Chapter 12

Background color
Font
Font size
Line height

(Unicode)

"မင်းကိုဘယ်သူခိုင်းတာလဲ"

"ဘယ်သူမှမခိုင်းဘူး...ကျုပ်ဘာသာကျုပ်လုပ်တာ"

"ထပ်မေးမယ်...တရားခံအစစ်ကဘယ်သူလဲ"

"တရားခံအစစ်က ကျုပ်ပဲ"

နောက်ကွယ်ကစေခိုင်းတဲ့လူရှိတယ်ဆိုတဲ့သံသယနဲ့ အကြိမ်ကြိမ်အခါခါမေးမြန်းပေမယ့် အဖြေက ထိုသို့သာ တစ်ခုတည်းထွက်လာသည်။

Interpol Thailand က စစ်ဆေးမေးမြန်းသည့်အခန်းငယ်လေးထဲမှာ အထူးမှုခင်းအဖွဲ့ကခေါင်းဆောင်ရယ်၊ သံသယတရားခံရယ်ဟာ အချေအတင်ဖြစ်နေကြသည်။

"ခင်ဗျားဒီကိုဝင်ခွင့်မရှိဘူးလေ"

ထိုအခန်းငယ်လေးထဲမှအဖြစ်အပျက်တွေကို နားလာစွင့်တဲ့ချမ်းထက်ခေါင်အား ထိုအထူးမှုခင်းအဖွဲ့မှလူတွေက နှင်ထုတ်ဖို့ပြင်သည်။ ချမ်းထက်ခေါင်က လှောင်ပြုံးတစ်ခုချန်ရစ်ကာ ကိုယ့်သဘောနဲ့ကိုယ် ထွက်လာခဲ့သည်။

ဒီအမှုရဲ့အဓိကကျတဲ့သက်သေတွေနဲ့ သံသယတရားခံကို ချမ်းထက်ခေါင်တို့အဖွဲ့က လက်လွှဲပေးခဲ့ပြီးဖြစ်တာတောင် ရှေ့ဆက်ဖော်ထုတ်ဖို့က ကြန့်ကြာနေသည်။ Team Cheetah ဖြစ်တဲ့ ချမ်းထက်ခေါင်တို့အဖွဲ့လောက် မြန်မြန်ဆန်ဆန်ဖော်ထုတ်နိုင်တဲ့သူ ဒီ Interpol မှာမရှိသေး။ ဒါ့ကြောင့် သူ့ဘက်က ဒီလောက်ကြီးအထိ ရေအဆင်သင့်ခပ်ပေးတာတောင် မသောက်နိုင်တဲ့အထူးမှုခင်းအဖွဲ့ကြောင့် သူရယ်ခဲ့သည်။

"ခေါင်းဆောင်...ဌာနမှူးခေါ်နေတယ်"

Interpol ရောက်ရောက်ချင်း သူ့ကို ဌာနမှူးကတွေ့ချင်သည်။ ဘာအမှုကိုင်ခိုင်းမလဲမသိပေမယ့် အဆုံးထိဖော်ထုတ်ခွင့်မရရင် မကိုင်ဘူးဟုဖြေရန် စိတ်ကူးထားသည်။

"ကျွန်တော်ရောက်ပါပြီ"

"မြို့စွန်မှာနေရတာဘယ်လိုလဲ"

"ဒီလိုပါပဲ...ကျွန်တော့်ကိုခေါ်တဲ့ကိစ္စကရော..."

ဌာနမှူးအပေါ် အခဲမကြေသေးတဲ့လေသံနဲ့ဖြေနေသေးလို့ ဌာနမှူးလည်း သက်ပြင်းချရသည်။

"ကဲ...ဆရာဟန်နွေးကိုခေါ်တဲ့ကိစ္စကို အခုထိမကျေနပ်နိုင်သေးဘူးလား"

"မဟုတ်ပါဘူး"

ချမ်းထက်ခေါင်က ဌာနမှူးနဲ့မျက်လုံးချင်းမဆုံဘဲ ဘေးဘီဝဲယာလျှောက်ကြည့်ကာ ခပ်ပေါ့ပေါ့ပင် ဖြေလိုက်သည်။

"မင်းငါ့အပေါ်ကျေအေးမလား"

ဌာနမှူးဘက်ကစကားကမ်းပေမယ့် ချမ်းထက်ခေါင် မလှုပ်။ ဌာနမှူးက ဘယ်လောက်ပင် သူ့အထက်လူကြီးဆိုသော်ငြား ချမ်းထက်ခေါင်က တော်ရုံတန်ရုံနဲ့ အလွယ်အတူ လက်ခံနားလည်ပေးတတ်တာမဟုတ်။ ဒါကိုသိတဲ့ဌာနမှူးက ပြောကြည့်လို့ရရင်အမြတ်ဆိုပေမယ့် မရလည်း သူအရှူံးမရှိတာကြောင့် ထိုအကြောင်းကို ခဏဘေးချိတ်လိုက်သည်။

"ခေါ်တဲ့ကိစ္စက ဒါပဲ"

ပြင်သစ်ပန်းချီဆရာ Leo ရဲ့သွေးနဲ့ဆွဲတဲ့ပန်းချီဓာတ်ပုံ။

"သူဆွဲထားတဲ့စကားလုံးက TH ပဲ...ဆရာဟန်နွေးဘက်က သေသေချာချာပြောခဲ့တဲ့စကားလုံး"

"ဒါက ကျွန်တော့်ကိုပြလည်းမထူးဘူးလေ၊ အထူးမှုခင်းအဖွဲ့ကပဲလိုမှာပေါ့"

"မဟုတ်သေးဘူး...TH ဆိုတာ သဲလွန်စတစ်ခုပဲ၊ CCTV Room ကဝန်ထမ်းပြောပြချက်အရ မြန်မာနိုင်ငံကတစ်ယောက်ယောက်နဲ့ ဆက်စပ်မှုရှိနေတယ်၊ အခုဖမ်းမိတဲ့သူက အကုန်လုံးနှုတ်ဆိတ်နေတယ်၊ ဒါပေမယ့် ဒီကိစ္စကို မြန်မာဘက်ကတစ်ယောက်ယောက်ခိုင်းတယ်လို့ သံသယရှိနေတယ်၊ ဘာလို့ဆို သံသယတရားခံက မြန်မာလေ"

TH တဲ့။ ချမ်းထက်ခေါင်သိပ်သိတာပေါ့။ ပြောချင်ရင် TH က 'ဘာ' ဆိုတာရယ်၊ ဘယ်သူနဲ့ပတ်သက်တာလဲဆိုတာရယ်၊ ပြီးတော့ ဘာတွေလုပ်နေလဲဆိုတာရယ် တန်းစီပြောပြနိုင်သည်။ သို့ပေမယ့် ချမ်းထက်ခေါင် ပြောလိမ့်မည်မဟုတ်။ မပြောချင်ဘူးဆိုတာထက် မပြောနိုင်တာမျိုး၊ ပြောမထွက်တာမျိုးပင်။

