၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၂၆
ဒီတစ်ခါ ရှုမင်း ပြဿနာ တက်သွားရတုန်းက တပ်မဟာထဲက လူများသည် ဘာတစ်ခုမှ မပြောခဲ့ကြသော်လည်း လူအများစုသည် သူ့အတွက် စိတ်မကောင်း ဖြစ်ခဲ့ကြသည်။ အကြောင်းမှာ တစ်စုံတစ်ယောက်က သူ့ကို သတင်းပေးခဲ့သည့်အတွက် အချို့မိသားစုမှ လူများသည် အဆူအငေါက် ခံရတော့မည်မှာ လုံးဝကို သေချာနေခဲ့သည်။
ထိုကိစ္စကို လုပ်ခဲ့သူမှာ ဝမ့်လင်းလင်း ဖြစ်ကြောင်းကို လူအများက ဒီအိမ်ကို ရှောင်ကျဥ်ကြတော့မည် ဖြစ်သည်။
ဒါက ဘာကိုဆိုလိုတာလဲ။ သူ့မိသားစုက ရှုမိသားစုကို မကောင်းတဲ့လူတွေလိုပဲ ဆက်ဆံနေတာ မဟုတ်ဘူးလား။
ပြီးတော့…..
ဝမ့်ယုံရွှင်းမှာက ဘဝ အတွေ့အကြုံတွေ ရှိသည်။ ဝမ့်လင်းလင်းက အကောင်းနဲ့ သတင်း သွားပို့ရင်တောင် တပ်မှူး ထျန်းယိုဖုက နည်းနည်းလေးတော့ စိတ်မပျော်မရွှင် ဖြစ်သွားရလိမ့်မည်။
တကယ်လို့ သူတို့က သူ့ရဲ့လမ်းမှာ သွားပိတ်နေရင် နင် သူတို့ကို သတင်းသွားပေးရမှာပဲ။ တပ်မှူးမှာက လုပ်စရာတွေ အများကြီးပဲ ရှိနေတာ။ အဲ့တော့ သူက ထုံးစံအတိုင်း လူတွေအများကြီးကို စိတ်အနှောက်အယှက် ပေးလိုက်တာပဲ။
တကယ်လို့ သူ့မိသားစုက ဒါကို မလုပ်ချင်ဘူး ဆိုရင်တောင်မှ အဖွဲ့ဝင်တွေကို မင်းက ဘယ်လို ဦးဆောင်နိုင်မှာလဲ။ အဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ နင်ဘယ်လို အလုပ် ဆက်လုပ်မှာလဲ။
သူ့ရဲ့မိသားစုအပေါ်မှာ လုပ်ခဲ့တဲ့ တပ်မှူးရဲ့ လုပ်ရပ်က တော်တော်လေး မြင်သာသည်။ သူက စည်းမျဥ်းတွေကို တိတိကျကျ လိုက်နာသွားတာ။ အခြား အဖွဲ့ဝင်တွေမှာက သည်းခံ ထိန်းကျောင်းပေးဖို့ ကိစ္စတွေရှိနေပေမယ့် သူတို့မှာက အဲ့လိုမျိုး ရှိမနေခဲ့ဘူး။
နောက်ပိုင်း သူ့ရဲ့သား ဝမ့်ယောင်ကျုံးက အလုပ်သမား တစ်ယောက် ဖြစ်ချင်ရင်တောင် သူ့က လက်ခံတဲ့စာကို ရေးတဲ့အခါ အဖွဲ့ခေါင်းဆောင်က သူ့ရဲ့ စရိုက်လက္ခဏာတွေကို အကဲဖြတ်ပေးရဦးမှာပဲ။ ပုံမှန်ဆို အရင်ဆုံး သူက အဖွဲ့ဝင်တွေဆီ သွားလည်ရမည်။ ဒါပေမယ့် အဲ့ကိစ္စကို အဖွဲ့ခေါင်းဆောင်က ချက်ချင်း သိသွားခဲ့ရင်တောင် သူက မင်းဆီကို လာပြီးတော့ မင်းရဲ့အနာဂတ်ကို ဘာအနှောက်အယှက်မှ ပေးမှာ မဟုတ်ချေ။
