Chapter 17

Background color
Font
Font size
Line height

(Unicode)

Interpol Thailand ရဲ့ Autopsy Department (အလောင်းစစ်ဌာန) ဟာ ထုံးစံအတိုင်း တိတ်ဆိတ်ကာအေးစက်နေသည်။ ထိုဌာနရဲ့ဝန်ထမ်းဖြစ်တဲ့ Dew ဟာ စိတ်ထိခိုက်နာကျင်လျက်ရှိသည်။

ချမ်းထက်ခေါင်ရဲ့လျစ်လျူရှူမှုတွေအောက်မှာ Dew တဖြည်းဖြည်းပင်ပန်းလာသည်။ စိတ်ရှည်လက်ရှည်စောင့်ခဲ့ပေမယ့် တုံ့ပြန်မှုနည်းနည်းတောင်မရခဲ့တာကြောင့် ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်နေရသည်။

"Dew ချစ်တာကိုမသိချင်ယောင်ဆောင်ထားတယ်...Dew ကိုပြန်မချစ်နိုင်လို့ အခုလိုတွေလုပ်နေတာလား Chan ရယ်"

ကောက်ကွေးဆံပင်ညိုတွေနဲ့သိပ်လှတဲ့အဖြူကောင်လေး Dew ဟာ ချမ်းထက်ခေါင်ကိုသိပ်ချစ်သည်။ ချစ်လွန်းလို့ပဲ FWB ဆက်ဆံရေးကို ချမ်းထက်ခေါင်အလိုကျ ခွင့်ပြုခေါင်းညိမ့်ခဲ့သည်။ ချစ်လွန်းလို့ပဲ ခန္ဓာကိုယ်ရော နှလုံးသားပါ ပုံအပ်ထားခဲ့သည်။ ချစ်လွန်းလို့ပဲ ကိုယ့်ဆန္ဒတွေထက် ချမ်းထက်ခေါင်ရဲ့ဆန္ဒတွေကိုသာ ကြည့်မြင်လိုက်လျောပေးခဲ့သည်။

FWB ဆက်ဆံရေးမှာ ခံစားချက်တွေ အရင်စည်းကျော်မိသူကအရှူံးဖြစ်မှာဆိုပေမယ့် Dew အတွက်ကတော့ ပွဲမစခင်ကတည်းက ရှူံးနေသူပမာ ဒီဆက်ဆံရေးမတိုင်ခင်ကတည်းက ချစ်နေမိသူဖြစ်သည်။ အချိန်တစ်ခုကြာလာတဲ့အခါ သူ့အချစ်တွေကို ချမ်းထက်ခေါင်နားလည်သဘောပေါက်ပြီး လက်ခံကောင်းလက်ခံလာနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်တွေကပဲ Dew အတွက် စျေးကြီးလွန်းသွားခဲ့သည်။

၂၀၂၁

Interpol Thailand မှာအလုပ်စဝင်တော့ Dew ရဲ့ရာထူးက Assistant Medical Examiner ပဲရှိသေးသည်။ Assistant ဆိုပေမယ့် တကယ့်တောက်တိုမယ်ရဆန်ဆန်နဲ့ အလောင်းခွဲစိတ်ရတာတွေ ကိုယ်တိုင်ဝင်လုပ်၊ ဝင်ပါရတာတွေမရှိ။ သို့ပေမယ့် ပညာနဲ့အတွေ့အကြုံတွေအများကြီးရခဲ့သည်။ ထိုသို့ ငယ်ရွယ်နုနယ်တဲ့ဝန်ထမ်းအသစ်ဘဝမှာ ချမ်းထက်ခေါင်နဲ့ စဆုံခဲ့သည်။

အမှုအတွက် သူရှိရာ Autopsy Department ကို မကြာမကြာရောက်လာတိုင်း သူ့စိတ်တွေယောက်ယတ်ခတ်လှုပ်ရှားရသည်။ အချိန်တွေကြာလာတာနဲ့အမျှ ချမ်းထက်ခေါင်ရဲ့အစအဆုံးသောဖြစ်တည်မှုကို သဘောကျလာခဲ့သည်။ ဒါပေမယ့် ချမ်းထက်ခေါင်က Dew နဲ့ မျက်လုံးချင်းဆုံအောင်ပင်မကြည့်။ သူလုပ်စရာရှိတဲ့အလုပ်ပြီးတာနဲ့ထွက်သွားသည်။ သို့ရာတွင် Dew ရဲ့စိတ်ခံစားချက်က မပြောင်းလဲခဲ့။ မိမိကိုယ်ကို Gay ဟု သိမြင်ခံယူပြီးနောက်ပိုင်း ချမ်းထက်ခေါင်က Dew ရဲ့အချစ်ဦးဖြစ်လာခဲ့သည်။

၂၀၂၂

"Khun Chan"

သူများတွေခေါ်သလိုလိုက်ခေါ်ပေမယ့် Dew အတွက်ကတော့ သူများနဲ့မတူတဲ့ အခွင့်အရေးရခဲ့သည်။ လုပ်ဖော်ကိုင်ဖက်မဟုတ်တဲ့ သူငယ်ချင်းအဆင့်ကို Dew ရအောင်ကြိုးစားယူခဲ့သည်။

ထိုအရာတွေက ချမ်းထက်ခေါင်ဆီ Dew မကြာမကြာသွားခြင်းကနေစသည်။ စစချင်းတော့ အလုပ်ကိစ္စနဲ့သွားပေမယ့် နောက်ပိုင်းမှာတော့ Dew ဘက်က မြန်ဆန်တဲ့ခြေလှမ်းတွေကို ချမ်းထက်ခေါင်လက်ခံမိလာခဲ့သည်။

၂၀၂၃

"Chan"

နှစ်ယောက်တည်းရှိချိန်ဆိုရင် ထိုသို့ခေါ်တတ်သည်။ ထိုနေ့က ချမ်းထက်ခေါင်ရဲ့တိုက်ခန်းကို Dew က အကြောင်းပြချက်ရေရေရာရာမရှိဘဲ Medical Report စာရွက်တစ်ရွက်ကိုင်ကာ ရောက်သွားသည်။ ထိုအချိန်မှာ Dew က Medical Examiner ရာထူးရနေပြီဖြစ်တဲ့အတွက် ချမ်းထက်ခေါင်နဲ့ တွေ့ဆုံဖို့ လွယ်ကူလာသည်။

"မနေ့ညက ဘားမှာတွေ့လိုက်တယ်"

"အင်း"

"Chan ကောင်လေးတစ်ယောက်နဲ့ အတူတူ Toilet ထဲဝင်သွားတာ..."