"မြန်မာဆိုတော့ ကျွန်တော့်ဆီပဲရောက်လာတာပေါ့"

"မင်းကိုစဉ်းစားစေချင်တာပါ၊ ဒါက Leo ရဲ့အမှုမှာ အဓိကကျတဲ့အရာတစ်ခုဖြစ်လာနိုင်တယ်၊ TH ဆိုတာ ဒီအမှုရဲ့အတိကျဆုံးသော အဓိကသဲလွန်စပဲ"

ချမ်းထက်ခေါင်ငိုင်ချင်သွားသည်။

Leo ကိုသတ်ခိုင်းတာ ခင်ဗျားမဟုတ်ပါစေနဲ့... စိတ်ထဲမှာ ရေရွတ်ဆုတောင်းမိသည်။ ဒီဆုတောင်းလေးတော့ ပြည့်ချင်မိပါသည်။

"ကျွန်တော်ကဘာစဉ်းစားရမှာလဲ"

"လူသတ်မှုအတွက်မဟုတ်ဘူး၊ မြန်မာရယ် TH ရယ် ငွေဖြူငွေမည်းရယ် ပန်းချီကားတွေရယ် အဲ့တာတွေရဲ့ဆက်စပ်မှုကို လိုက်ရှာဖို့အတွက်ပဲ"

"ခဏလောက်အချိန်ပေးပါ၊ ၂ရက်အတွင်း ကျွန်တော်ပြန်ပြောမယ်"

ဌာနမှူးနဲ့သဘောတူညီမှုရယူပြီး Interpol ကနေ ပြန်လာခဲ့သည်။ လမ်းတစ်လျှောက် ဆိုင်ကယ်မောင်းနေတာတောင် အာရုံသိပ်မရချင်။ ဘာကြောင့်များ ဒီကိစ္စက သူ့ဆီမှ တည့်တည့်တိုးရသလဲဆိုတာမသိ။ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်တွေ့ဆုံဖို့ သတ္တိခွန်အားအလုံအလောက်တော့ မွေးမြူရဦးမယ်ထင်၏။

🥀🥀

မွန်းလွဲကျော်လို့ ညနေစောင်းအထိ ချမ်းထက်ခေါင်ပြန်မရောက်လာသေး။ မြို့စွန်နားကအိမ်လေးထဲမှာတော့ ဟန်နွေးတစ်ယောက်တည်း။

ချမ်းထက်ခေါင်ပြင်ပေးသွားတဲ့မနက်စာကိုစားပြီး ညနေအထိ ဘာမှမစားရသေး။ ကိုယ့်ဘာသာကိုယ်ချက်ပြုတ်ပြီးစားရင်ဖြစ်ပေမယ့် ချမ်းထက်ခေါင်ရဲ့ခွင့်ပြုချက်မရှိဘဲ သူ့ရေခဲသေတ္တာထဲကပစ္စည်းတွေကို ကိုယ့်သဘောနဲ့ကိုယ် ထုတ်မချက်ချင်။ ပြီးတော့ ကိုယ်တိုင်ကလည်း အားအင်အပြည့်အဝမရသေးဘဲ ဒီတိုင်း အိပ်ယာထက်မှာ ခွေခွေလေးသာ နားနေချင်သည်။

ညနေကျရင်လာခေါ်မယ်လို့ပြောထားတော့ အကယ်၍ သူသာကံကောင်းခဲ့ရင် ညနေစာကို အပြင်မှာ နှစ်ယောက်အတူစားခွင့်ရချင်ရနိုင်သည်။ ထိုသို့တွေးမိတော့ ခပ်ရေးရေးလေးပြုံးမိသေးသည်။ မနက်ကလည်း ဟန်နွေးရေချိုးပြီးရင်ဝတ်ဖို့ ချမ်းထက်ခေါင်က သူ့အဝတ်အစားတွေထုတ်ထားပေးသည်။ ဘာမှတော့ပြောမသွားပေမယ့် 'ရေချိုးပြီးရင်ဒါဝတ်' ဆိုတဲ့ စာတစ်စောင်ကြောင့် ရင်ခုန်ခဲ့ရသေးတာလည်း အမှန်ပင်။ တစ်အိမ်လုံးကိုပတ်ကြည့်ခဲ့ရသလောက် အေးချမ်းပြီးလှပတဲ့ပုံစံလေးတွေကိုမြင်ရသည်။ ကျေးငှက်သံတွေ၊ အပင်ရိပ်များတဲ့အတွက် သစ်ရွက်ပွတ်တိုက်သံတွေပဲအများစုရှိပြီး ကားလမ်းမကြီးနဲ့ဝေးတာကြောင့် ဟွန်းသံဆူဆူညံညံတွေမရှိဘဲ တိတ်ဆိတ်လှသည်။

Ring Ring

ထိုစဉ် ရုတ်တရက် ဖုန်းဝင်လာသည်။

"ပြော"

("ညကအိမ်ပြန်မအိပ်ဘူးမလား၊ ဖုန်းဆက်တာလည်းမကိုင်ဘူး၊ စာလည်းမပြန်ဘူး၊ ဒီနေ့လည်းတစ်နေ့လုံး ဖုန်းဆက်လို့မရဘူး၊ နင်ဘယ်တွေရောက်ပြီး ဘာတွေဖြစ်နေလဲဟန်နွေး")

ပြည့်ရည်ဖူးက ထုံးစံအတိုင်း ပူညံပူညံနဲ့ ဖုန်းဆက်မေးသည်။ ဟန်နွေးကတော့ ရှင်းပြလို့မဖြစ်သလို ရှင်းပြဖို့လည်းမလိုအပ်ပေ။ ဒါ့ကြောင့် ပေါ့ပေါ့သာပြန်ဖြေခဲ့၏။

"ကိစ္စရှိလို့အပြင်ရောက်နေတာ...စိတ်မပူစမ်းပါနဲ့"

("နင်တစ်ခါမှအဲ့လိုအပြင်မှာမအိပ်ဖူးပါဘူး၊ တစ်ခုခုဖြစ်နေတာမဟုတ်ဘူးမလား")

ဟန်နွေးဖုန်းပြောနေစဉ် အိမ်ရှေ့မှာ ဆိုင်ကယ်စက်သတ်သံကြားလိုက်သည်။ ထို့ကြောင့် ပြည့်ရည်ဖူးမေးတာတွေကို ဘာမှပြန်မဖြေနိုင်ဘဲ အလျင်အမြန်ပင်ဖုန်းချကာ အိမ်ရှေ့ပြေးထွက်သွားသည်။