ဒီလိုကိစ္စတွေအတွက် စည်းမျဥ်းတွေကို လိုက်နာရတာနဲ့ ဖြည်းဖြည်းချင်း ချဥ်းကပ်သွားတာမျိုး လုံးဝကို မတူညီပေ။
ဝမ့်ယုံရွှင်းသည် သူ့ရဲ့မိသားစုကို ဒီလို ကိစ္စထဲကို လုံးဝ ဝင်မပါစေချင်ခဲ့ပါ။
ဝမ့်ယုံရွှင်းက အံကိုကြိတ်ကာ ပြောခဲ့သည်။ “မင်း ဘယ်လောက် လိုချင်လဲ။ လိုချင်သလောက်သာ ပြောလိုက်။”
ရှုရွှမ်းရဲ့မျက်လုံးများမှာ မှုန်ကုတ်ကုတ် ဖြစ်သွားခဲ့သည်။ “တစ်ရာ။”
ဝမ့်ယုံရွှင်းသည် အသဲများ ကြေကွဲလုနီးပါး ဖြစ်နေခဲ့ရသော်လည်း ထိုပိုက်ဆံကို ပေးဖို့ကလွဲပြီး သူ့မှာ ရွေးချယ်စရာ မရှိခဲ့ပါ။
“ငါနဲ့ အိမ်ထဲလိုက်ခဲ့ပြီး ယူသွားလိုက်။”
ဝမ့်ယုံရွှင်းသည် အိမ်ရဲ့ ထောင့်များစွာမှ ယွမ်တစ်ရာကို ထုတ်ကာ ရှုရွှမ်းအား ပေးခဲ့သည်။
“မင်း ပိုက်ဆံကိုယူသွား။ ပြီးရင် ဒီကိစ္စကို ဘယ်သူ့ကိုမှ ထပ်မပြောနဲ့တော့။”
ရှုရွှမ်းက ရပ်လိုက်သည့်အခါ ဝမ့်ယုံရွှင်းက ရင်တုန်လာခဲ့သည်။ “မင်း ဒီပိုက်ဆံကို ယူသွား။ ဒါက မင်းတောင်းတာထက်ကို ပိုများတယ်။ ပြီးရင် ဒီကိစ္စကို လျှို့ဝှက်ချက် တစ်ခုအနေနဲ့ ထားထား။ ဝမ့်လင်းလင်းက ဒီကိစ္စ ငါ့ကိုမပြောဘဲ လုပ်သွားတာ။ ငါလည်း တကယ် မှားသွားတယ်လို့ ခံစားရတယ်။”
ဝမ့်ယုံရွှင်းသည် သူမှားသွားတယ်ဆိုတာကို သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး နေရာကနေ ခံစားနေခဲ့ရခြင်း ဖြစ်သည်။
ဒါကို သတင်းပို့ခဲ့တာ သူ မဟုတ်ဘူး။ သူက ရှုမင်းမှာ နိုင်ငံခြားက စာအုပ်တွေ ရှိနေတယ်ဆိုတာတောင် မသိခဲ့ဘူး။ ဝမ့်လင်းလင်းက ပိုက်ဆံတွေ လာဖြုန်းနေတဲ့ သူတစ်ယောက်ပဲ။ သူ့မှာတော့ သူ့ကို ၁၈နှစ်လုံး ပြုစု ပျိုးထောင်ခဲ့ရတာ။ သူမကတော့ သူတို့မိသားစု တစ်ခုလုံးကို ယွမ် တစ်ရာအတွက်နဲ့ ဖောက်ပြားသွားခဲ့တာ။
ရှုရွှမ်းသည် ယွမ်ငါးဆယ်ကို သူ့ရဲ့အိတ်ကပ်ထဲ ထိုးထည့်လိုက်ပြီး နောက်ထပ် ငါးဆယ်ကို ဝမ့်ရင်းရဲ့ လက်ထဲသို့ ထည့်ပေးလိုက်သည်။ “ဟုတ်တယ်”
