Chapter 13

Background color
Font
Font size
Line height

(Unicode)

Siri Residence Condo

၁၁ထပ်ကို ဓာတ်လှေကားမသုံးဘဲ ခြေထောက်နဲ့သာ ဖြည်းညင်းစွာတက်သွားသည်။ ၁၁ထပ်ဆိုတဲ့ပမာဏဟာ ခွန်အားအပြည့်မရှိသေးတဲ့ဟန်နွေးအဖို့ ကြေးကြီးတဲ့ပမာဏဖြစ်သည်။ သို့ပေမယ့် ထိုအရာတွေကို သူမမူနိုင်တော့။ ထုံထိုင်းနေတဲ့စိတ်ဟာ သူ့ကိုထုံပေစွာသတိခွါစေသည်။ ၁၁ထပ်ကိုရောက်တော့ အခန်းတံခါးဖွင့်ကာဝင်သွားပြီး မီးတွေမဖွင့်ဘဲ အမှောင်အတိုင်းနေသည်။ ဘောင်းဘီအိတ်ကပ်ထဲကဖုန်းကိုထုတ်ကာ ဧည့်ခန်းထဲကဆိုဖာပေါ်ပစ်တင်လိုက်ပြီး ကိုယ်တိုင်က ရေချိုးခန်းထဲဝင်သွားသည်။

ရေချိုးခန်းထဲရောက်တော့ မီးဖွင့်လိုက်သည်။ မှန်ကိုစိုက်ကြည့်နေရင်းနဲ့ အဝတ်တွေကိုချွတ်ပစ်လိုက်သည်။ ချမ်းထက်ခေါင်ရဲ့အဝတ်တွေဟာ သူ့ကိုနာကျင်စေသည်။ အဝတ်တွေချွတ်လိုက်တော့ မှန်ထဲမှာမြင်နေရတဲ့သူ့ပုံစံကို သူရယ်မိသည်။ နာကျင်ရိပ်တွေဖုံးလွှမ်းစွာရယ်မောမိသည်။

Marking တွေ... မြတ်နိုးစွာဖြင့် ချန်ရစ်ခံခဲ့ရတာမဟုတ်သော Marking တွေ...။ သူ့ခန္ဓာကိုယ်က ထို Marking တွေကို ဟန်နွေး နာကြည်းစွာကုပ်ဖဲ့ပစ်သည်။ ပျောက်မသွားမှာသိနေပေမယ့် ဆပ်ပြာရည်သုံးကာ အကြိမ်ကြိမ်ဆေးကြောပစ်သည်။ မျက်ရည်များဟာ မျက်လုံးအိမ်ကနေ စီးပြိုကြလာပြီး ရေတွေနဲ့ရောယှက်စီးဆင်းသွားသည်။ ကုပ်ဖဲ့လွန်းလို့ သွေးစို့လာသောအခါ တချို့သော Marking တွေဟာ ဒဏ်ရာအဖြစ်သို့ပြောင်းလဲသွားလေပြီ။

"ကျွန်တော်ကချစ်လို့...ချစ်လွန်းလို့ လိုက်လျောပေးခဲ့တာပါ၊ ကျွန်တော်အဲ့လောက်ထိမလွယ်ပါဘူး..."

Marking တွေကိုကုပ်ဖဲ့နေတာရပ်လိုက်ပြီး အက်ကွဲစိုးရွံ့စွာရေရွတ်သည်။

"ကျွန်တော့်အတွက် ပထမဆုံးအကြိမ်...အစ်ကို့အတွက်မို့လို့ နှစ်ခါမတွေးဘဲလိုက်လျောပေးခဲ့တာ...အဲ့တာကပဲ ကျွန်တော့်ကို အဲ့လိုသတ်မှတ်စေခဲ့တာလား...ကျွန်တော့်အချစ်တွေက..."

ရှေ့ဆက်လို့မရတဲ့စကားလုံးတွေဟာ ပါးစပ်ကနေထွက်မလာနိုင်တော့ဘဲ ရင်ဝမှာဆို့နင့်နေသည်။

မတွေ့မမြင်မသိရတဲ့လူတစ်ယောက်ကို ၈နှစ်ကြာသစ္စာရှိရှိစောင့်ဆိုင်းချစ်လာခဲ့တာ ပြန်ရလိုက်တဲ့အရာက One Night Stand ဆိုတဲ့နာမည်တစ်လုံး။ ဒီနာမည်ဟာ တစ်ဖက်လူအတွက်တော့ လွယ်လင့်တကူအသုံးပြုလို့ရတဲ့ သာမန်နာမည်တစ်လုံးဖြစ်နိုင်ပေမယ့် ဟန်နွေးအတွက်တော့ အချစ်တွေ၊ သိက္ခာတွေကို အရောင်ဆိုးပစ်လိုက်နိုင်တဲ့နာမည်တစ်လုံးပင်။ ဒါ့ကြောင့် ဒီလိုတံဆိပ်ကပ်ခံရတာ ရင်နာသည်။

ညဉ့်နက်သည်အထိ ရေချိုးခန်းထဲကနေမထွက်ဘဲ ရေပန်းအောက်မှာထိုင်နေမိသည်။ စိတ်ကုထုံးပညာရှင်တစ်ယောက်ဟာ ကြေကွဲနာကျင်သွားရင် အဲ့လောက်အထိ အရုပ်ကြိုးပျက်ဖြစ်သွားရသလားမပြောတတ်ပေမယ့် ဟန်နွေးကတော့ သူ့စိတ်ကို ပြန်ဆွဲတင်ရန်မကြိုးစားဘဲ စိတ်စေရာကိုလိုက်နေမိသည်။ အခုတော့ ဟန်နွေးရဲ့စိတ်ဟာ ရေမဝတဲ့မြေပြင်လို ခြောက်သွေ့ပြီး အစိတ်စိတ်အက်နေခဲ့...။

🥀🥀

အလုပ်လည်းပြန်လုပ်ရပြီး Dew လည်းပြန်ရောက်ပြီဆိုတော့ မြို့စွန်နားကရပ်ကွက်ကနေ ဘန်ကောက်မြို့လယ်ကိုပြန်လာနေပြီဖြစ်တဲ့ချမ်းထက်ခေါင်။

