2

Background color
Font
Font size
Line height

ငါ့နားမှာပဲနေပေးပါ!ဒါ အမိန့်ပဲ


ကျောယိချန်ဟာ မီးခဲ တကျစ်ကျစ်မြည်သံ ဆေးဖက်ဝင်အပင်တို့ရဲ့ အနံ့တို့ကြောင့် နိုးလာခဲ့တယ် ။ သူ့ကိုယ်ဟာ လေးလံနေပြီး သူ့ခိုင်းစေမှုကို နားမထောင်နိုင် ။ နတ်ဆေးဆရာမရဲ့ တဲထဲက မှိန်ဖျော့ဖျော့ အလင်းရောင်လေးနဲ့အသားကျအောင် ကျင့်ယူလိုက်တယ် ။ မှုန်ဝါးဝါးမှတ်ဥာဏ်တို့က ဝိုးတဝါးပေါ်လာခဲ့တယ် ။
နှင်းတွေ ၊ သူ့အရေပြားကို ကိုက်နေတဲ့ ချမ်းအေးမှုတွေ ၊ မောပန်းနေတဲ့ ဒဏ်တွေ ၊ နောက်ပြီး အထူးခြားဆုံးက ရနံ့တစ်ခု ။


ထိုအနံ့က ဒီအနားမှာ တည်နေတဲ့ ဆေးပြုတ်ရည် ရနံ့နဲ့ မတူဘူး ။ ကွဲပြားတယ် ။ မြေသင်းနံ့လိုမျိုး စိုစိုစွတ်စွတ်အနံ့ ဥပမာ တောအုပ်ထဲ မိုးရွာထားသလို ရနံ့မျိုးပင် ။ ထိုရနံ့က သူ့အား ရင်းနှီးတဲ့ လုံခြုံမှုနဲ့ နွေးထွေးမှုကို ယူဆောင်လာပေးခဲ့တယ် ။ သူ့အတွေးထဲ ထိုပုံရိပ်များက တဝဲဝဲလည်နေသည် ။

နတ်ဆေးဆရာမက သူ့နားကို ချဥ်းကပ်လာခဲ့တယ် ။ သူမခြေသံမှာ ညင်သာပြီး တည်ငြိမ်လှတယ် ။


''နိုးပြီပေါ့ ''
သူမက စွတ်ပြုတ်ပန်းကန်ကို အိပ်ယာဘေးနားချပြီး ပြောလာခဲ့တယ် ။ သူမအသံမှာ မနုညံ့သလို ကြမ်းတမ်းခြင်းလည်းမရှိ ။


'' မင်း သတိလစ်နေတာ နှစ်ရက်ရှိပြီ ''

ကျောယိချန်က အားမရှိတဲ့ ကြွက်သားတွေကို အတင်းဆွဲ ရုန်းကာထ,လိုက်တယ် ။


''ဘယ်လို..''
သူ့အသံဝင်နေသော​ကြောင့် လေတိုးသံလေးအတိုင်းပဲ ထွက်လာတယ် ။
''ကျွန်တော် ဒီကို ဘယ်လိုရောက်လာတာလဲ? ''
သူဟာ ဗုဒ္ဓပင်အောက်၌ စောင့်နေတာကိုသာ မှတ်မိပြီး နောက်ပိုင်း ဘာဖြစ်သွားလဲ သူမမှတ်မိချေ ။

နတ်ဆေးဆရာမက သူ့ကို ကြင်ကြင်နာနာ ကြည့်လာပြီး သူမလက်များက ဆေးဖက်ဝင်အပင်တွေကို အစီအရီလုပ်ရင်း အလုပ်ရှုပ်နေခဲ့တယ် ။

''သစ်မိစ္ဆာတစ်ကောင် ခေါ်လာတာ ''
သူမက တုံးတိသာ ​ပြောလာခဲ့တယ် ။

ကျောယိချန်မှာ ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်သွားပြီး
''သစ်...မိစ္ဆာ...?''

သူမက အလုပ်သာလုပ်ရင်း မော့မကြည့်ဘဲ ခေါင်းငြိမ့်ပြလိုက်တယ် ။
''အင်း...ညသန်းခေါင်ကြီး ရောက်လာတာ ၊ မင်းကိုလည်း အဖိုးတန်ရတနာတစ်ခုလို ပွေ့ဖက်ပြီး သယ်လာခဲ့တာ ၊ ငါ မင်းကို ဆေးကုပေးတာ မသေချာမချင်း ပစ်မထားသွားဘူး ''