တရားခံက ဝမ့်လင်းလင်းပဲ။ ဝမ့်ယုံရွှင်းက ဝမ့်လင်းလင်းရဲ့ကိစ္စမှာ တကယ် လှည့်စားခံလိုက်ရတာပဲ။
ဝမ့်ယုံရွှင်းသည် နောက်ဆုံးမှာ စိတ်သက်သာရာ ရသွားခဲ့ပြီး ရင်တွေနာလွန်းလို့ မက်တပ်တောင် မရပ်နိုင်တော့ပါ။ အရင်က သူတို့မိသားစု၏ ပိုင်ဆိုင်မှုမှာ ယွမ်သုံးရာကျော် ရှိခဲ့ပြီး ခနလေး အတွင်းမှာတင် ယွမ်နှစ်ရာကျော် ကုန်သွားခဲ့ပြီ ဖြစ်သည်။ သူ့အတွက် ဘယ်လိုတောင် အသက်ရှင်ရပါ့မလဲ။
ရှုရွှမ်းသည် သူ့လက်ထဲတွင် ယွမ်ငါးဆယ်ကို ကိုင်ကာ ထွက်လာခဲ့ပြီး အမျိုးသမီးကြီးစု မက်တပ် ထရပ်လိုက်ပုံမှာ အသက်ခြောက်ဆယ်အရွယ် လူတစ်ယောက်နှင့်တောင် တူမနေခဲ့ပါ။
သူမသည် မြေပြင်ပေါ်တွင် လဲနေသော လီချွမ်းကျင်အား ပြောခဲ့သည်။ “ပိုက်ဆံကတော့ ပေးပြီးသွားပြီ။ ငါ့အစ်မရဲ့အိမ်နားကို ဘယ်တော့မှ ထပ်မလာခဲ့နဲ့။”
ဘေးနားကလူများသည် ရှုမိသားစုက ပိုက်ဆံ ပြန်ရသွားသည်ကို မြင်လိုက်ရသောအခါ သူတို့ အားလုံးလည်း လူခွဲသွားခဲ့ကြသည်။ ဒီနေ့ဇာတ်လမ်းက အစကနေ အဆုံးထိတိုင်အောင် တကယ်ကို စိတ်ဝင်စားဖို့ ကောင်းခဲ့သည်။
ရှုမိသားစုတွင် ခေါင်းမာသည့် ရှုရွှမ်းကတော့ ရှိနေဆဲ ဖြစ်သည်။
'ဝမ့်မိသားစုကတော့ တကယ် ကံမကောင်းတာပဲ။ ဝမ့်လင်းလင်းလို သမီးမျိုး ရှိတဲ့လူတိုင်းကတော့ သနားဖို့ ကောင်းနေမှာ။ သူမက မိသားစုအပေါ်မှာ နည်းလမ်းမျိုးစုံနဲ့ကို ဒုက္ခတွေ ပေးခဲ့တာ။ သူမက မိထွေးတစ်ယောက်အဖြစ် ပေးဆပ်လိုက်ရုံသာမက သူမတို့မိသားစု ပျော်ရွှင်ဖူးခဲ့သမျှ အရာအားလုံးကိုလည်း လက်လွှတ် ဆုံးရှုံးခံခဲ့တယ်။'
'အဲ့ဒါတွေအပြင် ဝမ့်ရင်းရဲ့ အခြေနေကလည်း တကယ် ကောင်းနေတာ။ ပြီးတော့ သူမက သူမဦးလေးရဲ့ လက်အောင်ကနေ လွတ်မြောက်သွားခဲ့ပြီ။ အဲ့တော့ သူမက သူမ မိသားစုနဲ့ သင့်တော်တဲ့ ယောက်ျားမျိုးကို ရှာလို့ ရသွားပြီ။'