ဌာနမှူးကိုအကြောင်းပြန်နိုင်ရန်အတွက်လည်း သူလိုက်ရမယ့်အမှုအကြောင်းကို ထဲထဲဝင်ဝင်စဉ်းစားနေသည်။ Leo အမှုကတော့ သံသယတရားခံဟာ သူတစ်ယောက်တည်း ဒါတွေအားလုံးကျူးလွန်တာဆိုပြီးသာဖြေနေသည်။ Leo ကိုသတ်တဲ့လက်နက်ဟာလည်း Dew ကောက်ချက်ချပေးခဲ့တဲ့အတိုင်း ဓားဖြစ်ပြီး ထိုဓားကို နုံခိုင်က သံသယတရားခံနေထိုင်ရာအိမ်နဲ့ ကိုက်၅၀၀အကွာမှာ မြေမြှုပ်ထားတာကိုရှာတွေ့ခဲ့သည်။

သံသယတရားခံဟာ အမှုကိုကျူးလွန်တဲ့အချိန်မှာ လက်အိတ်ဝတ်ထားတာကြောင့် ဓားရိုးမှာ လက်ဗွေမကျန်ရစ်သော်လည်း ထိုဓားကို ဘန်ကောက်က အိမ်သုံးပစ္စည်းဆိုင်တစ်ခုမှာဝယ်ယူနေခဲ့တယ်ဆိုတဲ့ CCTV သက်သေရလာသည်။ ဓားမှာကပ်နေတဲ့သွေးဟာလည်း Leo ရဲ့သွေးဖြစ်ကြောင်း Forensic Science ဘက်ကနေ အတည်ပြုထားပေးပြီးဖြစ်သည်။ နောက်ကွယ်ကနေကြိုးကိုင်နေတဲ့သူမရှိဘဲ သူတစ်ယောက်တည်းကျူးလွန်တယ်ချည်းသာ တွင်တွင်ဖြေနေတဲ့အပြင် ထိုသံသယတရားခံနဲ့ပတ်သက်နဲ့ Record တွေကလည်းရှင်းနေတာကြောင့် အမှုကို ဒီတိုင်းဆက်သွားရမယ့်ပုံပေါ်နေသည်။

"ဘာလို့သတ်တာတဲ့လဲ"

အထူးမှုခင်းအဖွဲ့ကနေကြားလာ၊ သိလာသမျှကို ချမ်းထက်ခေါင်အားပြောပြရန်စိတ်အားထက်သန်နေတဲ့အဖွဲ့သားကို မေးနေ၏။

"ပန်းချီကိုဈေးပိုတောင်းလို့တဲ့"

"ဘယ်လိုအဖြေကြီးလဲ"

"ဟုတ်တယ်ခေါင်းဆောင်...ဘယ်လောက်မှမတန်တဲ့ပန်းချီကားကို ဘတ်သန်းနဲ့ချီပေးဖို့တောင်းလို့ သတ်လိုက်တာတဲ့"

"ခိုင်းတဲ့သူရှိလို့လုပ်တယ်ဆိုတဲ့သက်သေလည်းမရှိဘူးပေါ့"

"ဟုတ်ကဲ့...ဒီအမှုက သာမန်လူသတ်မှုအဖြစ်ပြောင်းနေပြီခေါင်းဆောင်၊ ငွေဖြူငွေမည်းကိစ္စနဲ့ပတ်သက်တဲ့ သံသယဝင်စရာတစ်ချက်တောင်မရှိဘူး"

"ပန်းချီကားပေါ်က TH နဲ့ပတ်သက်ပြီးတော့ရော..."

"သံသယတရားခံဘက်က မသိဘူးပဲငြင်းတယ်၊ သူ့ဆီကနေထွက်လာတဲ့စကားက သူ Leo ကိုသတ်တယ် ဆိုတာပဲ"

CCTV Room ကဝန်ထမ်းပြောတဲ့ တစ်ယောက်ယောက်ခိုင်းပုံရတယ်ဆိုတဲ့အချက်က သံသယအချက်ထဲမဝင်ပေ။ ထိုဝန်ထမ်းကိုယ်တိုင်ကိုက ပိုက်ဆံအတွက်နဲ့ သက်သေကို ဖျောက်ဖျက်လဲလှယ်မှုလုပ်ထားတဲ့ပြစ်မှုမှတ်တမ်းကြောင့်ရော၊ တိကျသေချာတဲ့သက်သေသာဓကမရှိတာကြောင့်ရော ဒီအမှုဟာ တရားခံတစ်ယောက်တည်းကသာကျူးလွန်ကြောင်း ပေါ်လွင်နေသည်။

"ပြခန်းကနေသိမ်းလာတဲ့ပန်းချီတွေထဲမှာ သံသယဖြစ်စရာအချက်ရှာတွေ့လား"

"မတွေ့သေးဘူးခေါင်းဆောင်...ဖြစ်နိုင်ရင် ဌာနမှူးက ဆရာဟန်နွေးကိုထပ်ခေါ်ဖို့အကြံပြုပေမယ့် ဆရာဟန်နွေးက ငြင်းတယ်ခေါင်းဆောင်"

"သူကငြင်းတယ်တဲ့လား"

"ဟုတ်တယ်ခေါင်းဆောင်...ဒီကိစ္စတွေမှာဘာမှဝင်မပါချင်တော့ဘူးလို့ပြောတယ်၊ သိခဲ့ရသမျှအကြောင်းတွေကိုလည်း နှုတ်ဆိတ်နေပါ့မယ်ဆိုပြီး ကတိလက်မှတ်ထိုးသွားတယ်"

ချမ်းထက်ခေါင်က ခေါင်းတညိမ့်ညိမ့်နဲ့သာနားထောင်နေသည်။ ဟန်နွေးအကြောင်းကြားရင် ဟန်နွေးကို သတိတရရှိသွားတတ်သည်။ ဘယ်လိုသတိရခြင်းမျိုးလဲဆိုတာတော့ ချမ်းထက်ခေါင် အတိအကျမသိပေမယ့် ဟန်နွေးက သူမမြင်ရရင်တောင် သူ့စိတ်ထဲ ရောက်ရောက်လာတတ်တဲ့ ထူးဆန်းတဲ့ကောင်လေးတစ်ယောက်ဖြစ်သည်။

"ငါ Autopsy ဘက်ကိုခဏသွားလိုက်ဦးမယ်...ဌာနမှူးမေးရင်ပြောလိုက်"

Dew အလုပ်ပြန်ဝင်ပြီဆိုတော့ Dew နဲ့တွေ့ဖို့သွားရမည်။ ဝန်ခံပြောပြစရာလည်းရှိတာကြောင့် အချိန်မဆွဲဘဲ အမြန်ဆုံးသာတွေ့ချင်နေမိသည်။

