B & M - 33

Background color
Font
Font size
Line height

(unicode)

နံနက်ခင်းရဲ့နေရောင်ခြည်နွေးနွေးလေးက သက်ရှိလူသားတွေအဖို့ အနွေးထက်ကိုပေးစွမ်းနိုင်တဲ့စွမ်းအင်တစ်ခုပင်ဖြစ်လေသည်...

ကျွန်တော့်အတွက်တော့ ကိုကိုက နွေးထွေးမှု ချစ်ခင်မှု ပျော်ရွှင်မှုအလုံးစုံကိုပေးစွမ်းနိုင်တဲ့တစ်ဉီးတည်းသော ရောင်ခြည်တန်းလေးဖြစ်သည်။

ဝမ်းနည်းတဲ့အချိန်ဖြစ်ဖြစ် ပျော်ရွှင်တဲ့အချိန်ဖြစ်ဖြစ်
ကျွန်တော့်ဘေးမှာ အေးတူပူမျှရှိခဲ့တာ ကိုကိုတစ်ယောက်တည်းသာ~~

အရမ်းလည်းချစ်သလို မြတ်နိုးလွန်းတဲ့ ကျွန်တော်ရဲ့တစ်ယောက်တည်းသောကိုကိုဟာKim Jongin တစ်ယောက်တည်းသာဖြစ်၏

"ဘာတွေပြုံးနေတာလဲ ကလေးရဲ့"

ကိုကို့ကြည့်ပြီး တပြုံးပြုံးလုပ်နေတာနဲ့ ကိုကိုက အနေခက်ပြီးမေးလာပြီ

"ကိုကို့ကြည့်နေတာလေ"

"ကိုကိုသိတယ်လေ အဲ့တာကြောင့် ကလေးကို မေးနေတာပေါ့"

ခေါင်းလေးကိုပွတ်ပြီး ရင်ခွင်ထဲ အတင်းသွင်းနေတဲ့
ကိုကို့ကိုကြည့်ပြီး သူရယ်မိတော့တယ်

တကယ်ပါပဲ မိုးလင်းထဲက အတင်းကိုရင်ခွင်ထဲလိုက်ထည့်နေတော့တာပဲ...

"ဘာမှမဟုတ်ပါဘူးဗျာ ကိုကို့ကြည့်ပြီး သဘောကျလို့လေ"

"ဟော~~ ကလေးက ကိုကို့ကို သဘောပဲကျတာလား ချစ်ရောမချစ်ဘူးလား ဟမ်!!"

ရင်ခွင်ထဲထည့်ထားရင်းကနေ အခုနဖူးကို တဖြည်းဖြည်းနဲ့ လာနမ်းနေပြီ!!

"ချစ်တယ်လေ ကိုကို့ကို babeက အချစ်ဆုံးပဲလေ babeထက် ဘယ်သူက ကိုကို့ကိုပိုအချစ်ဆုံးလဲ"

"ဟုတ်ပါပြီ ကလေးကသာ ကိုကို့ကိုအချစ်ဆုံး ကိုကိုကလည်းကလေးကိုအချစ်ဆုံးပဲလေ"

မိုးလင်းနေတာကြာပြီ အိပ်ယာထဲ ဘယ်သူက ဘယ်သူ့ကို ပိုချစ်ကြောင်းပြောနေတဲ့ နှစ်ယောက်ကိုကြည့်ပြီး Chanyeolသက်ပြင်းချမိတယ်...

သူတို့အခန်းရှေ့ရောက်နေတာ၁၀မိနစ်လောက်ရှိပြီ
အခန်းတံခါးပေါက်နားမတ်တပ်ရပ်ပြီး ကြည့်နေတာလည်းကြာလှပြီ ခုထိသူ့ကိုမမြင်ကြသေးတာကို နည်းနည်းတော့အမြင်ကပ်လာပြီ

"အဟမ်း!! သောက်အတွဲတွေ မိုးလင်းတာနဲ့ ရိုနေကြသိလား!!"

အဲ့တော့မှ နှစ်ယောက်သား ပြူးပြူးပြဲပြဲကြည့်နေကြတာ မသိရင် ကိုယ့်ကိုပဲ အခုမှ ပထမဆုံးမြင်ဖူးတွေ့ဖူးတဲ့ ရုပ်လေးတွေနဲ့....