ရိုးရိုးသားသားပြောရရင် အရင်က ဝမ့်ရင်းကို ဘယ်သူကမှ ဒီလို တည့်တိုးကြီး မချဥ်းကပ်ခဲ့ဖူးပေ။ အကြောင်းပြချက် တစ်ခုက ဝမ့်ရင်းက မိန်းကလေး တစ်ယောက်ဖြစ်ပြီး ကိုယ့်အိမ်မှာကို အလုပ်သမား တစ်ယောက်လို သတ်မှတ်ခံခဲ့ရသည်။ သူမက တပ်မဟာထဲမှာရှိတဲ့ ဘယ်သူနဲ့မှလည်း မရင်းနှီးပေ။ တကယ်လို့ နင်က ဝမ့်ရင်းနဲ့ လက်ထပ်ဖို့ကိစ္စ ပြောချင်ရင်တောင် လီချွမ်းကျင်နဲ့ ဝမ့်ယုံရွှင်းတို့ကို ဖြတ်ကျော်ရဦးမည်။
ဝမ့်ယုံရွှင်းနဲ့ သူ့မိန်းမတို့က ရည်ရွယ်ချက်ရှိရှိ ဝမ့်ရင်းရဲ့ ပုံစံတွေကို ချိုးနှိမ်ခဲ့ကြသည်။ လူတွေအရှေ့မှာဆို လီချွမ်းကျင်သည် ဝမ့်ရင်းက ပြောရဆိုရ ခက်ပြီး ဆိုးသွမ်းသော သူတစ်ယောက်ဟု ပြောခဲ့သည်။ ရလဒ်အနေဖြင့် ကမ္ဘာပေါ်မှာရှိတဲ့ သူမကို လက်ထပ်ချင်သည့် သူများသည် သူမရဲ့အိမ်ကို လာဖို့တောင် ကြောက်နေခဲ့ကြပြီး သူမအိမ်ကို လာသမျှ လူတိုင်းကလည်း ရုပ်ဆိုးသည့် သူများသာ ဖြစ်သည်။
ဝမ့်ယုံရွှင်သည် အကြံကောင်းတစ်ခုကို တွေးမိလိုက်သည်။ ဆင်းရဲတဲ့ သူမျိုးကပဲ သူတို့ကို တင်တောင်းတဲ့လက်ဆောင် ပေးဖို့ ဆန္ဒရှိမှာ။
တပ်မဟာထဲတွင် လက်ထပ်သည့်သူများသည် တင်တောင်းငွေအဖြစ် ယွမ် ၂၀၊ ၃၀ မျှသာ ပေးလေ့ရှိသည်။ ထို့အပြင် မိန်းကလေးဘက်ကလည်း ဝတ်စုံနှစ်စုံနှင့် ခန်းဝင်ပစ္စည်းအဖြစ် အိပ်ရာခင်း တစ်ခုကို ပေးရသည်။
သူတို့မိသားစုသည် ဝမ့်ရင်းအတွက် မိသားစုကောင်း တစ်ခုကို ရှာပေးဖို့ တကယ် မရည်ရွယ်ထားခဲ့ပါ။ ထို့ကြောင့် သူတို့သည် ဒီလို မလိုအပ်သည့် အဆက်အသွယ်မျိုး ရှိနေဖို့လည်း မဖြစ်နိုင်ခဲ့ပါ။
ဒါပေမယ့် အခုဆို ကိစ္စတွေက ကွာခြားသွားပြီ။
ရွာထဲမှာရှိသော သူတိုင်းသည် ဝမ့်ရင်းက အခြေနေ ကောင်းသည်ဟု တွေးထင်နေကြသည်။
မိဘတွေက တင်တောင်းပစ္စည်းကို တောင်းစရာ မလိုဘဲ သူမမှာ ကိုယ်ပိုင် စည်းစိမ်တွေက ရှိနေခဲ့သည်။ ထို့ပြင် တကယ်လို့ သူမကို တင်တောင်းပစ္စည်းတစ်ခုခု ပေးခဲ့ပါက အဲ့ဒါတွေကို သူမက သူမရဲ့မိဘတွေကို ပေးသင့်သည် မဟုတ်ပါလား။
ထိုအချက်ကို ကြည့်လိုက်ရုံဖြင့် ဒီမြို့ထဲက ဘယ်မိန်းကလေးကမှ ဝမ့်ရင်းရဲ့ အခြေအနေနှင့် ယှဥ်လို့ ရနိုင်မည် မဟုတ်ပါ။