Autopsy Department

ထိုနေရာကတော့ အေးစက်နေတဲ့အငွေ့အသက်တွေပြည့်နှက်နေပြီး တိတ်ဆိတ်ငြိမ်သက်သည်။ ထိုဝန်းကျင်ထဲမှာ Dew ရဲ့သီချင်းညီးသံချိုချိုလေး ပေါ်ထွက်လာသည်။ Dew က နာမည်ကြီးထိုင်းဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Last Twilight ရဲ့ဇာတ်ဝင်သီချင်းကို ရေရွတ်သီဆိုနေပြီး ခွဲစိတ်တဲ့နေရာကို သန့်ရှင်းရေးလုပ်နေသည်။ ချမ်းထက်ခေါင်ဝင်လာတာကိုမမြင်။

ချမ်းထက်ခေါင်က အသံတိတ်တိတ်နဲ့ဝင်လာပြီး Dew ကို အနောက်ကနေပွေ့ဖက်လိုက်သည်။

"Chan လား"

အပွေ့အဖက်နဲ့အတူပါလာတဲ့ အငွေ့အသက်တွေကိုမှတ်မိနေတဲ့ Dew က ချမ်းထက်ခေါင်မှန်းတန်းသိသည်။

"ချွန်ဘူရီကနေ ဘာမှဝယ်မလာခဲ့ဘူးလား"

"အလောင်းသွားစစ်ဆေးတာလေ...အပျော်ခရီးမှမဟုတ်တာ"

ပြောဟန်ဆိုဟန်က ချစ်စဖွယ်ကောင်းပြီး နူးညံ့ညင်းထွေးတာမို့လို့ ချမ်းထက်ခေါင်က သဘောကျကာ Dew ကိုပိုတိုးလို့ဖက်ထားသည်။

"Chan ဖယ်ပါ...သူများတွေမြင်သွားလိမ့်မယ်"

"No...မင်းမရှိတော့ ကိုယ်စိတ်ပင်ပန်းခဲ့ရတယ်"

Dew က အံ့ဩသွားပြီး ချမ်းထက်ခေါင်နဲ့ မျက်နှာချင်းဆိုင်လှည့်လိုက်ကာ...

"စိတ်ပင်ပန်းတယ် ဟုတ်လား Chan"

စိုးရိမ်တစ်ကြီးမေးခွန်းထုတ်တော့ ချမ်းထက်ခေါင်က ဘာမှမဖြေဘဲ ဒီတိုင်းမတ်တပ်ရပ်နေသည်။

"ဘာဖြစ်ခဲ့လို့လဲ"

Dew ရဲ့အမေးအပေါ်မှာ တိကျတဲ့အဖြေကဘာလဲဆိုတာ ချမ်းထက်ခေါင်ကိုယ်တိုင်တောင် တွေဝေချင်နေသည်။ ဘာ့ကြောင့်စိတ်ပင်ပန်းခဲ့ရသလဲဆိုတော့...။

"Dew...ကိုယ်တစ်ခုပြောချင်တယ်"

ချမ်းထက်ခေါင်က လေးနက်စွာဆိုလာသည်မို့လို့ Dew က လက်သွားဆေးပြီး ဆရာဝန်ကုတ်အင်္ကျီကိုချွတ်လိုက်ကာ သူ့အလုပ်ခန်းထဲသွားဖို့ခေါ်လိုက်သည်။

"ဘာဖြစ်လို့လဲ Chan"

Dew ဆီမှာ သိချင်ဇောတွေဖုံးလွှမ်းနေတဲ့မျက်ဝန်းတွေရှိသည်။ ချမ်းထက်ခေါင်ဆီမှာလည်း ပြောမပြချင်ပေမယ့် ပြောမှဖြစ်မယ့်နှုတ်ခမ်းတစ်စုံရှိသည်။

"ကိုယ် လူတစ်ယောာက်နဲ့အိပ်ခဲ့တယ်"

Dew မျက်ဝန်းတွေညှိုးကျသွားသည်။

"လွန်ခဲ့တဲ့၄ရက်လောက်က...Yo မှာတွေ့တာ"

Dew က ခေါင်းလေးတဖြည်းဖြည်းညိမ့်ရင်း အောက်နှုတ်ခမ်းကိုကိုက်ထားမိသည်။

"One Night Stand လား"

Dew ဘက်ကနေ ခက်ခက်ခဲခဲလေသံနဲ့မေးတာကို ချမ်းထက်ခေါင်က အကြာကြီးတုံ့ဆိုင်းနေပြီးမှ ခေါင်းညိမ့်ခဲ့သည်။

"အခြေအနေအရ အဲ့လိုပဲဖြစ်သွားတယ်...ကိုယ်မင်းကိုမဖုံးကွယ်ထားချင်လို့ပါ"

ချမ်းထက်ခေါင်က ဒီလိုပွင့်ပွင့်လင်းလင်းပြောပြတာကိုပဲ Dew ကျေးဇူးတင်ပါသည်။ သူတို့ဆက်ဆံရေးက FWB ဆိုပေမယ့် ဒီဆက်ဆံရေးမစတင်ခင်မှာ လိုက်နာရမယ့်စည်းကမ်းတွေကို နှစ်ဦးသဘောတူထုတ်ထားပြီးသားဖြစ်သည်။ သူတို့စည်းကမ်းတွေထဲမှာ အခြားတစ်ယောက်နဲ့အိပ်ခွင့်ရှိပေမယ့် ဒီအကြောင်းကို ကိုယ့်ရဲ့ FWB Partner ကို ပြောပြရမယ့်အချက်ပါဝင်သည်။ ချမ်းထက်ခေါင်နဲ့ Dewရဲ့ FWB ဆက်ဆံရေးက သူများ FWB ဆက်ဆံရေးတွေထက် ပိုပြီး Romantic ဖြစ်သလို အပြန်အလှန်ပွင့်လင်းမှုလည်းရှိသည်။ တစ်ခါတစ်ရံ ချမ်းထက်ခေါင်ဘက်က Dew ရဲ့ခံစားချက်တွေကိုထည့်မထွက်တတ်ပေမယ့် အခြားတစ်ယောက်နဲ့ဖြစ်ခဲ့တဲ့အပေါ်မှာတော့ လိမ်ညာဖုံးကွယ်ဖို့ ဆန္ဒမရှိပေ။

"ဟုတ်...Dew ကိုပြောပြပေးလို့ ကျေးဇူးတင်တယ်နော်"

