(unicode)
လေပြေတဖြူးဖြူးနဲ့ တိုက်ခတ်နေတဲ့ လေညှင်းလေပွေလေးတွေရယ် အပြာရောင်သန်းနေတဲ့ ပင်လယ်ရေပြင်ကြီးရယ် အိမ်မက်ကမ္ဘာမှာပျော်မွေ့နေတဲ့ ကျွန်တော့်ရဲ့ ကလေးငယ်ရယ် အရာရာတိုင်းဟာ အနုပညာရသမြောက်အောင်လှပနေတော့သည်။
"ကလေး~ ထတော့လေ ရောက်နေပြီ!!"
ဉီးခေါင်းထက်ကိုအနမ်းတစ်ပွင့်ချွေပြီးမှ မျက်တောင်လေးတွေပိတ်ထားရာကနေ တဖြည်းဖြည်းဖွင့်လှစ်လာတဲ့
ကလေးငယ်ရဲ့ မျက်ဝန်းလှလှလေးတွေ လှရက်လိုက်တာ ကလေးရယ်
အာ~~ကျွန်တော်က ကလေးရယ်ရဲ့ အစိတ်အပိုင်းတစ်ခုစီတိုင်းကို သဘောကျချစ်မြတ်နိုးတတ်နေတာပဲလေ...
"ရောက်ပြီလား!! ကိုကို ဝါး~~ ပင်လယ်ကြီးကလှလိုက်တာ ကိုကိုရေ"
အပျော်တွေလွန်ပြီး သဘောကျနေတဲ့ ကလေးငယ်ကိုကြည့်ပြီး သူပါပျော်ရွှင်မိတယ်....
ဒီလိုပါပဲ လူတိုင်းက ချစ်မြတ်နိုးလာပြီဆို ကိုယ်ချစ်တဲ့သူ ဘာလုပ်လုပ် အသေးအဖွဲ့လေးကစပြီး သဘောကျချစ်မြတ်နိုးတတ်တာ အချစ်ရဲ့စွမ်းအင်တစ်ခုပဲမဟုတ်လား....
"ကလေးငယ်ပဲ ပင်လယ်ဘက်သွားချင်တယ်ဆိုပြီး ကိုကို့ကို ဂျီကျနေတာလေ မဟုတ်ဘူးလား"
"ဟုတ်တယ် Babeပင်လယ်ဘက်ကို အရမ်းပဲလာချင်နေတာ ကိုကို့ကိုချစ်လိုက်တာ အား!!! အရမ်းကိုချစ်နေပြီ ကိုကိုရေ"
ကားပေါ်ကဆင်းပြီး ခုန်ပေါက်အော်ဟစ်နေလိုက်တာများ သူများတွေများမြင်ရင် ဆရာဝန်လို့များ ပြောပြရင်ယုံကြမယ်မထင်!!
"လာတော့ ကလေးငယ် ညနေကြမှ တူတူဆော့ကြမယ် ခုတော့ ဟိုတယ်မှာ ခဏသွားနားကြမယ်နော်"
"လာပြီ!! ကိုကို ညနေကြရင်တော့ တကယ်ဆော့မှာနော်"
လက်ချင်းတွဲပြီး ပူဆာနေတဲ့ အတွဲကိုလူတိုင်းကဝိုင်းကြည့်နေပေမဲ့ သူတို့ကမ္ဘာနဲ့ သူတို့ကပျော်မွေ့နေကြတာပါပဲ.....
"ကိုကို!! ဟိုမှာ Yixing hyungတို့အတွဲ ဟုတ်တယ်မလား ဘေးကbunny hyungနဲ့လေ bunny hyung!!!!"
"က..ကလေး...."
သူ့hyungတွေကိုမြင်တာနဲ့ ပြေးသွားတာများ လိုက်ဖမ်းလို့ကိုမမိတော့ဘူး...
"hyungတို့ကဘာလဲ ပြန်အဆင်ပြေသွားကြပြန်ပြီလား ပြီးတော့ ဒီကိုဘယ်လိုရောက်လာတာလဲ ဘယ်တုန်းက ပြန်အဆင်ပြေသွားတာလဲ လူကို စိတ်ညစ်အောင်လုပ်တုန်းကလုပ်ထားပြီး အခုကြ ဒီမှာလာပျော်နေကြတာလား!!!!"