"ဘာကိစ္စ အစောကြီးရောက်လာရတာလဲ Park Chanyeolရဲ့"

အမယ် သူကပဲ တပြန်ကြီး ပြန်အော်နေသေးတာ

"အချိန်လေးဘာလေး အရင်ကြည့်ပြီးမှ လူကိုအော်လားဟစ်လား လုပ်စမ်းပါ!! ငါ့ကိုစိတ်တိုအောင်မလုပ်နဲ့ လုပ်စရာရှိတာ မြန်မြန်လုပ် ပြီးတာနဲ့ ချက်ချင်းအောက်ကိုဆင်းလာခဲ့!!"

အော်ဟစ်ကျိန်းမောင်းပြီး ပြေးဆင်းလာလိုက်တယ်
မဟုတ်ရင် သူကပြန်အော်မှာလေ

"Chan "

နွားနို့တွေ ငုံပြီး မပီမသအော်​ခေါ်နေတဲ့ ချစ်ရသူလေးကိုကြည့်ရင်း chanyeolအသည်းယားနေပြီ

"အင်း~ ဘာပြောမလို့လဲကိုယ့်ကိုစကားအရင် မပြောခင် နွားနို့တွေအရင်မျိုချဉီး သည်းကုန်မယ်"

အစားအသောက်နဲ့ပတ်သတ်ရင် ဘယ်ဟာမှ မလွတ်ပဲ အကုန်စားနိုင်လွန်းသောကြောင့် အမြဲတမ်း သတိပေးနေရတတ်သည်

အခုလည်း jonginအိမ်ရောက်တာနဲ့ ဗိုက်ဆာတယ်ဆိုပြီး မီးဖိုချောင်ထဲ တန်းဝင်ပြီး နွားနို့တွေယူသောက်နေတာထင်ပါရဲ့

"Kyungsooတို့ရော ဆင်းမလာသေးဘူးလား"

kyungsooတို့ဆိုမှ ဟိုအတွဲက သူ့ကိုမမြင်ရလည်း သူမျက်မှောင်ကုပ်ပြီး မျက်စောင်းထိုးလိုက်သေးတယ်

သူများတွေကိုကြ စောစောလာဆိုပြီး သူတို့ကြ နိုးကတည်းက တစ်တစ်တူး ကလူကျီစယ်နေကြတာမြင်မ​ကောင်းဘူး

ကိုယ်တွေအတွဲကလည်း ရိုတယ်ဆိုပေမဲ့လည်း သူတို့လောက်တော့ အကဲမပိုပါဘူး

"ဆင်းလာလိမ့်မယ် အချစ်ရေ ကိုယ်အပေါ်ကိုရောက်မှ သူတို့နိုးကြတာ ခဏနေကြ ဆင်းလာလိမ့်မယ်"

"အွန်း~ chan ဒီကိုလာခဲ့ အနောက်မှာ ကွတ်ကီးသွားစားကြရအောင်"

"အိုကေ သွားစားကြမယ် ထိုင်စောင့်တာထက်စာရင် မုန့်စားပြီးစောင့်တာ ပိုကောင်းတယ်"

Jonginတို့ဆင်းလာတော့ ဟိုအတွဲက မုန့်လေးစားလိုက် ဖက်လိုက် နမ်းလိုက်နဲ့ အဆင်ကိုပြေနေရော ခုဏကဟောက်စားလုပ်သွားတဲ့ Park Chanyeolနဲ့ လားလားမှကိုမဆိုင်သလိုပဲ

"kyungsoo မင်းလုပ်ထားတဲ့ ကွတ်ကီးက တကယ်စားကောင်းတယ် နောက်တခါကြ လုပ်ကျွေးဉီးနော်"

"အိုကေ!! မင်းလာတဲ့နေ့​သာပြောလိုက် ငါလုပ်ထားပေးမယ်"

"လူစုံပြီဆိုတော့ သွားကြရအောင်လေ နေ့လည်လောက်ဆို ပူလာတော့မှာကို"

စော်သြောသူက အမောင် Chanyeol!!