ချမ်းထက်ခေါင်က စိတ်မပါစွာပြုံးလိုက်ပြီး စကားဝိုင်းကို ရပ်တန့်လိုက်သည်။ သူဘာကို စိတ်မသက်မသာဖြစ်နေသေးလဲဆိုတာ မပြောတတ်...။ Dew ကတော့ အဆင်မပြေတဲ့မျက်နှာထားကို အတတ်နိုင်ဆုံး ဟန်ဆောင်ပြုပြင်ကာ အမြဲပြုံးထားနေခဲ့၏။

🥀🥀

"ဟုတ်တာပေါ့...အဲ့ဒီတုန်းက ခံစားရတာတွေက ဘယ်လောက်ထိခက်ခဲခဲ့မလဲဆိုတာ ကျွန်တော်နားလည်ပါတယ်၊ Khun Itt ရဲ့ခံစားချက်တွေက မှန်ကန်ပါတယ်၊ ဒါမျိုးခံစားရတာ အမှားတစ်ခုမဟုတ်ဘူး၊ Okay ပါတယ်"

Itt အတွက်ကုထုံးက တော်တော်လေးအဆင်ပြေချောမွေ့နေပြီး မကြာခင် အပြီးသတ်ဆွေးနွေးမှုကို လုပ်နိုင်တော့မည်ထင်သည်။ Itt က ဒီလိုကုထုံးခံယူဖို့ဖြစ်လာစေခဲ့တဲ့အကြောင်းတရားကိုပြန်ပြောရင်း သူ့စိတ်တွေ ပိုပြီးပေါ့ပါးလာကြောင်းကိုပြောတော့ ဟန်နွေးက ကောင်းမွန်စွာတုံ့ပြန်ခဲ့သည်။

များသောအားဖြင့် ဟန်နွေးက Itt နဲ့စကားပြောတာ နည်းသည်။ Art Therapy ကုထုံးနဲ့ကုတဲ့အတွက် ပန်းချီတွေကနေ ခံစားချက်ကို နားထောင်ခဲ့သည်။ သို့ပေမယ့် ဟန်နွေးက Itt ကိုကုသတဲ့နေရာမှာ သူ့ရဲ့ပါရမီကို အသုံးမပြုပေ။ သူက စိတ်ကုထုံးပညာရှင်တစ်ယောက်ဖြစ်ပြီး သင်ခဲ့ရတဲ့နည်းလမ်းအတိုင်းသာ ကုသပေးချင်သည်။ ပါရမီကိုသုံးကာ သူများရဲ့စိတ်ကိုဖတ်တာဟာ သူ့အနေနဲ့ Professional မဆန်ဘူးလို့ ခံယူထားသည်။

"ရှေ့လျှောက် အနုပညာလုပ်ငန်းတွေအကြောင်းရော...ပြောပြချင်လား"

Open-ended မေးခွန်းတစ်ခုကိုမေးပြီး Itt အနေနဲ့ ရှေ့လျှောက် အနုပညာလုပ်ငန်းတွေကို ဆက်လုပ်ဖြစ်၊ မလုပ်ဖြစ်ဆိုတာ တီးခေါက်ကြည့်သည်။ "ဆက်လုပ်မှာလား" ဟု မေးလိုက်လျှင် ဆက်လုပ်စေချင်တဲ့လွှမ်းမိုးမှုတစ်ခုရှိပြီး "ဆက်မလုပ်တော့ဘူးလား" လို့ မေးရင်တော့ ဆက်မလုပ်စေချင်တဲ့လွှမ်းမိုးမှုရှိသည်။ ထိုမေးခွန်းနှစ်ခုဟာ Close-ended Questions အမျိုးအစားတွေဖြစ်ပြီး အဖြေပါပြီးသားပုံစံပေါက်သောကြောင့် ဒီလိုမေးခွန်းမျိုးကို ဟန်နွေးရှောင်လေ့ရှိသည်။

"၃လလောက်နားထားတယ်ဆိုပေမယ့် အဲ့ထက်ကြာသွားနိုင်တယ်၊ ဒီအကြောင်းကို တရားရုံးတင်မယ့်ကိစ္စရှိသေးတော့ ကျွန်တော် လူကြားထဲပြန်မသွားချင်သေးဘူး၊ တစ်နေရာရာမှာ အနားယူချင်သေးတယ်"

"လူကြားထဲပြန်မသွားချင်ဘူးဆိုတာကရော...ဘယ်လိုခံစားနေရသေးလို့လဲ"

"စိတ်အေးလက်အေးရှိနေချင်သေးလို့ပါ၊ ကျွန်တော် လူတွေနဲ့တွေ့ရမှာမကြောက်တော့ပါဘူး၊ မနေ့ကတောင် အစ်မနဲ့ ဘုန်းကြီးကျောင်းလည်းသွားတယ်၊ Shopping လည်းထွက်တယ်"

ဟန်နွေးက ချိုသာစွာပြုံးကာ Itt ရဲ့ပြောစကားတွေကို နားထောင်ပေးသည်။ Itt က အခုဆိုရင် စိတ်နာကျင်ကြောက်ရွံ့တတ်တဲ့သူမဟုတ်တော့ပေ။ ရင်ဆိုင်ရဲပြီး သတ္တိတွေရှိလာပြီ။ တကယ်က ဖြစ်ပျက်သမျှကိစ္စတွေကို အရှိကိုအရှိအတိုင်း လက်ခံပေးလိုက်တာက ကိုယ်ခံစားနေရတဲ့နာကျင်မှုတွေကို လျော့ကျသွားစေနိုင်သည်။

"ဪ ဒါနဲ့ ဆုံခလာဘက်ကို ကျွန်တော်သွားဖို့ရှိတယ်...ဆရာနဲ့ကုထုံးပြီးသွားတဲ့အခါ ကျွန်တော်အဲ့ဘက်ကိုသွားပြီး Volunteer လုပ်မလို့တွေးနေတာ၊ ပြီးတော့ စီးပွါးရေးသေးသေးလေးတစ်ခုလည်း လုပ်ချင်တယ်"

"ကောင်းလိုက်တာ...Khun Itt က အများကြီးတွေးထားတာပဲ"

ချီးကျူးခံရရင် Itt က ပျော်သည်။

"ပန်းချီနည်းနည်းဆွဲမလား...ဆုံခလာရောက်ရင် Khun Itt လုပ်ချင်တာလေးတွေကို စိတ်ကူးယဉ်ပြီး တစ်ခုခုဆွဲကြည့်ချင်လား"