''သစ်မိစ္ဆာ....''
ကျောယိချန်က တိုးတိုးလေးဆိုရင်း စိတ်ထဲက သူရခဲ့တဲ့ ရနံ့နဲ့ မှတ်ဥာဏ်တွေကို မှတ်မိအောင် ပုံဖော်နေခဲ့တယ် ။ သူခံစားခဲ့ရတဲ့ အနွေးဓာတ်နဲ့ ရနံ့သင်းသင်းလေးတို့က မိစ္ဆာမဖြစ်နိုင်ဘူးဟုသာ ထင်နေခဲ့တယ် ။ မိစ္ဆာတွေဆိုတာ အကြင်နာတရားမရှိတဲ့ ကြမ်းတမ်းသော သတ္တဝါတွေမဟုတ်လား ။ သူတို့က လူသားတွေကို ဂရုစိုက်မှာမဟုတ်သလို ကယ်တင်ပေးမည်လည်းမဟုတ် ။


''ကျွန်တော် နားမလည်တော့ဘူး ''
ကျောယိချန်က ခေါင်းလေးယမ်းကာ ပြောလိုက်တယ် ။


နတ်ဆေးဆရာမက နောက်ဆုံး သူ့ဘက်ကို လှည့်ကြည့်လာခဲ့တယ် ။ သူမရဲ့ စူးရှတဲ့ မျက်လုံးတွေနဲ့ ကျောယိချန်အား ကြည့်နေခဲ့တယ် ။
''မိစ္ဆာတွေအကုန်လုံးက မင်း ထင်နေသလိုမဟုတ်ဘူး သခင်လေးရဲ့.. ခုတစ်ယောက်...သူက ထူးခြားတယ် ။ ငါ မင်းကို အချိန်မှီကယ်နိုင်ခဲ့တာက မင်းခန္ဓာကိုယ်ကို သူ့ရဲ့ Neili အစွမ်းနဲ့ နွေးအောင် လုပ်ထားပေးခဲ့လို့ပဲ ။ မဟုတ်ရင် မင်း ခဲပြီး သေသွားလောက်ပြီ ။ အဲ့မိစ္ဆာက သူ နှစ်အတေယ်လေး ကျင့်ကြံခဲ့တဲ့ အစွမ်းတွေ ဆုံးရှုံးလိုက်ရတယ် ''
သူမရဲ့ အကြည့်တွေဟာ နူညံ့နေခဲ့တယ် ။

''သူ တစ်ညလုံး မင်းဘေးနားမှာ ထိုင်စောင့်နေခဲ့တာ ၊ နောက်နေ့မနက် သူ့အကြောင်းမေးမယ်လုပ်တော့ သူ ပျောက်သွားခဲ့ပြီ ''

ကျောယိချန်ဟာ ထိုမိစ္ဆာက ဘာအတွက် သူ့ကြောင့်နဲ့ ဒိလောက်ထိပေးဆပ်ခဲ့သလဲဆိုတာ အံ့ဩရုံပဲ တတ်နိုင်ခဲ့တယ် ။

ရက်နည်းနည်းကြာတော့ သူဟာ လမ်းပြန်လျှောက် နိုင်ခဲ့ပြီ ။ ထို့ကြောင့် သူ့အိမ်တော်ဆီ ပြန်လာခဲ့တယ် ။ သူ့ကို ဆီးကြိုနေတဲ့ မြင်ကွင်းက ရင်းနှီးနေပြီး နေသားမကျသေးသလို ခံစားချက်နှစ်မျိုးလုံးကို ခံစားလိုက်ရတယ် ။ အနက်ရောင် ဗုဒ္ဓသစ်ပင်ဟာ နေမြဲအတိုင်းရှိနေပြီး သူ့အကိုင်းအခက်များက မိုးထိအောင် တက်နေခဲ့တယ် ။ သို့သော် ခုမှာ အဆီအနှစ်များ ကုန်ခမ်းသွားသကဲ့သို့ အရွက်များမှာကျိုးတိုးကျဲတဲဖြင့် ရင်ပြင်ပေါ်မှာ သစ်ရွက်များ ပြန့်ကြဲနေခဲ့တယ် ။


သူ့ ခြေလှမ်းတို့ တုံ့ဆိုင်းနေပြီး သစ်ပင်ဆီ တဖြည်းဖြည်း တိုးကပ်သွားတယ် ။ သူ့လက်ချောင်းလေးတွေက ကြမ်းတမ်းတဲ့ သစ်ပင် ပင်စည်ရဲ့ အကြောအမြောင်းလေးတွေကို ပွတ်တိုက်နေခဲ့တယ် ။ အနံ့မပြင်းတဲ့ သင်းပျံ့သော သစ်ပင်ရနံ့က သူ့အာရုံထဲ ကျန်ရှိနေသေးတယ် ။ ထိုညက သူခံစားက ခံစားခဲ့ရတဲ့ ကမ္ဘာကြီးလို နွေးထွေးမှုဆိုတာကို အမှတ်မမှားနိုင် ။


