တစ်လ နှစ်လဆိုတဲ့အချိန်တွေကလည်းတကယ်တော့ခဏလေးပါပဲ။
ဘာလိုလိုနဲ့အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားတွေတောင်ဖြစ်လာခဲ့ပြီ။ပြီးခဲ့တဲ့တစ်နှစ်လုံးမှာတော့ ဝန်ဘင်းကပဲအသာစီးရခဲ့တယ်ဆိုပါတော့။ဆောင်ချန်းကအမြဲလိုလို သုံး၊လေးဆင့်နောက်ကျကျန်ခဲ့တယ်။report card တစ်ခါထွက်ပြီးတိုင်းသူ့မှာမတူညီတဲ့နေရာကမတူညီတဲ့ဒဏ်ရာဒဏ်ချက်တွေပါလာမြဲပဲ။
ဝန်ဘင်းကအစပိုင်းတစ်ခေါက်နှစ်ခေါက်မှာ စာမဖြေနိုင်ခဲ့တိုင်းဆူပုတ်နေခဲ့ပေမယ့်နောက်အခါတွေကျတော့မျက်နှာအမူအရာကိုထိန်းလာတယ်။
စာမေးပွဲကြီးပြီးလို့ကျောင်းပိတ်ထားတဲ့အတောအတွင်းတော့သူတို့မတွေ့ဖြစ်ခဲ့ကြ။အခုအထက်တန်းနောက်ဆုံးနှစ်ရဲ့ပထမဆုံးကျောင်းဖွင့်ရက်မှာပဲပြန်တွေ့ကြရတယ်။
"ပီကာချူး မင်းပိန်သွားတယ်အစားကိုသေချာဂရုစိုက်စားလေ"
"ငါ့ဘာငါစားချင်သလိုစားမှာပေါ့ နေရာတကာပါလွန်းတယ်"
"မင်းကလေ ဘယ်တော့မဆိုငါ့စေတနာကိုအသိအမှတ်မပြုဘူး ငါ့ကိုအဲ့လောက်တောင်ကြည့်မရတာလား?"
ဝန်ဘင်းကဘာမှထပ်ပြောမလာတော့ပဲအသံတိတ်သွားတယ်။အရှိအတိုင်းပြောရရင် ဆောင်ချန်းလည်းနည်းနည်းတော့စိတ်မကောင်းဖြစ်သွားသလိုပဲ။ဝန်ဘင်းနဲ့ကအရင်ကတည်းကလည်းတကျက်ကျက်စကားများနေရပြီးတည့်ရှုနေတာမျိုးမဟုတ်ပေမယ့် အတူရှိလာခဲ့တဲ့အချိန်အတိုင်းအတာအရသံယောဇဉ်တော့ဖြစ်နေမိတယ်။ဒီသံယောဇဉ်တွေကတစ်ဖက်သတ်ပဲဆိုရင်တော့နည်းနည်းမခံချင်စရာကောင်းမနေဘူးလား?
ကျောင်းဆင်းချိန်အရင်နှစ်ကလိုသာဆို ဝန်ဘင်းနောက်ကိုလှည့်ကြည့်လိုက်ရင်တစ်ကောက်ကောက်လိုက်နေတဲ့ဆောင်ချန်းကိုတွေ့ရပေမယ့်ခုတော့အရိပ်အယောင်မတွေ့ရတော့ဘူး။
'ဘာလဲ ဒီနှစ်စာတူတူလာမသင်တော့ဘူးလား?ဆရာကလည်းဒီနေ့ညနေစာသင်ချိန်ပြန်ယူမယ်ပဲပြောတာ သူ့အကြောင်းဘာမှမပြောထားဘူး'
ဟိုကျေးဇူးရှင်အကြောင်းစဉ်းစားနေရင်းတစ်ယောက်နဲ့ဝင်တိုက်မိတယ်။တိုက်မိတာက Aခန်းက ရုပ်ချောချော hyper မလေး။ကောင်မလေးကအတော်ကိုချောတာဖြစ်တယ်။နှစ်ယောက်တူတူတွေ့လိုက်ရတဲ့သူတွေကတော့ ကောင်ချောလေးနဲ့မိန်းမချောလေးကိုတစ်ခါတည်းမျက်စိအစာကျွေးပြီးသားဖြစ်သွားတာပေါ့။
ကောင်မလေးကရှက်သွားတဲ့ပုံပေါ်တယ်။မျက်လုံးချင်းခဏလောက်စုံသွားမိပြီးနောက် ကျသွားတဲ့ပစ္စည်းတွေကိုအမြန်ကောက်ကာထွက်ပြေးသွားတယ်။
ဝန်ဘင်းလည်းအရင်ကလိုသာဆိုဒီအခြေအနေကိုရှက်သွားမိမှာအမှန်ပင်။အခုတလောတော့ဘာကြောင့်ရယ်မသိ ဘယ်လောက်လှတဲ့ကောင်မလေးဖြစ်နေပါစေ ရင်ခုန်တယ်ဆိုတာမျိုးသိပ်မခံစားရ။လှရင်လည်းလှတယ်ပေါ့ ဆိုတာမျိုးပဲဖြစ်သွားတယ်။
ဝန်ဘင်းသူ့ကားဆီလျှောက်သွားနေတဲ့အချိန်မှနောက်ကနေတစ်ယောက်ကသူ့လက်ကိုလာဆွဲတယ်။
"ပီကာချူး ငါဒီနေ့မင်းတို့ကားနဲ့လိုက်ခဲ့မယ်။အိမ်ကလာကြိုတဲ့ကားကလမ်းမှာဘီးပေါက်သွားလို့တဲ့"
"ငါကမင်းမလိုက်လာတော့ဘူးထင်နေတာ"
"အိမ်သာသွားနေလို့လေ ပြီးတော့ driver ဦးလေးကြီးကဖုန်းဆက်လာလို့ဖုန်းပါတစ်ခါတည်းပြောလိုက်တာ"
အိမ်ရောက်တော့မုန့်စားနားနေရင်း
"ပီကာချူး မင်းဆံပင်ညှပ်ထားတာလား?"
