Chapter 16

Background color
Font
Font size
Line height

(Unicode)

ဒီနေ့တော့ စိတ်အကြံပေးရုံးခန်းလေးဆီ ဟန်နွေးစောစောရောက်နေသည်။ မနေ့ည ဆေးရုံမှပြန်ရောက်ကတည်းက စောစောအိပ်ပစ်လိုက်တာ မနက်ကျတော့ အစောကြီးနိုးတာကြောင့် စိတ်ပြေလက်ပျောက်ဖြစ်အောင် ရုံးခန်းဆီစောစောထွက်လာခဲ့ခြင်းဖြစ်သည်။

ရုံးခန်းရောက်တော့ ပြည့်ရည်ဖူးကိုမတွေ့။ စောသေးတော့ မရောက်သေးတာပဲဖြစ်မည်။ ဟန်နွေးက မနေ့က ဆေးရုံမှာ သူလုံးချေပစ်ခဲ့တဲ့ဆေးစာရွက်ကို သေသေချာချာဖြန့်ရင်း ဆေးဝယ်ဖို့ပြင်သည်။ နေလို့လည်းသိပ်မကောင်းသေးတာကြောင့် ဆေးဝယ်သောက်ဖို့လိုသည်။ အိပ်ရေးဝ၍သာ အားပြည့်နေပုံရပေမယ့် လူကတော့ သိပ်ပြီးခွန်အားရှိတာမဟုတ်။

"ဟယ် ဟန်နွေး...ရောက်နေပြီလား"

ထိုစဉ် ပြည့်ရည်ဖူးရောက်လာပြီး အံ့ဩတကြီးမေးသည်။

"ငါဆန်ပြုတ်ယူလာတယ်"

ထုံးစံအတိုင်း ဟန်နွေးဖို့ တကူးတကဆန်ပြုတ်ပြုတ်ခဲ့ပြန်သည်။ ပြည့်ရည်ဖူးက ဆန်ပြုတ်ကိုပန်းကန်လုံးထဲထည့်ကာ ဟန်နွေးအရှေ့ချပေးသည်။

"နင့်ကြည့်ရတာသိပ်မသက်သာသလိုပဲ...ဆေးရုံမသွားခင်က ပိုအဆင်ပြေတဲ့ပုံပေါက်တယ်"

"သက်သာပါတယ်၊ ဒီလိုပါပဲ"

ဟန်နွေးက ဆန်ပြုတ်တစ်ဇွန်းခပ်သောက်ပြီးဖြေသည်။

"ဒါနဲ့ မာမားဖုန်းဆက်တယ်သိလား၊ အိမ်သွားကြည့်ကြပြန်တဲ့လေ"

"အင်း"

"ဘယ်လိုလုပ်ကြမလဲ၊ နောက်လဆိုစာတမ်းရေးရတော့မှာ၊ မြန်မာကိုပဲပြန်လာခိုင်းနေကြတယ်"

"ပြန်ကြတာပေါ့၊ ပြန်ပြီး ငါတို့လက်မထပ်နိုင်တဲ့အကြောင်းကိုပြောကြတာပေါ့"

"တကယ်ပြောရတော့မယ်ပေါ့...မာမားတို့က ဘာလို့အတင်းသဘောတူနေကြလဲမသိတော့ပါဘူး"

"အဲ့တာကတော့ မာမားတို့ကငယ်သူငယ်ချင်းတွေလေ၊ သဘောတူပေးစားတာမဆန်းဘူး"

စိတ်အေးလက်အေးနဲ့ ဆန်ပြုတ်လေးသောက်ရင်းဖြေတာကို ပြည့်ရည်ဖူးသဘောမတွေ့ပြန်။ ထို့ကြောင့် နှုတ်ခမ်းစူကာ ဟန်နွေးရဲ့လက်မောင်းကို မနာအောင်ရိုက်လိုက်သည်။

"ဘာဖြစ်ရပြန်တာလဲ"

"နင်ဘာလို့အဲ့လောက်အေးဆေးနေတာလဲ၊ ဘာလို့သတ္တိတွေရှိနေတာလဲ"

"ငါ့မှာချစ်ရတဲ့သူရှိတယ်၊ သူ့အတွက်ပဲဖြစ်ဖြစ် ငါသတ္တိရှိဖို့လိုတယ်၊ သူပြန်ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ သူ့ကြောင့် ကိုယ့်ခံယူစိတ်ကိုသဘောပေါက်သွားခဲ့တာဆိုရင် သူ့ကိုလေးစားတဲ့အနေနဲ့ ဒီအကြောင်းကို ကြာကြာဖုံးကွယ်မထားသင့်ဘူး"

ဟန်နွေးဘက်က အချက်ကျကျပြန်ဖြေတဲ့အပေါ်မှာ ပြည့်ရည်ဖူးငိုင်မိသည်။ သူ့မှာလည်းချစ်ရသူရှိခဲ့ဖူးတာပဲ။ ထိုသူအတွက်ပဲဖြစ်ဖြစ် သတ္တိရှိဖို့လိုသည်ထင်၏။

"ငါဒီနေ့အတန်းမတက်တော့ဘူး၊ Clientနဲ့ချိန်းထားလို့"

ပြည့်ရည်ဖူးက ဟန်နွေးတုံ့ပြန်မှုမပေးခင်မှာပင် အနားကနေလှစ်ခနဲပျောက်သွားသည်။ ဟန်နွေးလည်း ဆန်ပြုတ်ဆက်သောက်နေရင်း ဒီနေ့ ကျောင်းသွားဖို့ အားမွေးနေလေသည်။

Thammasat University

မိုးလေးဖွဲနေတုန်း...။ အောက်တိုဘာလဆီ ချဉ်းနင်းဝင်ရောက်လာပေသော်ငြားလည်း မိုးက မထင်ရင်မထင်သလို ရွာချတတ်သည်။

မိုးမရွာဘူးအမှတ်နဲ့ ထီးမယူလာမိတဲ့ဟန်နွေးက Campus Bus ပေါ်ကနေပြေးဆင်းကာ Psychology Department ထဲကို အပြေးဝင်သွားသည်။ ပြေးပြေးလွှားလွှားသွားသည့်တိုင်အောင် မိုးရေစက်တွေက ဟန်နွေးရဲ့ဆံပင်ရှည်တွေကြားထဲစီးဝင်သွားသလို ဟန်နွေးရဲ့အဝတ်အစားတွေလည်း ရေစိုစွတ်သွားသည်။ အစကတည်းက နေသိပ်မကောင်းတာ ဖျားမှာတောင်ကြောက်ရသည်။ ဒါ့ကြောင့် အတန်းထဲမဝင်သေးဘဲ ရေခါရင်း ခဏထိုင်ပြီးအနားယူသည်။