"အဲ့တော့..."

"Dew အခြားသူတွေကိုပြန်ပြောလိုက်မှာမစိုးရိမ်ဘူးလား"

"No"

ချမ်းထက်ခေါင်က ဘာကိုမှဂရု့မစိုက်ဘဲ ခပ်အေးအေးသာဖြေသည်။ Dew က ချမ်းထက်ခေါင်ရဲ့ဘေးနားတိုးထိုင်ကာ ဘာမှမပြောသေးဘဲ တစိုက်မတ်မတ်ငေးကြည့်နေသည်။

"Chan မှာအတည်တွဲနေတဲ့သူရှိလား"

Dew ဆီကနေ ပွင့်လင်းတဲ့မေးခွန်းထွက်လာသည်။ ချမ်းထက်ခေါင်တစ်ချက်ပြုံးလိုက်၏။

"သိချင်တယ်ပေါ့"

Dew က မဆိုင်းမတွပင် ခေါင်းလေးတဆတ်ဆတ်ညိမ့်လိုက်သည်။

"ငါကငြီးငွေ့လွယ်တယ်၊ အပျင်းပြေအောင်နေရတာပဲကြိုက်တယ်"

ချမ်းထက်ခေါင်ရဲ့မဲ့ပြုံးက ဥပဓိရုပ်နဲ့လိုက်ဖက်စွာဖြစ်တည်သည်။ Dew က အကြောင်းပြချက်မရှိစွာပင် သဘောကျကြောင်းပြနေတဲ့အကြည့်တွေက ထင်ရှားလွန်းလှသည်။ အထူးသဖြင့် ချမ်းထက်ခေါင်ရဲ့ ခံ့ညားတဲ့မေးရိုးတွေက Dew ကို ရင်ခုန်အောင်လုပ်နိုင်စွမ်းရှိသည်။

"One Night Stand ထားတာလား"

"ဟက်...It's so personal, Dew"

ချမ်းထက်ခေါင်က တစ်ချက်ရယ်ကာပြောလိုက်ရင်း ဧည့်ခန်းဘေးက စင်ပေါ်မှာတင်ထားတဲ့ဝိုင်ပုလင်းကို သွားယူသည်။ တစ်လက်စတည်း မီးဖိုချောင်ကနေ ခွက်နှစ်ခွက်ယူလာသည်။

Dew က ဆိုဖာပေါ်မှာထိုင်နေဆဲ။ ခြေနှစ်ချောင်းချိတ်ပြီး ခါးစောင်းကာထိုင်နေတဲ့ Dew က ချမ်းထက်ခေါင်ရဲ့မျက်လုံးထဲမှာ လှသယောင်ရှိလာသည်။ ခုနကတည်းက သူ့ကိုသာတွင်တွင်ငေးနေတဲ့မျက်လုံးတွေကို တစ်ချက်တစ်ချက် ခိုးကြည့်မိတာလည်း စိတ်ဝင်စားဖို့ကောင်းသည်။ သူ့အောက်၂နှစ်သာငယ်ပေမယ့် များစွာနုနယ်ပျိုမျစ်နေပုံကို ချမ်းထက်ခေါင် မျက်စိကျသွားတယ်ထင်၏။

"ရော့"

ကျောက်စားပွဲပေါ် ဖန်ခွက်တင်လိုက်တဲ့အသံဟာ တိတ်ဆိတ်နေတဲ့ဝန်းကျင်ကို ဖြိုခွင်းလိုက်သည်။ သဲ့ခနဲမြည်သွားတဲ့အသံနဲ့အတူ သူတို့နှစ်ယောက်ရဲ့အသက်ရှူသံတွေက ရောယှက်နေသည်။

"Chan က ဝိုင်ကြိုက်တာလား"

ချမ်းထက်ခေါင်က ခေါင်းပဲညိမ့်ပြီး ဝိုင်ကို အရသာခံသောက်နေသည်။

"ဒီတစ်ခွက်ကုန်ရင် Dew ပြန်မယ်"

Dew ရဲ့အသံကအေးဆေးသလောက် ချမ်းထက်ခေါင်က အံ့ဩစွာ လှည့်ကြည့်မိသည်။ တစ်ညလုံးနေဖို့များ မျှော်လင့်ထားတာလား...။

"အရေးကြီးလို့လား"

"Chan ဆွဲထားရင်တော့ Dew မသွားဘူး"

အပြောအဆိုကပုံမှန်ပေမယ့် မျက်လုံးတွေက ထိုသို့မဟုတ်။ ချမ်းထက်ခေါင် ချောင်းတစ်ချက်ဟန့်မိတဲ့အထိ စိတ်လှုပ်ရှားတာကို ချုပ်ထိန်းထားရသည်။

"ဘယ်လိုလဲ၊ ဆွဲထားချင်လား"

Dew က သိပ်မကျန်တော့တဲ့ဝိုင်တွေကို ခွက်ထဲမှာလှုပ်ရမ်းရင်း ချမ်းထက်ခေါင်ရဲ့အနားကို ပိုပိုတိုးလာသည်။ ဘေးချင်းကပ်ထိတွေ့မှုက ဘာကိုပူလောင်စေမှန်းမသိ ပူလောင်သွားစေသည်။

"ငါမင်းရဲ့ One Night Stand မဖြစ်ချင်ဘူး...မင်းကိုငါ့ရဲ့ Friends with Benefits ဖြစ်စေချင်တယ်၊ You wanna try?"

ထိုင်းလိုနဲ့အင်္ဂလိပ်လိုရောယှက်ပြောတဲ့အခိုက်အတန့်မှာ ချမ်းထက်ခေါင် အရမ်းစမတ်ကျတယ်လို့ Dew ကောက်ချက်ချပစ်လိုက်သည်။ ဩရှတဲ့အသံမှာ ဩဇာအပြည့်ပါသည်။ ပင်လယ်သမုဒ္ဒရာနဲ့နှိုင်းယှဉ်မယ်ဆိုရင် ထိုအသံဟာ အင်မတန်နက်ရှိုင်းသည်။ Dew ရုန်းလို့မရအောင်ချုပ်ထားတဲ့ဝေါဟာရက Friends with Benefits တဲ့။ ပျော်လွန်းလို့ထတောင်ခုန်ချင်သည်။

"Okay"