ဝန်ဘင်းကမျက်စောင်းထိုးလိုက်ကာ
"ဒီလောက်သိသာနေတာကိုခုမှမြင်တာလား?ပိန်တာတွေမပိန်တာတွေကျလာပြောနေပြီးတော့"
"ပိန်သွားတာတော့တကယ်နော် အစားများများစား။ပြည့်ပြည့်လေးဖြစ်နေတဲ့ပီကာချူးကချစ်စရာလေးဖြစ်နေမှာ"
ဝန်ဘင်းကတစ်ချက်မုန့်နင်သလိုဖြစ်သွားကာ
"ဘယ်..ဘယ်သူကချစ်ဖို့ကောင်းချင်နေလို့လဲ?ငါစားချင်သလိုပဲစားမယ်ဒါပဲ!"
.
.
.
ဆောင်ချန်း အိမ်ပြန်ရောက်တာနဲ့ဧည့်ခန်းထဲမှာမိန့်မိန့်ကြီးထိုင်နေတဲ့အဖေဖြစ်သူကိုတွေ့တယ်။မမြင်ချင်ယောင်ဆောင်ပြီးကျော်သွားမလို့ပေမယ့်
"ဂျောင်ဆောင်ချန်း မင်းလာခဲ့!"
အသက်ဝဝတစ်ချက်ရှူပြီး ေဘးကဆိုဖာမှာထိုင်ဖို့ပြင်လိုက်တယ်။
"မထိုင်နဲ့ မတ်တပ်ရပ်နေ!"
ရပ်ဆိုတော့လည်းမလှုပ်မရှက်ရပ်လိုက်မိတယ်။
"မင်းဘာအရှုပ်တွေလုပ်နေတာလဲ?မင်းကိုငါအဲ့အိမ်မှာစာသွားမသင်ရတော့ဘူးလို့ပြောထားတယ်လေ!ဒီရက်ပိုင်းအလုပ်တွေများလွန်းလို့မင်းကိုနည်းနည်းလေးအလွတ်ပေးသလိုဖြစ်သွားတော့လုပ်ချင်ရာတွေလုပ်နေတယ်ပေါ့ဟုတ်လား!?"
"ကျွန်တော် ရှင်းပြပါ့.."
"မကြားချင်ဘူး ငါပြောတာပဲနားထောင်!အရင်လိုမဟုတ်ဘူးပြောလိုက်ရင်အတွန့်ကတက်ချင်နေပြီ။အလိုလိုက်ခံထားရတဲ့ စည်းလွတ်ဝါးလွတ်စရိုက်တွေကူးလာတယ်ပေါ့လေ!"
မဆိုင်တဲ့သူကိုပါဆွဲထည့်လာတာတော့ဆောင်ချန်းစိတ်တိုသွားမိတယ်။
"သူကစည်းလွတ်ဝါးလွတ်ဖြစ်နေတာမဟုတ်ဘူး။အချစ်ခံရတာကြောင့်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေတာ"
အဖေကထိုင်နေရာကနေထလာပြီးသူ့ရှေ့တည့်တည့်ကိုတစ်လှမ်းချင်းလျှောက်လာတယ်။ရှေ့ဆက်ဖြစ်လာမယ့်အခြေအနေတွေအတွက်ဆောင်ချန်းမျက်လုံးနှစ်ဖက်ကိုကြိုမှိတ်ထားလိုက်တယ်။
မျက်နှာပေါ်ဘာနာကျင်မှုမှတော့ရောက်မလာပါဘူး။
"သောက်သုံးမကျတဲ့ကောင် မင်းကိုဒီတိုင်းထားလို့မရတော့ဘူးပဲ"
ဆောင်ချန်းဒေါသထွက်လာမိသလိုဝမ်းလည်းနည်းမိတယ်။မျက်လုံးကိုပြန်ဖွင့်ကာသူ့အဖေရဲ့မျက်လုံးတွေထဲတည့်တည့်ပြန်ကြည့်ရင်း
"အဲဒီတော့ ကျွန်တော့်ကိုဘာထပ်လုပ်ချင်သေးလို့လဲ?ရတယ်လေ ကြိုက်သလိုသာလုပ် ကျွန်တော်ကထုံနေပါပြီ"
အဖေကလက်ကိုမြှောက်ကာရိုက်ဖို့ရွယ်လိုက်ရင်း
"မင်းကွာ!!"
