၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၂၇
မနေ့ကတုန်းက သူမတို့တွေ ပြဿနာတက်ခဲ့ပြီး အခုညမှာကျတော့ တစ်ယောက်ယောက်က သူမတို့ရဲ့ အိမ်တံခါးကို လာခေါက်ပြန်ပြီ။
ဝမ့်ရင်းက အတော်လေးကို စိတ်ညစ်နေခဲ့သည်။
ဒီလူက ဝင်လာရဲလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါ။ သူမက ချမ်းသာသည့်အတွက် သူမရဲ့ပိုက်ဆံကို ခိုးဖို့ လာခဲ့တာဟု သူမ တွေးထားခဲ့ခြင်း ဖြစ်သည်။
ဝမ့်ရင်းရဲ့အတွေးမှာ မှားသွားခဲ့သည်။ တပ်မဟာထဲက လူများသည် မနေ့ကနှင့် ဒီနေ့ဖြစ်ခဲ့သည့် အခြေနေကို ထပ်ခါထပ်ခါ ပြန်ပြီး တွေးဖို့အတွက် လုံလောက်သည်ကို သူမ မသိခဲ့ပါ။
အခုဆိုရင် သူမသည် အိမ်မှာရှိတဲ့ ပစ္စည်းနှင့် ပိုက်ဆံများထက် ပိုပြီး တန်ဖိုးရှိနေခဲ့ပြီ ဖြစ်သည်။
ထိုရဲရင့်သော လူကြီးသည် ခုနစ်ခုမြောက် တပ်မဟာရှိ ဘွဲ့ရပြီးသူ တစ်ယောက်ဖြစ်ပြီး လူတိုင်းက သူ့ကို လောင်ကုန်းဟု ခေါ်ကြသည်။
လောင်ကုန်းသည် ဒီနှစ်ထဲတွင် အသက် ၃၇နှစ် ပြည့်မည် ဖြစ်သည်။ သူလက်ထပ်ရမည့် အရွယ်မှာတုန်းက သူ့ရဲ့မိသားစုမှာ အတော်လေး ဆင်းရဲသောကြောင့် ရှင်သန်ဖို့အတွက် ကိုယ့်သွေးကိုယ်တောင် ရောင်းစားခဲ့ကြသည်။ သူ့ရဲ့ အမေမှာ သားခုနစ်ယောက်ကို ဆက်တိုက်ဆိုသလိုပဲ မွေးဖွားခဲ့သည်။ သူ့အဖေမှာ အင်မတန် ပျော်ရွှင်ခဲ့ရပြီး ဒါက သူတို့မိသားစုရဲ့ ကြီးပွားစေသည့် လက္ခဏာတစ်ခုဟု တွေးထားခဲ့သည်။
ရလဒ်အနေဖြင့် သူသည် ဒီလောက် သားတွေ အများကြီးကို မထောက်ပံ့ပေးနိုင်ခဲ့ပါ။
သားခုနစ်ယောက်အနက် နှစ်ယောက်က လက်ထပ်ကာ အခြား မိသားစုထဲသို့ ဝင်သွားခဲ့သည်။ တစ်ယောက်က ဘေးအန္တရာယ်တစ်ခုမှာ ငတ်ပြတ်ပြီး သေဆုံးခဲ့သည်။ နောက်ထပ် သားနှစ်ယောက်က ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်သည့်အတွက် ထွက်ပြေးသွားခဲ့ကြပြီး အခုဆိုရင် သားနှစ်ယောက်သာ ကျန်တော့သည်။ တကယ်လို့ သူတို့သာ ဒီနေရာကနေ လွတ်မြောက်ချင်ပါက လက်ထပ်မှသာ ရနိုင်မည် ဖြစ်သည်။ လောင်ကုန်းတစ်ယောက်သာ မိန်းမ မရသေးဘဲ ကျန်နေခဲ့ခြင်း ဖြစ်သည်။
လောင်ကုန်းသည် မိန်းမ မရှိသည့်အတွက် အတော်လေး ဒေါသထွက်ခဲ့ရကာ သူ့ဘာသာ နေဖို့အတွက် ခွဲထွက်သွားခဲ့သည်။