ဝမ့်ရင်းက အထက်တန်း ကျောင်းသူတစ်ယောက်သာ ဖြစ်သော်လည်း သူမသည် ဆေးဘက်ဆိုင်ရာ နည်းလမ်းအချို့ကို သိနေခဲ့သည်ဟု ဦးလေးထျန်းက ပြောခဲ့ဖူးသည်။
သူမက တပ်မဟာထဲက ဆေးခန်းမှာပဲ အလုပ်ဝင်လုပ်သည် ဖြစ်စေ၊ ဆရာမအဖြစ် ဝင်လုပ်သည် ဖြစ်စေ သူမအမေလိုပဲ ဆေးဆရာမ တစ်ယောက် အဖြစ် ပြန်လာသည်ဖြစ်စေ ကိစ္စမရှိပါ။
ဒီကောင်မလေးသည် ပိုက်ဆံရှာနိုင်သော အဖိုးတန် မိန်းကလေး တစ်ယောက်သာဖြစ်သည်။
တပ်မဟာထဲရှိ လက်ထပ်ဖို့ အရွယ်ရောက်ပြီးသော ယောက်ျားသားများရှိသည့် မိသားစုများသည် ချက်ချင်းဆိုသလိုပဲ ရင်ခုန်နေခဲ့ကြပြီး အချို့သော အတင်းပြောသော သူများကလည်း သူတို့ရဲ့ ဆွေမျိုးများနှင့် လိုက်ဆက်နေကြသည်။ သူတို့ရဲ့ အမျိုးထဲမှာ ဘွဲ့ရပညာတတ် တစ်ယောက် နှစ်ယောက်လောက်များ မရှိဘူးလား။
ထိုရက်ပိုင်း၌ ကျေးလက်ဒေသတွင် နေထိုင်သော မိန်းကလေး အနည်းငယ်သာ ရှိနေပြီး တပ်မဟာတိုင်းတွင်လည်း မိန်းမ ရှာမရသည့် ဘွဲ့ရ ပညာတတ်များလည်း ရှိနေခဲ့သည်။
လက်ထပ်ဖို့အတွက် ဆင်းရဲသော လူများစွာလည်း ရှိနေခဲ့သည်။
ဝမ့်မိသားစုထဲက ဒီကောင်မလေးက အခြေအနေလည်း ကောင်းပြီး မိဘလည်း မရှိတော့ဘူး။ ဒါ သူမက ချမ်းချမ်းသာသာ နေထိုင်နိုင်တာပဲ မဟုတ်လား။
အချို့သော မိသားစုများသည် ပုံမှန်အတိုင်း ဝမ့်ရင်းနဲ့ လက်ထပ်ဖို့ကိစ္စကို ပြောဖို့ ရည်ရွယ်ထားပြီး သူတို့ရဲ့ သားကို သဘောကျပါ့မလား ဆိုတာကို သိချင်နေခဲ့ကြသည်။ အချို့သော ယုတ်မာ ကောက်ကျစ်သော သူများသည် မကောင်းသော စိတ်ဓာတ်မျိုး ရှိကာ ဝမ့်ရင်းကို ဘယ်လို လက်ထပ်ရမလဲ ဆိုတာကိုသာ တွေးနေခဲ့ကြသည်။
ဝမ့်ရင်းသည် သူမကို လူအများက အာရုံစိုက်နေကြတာကို သူမကိုယ်တိုင်လည်း မသိရှိခဲ့ပါ။ သူမက ရှုရွှမ်း ပြောခဲ့သည့် စကားကိုသာ တွေးနေဆဲ ဖြစ်သည်။
နှစ်ယောက်လုံးမှာ ကိုယ်စီကိုယ်စီ အရည်အချင်းများ လိုအပ်နေခဲ့ကြသည်။