တစ်လုံးသာဖြေပြီး တစ်ဖက်သို့လှည့်ကာ ဝိုင်ကိုတစ်ကျိုက်တည်းမော့သောက်လိုက်၏။

ထိုညက သူတို့ရဲ့ပထမဆုံးညဖြစ်ခဲ့သည်။ ဘာမှထွေထွေထူးထူးမပြောခဲ့ရဘဲ လွယ်လင့်တကူပင် ဒီဆက်ဆံရေးကို စခဲ့သည်။ Dew အနေနဲ့ကလည်း ချမ်းထက်ခေါင်ရဲ့ဇယားထဲကတစ်ယောက်အဖြစ် ကျေကျေနပ်နပ်ကြီးခံယူပစ်လိုက်သည်။

၂၀၂၄

ဒီဆက်ဆံရေးဟာ တစ်နှစ်မျှကြာခဲ့ပြီ။ Dew ဘက်က ချမ်းထက်ခေါင်အတွက်ဆိုရင် လုပ်လို့ရတာမှန်သမျှထက် လုပ်လို့ရတာထက်ပိုတဲ့အရာမှန်သမျှကိုတောင် လုပ်ပေးခဲ့သည်။ အချစ်အတွက်... ဆိုတဲ့သဘောနဲ့ ဘယ်တော့မှ၊ ဘယ်အရာကိုမှ မငြီးမငြူဘဲ ကျေနပ်အောင်နေပေးခဲ့သည်။ အဲ့တာတွေကပဲ Dew ကို အမှတ်ကျစေတယ်ထင်၏။ အဲ့လောက်ထိကို ချမ်းထက်ခေါင်ရဲ့လိုအပ်ချက်အစစ်ကဘာလဲဆိုတာ ဒီနှစ်တွေအတွင်း ရှင်းရှင်းလင်းလင်းမသိခဲ့ရပေ။

"ငြီးငွေ့လွယ်တတ်တဲ့လူဆိုတော့ Dew ကိုငြီးငွေ့သွားပြီလား...Dew ဆီကနေ ထွက်သွားချင်နေပြီလား၊ Dew ရဲ့ခံစားချက်တွေကိုထည့်မတွက်တော့ဘူးလား"

တစ်ယောက်တည်းရေရွတ်ရင်း မျက်ရည်ကျမိသည်။ သူ့ရဲ့လိမ်ကောက်ကောက်ဆံပင်တွေထဲလက်ထိုးထည့်ရင်း ခေါင်းငိုက်စိုက်ချကာ ငိုနေမိသည်။ တော်ရုံတန်ရုံဆိုရင် အငိုမလွယ်အောင်ထိန်းချုပ်ထားတတ်တဲ့သူက ဒီနေ့တော့ လွတ်လွတ်လပ်လပ်ငိုကြွေးပစ်လိုက်သည်။

နောက်ဆုံးမှာ ချမ်းထက်ခေါင်အတွက် Dew က Friends with Benefits ထက် နည်းနည်းလေးမှမပိုခဲ့...။

🥀🥀

"Itt...Fan Gift တွေထပ်ရောက်လာတယ်လို့ FC ကဖုန်းဆက်တယ်၊ နင့်ဆီဆက်လို့မရလို့တဲ့"

Itt က စာအုပ်တစ်အုပ်ဖတ်နေစဉ်မှာ အစ်မဖြစ်သူရောက်လာပြီးပြောသည်။

"Fan Gift တွေလား...အားနာလိုက်တာ၊ ခဏခဏရောက်လာကြတယ်"

"အဲ့တာကတော့ နင့်ကိုချစ်ကြတာကိုး၊ နင့်အခြေအနေလည်း သူတို့သိချင်နေကြတာ၊ နင်ကလည်း Online Break...တစ်နေ့တစ်နေ့ FC ကတင်ပေးသမျှနဲ့ပဲ သူတို့ကကျေနပ်နေရတာ"

ဟုတ်လည်းဟုတ်ပေသည်။ မတရားစွပ်စွဲချောက်ချမှုတွေစတင်တဲ့နေ့ကတည်းက Social Media တွေပေါ်ကနေ တဖြည်းဖြည်းချင်းနောက်ဆုတ်လာတာ ဟန်နွေးဆီမှာကုသမှုခံယူတဲ့နေ့ကစပြီး လုံးဝ Break လုပ်ပစ်လိုက်သည်။ စစချင်းမှာတော့ တိတ်ဆိတ်နေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ အနည်းငယ်သက်သာလာတော့မှ FC ကိုဆက်သွယ်၍ သူအဆင်ပြေတယ်ဆိုတဲ့အကြောင်းတွေကို Fan တွေသိအောင် တင်စေခဲ့သည်။ ထိုအချိန်ကနေစပြီး ဒီနေ့အထိ နေ့စဉ်မပြတ် လက်ဆောင်တွေပို့ပေး၊ Motivation Letter တွေပို့ပေးနဲ့ သူ့ကိုမျိုးစုံဆုတောင်းပေးနေကြသည်။ ဒါတွေကပဲ သူ့ကိုရှေ့ဆက်ဖို့ ခွန်အားဖြစ်စေခဲ့သည်။

"အစ်မ...တရားစွဲဖို့ကိစ္စကရော"

"ငါစီစဉ်ပါ့မယ်၊ နင်အဲ့တာတွေစိတ်မပူနဲ့၊ ငါ့မောင်ကို မတရားစွပ်စွဲတဲ့သူ့ကို မှတ်လောက်အောင်ပညာပေးမှာ၊ စိတ်ချ Itt"

"သက်သေအထောက်အထားတွေရော စုံပြီလား"

"ဒါပေါ့၊ ရှေ့နေကြီးက အရမ်းတော်တာ၊ ဒီကိစ္စကလည်း မဟုတ်မှန်းဒီလောက်သိသာနေတာ၊ မကြာခင် အနိုင်ရပြီဆိုတဲ့သတင်းကို နင်ကိုယ်တိုင် မီဒီယာတွေကိုဖြေပေးလို့ရပြီ"

"ကျေးဇူးပါအစ်မ"

Itt ကကျေးဇူးတင်တာကို အစ်မက ပြုံးလျက်လက်ခံပြီး Itt ကိုလာပွေ့ဖက်သည်။ Itt ရဲ့ Healing အောင်မြင်မှုမှာ မိသားစုရဲ့ဖေးမမှုတွေလည်း အများကြီးပါသည်။ ဒီပြဿနာကြီးစတဲ့နေ့ကတည်းက Itt ကိုယုံကြည်ပေးပြီး နားလည်ပေးတဲ့လူတွေက မိသားစုဝင်တွေပင်ဖြစ်သည်။ အထူးသဖြင့် အစ်မက သူ့အတွက် ဒိုင်းကာလုပ်ပေးဖို့ အလွန်သတ္တိရှိသူဖြစ်သည်။ ဖြစ်ဖြစ်ချင်းတုန်းက စွပ်စွဲသူမန်နေဂျာအမျိုးသမီးဆီသွားပြီး ဒဲ့ရှင်းဖို့ Ready ဖြစ်နေခဲ့ပေမယ့် Itt က တားခဲ့လို့သာ ကြီးကြီးမားမား ဘာမှမဖြစ်ခဲ့တာပင်။