မေးခွန်းများစွာမေးနေတဲ့ ကလေးငယ်ကို Yixingတို့ခမျာ ရယ်ချင်တာကိုမျိုသိပ်ပြီး ကလေးငယ်စကားကိုဆုံးအောင်သာနားထောင်နေရရှာတယ်
သူတို့အပြစ်နဲ့ သူတို့ဆိုတော့လည်း ခံကြပေါ့
"Kyungsoo~~ လာလိုက်ခဲ့ hyungတို့ရှင်းပြမယ် ဟိုနားမှာထိုင်ကြမယ်လာ"
Junmyeonက ဆွဲခေါ်သွားမှပဲ အနောက်ကမကျေမနပ်ရုပ်နဲ့မလိုက်ချင်ပဲလိုက်သွားရတဲ့ပုံက တကယ်ကိုချစ်ဖို့ကောင်းနေရော....
"ပြောပြတော့ မြန်မြန်ပြောနော် ဒေါသတွေက ဝုန်းဆိုပြီး ထွက်လာတော့မှာ"
"ဟုတ်ပါပြီ hyungပြောပြပါ့မယ် ဟုတ်ပြီလား"
"hyungတို့ လမ်းမခွဲဖြစ်တော့ဘူး ပြန်ပြေလည်သွားပြီတစ်ယောက်ကိုတစ်ယောက်မခွဲနိုင်အောင်ချစ်ကြတော့လည်း hyungတို့ အလုပ်ထက် နှလုံးသားကိုပိုပြီးဉီးစားပေးလိုက်တယ် အလုပ်ဆိုတာ အေးဆေးလုပ်လည်းရပါတယ်"
"ဟုတ်တယ် kyungsooရဲ့ "
ဒီတခါ ဝင်ပြောသူက Yixing
"hyungတို့ဒီရောက်နေတဲ့အကြောင်းက ဒီဟိုတယ်က hyungပိုင်တာလေ Zhang gpရဲ့ ပိုင်ဆိုင်မှုတစ်ခုထဲကပေါ့ ပြီးတော့ဒီမှာလာပျော်နေရတဲ့အကြောင်းကလည်း မင်းရဲ့ကိုကိုက ခေါ်ထားလို့လေ ခုဏလေးတင်chanyeolတို့အတွဲတောင် အခန်းယူပြီးသွားကြပြီ အခုတော့သွားအနားယူကြတော့ ညနေကြတွေ့ကြမယ်လေ"
အခန်းသော့ပေးပြီး ထွက်သွားတဲ့ Yixingတို့အတွဲကိုကြည့်ပြီး ကလေးငယ်ကတော့ပျော်နေရှာရော
"bunny hyungတို့အတွဲ ပြန်အဆင်ပြေသွားလို့တော်ပါသေးတယ်ဗျာ မဟုတ်ရင် babeစိတ်မကောင်းဖြစ်နေရမှာ"
"စိတ်မကောင်းမဖြစ်တော့ရင်လည်း အခုတော့ ခဏအိပ်လိုက်ဉီး babe ပင်ပန်းနေပြီမလား"
"အိပ်မှာပါ ကိုကိုရဲ့ ဒါပေမဲ့ babeက ကိုကို့ကိုစောင့်နေတာ"
အဝတ်အိတ်တွေ နေရာချရုံပဲရှိသေးတယ် လက်ကိုအတင်းဆွဲပြီး သူနဲ့တူတူအိပ်ဖို့မရမကခေါ်နေတဲ့ကလေးငယ်ကြောင့် ရှိသမျှအလုပ်တွေအကုန်ထားပြီး ကလေးငယ်ဘေးနားသူဝင်လှဲအိပ်ရတော့တယ်
ကလေးငယ် ဂျီကျရင် တကယ်ဘယ်သူ့ကိုမှမမှီတာ တကယ်ပါ~~
"ကိုကို့ရင်ခွင်ထဲမှာ လာအိပ်လို့ရပါပြီခင်ဗျ"
ပြောပြီးတာနဲ့ကို ကလေးငယ်ကချက်ချင်းရင်ခွင်ထဲအတင်းတိုးဝင်ပြီးခွေးပေါက်လေးလို တအိအိနဲ့ချွဲပြနေတော့တာပဲ
"ညနေကြရေဆော့မှာနော် ကိုကိုလည်းbabeနဲ့တူတူဆော့ရမှာနော် နေဝင်တာကိုလည်းကြည့်မှာနော် ပင်လယ်စာတွေလည်းအများကြီးစားမှာနော်"
တနော်နော်နဲ့ စားချင်တာတွေ လုပ်ချင်တာတွေကိုအပီအပြင်ကိုပြောပြနေတော့တာပဲ...