Itt က စိတ်အားထက်သန်မှုပြည့်ဝစွာဖြင့် ခေါင်းညိမ့်သည်။ ဟန်နွေးလည်း Itt နဲ့အတူတူ ကိုယ်ဖြစ်ချင်တာလေးတွေကို စိတ်ကူးယဉ်ပြီး ပုံဆွဲကြည့်မည်။ ဒီတစ်ခေါက်ပုံမှာလည်း ပန်းချီစုတ်ချက်အဆုံးသတ်အနေနဲ့ 'KHAUNG' ဆိုတဲ့ဝေါဟာရကို ထည့်သွင်းဦးမည်လော... ဟန်နွေးမသေချာပေ။

🥀🥀

ကောင်လေးတစ်ယောက်... အခန်းထဲမှာပဲ ကြိတ်မှိတ်နေနေသည်။ အကြောက်တရားက တစ်ကိုယ်လုံးကိုလွှမ်းခြုံထားပြီး ထွက်ပြေးချင်ပေမယ့် ဘယ်ကိုပြေးရမှန်းမသိ။ ဒီနေရာက သူ့အတွက်အိမ်ဖြစ်လာခဲ့တာကြာခဲ့ပြီလေ။

"ပြန်လာပြီလားသား...Warmly Welcome"

မေမေ့အသံကချိုသာသည်။ ဒါပေမယ့် သူ့အတွက်တော့ ထိုအသံရဲ့ဆိုလိုရင်းကိုသိလို့ ကြောက်ရွံ့စွာထိပ်ပျာနေပြီ။

ကိုကြီးပြန်လာပြီတဲ့။

"မေမေတို့ Construction Site ထဲသွားကြည့်လိုက်ဦးမယ်...သားညီလေးရှိတယ်နော်"

ထိုစကားကိုကြားကြားချင်း သူချက်ချင်းထပြေးကာ ကုတင်အောက်ထဲလေးဘက်ထောက်ပြေးဝင်သည်။ ကိုကြီးကိုကြောက်သည်။ ကိုကြီးပြန်မလာရင်ကောင်းမယ်လို့ အမြဲတမ်းတွေးနေခဲ့တာ...။

သူ့ခန္ဓာကိုယ်ဟာ တဆတ်ဆတ်တုန်နေပြီး လက်ဖျားတွေအေးစက်နေတာ အသည်းထဲအထိ အေးစိမ့်နေသည်။  အခန်းထဲကို ကိုကြီးဝင်လာမှာကြောက်လွန်းလို့...။

ကျွီ... တံခါးဖွင့်သံက တိုးတိုးလေး။ ကိုကြီးလား...။ ကြောက်တဲ့စိတ်က ဝါးမြိုတော့မယ့်အတိုင်းပင်။ နှလုံးခုန်သံတဒိန်းဒိန်းက နားထင်အထိဆောင့်တက်လာသည်။ သူပုန်းနေတာမမြင်ပါစေနဲ့... ရှိသမျှဘုရားတိုင်းကိုတ,ပြီးဆုတောင်းခဲ့သည်။ ဒါပေမယ့်...

"Hello my little bro"

ဖြန်းခနဲပဲ။ ကိုယ်ထဲဝင်ပူးထားတဲ့မကောင်းဆိုးဝါးထွက်သွားသည့်အလား သူ့စိတ်ဝိဉာဉ်တစ်ခုလုံးထုံထိုင်းသွားခဲ့၏။

"ကုတင်အောက်ထဲဘာဝင်လုပ်နေတာလဲ"

သူ့ကိုမြင်သွားပြီ။ ကုတင်အောက်ထဲမှာဆိုလည်း မလုံခြုံခဲ့ဘူးဆိုတဲ့အသိ သူ့ခေါင်းထဲအသေစွဲမှတ်သွားခဲ့သည်။

"ကိုကြီးပြန်လာပြီ"

ဆောင့်ကြောင့်ထိုင်ပြီး ကုတင်အောက်ထဲကသူ့ကိုကြည့်နေသည်။ အကြည့်တွေက ရိတိတိနဲ့ ပရောပရည်ဆန်၏။ အပြုံးတစ်ခုထွက်လာသည်။ ပြီတီတီဆန်လို့ သူပျို့တက်လာခဲ့သည်။

ကိုကြီးက ကွေးထားတဲ့သူ့လက်ကိုရအောင်ဆွဲပြီး ကုတင်အောက်ကနေ တရွတ်တိုက်ဆွဲထုတ်သည်။ ရုန်းကန်ဖို့မေ့နေသည့်အလား သူပါသွားခဲ့၏။ ကိုကြီးဆိုရင် သူငြင်းဆန်ရုန်းကန်ဖို့ကြောက်တတ်တဲ့သဘောဖြစ်နေတာထင်၏။

"လာတောင်မကြိုဘူး...မလွမ်းဘူးလား ဟင်"

ကြမ်းပြင်ပေါ်မှာမှောက်ယက်ရှိနေဆဲ သူ့ရဲ့ဆံပင်တွေကို ဆွဲဆွဲဆောင့်ရင်းမေးသည်။ အကြောက်တရားက ဖုံးလွှမ်းနေလို့ သူမဖြေရဲ။

"Okay...အနေဝေးလို့ သွေးအေးသွားတဲ့ ခွေးဆိုးလေးကို ယဉ်ပါးအောင်ပြန်လုပ်ပေးရမှာပေါ့"

သူငေါက်ခနဲထထိုင်သည်။ ထို့နောက် ဒူးထောက်လိုက်ပြီး လက်အုပ်ချီလိုက်သည်။ မငိုမိအောင် အားတင်းထားပေမယ့် မျက်ရည်တွေက အလိုလိုစီးကျလာသည်။

"မလုပ်ပါနဲ့ကိုကြီး...ကျွန်တော်တောင်းပန်ပါတယ်၊ ရှိခိုးပါတယ်၊ ကျွန်တော့်ကိုလွှတ်ပေးပါတော့နော် ကိုကြီးနော်"

ကိုကြီးကနားမထောင်နေတဲ့အတိုင်းပဲ။ အခန်းပြင်ထွက်သွားသည်။ အခန်းထဲပြန်ဝင်လာတော့ ဖေဖေ့ရဲ့ Rum အရက်ပုလင်းကို ကိုင်လာသည်။

"ငါကသတိရနေတာ...အဲ့ဒီအရသာလေးကို..."