Itt ရဲ့ Image က ထိုင်းမော်ဒယ်လောကမှာ Top 10 ဝင်ထားသူဖြစ်ပြီး Worldwide Brand များစွာရဲ့ Ambassador တစ်ယောက်လည်းဖြစ်သည်။ ၂၅နှစ်ဆိုတဲ့အရွယ်နဲ့မလိုက်အောင် Itt ရဲ့အောင်မြင်မှုက တစ်ဟုန်ထိုးပင်ဖြစ်ပြီး လူကြိုက်များကျော်ကြားသည်။ ဒါကပဲ Itt ကိုထိုးချဖို့လွယ်ကူစေခဲ့သလားမပြောတတ်။ အညွှန့်တလူလူတက်နေတဲ့ကောင်လေးက စိတ်ကုထုံးခံယူခဲ့ရတဲ့အထိ နစ်နာသွားခဲ့ရ၏။

"ဆုံခလာသွားဖို့ လေယာဉ်လက်မှတ်မဝယ်တော့ဘူးအစ်မ...ကားနဲ့ပဲသွားမယ်"

"ပင်ပန်းနေဦးမယ် Itt ရယ်"

"ရပါတယ်...လေယာဉ်ထက်စာရင် ကားနဲ့က ပိုပြီးအဆင်ပြေတယ်၊ စိတ်ကိုပေါ့ပေါ့ပါးပါးထားချင်လို့၊ ကိန်းကြီးခန်းကြီးတွေလည်း မနိုင်ချင်တော့ပါဘူးဗျာ"

"အင်းပါ...အဆင်ပြေရင်လည်းပြီးရော၊ ဪ ဒါနဲ့ ဘုန်းကြီးကျောင်းသွားမယ်ဆို၊ မနက်ကစျေးကနေ ကြာပန်းတွေဝယ်လာတယ်၊ တစ်ခါတည်းယူသွားလိုက်"

"ဟုတ်"

နာရီကြည့်တော့ မနက်၉နာရီပဲရှိသေးတာကြောင့် စာအုပ်ကိုဆက်ဖတ်နေလိုက်သည်။ ဒီစာအုပ်တစ်အုပ်လုံးဖတ်ပြီးချိန်ဆိုရင် ဘုန်းကြီးကျောင်းကို နေ့ဆွမ်းသွားပို့ရမယ့်အချိန်လောက်ဖြစ်သွားပြီး ကွက်တိကျသွားလိမ့်မည်။ ထိုအချိန်မှပဲ သွားတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။

နည်းလမ်းတကျနဲ့ ကုစားပြီးနောက်တော့ Itt ရဲ့စိတ်နှလုံးတွေဟာ ကြည်လင်ပြီးအေးချမ်းလာသည်။ တစ်ဆက်တည်းမှာပဲ နွေးထွေးပျော်ရွှင်တဲ့ခံစားချက်ကိုရလာသည်။ ထိုအရာတွေအတွက် ဟန်နွေးကို ကျေးဇူးတင်နေမိပါ၏။

🥀🥀

Wat Ratchabophit လို့ခေါ်တဲ့ဘုန်းကြီးကျောင်းတစ်ခု။ အောက်တိုဘာလရဲ့ရွက်ကြွေအချို့ဟာ ဘုန်းကြီးကျောင်းဝန်းအတွင်းမှာ ဟိုတစ်ခု ဒီတစ်ခုနဲ့ ပြန့်ကြဲလျက်ရှိသည်။ ရာသီဥတုကတော့ သာယာနေပြီး တိမ်တွေဟာ ခပ်ညီညီရွေ့လျားနေကြသည်။ နေလည်းမပူပြင်းပဲ နွေးရုံမျှသာ ဖြန့်ကျက်ကျရောက်နေသည်။ တစ်ချက်တစ်ချက်တော့ လေပြည်တွေဟာ ဝေ့ဝဲတိုက်ခတ်ပြီး ကြွေကျနေတဲ့ရွက်ခြောက်အချို့ကို မြေပြင်မှာရှောတိုက်၍ပြေးလွင့်စေသည်။

Wat Ratchabophit ဘုန်းကြီးကျောင်းဟာ ဘန်ကောက်မြို့ရဲ့အထင်ကရဘုန်းကြီးကျောင်းတွေထဲကတစ်ခုဖြစ်သည်။ အပြင်ဘက်မှာတော့ ထိုင်းရိုးရာပုံစံဖြစ်ပြီး အတွင်းဘက်ကတော့ ဥရောပဟန်ပြင်ဆင်မှုရှိသည်။ ဘုန်းကြီးကျောင်းထဲမှာ ရှေးဘုရင်တစ်ပါးတည်ထားကိုးကွယ်ခဲ့တဲ့ ထိုင်တော်မူဗုဒ္ဓရုပ်ပွါးတော်မြတ်တည်ရှိသည်။

ကျောင်းဝန်းထဲမှာ ကလေးအချို့ပြေးလွှားနေကြသည်။ မိဘတွေကတော့ အနောက်ကနေထိန်းရင်း သူတို့ယူလာတဲ့ဆွမ်းချိုင့်မမှောက်အောင် ရုန်းကန်နေရသည်။ ထိုဘုန်းကြီးကျောင်းဆီ Itt ရောက်လာတော့ ဘယ်သူမှမမှတ်မိနိုင်တဲ့ပုံစံမျိုးဖြစ်အောင် Mask လည်းတပ်ပြီး မျက်မှန်လည်းတပ်ထားသည်။ မကြာသေးခင်ကမှ ဆံပင်ထပ်ညှပ်လိုက်တာရယ်၊ ပိန်သွားတာရယ်ကြောင့် သူက Itt ဆိုတာ ခန့်မှန်းမိဖို့ လွယ်လိမ့်မှာမဟုတ်။