"ဟုတ်ပါပြီ ကလေးနိုးတာနဲ့ ကိုကိုအကုန်လုပ်ပေးမယ်ဟုတ်ပြီလား"
"အွင်း~~ အိပ်ပြီနော် ချစ်တယ်ကိုကို မွ~~"
မေးစေ့ကိုလှမ်းနမ်းပြီးတကယ်ကြီးအိပ်ပျော်သွားတော့တာပဲ ကလေးငယ်လည်းပင်ပန်းသလို ကိုယ်လည်းပင်ပန်းနေပြီ~
"Yixing!!!"
"ဘာကိစ္စအော်ပြောနေတာလဲ ငါမင်းဘေးမှာလေ"
အသကုန်စွတ်အော်နေတဲ့ Chanyeolကို yixingတင်းလာပြီ!! သူ့ဘေးမှာ ငုတ်တုပ်ကြီးထိုင်နေတာကို သေမလို့ အော်ဟစ်နေတာ ဘာကောင်မှန်းမသိဘူး!!
"ငါပြောချင်တာကကွာ~~သူတို့Anniကို သူတို့ဘာသာလုပ်ပါလား ဘာကိစ္စငါတို့ကိုခိုင်းပြီး သူတို့ကြ အခန်းထဲကနေ ထွက်ကိုမလာကြဘူး"
jonginက သူ့တို႔6နှစ်ပြည့်Anniအတွက် ပင်လယ်ဘက်ရောက်နေတာကို kyungsooကလွဲပြီး ကျန်တဲ့သူတွေအကုန်သိကြတယ် အခုလည်းHotel rooftopမှာ Anniတွက် ပြင်ဆင်စရာရှိတာတွေ အကုန်ပြင်ဆင်ပေးနေရတာ
တော်တော်များများကို jonginက သူကိုယ်တိုင်လုပ်ထားပြီးသားမို့ သူတို့က Decorationပိုင်းလောက်သာ ပါဝင်အားဖြည့်ပေးရုံလေး အဲ့တာကိုchanyeolတစ်ယောက်ငြီးတွားလို့မပြီးနိုင်တော့ဘူး!!!
"မင်းကလည်း decorationပိုင်းလေးပဲ လုပ်ရတာကို ဟိုမှာBaekhyunတို့တောင် ဘာအသံမှမထွက်ဘူး မင်းတစ်ယောက်တည်းဖြစ်ပျက်နေတာ စကားပြောတာရပ်ပြီး လုပ်စရာရှိတာကိုလုပ်"
"Jonginတို့က တကယ်ကိုရိုတာဟေ့ 6th anniမို့တဲ့ နှင်းဆီအဖြူကိုပဲ အပွင့်6000တောင်သုံးထားတာ rooftopတစ်ခုလုံး နှင်းဆီခြံကြီးကိုဖြစ်လို့"
ဒီတခါ စကားသံထွက်လာသူကJunmyeon
"Kim Jonginတို့ kyungsooကို ချစ်ချက်က လက်ဖျားခါတယ် သူ့လောက်ချစ်တာသူပဲရှိ သူ့ကလေးဘာလုပ်လုပ်သဘောကျပြီး ပျော်အောင်ပဲထားတာ jonginလိုလူမျိုးကတကယ်ကိုရှားမှရှားဟေ့"
"ဟုတ်တယ် ဟုတ်တယ်"
သူငယ်ချင်းတစ်ဖွဲ့လုံးjonginအကြောင်းပြောပြီး တဟားဟားနဲ့ကိုအော်ရယ်မိကြတယ်...
"ဟာ...jonginဆီက msgပို့တယ်ကွ ရေဆော့ကြမယ်တဲ့"
Yixingတစ်ယောက်ပြောရုံသာရှိသေး chanyeolတို့အတွဲက လက်ချင်းတွဲပြီးပြေးသွားနေကြပြီ
အဲ့တော့ကိုယ်လည်း ချစ်ရသူရဲ့ လက်ကလေးတွဲပြီး ရေသွားဆော့ရမှာပေါ့..