အနားယူနေရင်း ဟန်နွေးရဲ့စိတ်ထဲမှာ တစ်စုံတစ်ခုကိုတွေးမိသည်။ သူ့ရဲ့မရင့်ကျက်စွာရှောင်ပြေးမှုတွေကို အလိုမကျသည့်အကြောင်းဖြစ်သည်။ တကယ်ဆို ခံစားချက်ရှိနေသူပီပီ ကုပ်ကပ်တွယ်နေသင့်လားဟူ၍ ဟန်နွေး မကြာခဏတွေးတောပေမယ့် တစ်ဖက်မှာလည်း One Night Stand ဆိုတဲ့စကားလုံးက သူ့ကိုအကြိမ်ကြိမ်နာစေသည်။

"ကျွန်တော်ဆက်ပြီးရှောင်မနေချင်ဘူး"

ဟန်နွေးရဲ့ဆန္ဒအမှန်ကတော့ ထိုသို့ဖြစ်သည်။ တစ်ဖက်လူက သူ့ကို One Night Stand လို့သတ်မှတ်ခေါ်ဝေါ်ခဲ့တာ တကယ်တမ်းကြည့်ရရင် သူ့မှာစိတ်ဆိုးပိုင်ခွင့်မရှိ။ သူတို့နှစ်ဦးက ချစ်သူရည်းစား ဒါမှမဟုတ် ထူးခြားတဲ့ဆက်ဆံရေးမရှိပါဘဲနဲ့ တစ်ညတာကို အတူတူဖြတ်သန်းဖို့ သဘောတူခဲ့ကြသည်ပဲမဟုတ်လား...။ ပြီးနောက် တစ်ဖက်လူက သူ့ကို ထိုကဲ့သို့သတ်မှတ်လိုက်တိုင်း သူက ထိုသို့ရာနှုန်းပြည့်ဖြစ်သွားတာမဟုတ်။ မိမိရဲ့ဖြစ်တည်မှုကို မိမိကိုယ်တိုင်သာလျှင် သတ်မှတ်ရမည်။ ဒါက ဟန်နွေးရဲ့ခံယူချက်။

ထိုခံယူချက်တွေကို သူကိုယ်တိုင်ပြန်လည်စဉ်းစားပြီးမှ သူ့ရဲ့ဆုံးဖြတ်ချက်တွေခိုင်မာလာသည်။ လက်ရှိသူ့ရဲ့စိတ်အခြေအနေကိုလည်း သဘောမကျလို့ သုံးသပ်ချင်နေခဲ့တာလည်း ကြာခဲ့ပြီ။ ဒီနေ့တော့ သူ့စိတ်ထဲမှာ တစ်စုံတစ်ရာကို သေချာစွာ ဆုံးဖြတ်ချက်ချပြီးလေပြီ။

"ကျွန်တော်ရှောင်မပြေးတော့ဘူး၊ ကျွန်တော် အစ်ကို့ကိုလိုက်မယ်လို့ဆုံးဖြတ်ထားတာ...အစ်ကို့ဘက်က ကျွန်တော့်ကို One Night Stand လို့သဘောထားလည်းရပါတယ်၊ ဒါပေမယ့် ကျွန်တော့်အချစ်တွေက တစ်ညတာအတွက်မဟုတ်ဘဲ တစ်ဘဝစာအတွက်ဆိုတာကိုတော့ အစ်ကိုသိအောင်ပြောပြချင်တယ်"

တစ်ယောက်တည်း မေဂျာဌာနရှေ့မှာထိုင်ရင်း စကားတွေပြောလိုက်၊ ဆုံးဖြတ်ချက်တွေချလိုက်နဲ့...။ မိုးတောင် နည်းနည်းပိုသည်းလာပြီ။ အတန်းတက်ရမယ့်အချိန်လည်း အနည်းငယ်ကျော်နေပြီ။ ဟန်နွေးက ပါမောက္ခဆူမှာကို မမူသည့်ပမာ သူ့ရဲ့နှလုံးသားရေးရာကိစ္စကို စဉ်းစားခန်းဖွင့်နေသည်။

ဒီလောက်အထိကို ဟန်နွေးက ချမ်းထက်ခေါင်နဲ့ပတ်သက်လာရင် အတည်တကျဖြစ်ဖို့ကို ရှေးရှူ့တတ်လေ၏။

🥀🥀

Interpol Thailand

ချမ်းထက်ခေါင်တစ်ယောက် ရုံးမှာအလုပ်များနေသည်။ ဌာနမှူးကိုတင်ပြနိုင်ဖို့အတွက် စာရွက်စာတမ်းအချက်အလက်တွေကိုစုစည်းနေပြီး တချို့ဒေတာတွေကို Memory Card ထဲထည့်သိမ်းနေသည်။

TH

ချမ်းထက်ခေါင်အလွန်ရင်းနှီးတဲ့ဝေါဟာရ။ ရင်းနှီးတဲ့အတွက်လည်း စုံစမ်းရတာအများကြီးမခက်ခဲ။ သို့ပေမယ့် မည်မျှလောက်ထိရင်းနှီးတယ်ဆိုတာကိုတော့ လျှို့ဝှက်ထားဖို့လိုအပ်သည်။ မဟုတ်ရင် သူ့ကိုစုံစမ်းခွင့်မပေးဘဲ ပယ်ချလိုက်နိုင်သည်။

ဒေါက်-ဒေါက်

ဌာနမှူးရုံးခန်းကိုတံခါးခေါက်လိုက်သည်။

"ဝင်ခဲ့"

ချမ်းထက်ခေါင်ဝင်သွားတော့ ဌာနမှူးက စုံစမ်းထားမှုတွေကိုနားထောင်ဖို့အသင့်ဖြစ်နေသည်။

"ဘာသိခဲ့လဲ"

"ငွေဖြူငွေမည်းနဲ့ပတ်သက်ပြီး ကျွန်တော်အသေးစိတ်စုံစမ်းခဲ့ပါတယ်၊ ပုံမှန်ဆိုရင်တော့ ငွေမည်းတွေကို ငွေဖြူအဖြစ်ပြောင်းလဲခဝါချဖို့ အိမ်ခြံမြေနဲ့ကားဈေးကွက်ကိုအဓိကထားပြီး အသုံးပြုတာရှိတယ်၊ ငြိမ်နေတဲ့ဈေးကွက်တစ်ခုက ရုတ်တရက် ဈေးတွေထိုးတက်သွားမယ်ဆိုရင် ဒါဟာ ငွေကြေးခဝါချမှုတွေရှိနေပြီလို့ ခန့်မှန်းလို့ရတယ်...အဓိကတော့ မူးယစ်ဆေးရောင်းဝယ်တဲ့သူတွေအသုံးများတဲ့နည်းလမ်းပေါ့"