ရလဒ်အနေဖြင့် သူသည် စားစရာမရှိ သောက်စရာ မရှိ ဖြစ်ခဲ့ရကာ ပိုပြီး ဆင်းရဲသွားခဲ့သည်။ သို့သော် အရာကောင်းလုံးက ကောင်းဖို့သာ ဖြစ်လာခဲ့ရပြီး သူလည်း သိပ်အကြာကြီး ဆာလောင်မှုဒဏ်ကို မခံခဲ့ရပါ။ ထို့နောက်တွင် လောင်ကုန်းက ပိုက်ဆံလည်း မရှိသလို အသက်ကလည်း ကြီးလာကာ မိန်းမတစ်ယောက် မရှာနိုင်တော့ပေ။
နှစ်တွေကုန်လွန်သွားပြီးနောက် လောင်ကုန်းသည် ဘွဲရသည့် လူတစ်ယောက်အဖြစ် ကျန်ရစ်နေခဲ့သည်။
လောင်ကုန်းသည် သူ့ရဲ့ မျှော်လင့်ချက်ကို လက်လျှော့လိုက်ပြီး ပိုက်ဆံစုကာ နှစ်အနည်းငယ် ကြာပြီးနောက် မိန်းမတစ်ယောက် ဝယ်ဖို့ကိုသာ တွေးလိုက်သည်။ ပတ်ဝန်းကျင်အသစ်မှာ ဒီအရာမျိုးက တားမြစ်ထားသော်လည်း တကယ်လို့ ထိုကဲ့သို့ တစ်ယောက်ယောက်ကို တိတ်တဆိတ် ဝယ်ယူခဲ့ပါက သူမကို အဝေးကနေ လက်ထပ်ခဲ့တာပါဟု ပြောလို့ ရနိုင်သည်။ ထိုအခါ တပ်မဟာဘက်ကလည်း သူ့ကို ဘာမေးခွန်းမှ ထုတ်နိုင်တော့မည် မဟုတ်ပါ။
သို့သော် မနေ့က အဖွဲ့ထဲတွင် ဖြစ်သွားသော ကိစ္စသည် လောင်ကုန်းကို ဆွဲဆောင်လိုက်သလို ဖြစ်သွားခဲ့သည်။
'ဝမ့်ရင်းက သူ့အတွက် မွေးလာတာပဲ မဟုတ်ပါလား။
သူမမှာ ယောက်ျားကလွဲလို့ အရာရာ ရှိနေခဲ့သည်။
သူ့မှာက ဘာမှမရှိဘူး။ အဲ့တော့ သူက သူမအတွက် အသင့်တော်ဆုံးပဲ မဟုတ်လား။
သူမက အသက်တွေ ကြီးလာရင်တောင် အခြားသူတွေ အသက်ကြီးလို့ ဂရုစိုက်ခံရတယ် ဆိုတဲ့အရာမျိုးကို သူမက နားလည်နိုင်မှာ မဟုတ်ဘူး။'
လောင်ကုန်းက ထိုကိစ္စကို သူ့စိတ်ထဲတွင် အတော်လေး တွေးနေခဲ့သည်။ သို့သော် သူ့မှာ အများနှင့် ယှဥ်ပြိုင်လိုစိတ် မရှိဘူးဆိုတာကိုလည်း သိနေခဲ့သည်။
အခုဆို တပ်မဟာထဲက လူငယ်တွေ အကုန်လုံးက ဝမ့်ရင်းအပေါ်မှာ မျက်စိကျနေကြပြီပင်။ တကယ်လို့ သူတို့သာ နောက်ထပ် ရက်နည်းနည်းလောက် ထပ်ပြီး စောင့်မယ်ဆိုရင် အောင်သွယ်တော် တစ်ယောက်က သူမအိမ်ကို လာမယ်ဆိုတာ သေချာသည်။
လောင်ကုန်းသည် တစ်ယောက်ယောက်က သူ့ကို ဆွဲချလိုက်သလို ခံစားခဲ့ရပြီး ဒါက သူ့အတွက် အခွင့်အရေး တစ်ခုဟုလည်း တွေးနေခဲ့သည်။
'ပြီးတော့ သူလူပျိုကြီး ဖြစ်နေတဲ့ လွန်ခဲ့သော ဆယ်နှစ်လောက်တုန်းက ဒီလို သင့်တော်တဲ့ ကောင်မလေးမျိုးနဲ့ ဘာလို့ မဆုံတွေ့ခဲ့ရတာလဲ။
အဲ့ဒါက သူ့အတွက် ဖြစ်ခဲ့သင့်တာ။'