ချမ်းထက်ခေါင်က အိမ်ပေါ်တက်တဲ့လှေကားထစ်တွေကိုနင်းရင်း ဟန်နွေးကိုတစ်ချက်လှမ်းကြည့်သည်။ ဟန်နွေးရဲ့ဝမ်းသာသွားတဲ့မျက်နှာနဲ့အပြုံးတစ်ပွင့်က သူ့ကိုကြိုဆိုသည်။ သို့သော် ဘာမှမပြောဘဲ ဧည့်ခန်းထဲမှာဝင်ထိုင်ပြီး ဂျာကင်အင်္ကျီကိုချွတ်နေသည်။

"အစ်ကို"

"ခဏနေကျရင် မင်းကိုပြန်လိုက်ပို့မယ်"

ဟန်နွေးကိုမကြည့်ဘဲပြောသည်။ ဟန်နွေးက သူ့ဘေးနားမှာမတ်တပ်ရပ်လျက် ဘာပြောရမှန်းမသိစွာ တိတ်တိတ်လေးရပ်နေသည်။

"ဒါနဲ့ မင်းသက်သာလား"

"ဟုတ်...သက်သာပါတယ်...ဟို..."

"သက်သာတယ်ဆိုပြီးရော...ပြန်ပို့ပေးမယ် ဆင်းလာခဲ့"

ဟန်နွေးက တစ်ခုခုဆက်ပြောချင်ပေမယ့် ချမ်းထက်ခေါင်က စကားဖြတ်ချပြီး အိမ်အောက်ဆင်းသွားသည်။ ဟန်နွေးလည်း အနည်းငယ်စိတ်မသက်မသာဖြစ်သွားရပေမယ့် သက်ပြင်းချပြီး အနောက်မှလိုက်ဆင်းသွားရသည်။ အောက်မှာတော့ ချမ်းထက်ခေါင်က ဆိုင်ကယ်ပေါ်တက်တာ အသင့်စောင့်နေသည်။ ဟန်နွေးက ခြံတံခါးပိတ်ပြီး ဆိုင်ကယ်ဦးထုပ်ကိုလှမ်းယူကာ အနောက်မှာတက်ထိုင်လိုက်သည်။ ထိုင်ထိုင်ချင်းပင် ဆိုင်ကယ်ဟာမောင်းထွက်သွားပြီး ဟန်နွေးအနေနဲ့ ခါးဖက်ဖို့ကို မဝံ့မရဲဖြစ်လာသည်။ မနေ့ညကလိုခံစားချက်မျိုးမဟုတ်တော့သောကြောင့် လက်တွေဟာ လမ်းတစ်ဝက်မှာတင်ရပ်တန့်ပြီး ချမ်းထက်ခေါင်ကို မထိဖြစ်ခဲ့တော့ပါ။

"အိမ်လိပ်စာပြော"

ဘန်ကောက်မြို့လယ်ရောက်ခါနီး မီးပွိုင့်မိချိန်မှာ ချမ်းထက်ခေါင်ကလှမ်းမေးသည်။

"Sukhumvit က Siri Residence Condo ပါ"

ဟန်နွေးရဲ့အဖြေကိုကြားတဲ့အချိန် ချမ်းထက်ခေါင် အံ့ဩသွားရသည်။ လောကမှာ ဒီလောက်တောင်ပဲ တိုက်ဆိုင်မှုတွေများရသလား...။

Sukhumvit ကိုရောက်တော့ လမ်းတွေမှာကားတွေပြည့်ကျပ်နေသည်။ မီးပွိုင့်လည်းမကြာမကြာမိပြီး လမ်းကြားတွေထဲမှသွားတာတောင် ထင်ထားတာထက် ပိုနောက်ကျမှရောက်သွားခဲ့ရသည်။

ည၇နာရီခွဲတော့ ဟန်နွေးနေထိုင်ရာ Siri Residence Condo ရှေ့ရောက်လာသည်။

"ကျေးဇူးတင်ပါတယ်အစ်ကို"

ဆိုင်ကယ်ဦးထုပ်ကမ်းပေးရင်း ကျေးဇူးတင်စကားပြောလိုက်ပေမယ့် ချမ်းထက်ခေါင်က ခပ်တည်တည်ပင်နေသည်။ သူ့ကိုမပြောသလို၊ သူနဲ့မဆိုင်သလိုမျိုး နေတတ်လိုက်ပုံများ...။

"အစ်ကို...ကျွန်တော့်အိမ်ထဲဝင်ပါဦးလား"

"ငါအလုပ်ရှိသေးလို့"

ဟန်နွေးဘက်က ဧည့်ဝတ်ကျေစွာခေါ်ပေမယ့် ချမ်းထက်ခေါင်က ယတိပြတ်ငြင်းသည်။ ဟန်နွေးက ခေါင်းတညိမ့်ညိမ့်နဲ့ "ဪ...ဟုတ်" ဟူ၍ ခပ်တိုးတိုးပြောလိုက်သည်။ ချမ်းထက်ခေါင်ကပြန်ဖို့ဆိုင်ကယ်ပေါ်တက်ခါနီးမှာ ဟန်နွေးက...

"အစ်ကို"

ခေါ်သံကြောင့် ချမ်းထက်ခေါင်လှည့်ကြည့်လာသည်။ ဘာလဲဟူသောသဘောဖြင့်မေးဆတ်ပြတော့...

"အစ်ကို့ဖုန်းနံပါတ် ကျွန်တော့်ကိုပေးနိုင်မလား"

ဟန်နွေးရဲ့တောင်းဆိုမှုကို ချမ်းထက်ခေါင်က "ဟက်" ခနဲတစ်ချက်ရယ်ကာ...

"ငါက One Night Stand တွေကို ဖုန်းနံပါတ်ပေးလေ့မရှိဘူး...Sorry ပဲကောင်လေး..."