ငွေကြေးခဝါချမှုတွေဆိုတာ နိုင်ငံတကာမှာရှိနေတဲ့ကိစ္စတစ်ခုဖြစ်ပြီး နိုင်ငံတကာမှာရှိတဲ့ ဆိုင်ရာ Interpol တွေကနေ စုံစမ်းစစ်ဆေးပြီးရတဲ့အချက်အလက်တွေကို ချမ်းထက်ခေါင်ရှာဖွေထားသည်။

"ပို့ကုန်သွင်းကုန်တစ်ခုရှိသေးတယ်၊ တရုတ်နဲ့အိန္ဒိယမှာအများဆုံးတွေ့ရတယ်၊ နိုင်ငံချင်း ကုန်စည်ဖလှယ်တာမျိုးကနေလည်း ငွေကြေးခဝါချတာတွေရှိတယ်၊ တချို့ကျတော့ ကျောက်မျက်ရတနာဈေးကွက်ကိုသုံးပြီး ခဝါချကြပေမယ့် ရှားတယ်"

တရားမဝင်လုပ်ငန်းလုပ်နေတဲ့သူတွေက အခွန်ရှောင်လိုသောအားဖြင့် ထိုလုပ်ငန်းမှရရှိလာတဲ့ငွေမည်းများကို ငွေဖြူအဖြစ်ပြောင်းလဲခဝါချကြသည်။ TH ဆိုတာ တရားဝင်လုပ်ငန်းတစ်ခုဖြစ်နေပြီး အခွန်ရှောင်သမိုင်းလည်းမရှိဖူးဘဲ ရှင်းလင်းနေသည်။

"TH နဲ့ပတ်သက်ပြီးရော..."

"TH က ဆောက်လုပ်ရေးနဲ့အစုရှယ်ယာလုပ်ငန်းစု၊ မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့လုပ်ငန်းတစ်ခုလို့ပြောလို့ရတယ်၊ TH Group လို့ ခေါ်တယ်၊ သူ့လုပ်ငန်းစုက နာမည်ကောင်းနဲ့ကျော်ကြားပြီး အခုလို ငွေဖြူငွေမည်းနဲ့ပတ်သက်လို့ တစ်ခါမှသံသယဝင်မခံခဲ့ရဖူးဘူး"

"ပန်းချီကားတွေနဲ့ပတ်သက်နေလားဆိုတာ သိခဲ့ပြီလား"

"အဲ့တာတော့ အခုထိစုံစမ်းနေဆဲပါပဲ၊ ငွေကြေးခဝါချမှုတွေထဲမှာ ငွေမည်းတွေနဲ့ပန်းချီကားဝယ်ပြီး ငွေဖြူအဖြစ်ပြောင်းတာမျိုးရှားတယ်၊ ကျွန်တော် International Interpol အဖွဲ့တွေရဲ့စုံစမ်းမှုကိုကြည့်ရသလောက် သိပ်မတွင်ကျယ်တဲ့အသုံးပြုမှုမျိုးပဲ"

"Leo ရော ဒီကိစ္စနဲ့ပတ်သက်ပြီးတစ်ခုခုသိနေတာလား၊ ဒါမှမဟုတ် Leo သိသွားလို့ နှုတ်ပိတ်ပစ်လိုက်တာလား"

ဌာနမှူးက Leo အမှုနဲ့ချိတ်ဆက်စဉ်းစားသည်။ TH ဆိုတာကလည်း Leo ချန်ခဲ့တဲ့သဲလွန်စဖြစ်ပြီး Leo ကိုသတ်တဲ့သူကလည်း မြန်မာနိုင်ငံသားဖြစ်နေတာက TH Group ကို ပိုပြီး သံသယဝင်စေတဲ့အချက်တွေဖြစ်သည်။

"ဌာနမှူး...TH က Leo အမှုနဲ့တိုက်ရိုက်ပတ်သက်တယ်ဆိုတဲ့သက်သေလည်းအခုထိမရှိသေးပါဘူး၊ တကယ်ပဲ ပန်းချီတွေကိုသုံးပြီး ငွေကြေးခဝါချခဲ့သလားဆိုတာလည်း မသေချာသေးပါဘူး"

"မသေချာရင်စုံစမ်းလေ...အခုသိထားတဲ့အချက်အလက်လောက်နဲ့ ဘာကဖြစ်နိုင်ချေရှိလဲဆိုတာ မင်းခန့်မှန်းတတ်ပါတယ်၊ ဒီကိစ္စကိုစုံစမ်းဖို့ အထက်ကမင်းကိုတာဝန်ပေးထားတာ၊ အချိန်မဆွဲနဲ့"

ချမ်းထက်ခေါင်ရဲ့အဖြေကို ဌာနမှူးကကြိုက်ပုံမရစွာတုံ့ပြန်ပြောဆိုသည်။ ချမ်းထက်ခေါင်ဘက်ကလည်း TH Group နဲ့ပတ်သက်သမျှကို သူကိုယ်တိုင်စုံစမ်းလိုပေမယ့် တစ်ခါတစ်လေတော့ စုံစမ်းရသမျှက သူ့ကိုပင်ပန်းတဲ့ခံစားချက်ဝင်ရောက်လာစေတယ်ဆိုတာ သူကိုယ်တိုင်ပဲသိသည်။ တစ်ဖက်မှာ ဆက်လက်စုံစမ်းချင်ပေမယ့် အခြားတစ်ဖက်မှာလည်း လက်ရှောင်လိုသည်။ အဲ့လိုမျိုး TH Group က ချမ်းထက်ခေါင်ကို တွေဝေစေတဲ့အစွမ်းရှိသည်။

🥀🥀

"အနုပညာကုထုံးကို ပဋိပက္ခနဲ့စိတ်ပူပန်မှုများကိုလျှော့ချရန်၊ သိမြင်မှုဆိုင်ရာလုပ်ဆောင်ချက်များကိုမြှင့်တင်ရန်၊ မိမိကိုယ်ကိုလေးစားမှုကိုမြှင့်တင်ရန်နှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်ရည်ရှိမှုနှင့် လူမှုဆက်ဆံရေးစွမ်းရည်များတည်ဆောက်ရန်အတွက် အသုံးပြုသည်"

