘယ္သူဖုန္းဆက္တာလဲ...။ ေကာက္ကိုင္ၾကည့္ေတာ့ ဌာနမႉး။

"ဟဲလို"

("ဖုန္းကိုင္တာၾကာလိုက္တာ...မင္းဒီအခ်ိန္ထိအိပ္ေနတုန္းပဲလားကြ ဟမ္")

"အေရးႀကီးလို႔လား"

("မင္းအတြက္ အမႈသစ္တစ္ခုရွိတယ္")

"ဟမ္...အေရွ႕ကအမႈအတြက္ေတာင္ Report ထိုင္ေရးတာ ဒီမနက္၄နာရီမွၿပီးတယ္ဗ်၊ အခု ထပ္လာျပန္ၿပီလား"

("ၿငီးျငဴတာေတြမလိုခ်င္ဘူး၊ နာရီဝက္အတြင္း ငါ့ဆီအေရာက္လာ")

သူဘာမွျပန္မေျဖႏိုင္ခင္ တစ္ဖက္ကဌာနမႉး ဖုန္းခ်သြားသည္။ နာရီလွမ္းၾကည့္ေတာ့ မနက္၇နာရီ။ ၃နာရီအတြင္း အိပ္မက္လွလွေလးေတြဘာလို႔မမက္ရတာလဲ...။ ဖန္တရာေတေနတဲ့အဲ့ဒီအိပ္မက္ဆိုးကို သူအေတာ္ပင္ ၿငီးေငြ႕လာၿပီ။

"အိပ္မက္ကတစ္မ်ိဳး ဌာနမႉးကတစ္မ်ိဳးကြာ"

စိတ္ပ်က္လက္ပ်က္ေရ႐ြတ္ရင္းနဲ႔ အလုပ္သြားဖို႔ျပင္ဆင္သည္။ ထို႔ေနာက္ ႐ိုးရာမပ်က္ပင္ ေအးခဲေနတဲ့ Sandwich ကို Microwave နဲ႔ ေႏႊးကာ စားလိုက္သည္။ ဌာနမႉးေပးတဲ့အခ်ိန္နာရီဝက္ျပည့္ရန္ ဆယ္မိနစ္သာလိုေတာ့ေပမယ့္ သူကေတာ့ သူ႔ရဲ႕တစ္ကိုယ္ရည္ျပင္ဆင္မႈကို လုပ္ၿမဲအတိုင္းသာလုပ္သည္။

ပင္ကိုၾကည့္ေကာင္းတဲ့ဥပဓိ႐ုပ္ရည္ဟာ အလုပ္သြားမယ့္မနက္တိုင္းမွာ သန္႔ျပန္႔ေနတတ္သည္။ မျဖဴမညိဳေသာအသားအရည္နဲ႔အတူ မည္းနက္ေနတဲ့ဆံပင္တိုဟာ ၿဖီးသင္စရာမလိုေအာင္ ေသသပ္ေနသည္။ သူ႔ရဲ႕မ်က္ႏွာမွာ အထင္ရွားဆုံးအစိတ္အပိုင္းဟာ သူ႔ရဲ႕ေမး႐ိုးပင္။ ျပည့္စုံစြာထင္းလင္းေနတဲ့ထိုေမး႐ိုးဟာ ဘယ္သူ႔ဆီက လက္ဆင့္ကမ္းရရွိထားလဲမသိရေလာက္ေအာင္ သူ႔ရဲ႕ဥပဓိ႐ုပ္ကို ၾကည့္ေကာင္းေစသည္။

ဥပဓိ႐ုပ္က ၾကည့္ေကာင္းေနေပေသာ္ျငား ရွိရင္းစြဲအသက္၃၂ႏွစ္ထက္ ပိုမိုရင့္ေနသေယာင္ျဖစ္ရေလာက္ေအာင္ သူဟာ မႏုပ်ိဳႏိုင္တဲ့ေယာက္်ားတစ္ေယာက္ျဖစ္သည္။ အေၾကာင္းကေတာ့ အၿမဲတြန္႔ခ်ိဳးေနတဲ့မ်က္ခုံးမ်ားေၾကာင့္ပင္။ သူ၏မူပိုင္လို႔ဆိုႏိုင္သည့္ အလိုမက်ဟန္တို႔ျဖင့္ျပည့္ေနတဲ့ တြန္႔ခ်ိဳးမ်က္ခုံးမ်ားဟာ လူရွိန္ေစၿပီး လူေရွာင္ေစသည္။