စကားအဆုံးကို မဲ့ပြုံးတစ်ချက်ဖြင့် အနားသတ်ကာ ဆိုင်ကယ်ပေါ်တက်၍ အဝေးဆုံးကို တရကြမ်းမောင်းထွက်သွားသည်။ ကျန်နေခဲ့တဲ့ဟန်နွေးက ဒီလိုလမ်းလယ်မှာပင် ခွေကျသွားရတော့မလို... အခံရခက်တဲ့စူးနစ်မှုတစ်ခုက နှလုံးသားထဲဝင်စိုက်လာသည်။ ခေါင်းကလည်းရီဝေလာသလို... မျက်နှာက မှုန်မှိုင်းညှိုးကျသွားသည်။

"One Night Stand"

ဒီနေ့တစ်နေ့လုံး ချမ်းထက်ခေါင်အတွက် သူ့ရဲ့ဖြစ်တည်မှုခေါင်းစဉ်ကို အမျိုးမျိုးစဉ်းစားရင်း ရင်ခုန်ပျော်ရွှင်ခဲ့မိသည်မှာအမှန်ပင်။ သူတို့ဆက်ဆံရေးကို ဘယ်လိုများ သတ်မှတ်မလဲဆိုတဲ့မေးခွန်းရဲ့အဖြေတွေက စိတ်ကူးထဲမှာတန်းစီပေါ်လာခဲ့ပေမယ့် ထိုအဖြေတွေထဲမှာ One Night Stand ဆိုတဲ့အရာမပါတာဟာ ဟန်နွေးကပဲ ကိုယ့်ကိုကိုယ်အထင်အရမ်းကြီးမိသွားတာလား...။

သစ်စိမ်းချိုး ချိုးပစ်သလို စိမ်းတာထက်ပိုတဲ့ ရင့်သီးမှုကို ရက်ရက်ရောရောပေးအပ်သွားတဲ့ချမ်းထက်ခေါင်ကို ဟန်နွေးတုံ့ပြန်စရာမရှိခဲ့။ တစ်ယောက်တည်းမက်တဲ့အိပ်မက်တွေကို အခု တစ်ယောက်တည်းပဲ ပြန်လည်ရုတ်သိမ်းရတော့မည်လား...။

"One Night Stand လား...ဟုတ်တာပေါ့...One Night Stand ပေါ့...အစ်ကိုနဲ့တစ်ညတာဖြတ်သန်းခဲ့ဖူးတာပဲ...အဲ့လိုသတ်မှတ်လို့ရတာပေါ့"

လွန်စွာမှအက်ကွဲနေတဲ့အသံနဲ့ မချိတင်ကဲရေရွတ်ရင်း လမ်းမဘေးမှာ အကြာကြီးရပ်နေမိသည်။

လမ်းမပေါ်မှာ ကားတွေအများကြီးဖြတ်သန်းသွားသည်။ ဟန်နွေးကိုကျော်သွားကြသည်။ လူတွေလည်း လူးလားခေါက်တုံ့သွားလာနေကြသည်။ ဟန်နွေးကိုကျော်သွားကြပြန်သည်။ အချိန်တွေလည်း ဆက်လက်ရှေ့သွားနေသည်။ ဟန်နွေးကိုကျော်သွားပြန်လေသည်။ ထိုသို့လှုပ်ရှားနေတဲ့ကမ္ဘာကြီးထဲမှာ ဟန်နွေးတစ်ယောက်တည်းသာ ရပ်တန့်နေခဲ့...။

🥀🥀

One Night Stand

ထိုဝေါဟာရကိုတွေးမိတိုင်း စုတ်တသတ်သတ်ဖြင့် အလွန်စိတ်ရှူပ်ရသည်။

ချမ်းထက်ခေါင်ရဲ့ဘဝမှာ One Night Stand တွေများပြားစွာထားရှိခဲ့ဖူးသည်။ ခန္ဓာကိုယ်လိုအပ်ချက်တွေကို နှစ်ဦးသဘောတူဖြေရှင်းခဲ့ကြရုံသာဖြစ်ပြီး ဘယ်တုန်းကမှ ဘယ်သူ့ကိုမှဂရု့မစိုက်ခဲ့ဖူး။ ဟန်နွေးကိုတော့ သူဂရု့တစိုက်ရှိပေးခဲ့သည်မှာ ဘာ့ကြောင့်လည်းတော့မသိ။ မနက်စာပြင်ပေးတာ၊ သောက်မယ့်ဆေးပြင်ပေးတာ၊ ဝတ်မယ့်အဝတ်အစားပြင်ပေးတာ ဒါတွေအားလုံးဟာ ချမ်းထက်ခေါင်ရဲ့ဘဝမှာ Dew ကိုတောင်မှ မလုပ်ပေးခဲ့ဖူးတဲ့အရာတွေဖြစ်ပြီး ထိုအရာတွေက သူ One Night Stand လို့ ခေါင်းစဉ်တပ်ခဲ့တဲ့ကောင်လေးအတွက်ဆိုတာ သူသာလျှင်သိတဲ့အမှန်တရားများဖြစ်နေမလား...။

"Dew ဆိုမှ ဟန်နွေးနေတဲ့ Condo က Dew နေတဲ့ Condo နဲ့အတူတူပဲပေါ့...ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပဲ"

ကတောင်! Message ဝင်သံကြောင့် ဖုန်းထုတ်ကြည့်လိုက်သည်။

'Dew မနက်ဖြန်ပြန်ရောက်မယ် Chan'

'Okay' ဟုသာ Reply ပြန်လိုက်ပြီး ဖုန်းပိတ်၍ အိပ်ယာပေါ်လှဲချလိုက်သည်။ ခေါင်းထဲမှာလည်း တွေးစရာတွေများသည်။ ရှူပ်ယှက်ခတ်ကာလည်ပတ်နေတဲ့လောကစက်ဝန်းထဲမှာ ချမ်းထက်ခေါင်ပင်ပန်းလာပြီ။ ဒါပေမယ့် ကိစ္စတိုင်းဟာ သူ့ဆီ တည့်တည့်ရောက်လာပြီး ညှင်းဆဲကြရုံသာဖြစ်၏။

ချမ်းထက်ခေါင် သက်ပြင်းရှည်ကြီးဆွဲချလိုက်သည်။ ထို့နောက် အတွေးတွေနဲ့ပင် တဖြည်းဖြည်းချင်းအိပ်ပျော်သွားခဲ့သည်။ ဟန်နွေးရဲ့ကိုယ်သင်းနံ့တွေစွဲကျန်ရစ်နေတဲ့မွေ့ယာထက်မှာ...။

🥀🥀

အပြုံးပန်း

[ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ Love you all🤍]

##################################################

(Zawgyi)

"မင္းကိုဘယ္သူခိုင္းတာလဲ"

"ဘယ္သူမွမခိုင္းဘူး...က်ဳပ္ဘာသာက်ဳပ္လုပ္တာ"

"ထပ္ေမးမယ္...တရားခံအစစ္ကဘယ္သူလဲ"

"တရားခံအစစ္က က်ဳပ္ပဲ"

ေနာက္ကြယ္ကေစခိုင္းတဲ့လူရွိတယ္ဆိုတဲ့သံသယနဲ႔ အႀကိမ္ႀကိမ္အခါခါေမးျမန္းေပမယ့္ အေျဖက ထိုသို႔သာ တစ္ခုတည္းထြက္လာသည္။