ဘာကိုဆိုလိုမှန်းမသိ။ Rum ကို ပုလင်းလိုက်မော့သောက်ရင်း ကိုကြီးကပြောလိုက်သည်။

"သင်ထားတာတွေမမေ့နဲ့နော်...ငါ့ကိုစိတ်ပျက်အောင်မလုပ်ဘူးမလား ဟမ်"

ဒူးထောက်ကာလက်အုပ်ချီထားဆဲသူ့ရဲ့ဆံပင်တွေကို ကိုကြီးက ပွယောင်းနေအောင်ဆွဲဖွလိုက်ပြီး သူ့ကိုတွန်းချသည်။ သူက ချက်ချင်းပင်ကြမ်းပြင်ပေါ်ကနေကုန်းရုန်းထပြီး အခန်းပြင်ပြေးထွက်သည်။ ကိုကြီးက အနောက်ကနေ သူ့ကိုဆောင့်ကန်လိုက်တော့  ကျောကနေအောင့်ခနဲဖြစ်သွားပြီး မှောက်ယက်လဲကျသွားတဲ့အခိုက်တန့်ဟာ ဘဝမှာနာကျင်စရာတွေထဲကတစ်ခုဖြစ်လာခဲ့၏။

ပြီးနောက် ကိုကြီးက သူ့ကျောကိုတက်ခွထားသည်။ Rum တွေကို ခေါင်းပေါ်လောင်းချပြီး ဂုတ်ကိုဆွဲညှစ်ထားခဲ့၏။

"လိမ္မာမှာပေါ့...အခုလိုဆိုးနေတော့ အပြစ်ပေးခံရမှာ မကြောက်ဘူးလား"

ဘာမှ မတွန်းလှန်နိုင်တဲ့ကလေးငယ်တစ်ယောက်လို သူကြောက်နေသည်။

သူ့လက်တွေက အဆက်မပြတ်တွန်းပုတ်နေခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့ရသည်။ သူအရမ်းကြောက်နေတာကို အနိုင်ယူနှိပ်စက်ခဲ့သည်။ ကိုကြီးက တကယ့်ကိုလူယုတ်မာ။

"မလုပ်ပါနဲ့! အား!...လွှတ်ပေးပါတော့!"

သူ မျက်ရည်တွေလည်းကျလာသည်။ နာကျင်လွန်းလို့အော်တဲ့အသံဟာ ကိုကြီးရဲ့သာယာမိန်းမောမှုကြောင့်ထွက်လာတဲ့အသံအောက်မှာ မှေးမှိန်ပျောက်ကွယ်သွားသည်။

"မလုပ်ပါနဲ့...လွှတ်ပါ...ကျွန်တော်တောင်းပန်ပါတယ်...တောင်းပန်ပါတယ်...လွှတ် လွှတ် လွှတ်..."

🥀🥀

"...လွှတ် လွှတ် လွှတ်..."

အော်ဟစ်နေရင်း ပင်ပန်းကြီးစွာ နိုးလာသည်။ သူ့တစ်ကိုယ်လုံးချွေးတွေရွှဲနစ်လို့။ မောဟိုက်နေတဲ့ရင်ဘတ်ထဲကနှလုံးသားဟာ အပြင်ခုန်ထွက်တော့မည့်အလား အဆမတန်ခုန်ပေါက်နေသည်။

"Shit! ဒီသောက်အိပ်မက်ပဲ..."

ပါးစပ်ကပါ ကယောင်ကတမ်းတွေအော်ပြီးနိုးလာရတာကို အရမ်းစိတ်ကုန်နေပြီ။ ထိတ်လန့်စွာနိုးထလာရပြီး အိပ်မက်ရဲ့ပုံရိပ်တွေက သူ့ခေါင်းထဲမှာ ဥဒဟိုပြေးလွှားနေကြသေးသည်။ ဘယ်လိုကြိုးစား ကြိုးစား ပြန်အိပ်လို့လည်းမရ။ ဒါကြီးကိုပျောက်အောင် ဘယ်လိုလုပ်ရမလဲ သူမသိ။ ဒီလိုနာကျင်ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာ အရမ်းပင်ပန်းလာပြီ။ နှစ်ပေါင်းများစွာအရိပ်လိုလိုက်ခံနေရလို့ ဆယ်ကျော်သက်ဘဝတစ်လျှောက် သူ့မှာကျီးလန့်စာစားဖြစ်ခဲ့ရသည်။ အခုလိုအသက်အရွယ်အထိ အိပ်မက်အဖြစ် ခြောက်လှန့်ရင်း သူ့ကိုဒုက္ခပေးနေဆဲဖြစ်သည်။ သူလက်မခံချင်တော့...။

ဘယ်လိုမှဆက်အိပ်မရတော့ အိပ်ယာကနေထကာ ဝရန်တာထွက်၍ စီးကရက်တစ်ရှိူက်ဖွါနေလိုက်သည်။ ဘန်ကောက်မြို့ရဲ့ညသန်းခေါင်ဟာတော့ တိတ်ဆိတ်စွာလှနေဆဲသာဖြစ်သည်။ ထိုအလှကိုကြည့်နေရင်း သူ့စိတ်ဟာ စူးစူးနစ်နစ်ကိုနာကျင်သည်။ သူ့ရဲ့ Inner Child လေးဟာ ထိခိုက်ဒဏ်ရာတွေအပြည့်နဲ့ သူ့ရဲ့ Adult Life အထိ စိုးမိုးထားဆဲဖြစ်သည်။

"ဟန်နွေး"

ဒီလိုစိတ်တွေနာကျင်ရတဲ့အခါ သတိတရရှိမိတဲ့လူတစ်ယောက်။

"ထူးဆန်းတာပဲ...မင်းကိုသတိရမိသွားတယ်..."

ထိုသို့သတိရမိတဲ့အခိုက်အတန့်သေးသေးလေးမှာတော့ ချမ်းထက်ခေါင်ရဲ့စိတ်ဟာ အံ့ဩဖို့ကောင်းစွာ အေးငြိမ်းနေလေ၏။

🥀🥀

အပြုံးပန်း

[ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ Love you all🤍]

##################################################

(Zawgyi)

Siri Residence Condo

၁၁ထပ္ကို ဓာတ္ေလွကားမသုံးဘဲ ေျခေထာက္နဲ႔သာ ျဖည္းညင္းစြာတက္သြားသည္။ ၁၁ထပ္ဆိုတဲ့ပမာဏဟာ ခြန္အားအျပည့္မရွိေသးတဲ့ဟန္ေႏြးအဖို႔ ေၾကးႀကီးတဲ့ပမာဏျဖစ္သည္။ သို႔ေပမယ့္ ထိုအရာေတြကို သူမမူႏိုင္ေတာ့။ ထုံထိုင္းေနတဲ့စိတ္ဟာ သူ႔ကိုထုံေပစြာသတိခြါေစသည္။ ၁၁ထပ္ကိုေရာက္ေတာ့ အခန္းတံခါးဖြင့္ကာဝင္သြားၿပီး မီးေတြမဖြင့္ဘဲ အေမွာင္အတိုင္းေနသည္။ ေဘာင္းဘီအိတ္ကပ္ထဲကဖုန္းကိုထုတ္ကာ ဧည့္ခန္းထဲကဆိုဖာေပၚပစ္တင္လိုက္ၿပီး ကိုယ္တိုင္က ေရခ်ိဳးခန္းထဲဝင္သြားသည္။