အဖော်မပါဘဲတစ်ယောက်တည်း ညာဘက်လက်က ဆွမ်းချိုင့်ကိုင်ပြီး ဘယ်ဘက်လက်က ကြာပန်းခိုင်တွေကိုင်ထားတဲ့ Itt တစ်ယောက် ပြေးဆော့နေတဲ့ကလေးတွေအနားရောက်လာသည်။ တဟီးဟီး တခစ်ခစ်နဲ့ပျော်နေကြတဲ့ကလေးတွေက သူ့ကိုမမြင်တဲ့သူကမမြင်၊ မြင်တဲ့သူကလည်းဂရု့မစိုက်ဘဲ ဆော့မြဲတိုင်းသာဆော့နေကြသည်မို့ Itt အခက်တွေ့နေရသည်။

"ကလေးတွေ ဘေးဖယ်ပါဦး"

မိဘတွေလည်းအနားမှာမရှိတော့ ဆော့ချင်တိုင်းဆော့နေကြတဲ့အပေါ်မှာ Itt ကပဲ လွတ်အောင်ရှောင်ရသည်။ ရုတ်တရက် ရှောင်ရင်းတိမ်းရင်း ကလေးတစ်ယောက်နဲ့တိုက်မိမလိုဖြစ်ပြီး အလျင်အမြန်ရှောင်လိုက်တော့ ဆွမ်းချိုင့်က ယိမ်းယိုင်ပြီး ပြုတ်ကျတော့မည့်နှယ်ဖြစ်သွားသည်။ ဒါ့ကြောင့် Itt လည်း ဘယ်ဘက်ကကြာပန်းခိုင်ကို လွှတ်ချလိုက်ပြီး ဆွမ်းချိုင့်မမှောက်ရန်သာ ဦးစားပေးဖြေရှင်းလိုက်ရသည်။

"ကြာပန်းတွေတော့သွားပါပြီ"

အစည်းလိုက်ဖြစ်သောကြာပန်းခိုင်တွေက မြေပြင်ပေါ်မှာ နှစ်လိမ့်၊ သုံးလိမ့် လိမ့်သွားသည်။ Itt လည်း အပြေးလာပြီးကောက်ယူဖို့ပြင်ချိန် Itt ရဲ့မြင်ကွင်းထဲ လက်သွယ်သွယ်တစ်ချောင်းဝင်လာသည်။ ဖြူဝင်းတဲ့လက်ဖမိုးမှာ စိမ်းနုတဲ့သွေးကြောလေးတွေယှက်ဖြာနေပြီး ထိုလက်ကလေးကပဲ သူ့ရဲ့ကြာပန်းခိုင်ကို တယုတယကောက်ယူလိုက်သည်။ Itt ကြည့်နေရင်းမှာပဲ ထိုကြာပန်းခိုင်ဟာ လက်ဖြူဖြူထဲပါသွားသည်။

"You ဟာလား"

You... အသံက ကြည်တောက်ရှင်းနေပြီး Itt ရဲ့နားစည်ထဲသို့ စမ်းချောင်းအသွင်ဖြင့် စီးဆင်းဝင်ရောက်သွားသည်။ Itt မော့ကြည့်တော့ အမျိုးသားတစ်ယောက်။ သူ့ကိုပြုံးပြပြီး ကြာပန်းခိုင်ကိုကမ်းပေးနေသည်။ Itt က ထိုပန်းခိုင်ကိုကမ်းယူဖို့မေ့လျော့တဲ့အထိငေးမိနေတုန်း လေပြည်လေးသော့ခနဲတိုက်ခတ်လာသည်။

"ဟုတ်ပါတယ်"

"ဖုန်တွေပေသွားပြီ၊ ဘုရားမကပ်နဲ့တော့၊ ငရဲကြီးလိမ့်မယ်"

ဆုံးမစကားတစ်ခွန်းဆိုချိန်မှာ Itt က ကြာပန်းခိုင်ကိုကမ်းယူမိပြီးသားဖြစ်သွားသည်။ သူ့အရှေ့ကအမျိုးသားက ပြောပြီးတာနဲ့ချက်ချင်း သူ့အနားကနေထွက်ခွါသွားသည်။ Itt က ဆတ်ခနဲ အနောက်သို့လှည့်ကြည့်တော့ ထိုအမျိုးသားရဲ့ကျောပြင်က သူနဲ့တဖြည်းဖြည်းဝေးလို့...။

လေပြည်တွေကဆော်သွေးဆဲ...။ ထိုအမျိုးသားရဲ့ ကောက်ကွေးကွေးအညိုရောင်ဆံပင်တွေက လေပြည်တွေကြားထဲမှာ ယိမ်းကနေဆဲ...။

🥀🥀

အပြုံးပန်း

[ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ Love you all🤍]

##################################################

(Zawgyi)

Interpol Thailand ရဲ႕ Autopsy Department (အေလာင္းစစ္ဌာန) ဟာ ထုံးစံအတိုင္း တိတ္ဆိတ္ကာေအးစက္ေနသည္။ ထိုဌာနရဲ႕ဝန္ထမ္းျဖစ္တဲ့ Dew ဟာ စိတ္ထိခိုက္နာက်င္လ်က္ရွိသည္။

ခ်မ္းထက္ေခါင္ရဲ႕လ်စ္လ်ဴရွဴမႈေတြေအာက္မွာ Dew တျဖည္းျဖည္းပင္ပန္းလာသည္။ စိတ္ရွည္လက္ရွည္ေစာင့္ခဲ့ေပမယ့္ တုံ႔ျပန္မႈနည္းနည္းေတာင္မရခဲ့တာေၾကာင့္ ဝမ္းနည္းၿပီး စိတ္မေကာင္းျဖစ္ေနရသည္။

"Dew ခ်စ္တာကိုမသိခ်င္ေယာင္ေဆာင္ထားတယ္...Dew ကိုျပန္မခ်စ္ႏိုင္လို႔ အခုလိုေတြလုပ္ေနတာလား Chan ရယ္"

ေကာက္ေကြးဆံပင္ညိဳေတြနဲ႔သိပ္လွတဲ့အျဖဴေကာင္ေလး Dew ဟာ ခ်မ္းထက္ေခါင္ကိုသိပ္ခ်စ္သည္။ ခ်စ္လြန္းလို႔ပဲ FWB ဆက္ဆံေရးကို ခ်မ္းထက္ေခါင္အလိုက် ခြင့္ျပဳေခါင္းညိမ့္ခဲ့သည္။ ခ်စ္လြန္းလို႔ပဲ ခႏၶာကိုယ္ေရာ ႏွလုံးသားပါ ပုံအပ္ထားခဲ့သည္။ ခ်စ္လြန္းလို႔ပဲ ကိုယ့္ဆႏၵေတြထက္ ခ်မ္းထက္ေခါင္ရဲ႕ဆႏၵေတြကိုသာ ၾကည့္ျမင္လိုက္ေလ်ာေပးခဲ့သည္။