Interpol Thailand က စစ္ေဆးေမးျမန္းသည့္အခန္းငယ္ေလးထဲမွာ အထူးမႈခင္းအဖြဲ႕ကေခါင္းေဆာင္ရယ္၊ သံသယတရားခံရယ္ဟာ အေခ်အတင္ျဖစ္ေနၾကသည္။

"ခင္ဗ်ားဒီကိုဝင္ခြင့္မရွိဘူးေလ"

ထိုအခန္းငယ္ေလးထဲမွအျဖစ္အပ်က္ေတြကို နားလာစြင့္တဲ့ခ်မ္းထက္ေခါင္အား ထိုအထူးမႈခင္းအဖြဲ႕မွလူေတြက ႏွင္ထုတ္ဖို႔ျပင္သည္။ ခ်မ္းထက္ေခါင္က ေလွာင္ၿပဳံးတစ္ခုခ်န္ရစ္ကာ ကိုယ့္သေဘာနဲ႔ကိုယ္ ထြက္လာခဲ့သည္။

ဒီအမႈရဲ႕အဓိကက်တဲ့သက္ေသေတြနဲ႔ သံသယတရားခံကို ခ်မ္းထက္ေခါင္တို႔အဖြဲ႕က လက္လႊဲေပးခဲ့ၿပီးျဖစ္တာေတာင္ ေရွ႕ဆက္ေဖာ္ထုတ္ဖို႔က ၾကန္႔ၾကာေနသည္။ Team Cheetah ျဖစ္တဲ့ ခ်မ္းထက္ေခါင္တို႔အဖြဲ႕ေလာက္ ျမန္ျမန္ဆန္ဆန္ေဖာ္ထုတ္ႏိုင္တဲ့သူ ဒီ Interpol မွာမရွိေသး။ ဒါ့ေၾကာင့္ သူ႔ဘက္က ဒီေလာက္ႀကီးအထိ ေရအဆင္သင့္ခပ္ေပးတာေတာင္ မေသာက္ႏိုင္တဲ့အထူးမႈခင္းအဖြဲ႕ေၾကာင့္ သူရယ္ခဲ့သည္။

"ေခါင္းေဆာင္...ဌာနမႉးေခၚေနတယ္"

Interpol ေရာက္ေရာက္ခ်င္း သူ႔ကို ဌာနမႉးကေတြ႕ခ်င္သည္။ ဘာအမႈကိုင္ခိုင္းမလဲမသိေပမယ့္ အဆုံးထိေဖာ္ထုတ္ခြင့္မရရင္ မကိုင္ဘူးဟုေျဖရန္ စိတ္ကူးထားသည္။

"ကြၽန္ေတာ္ေရာက္ပါၿပီ"

"ၿမိဳ႕စြန္မွာေနရတာဘယ္လိုလဲ"

"ဒီလိုပါပဲ...ကြၽန္ေတာ့္ကိုေခၚတဲ့ကိစၥကေရာ..."

ဌာနမႉးအေပၚ အခဲမေၾကေသးတဲ့ေလသံနဲ႔ေျဖေနေသးလို႔ ဌာနမႉးလည္း သက္ျပင္းခ်ရသည္။

"ကဲ...ဆရာဟန္ေႏြးကိုေခၚတဲ့ကိစၥကို အခုထိမေက်နပ္ႏိုင္ေသးဘူးလား"

"မဟုတ္ပါဘူး"

ခ်မ္းထက္ေခါင္က ဌာနမႉးနဲ႔မ်က္လုံးခ်င္းမဆုံဘဲ ေဘးဘီဝဲယာေလွ်ာက္ၾကည့္ကာ ခပ္ေပါ့ေပါ့ပင္ ေျဖလိုက္သည္။

"မင္းငါ့အေပၚေက်ေအးမလား"

ဌာနမႉးဘက္ကစကားကမ္းေပမယ့္ ခ်မ္းထက္ေခါင္ မလႈပ္။ ဌာနမႉးက ဘယ္ေလာက္ပင္ သူ႔အထက္လူႀကီးဆိုေသာ္ျငား ခ်မ္းထက္ေခါင္က ေတာ္႐ုံတန္႐ုံနဲ႔ အလြယ္အတူ လက္ခံနားလည္ေပးတတ္တာမဟုတ္။ ဒါကိုသိတဲ့ဌာနမႉးက ေျပာၾကည့္လို႔ရရင္အျမတ္ဆိုေပမယ့္ မရလည္း သူအရွဴံးမရွိတာေၾကာင့္ ထိုအေၾကာင္းကို ခဏေဘးခ်ိတ္လိုက္သည္။

"ေခၚတဲ့ကိစၥက ဒါပဲ"

ျပင္သစ္ပန္းခ်ီဆရာ Leo ရဲ႕ေသြးနဲ႔ဆြဲတဲ့ပန္းခ်ီဓာတ္ပုံ။

"သူဆြဲထားတဲ့စကားလုံးက TH ပဲ...ဆရာဟန္ေႏြးဘက္က ေသေသခ်ာခ်ာေျပာခဲ့တဲ့စကားလုံး"

"ဒါက ကြၽန္ေတာ့္ကိုျပလည္းမထူးဘူးေလ၊ အထူးမႈခင္းအဖြဲ႕ကပဲလိုမွာေပါ့"

"မဟုတ္ေသးဘူး...TH ဆိုတာ သဲလြန္စတစ္ခုပဲ၊ CCTV Room ကဝန္ထမ္းေျပာျပခ်က္အရ ျမန္မာႏိုင္ငံကတစ္ေယာက္ေယာက္နဲ႔ ဆက္စပ္မႈရွိေနတယ္၊ အခုဖမ္းမိတဲ့သူက အကုန္လုံးႏႈတ္ဆိတ္ေနတယ္၊ ဒါေပမယ့္ ဒီကိစၥကို ျမန္မာဘက္ကတစ္ေယာက္ေယာက္ခိုင္းတယ္လို႔ သံသယရွိေနတယ္၊ ဘာလို႔ဆို သံသယတရားခံက ျမန္မာေလ"

TH တဲ့။ ခ်မ္းထက္ေခါင္သိပ္သိတာေပါ့။ ေျပာခ်င္ရင္ TH က 'ဘာ' ဆိုတာရယ္၊ ဘယ္သူနဲ႔ပတ္သက္တာလဲဆိုတာရယ္၊ ၿပီးေတာ့ ဘာေတြလုပ္ေနလဲဆိုတာရယ္ တန္းစီေျပာျပႏိုင္သည္။ သို႔ေပမယ့္ ခ်မ္းထက္ေခါင္ ေျပာလိမ့္မည္မဟုတ္။ မေျပာခ်င္ဘူးဆိုတာထက္ မေျပာႏိုင္တာမ်ိဳး၊ ေျပာမထြက္တာမ်ိဳးပင္။