''ခင်ဗျား ကျွန်တော့်ကို ကယ်ခဲ့တာမလား ''
သူ လေသံတိုးတိုးလေးဖြင့် ပြောလိုက်တယ် ။

''နတ်ဆေးဆရာမက သစ်မိစ္ဆာတစ်ကောင်လို့ပြောတယ်...ဒါမယ့် ဖြစ်နိုင်တာဆိုလို့ ခင်ဗျားပဲ ရှိတာလေ ၊ ကျွန်တော် အဲ့ညက ဒီမှာ မေ့လဲသွားခဲ့တာ ''
သစ်ပင်က ပြန်ဖြေလိမ့်မှာ မဟုတ်ဘူးလေ ။ သို့တိုင် သူဟာ အကိုင်းတွေအောက် ရပ်ရင်း စကားနဲ့ ရှင်းပြလို့မရတဲ့ စိတ်ငြိမ်မှုမျိုး ခံစားခဲ့ရတယ် ။ သစ်ပင်အိုကြီးက သူ့အား နှစ်သိမ့်ပေးနေသကဲ့သို့ပင် ။


''ခင်ဗျား ဘာလို့ ဒီလိုလုပ်လဲ ကျွန်တော် မသိဘူး ''
သူက သစ်ပင် ပင်စည်ကို ထိတွေ့ရင်းနှင့်ပင် ဆိုလိုက်တယ် ။
''ဒါပေမယ့်...ကျွန်တော် ကျေးဇူးတင်ပါတယ် ''


သူ ခံစားချက်တွေကို စကားလုံးတွေအဖြစ် ထုတ်ပြောလိုက်တဲ့အခါ မလုံလောက်သလို ခံစားရတယ် ။ ကလေးဘဝမှ ခုထက်ထိ သူဟာ ထိုသစ်ပင်ကို နာရီပေါင်းများစွာ စကားတွေ ပြောပြီး ခံစားချက်များကို ရင်ဖွင့်ခဲ့တယ် ။ အတွေးတွေကို ပြောပြတတ်တယ် ။ ဒီနေရာဟာ အိမ်နဲ့တူတဲ့ နေရာဟု ခံစားရတယ် ။


ရာသီတွေ တစ်လီပြီးတစ်လီ ကူးပြောင်းသွားတာနှင့်အမျှ ကျောယိချန်ရဲ့ ပူဆွေးသောကတွေဟာလည်း ဖြေရှင်းဖို့ရာ မာကျောသွားခဲ့ပြီ ။ သူဟာ လေ့ကျင့်ရေးတွင်ဟာ နှစ်မြှုပ်ထားပြီး တိမ်လွှာအလင်းဓားနှင့် တစ်ထပ်တည်းကျအောင် စွဲစွဲလမ်းလမ်းလေ့ကျင့်ခဲ့တယ် ။ ဓား တစ်ချက်စီတိုင်းက သူ့မိသားစု ရက်စက်စွာ သေဆုံးခဲ့ခြင်းအတွက် ၊ အရာအားလုံးထက် သိပ်ချစ်ရတဲ့ သူ့အစ်ကိုအား ဆုံးရှုံးလိုက်ရခြင်းအတွက် ရည်ရွယ်လေ့ကျင့်ခဲ့တယ် ။ သူ့ အရည်အချင်းဟာလည်း လျင်မြန်စွာ တိုးတက်လာခဲ့ပြီးနောက် သူဟာ မိစ္ဆာနှိမ်နင်းရေးဌာနသို့ ဝင်သွားခဲ့တယ် ။ 


သို့ပေမယ့် သူ ဘယ်လောက်ပဲ တိုးတက်လာလာ ၊ ဘယ်လို အောင်မြင်မှုကြီးပဲ ရရ ထိုညကိုတော့ မမေ့နိုင်သေး ။ သူ့အား ကယ်ခဲ့တဲ့ အဖြစ်အပျက်မှတ်ဥာဏ်လေးက သူ့နောက်လိုက်ပါလာခဲ့တယ် ။ သစ်တောရဲ့ ရနံ့တို့က သူ့စိတ်ထဲ စွဲနေလေတယ် ။ အချိန်ရရင် သူ အနက်ရောင် ဗုဒ္ဓသစ်ပင်သွားပြီး ထိုင်ကာ တိတ်ဆိတ်အေးချမ်းမှုကို ခံစားလေ့ရှိတယ် ။


တစ်ခါတရံ တိတ်ဆိတ်သော ညတွေ၌ လူတစ်ယောက်က သူ့အား စောင့်ကြည့်နေသလို ခံစားမိတယ် ။ တိတ်ဆိတ်ပေမယ့် အေးချမ်းတဲ့ အရိပ်လေးက သူ့အား မထွက်သွားချင်အောင် ဆွဲထားနေသလိုပင် ။

.......