ဆောင်ချန်းလည်းဖြစ်လာတဲ့အတူတူတော့မထူးဇာတ်ခင်းပြီးစိတ်ထဲရှိသမျှအကုန်ဖွင့်ချလိုက်တော့တယ်။
"အဖေကကျွန်တော့်အပေါ်ဘာတွေများထပ်ပြီးစိတ်တိုင်းမကျနေတာလဲ?ကျွန်တော်လည်းဒီထက်တော့အဖေ့စိတ်ကြိုက်ဘယ်လိုလိုက်နေရမှန်းမသိတော့ဘူး။ကျွန်တော်က Aဖြစ်ချင်ပေမယ့်အဖေက B ဖြစ်ရမယ်ဆိုကျွန်တော်မရရအောင်B အဖြစ်နေပေးခဲ့တာပဲလေဗျာ။ကျွန်တော့်အတွက်သီးသန့်အချိန်ဆိုတာရောဖယ်ထားပေးခဲ့ဖူးလို့လား?အဖေတစ်ယောက်အနေနဲ့ပိုက်ဆံထုတ်ပေးတာကလွဲရင်ဘာတွေများတာဝန်ကျေခဲ့လို့လဲ!!!?"
အဖေ့ရဲ့လေထဲမှာမြှောက်ထားရဲ့လက်ကဒေါသကြောင့်တုန်နေတာကိုတွေ့ရတယ်။အဲဒီနောက်သူ့ကိုမရိုက်ဘဲ လေထဲကလက်ကိုလက်ညှိုးအဖြစ်ပြောင်းကာသူ့မျက်နှာကိုတည့်တည့်ထိုးပြီးပြောလာတယ်။
"အဲ့ကောင်လေးအိမ်မှာ စာမသင်ရတော့ဘူးဆိုလို့ငါ့ကိုဂြိုလ်ထိုးနေတာမလား?ရတယ်လေ သွားသင် ဒါပေမယ့် ဒီတစ်ခါစာမေးပွဲဖြေရင်အဲ့အကောင်ထက်သာရမယ် တစ်မှတ်ပဲဆိုရင်တောင်ရတယ်။အေး နောက်တစ်ခါငါ့သားဖြစ်ပြီးဟိုအကောင့်သားလောက်တောင်သောက်သုံးမကျတဲ့ပုံစံလုပ်လာရင်တော့ ငါ့အဆိုးမဆိုနဲ့!!"
.
"ရေးးးးးငါတို့အတန်းချိန်၃ချိန်တောင်လွတ်တယ်!!နောက်ဆုံး၂ချိန်မှဆရာတွေပြန်ဝင်မယ်တဲ့"
"ဟုတ်လို့လား ဘရိုဘယ်ကကြားလာတာလဲ?မဖြစ်နိုင်ဘူးထင်တယ်နော် ကျောင်းမှာဘယ်တုန်းကအဲလိုရှိခဲ့ဖူးလို့လဲ လွတ်တဲ့အချိန်အားတဲ့ဆရာဝင်သင်မှာပဲဟာ"
"တကယ်ဟ သူတို့ဘာတွေအလုပ်ရှုပ်နေတယ်တော့မသိဘူး အစည်းအဝေးတက်ရမယ့်အကြောင်းတွေပြောနေတာ။ငါရုံးခန်းကိုစာအုပ်တွေသွားယူတုန်းကပြောနေကြတာကြားခဲ့တာ"
ငြိမ်နေတဲ့တစ်ယောက်မတ်တပ်ထရပ်လိုက်လို့ခုံရွေ့သွားတဲ့အသံကြားလိုက်တယ်။
"ဘရို ဘယ်လဲ? "
"ကျောင်းလစ်မလို့"
"ကျွန်တော်တော့မလိုက်တော့ဘူး အတန်းထဲမှာပဲဂိမ်းဆော့နေတော့မယ်"
"မင်း လည်းမခေါ်ပါဘူး တစ်ယောက်တည်းသွားမှာ"
"အိုးးမရိုးဘူးနော်ဘရို တစ်ခုခုဆိုလျှိုမထားနဲ့ဦး"
"သွားစမ်းပါ ပေါက်ကရတွေ"
ဆရာတွေမဝင်ဘူးဆိုပေမယ့်လည်းကျောင်းကတော့ပေါ်တင်ပြေးမရ။မြောက်ဘက်နားမှာစီနီယာကျောင်းသားတွေပြေးနေကျအုတ်နံရံလေးရှိတယ်ဆိုတာတော့ကြားဖူးတယ်။နေရာကိုရောက်တဲ့အချိန်သေချာလေ့လာကြည့်တော့ပန်းအိုးလေးတွေစီထားတဲ့ပေါ်ကနေတစ်ဆင့်နံရံပေါ်တက်ရလို့ အတက်အတွက်ပြဿနာမရှိနိုင်ပေမယ့် အဆင်းကတော့ခုန်ချမှရမယ်။
လေ့လာရေးဆင်းနေတုန်းကျောကိုတစ်ယောက်ကလာပုတ်လို့တုန်သွားတယ်။
"ပီကာချူး? မင်းဘာလုပ်မလို့လဲ?"