"ျမန္မာဆိုေတာ့ ကြၽန္ေတာ့္ဆီပဲေရာက္လာတာေပါ့"

"မင္းကိုစဥ္းစားေစခ်င္တာပါ၊ ဒါက Leo ရဲ႕အမႈမွာ အဓိကက်တဲ့အရာတစ္ခုျဖစ္လာႏိုင္တယ္၊ TH ဆိုတာ ဒီအမႈရဲ႕အတိက်ဆုံးေသာ အဓိကသဲလြန္စပဲ"

ခ်မ္းထက္ေခါင္ငိုင္ခ်င္သြားသည္။

Leo ကိုသတ္ခိုင္းတာ ခင္ဗ်ားမဟုတ္ပါေစနဲ႔... စိတ္ထဲမွာ ေရ႐ြတ္ဆုေတာင္းမိသည္။ ဒီဆုေတာင္းေလးေတာ့ ျပည့္ခ်င္မိပါသည္။

"ကြၽန္ေတာ္ကဘာစဥ္းစားရမွာလဲ"

"လူသတ္မႈအတြက္မဟုတ္ဘူး၊ ျမန္မာရယ္ TH ရယ္ ေငြျဖဴေငြမည္းရယ္ ပန္းခ်ီကားေတြရယ္ အဲ့တာေတြရဲ႕ဆက္စပ္မႈကို လိုက္ရွာဖို႔အတြက္ပဲ"

"ခဏေလာက္အခ်ိန္ေပးပါ၊ ၂ရက္အတြင္း ကြၽန္ေတာ္ျပန္ေျပာမယ္"

ဌာနမႉးနဲ႔သေဘာတူညီမႈရယူၿပီး Interpol ကေန ျပန္လာခဲ့သည္။ လမ္းတစ္ေလွ်ာက္ ဆိုင္ကယ္ေမာင္းေနတာေတာင္ အာ႐ုံသိပ္မရခ်င္။ ဘာေၾကာင့္မ်ား ဒီကိစၥက သူ႔ဆီမွ တည့္တည့္တိုးရသလဲဆိုတာမသိ။ ဘာပဲျဖစ္ျဖစ္ ရင္ဆိုင္ေတြ႕ဆုံဖို႔ သတၱိခြန္အားအလုံအေလာက္ေတာ့ ေမြးျမဴရဦးမယ္ထင္၏။

🥀🥀

မြန္းလြဲေက်ာ္လို႔ ညေနေစာင္းအထိ ခ်မ္းထက္ေခါင္ျပန္မေရာက္လာေသး။ ၿမိဳ႕စြန္နားကအိမ္ေလးထဲမွာေတာ့ ဟန္ေႏြးတစ္ေယာက္တည္း။

ခ်မ္းထက္ေခါင္ျပင္ေပးသြားတဲ့မနက္စာကိုစားၿပီး ညေနအထိ ဘာမွမစားရေသး။ ကိုယ့္ဘာသာကိုယ္ခ်က္ျပဳတ္ၿပီးစားရင္ျဖစ္ေပမယ့္ ခ်မ္းထက္ေခါင္ရဲ႕ခြင့္ျပဳခ်က္မရွိဘဲ သူ႔ေရခဲေသတၱာထဲကပစၥည္းေတြကို ကိုယ့္သေဘာနဲ႔ကိုယ္ ထုတ္မခ်က္ခ်င္။ ၿပီးေတာ့ ကိုယ္တိုင္ကလည္း အားအင္အျပည့္အဝမရေသးဘဲ ဒီတိုင္း အိပ္ယာထက္မွာ ေခြေခြေလးသာ နားေနခ်င္သည္။

ညေနက်ရင္လာေခၚမယ္လို႔ေျပာထားေတာ့ အကယ္၍ သူသာကံေကာင္းခဲ့ရင္ ညေနစာကို အျပင္မွာ ႏွစ္ေယာက္အတူစားခြင့္ရခ်င္ရႏိုင္သည္။ ထိုသို႔ေတြးမိေတာ့ ခပ္ေရးေရးေလးၿပဳံးမိေသးသည္။ မနက္ကလည္း ဟန္ေႏြးေရခ်ိဳးၿပီးရင္ဝတ္ဖို႔ ခ်မ္းထက္ေခါင္က သူ႔အဝတ္အစားေတြထုတ္ထားေပးသည္။ ဘာမွေတာ့ေျပာမသြားေပမယ့္ 'ေရခ်ိဳးၿပီးရင္ဒါဝတ္' ဆိုတဲ့ စာတစ္ေစာင္ေၾကာင့္ ရင္ခုန္ခဲ့ရေသးတာလည္း အမွန္ပင္။ တစ္အိမ္လုံးကိုပတ္ၾကည့္ခဲ့ရသေလာက္ ေအးခ်မ္းၿပီးလွပတဲ့ပုံစံေလးေတြကိုျမင္ရသည္။ ေက်းငွက္သံေတြ၊ အပင္ရိပ္မ်ားတဲ့အတြက္ သစ္႐ြက္ပြတ္တိုက္သံေတြပဲအမ်ားစုရွိၿပီး ကားလမ္းမႀကီးနဲ႔ေဝးတာေၾကာင့္ ဟြန္းသံဆူဆူညံညံေတြမရွိဘဲ တိတ္ဆိတ္လွသည္။

Ring Ring

ထိုစဥ္ ႐ုတ္တရက္ ဖုန္းဝင္လာသည္။

"ေျပာ"

("ညကအိမ္ျပန္မအိပ္ဘူးမလား၊ ဖုန္းဆက္တာလည္းမကိုင္ဘူး၊ စာလည္းမျပန္ဘူး၊ ဒီေန႔လည္းတစ္ေန႔လုံး ဖုန္းဆက္လို႔မရဘူး၊ နင္ဘယ္ေတြေရာက္ၿပီး ဘာေတြျဖစ္ေနလဲဟန္ေႏြး")

ျပည့္ရည္ဖူးက ထုံးစံအတိုင္း ပူညံပူညံနဲ႔ ဖုန္းဆက္ေမးသည္။ ဟန္ေႏြးကေတာ့ ရွင္းျပလို႔မျဖစ္သလို ရွင္းျပဖို႔လည္းမလိုအပ္ေပ။ ဒါ့ေၾကာင့္ ေပါ့ေပါ့သာျပန္ေျဖခဲ့၏။

"ကိစၥရွိလို႔အျပင္ေရာက္ေနတာ...စိတ္မပူစမ္းပါနဲ႔"

("နင္တစ္ခါမွအဲ့လိုအျပင္မွာမအိပ္ဖူးပါဘူး၊ တစ္ခုခုျဖစ္ေနတာမဟုတ္ဘူးမလား")