ဝမ့်ရင်းသည် အိမ်မှာ ဘာထောက်ပံ့ပေးမှုမှ မရှိသလို မသင့်တော်သော လူတစ်ယောက်နှင့် လက်ထပ်မိမှာကိုလည်း ကြောက်နေခဲ့သည်။ ထို့ကြောင့် သူမသည် သူမရဲ့မိသားစုထဲသို့သာ ဝင်ရောက်မည့် သူမျိုးကို လက်ထပ်လိုခြင်း ဖြစ်သည်။
ရှုရွှမ်းက မိသားစု အခြေအနေတစ်ခုကလွဲပြီး ကျန်တာအားလုံး ကောင်းမွန်တဲ့ လူတစ်ယောက်ပင်။ ဒီလိုမျိုး လူကြားထဲ ဂုဏ်သတင်းကောင်းတဲ့ လူမျိုးကို ရှာဖို့ဆိုတာက မလွယ်လှပေ။
ဒုတိယအတွေးမှာတော့ ဒီလက်ထပ်ပွဲကနေ ပြီးပြည့်စုံတဲ့ စုံတွဲတစ်တွဲအဖြစ် ပြောင်းလဲသွားမှာမျိုး ဖြစ်သည်။
ဝမ့်ရင်းကို အခြားသူများက လက်ထပ်ချင်ကြသည်မှာ သူမရဲ့အိမ်၊ ပိုက်ဆံများကြောင့်ဟု တွေးမိခဲ့သည်။ အကြောင်းမှာ သူမသည် အထက်တန်း ကျောင်းသူ တစ်ယောက်ဖြစ်သည်။ လက်ထပ်ပြီးနောက် သူတို့က သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံလိမ့်မည် မဟုတ်ပါ။
သို့သော် ရှုရွှမ်းက သူမကို စိတ်ဝင်စားနေခဲ့သည်။
ဒါက ပိုကောင်းပါတယ်လေ။
အသေးစိတ် တွေးကြည့်ရရင် သူမရဲ့ နောက်ခံ အခြေအနေကြောင့် ရှုမိသားစုက သူမကို ဆိုးဆိုးရွားရွား ဆက်ဆံကြလိမ့်မည် မဟုတ်ပါ။ အကြောင်းမှာ ဒီနေ့လို ခေတ်မျိုးတွင် တစ်ဖက်က ကွာရှင်းချင်ပါက သူတို့သည် အတော်လေး အတိုက်အခံ လုပ်ရမည်ဖြစ်သည်။ သို့သော် ရှုရွှမ်းနှင့် သူမလို လူမျိုးတွေအတွက်ကတော့ ဘယ်သူကမှ သူတို့ကို တားဆီးနိုင်မည် မဟုတ်ပါ။
ရှုရွှမ်းက သူမကို လက်ထပ်ချင်ခဲ့သည်။
ဒါက အချိန်ကောင်းတစ်ခုပဲဟု ဝမ့်ရင်းက တွေးနေခဲ့သည်။ သူမက ရှုရွှမ်းကို ကြည့်လေလေ၊ သူမနှင့် သင့်တော်တယ်ဟု ပိုပြီး ခံစားရလေလေ ဖြစ်နေခဲ့သည်။
ဝမ့်ရင်းသည် မီးဖိုချောင်ထဲက သူမကိုယ်သူမအား တွေးလိုက်သည့်အခါတိုင်းမှာ သူမသည် ရှုရွှမ်းနှင့် ရှိရသည်ကို ပိုပြီး စိတ်ကျေနပ်နေခဲ့သည်။
ထိုရက်တွေတုန်းက သူမသည် သူမရဲ့ ကျန်းမာရေးကို ဂရုစိုက်ခဲ့သည်သာမက ရှီးဖိုမြို့နှင့် တပ်မဟာထဲသို့လည်း အကြိမ်များစွာ သွားခဲ့သည်။ အစပိုင်းတွင် သူမသည် စားသောက်တန်း တစ်ခုမှာ အလုပ်ရှာဖို့ တွေးခဲ့သော်လည်း ဘေးပတ်လည်ကို ကြည့်ပြီးနောက် ထိုကိစ္စသည် အတော်လေး မဖြစ်နိုင်သည့် အိပ်မက်တစ်ခု ဆိုတာကို သိရှိခဲ့ရသည်။