လုပ္ရတဲ့အလုပ္ေၾကာင့္ အားကစားကိုအမ်ားႀကီးလိုက္စားထားၿပီး ဖြံ႕ၿဖိဳးေနတဲ့ႂကြက္သားေတြဟာ သူ႔ကိုေယာက္်ားသားတစ္ေယာက္ရဲ႕ခႏၶာကိုယ္အစစ္အမွန္ျဖစ္ေအာင္ ျဖည့္တင္းေပးလ်က္ရွိသည္။ ထိုသို႔ ျပည့္တင္းေသာခႏၶာကိုယ္ေပၚမွာ တီရွပ္တစ္ထည္နဲ႔ဂ်င္းေဘာင္းဘီတစ္ထည္ေနရာယူထားသည္။

နာရီၾကည့္ေတာ့ နာရီဝက္ျပည့္ရန္ ငါးမိနစ္အလို။ သူက တစ္ခ်က္မွ်ၿပဳံးကာ သူေနထိုင္ရာတိုက္ခန္းအတြင္းမွထြက္သြားသည္။ သူက အခ်ိန္တိက်သမား။ ငါးမိနစ္တည္းနဲ႔ သူေနထိုင္ရာတိုက္ခန္းမွ အလုပ္ေနရာဆီေရာက္ႏိုင္တယ္ဆိုတာ သူယုံၾကည္မႈအျပည့္ရွိသည္။

လမ္းမထက္မွာကားေတြႁပြတ္သိပ္ေနၿပီး ဟြန္းတီးသံေတြဟာ ႂကြက္ႂကြက္ညံလ်က္ရွိသည္။ ဒါဟာ ဘန္ေကာက္ၿမိဳ႕ရဲ႕ယာဥ္ေၾကာပိတ္ဆို႔မႈအမွတ္လကၡဏာအျဖစ္ တစ္ႏိုင္ငံလုံးသိထားၾကသည္။ သူကေတာ့ ကိုယ္ပိုင္ဆိုင္ကယ္တစ္စီးျဖင့္ လမ္းၾကားေတြကေနသာ ေမာင္းႏွင္သြားလာေသာေၾကာင့္ ယာဥ္ေၾကာပိတ္ဆို႔မႈေတြကေန လြတ္ေျမာက္သြားခဲ့သည္။

Interpol Thailand

ေငြေရာင္စာလုံးထြင္းထားတဲ့ဆိုင္းဘုတ္ႀကီးေရွ႕ေရာက္ေတာ့ နာရီဝက္ျပည့္ရန္ ၂မိနစ္လိုေသးသည္။ အေျပးတစ္ပိုင္းနဲ႔ပင္ ႐ုံးထဲသူဝင္ေတာ့ တစ္ခ်ိဳ႕လူေတြ ကြက္ၾကည့္သြားၾကသည္။

"Time up Chan"

သူ႔မ်က္ႏွာျမင္တာနဲ႔ Timer မွတ္ထားတဲ့ဖုန္းကိုေထာင္ျပၿပီး ဌာနမႉးက ဆီးႀကိဳေျပာဆိုသည္။

Chan... ႐ုံးမွာေခၚၾကတဲ့အမည္နာမ။ သူ႔နာမည္က ခ်မ္းထက္ေခါင္။ ထိုင္းႏိုင္ငံက Interpol လို႔ ေခၚတဲ့ ႏိုင္ငံတကာရာဇဝတ္မႈေျဖရွင္းေရးအဖြဲ႕အစည္း႐ုံးခြဲမွာ မႈခင္းစုံစမ္းေရးအဖြဲ႕ေခါင္းေဆာင္အျဖစ္ အလုပ္လုပ္ေနသူျဖစ္သည္။

"I'm in time, sir"

ခ်မ္းထက္ေခါင္က ခပ္တည္တည္သာေျဖၿပီး သူ႔အလုပ္စားပြဲမွာဝင္ထိုင္သည္။

"မေန႔ကၿပီးျပတ္တဲ့အမႈအတြက္ Report ကို Fax ေရာ Mail ေရာ ပို႔ထားၿပီးပါၿပီ"

"ျမင္တယ္...ေရာ့...အမႈအသစ္"

ဌာနမႉးက ခ်မ္းထက္ေခါင္ရဲ႕စားပြဲေပၚသို႔ ဖိုင္တစ္တြဲခ်ေပးသည္။

"မေန႔ညကမွျဖစ္ထားတဲ့အမႈ...ျပင္သစ္ပန္းခ်ီဆရာ

You are reading the story above: TeenFic.Net