ဟန္ေႏြးဖုန္းေျပာေနစဥ္ အိမ္ေရွ႕မွာ ဆိုင္ကယ္စက္သတ္သံၾကားလိုက္သည္။ ထို႔ေၾကာင့္ ျပည့္ရည္ဖူးေမးတာေတြကို ဘာမွျပန္မေျဖႏိုင္ဘဲ အလ်င္အျမန္ပင္ဖုန္းခ်ကာ အိမ္ေရွ႕ေျပးထြက္သြားသည္။

ခ်မ္းထက္ေခါင္က အိမ္ေပၚတက္တဲ့ေလွကားထစ္ေတြကိုနင္းရင္း ဟန္ေႏြးကိုတစ္ခ်က္လွမ္းၾကည့္သည္။ ဟန္ေႏြးရဲ႕ဝမ္းသာသြားတဲ့မ်က္ႏွာနဲ႔အၿပဳံးတစ္ပြင့္က သူ႔ကိုႀကိဳဆိုသည္။ သို႔ေသာ္ ဘာမွမေျပာဘဲ ဧည့္ခန္းထဲမွာဝင္ထိုင္ၿပီး ဂ်ာကင္အက်ႌကိုခြၽတ္ေနသည္။

"အစ္ကို"

"ခဏေနက်ရင္ မင္းကိုျပန္လိုက္ပို႔မယ္"

ဟန္ေႏြးကိုမၾကည့္ဘဲေျပာသည္။ ဟန္ေႏြးက သူ႔ေဘးနားမွာမတ္တပ္ရပ္လ်က္ ဘာေျပာရမွန္းမသိစြာ တိတ္တိတ္ေလးရပ္ေနသည္။

"ဒါနဲ႔ မင္းသက္သာလား"

"ဟုတ္...သက္သာပါတယ္...ဟို..."

"သက္သာတယ္ဆိုၿပီးေရာ...ျပန္ပို႔ေပးမယ္ ဆင္းလာခဲ့"

ဟန္ေႏြးက တစ္ခုခုဆက္ေျပာခ်င္ေပမယ့္ ခ်မ္းထက္ေခါင္က စကားျဖတ္ခ်ၿပီး အိမ္ေအာက္ဆင္းသြားသည္။ ဟန္ေႏြးလည္း အနည္းငယ္စိတ္မသက္မသာျဖစ္သြားရေပမယ့္ သက္ျပင္းခ်ၿပီး အေနာက္မွလိုက္ဆင္းသြားရသည္။ ေအာက္မွာေတာ့ ခ်မ္းထက္ေခါင္က ဆိုင္ကယ္ေပၚတက္တာ အသင့္ေစာင့္ေနသည္။ ဟန္ေႏြးက ၿခံတံခါးပိတ္ၿပီး ဆိုင္ကယ္ဦးထုပ္ကိုလွမ္းယူကာ အေနာက္မွာတက္ထိုင္လိုက္သည္။ ထိုင္ထိုင္ခ်င္းပင္ ဆိုင္ကယ္ဟာေမာင္းထြက္သြားၿပီး ဟန္ေႏြးအေနနဲ႔ ခါးဖက္ဖို႔ကို မဝံ့မရဲျဖစ္လာသည္။ မေန႔ညကလိုခံစားခ်က္မ်ိဳးမဟုတ္ေတာ့ေသာေၾကာင့္ လက္ေတြဟာ လမ္းတစ္ဝက္မွာတင္ရပ္တန္႔ၿပီး ခ်မ္းထက္ေခါင္ကို မထိျဖစ္ခဲ့ေတာ့ပါ။

"အိမ္လိပ္စာေျပာ"

ဘန္ေကာက္ၿမိဳ႕လယ္ေရာက္ခါနီး မီးပြိဳင့္မိခ်ိန္မွာ ခ်မ္းထက္ေခါင္ကလွမ္းေမးသည္။

"Sukhumvit က Siri Residence Condo ပါ"

ဟန္ေႏြးရဲ႕အေျဖကိုၾကားတဲ့အခ်ိန္ ခ်မ္းထက္ေခါင္ အံ့ဩသြားရသည္။ ေလာကမွာ ဒီေလာက္ေတာင္ပဲ တိုက္ဆိုင္မႈေတြမ်ားရသလား...။

Sukhumvit ကိုေရာက္ေတာ့ လမ္းေတြမွာကားေတြျပည့္က်ပ္ေနသည္။ မီးပြိဳင့္လည္းမၾကာမၾကာမိၿပီး လမ္းၾကားေတြထဲမွသြားတာေတာင္ ထင္ထားတာထက္ ပိုေနာက္က်မွေရာက္သြားခဲ့ရသည္။

ည၇နာရီခြဲေတာ့ ဟန္ေႏြးေနထိုင္ရာ Siri Residence Condo ေရွ႕ေရာက္လာသည္။

"ေက်းဇူးတင္ပါတယ္အစ္ကို"

ဆိုင္ကယ္ဦးထုပ္ကမ္းေပးရင္း ေက်းဇူးတင္စကားေျပာလိုက္ေပမယ့္ ခ်မ္းထက္ေခါင္က ခပ္တည္တည္ပင္ေနသည္။ သူ႔ကိုမေျပာသလို၊ သူနဲ႔မဆိုင္သလိုမ်ိဳး ေနတတ္လိုက္ပုံမ်ား...။

"အစ္ကို...ကြၽန္ေတာ့္အိမ္ထဲဝင္ပါဦးလား"

"ငါအလုပ္ရွိေသးလို႔"

ဟန္ေႏြးဘက္က ဧည့္ဝတ္ေက်စြာေခၚေပမယ့္ ခ်မ္းထက္ေခါင္က ယတိျပတ္ျငင္းသည္။ ဟန္ေႏြးက ေခါင္းတညိမ့္ညိမ့္နဲ႔ "ဪ...ဟုတ္" ဟူ၍ ခပ္တိုးတိုးေျပာလိုက္သည္။ ခ်မ္းထက္ေခါင္ကျပန္ဖို႔ဆိုင္ကယ္ေပၚတက္ခါနီးမွာ ဟန္ေႏြးက...

"အစ္ကို"

ေခၚသံေၾကာင့္ ခ်မ္းထက္ေခါင္လွည့္ၾကည့္လာသည္။ ဘာလဲဟူေသာသေဘာျဖင့္ေမးဆတ္ျပေတာ့...

"အစ္ကို႔ဖုန္းနံပါတ္ ကြၽန္ေတာ့္ကိုေပးႏိုင္မလား"

ဟန္ေႏြးရဲ႕ေတာင္းဆိုမႈကို ခ်မ္းထက္ေခါင္က "ဟက္" ခနဲတစ္ခ်က္ရယ္ကာ...