"ကျောင်းပြင်ပကိုခဏလောက်လေ့လာရေးဆင်းမလို့"
"ကျောင်းလစ်မလို့လား?"
"ဟုတ်တယ် ဟုတ်တယ် ကျောင်းလစ်ပြီးမင်းနဲ့လိုက်မလို့!"
"နားကြားမှားတာမဟုတ်ပါဘူးနော်"
"ဘာလဲမခေါ်ချင်လို့အရူးကွက်တွေနင်းပြီးဝေ့နေတာမလား?"
"အဲလိုမဟုတ်ပါဘူး ငါကဒီတိုင်း"
"မဟုတ်ရင် မင်း..တစ်ယောက်ယောက်နဲ့တွေ့စရာရှိနေလို့မခေါ်ချင်တာလား?"
"မဟုတ်ပါဘူးကွာ နည်းနည်းထူးဆန်းနေလို့မင်းငါနဲ့ကျောင်းလစ်မယ်ဆိုတော့"
ဝန်ဘင်းကနေရာကိုဝေ့ဝဲကြည့်ရင်းမေးလာတယ်။
"အပေါက်လည်းမရှိဘူး ဘယ်လိုထွက်ကြမှာလဲ?"
"ကျောင်းလစ်ပါတယ်ဆိုအပေါက်ရှိတဲ့ဆီကလစ်လို့ရပါ့မလားဟ ဒီနံရံကိုကျောက်တက်ရမှာ"
"ဖြစ်.ဖြစ်ပါ့မလားကျိုးကုန်မှဒုက္ခ"
"အတက်ကတော့မင်းရမှာပါလွယ်တယ် ခဏနေဦး ငါအရင်ခုန်ချလိုက်မယ်ပြီးမှမင်းလာခဲ့"
ပြောပြောဆိုဆိုပဲ နံရံပေါ်တက်ကာတစ်ဖက်ကိုခုန်ချလိုက်တယ်။
"ပီကာချူး သိပ်မခက်ဘူးလာခဲ့"
ဝန်ဘင်းလည်းပန်းအိုးတွေပေါ်မကွဲအောင်ဂရုစိုက်တက်တာ နံရံပေါ်တော့ရောက်ပြီ။အစတည်းကအမြင့်ကြောက်တဲ့သူဆိုတော့အောက်ကိုခုန်ချဖို့ကျမရဲဘူး။ အုတ်နံရံစောင်းလေးပေါ်မှာမလှုပ်ရဲပဲငြိမ်ငြိမ်လေးထိုင်နေတယ်။
ဆောင်ချန်းကနံရံနားထိတိုးလာရင်း
"လာ ငါ့ပခုံးပေါ်ခြေထောက်နင်းလိုက်"
"မဖြစ်ဘူးထင်တယ်နော်"
"ဘာလို့မဖြစ်ရမှာလဲ?ငါ့ကြံခိုင်မှုကိုအထင်မသေးနဲ့"
ဝန်ဘင်းလည်းဖိနပ်ကိုအရင်အောက်ချွတ်ချလိုက်ပြီးမှမျက်လုံးမှိတ်ကာဆောင်ချန်းပခုံးပေါ်နင်းလိုက်တော့တယ်။ထင်ထားတဲ့အတိုင်းပါပဲ နှစ်ယောက်လုံးပြုတ်ကျ။
ဘယ်လိုတောင်လိမ့်သွားတယ်မသိသူ့ကိုယ်ပေါ်ကိုဆောင်ချန်းရဲ့ခန္ဓာကိုယ်အကြီးကြီးကလာပိနေတယ်။အောက်ကိုကျသွားပေမယ့် ဆောင်ချန်းလက်ကသူ့ခေါင်းအောက်မှာခံနေတာကြောင့်ခေါင်းတော့မနာလိုက်။
"လေးတာ ဖယ်တော့"
စကားပြန်မလာတဲ့သူကြောင့်မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ သူ့ကိုကြည့်နေတဲ့ဆောင်ချန်းရဲ့မျက်လုံးတွေနဲ့သွားဆုံတယ်။
အဲဒီနောက်မှဆောင်ချန်းက ကမန်းကတန်းထကာသူ့ကိုဆွဲထူပေးတယ်။
"ရလား နာသွားသေးလား?"