လောင်ကုန်းသည် အခြားသူများ၏ ပြောစကားများကို နားထောင်ခဲ့ပြီး အချို့က ဝမ့်ရင်းသည် သူ့မိသားစုထဲကို ဝင်လာမည့် ခင်ပွန်းတစ်ယောက် ရှာနေကြောင်းကို စိတ်သန့်သန့်ဖြင့် ပြောနေခဲ့ကြသည်။ သို့သော် တကယ်လို့ ခင်ပွန်းတစ်ယောက် ရှာနေခဲ့ရင်တောင် လောင်ကုန်းက အခြားသူများနှင့် ယှဥ်ပြိုင်လိုစိတ် မရှိနေဆဲ ဖြစ်သည်။
ရွာထဲတွင် လူငယ်များနှင့် သန်မာသော လူများစွာ ရှိနေခဲ့ပြီး အချို့သော သူများသည် မိသားစု တစ်စုထဲရှိ ညီအစ်ကိုများ ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူတို့သည် အနည်းငယ် ငြင်းခုန်စရာ ကိစ္စမျိုးလောက်ကိုတော့ ဂရုမစိုက်ခဲ့ကြပါ။
'လက်ထပ်ပြီး မိန်းမဘက်က မိသားစုထဲကို ဝင်ရမယ်ပေါ့။
သူက မိန်းမချောချောလေးလည်း ရမယ်။ အိမ်တစ်လုံးလည်း အလကား ရဦးမယ်။ အဲ့ဒါကို ဘာများ မကျေမနပ် ဖြစ်နေရမှာလဲ။ '
လောင်ကုန်းသည် စိတ်လှုပ်ရှားပြီး မစောင့်နိုင်တော့ပါ။
လောင်ကုန်းက ရုတ်တရက်ဆိုသလို ယုတ္တိမတန်သည့် အတွေးတစ်ခုကို ရခဲ့သည်။
သူသည် တစ်ဖက်လူ၏ ရိုးသားမှုကို ဖျက်စီးပြီး ဘာတွေပဲဖြစ်ဖြစ် သူ့ကို လက်ထပ်လာအောင် လုပ်မည်ဟူ၍ ဖြစ်သည်။
လောင်ကုန်းသည် ထိုအတွေးကို တွေးမိလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်သူလည်း ကြောက်လန့်သွားခဲ့သည်။
ဒီလူက တော်တော်ဆိုးဆိုးပဲ။ သူ သေရင်တောင် ငရဲကိုပဲ သွားရမှာ။
သို့သော် လောင်ကုန်းက သူဘယ်လောက် သနားဖို့ ကောင်းကြောင်း သူ့အသက် ၃၇နှစ် ရောက်သည်အထိ မိန်းမတစ်ယောက်တောင် မရှာနိုင်သေးကြောင်းကို တွေးနေထဲ့သည်။ 'ဒီကိစ္စအတွက်က ဘုရားကိုပဲ အပြစ်တင်သင့်တယ်မလား။ သူ့မှာသာ အိမ်ကြီး တစ်အိမ်ရယ် မိန်းမတစ်ယောက်ရယ်သာ ရှိမယ်ဆိုရင် သူ ငရဲကို သွားဆိုလည်း သွားနိုင်တယ်။'
အဆိုးဆုံးကတော့ သူသည် နောက်ပိုင်းမှာ ဝမ့်ရင်းကို ပိုပြီး ကောင်းကောင်း ဆက်ဆံလိမ့်မည် ဖြစ်သည်။ အရာအားလုံးကို ရပြီးသွားသည့်အခါ သူသည် ဒီလို မိန်းကလေးငယ်လေး တစ်ယောက်ကို ချော့နိုင်မည် ဖြစ်သည်။
လောင်ကုန်းသည် တိတ်တဆိတ် ရောက်လာခဲ့သည်။ သူသည် ဝမ့်ရင်းအိမ်က ပြတင်းပေါက်တံခါးကို ကိုင်လိုက်ပြီး ကြည်နူးစရာကောင်းသော အရာတစ်ခုက သူ့အရှေ့မှာ ရှိနေသလို သူ့မျက်လုံးများက တောက်ပနေခဲ့သည်။