အပူခံဓာတ်ဗူးထုတ်သည့် စက်ရုံနှင့် မြို့ရှိ အစိုးရ ရုံးများအပြင် အခြားနေရာများတွင် ဘာကန်တင်းမှ မရှိခဲ့ပါ။
ဝမ့်ရင်းသည် သူမရဲ့ အစားအသောက် ပြဿနာအတွက် စိုးရိမ်နေခဲ့သည်။ သူမတွင် ပိုက်ဆံများများစားစား မရှိနေဘဲ သူမသည် တစ်ပတ်တစ်ခါ စွပ်ပြုတ် ဝယ်သောက်ဖို့တောင် လုံလုံလောက်လောက် ရှိမနေခဲ့ပါ။
သို့သော် သူမ၏ ဟင်းချက်လက်ရာမှာလည်း အတော်လေးကို ဆိုးရွားနေခဲ့ပြီး အစားအသောက် အရသာများမှာလည်း စိတ်ညစ်ဖို့ ကောင်းနေခဲ့သည်။
ဝမ့်ရင်းသည် အကယ်၍ သူမသာ ရှုရွှမ်းကို လက်ထပ်လိုက်ပါက အနာဂတ်မှာ စားသောက်ဖို့အတွက် စိတ်ပူနေစရာ မလိုတော့ဘူးဟု တွေးနေခဲ့သည်။
ညပိုင်းသို့ရောက်သည့်အခါ ရွာသားများသည် စောစောစီးစီး အိပ်ရာဝင်ခဲ့ကြသည်။ ထို့အပြင် ရွာတွေမှာ လျှပ်စစ်မီး မရှိသည့်အတွက် သူတို့သည် ညဘက်တွင် ရေနံဆီ မီးအိမ်များကိုသာ မှီခိုနေခဲ့ကြရသည်။ သို့သော် ရေနံဆီ မီးအိမ်များတွင် ဆီကိုသာ သုံးရသည့်အတွက် အရံအနေနဲ့သာ အသုံးပြုကြရသည်။
ထို့ကြောင့် ည မှောင်ရီပျိုးလာသည့် အချိန်မျိုးတွင် သူတို့က အိပ်မပျော်ခဲ့ကြပါက လူတိုင်းသည် သူတို့ရဲ့ အချိန်များကို အမှောင်ထဲတွင် စကားပြောရင်းသာ ကုန်ဆုံးခဲ့ကြသည်။
ဝမ့်ရင်းသည် အချိန်တိုင်း ထိုကိစ္စကို အိပ်ရာထဲတွင် တွေးနေခဲ့ပြီး အချိန်အတော်ကြာ အိပ်ရေးပျက်ခဲ့ရသည်။
ထို့ပြင် ဝမ့်အိမ် အနောက်ဘက်တွင် ခိုးကြောင်ခိုးဝှက် လုပ်နေသည့် လူတစ်ယောက်က တိတ်တဆိတ် ပေါ်လာခဲ့သည်။
ထိုလူမှာ ပိန်ပိန်သေးသေးဖြစ်ပြီး သူ့ရဲ့ လှုပ်ရှားမှုများမှာ သိပ်ပြီး ဖျက်ဖျက်လက်လက် ရှိမနေခဲ့ပါ။ သူသည် တောင်တက်လမ်းအတိုင်း တက်သွားရင်း ကျောက်တုံးတစ်တုံးအား နင်းမိမလို ဖြစ်သွားခဲ့သည်။ သူသည် ပြတင်းပေါက် အနောက်ဘက်သို့ တိတ်တဆိတ် ပတ်သွားခဲ့သည်။
စစချင်း သူက ပြတင်းပေါက်ကိုမှီပြိး ခနလောက် နားထောင်နေတာ။ အပြင်ဘက်ကနေ လူတစ်ယောက်က ဟောက်နေတဲ့ အသံကို ကြားလိုက်ရတော့ ဒီအသံက ဒီဘက် တံခါးက မဟုတ်ဘူးဆိုတာ သူမ သိလိုက်သည်။