ေရခ်ိဳးခန္းထဲေရာက္ေတာ့ မီးဖြင့္လိုက္သည္။ မွန္ကိုစိုက္ၾကည့္ေနရင္းနဲ႔ အဝတ္ေတြကိုခြၽတ္ပစ္လိုက္သည္။ ခ်မ္းထက္ေခါင္ရဲ႕အဝတ္ေတြဟာ သူ႔ကိုနာက်င္ေစသည္။ အဝတ္ေတြခြၽတ္လိုက္ေတာ့ မွန္ထဲမွာျမင္ေနရတဲ့သူ႔ပုံစံကို သူရယ္မိသည္။ နာက်င္ရိပ္ေတြဖုံးလႊမ္းစြာရယ္ေမာမိသည္။

Marking ေတြ... ျမတ္ႏိုးစြာျဖင့္ ခ်န္ရစ္ခံခဲ့ရတာမဟုတ္ေသာ Marking ေတြ...။ သူ႔ခႏၶာကိုယ္က ထို Marking ေတြကို ဟန္ေႏြး နာၾကည္းစြာကုပ္ဖဲ့ပစ္သည္။ ေပ်ာက္မသြားမွာသိေနေပမယ့္ ဆပ္ျပာရည္သုံးကာ အႀကိမ္ႀကိမ္ေဆးေၾကာပစ္သည္။ မ်က္ရည္မ်ားဟာ မ်က္လုံးအိမ္ကေန စီးၿပိဳၾကလာၿပီး ေရေတြနဲ႔ေရာယွက္စီးဆင္းသြားသည္။ ကုပ္ဖဲ့လြန္းလို႔ ေသြးစို႔လာေသာအခါ တခ်ိဳ႕ေသာ Marking ေတြဟာ ဒဏ္ရာအျဖစ္သို႔ေျပာင္းလဲသြားေလၿပီ။

"ကြၽန္ေတာ္ကခ်စ္လို႔...ခ်စ္လြန္းလို႔ လိုက္ေလ်ာေပးခဲ့တာပါ၊ ကြၽန္ေတာ္အဲ့ေလာက္ထိမလြယ္ပါဘူး..."

Marking ေတြကိုကုပ္ဖဲ့ေနတာရပ္လိုက္ၿပီး အက္ကြဲစိုး႐ြံ႕စြာေရ႐ြတ္သည္။

"ကြၽန္ေတာ့္အတြက္ ပထမဆုံးအႀကိမ္...အစ္ကို႔အတြက္မို႔လို႔ ႏွစ္ခါမေတြးဘဲလိုက္ေလ်ာေပးခဲ့တာ...အဲ့တာကပဲ ကြၽန္ေတာ့္ကို အဲ့လိုသတ္မွတ္ေစခဲ့တာလား...ကြၽန္ေတာ့္အခ်စ္ေတြက..."

ေရွ႕ဆက္လို႔မရတဲ့စကားလုံးေတြဟာ ပါးစပ္ကေနထြက္မလာႏိုင္ေတာ့ဘဲ ရင္ဝမွာဆို႔နင့္ေနသည္။

မေတြ႕မျမင္မသိရတဲ့လူတစ္ေယာက္ကို ၈ႏွစ္ၾကာသစၥာရွိရွိေစာင့္ဆိုင္းခ်စ္လာခဲ့တာ ျပန္ရလိုက္တဲ့အရာက One Night Stand ဆိုတဲ့နာမည္တစ္လုံး။ ဒီနာမည္ဟာ တစ္ဖက္လူအတြက္ေတာ့ လြယ္လင့္တကူအသုံးျပဳလို႔ရတဲ့ သာမန္နာမည္တစ္လုံးျဖစ္ႏိုင္ေပမယ့္ ဟန္ေႏြးအတြက္ေတာ့ အခ်စ္ေတြ၊ သိကၡာေတြကို အေရာင္ဆိုးပစ္လိုက္ႏိုင္တဲ့နာမည္တစ္လုံးပင္။ ဒါ့ေၾကာင့္ ဒီလိုတံဆိပ္ကပ္ခံရတာ ရင္နာသည္။

ညဥ့္နက္သည္အထိ ေရခ်ိဳးခန္းထဲကေနမထြက္ဘဲ ေရပန္းေအာက္မွာထိုင္ေနမိသည္။ စိတ္ကုထုံးပညာရွင္တစ္ေယာက္ဟာ ေၾကကြဲနာက်င္သြားရင္ အဲ့ေလာက္အထိ အ႐ုပ္ႀကိဳးပ်က္ျဖစ္သြားရသလားမေျပာတတ္ေပမယ့္ ဟန္ေႏြးကေတာ့ သူ႔စိတ္ကို ျပန္ဆြဲတင္ရန္မႀကိဳးစားဘဲ စိတ္ေစရာကိုလိုက္ေနမိသည္။ အခုေတာ့ ဟန္ေႏြးရဲ႕စိတ္ဟာ ေရမဝတဲ့ေျမျပင္လို ေျခာက္ေသြ႕ၿပီး အစိတ္စိတ္အက္ေနခဲ့...။

🥀🥀

အလုပ္လည္းျပန္လုပ္ရၿပီး Dew လည္းျပန္ေရာက္ၿပီဆိုေတာ့ ၿမိဳ႕စြန္နားကရပ္ကြက္ကေန ဘန္ေကာက္ၿမိဳ႕လယ္ကိုျပန္လာေနၿပီျဖစ္တဲ့ခ်မ္းထက္ေခါင္။

ဌာနမႉးကိုအေၾကာင္းျပန္ႏိုင္ရန္အတြက္လည္း သူလိုက္ရမယ့္အမႈအေၾကာင္းကို ထဲထဲဝင္ဝင္စဥ္းစားေနသည္။ Leo အမႈကေတာ့ သံသယတရားခံဟာ သူတစ္ေယာက္တည္း ဒါေတြအားလုံးက်ဴးလြန္တာဆိုၿပီးသာေျဖေနသည္။ Leo ကိုသတ္တဲ့လက္နက္ဟာလည္း Dew ေကာက္ခ်က္ခ်ေပးခဲ့တဲ့အတိုင္း ဓားျဖစ္ၿပီး ထိုဓားကို ႏုံခိုင္က သံသယတရားခံေနထိုင္ရာအိမ္နဲ႔ ကိုက္၅၀၀အကြာမွာ ေျမျမႇဳပ္ထားတာကိုရွာေတြ႕ခဲ့သည္။