"Jun~ကိုယ်တို့လည်းသွားကြမယ်လေ"
"အိုကေ သွားကြတာပေါ့"
ချစ်ရသူနဲ့ လက်ချင်းယှဉ်တွဲပြီး ပျော်ပျော်ပါးပါးနေရတာလည်း တကယ်ကိုသာယာလွန်းတဲ့ ဘဝတစ်ခုပါပဲလေ~~
"ရောက်လာကြပြီလား"
အတွဲကိုယ်စီနဲ့ လမ်းလျှောက်လာကြတဲ့ သူငယ်ချင်းတွေကလည်း အပြုံးကိုယ်စီနဲ့
"အာ~~မင်းက ရေထဲမဆင်းတော့ဘူးလား"
"ဟင့်အင်း!! ငါပါဆော့လိုက်ရင် ကလေးငယ်ကို ပြုစုပေးမယ့်သူမရှိတော့ဘူးလေ အခုလိုသောင်းကျန်းပြီးရေတွေတအားဆော့နေရင် ညဘက်ကြ ကိုယ်ပူလာတော့မှာ ကလေးငယ်အကြောင်း ငါအသိဆုံးမို့!!"
"ဟုတ်ပါပြီ!! မင်းမဆော့ရင်လည်း ငါလည်းမဆော့တော့ဘူး ဟိုမှာchanyeolရှိရင် ကျန်တဲ့သုံးယောက်လည်း ပါးစပ်မစိရအောင် ပျော်နေမှာ လွှတ်သာထားလိုက်!!"
Yixingစကားကြောင့် သူလည်းခေါင်းငြိမ့်ပြီးထောက်ခံမိတယ် Chanyeolရှိလို့ကတော့ ဘယ်သူမှပျင်းရမှာမဟုတ်!!
"ငါ့တို့ပွဲအတွက် အစစအရာရာကူညီပေးလို့ကျေးဇူးပါ Xing"
သူတို့သာမကူညီရင် စီစဉ်ထားတာတွေကကောင်းကောင်းမွန်မွန်ပြီးမြောက်မယ်မထင်!!
"ရပါတယ်ကွာ မင်းကလည်း ငါတို့သူငယ်ချင်းဆိုပေမဲ့ kyungsooဆိုတာလည်းငါတို့ရဲ့ညီလေးပဲလေ မင်းမကူညီခိုင်းရင်တောင် ငါတို့က လုပြီးကူညီပေးဉီးမှာ"
"ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ"
ညနေ နေဝင်ဆည်းဆာပျောက်ကွယ်သွားတဲ့ထိအောင် ရေဆော့ပြီးမှ ကိုယ်စီ ကိုယ့်အခန်းကိုယ်ပြန်လာကြတော့တယ်....
"ကလေး ရေပူလေးချိုးပြီးတာနဲ့ ကိုကို့ဆီ လာခဲ့နော် ကိုကို ခေါင်းသုတ်ပေးမယ် ပြီးရင်နွေးနွေးထွေးထွေးလေးနေပြီး ဆေးသောက်မယ်နော်"
"ဟုတ်ကဲ့!! ကိုကို"
ရေချိုးခန်းထဲ ကလေးငယ်ဝင်သွားတာနဲ့ ဆေးသောက်ဖို့ အဝတ်လဲဖို့နဲ့ ရေသုတ်ပေးဖို့အတွက်ရော သူအကုန်စီစဉ်ရတော့တယ်
မဟုတ်ရင် မနက်ဖန်လို ရက်ကောင်းရက်မြတ်မှာ ကလေးငယ်ဖျားလို့မဖြစ်ဘူးလေ သူကအဓိကဇာတ်ဆောင်တစ်ယောက်မဟုတ်လား!!
"ခေါင်းသုတ်ပေးလို့ရပြီ ကိုကိုရေ!!"
အဝတ်လဲပြီးတာနဲ့ ခေါင်းသုတ်ပေးဖို့ ထိုင်စောင့်နေတဲ့ကလေးငယ်က သူ့အတွက်တော့ ကလေးပိစိလုံးလုံးလေးလို့သာ မျက်လုံးထဲမြင်နေမိတော့တာပဲ...