"သိပ်မနာပါဘူး ဟေးးမင်းလက်"
ဝန်ဘင်းခေါင်းအောက်ကလက်ဖဝါးခံထားလိုက်တာကြောင့်ကျတဲ့အရှိန်နဲ့သူ့လက်ဖမိုးပေါ်မှာပွန်းပဲ့သွားတယ်။
"ဒီလောက်ကတော့အေးဆေး"
နှစ်ယောက်သားအအေးဝင်ဝယ်ပြီးဂိမ်းဆိုင်လိုက်ရှာရင်းခပ်လှမ်းလှမ်းရောက်တော့ဆိုင်တွေ့တယ်။
ခန့်မှန်းခြေ၂နာရီဝန်းကျင်လောက်ဂိမ်းဆော့ပြီး
"ပီကာချူး မင်းအတန်းချိန်ကျန်တာဆက်တက်ဦးမှာလား"
"တက်ရမှာပေါ့။ငါ့အိမ်ကအစောကြီးလာကြိုနေကျလေ။လာကြိုတဲ့အချိန်နဲ့ကျောင်းထဲပြန်ဝင်တဲ့အချိန်တိုက်သွားရင်ကျောင်းလစ်တာမိသွားမှာ။အဲတော့အတန်းပြန်ဝင်တက်မှဖြစ်မယ်"
"ဒါဆိုပြန်ကြစို့။နောက်ဆုံး၂ချိန်ရောက်တော့မှာ လမ်းလျှောက်ရဦးမှာနဲ့ဘာနဲ့ဆိုခုပြန်ရင်ကွက်တိပဲ"
မနေ့တည်းက ဝန်ဘင်းရဲ့ခြေဖဝါးမှာ အရည်ကြည်ဖုလေးထွက်နေတာ။အခုလမ်းလျှောက်တာများတော့အဲ့အရည်ကြည်ဖုကပေါက်သွားတယ်ထင်တယ် ခြေဖဝါးကစပ်နေပြီးလျှောက်ရတာသိပ်အဆင်မပြေတော့။
ဆောင်ချန်းကနောက်ကျကျန်နေတဲ့ဝန်ဘင်းကိုလှည့်ကြည့်လိုက်တော့ခြေထောက်ထော့နဲ့ထော့နဲ့ဖြစ်နေတာတွေ့တယ်။
"ခုနပြုတ်ကျတုန်းကခြေထောက်နာသွားတာလား?"
"မဟုတ်ဘူး ခြေထောက်က ရည်ကြည်ဖုပေါက်သွားလို့စပ်နေတာ"
ဆောင်ချန်းကနောက်ပြန်လှည့်လာပြီးကျောပေါ်ကလွယ်အိတ်ကိုအရှေ့ပြောင်းလွယ်လိုက်ကာဝန်ဘင်းကိုကျောပေးပြီးဒူးတစ်ဖက်ထောက်ထိုင်ချလိုက်တယ်။
"ကျောပေါ်တက်"
"တော်ပါပြီ ငါ့ဘာငါလျှောက်နိုင်တယ်"
"မင်းအဆင်မပြေမှန်းငါသိတယ် တက်လိုက်မူမနေနဲ့"
"မင်း နိုင်လို့လား?ရှေ့မှာလည်းလွယ်အိတ်ကြီးနဲ့ ငါကလည်းလွယ်အိတ်ပါသေးတယ်"
"ငါ့ကြံခိုင်မှုကိုအထင်မသေးနဲ့ပီကာချူး"
"မင်းခုနကလည်းအဲလိုပဲပြောတာပဲလေ ပြီးတော့ပြုတ်ကျတာ"
"ဒီတစ်ခါအတည်"
ဝန်ဘင်းလည်းကျောပေါ်ကိုမှီတက်လိုက်ကာလက်နှစ်ဖက်ကိုဆောင်ချန်းလည်ပင်းမှာချိတ်လိုက်တယ်။
ဆောင်ချန်းလည်းလမ်းကိုခပ်သွက်သွက်လျှောက်နေရင်းမှသူ့လည်ပင်းပေါ်ကိုရှူထုတ်လိုက်တဲ့လေငွေ့ခပ်နွေးနွေးကြောင့်တစ်ကိုယ်လုံးကအမွှေးတွေထောင်သွားသလိုပဲ။
"မောနေပြီလား?"