သံသယတရားခံဟာ အမႈကိုက်ဴးလြန္တဲ့အခ်ိန္မွာ လက္အိတ္ဝတ္ထားတာေၾကာင့္ ဓား႐ိုးမွာ လက္ေဗြမက်န္ရစ္ေသာ္လည္း ထိုဓားကို ဘန္ေကာက္က အိမ္သုံးပစၥည္းဆိုင္တစ္ခုမွာဝယ္ယူေနခဲ့တယ္ဆိုတဲ့ CCTV သက္ေသရလာသည္။ ဓားမွာကပ္ေနတဲ့ေသြးဟာလည္း Leo ရဲ႕ေသြးျဖစ္ေၾကာင္း Forensic Science ဘက္ကေန အတည္ျပဳထားေပးၿပီးျဖစ္သည္။ ေနာက္ကြယ္ကေနႀကိဳးကိုင္ေနတဲ့သူမရွိဘဲ သူတစ္​ေယာက္တည္းက်ဴးလြန္တယ္ခ်ည္းသာ တြင္တြင္ေျဖေနတဲ့အျပင္ ထိုသံသယတရားခံနဲ႔ပတ္သက္နဲ႔ Record ေတြကလည္းရွင္းေနတာေၾကာင့္ အမႈကို ဒီတိုင္းဆက္သြားရမယ့္ပုံေပၚေနသည္။

"ဘာလို႔သတ္တာတဲ့လဲ"

အထူးမႈခင္းအဖြဲ႕ကေနၾကားလာ၊ သိလာသမွ်ကို ခ်မ္းထက္ေခါင္အားေျပာျပရန္စိတ္အားထက္သန္ေနတဲ့အဖြဲ႕သားကို ေမးေန၏။

"ပန္းခ်ီကိုေစ်းပိုေတာင္းလို႔တဲ့"

"ဘယ္လိုအေျဖႀကီးလဲ"

"ဟုတ္တယ္ေခါင္းေဆာင္...ဘယ္ေလာက္မွမတန္တဲ့ပန္းခ်ီကားကို ဘတ္သန္းနဲ႔ခ်ီေပးဖို႔ေတာင္းလို႔ သတ္လိုက္တာတဲ့"

"ခိုင္းတဲ့သူရွိလို႔လုပ္တယ္ဆိုတဲ့သက္ေသလည္းမရွိဘူးေပါ့"

"ဟုတ္ကဲ့...ဒီအမႈက သာမန္လူသတ္မႈအျဖစ္ေျပာင္းေနၿပီေခါင္းေဆာင္၊ ေငြျဖဴေငြမည္းကိစၥနဲ႔ပတ္သက္တဲ့ သံသယဝင္စရာတစ္ခ်က္ေတာင္မရွိဘူး"

"ပန္းခ်ီကားေပၚက TH နဲ႔ပတ္သက္ၿပီးေတာ့ေရာ..."

"သံသယတရားခံဘက္က မသိဘူးပဲျငင္းတယ္၊ သူ႔ဆီကေနထြက္လာတဲ့စကားက သူ Leo ကိုသတ္တယ္ ဆိုတာပဲ"

CCTV Room ကဝန္ထမ္းေျပာတဲ့ တစ္ေယာက္ေယာက္ခိုင္းပုံရတယ္ဆိုတဲ့အခ်က္က သံသယအခ်က္ထဲမဝင္ေပ။ ထိုဝန္ထမ္းကိုယ္တိုင္ကိုက ပိုက္ဆံအတြက္နဲ႔ သက္ေသကို ေဖ်ာက္ဖ်က္လဲလွယ္မႈလုပ္ထားတဲ့ျပစ္မႈမွတ္တမ္းေၾကာင့္ေရာ၊ တိက်ေသခ်ာတဲ့သက္ေသသာဓကမရွိတာေၾကာင့္ေရာ ဒီအမႈဟာ တရားခံတစ္ေယာက္တည္းကသာက်ဴးလြန္ေၾကာင္း ေပၚလြင္ေနသည္။

"ျပခန္းကေနသိမ္းလာတဲ့ပန္းခ်ီေတြထဲမွာ သံသယျဖစ္စရာအခ်က္ရွာေတြ႕လား"

"မေတြ႕ေသးဘူးေခါင္းေဆာင္...ျဖစ္ႏိုင္ရင္ ဌာနမႉးက ဆရာဟန္ေႏြးကိုထပ္ေခၚဖို႔အႀကံျပဳေပမယ့္ ဆရာဟန္ေႏြးက ျငင္းတယ္ေခါင္းေဆာင္"

"သူကျငင္းတယ္တဲ့လား"

"ဟုတ္တယ္ေခါင္းေဆာင္...ဒီကိစၥေတြမွာဘာမွဝင္မပါခ်င္ေတာ့ဘူးလို႔ေျပာတယ္၊ သိခဲ့ရသမွ်အေၾကာင္းေတြကိုလည္း ႏႈတ္ဆိတ္ေနပါ့မယ္ဆိုၿပီး ကတိလက္မွတ္ထိုးသြားတယ္"

ခ်မ္းထက္ေခါင္က ေခါင္းတညိမ့္ညိမ့္နဲ႔သာနားေထာင္ေနသည္။ ဟန္ေႏြးအေၾကာင္းၾကားရင္ ဟန္ေႏြးကို သတိတရရွိသြားတတ္သည္။ ဘယ္လိုသတိရျခင္းမ်ိဳးလဲဆိုတာေတာ့ ခ်မ္းထက္ေခါင္ အတိအက်မသိေပမယ့္ ဟန္ေႏြးက သူမျမင္ရရင္ေတာင္ သူ႔စိတ္ထဲ ေရာက္ေရာက္လာတတ္တဲ့ ထူးဆန္းတဲ့ေကာင္ေလးတစ္ေယာက္ျဖစ္သည္။

"ငါ Autopsy ဘက္ကိုခဏသြားလိုက္ဦးမယ္...ဌာနမႉးေမးရင္ေျပာလိုက္"

Dew အလုပ္ျပန္ဝင္ၿပီဆိုေတာ့ Dew

You are reading the story above: TeenFic.Net