"ကလေး~ နွားနို့ပူပူလေးတစ်ခွက်လောက်တော့သောက်ဦးနော် လမ်းမှာ ဗိုက်ဆာနေမယ် "

နွားနို့ခွက်လေးကိုင်ပြီး မနက်စာကိုကျွေးနေတဲ့ jonginရယ် သူ့ကိုကို လုပ်သမျှ  ငြိမ်ငြိမ်လေးနာခံနေတဲ့kyungsooရယ် ရန်ဖြစ်နေတဲ့ ကြောင်နဲ့ကြွက်အတွဲရယ် သူ့ဟာသူတော့ မနက်ခင်းလေးဟာ သာယာစိုပြေခဲ့ပါတယ်....

"အသွားတော့ မင်းမောင်းလိုက်နော် အပြန်ကြ ငါမောင်းပေးပါ့မယ်"

ကားမောင်းဖို့ဆို အသေပျင်းတဲ့Chanyeolကိုကြည့်ပြီးသူခေါင်းခါမိတယ် သူ့ဟာလေးနဲ့ကြ သူပဲကားမောင်းပြီးကြိုပို့နေတာကြ မပြောချင်ဘူး

"ကလေး အရှေ့လာ ကိုကိုနဲ့တူတူထိုင်မယ်"

"ဒါနဲ့ ဘယ်ကိုသွားကြမှာလဲ ခုထိကိုမသိသေးဘူး"

ကလေးငယ်မေးလာမှ သူသတိထားမိတယ် အခုချိန်ထိဘယ်သွားမယ်ဆိုတာကို မပြောရသေးဘူးလေအပန်းဖြေခရီးတစ်ခုသွားမယ်ဆိုပြီးပဲ ပြောထားရသေးတာ

"Kyungsoo မင်းပဲ မသိတာမဟုတ်ဘူး ငါလည်းမသိသေးဘူးကွ"

baekhyunကပါ ဝင်ပြောလာပြီမို့ ကလေးငယ်သည် အရမ်းကို သိချင်နေပြီဆိုတာ သူရိပ်မိပါတယ်

"ကိုကို ပြောပြလေနော် ဘယ်ကိုသွားမယ်ဆိုတာကို baebကို ပြောပြလေနော်"

သနားကမားရုပ်လေးနဲ့ မေးနေလည်း မဖြေချင်ပါ
ဟိုရောက်ရင် ကလေးငယ်အတွက် စပရိုက်စ်ပလန်တွေ ရှိသေးတာကြောင့် ဟိုကိုရောက်မှ ပျော်ပျော်ပါးပါးနဲ့ အတူတူဆင်နွှဲချင်တာကြောင့် သူမပြောပြတော့ပါ

"ဟိုရောက်မှပဲ သိတော့လေနော် ကလေးငယ် ပျော်သွားမယ်ဆိုတာ ကိုကို အာမခံပါတယ်"

လက်မလေးတထောင်ထောင်နဲ့ လုပ်ပြနေတဲ့ ကလေးငယ်ကို သူအမြတ်တနိုးကြည့်ပြီး ကြည်နူးမိတယ်

"အိုကေပါဗျ ကိုကို့စကားကိုပဲ နားထောင်ပါ့မယ်"

သူငယ်ချင်းတွေပျော်ပျော်ပါးပါးနဲ့ ခရီးမထွက်တာလည်းကြာနေပြီမို့  အခုလိုထွက်ရတော့လည်း တကယ်ကို ပျော်စရာပါပဲ.....

T~B~C~~~~~

Hello နောက်တစ်ပိုင်းဆို finalလေးရောက်ရှိလာပြီနော်

Finalရောက်လို့ စိတ်မညစ်ကြပါနဲ့ လက်ဆောင်လေးပေးစရာတစ်ခုရှိပါသေးတယ်💜

ဘာလဲဆိုတာ ခန့်မှန်းကြပါလား😝

(Zawgyi)







"ကိုကို့ကြည့်နေတာလေ"

















"Chan "

















"ကလေး~ နွားနို့ပူပူလေးတစ်ခွက်လောက်တော့သောက်ဉီးနော် လမ်းမှာ ဗိုက်ဆာနေမယ် "















T~B~C~~~~~








You are reading the story above: TeenFic.Net