ညနေစောင်းလေးတစ်ခုမှာတော့ ဟန်နွေးရဲ့ရုံးခန်းလေးဆီ Itt ရောက်နေသည်။ စာလုပ်နေလက်စဟန်နွေးရဲ့ မသိမ်းမိတဲ့စာအုပ်တွေကို Itt က စိတ်ဝင်တစားယူဖတ်နေလေသည်။

"ရှူပ်လိုက်တာ"

သူ့ဘာသာသူဖတ်ပြီး နားမလည်တော့မှ စာအုပ်ကိုအောက်ချလိုက်သည်။ ဟန်နွေးက ခပ်လှမ်းလှမ်းတစ်နေရာမှာ ကော်ဖီဖျော်နေရင်း လှမ်းကြည့်ပြီးပြုံးမိသည်။ ထို့နောက် Itt အတွက်ပါဖျော်ထားတဲ့ကော်ဖီခွက်ကိုတစ်ပါတည်းယူခဲ့ပြီး Itt အရှေ့ကိုချပေးလိုက်သည်။

"စိတ်ပညာဆိုတာ သိမ်မွေ့သလို နက်နဲတယ် Khun Itt ရဲ့"

Itt ကခေါင်းညိမ့်လိုက်ရင်း...

"ကျွန်တော့်ကို Khun တပ်မခေါ်ပါနဲ့တော့၊ ရင်းရင်းနှီးနှီး Itt လို့ပဲခေါ်ပါ"

ဆိုပြီး ခင်မင်မှုလမ်းကြောင်းကိုဖွင့်ပေးသည်။ ဟန်နွေးက ပြုံးပြခေါင်းညိမ့်လိုက်ပြီး Itt ရဲ့ Psychological Report ဖိုင်လေးကိုဖွင့်ကာ စာရွက်အချို့ထုတ်ယူလိုက်သည်။ ထို့နောက် Itt ရှေ့ကိုချပေးတော့ Itt က ကော်ဖီသောက်လက်စကိုရပ်ကာ ဟန်နွေးကိုကြည့်သည်။

"ဒါတွေက Itt ဆွဲခဲ့ဖူးတဲ့ပုံတွေပါ...ဒီနေ့က Recap ဆိုတော့ Healing Journey တစ်လျှောက်မှာ Itt ဘယ်လိုမျိုးတိုးတက်လာလဲဆိုတာ ကျွန်တော်ရှင်းပြမယ်"

ဟန်နွေးက ပုံဆွဲစာရွက်တွေကို ဆွဲခဲ့ဖူးတဲ့ရက်အစဉ်လိုက်ဖြန့်ကျက်လိုက်သည်။

"ဒါက ကျွန်တော့်ဆီရောက်လာတဲ့နေ့တုန်းကဆွဲခဲ့တဲ့ပုံ...အနီရောင်နဲ့အနက်ရောင်ကိုပဲသုံးပြီးဆွဲထားတာက Itt စိတ်ထဲက အရှူပ်အထွေးနဲ့နာကျင်မှုတွေကိုဖော်ပြတယ်၊ နောက်ရက်ရောက်တော့ ကောက်ကွေးမျဉ်းတွေကိုဆွဲတယ်၊ အဲ့တုန်းက ရေလှိုင်းတွေလို့ဖြေခဲ့ဖူးတာ မှတ်မိလား...အဲ့တာကျတော့ Itt ရဲ့စိတ်က အတက်အကျတွေရှိနေသေးတယ်ဆိုတာကိုဖော်ပြတယ်၊ တဖြည်းဖြည်းချင်း Itt ဆွဲတဲ့ပုံစံပြောင်းလဲလာတယ်၊ ရိုးရှင်းလာတယ်၊ အရောင်သုံးတဲ့နေရာမှာလည်း ဖျော့လာတယ် တောက်ပလာတယ် လင်းလက်လာတယ်၊ Step by Step ပြောင်းလဲမှုကိုတွေ့ရတယ်"

ဟန်နွေးအနေနဲ့ ဒီလိုလေးတွေရှင်းပြတော့ Itt က သိပ်ကိုအားတက်သရောနဲ့ ပျော်ရွှင်နေဟန်ပြသည်။

"ကျွန်တော်က Itt ရဲ့ဖြစ်ခဲ့တဲ့စိတ်ပြဿနာပေါ်မူတည်ပြီး Art Therapy ကိုပဲ အဓိကအသုံးပြုခဲ့တယ်၊ Itt ရဲ့စိတ်ကိုထွက်ပေါက်ရစေချင်တယ်၊ လွတ်မြောက်သွားစေချင်တယ်၊ ဒါ့ကြောင့် ကျွန်တော် စကားတွေအများကြီးမပြောဘဲ ပုံပဲဆွဲစေခဲ့တယ်"

စကားပြောလိုက်ရတာ မောသွားဟန်နဲ့ ဟန်နွေးက ကော်ဖီတစ်ငုံသောက်လိုက်သည်။ ပြီးမှ...

"Healing Process တစ်ခုမှာ အရင်ဆုံး Acceptance ဆိုတဲ့ လက်ခံခြင်းအဆင့်ကို မူလပထမကျော်ဖြတ်ရတယ်၊ ကိုယ်ကြုံတွေ့ခံစားခဲ့ရတဲ့ကိစ္စ ကြီးကြီးငယ်ငယ် အရှိကိုအရှိအတိုင်းလက်ခံလိုက်နိုင်ဖို့ကအရေးကြီးတယ်၊ အဲ့ဒီအနေအထားမျိုးကိုဖြတ်ကျော်ရတာကတော့ ခက်ခဲပင်ပန်းတာပေါ့၊ ထပ်ပြီးမတွေးချင်တဲ့ကိစ္စတစ်ခုကို လုံးလုံးလျားလျားလက်ခံလိုက်တာက ခက်ခဲသည့်တိုင်အောင် ထိရောက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ Acceptance လုပ်နိုင်မှ Let Go ဆိုတဲ့ လွှတ်ချတဲ့အဆင့်ကိုရောက်မှာ၊ တချို့တွေက Acceptance ကောင်းကောင်းမလုပ်နိုင်ခဲ့ဘဲ Let Go လုပ်လိုက်နိုင်ပြီးဆိုတာက ယေဘုယျကြည့်ရင်တော့ မှန်ကောင်းမှန်နိုင်ပေမယ့် တကယ်က ယာယီပဲ လွှတ်ချလိုက်နိုင်တာ၊ မသိစိတ် Unconscious Mind ထဲမှာ ခိုတွယ်နေသေးတာဖြစ်တဲ့အတွက် ချိန်ကိုက်ဗုံးလိုပဲ၊ အချိန်မရွေးထပေါက်ကွဲနိုင်တယ်၊ အန္တရာယ်များတယ်"