ရုတ်တရက်ဆိုသလို အရိပ်တစ်ခုက သူ့အပေါ်ကျလာခဲ့ပြီး ရိုက်ချက်တစ်ချက်ကြောင့် သူ့ရဲ့ အရှေ့သွားများ ကျွတ်ထွက်မလိုတောင် ဖြစ်သွားခဲ့သည်။
လောင်ကုန်းသည် နာကျင်လွန်းလို့ ငိုနေခဲ့ပြီး စကားကိုလည်း ကျယ်ကျယ် မပြောရဲခဲ့ပါ။ ထို့ကြောင့် သူသည် ညှာတာထောက်ထားဖို့အတွက် တိတ်တဆိတ် တောင်းပန်နေခဲ့သည်။
“ သူရဲကောင်းကြီးပါလား။ အခုလို တိုက်ခိုက်နေတာ ရပ်လိုက်စမ်းပါ။ မင်းရော ကောင်မစုတ်လေး ဝမ့်ရင်းကို လာရှာနေတာပဲမလား။ မင်း သူ့ကို လိုချင်လည်း ခေါ်သွားလို့ရတယ်။”
လောင်ကုန်းသည် ထိုလူက ဘယ်သူလဲဆိုတာကို မမေးချင်တော့ပါ။ ထိုအချိန်တွင် ပြတင်းပေါက်အောက်မှ သူနဲ့တူသော မိန်းကလေး တစ်ယောက်က ဖြတ်ပြေးသွားခဲ့သည်။ ဒီလူက ဘယ်လောက်တောင် အရေးကြီးနေလို့လဲ။
“မင်းကို ငါ အဲ့ဒါ ပေးမယ်။”
လောင်ကုန်းက ချက်ချင်းဆိုသလိုပဲ ကြောက်လန့်လာခဲ့သည်။ ဒီပန်းလေးကို ခူးယူချင်သူ အများကြီး ရှိပုံရပြီး သူ့လို သတ္တဝါကြီး အတွက် အလှည့် ရောက်လာမည်တောင် မဟုတ်ပါ။
ရလဒ်အနေဖြင့် ထိုလူသည် ဘာစကား တစ်ခွန်းမှ မပြောဘဲ သူ့ရဲ့လက်ကိုသာ ခါယမ်းနေခဲ့သည်။
'ဒီလက်သီးက အားမာန်အပြည့်ပဲ။'
လောင်ကုန်းသည် အတော်လေး မကျေမနပ် ဖြစ်နေခဲ့သည်။ သူသည် ပြတင်းပေါက်လေးကို ဆယ်စက္ကန့်လောက်သာ ထိရုံထိရသေးသည်။
ထိုရိုက်နှက်မှုကို မတရား ခံခဲ့ရသည်။
ထိုလူသည် အတော်လေး ကျွမ်းကျင်ပြီး ထိုရိုက်ချက်ကြောင့် လောင်ကုန်းသည် သေမလိုတောင် ဖြစ်သွားခဲ့ရသည်။ ထိုရိုက်ချက်မှာ အတော်လေး နာကျင်ခဲ့ရသဖြင့် လောင်ကုန်းသည် မှင်သက်သွားခဲ့သည်။
ဝမ့်ရင်းသည် အပြင်က တစ်ယောက်ယောက် တံခါးလာဖွင့်မှာကို စောင့်နေခဲ့သည်။ သို့သော် အပြင်မှာ ဖြစ်သွားသည့် အရာကို မထင်မှတ်ဘဲ ကြားခဲ့ရသည်။
အစပိုင်းတွင် ဝမ့်ရင်းသည် လောင်ကုန်းကဲ့သို့ တွေးခဲ့မိလိုက်သည်။ ထို့နောက် သူမသည် ဒါက တိရိစ္ဆာန် အစုအဝေး တစ်ခုဟုသာ ထပ်ပြီး တွေးလိုက်ပြန်သည်။
အပြင်ဘက်က ရိုက်နှက်မှုသည် ပိုပိုပြီး ပြင်းထန်လာလိမ့်မည်ဟု ဘယ်သူကများ သိနိုင်ပါ့မလဲ။ သူတို့သည် အချင်းချင်း ယှဥ်ပြိုင်ကာ ရိုက်နှက်နေကြသည့် ပုံမျိုးလည်း ဖြစ်ဟန်မတူပါ။ ဝမ့်ရင်းသည် လိုက်ကာကို တိတ်တိတ်လေး လှပ်ကြည့်ခဲ့သည်။ သူမအိမ် အနောက်ဘက်ရှိ ပြတင်းပေါက်မှာ မှန်ဖြင့် ပြုလုပ်ထားခဲ့သည်။ အရင် တစ်ခေါက်တုန်းက သူမသည် ခြံထဲက ပြတင်းပေါက်ကိုသာ ချိုးဖျက်ခဲ့ခြင်း ဖြစ်ပြီး အဲ့နေရာကိုပါ တစ်ခါတည်း လျစ်လျူရှုခဲ့သည်။