"ငါက One Night Stand ေတြကို ဖုန္းနံပါတ္ေပးေလ့မရွိဘူး...Sorry ပဲေကာင္ေလး..."

စကားအဆုံးကို မဲ့ၿပဳံးတစ္ခ်က္ျဖင့္ အနားသတ္ကာ ဆိုင္ကယ္ေပၚတက္၍ အေဝးဆုံးကို တရၾကမ္းေမာင္းထြက္သြားသည္။ က်န္ေနခဲ့တဲ့ဟန္ေႏြးက ဒီလိုလမ္းလယ္မွာပင္ ေခြက်သြားရေတာ့မလို... အခံရခက္တဲ့စူးနစ္မႈတစ္ခုက ႏွလုံးသားထဲဝင္စိုက္လာသည္။ ေခါင္းကလည္းရီေဝလာသလို... မ်က္ႏွာက မႈန္မႈိင္းညႇိဳးက်သြားသည္။

"One Night Stand"

ဒီေန႔တစ္ေန႔လုံး ခ်မ္းထက္ေခါင္အတြက္ သူ႔ရဲ႕ျဖစ္တည္မႈေခါင္းစဥ္ကို အမ်ိဳးမ်ိဳးစဥ္းစားရင္း ရင္ခုန္ေပ်ာ္႐ႊင္ခဲ့မိသည္မွာအမွန္ပင္။ သူတို႔ဆက္ဆံေရးကို ဘယ္လိုမ်ား သတ္မွတ္မလဲဆိုတဲ့ေမးခြန္းရဲ႕အေျဖေတြက စိတ္ကူးထဲမွာတန္းစီေပၚလာခဲ့ေပမယ့္ ထိုအေျဖေတြထဲမွာ One Night Stand ဆိုတဲ့အရာမပါတာဟာ ဟန္ေႏြးကပဲ ကိုယ့္ကိုကိုယ္အထင္အရမ္းႀကီးမိသြားတာလား...။

သစ္စိမ္းခ်ိဳး ခ်ိဳးပစ္သလို စိမ္းတာထက္ပိုတဲ့ ရင့္သီးမႈကို ရက္ရက္ေရာေရာေပးအပ္သြားတဲ့ခ်မ္းထက္ေခါင္ကို ဟန္ေႏြးတုံ႔ျပန္စရာမရွိခဲ့။ တစ္ေယာက္တည္းမက္တဲ့အိပ္မက္ေတြကို အခု တစ္ေယာက္တည္းပဲ ျပန္လည္႐ုတ္သိမ္းရေတာ့မည္လား...။

"One Night Stand လား...ဟုတ္တာေပါ့...One Night Stand ေပါ့...အစ္ကိုနဲ႔တစ္ညတာျဖတ္သန္းခဲ့ဖူးတာပဲ...အဲ့လိုသတ္မွတ္လို႔ရတာေပါ့"

လြန္စြာမွအက္ကြဲေနတဲ့အသံနဲ႔ မခ်ိတင္ကဲေရ႐ြတ္ရင္း လမ္းမေဘးမွာ အၾကာႀကီးရပ္ေနမိသည္။

လမ္းမေပၚမွာ ကားေတြအမ်ားႀကီးျဖတ္သန္းသြားသည္။ ဟန္ေႏြးကိုေက်ာ္သြားၾကသည္။ လူေတြလည္း လူးလားေခါက္တုံ႔သြားလာေနၾကသည္။ ဟန္ေႏြးကိုေက်ာ္သြားၾကျပန္သည္။ အခ်ိန္ေတြလည္း ဆက္လက္ေရွ႕သြားေနသည္။ ဟန္ေႏြးကိုေက်ာ္သြားျပန္ေလသည္။ ထိုသို႔လႈပ္ရွားေနတဲ့ကမာၻႀကီးထဲမွာ ဟန္ေႏြးတစ္ေယာက္တည္းသာ ရပ္တန္႔ေနခဲ့...။

🥀🥀

One Night Stand

ထိုေဝါဟာရကိုေတြးမိတိုင္း စုတ္တသတ္သတ္ျဖင့္ အလြန္စိတ္ရွဴပ္ရသည္။

ခ်မ္းထက္ေခါင္ရဲ႕ဘဝမွာ One Night Stand ေတြမ်ားျပားစြာထားရွိခဲ့ဖူးသည္။ ခႏၶာကိုယ္လိုအပ္ခ်က္ေတြကို ႏွစ္ဦးသေဘာတူေျဖရွင္းခဲ့ၾက႐ုံသာျဖစ္ၿပီး ဘယ္တုန္းကမွ ဘယ္သူ႔ကိုမွဂ႐ု႕မစိုက္ခဲ့ဖူး။ ဟန္ေႏြးကိုေတာ့ သူဂ႐ု႕တစိုက္ရွိေပးခဲ့သည္မွာ ဘာ့ေၾကာင့္လည္းေတာ့မသိ။ မနက္စာျပင္ေပးတာ၊ ေသာက္မယ့္ေဆးျပင္ေပးတာ၊ ဝတ္မယ့္အဝတ္အစားျပင္ေပးတာ ဒါေတြအားလုံးဟာ ခ်မ္းထက္ေခါင္ရဲ႕ဘဝမွာ Dew ကိုေတာင္မွ မလုပ္ေပးခဲ့ဖူးတဲ့အရာေတြျဖစ္ၿပီး ထိုအရာေတြက သူ One Night Stand လို႔ ေခါင္းစဥ္တပ္ခဲ့တဲ့ေကာင္ေလးအတြက္ဆိုတာ သူသာလွ်င္သိတဲ့အမွန္တရားမ်ားျဖစ္ေနမလား...။

"Dew ဆိုမွ ဟန္ေႏြးေနတဲ့ Condo က Dew ေနတဲ့ Condo နဲ႔အတူတူပဲေပါ့...ကမာၻႀကီးကက်ဥ္းက်ဥ္းေလးပဲ"

ကေတာင္! Message ဝင္သံေၾကာင့္ ဖုန္းထုတ္ၾကည့္လိုက္သည္။

'Dew မနက္ျဖန္ျပန္ေရာက္မယ္ Chan'

'Okay' ဟုသာ Reply ျပန္လိုက္ၿပီး ဖုန္းပိတ္၍ အိပ္ယာေပၚလွဲခ်လိုက္သည္။ ေခါင္းထဲမွာလည္း ေတြးစရာေတြမ်ားသည္။ ရွဴပ္ယွက္ခတ္ကာလည္ပတ္ေနတဲ့ေလာကစက္ဝန္းထဲမွာ ခ်မ္းထက္ေခါင္ပင္ပန္းလာၿပီ။ ဒါေပမယ့္

You are reading the story above: TeenFic.Net