ဒီကြားထဲမှာ စိတ်နဲ့ပတ်သက်ပြီး ဟန်နွေးက ထွေထွေထူးထူးမရှင်းပြခဲ့ဖူး။ Itt ရောက်လာရင် ပျော်ပျော်ရွှင်ရွှင် ပုံတွေဆွဲ၊ အရောင်တွေခြယ်စေပြီး စိတ်အေးချမ်းမှုကိုသာ ဖန်တီးပေးခဲ့သည်။ အခုတော့ Itt က ဒီ Healing Journey ကို အောင်မြင်သွားပြီလို့ခံယူတဲ့အတွက် ပြောပြနေခြင်းပင်ဖြစ်သည်။

"Itt ကတော့ Acceptance ကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ်၊ ဖြစ်ခဲ့တဲ့အရာတွေအပေါ်မှာ အရှိအတိုင်းသိမြင်ပြီး လွှတ်ချလိုက်နိုင်တယ်၊ Let Go လုပ်လိုက်နိုင်တယ်၊ အခု Itt ဆီမှာ စိတ်ဖိစီးမှုတွေ၊ နာကျင်မှုတွေ၊ စိုးရိမ်မှုတွေကို ကျွန်တော်မတွေ့ရဘူး၊ လွတ်လပ်တယ်၊ ပေါ့ပါးတယ်၊ ပျော်ရွှင်တယ်...အဲ့လို Itt ကို ကျွန်တော်မြင်လိုက်ရပြီ"

Itt က ကျေနပ်စွာပြုံးရယ်ရင်း ဟန်နွေးထံ လက်အုပ်ချီကာ...

"ကျေးဇူးတင်ပါတယ်ဆရာ...အဲ့တာတွေက ဆရာ့ကျေးဇူးတွေကြောင့်ပါ၊ ဆရာ့အကူအညီမပါဘဲ ဒီ Process ကို ကျွန်တော်မအောင်နိုင်ပါဘူး"

"Itt ရဲ့ကြိုးစားအားထုတ်မှုကြောင့်ပါဗျာ၊ ကာယကံရှင်က ကိုယ်ခံစားရတာတွေအပေါ်မှာပွင့်လင်းမှုရှိရင် ပြဿနာရဲ့တစ်ဝက်လောက်က ပြေလည်သွားတတ်တယ်လေ၊ တစ်လခွဲ နှစ်လလောက်နဲ့ အောင်မြင်တာ Itt အရမ်းတော်ပါတယ်"

Therapist နဲ့ Client အပြန်အလှန်ချီးကျူးနေကြရင်း ရုံးခန်းလေးဟာ စကားသံတွေညံစီနေသည်။

"မနက်ဖြန် Itt အားရင် တစ်ခေါက်ထပ်လာခဲ့ပေးပါဦး၊ Last and Final Discussion လေးလုပ်ချင်လို့"

"Okay ပါဆရာ"

ညနေစောင်းမှစလိုက်တဲ့စကားဝိုင်းဟာ ညမိုးချုပ်သည်အထိ မပြတ်နိုင်သေးဘဲရှိသည်။ ဟန်နွေးရဲ့နောက်ထပ် Client တစ်ယောက်လည်း သူ့ရဲ့ Healing အောင်မြင်သွားခဲ့ပြီဖြစ်ပြီး ဒါဟာ ဟန်နွေး Career ရဲ့ မှတ်တိုင်တစ်ခုလို့ပြောလို့ရသည်။ အထူးသဖြင့် Itt လိုနာမည်ကြီးတဲ့လူတစ်ယောက်က သူ့ဆီမှရွေးချယ်လာခဲ့ပြီး သူ့ဆီမှာပဲ Healing အောင်သွားတာ ဟန်နွေးအဖို့တော့ ဂုဏ်ယူရမယ့်ကိစ္စပင်ဖြစ်သည်။

Itt စစချင်းရောက်လာတဲ့နေ့က ဟန်နွေးပြောခဲ့ဖူးသလို 'ငါကဟန်နွေးမို့လို့...' ဆိုတဲ့အတိုင်း ပါရမီကိုမသုံးဘဲ ပညာကိုပဲသုံးခဲ့သည်မို့လို့ တကယ့်ကို ဟန်နွေးပီသပါပေသည်။

🥀🥀

"စုံစမ်းစစ်ဆေးနေတုန်း မေးခွန်းတွေမေးတဲ့အခါ တစ်ဖက်လူရဲ့ ကိုယ်ဟန်လှုပ်ရှားမှု Body Language နဲ့ အသံအနေအထား Tone ကို ဂရု့စိုက်ရမယ်...သံသယတရားခံပဲဖြစ်ဖြစ်၊ မျက်မြင်သက်သေပဲဖြစ်ဖြစ် သူ့ရဲ့လှုပ်ရှားမှုအသေးစိတ်ကအစ မှတ်ထားရမယ်"

"ဟုတ်ကဲ့ခေါင်းဆောင်"

ချမ်းထက်ခေါင်က TH နဲ့ပတ်သက်ပြီးစတင်စုံစမ်းရတဲ့အချိန်မှစ၍ သူ့ရဲ့ Team Cheetah လိုက်ရတဲ့အမှုတွေကို ဦးဆောင်စုံစမ်းခွင့်မရှိတော့။ ဒုတိယအဖွဲ့မှူးကသာ တာဝန်ယူထားတဲ့အခြေအနေဖြစ်ပေမယ့် ရံဖန်ရံခါတော့ အဖွဲ့သားတွေက ချမ်းထက်ခေါင်ရဲ့ကြီးကြပ်မှုကို ခံယူချင်နေကြတုန်းပင်။

ထိုကဲ့သို့ အဖွဲ့ခေါင်းဆောင်နဲ့အဖွဲ့သားတွေအပေးအယူမျှနေတာကို ဌာနမှူးက အဝေးကနေကြည့်နေသည်။ သူတို့အုပ်စု အသံငြိမ်သွားပြီဆိုမှ ချမ်းထက်ခေါင်ကို လှမ်းခေါ်လိုက်သည်။

"Chan...ငါ့ဆီလာခဲ့"