ရှုရွှမ်းသည် ထိုလူကို သတိမေ့သွားအောင် ရိုက်လိုက်ပြီး ဘေးကို ဆွဲခေါ်သွားခဲ့သည်။
ဝမ့်ရင်းက ပြတင်းပေါက်တံခါးကို ဖွင့်လိုက်သည့်အခါ ရှုရွှမ်းကလည်း သူမကို လည်ပြန်ကာ ကြည့်ခဲ့သည်။
“ဒီကိစ္စကြောင့် မင်း နိုးသွားတာလား။”
ဝမ့်ရင်းက ခေါင်းခါပြခဲ့သည်။ “ကျွန်မ နိုးနေတာ ကြာလှပြီ။ သူက အဆင်ပြေရဲ့လား။ သူက ပိုက်ဆံ လာခိုးရုံ သပ်သပ်ပဲလေ။ ရှင်က သူ့ကို ဖျားသွားအောင်ထိ ရိုက်လိုက်တာလား။”
သူတို့နှစ်ယောက်သည် ဝေးနေသော်လည်း ဝမ့်ရင်းက သူ့ကို မှတ်မိနေဆဲ ဖြစ်သည်။ ဒါ ရွာထဲက ဘွဲ့ရပြီးသား ခွေးအိုကြီးလေ။
ရှုရွှမ်း -“သူ ဒီမှာရှိနေတာ ပိုက်ဆံခိုးဖို့ မဟုတ်ဘူး။”
ဝမ့်ရင်း - “သူက ဒီကိုလာတာ ပိုက်ဆံခိုးဖို့ မဟုတ်ဘူးဆိုရင် သူက ဒီကိုလာတာ……သေစမ်း။”
ဝမ့်ရင်းသည် ဒေါသကို ထိန်းမနိုင် ဖြစ်သွားခဲ့သည်။
ဒီကိစ္စက သူမကို သွားပြီး အပြစ်တင်လို့တော့ မရပေ။ သူမ ဒီကို ရောက်လာပြီးနောက်ပိုင်း အဖွဲ့ထဲက လူတော်တော်များများက သူမအပေါ်မှာ အထင်ကြီးနေကြတာပင်။ ဝမ့်ရင်းက လောင်ကုန်းလို ဘွဲ့ရပြီးသား အဖိုးကြီးတစ်ယောက်ကို လက်တွဲဖော်အဖြစ် ဘယ်တော့မှ ရွေးမှာ မဟုတ်ချေ။ ခနလောက်တော့ သူမကိုယ်သူမတောင် မတွေးတတ်တော့ဘူး။
ဝမ့်ရင်းက အံကိုကြိတ်ကာ ပြောခဲ့သည်။ “ခနစောင့်ဦး။ ကျွန်မထွက်လာပြီး သူ့ကို ခနလောက် ရိုက်ဦးမယ်။”
လောင်ကုန်းက မှင်သက်သွားခဲ့သည်။ သူငေးငိုင် တွေဝေပြီးနောက်မှာ သူ့ကို ရိုက်ကြဦးမည်ဟု တွေးလိုက်မိသည်။ သို့သော် သူ့ကို မေ့သွားအောင် ရိုက်မည့်သူမှာ ဝမ့်ရင်းဆိုတာကို သိနေခဲ့သည်။
ဝမ့်ရင်းသည် ပြတင်းပေါက်မှ ခုန်ထွက်လာကာ လောင်ကုန်းအား အားနှင့်မာန်နှင့် ရိုက်နှက်ခဲ့သည်။
သူ့ကိုရိုက်ပြီးနောက် ဝမ့်ရင်းက ပြောခဲ့သည်။ “မကောင်းတဲ့ကောင်။”
ထိုလူမှာ အသက် လေးဆယ် ငါးဆယ်အရွယ် ရှိပြီ ဖြစ်သော်လည်း သူ့ရဲ့စိတ်မှာ ဆိုးယုတ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် သူသည် ဒီအရာနှင့် ထိုက်တန်သည်။