"မ..မမောပါဘူး ငါကကြံ့ခိုင်တဲ့ယောကျ်ားတစ်ယောက်ပဲ"
"လျှောက်ပြောနေတယ် ဒီမှာချွေးတွေထွက်နေပြီ"
ပြောနေရင်းနဲ့ဝန်ဘင်းကသူ့နဖူးကချွေးတွေကိုအင်္ကျီလက်ကလေးနဲ့သုတ်ပေးလာတယ်။
"မလုပ်နဲ့!ယား..ယားတယ်"
"ယားတတ်တာလား?ကောင်းပြီလေ အဲဒါဆို"
ဝန်ဘင်းကရပ်မသွားပဲလည်ပင်းကိုပါကလိယားထိုးလာလို့တကယ်ကြီးယားလာတယ်။
"ပီကာချူး! ရားးပတ်ဝန်ဘင်းတော်တော့ပြုတ်ကျမယ် ဟားဟားဟား"
ထို့နောက် ဝန်ဘင်းကအယားပြေအောင်ပြန်လုပ်ပေးမယ်ဟုဆိုကာသူ့လည်ပင်းကိုကုန်းကိုက်လာတယ်။
"အားးး!"
"အယားပြေပြီလား?"
"ဒီနေ့ကစပြီးမင်းနာမည် ခွေးစုတ်လေးပဲ"
တော်တော်နဲ့ကြားရခဲတဲ့ ဝန်ဘင်းရဲ့သဘောကျပြီးတခစ်ခစ်ရယ်နေတဲ့ရယ်သံလေးတွေကိုကြားရတာနားထောင်ကောင်းလိုက်တာ။ဒီနေ့ကတော့သူရဲ့မမေ့နိုင်တဲ့နေ့တွေထဲကတစ်ရက်ဖြစ်သွားတာပေါ့။
.
.
.
ဖေဖော်ဝါရီ ၁၄ရက်
"ဘရိုဆောင်ချန်းတို့ကတော့စွံချက်ပဲဗျာ"
ကျောင်းရောက်ကတည်းကသူ့စားပွဲခုံအတွင်းထဲမှာရောအပေါ်မှာရောချောကလက်တွေ ပန်းစည်းတွေ ရည်းစားစာတွေနဲ့ပြည့်နေတယ်။သူ့ခုံနဲ့ဆန့်ကျင်ဖက် ဝန်ဘင်းခုံမှာတော့ဘာဆိုဘာမှရှိမနေ။ပြီးခဲ့တဲ့၂နှစ်လောက်ကအားလုံးရဲ့ရှေ့မှာတင်အားနာမှုမရှိပေါ်ပေါ်ထင်ထင်လက်ဆောင်အားလုံးကိုအမှိုက်ပုံးထဲလွှင့်ပစ်လိုက်ကတည်းကလက်ဆောင်ပေးတာမျိုးထပ်လုပ်မလာတော့ပေ။
ဆောင်ချန်းကလက်ဆောင်တွေအားလုံးကိုအိတ်ကြီးကြီးတစ်ခုနဲ့စုထည့်လိုက်ပြီးလွယ်အိတ်ချထားတဲ့ဘေးမှာကပ်ထားလိုက်တယ်။
PEချိန် ဘတ်စကတ်ဘောဆော့ဖို့ကွင်းထဲသွားကြတယ်။သူတို့အတန်းအလှည့်ကိုထိုင်စောင့်နေရင်း PE ချိန်တူနေတဲ့ဂျူနီယာညီမလေးတွေကပါ ဆောင်ချန်းကိုတစ်ယောက်ပြီးတစ်ယောက်လက်ဆောင်တွေပေးသွားကြတယ်။
ဝန်ဘင်းကဖြစ်စဉ်အကုန်လုံးကိုကြည့်နေကာ
"မင်းပေးသမျှအကုန်လက်ခံနေတာပဲလား?မျက်နှာများလိုက်တာ"
"မျက်နှာများတာမဟုတ်ဘူးလေ တစ်ဖက်ကလူတွေရဲ့စေတနာကိုလေးစားပေးတာ။သူတို့နဲ့ဇာတ်လမ်းစတာမစတာကတစ်ပိုင်း ပေးတဲ့လက်ဆောင်ကိုငြင်းလိုက်ရင်စိတ်မကောင်းဖြစ်သွားကြမှာအရင်"
ဝန်ဘင်းကတစ်ချက်နှာခေါင်းရှုံ့လိုက်ကာ
"ပေါ့ပျက်ပျက်နိုင်လိုက်တာ"
"မင်းလိုနှလုံးသားမရှိတဲ့သူကတော့ဘယ်နားလည်ပါ့မလဲ"
"ငါသားသမီးရတဲ့အချိန်ကျရင်တော့ မင်းလိုနှလုံးရည်လွန်ကဲပြီးပေါ့ပျက်ပျက်မဖြစ်အောင်သွန်သင်ရမှာပဲ"
"သားသမီး?မင်း..မင်းလက်ထပ်မှာလား?"