FWB ဆက္ဆံေရးမွာ ခံစားခ်က္ေတြ အရင္စည္းေက်ာ္မိသူကအရွဴံးျဖစ္မွာဆိုေပမယ့္ Dew အတြက္ကေတာ့ ပြဲမစခင္ကတည္းက ရွဴံးေနသူပမာ ဒီဆက္ဆံေရးမတိုင္ခင္ကတည္းက ခ်စ္ေနမိသူျဖစ္သည္။ အခ်ိန္တစ္ခုၾကာလာတဲ့အခါ သူ႔အခ်စ္ေတြကို ခ်မ္းထက္ေခါင္နားလည္သေဘာေပါက္ၿပီး လက္ခံေကာင္းလက္ခံလာႏိုင္တယ္ဆိုတဲ့ေမွ်ာ္လင့္ခ်က္ေတြကပဲ Dew အတြက္ ေစ်းႀကီးလြန္းသြားခဲ့သည္။

၂၀၂၁

Interpol Thailand မွာအလုပ္စဝင္ေတာ့ Dew ရဲ႕ရာထူးက Assistant Medical Examiner ပဲရွိေသးသည္။ Assistant ဆိုေပမယ့္ တကယ့္ေတာက္တိုမယ္ရဆန္ဆန္နဲ႔ အေလာင္းခြဲစိတ္ရတာေတြ ကိုယ္တိုင္ဝင္လုပ္၊ ဝင္ပါရတာေတြမရွိ။ သို႔ေပမယ့္ ပညာနဲ႔အေတြ႕အႀကဳံေတြအမ်ားႀကီးရခဲ့သည္။ ထိုသို႔ ငယ္႐ြယ္ႏုနယ္တဲ့ဝန္ထမ္းအသစ္ဘဝမွာ ခ်မ္းထက္ေခါင္နဲ႔ စဆုံခဲ့သည္။

အမႈအတြက္ သူရွိရာ Autopsy Department ကို မၾကာမၾကာေရာက္လာတိုင္း သူ႔စိတ္ေတြေယာက္ယတ္ခတ္လႈပ္ရွားရသည္။ အခ်ိန္ေတြၾကာလာတာနဲ႔အမွ် ခ်မ္းထက္ေခါင္ရဲ႕အစအဆုံးေသာျဖစ္တည္မႈကို သေဘာက်လာခဲ့သည္။ ဒါေပမယ့္ ခ်မ္းထက္ေခါင္က Dew နဲ႔ မ်က္လုံးခ်င္းဆုံေအာင္ပင္မၾကည့္။ သူလုပ္စရာရွိတဲ့အလုပ္ၿပီးတာနဲ႔ထြက္သြားသည္။ သို႔ရာတြင္ Dew ရဲ႕စိတ္ခံစားခ်က္က မေျပာင္းလဲခဲ့။ မိမိကိုယ္ကို Gay ဟု သိျမင္ခံယူၿပီးေနာက္ပိုင္း ခ်မ္းထက္ေခါင္က Dew ရဲ႕အခ်စ္ဦးျဖစ္လာခဲ့သည္။

၂၀၂၂

"Khun Chan"

သူမ်ားေတြေခၚသလိုလိုက္ေခၚေပမယ့္ Dew အတြက္ကေတာ့ သူမ်ားနဲ႔မတူတဲ့ အခြင့္အေရးရခဲ့သည္။ လုပ္ေဖာ္ကိုင္ဖက္မဟုတ္တဲ့ သူငယ္ခ်င္းအဆင့္ကို Dew ရေအာင္ႀကိဳးစားယူခဲ့သည္။

ထိုအရာေတြက ခ်မ္းထက္ေခါင္ဆီ Dew မၾကာမၾကာသြားျခင္းကေနစသည္။ စစခ်င္းေတာ့ အလုပ္ကိစၥနဲ႔သြားေပမယ့္ ေနာက္ပိုင္းမွာေတာ့ Dew ဘက္က ျမန္ဆန္တဲ့ေျခလွမ္းေတြကို ခ်မ္းထက္ေခါင္လက္ခံမိလာခဲ့သည္။

၂၀၂၃

"Chan"

ႏွစ္ေယာက္တည္းရွိခ်ိန္ဆိုရင္ ထိုသို႔ေခၚတတ္သည္။ ထိုေန႔က ခ်မ္းထက္ေခါင္ရဲ႕တိုက္ခန္းကို Dew က အေၾကာင္းျပခ်က္ေရေရရာရာမရွိဘဲ Medical Report စာ႐ြက္တစ္႐ြက္ကိုင္ကာ ေရာက္သြားသည္။ ထိုအခ်ိန္မွာ Dew က Medical Examiner ရာထူးရေနၿပီျဖစ္တဲ့အတြက္ ခ်မ္းထက္ေခါင္နဲ႔ ေတြ႕ဆုံဖို႔ လြယ္ကူလာသည္။

"မေန႔ညက ဘားမွာေတြ႕လိုက္တယ္"

"အင္း"

"Chan ေကာင္ေလးတစ္ေယာက္နဲ႔ အတူတူ Toilet ထဲဝင္သြားတာ..."

"အဲ့ေတာ့..."

"Dew အျခားသူေတြကိုျပန္ေျပာလိုက္မွာမစိုးရိမ္ဘူးလား"

"No"

ခ်မ္းထက္ေခါင္က ဘာကိုမွဂ႐ု႕မစိုက္ဘဲ ခပ္ေအးေအးသာေျဖသည္။ Dew က ခ်မ္းထက္ေခါင္ရဲ႕ေဘးနားတိုးထိုင္ကာ ဘာမွမေျပာေသးဘဲ တစိုက္မတ္မတ္ေငးၾကည့္ေနသည္။

"Chan မွာအတည္တြဲေနတဲ့သူရွိလား"

Dew ဆီကေန ပြင့္လင္းတဲ့ေမးခြန္းထြက္လာသည္။ ခ်မ္းထက္ေခါင္တစ္ခ်က္ၿပဳံးလိုက္၏။

"သိခ်င္တယ္ေပါ့"

Dew က မဆိုင္းမတြပင္ ေခါင္းေလးတဆတ္ဆတ္ညိမ့္လိုက္သည္။

"ငါကၿငီးေငြ႕လြယ္တယ္၊ အပ်င္းေျပေအာင္ေနရတာပဲႀကိဳက္တယ္"