ဌာနမှူးခေါ်တော့ ချမ်းထက်ခေါင်လည်း မဆိုင်းမတွပင် အခန်းထဲဝင်သွားသည်။

"ဘာထူးလဲ"

ချမ်းထက်ခေါင်အစီရင်ခံတာကိုစောင့်ဖို့အထိစိတ်မရှည်တော့ဘဲ ခေါ်မေးနေတာကြောင့် ဒီစုံစမ်းရေးအပေါ်မှာ ဌာနမှူးဘယ်လောက်ထိစိတ်အားထက်သန်နေသလဲဆိုတာပေါ်လွင်သည်။

"Leo ကောင်မလေးအဖေနဲ့ပတ်သက်ပြီးစုံစမ်းခဲ့ပါတယ်၊ TH Group နဲ့ Leo ကောင်မလေးအဖေက ဘာမှပတ်သက်ဆက်နွယ်မှုမရှိပါဘူး၊ အဲ့တာအပြင် ပန်းချီကားတွေနဲ့ပတ်သက်ပြီးလည်း သံသယဝင်စရာမတွေ့ရဘူး၊ All clear sir"

ဌာနမှူးက Leo ကောင်မလေးအဖေလွှတ်တော်အမတ်ကို သံသယဝင်နေတာနဲ့ ချမ်းထက်ခေါင်ကိုစုံစမ်းခိုင်းခဲ့သည်။ သို့သော် အထင်နဲ့အမြင်ကတစ်ခြားစီဖြစ်စွာ ဘာမှရှာမတွေ့ခဲ့ရပေ။

"အခြားရော"

"စုံစမ်းဆဲပါပဲ"

"Leo အမှုကနေသိမ်းဆည်းထားတဲ့ပန်းချီတွေရှိတယ်၊ အဲ့တာတွေက TH Group နဲ့ပတ်သက်မှုရှိလားဆိုတာရှာ...TH Group နဲ့ မဟုတ်လည်း သံသယဝင်စရာအချက်ကိုရအောင်ရှာ၊ ကြားလား"

"ဟုတ်ကဲ့"

ခဏနေတော့ ချမ်းထက်ခေါင် အခန်းပြင်အပြင်ထွက်လာသည်။ ဒီကိစ္စကို တစ်ယောက်တည်းစုံစမ်းရတာဖြစ်တဲ့အပြင် လျှို့ဝှက်စုံစမ်းရေးဖြစ်နေတဲ့အတွက် ထင်ထားတာထက်ပိုပြီးဝန်ပိသလို တာဝန်လည်းများသည်။ တစ်ခါတစ်လေမှာ အိမ်တောင်ပြန်မအိပ်နိုင်ဘဲ Interpol မှာပဲ မိုးလင်းတဲ့အထိရှိနေတတ်သည်။ ဌာနမှူးကလည်း သူ့ကို အချိန်တိုင်းစောင့်ကြည့်နေပြီး သိရသမျှအကုန်မေးမြန်းဖို့ပဲ အမြဲခေါ်နေတတ်သည်။

ဘယ်လောက်ပဲစိတ်ပင်ပန်းနေပါစေ... ဒါဟာ အလုပ်လို့မှတ်ယူလိုက်ရင် လူက စက်ရုပ်ပမာ လှုပ်ရှားရတော့တာချည်းပင်ဖြစ်သည်။

ကတောင်!

အတွေးတွေရစ်ဖွဲ့နေတုန်း Message ဝင်သံကြောင့် ဖုန်းဖွင့်ကြည့်လိုက်တော့ Dew တဲ့။ စာတွေအများကြီးပို့ထားသည်။ မတွေ့ရတာကြာနေပြီဖြစ်ကြောင်း၊ သတိရကြောင်း၊ တွေ့ချင်ကြောင်း စာတွေစီကုံးထားသည်။

"ကျစ်!"

ချမ်းထက်ခေါင်က စိတ်ပျက်စွာစုတ်သတ်ရင်း ဖုန်းကိုပြန်ပိတ်ကာ ဘောင်းဘီအိတ်ကပ်ထဲထိုးထည့်ပြီး ဆိုင်ကယ်ကိုအပြင်းမောင်းနှင်ထွက်သွားခဲ့သည်။ ထိုကဲ့သို့သော ချမ်းထက်ခေါင်ရဲ့လှုပ်ရှားမှုတိုင်းကို Dew က လှမ်းကြည့်နေခဲ့လေ၏။

🥀🥀

အပြုံးပန်း

[ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ Love you all🤍]

#################################################

(Zawgyi)

ဒီေန႔ေတာ့ စိတ္အႀကံေပး႐ုံးခန္းေလးဆီ ဟန္ေႏြးေစာေစာေရာက္ေနသည္။ မေန႔ည ေဆး႐ုံမွျပန္ေရာက္ကတည္းက ေစာေစာအိပ္ပစ္လိုက္တာ မနက္က်ေတာ့ အေစာႀကီးႏိုးတာေၾကာင့္ စိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ ႐ုံးခန္းဆီေစာေစာထြက္လာခဲ့ျခင္းျဖစ္သည္။

႐ုံးခန္းေရာက္ေတာ့ ျပည့္ရည္ဖူးကိုမေတြ႕။ ေစာေသးေတာ့ မေရာက္ေသးတာပဲျဖစ္မည္။ ဟန္ေႏြးက မေန႔က ေဆး႐ုံမွာ သူလုံးေခ်ပစ္ခဲ့တဲ့ေဆးစာ႐ြက္ကို ေသေသခ်ာခ်ာျဖန႔္ရင္း ေဆးဝယ္ဖို႔ျပင္သည္။ ေနလို႔လည္းသိပ္မေကာင္းေသးတာေၾကာင့္ ေဆးဝယ္ေသာက္ဖို႔လိုသည္။ အိပ္ေရးဝ၍သာ အားျပည့္ေနပုံရေပမယ့္ လူကေတာ့ သိပ္ၿပီးခြန္အားရွိတာမဟုတ္။

"ဟယ္ ဟန္ေႏြး...ေရာက္ေနၿပီလား"

ထိုစဥ္ ျပည့္ရည္ဖူးေရာက္လာၿပီး အံ့ဩတႀကီးေမးသည္။

"ငါဆန္ျပဳတ္ယူလာတယ္"

ထုံးစံအတိုင္း ဟန္ေႏြးဖို႔ တကူးတကဆန္ျပဳတ္ျပဳတ္ခဲ့ျပန္သည္။ ျပည့္ရည္ဖူးက ဆန္ျပဳတ္ကိုပန္းကန္လုံးထဲထည့္ကာ ဟန္ေႏြးအေရွ႕ခ်ေပးသည္။