"ဒါပေါ့ အချိန်တန်ရင်တော့ဖြစ်ရိုးဖြစ်စဉ်ကိစ္စကလုပ်ကိုလုပ်ရမှာပဲလေ"
ပုံမှန်စကားလေးတစ်ခွန်းပေမယ့်အဲ့စကားတစ်ခွန်းကသူ့ကိုယ်ထဲကအားတွေကိုအကုန်စုပ်ယူသွားလိုက်သလိုပဲ။ဘတ်စကတ်ဘောဆော့ဖို့လည်းစိတ်မပါတော့သလို ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့ဘူး။ရင်ထဲမှာဘယ်လိုပြောရမှန်းမသိတဲ့ခံစားချက်ဆိုးဆိုးကြီးကတနုံ့နုံ့နဲ့နေရာယူလာတယ်။
လက်ထပ်ဖို့ဆိုတာသူတို့အတွက်တော့မွေးပြီးတည်းကစီစဉ်ထားပြီးသားကိစ္စလိုပါပဲ မထူးဆန်းဘူး။အသိုင်းအဝိုင်းကိုပိုအင်အားကြီးအောင်ချဲ့ထွင်ဖို့အတွက် လူကုံထံအများစုဆောင်ရွက်လေ့ရှိတဲ့ပုံမှန်ကိစ္စ သူဆိုလည်းထိုနည်း၎င်းဖြစ်ဖို့ပဲများတယ်။
ပတ်ဝန်ဘင်း ကတစ်ချိန်ကျတစ်ယောက်ယောက်ရဲ့လူဖြစ်သွားမယ်။အဲဒီတစ်ယောက်ယောက်အတွက် ဖြစ်ပေါ်လာမယ့် ရယ်သံချိုချို၊အပြုံးချိုချိုလေးတွေ အချစ်တွေ စဉ်းစားကြည့်လိုက်တာနဲ့တင်ခံစားလို့မရဘူး။စိတ်ပျက်စရာကောင်းလွန်းလို့ရူးတော့မလိုပဲ။
'ငါဘာဖြစ်နေတာလဲ?ပုံမှန်လိုနေစမ်းပါ ဂျောင်ဆောင်ချန်း ပုံမှန်လေးပဲနေ ပုံမှန်လေးပဲ'
ထိုအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် ကောင်မလေးတစ်ယောက်ရောက်လာပြီးဝန်ဘင်းကိုချောကလက်ဘူးလေးပေးသွားတယ်။ပြီးတော့သူ့ဘာသူရှက်ပြီးအမြန်ပြေးသွားတယ်။သူသိသလောက်ဆို A ခန်းကရုပ်လည်းချောတယ်စာလည်းတော်တယ်ဆိုပြီးနာမည်ကြီးနေတဲ့ကောင်မလေး။ခုနကတင်သူ့ကိုပေါ့ပျက်ပျက်နိုင်တယ်ဆိုပြီးပြောဆိုနေတဲ့ အချေကိုယ်တော်က သူ့ဆီကလက်ဆောင်ကိုတော့ယူလိုက်တယ်တဲ့ ဘယ်လိုဟာလဲ။
ဒီနေ့ညနေဆရာကစောပြန်သွားတယ်။ခါတိုင်းဆရာစောပြန်တဲ့ရက်တွေဆို ဆောင်ချန်းကလိုက်မပြန်ပဲ အရည်မရအဖတ်မရစကားတွေပြောရင်းဝန်ဘင်းအိမ်မှာပဲလာကြိုတဲ့အထိအချိန်ဖြုန်းလေ့ရှိတယ်။ဒီတစ်ခါတော့ဆရာပြန်သွားပြီးတာနဲ့အိမ်ကိုလာကြိုဖို့ဖုန်းဆက်ပြီးအောက်ထပ်ကိုဆင်းလာခဲ့တယ်။
အိမ်ထဲကထိုင်မစောင့်တော့ပဲ ခြံအပြင်ကိုပဲတန်းထွက်ခဲ့တော့တယ်။
"ရားးဂျောင်ဆောင်ချန်းမင်းဘာဖြစ်နေတာလဲ?"
PE ချိန်ကစအခုထိဘာဖြစ်သွားမှန်းမသိရှစ်ခေါက်ချိုးမျက်နှာဖြစ်နေတဲ့သူကိုဝန်ဘင်းနားမလည်တော့။
"မင်းဘယ်တုန်းကလိုက်လာတာလဲ?"