ဝမ့်ရင်းက ရှုရွှမ်းအား ပြောခဲ့သည်။ “ ကျေးဇူးပါနော်။”
တကယ်တော့ သူ့ကို ကျေးဇူးတင်ဖို့ မလိုခဲ့ပါ။ တကယ်လို့ ထိုလူက သူမရဲ့ ပြတင်းပေါက်ကို ကျော်ဝင်လာပါက သူ့ကို ဝမ့်ရင်းက တော်တော်လေး ဆိုးဆိုးရွားရွား ရိုက်လွှတ်မည်ဟု သေချာနေခဲ့သည်။ သို့သော် ဒီကိစ္စသည် အနည်းငယ် စက်ဆုပ် ရွံရှာဖို့ ကောင်းနေခဲ့သည်။
ဝမ့်ရင်းက ဒီကိစ္စကို ခြွင်းချက်တစ်ခု အနေနဲ့ ဆက်ဆံနေတာကို မြင်လိုက်ရသောအခါ ရှူရွှမ်းက သူမအား မနေနိုင်ဘဲ သတိပေးခဲ့သည်။ “မင်း မကြာခင်ကမှ ဖြစ်သွားတဲ့ ဒီလိုကိစ္စမျိုးတွေကို အာရုံ စိုက်ထားသင့်တယ်။ တကယ်လို့ မင်းက မင်းဦးလေး မိသားစုနဲ့ ပြဿနာတစ်ခုခု ရှိတယ်ဆိုရင် ရွာထဲက လူတွေအများစုမှာ မင်းအတွက် အကြံဉာဏ်တွေ ပေးဖို့ ရှိနေလိမ့်မယ်။”
ရှုရွှမ်းက လူတိုင်းကို ခြံငုံပြီး ကောက်ချက်ချလေ့ မရှိပါ။ ဝမ့်ရင်းကို ဆွဲဆောင်ချင်ကြသည့် လူအများတွင် အချို့က တကယ်ကို ဇနီးတစ်ယောက် လိုချင်နေကြခြင်း ဖြစ်သည်။
လူတိုင်းမှာတော့ လောင်ကုန်းလို မကောင်းတဲ့ ရည်ရွယ်ချက်မျိုး မရှိပါပေ။ သူက ဝမ့်ရင်းကို တကယ် သဘောကျတာပဲ။
ရှုရွှမ်းသည် ဒါဟာ သူ့အတွက် အတားအဆီးများ ဖြစ်ကြောင်းကိုလည်း သိနှင့်ပြီး ဖြစ်သည်။ အရင်တုန်းက လက်ထပ်ဖို့ ရည်ရွယ်ချက်မျိုးဖြင့် ဘယ်သူကမှ ဝမ့်ရင်းအနားကို မကပ်ခဲ့ကြပါ။ ထို့ကြောင့် သူမက အနေအထား တစ်ခုတွင်သာ ရွေးချယ်နိုင်ခဲ့သည်။ အခုဆိုရင် သူမရဲ့ အကြောင်းမှာ ပျံ့နှံ့သွားခဲ့ပြီး သူမသည် ဝမ့်ယုံရွှင်းတို့ လင်မယားနဲ့လည်း အတူ မနေတော့ပါ။ ထို့ကြောင့် လူတိုင်းက သူမနဲ့ လူချင်းတွေ့ကာ စကားပြောလို့ ရနိုင်ကြောင်းကို သိသွားခဲ့ကြသည်။
သူတို့ကြားတွင် ပိုပြီး အခြေအနေကောင်းသည့် လူငယ်အချို့လည်း ပါရှိနေခဲ့သည်။
ရှုရွှမ်းက ဝမ့်ရင်းအား လွန်ခဲ့သော နှစ်ရက်က တပ်မဟာထဲရှိ အခြေအနေကို ပြောပြခဲ့သည်။ မနေ့က သူတို့မိသားစုနှင့် ဝမ့်မိသားစုတို့၏ ရန်ပွဲ ပြီးသွားသည့်နောက် လူအချို့က သူတို့နှင့် ပြန်ပြီး ပြောဆို ဆက်ဆံလာကြသည်။ ရှုမိသားစုသည် သူတို့အားလုံးနှင့် စကားမပြောချင်သော်လည်း လူတိုင်းက သူတို့ကြားက အဆင့်အတန်း ကွာခြားချက်ုကို အသုံးမချနိုင်ကြပါ။