"နင့္ၾကည့္ရတာသိပ္မသက္သာသလိုပဲ...ေဆး႐ုံမသြားခင္က ပိုအဆင္ေျပတဲ့ပုံေပါက္တယ္"

"သက္သာပါတယ္၊ ဒီလိုပါပဲ"

ဟန္ေႏြးက ဆန္ျပဳတ္တစ္ဇြန္းခပ္ေသာက္ၿပီးေျဖသည္။

"ဒါနဲ႔ မာမားဖုန္းဆက္တယ္သိလား၊ အိမ္သြားၾကည့္ၾကျပန္တဲ့ေလ"

"အင္း"

"ဘယ္လိုလုပ္ၾကမလဲ၊ ေနာက္လဆိုစာတမ္းေရးရေတာ့မွာ၊ ျမန္မာကိုပဲျပန္လာခိုင္းေနၾကတယ္"

"ျပန္ၾကတာေပါ့၊ ျပန္ၿပီး ငါတို႔လက္မထပ္ႏိုင္တဲ့အေၾကာင္းကိုေျပာၾကတာေပါ့"

"တကယ္ေျပာရေတာ့မယ္ေပါ့...မာမားတို႔က ဘာလို႔အတင္းသေဘာတူေနၾကလဲမသိေတာ့ပါဘူး"

"အဲ့တာကေတာ့ မာမားတို႔ကငယ္သူငယ္ခ်င္းေတြေလ၊ သေဘာတူေပးစားတာမဆန္းဘူး"

စိတ္ေအးလက္ေအးနဲ႔ ဆန္ျပဳတ္ေလးေသာက္ရင္းေျဖတာကို ျပည့္ရည္ဖူးသေဘာမေတြ႕ျပန္။ ထို႔ေၾကာင့္ ႏႈတ္ခမ္းစူကာ ဟန္ေႏြးရဲ႕လက္ေမာင္းကို မနာေအာင္႐ိုက္လိုက္သည္။

"ဘာျဖစ္ရျပန္တာလဲ"

"နင္ဘာလို႔အဲ့ေလာက္ေအးေဆးေနတာလဲ၊ ဘာလို႔သတၱိေတြရွိေနတာလဲ"

"ငါ့မွာခ်စ္ရတဲ့သူရွိတယ္၊ သူ႔အတြက္ပဲျဖစ္ျဖစ္ ငါသတၱိရွိဖို႔လိုတယ္၊ သူျပန္ခ်စ္သည္ျဖစ္ေစ မခ်စ္သည္ျဖစ္ေစ သူ႔ေၾကာင့္ ကိုယ့္ခံယူစိတ္ကိုသေဘာေပါက္သြားခဲ့တာဆိုရင္ သူ႔ကိုေလးစားတဲ့အေနနဲ႔ ဒီအေၾကာင္းကို ၾကာၾကာဖုံးကြယ္မထားသင့္ဘူး"

ဟန္ေႏြးဘက္က အခ်က္က်က်ျပန္ေျဖတဲ့အေပၚမွာ ျပည့္ရည္ဖူးငိုင္မိသည္။ သူ႔မွာလည္းခ်စ္ရသူရွိခဲ့ဖူးတာပဲ။ ထိုသူအတြက္ပဲျဖစ္ျဖစ္ သတၱိရွိဖို႔လိုသည္ထင္၏။

"ငါဒီေန႔အတန္းမတက္ေတာ့ဘူး၊ Clientနဲ႔ခ်ိန္းထားလို႔"

ျပည့္ရည္ဖူးက ဟန္ေႏြးတုံ႔ျပန္မႈမေပးခင္မွာပင္ အနားကေနလွစ္ခနဲေပ်ာက္သြားသည္။ ဟန္ေႏြးလည္း ဆန္ျပဳတ္ဆက္ေသာက္ေနရင္း ဒီေန႔ ေက်ာင္းသြားဖို႔ အားေမြးေနေလသည္။

Thammasat University

မိုးေလးဖြဲေနတုန္း...။ ေအာက္တိုဘာလဆီ ခ်ဥ္းနင္းဝင္ေရာက္လာေပေသာ္ျငားလည္း မိုးက မထင္ရင္မထင္သလို ႐ြာခ်တတ္သည္။

မိုးမ႐ြာဘူးအမွတ္နဲ႔ ထီးမယူလာမိတဲ့ဟန္ေႏြးက Campus Bus ေပၚကေနေျပးဆင္းကာ Psychology Department ထဲကို အေျပးဝင္သြားသည္။ ေျပးေျပးလႊားလႊားသြားသည့္တိုင္ေအာင္ မိုးေရစက္ေတြက ဟန္ေႏြးရဲ႕ဆံပင္ရွည္ေတြၾကားထဲစီးဝင္သြားသလို ဟန္ေႏြးရဲ႕အဝတ္အစားေတြလည္း ေရစိုစြတ္သြားသည္။ အစကတည္းက ေနသိပ္မေကာင္းတာ ဖ်ားမွာေတာင္ေၾကာက္ရသည္။ ဒါ့ေၾကာင့္ အတန္းထဲမဝင္ေသးဘဲ ေရခါရင္း ခဏထိုင္ၿပီးအနားယူသည္။

အနားယူေနရင္း ဟန္ေႏြးရဲ႕စိတ္ထဲမွာ တစ္စုံတစ္ခုကိုေတြးမိသည္။ သူ႔ရဲ႕မရင့္က်က္စြာေရွာင္ေျပးမႈေတြကို အလိုမက်သည့္အေၾကာင္းျဖစ္သည္။ တကယ္ဆို ခံစားခ်က္ရွိေနသူပီပီ ကုပ္ကပ္တြယ္ေနသင့္လားဟူ၍ ဟန္ေႏြး မၾကာခဏေတြးေတာေပမယ့္ တစ္ဖက္မွာလည္း One Night Stand ဆိုတဲ့စကားလုံးက သူ႔ကိုအႀကိမ္ႀကိမ္နာေစသည္။

"ကြၽန္ေတာ္ဆက္ၿပီးေရွာင္မေနခ်င္ဘူး"