"ခေါင်းသုတ်ပြီးရင် ဆေးသောက်ပြီးအိပ်တော့နော် ကလေးငယ် ရေဆော့ထားတာ ပင်ပန်းနေပြီမလား"
"အွင်း!! မဆော့ရတာကြာလို့ အမုန်းဆော့လိုက်တာ ခုဆို ခြေတွေလက်တွေတောင်မသယ်ချင်ရလောက်အောင်ဖြစ်နေပြီ"
ငြီးတွားနေတဲ့ ခွေးပေါက်လေးက အခုဆို Jonginပေါင်ပေါ်ထိုင်ပြီး ခွေခွေလေးနေရာကနေ ခန္တာကိုယ်နဲ့လာပြီး ပူးကပ်နေတော့တာပဲ....
"goodnight ကလေးငယ် အိမ်မက်လှလှမက်ပါစေ ချစ်တယ် ကလေးငယ်ရေ"
"goodnight ကိုကို babeလည်း ကိုကို့ကိုချစ်တယ်"
💜Happy 6th Anniversary baby💜
Kyungsooမျက်လုံးနှစ်လုံးပွင့်လာတာနဲ့ အခန်းထဲမှာ မြင်လိုက်ရတဲ့ စာတန်းတစ်ခု..
ဒီနေ့ဆို သူတို့မင်္ဂလာသက်တမ်းလေးနှစ်ပြည့်တဲ့နေ့💜
ကိုကိုကတော့ မမေ့မလျော့ပဲ သူ့အတွက်ပျော်ရွှင်အောင်လုပ်ပေးတိုင်း သူ့ဘဝမှာအပျော်ဆုံးနေ့ရက်တွေ တိုးမြဲတိုးလာရဆဲ~~
💜ကိုကိုထုတ်ပေးထားတဲ့ အဝတ်လေးဝတ်ပြီး hotel rooftopကိုလာခဲ့နော် ချစ်တယ် ကလေးငယ်💜
ကုတင်ဘေးက စားပွဲခုံပေါ်မှာ ကပ်ထားတဲ့noteစာရွက်လေးကြောင့် ကိုကိုထုတ်ပေးထားတဲ့ အဝတ်တွေကိုဝတ်ဖို့ သူတစ်ကိုယ်ရေသန့်ရှင်းရေးကို အပြေးအလွှားလုပ်ရပြီ!!
ရှပ်အဝါနုရောင် အဆင်းလေးနဲ့ စတိုင်လ်ပန် အဖြူရောင်လေးကတော့ ကိုယ့်အတွက် အလိုက်ဖက်ဆုံးဆိုတာ ကိုကိုသာလျှင်အသိဆုံး!!
အဝတ်စားလဲပြီးတာနဲ့ ကိုကို့အတွက်သူပေးမယ့် လက်ဆောင်ဘူးလေးကိုယူပြီး rooftopဘက်ကို သူထွက်လာလိုက်တော့တယ်
ရင်တွေ အဆမတန်ခုန်နေတာကိုတော့
လျစ်လျူရှုပါရစေ...
Rooftopတံခါးပွင့်သွားတာနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းက သူ့အတွက် မျက်ရည်ကျလောက်သည်အထိကို သူဝမ်းသာမိတယ်....
Rooftopတစ်ခုလုံး နှင်းဆီအဖြူတွေနဲ့ ပြည့်နေတဲ့ ပန်းခင်းကြီးကိုရောက်သွားသလို ခံစားမိသည်အထိ ကိုကိုက ပြင်ဆင်ထားတာကြောင့်ပင်~~
အထူးသဖြင့် နှင်းဆီပန်းအဖြူဆိုတာ သူအကြိုက်ဆုံးနှင်းဆီပန်းဖြစ်သည်....