ခ်မ္းထက္ေခါင္ရဲ႕မဲ့ၿပဳံးက ဥပဓိ႐ုပ္နဲ႔လိုက္ဖက္စြာျဖစ္တည္သည္။ Dew က အေၾကာင္းျပခ်က္မရွိစြာပင္ သေဘာက်ေၾကာင္းျပေနတဲ့အၾကည့္ေတြက ထင္ရွားလြန္းလွသည္။ အထူးသျဖင့္ ခ်မ္းထက္ေခါင္ရဲ႕ ခံ့ညားတဲ့ေမး႐ိုးေတြက Dew ကို ရင္ခုန္ေအာင္လုပ္ႏိုင္စြမ္းရွိသည္။

"One Night Stand ထားတာလား"

"ဟက္...It's so personal, Dew"

ခ်မ္းထက္ေခါင္က တစ္ခ်က္ရယ္ကာေျပာလိုက္ရင္း ဧည့္ခန္းေဘးက စင္ေပၚမွာတင္ထားတဲ့ဝိုင္ပုလင္းကို သြားယူသည္။ တစ္လက္စတည္း မီးဖိုေခ်ာင္ကေန ခြက္ႏွစ္ခြက္ယူလာသည္။

Dew က ဆိုဖာေပၚမွာထိုင္ေနဆဲ။ ေျခႏွစ္ေခ်ာင္းခ်ိတ္ၿပီး ခါးေစာင္းကာထိုင္ေနတဲ့ Dew က ခ်မ္းထက္ေခါင္ရဲ႕မ်က္လုံးထဲမွာ လွသေယာင္ရွိလာသည္။ ခုနကတည္းက သူ႔ကိုသာတြင္တြင္ေငးေနတဲ့မ်က္လုံးေတြကို တစ္ခ်က္တစ္ခ်က္ ခိုးၾကည့္မိတာလည္း စိတ္ဝင္စားဖို႔ေကာင္းသည္။ သူ႔ေအာက္၂ႏွစ္သာငယ္ေပမယ့္ မ်ားစြာႏုနယ္ပ်ိဳမ်စ္ေနပုံကို ခ်မ္းထက္ေခါင္ မ်က္စိက်သြားတယ္ထင္၏။

"ေရာ့"

ေက်ာက္စားပြဲေပၚ ဖန္ခြက္တင္လိုက္တဲ့အသံဟာ တိတ္ဆိတ္ေနတဲ့ဝန္းက်င္ကို ၿဖိဳခြင္းလိုက္သည္။ သဲ့ခနဲျမည္သြားတဲ့အသံနဲ႔အတူ သူတို႔ႏွစ္ေယာက္ရဲ႕အသက္ရွဴသံေတြက ေရာယွက္ေနသည္။

"Chan က ဝိုင္ႀကိဳက္တာလား"

ခ်မ္းထက္ေခါင္က ေခါင္းပဲညိမ့္ၿပီး ဝိုင္ကို အရသာခံေသာက္ေနသည္။

"ဒီတစ္ခြက္ကုန္ရင္ Dew ျပန္မယ္"

Dew ရဲ႕အသံကေအးေဆးသေလာက္ ခ်မ္းထက္ေခါင္က အံ့ဩစြာ လွည့္ၾကည့္မိသည္။ တစ္ညလုံးေနဖို႔မ်ား ေမွ်ာ္လင့္ထားတာလား...။

"အေရးႀကီးလို႔လား"

"Chan ဆြဲထားရင္ေတာ့ Dew မသြားဘူး"

အေျပာအဆိုကပုံမွန္ေပမယ့္ မ်က္လုံးေတြက ထိုသို႔မဟုတ္။ ခ်မ္းထက္ေခါင္ ေခ်ာင္းတစ္ခ်က္ဟန္႔မိတဲ့အထိ စိတ္လႈပ္ရွားတာကို ခ်ဳပ္ထိန္းထားရသည္။

"ဘယ္လိုလဲ၊ ဆြဲထားခ်င္လား"

Dew က သိပ္မက်န္ေတာ့တဲ့ဝိုင္ေတြကို ခြက္ထဲမွာလႈပ္ရမ္းရင္း ခ်မ္းထက္ေခါင္ရဲ႕အနားကို ပိုပိုတိုးလာသည္။ ေဘးခ်င္းကပ္ထိေတြ႕မႈက ဘာကိုပူေလာင္ေစမွန္းမသိ ပူေလာင္သြားေစသည္။

"ငါမင္းရဲ႕ One Night Stand မျဖစ္ခ်င္ဘူး...မင္းကိုငါ့ရဲ႕ Friends with Benefits ျဖစ္ေစခ်င္တယ္၊ You wanna try?"

ထိုင္းလိုနဲ႔အဂၤလိပ္လိုေရာယွက္ေျပာတဲ့အခိုက္အတန္႔မွာ ခ်မ္းထက္ေခါင္ အရမ္းစမတ္က်တယ္လို႔ Dew ေကာက္ခ်က္ခ်ပစ္လိုက္သည္။ ဩရွတဲ့အသံမွာ ဩဇာအျပည့္ပါသည္။ ပင္လယ္သမုဒၵရာနဲ႔ႏႈိင္းယွဥ္မယ္ဆိုရင္ ထိုအသံဟာ အင္မတန္နက္ရႈိင္းသည္။ Dew ႐ုန္းလို႔မရေအာင္ခ်ဳပ္ထားတဲ့ေဝါဟာရက Friends with Benefits တဲ့။ ေပ်ာ္လြန္းလို႔ထေတာင္ခုန္ခ်င္သည္။

"Okay"

တစ္လုံးသာေျဖၿပီး တစ္ဖက္သို႔လွည့္ကာ ဝိုင္ကိုတစ္က်ိဳက္တည္းေမာ့ေသာက္လိုက္၏။

ထိုညက သူတို႔ရဲ႕ပထမဆုံးညျဖစ္ခဲ့သည္။ ဘာမွေထြေထြထူးထူးမေျပာခဲ့ရဘဲ လြယ္လင့္တကူပင္ ဒီဆက္ဆံေရးကို စခဲ့သည္။ Dew အေနနဲ႔ကလည္း ခ်မ္းထက္ေခါင္ရဲ႕ဇယားထဲကတစ္ေယာက္အျဖစ္ ေက်ေက်နပ္နပ္ႀကီးခံယူပစ္လိုက္သည္။