အဲ့တုန်းက မှောင်နေတော့ ဒါက အရှေ့လား အနောက်လားဆိုတာကို သူလည်း မမှတ်မိနိုင်တော့ဘူး။
ဒါပေမယ့် သူ့ဟောက်သံကို ကြားနေရတယ်ဆိုတာ သူလည်း သိနေခဲ့သည်။ အဲ့ဒါကြောင့် သူက အပြင်ဘက်က ပြတင်းပေါက် တစ်လျှောက်ကို တိတ်တိတ်လေး လမ်းလျှောက်လာခဲ့ပြီး ပထမ ပြတင်းပေါက်ရဲ့ တစ်ဖက်ခြမ်းမှာ လူတစ်ယောက် ရှိနေတာကို သူလည်း ခံစားလိုက်ရငည်။
အားလုံး သိကြတဲ့အတိုင်း ခြေသံတွေ ကြားလိုက်ကတည်းက အပြင်မှာ တစ်ယောက်ယောက် ရှိနေတာကို ဝမ့်ရင်းက သိနှင့်ပြီးသား ဖြစ်သည်။ သူမတွင် အလွန်ကောင်းသော အကြားအာရုံမျိုး ရှိနေခဲ့သည်။ ထိုခြေသံများက ဝမ့်ယုံရွှင်းထံ ဦးတည်နေခဲ့သည်ကို သူမ ကြားခဲ့ရပြီး တကယ်ရော အဲ့ဒါက ဝမ့်ယုံရွှင်းတို့ လင်မယားထံ ဦးတည်နေတာလား ဆိုတာကို သူမ သိချင်နေခဲ့သည်။
ဒါပေမယ့် တစ်ဖက်လူက မထိသင့်တဲ့ အရာကို သွားထိပြီး ခနလောက် ပြန်လှည့်သွားလိမ့်မယ်လို့ ငါမထင်ထားခဲ့ပေ။
ဝမ့်ရင်းသည် အိမ်ရာမှ သာသာလေးထကာ တုတ်တစ်ချောင်းကို ကောက်ယူခဲ့သည်။
သူမသည် ဒီလိုအရာများကို ကာကွယ်ဖို့အတွက် တောင်ပေါ်က သစ်ချောင်းများနှင့် ထိုတုတ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဝမ့်ရင်းသည် မကောင်းတာ တစ်ခုခုကို ခံစားနေခဲ့ရသည်။ ရှုရွှမ်းသည် ဝမ့်ယုံရွှင်းတို့ လင်မယားနှင့် အခြေအတင် ဖြစ်ခဲ့ပြီး သူက ကူညီဖို့ကို ငြင်းဆန်ခဲ့သည်။ အခြားသူများ၏ မျက်လုံးထဲတွင် သူမသည် ဝမ့်ယုံရွှင်းတို့လက်ထဲက လွတ်သွားပြီဟု ထင်နေခဲ့ကြသည်။
သူတို့သည် အချိန်အတော်ကြာ ပြိုလဲခဲ့ကြသော်လည်း အရင်က အနေအထားအချို့ကိုတော့ ထိန်းထားဆဲ ဖြစ်သည်။ ဒီတစ်ကြိမ် သူသာ ပြဿနာတစ်ခုခု ကြုံခဲ့ရပါက သူသည် ဝမ့်ယုံရွှင်းဘက်က ရပ်တည်ပေးတော့မည် မဟုတ်ပါ။ ထို့ကြောင့် သူမသည် ထုံးစံအတိုင်း ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
You are reading the story above: TeenFic.Net