ဝမ့်ယုံရွှင်းတို့ လင်မယားနှင့် ပြဿနာတက်ပြီးနောက် ယုတ္တိရှိသည့် အကြောင်းပြချက် တစ်ခုကို သူတို့အား ပြောပြခဲ့သည်။ အမျိုးသမီးကြီး မစ္စရှုနှင့် စကားပြောလေ့ရှိသော အချို့မိန်းမများကလည်း သူတို့ဆီ အလည်လာခဲ့ကြသည်။ သူတို့သည် ရှုမင်းရဲ့ ကိစ္စကိုတော့ မပြောခဲ့ကြပါ။ လူတိုင်းက ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်နေကြပြီး အရင်လိုပဲ သူတို့နဲ့အတူ ဆက်နေခဲ့ကြသည်။
မနေ့တုန်းက ရှုမိသားစု၏ အငယ်ဆုံးသား ရှုရွှမ်းသည် မိသားစုကို ထောက်ပံ့ပေးနိုင်ဆဲ ဖြစ်သည်ကို လူအများက ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ကြသည်။ ထို့ပြင် အမျိုးသမီးကြီး မစ္စရှုကလည်း ဆုံးရှုံးမှုကို ခံစားရမည့် သူမျိုးတော့ မဟုတ်ခဲ့ပါ။ သူတို့ သားအမိ နှစ်ယောက်သည် ထိုပစ္စည်းများကို ပြန်ရဖို့အတွက် သိပ်ပြီး အချိန်မယူခဲ့ရပါ။ ထို့နောက် သူတို့သည် ထိုကိစ္စများ ပြန်လည် တည်ငြိမ်သွားအောင် မိသားစု နောက်ခံကောင်းသည့် ချွေးမတစ်ယောက်ကို သေချာပေါက် ရှာဖွေကြလိမ့်မည် ဖြစ်သည်။
ဒီနည်းလမ်းသည် သူတို့ရဲ့ အဆင့်အတန်း ဂုဏ်သတင်ကို ပြောင်းလဲပေးဖို့အတွက် လွန်ခဲ့သော နှစ်များစွာကတည်းက လူအများ သိခဲ့ပြီးသော နည်းလမ်းတစ်ခု ဖြစ်သည်။ အစောပိုင်း နှစ်တွေတုန်းက အလယ်အလတ် လူတန်းစားနှင့် ချမ်းသာသော လူများသည် ထိုနည်းလမ်းကို အသုံးပြုခဲ့ကြသည်။ အချိန်အတော်ကြာပြီးနောက် သူတို့သည် သားသမီးများ မွေးဖွားခဲ့ပြီး ရွာထဲက လူများနှင့် မထူးမခြားနား ဖြစ်သွားခဲ့ကြသည်။
အတင်းအဖျင်း ပြောကြသော မိန်းမများကြောင့် အဖွဲ့ထဲက လူတိုင်းသည် ဝမ့်ရင်းရဲ့အကြောင်းအား ပြောနေခဲ့ကြသည်ကို ရှုရွှမ်းတစ်ယောက် မြန်မြန်ပဲ သွားခဲ့သည်။
သူရဲ့အတွေးများမှာ ထိုအမျိုးသမီးများနှင့် အတော်လေး ကွဲပြားပြီး သူသည် ချက်ချင်းဆိုသလိုပဲ ဝမ့်ရင်းမှာ အနည်းငယ် အန္တရာယ် ရှိနေသည်ကို သိသွားခဲ့သည်။
အဲ့ဒါကြောင့် ညတုန်းက သူ ဒီမှာ စောင့်နေခဲ့တာပင််။ ဒါပေမယ့် ဘယ်သူများ တစ်ယောက်ယောက် လာမယ်ဆိုတာကို တွေးလိုက်မိပြီး ဘယ်သူကရော လာတဲ့အထိ ထိုင်စောင့်နေခဲ့ရတာလဲ။