ဟန္ေႏြးရဲ႕ဆႏၵအမွန္ကေတာ့ ထိုသို႔ျဖစ္သည္။ တစ္ဖက္လူက သူ႔ကို One Night Stand လို႔သတ္မွတ္ေခၚေဝၚခဲ့တာ တကယ္တမ္းၾကည့္ရရင္ သူ႔မွာစိတ္ဆိုးပိုင္ခြင့္မရွိ။ သူတို႔ႏွစ္ဦးက ခ်စ္သူရည္းစား ဒါမွမဟုတ္ ထူးျခားတဲ့ဆက္ဆံေရးမရွိပါဘဲနဲ႔ တစ္ညတာကို အတူတူျဖတ္သန္းဖို႔ သေဘာတူခဲ့ၾကသည္ပဲမဟုတ္လား...။ ၿပီးေနာက္ တစ္ဖက္လူက သူ႔ကို ထိုကဲ့သို႔သတ္မွတ္လိုက္တိုင္း သူက ထိုသို႔ရာႏႈန္းျပည့္ျဖစ္သြားတာမဟုတ္။ မိမိရဲ႕ျဖစ္တည္မႈကို မိမိကိုယ္တိုင္သာလွ်င္ သတ္မွတ္ရမည္။ ဒါက ဟန္ေႏြးရဲ႕ခံယူခ်က္။

ထိုခံယူခ်က္ေတြကို သူကိုယ္တိုင္ျပန္လည္စဥ္းစားၿပီးမွ သူ႔ရဲ႕ဆုံးျဖတ္ခ်က္ေတြခိုင္မာလာသည္။ လက္ရွိသူ႔ရဲ႕စိတ္အေျခအေနကိုလည္း သေဘာမက်လို႔ သုံးသပ္ခ်င္ေနခဲ့တာလည္း ၾကာခဲ့ၿပီ။ ဒီေန႔ေတာ့ သူ႔စိတ္ထဲမွာ တစ္စုံတစ္ရာကို ေသခ်ာစြာ ဆုံးျဖတ္ခ်က္ခ်ၿပီးေလၿပီ။

"ကြၽန္ေတာ္ေရွာင္မေျပးေတာ့ဘူး၊ ကြၽန္ေတာ္ အစ္ကို႔ကိုလိုက္မယ္လို႔ဆုံးျဖတ္ထားတာ...အစ္ကို႔ဘက္က ကြၽန္ေတာ့္ကို One Night Stand လို႔သေဘာထားလည္းရပါတယ္၊ ဒါေပမယ့္ ကြၽန္ေတာ့္အခ်စ္ေတြက တစ္ညတာအတြက္မဟုတ္ဘဲ တစ္ဘဝစာအတြက္ဆိုတာကိုေတာ့ အစ္ကိုသိေအာင္ေျပာျပခ်င္တယ္"

တစ္ေယာက္တည္း ေမဂ်ာဌာနေရွ႕မွာထိုင္ရင္း စကားေတြေျပာလိုက္၊ ဆုံးျဖတ္ခ်က္ေတြခ်လိုက္နဲ႔...။ မိုးေတာင္ နည္းနည္းပိုသည္းလာၿပီ။ အတန္းတက္ရမယ့္အခ်ိန္လည္း အနည္းငယ္ေက်ာ္ေနၿပီ။ ဟန္ေႏြးက ပါေမာကၡဆူမွာကို မမူသည့္ပမာ သူ႔ရဲ႕ႏွလုံးသားေရးရာကိစၥကို စဥ္းစားခန္းဖြင့္ေနသည္။

ဒီေလာက္အထိကို ဟန္ေႏြးက ခ်မ္းထက္ေခါင္နဲ႔ပတ္သက္လာရင္ အတည္တက်ျဖစ္ဖို႔ကို ေရွးရွဴ႕တတ္ေလ၏။

🥀🥀

Interpol Thailand

ခ်မ္းထက္ေခါင္တစ္ေယာက္ ႐ုံးမွာအလုပ္မ်ားေနသည္။ ဌာနမႉးကိုတင္ျပႏိုင္ဖို႔အတြက္ စာ႐ြက္စာတမ္းအခ်က္အလက္ေတြကိုစုစည္းေနၿပီး တခ်ိဳ႕ေဒတာေတြကို Memory Card ထဲထည့္သိမ္းေနသည္။

TH

ခ်မ္းထက္ေခါင္အလြန္ရင္းႏွီးတဲ့ေဝါဟာရ။ ရင္းႏွီးတဲ့အတြက္လည္း စုံစမ္းရတာအမ်ားႀကီးမခက္ခဲ။ သို႔ေပမယ့္ မည္မွ်ေလာက္ထိရင္းႏွီးတယ္ဆိုတာကိုေတာ့ လွ်ိဳ႕ဝွက္ထားဖို႔လိုအပ္သည္။ မဟုတ္ရင္ သူ႔ကိုစုံစမ္းခြင့္မေပးဘဲ ပယ္ခ်လိုက္ႏိုင္သည္။

ေဒါက္-ေဒါက္

ဌာနမႉး႐ုံးခန္းကိုတံခါးေခါက္လိုက္သည္။

"ဝင္ခဲ့"

ခ်မ္းထက္ေခါင္ဝင္သြားေတာ့ ဌာနမႉးက စုံစမ္းထားမႈေတြကိုနားေထာင္ဖို႔အသင့္ျဖစ္ေနသည္။

"ဘာသိခဲ့လဲ"

"ေငြျဖဴေငြမည္းနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္အေသးစိတ္စုံစမ္းခဲ့ပါတယ္၊ ပုံမွန္ဆိုရင္ေတာ့ ေငြမည္းေတြကို ေငြျဖဴအျဖစ္ေျပာင္းလဲခဝါခ်ဖို႔ အိမ္ၿခံေျမနဲ႔ကားေဈးကြက္ကိုအဓိကထားၿပီး အသုံးျပဳတာရွိတယ္၊ ၿငိမ္ေနတဲ့ေဈးကြက္တစ္ခုက ႐ုတ္တရက္ ေဈးေတြထိုးတက္သြားမယ္ဆိုရင္ ဒါဟာ ေငြေၾကးခဝါခ်မႈေတြရွိေနၿပီလို႔ ခန႔္မွန္းလို႔ရတယ္...အဓိကေတာ့ မူးယစ္ေဆးေရာင္းဝယ္တဲ့သူေတြအသုံးမ်ားတဲ့နည္းလမ္းေပါ့"

ေငြေၾကးခဝါခ်မႈေတြဆိုတာ ႏိုင္ငံတကာမွာရွိေနတဲ့ကိစၥတစ္ခုျဖစ္ၿပီး ႏိုင္ငံတကာမွာရွိတဲ့ ဆိုင္ရာ Interpol ေတြကေန စုံစမ္းစစ္ေဆးၿပီးရတဲ့အခ်က္အလက္ေတြကို

You are reading the story above: TeenFic.Net