၂၀၂၄

ဒီဆက္ဆံေရးဟာ တစ္ႏွစ္မွ်ၾကာခဲ့ၿပီ။ Dew ဘက္က ခ်မ္းထက္ေခါင္အတြက္ဆိုရင္ လုပ္လို႔ရတာမွန္သမွ်ထက္ လုပ္လို႔ရတာထက္ပိုတဲ့အရာမွန္သမွ်ကိုေတာင္ လုပ္ေပးခဲ့သည္။ အခ်စ္အတြက္... ဆိုတဲ့သေဘာနဲ႔ ဘယ္ေတာ့မွ၊ ဘယ္အရာကိုမွ မၿငီးမျငဴဘဲ ေက်နပ္ေအာင္ေနေပးခဲ့သည္။ အဲ့တာေတြကပဲ Dew ကို အမွတ္က်ေစတယ္ထင္၏။ အဲ့ေလာက္ထိကို ခ်မ္းထက္ေခါင္ရဲ႕လိုအပ္ခ်က္အစစ္ကဘာလဲဆိုတာ ဒီႏွစ္ေတြအတြင္း ရွင္းရွင္းလင္းလင္းမသိခဲ့ရေပ။

"ၿငီးေငြ႕လြယ္တတ္တဲ့လူဆိုေတာ့ Dew ကိုၿငီးေငြ႕သြားၿပီလား...Dew ဆီကေန ထြက္သြားခ်င္ေနၿပီလား၊ Dew ရဲ႕ခံစားခ်က္ေတြကိုထည့္မတြက္ေတာ့ဘူးလား"

တစ္ေယာက္တည္းေရ႐ြတ္ရင္း မ်က္ရည္က်မိသည္။ သူ႔ရဲ႕လိမ္ေကာက္ေကာက္ဆံပင္ေတြထဲလက္ထိုးထည့္ရင္း ေခါင္းငိုက္စိုက္ခ်ကာ ငိုေနမိသည္။ ေတာ္႐ုံတန္႐ုံဆိုရင္ အငိုမလြယ္ေအာင္ထိန္းခ်ဳပ္ထားတတ္တဲ့သူက ဒီေန႔ေတာ့ လြတ္လြတ္လပ္လပ္ငိုေႂကြးပစ္လိုက္သည္။

ေနာက္ဆုံးမွာ ခ်မ္းထက္ေခါင္အတြက္ Dew က Friends with Benefits ထက္ နည္းနည္းေလးမွမပိုခဲ့...။

🥀🥀

"Itt...Fan Gift ေတြထပ္ေရာက္လာတယ္လို႔ FC ကဖုန္းဆက္တယ္၊ နင့္ဆီဆက္လို႔မရလို႔တဲ့"

Itt က စာအုပ္တစ္အုပ္ဖတ္ေနစဥ္မွာ အစ္မျဖစ္သူေရာက္လာၿပီးေျပာသည္။

"Fan Gift ေတြလား...အားနာလိုက္တာ၊ ခဏခဏေရာက္လာၾကတယ္"

"အဲ့တာကေတာ့ နင့္ကိုခ်စ္ၾကတာကိုး၊ နင့္အေျခအေနလည္း သူတို႔သိခ်င္ေနၾကတာ၊ နင္ကလည္း Online Break...တစ္ေန႔တစ္ေန႔ FC ကတင္ေပးသမွ်နဲ႔ပဲ သူတို႔ကေက်နပ္ေနရတာ"

ဟုတ္လည္းဟုတ္ေပသည္။ မတရားစြပ္စြဲေခ်ာက္ခ်မႈေတြစတင္တဲ့ေန႔ကတည္းက Social Media ေတြေပၚကေန တျဖည္းျဖည္းခ်င္းေနာက္ဆုတ္လာတာ ဟန္ေႏြးဆီမွာကုသမႈခံယူတဲ့ေန႔ကစၿပီး လုံးဝ Break လုပ္ပစ္လိုက္သည္။ စစခ်င္းမွာေတာ့ တိတ္ဆိတ္ေနခဲ့ၿပီး စိတ္ပိုင္းဆိုင္ရာ အနည္းငယ္သက္သာလာေတာ့မွ FC ကိုဆက္သြယ္၍ သူအဆင္ေျပတယ္ဆိုတဲ့အေၾကာင္းေတြကို Fan ေတြသိေအာင္ တင္ေစခဲ့သည္။ ထိုအခ်ိန္ကေနစၿပီး ဒီေန႔အထိ ေန႔စဥ္မျပတ္ လက္ေဆာင္ေတြပို႔ေပး၊ Motivation Letter ေတြပို႔ေပးနဲ႔ သူ႔ကိုမ်ိဳးစုံဆုေတာင္းေပးေနၾကသည္။ ဒါေတြကပဲ သူ႔ကိုေရွ႕ဆက္ဖို႔ ခြန္အားျဖစ္ေစခဲ့သည္။

"အစ္မ...တရားစြဲဖို႔ကိစၥကေရာ"

"ငါစီစဥ္ပါ့မယ္၊ နင္အဲ့တာေတြစိတ္မပူနဲ႔၊ ငါ့ေမာင္ကို မတရားစြပ္စြဲတဲ့သူ႔ကို မွတ္ေလာက္ေအာင္ပညာေပးမွာ၊ စိတ္ခ် Itt"

"သက္ေသအေထာက္အထားေတြေရာ စုံၿပီလား"

"ဒါေပါ့၊ ေရွ႕ေနႀကီးက အရမ္းေတာ္တာ၊ ဒီကိစၥကလည္း မဟုတ္မွန္းဒီေလာက္သိသာေနတာ၊ မၾကာခင္ အႏိုင္ရၿပီဆိုတဲ့သတင္းကို နင္ကိုယ္တိုင္ မီဒီယာေတြကိုေျဖေပးလို႔ရၿပီ"

"ေက်းဇူးပါအစ္မ"

Itt ကေက်းဇူးတင္တာကို အစ္မက ၿပဳံးလ်က္လက္ခံၿပီး Itt ကိုလာေပြ႕ဖက္သည္။ Itt ရဲ႕ Healing ေအာင္ျမင္မႈမွာ မိသားစုရဲ႕ေဖးမမႈေတြလည္း အမ်ားႀကီးပါသည္။ ဒီျပႆနာႀကီးစတဲ့ေန႔ကတည္းက Itt ကိုယုံၾကည္ေပးၿပီး နားလည္ေပးတဲ့လူေတြက မိသားစုဝင္ေတြပင္ျဖစ္သည္။ အထူးသျဖင့္ အစ္မက သူ႔အတြက္

You are reading the story above: TeenFic.Net