"အာ~~ကိုကိုရေ ကိုကိုရဲ့စပရိုက်က babeတကယ်ငိုမိတော့မယ်"
နှင်းဆီအဖြူရောင်ပန်းခင်းကြီးထဲမှာရပ်နေတဲ့ ကိုကိုကလည်း ကျွန်တော်နဲ့ဆင်တူဝတ်ထားပြီး နှင်းဆီပန်းစည်းကြီးကိုလည်းကိုင်ထားသေးတယ်
"မငိုပါနဲ့ဉီး ကလေးရဲ့ အခုမှအစပဲရှိသေးတာကို ရော့~~ဒါက ကလေးငယ်အတွက် နှင်းဆီပန်း၉၉ပွင့်"
"၉၉ပွင့်အဓိပ္ပာယ်က ဘာလဲဆိုတာ ကလေးသိတယ်မလား"
"ကိုကိုက ကျွန်တော့်ကို သေတဲ့နေ့အထိချစ်သွားမယ်ဆိုတဲ့ အဓိပ္ပာယ်လေ"
ကျွန်တော်ပြောတာကို ခေါင်းတငြိမ့်ငြိမ့်နဲ့ သဘောကျနေတဲ့ ကိုကိုလည်း ပြုံးရွှင်နေတာပဲ...
"Happy 6th anniversaryပါ ကိုကို"
ကိုကို့လက်ထဲကို ထည့်ပေးလိုက်တဲ့ Postcardလေးကိုကြည့်ပြီး ကိုကို ကြည်နူးပိတိဖြစ်နေတာနဲ့တင် Anniversaryလေးက ပြည့်စုံခဲ့ပါပြီ
"ဖတ်ကြည့်လေ ကိုကို~ ကိုကိုဖတ်ပြနေတုန်း babeကလက်ဆောင်ပေးစရာရှိသေးတယ်"
"You are my beloved my soul mate ,my life, Happy 6th Anniversary💜"
ကိုကိုဖတ်ပြတာနဲ့ ကိုကို့လက်ကောက်ဝတ်ကိုရောက်သွားတဲ့ ငွေမျှင်ရောင်ဟန်းချိန်းလေးက ကိုကို့နဲ့အရမ်းကိုလိုက်ဖက်နေရော
ကိုကို့ဟန်းချိန်းအတွင်းဘက်က စာသားလေးက KJI❤️DKS
ကျွန်တော့်ဟန်းချိန်းဘက်ကတော့ DKS❤️KJI
ရိုးရိုးရှင်းရှင်းလေးနဲ့မို့ ကိုကိုလည်းသဘောကျမှာပါ
"အာ~~ကလေးရယ် ကိုကိုမသိအောင် ပြင်ဆင်ထားတာလား"
အံ့သြနေတဲ့ ကိုကို့ကိုကြည့်ပြီး သူ့မှာချစ်မဝကိုဖြစ်နေရပြီ!!
"ဒါပေါ့ ကိုကိုပဲ စပရိုက်စ်လုပ်ရင် Anniဘယ်ပီသတော့မလဲ babeလည်းလုပ်ပေးချင်တာပေါ့"
"ဟန်းချိန်းက ဆင်တူမဟုတ်လား ကလေးဟာပေးလေ ကိုကိုဝတ်ပေးချင်လို့"
ဆင်တူဝတ်ထားတဲ့ ဟန်းချိန်းလေးကိုကြည့်ပြီး သူတကယ်ကိုပျော်နေပါပြီ
6th Anniversaryကတော့ တကယ်ရင်ထဲထိလွန်းနေပြီ
"ကိုကိုလည်း လက်ဆောင်ပေးရမယ် ဒါပေမဲ့ ခဏတော့စောင့် မကြာခင်ရောက်လာလိမ့်မယ်"
"ကလေး မျက်လုံးခဏမှိတ်ထားနော် ကိုကိုဖွင့်ဆိုမှ ဖွင့်ပေး ဟုတ်ပြီလား!! ကလေးကလိမ္မာတယ်နော်"
ကိုကို့သဘောအတိုင်း မျက်လုံးမှိတ်ပြီးတော့သာ စောင့်နေလိုက်တော့တယ်....
"ဖွင့်လို့ရပြီ ကလေး ဖြည်းဖြည်းဖွင့်ကြည့်နော်"
မျက်လုံးဖွင့်လိုက်တာနဲ့ Projectorပေါ်မှပေါ်လာတဲ့ videoလေး anniတစ်ခုပြီးတစ်ခုတိုင်းဖြတ်သန်းလာခဲ့တဲ့အမှတ်တရလေးတွေ...ပျော်ရွှင်ခဲ့ရတဲ့အချိန်လေးတွေ...