ဝမ့်ရင်းသည် ရှုရွှမ်းရဲ့ စကားများကို နားထောင်ပြီး သူ့ကိူ နားမလည်သော ပုံစံမျိုးဖြင့် ကြည့်နေခဲ့သည်။ “ရှင် ပြောချင်တာက….. ကျွန်မရဲ့ အခြေအနေက တော်တော်လေး ကောင်းနေတော့ အဖွဲ့ထဲမှာ ရှိတဲ့ လူငယ်တွေက ကျွန်မကို ဆွဲဆောင်ချင်နေကြတာလို့ ပြောချင်တာပေါ့။”
ရှုရွှမ်း - “အဲ့လိုတော့လည်း မဟုတ်သေးဘူး…. ဒီနေ့ ငါတို့ တပ်မဟာထဲက အဒေါ်ကြီးတွေက သူတို့ရဲ့ မိဘအိမ်တွေဆီ ပြန်သွားကြတယ်လေ။”
ဝမ့်ရင်းက စိတ်ညစ်သွားခဲ့သည်။ သူမရဲ့ အခြေအနေအရ ထိုအဓိပ္ပါယ်မှာ သူမသည် အခြား တပ်မဟာရှိ လူငယ်များကိုလည်း ဆွဲဆောင်နိုင်တုန်းပဲ မဟုတ်ပါလား။
ရှုရွှမ်း - “ သူတို့ထဲက အချို့လူတွေက အောင်သွယ်တော်တွေ ငှားပြီးပြီလို့ ပြောကြတယ်။ ငါ့အထင် ရက်အနည်းငယ် ကြာပြီးရင် သူတို့တွေ မင်းအိမ်ကို လာကြလိမ့်မယ်။ မင်း အဲ့ကိစ္စကို သေသေချာချာ ဆွေးနွေးလို့ရပါတယ်။”
ဝမ့်ရင်းက ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းပဲ ချလိုက်သည်။ “အဲ့ကိစ္စကို တွေးဖို့ မလိုတော့ဘူးလေ။ အဲ့ဒါက ရှင်ပဲလေ။ ကျွန်မတို့ ဘယ်တော့ လက်ထပ်ကြမှာလဲ။”
ဝမ့်ရင်းသည် လရောင်အောက်က ရှုရွှမ်းရဲ့ အပြုံးလေးကို ကြည့်နေခဲ့သည်။ သူသည် အမြဲလိုလို တည်တည်တံ့တံ့ ရှိနေခဲ့သော်လည်း သူ့ရဲ့ ဒီအပြုံးလေးသည် မထင်မှတ်ထားလောက်အောင် ကြည့်ကောင်းနေခဲ့သည်။
သူ့ရဲ့အပြုံးကြောင့် ဝမ့်ရင်းက အနည်းငယ် ရှက်သွေးဖြာသွားခဲ့သည်။ “ရှင် ကျွန်မကို လိမ်နေတာ မဟုတ်ဘူးမလား။”
'တပ်မဟာထဲမှာ ရှိတဲ့ လူငယ်တိုင်းက ဘာလို့ သူမကို ဆွဲဆောင်ဖို့ကိုပဲ စီစဥ်နေကြတာလဲ။ တစ်စုံတစ်ယောက်ရဲ့ သားသမီးတွေက မနက်ဖြန် မနက်မှာ သူမကို ရေနဲ့ လာပတ်သွားခဲ့ရင်ရော ဘယ်လိုလုပ်မလဲ။'
ရှုရွှမ်းက ပြုံးတာကို ရပ်လိုက်သော်လည်း သူ့ရဲ့ မျက်နှာက စိတ်သက်သာရာရပြီး ပျော်ရွှင်နေတာကိုတော့ သေသေချာချာ မြင်နိုင်သည်။ “တကယ်လို့ ငါသာ မင်းကို လိမ်မိခဲ့ရင် ငါက ခွေးတစ်ကောင် ဖြစ်သွားလိမ့်မယ်။”
ဝမ့်ရင်းသည် ရှုရွှမ်းက သူမအပေါ်မှာ စိတ်ရှိနေမည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးပါ။ ထို့ကြောင့် သူမ ပြောလိုက်သည်။ “ကောင်းပြီလေ။ ဒါဆို အောင်သွယ်တော် တစ်ယောက်ကို သွားရှာပြီး မြန်မြန် ပြန်လာခဲ့။”
You are reading the story above: TeenFic.Net