"ဒီလောက်ခြေသံအကျယ်ကြီးကိုတောင်မကြားတာမင်းလေ။ဘာဖြစ်နေတာလဲလို့?"
"ဘာမှမဖြစ်ဘူး ဒီတိုင်းပဲ"
"ဘာမှမဖြစ်ရင်လည်း ရော့ဒီမှာ"
ဝန်ဘင်းကသူ့လက်ကိုဆွဲယူလိုက်ပြီးလက်ဖဝါးထဲကိုချောကလက်လုံးလေးထည့်ပေးလာတယ်။
ဆောင်ချန်းသူ့လက်ထဲကချောကလက်ကလေးကိုခဏလောက်စိုက်ကြည့်နေပြီးမှဝန်ဘင်းလက်ထဲပြန်ထည့်ပေးလိုက်တယ်။
"မကြိုက်ဘူး ပြန်ယူလိုက်။သူများဆီကတစ်ဆင့်ရတဲ့ဟာဆိုပိုပြီးတော့တောင်မကြိုက်ဘူး"
"မဟုတ်ဘူး ဒါငါ့ဘာငါ.."
စကားဆုံးအောင်နားမထောင်တော့ပဲ "သွားတော့မယ်"ဟုဆိုကာအိမ်နဲ့မနီးမဝေးကလမ်းမီးတိုင်လေးနားမှာလာကြိုတာစောင့်ဖို့သွားလိုက်တယ်။
"ဒါတွေအကုန်ငါဝယ်ထားတဲ့ချောကလက်တွေ!ငါ့ဘာငါဝယ်ထားတာလို့!!"
အော်သံကြားလို့လှည့်ကြည့်လိုက်တော့ သူ့ကိုလက်ထဲကချောကလက်နဲ့လှမ်းပစ်ပေါက်လာတယ်။
စိတ်ကလည်းဆိုးနေသေး ရုပ်ကလေးကငိုမဲ့မဲ့လေးလည်းဖြစ်နေသေး ကြည့်ရတာကြောင်ပေါက်စလေးမာန်ဖီနေသလိုပဲ။ကြောင်ပေါက်စလေးကများများတွေးချိန်မပေး ဘောင်းဘီအိတ်ကပ်ထဲကချောကလက်တွေပါထုတ်ပြီးပစ်ပေါက်လာတယ်။
"ရော့!ရော့!ရော့!စားချင်စား မစားချင်အကုန်လွှင့်ပစ်လိုက်!!"
ချောကကလက်တွေကုန်သွားတော့မျက်စောင်းထိုးပြီးခြေဆောင့်ကာပြန်ဝင်သွားတယ်။
.............
ဆောင်ချန်းကအမြဲသူ့ကိုလိုက်စနောက်နေတယ်ဆိုပေမယ့် သူ့အပေါ်တကယ်ကောင်းပေးတာကိုခံစားမိတယ်။ဒါကြောင့်သူ့ဘက်ကလည်းဆောင်ချန်းအပေါ်နည်းနည်းပြေလည်လာပြီဆိုတဲ့သူ့သဘောကိုပြချင်လို့ချောကလက်လေးပေးဖို့စဉ်းစားထားတယ်။အကုန်လုံးပေးရမှာကျရှက်သလိုဖြစ်နေလို့ တစ်လုံးအရင်ပေးလိုက်မယ် ပြီးမှအကုန်လုံးထုတ်ပေးလိုက်မယ်လုပ်ထားတာ ခုတော့။
'မကောင်းတဲ့ကောင် သူများတွေပေးတာကျအကုန်ယူပြီးတော့ငါပေးတာကျမယူဘူး။တကယ်နှလုံးသားမရှိတာကဘယ်သူလဲ အရူးကောင်'
............
ဆောင်ချန်းလမ်းပေါ်မှာပြန့်ကျဲပြီးကျနေတဲ့ချောကလက်တွေကိုတစ်လုံးချင်းဆီလိုက်ကောက်လိုက်တယ်။လိုက်ကောက်နေတဲ့သူ့ရဲ့လက်တွေတုန်နေတာကိုလည်းခံစားမိတယ်။သူရဲ့မူမမှန်တဲ့ခံစားချက်တွေကိုအတည်ပြုဖို့လိုလာပြီ။
သူ့ရင်ထဲမှာဝန်ဘင်းနဲ့ပတ်သက်ရင်အမြဲမူမမှန်တဲ့တစ်ခုခုကိုခံစားမိနေတာကြာခဲ့ပြီ။အဲ့တစ်ခုခုဘာလဲဆိုတာအတည်ပြုဖို့အတွက်အမြဲအချိန်ဆွဲနေခဲ့တာ မဖြစ်နိုင်ပါဘူးလို့လည်းထင်မိလို့လေ။အခုတော့မရတော့ဘူးထင်ပါရဲ့~။
You are reading the story above: TeenFic.Net