ရုတ်တရက် ခါးကိုရစ်ပတ်လာတဲ့ လက်တစ်စုံ
နွေးထွေးတဲ့ရင်ခွင်ကျယ်ကြောင့် သူတကယ်နွေးထွေးမှုတွေကို အတိုင်းထက်အလွန်ပိုင်ဆိုင်ခဲ့ရတယ်
"Happy 6th anniversary ကလေးငယ် ကိုယ့်ရဲ့အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်မှာအမြဲတူတူဖြတ်သန်းကြရအောင်နော် ချစ်တယ် ကလေးငယ်"
"babeကလည်း ကိုကို့ကို အရမ်းချစ်တယ်"
တဖြည်းဖြည်းထိကပ်လာတဲ့ ကိုကို့ရဲ့နွေးထွေးတဲ့အနမ်းတွေက သူ့ဘဝမှာ ဘာနဲ့မှ မလဲနိုင်တဲ့ ဘဝရဲ့တန်ဖိုးထားမြတ်နိုးရတဲ့ အဖိုးတန်တစ်ခုဆိုရင် ကိုကိုလို့သာသူရည်ညွှန်းချင်တယ်....
ကိုကိုရဲ့ ချစ်ခြင်းမေတ္တာတွေ မြတ်နိုးမှုတွေ တန်ဖိုးထားမှုတွေကို အမြတ်တနိုးသိမ်းဆည်းထားခွင့်ရတဲ့အတွက် ကျွန်တော်ကိုယ်တိုင်လည်း ဝမ်းသာမိတယ်....
ကျွန်တော့်ရဲ့ တစ်ဉီးတည်းသောမူပိုင်ကိုကိုဖြစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကိုကို
ချစ်တယ်ဆိုတာထက်ပိုပြီးပြောနိုင်တာရှိရင် ပြောချင်ပါတယ်ကိုကို....
"babeကို ချစ်ပေးလို့ ကျေးဇူးတင်ပါတယ်ကိုကို ပြီးတော့ အရမ်းအရမ်း ချစ်တယ်❤️"
"ကိုကိုကလည်း ကလေးငယ်ကို ကျေးဇူးတင်ပါတယ် ကိုကို့ရဲ့မူပိုင် တစ်ဉီးတည်းသော ကလေးငယ်ဖြစ်ပေးလို့ ကလေးငယ်ကို ကိုကိုက ထာဝရထက် တစ်ရက်ပိုချစ်ပေးမယ် ချစ်တယ် ကလေးငယ်"
ကျွန်တော့်တို့ရဲ့ ချစ်ခြင်းတရားတွေသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အချစ်တွေနဲ့ပြည့်နှက်နေမှာပါ...........
.........................The End......................
baby&me ဆိုတဲ့ ကိုကိုနဲ့ကလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးက အပိုင်းအရပြီးဆုံးသွားပေမဲ့
စာဖတ်သူတွေရဲ့ ရင်ထဲမှာတော့ ထာဝရအမြဲအချစ်တွေရှင်သန်နေကြမယ်လို့ ယုံကြည်ပါတယ်💜
အရှေ့ပိုင်းမှာပြောထားတဲ့ စပရိုက်စ်ပလန်ကတော့ နောက်ရက်တွေကြ အကောင်အထည်ဖော်ပြီးပြန်လာပါ့မယ်
Baby&meလေးက no extra ပါနော်
အချစ်များစွာနဲ့ ဂျူးမြတ်လေးပြန်လာခဲ့ပါ့မယ်❤️
(zawgyi)
"က..ကလေး...."
"ဟုတ်တယ် kyungsooရဲ့ "
"Yixing!!!"
jonginက သူ့တို့6နှစ်ပြည့်Anniအတွက် ပင်လယ်ဘက်ရောက်နေတာကို kyungsooကလွဲပြီး ကျန်တဲ့သူတွေအကုန်သိကြတယ် အခုလည်းHotel rooftopမှာ Anniတွက် ပြင်ဆင်စရာရှိတာတွေ အကုန်ပြင်ဆင်ပေးနေရတာ
"ဟုတ်တယ် ဟုတ်တယ်"
"အိုကေ သွားကြတာပေါ့"
"ရောက်လာကြပြီလား"
"ဟုတ်ကဲ့!! ကိုကို"
You are reading the story above: TeenFic.Net