၈ နှစ်ကြာပြီးနောက်....မိစ္ဆာနှိမ်နင်းရေးဌာန၌


ကျောယိချန်ဟာ အဖွဲ့ခေါင်းဆောင် တပ်မှူးတစ်ဦး ဖြစ်လာခဲ့ပြီ ။ အလျော့မပေးတတ်သော ဇွဲရဲ့ ပြဿနာရဲ့ အဖြေရှာတော်တဲ့သူ ဟု နာမည်ကြီးလာခဲ့တယ် ။ သက်တူရွယ်တူတွေရဲ့ လေးစားမြတ်နိုးခြင်း ခံရသည့်တိုင် သူ့ အစိတ်အပိုင်းတစ်ခုဟာ လစ်ဟာနေဆဲပင် ။ အမည်မတပ်နိုင်တဲ့ အစိတ်အပိုင်းတစ်ခု... ။


သူ့ကို ပထမဆုံး တွေ့လိုက်ရချိန်က တပ်သားသစ်စုဆောင်းရေးအချိန်တွင် ဖြစ်သည် ။


တပ်သားသစ်တွေကြား ပခုံးပေါ် ရေတံခွန်သဖွယ် ဖြာကျနေသော ပိတုန်းရောင် ဆံနွယ်တွေနဲ့သူ ရှိနေခဲ့တယ် ။ အနက်ရောင် ဝတ်ရုံက အရိပ်နဲ့ပင် ရောနှောနေသကဲ့သို့ပင် ။ တစ်စုံတစ်ခုသော အကြောင်းပြချင်နဲ့ ထိုသူဟာ ကျောယိချန်ရဲ့ အာရုံကို ဖမ်းစားသွားခဲ့တယ် ။ သူ့သွင်ပြင်ဟာ တည်ငြိမ်ပေမယ့် ဩဇာညောင်းသည့် ပုံစံမျိုး ၊ သူ့ အကြည့်တွေဟာ စူးရှပေမယ့် ဖတ်လို့မရသည့် အကြည့်မျိုးပင် ။


''နာမည်ဘယ်လိုခေါ်လဲ ?''
ကျောယိချန်က တည်ငြိမ်သော လေသံဖြင့် မေးလိုက်တယ် ။


''လီလွင် ''
ထိုသူက ခါးအနည်းငယ် ညွှတ်ကိုင်းပြီး ပြန်ဖြေခဲ့တယ် ။


ကျောယိချန်က သူ့အားလေ့လာကြည့်လိုက်တယ် ။ အမျိုးအမည်မသိ ခံစားချက်မျိုး သူခံစားခဲ့ဏတယ် ။ ဒီလူနဲ့ တစ်စုံတစ်ခု ရင်းရင်းနှီးနှီး သိနေသလိုမျိုးပင် ။ သူ့ဆီက ရနံ့က သူ စိတ်ထဲစွဲနေတဲ့ ရနံနဲ့ တူနေခဲ့တယ် ။ မြေသင်းနံ့ ၊ မိုးရွာပြီးနောက် သစ်တောထဲ သင်းနေတဲ့ သစ်ရွက်နံ့ ။


သူ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိတယ် ။
'' ငါတို့ အရင်က ဆုံဖူးလား? ''


လီလွင် နှုတ်ခမ်းတို့ ပြုံးမယောင် ကွေးတက်သွားခဲ့တယ် ။
'' ဆုံဖူးချင် ဆုံဖူးမှာပဲ... အရင်ဘဝကလေ ''


ကျောယိချန် နဖူးတို့ တွန့်ချိုးသွားပေမယ့် ဘာမှ ထပ်မပြောခဲ့ ။ တပ်သားသစ်တွေရဲ့ ပထမဆုံး လေ့ကျင့်ကွင်းဆင်းတာကိုပဲ အာရုံပြန်စိုက်လိုက်တယ် ။ ဒီရနံ့ သူ အမှတ်မှားတာ မဟုတ်ဘူး ။ လွန်ခဲ့တဲ့ နှစ်များတုန်းက သူ့အား ကယ်တင်ပေးခဲ့သူရဲ့ ရနံ့ပဲ ။


ရက်သတ္တပတ်တွေကုန်လွန်သွားပြီးနောက် သူဟာ လီလွင်ကို အနီကပ် စောင့်ကြည့်နေမှန်း သူ့ကိုယ်သူ သတိထားမိလိုက်တယ် ။ ထိုသူဟာ အရည်အချင်းရှိပြီး လှုပ်ရှားမှုတိုင်းက တိကျမှန်ကန်တယ် ။ သူ့ရဲ့ အရိပ်လိုလို ပုံသဏ္ဍာန်က ကျောယိချန်အား အံ့အားသင့်စေခဲ့တယ် ။


ကျောယိချန် စကားစ.မပြောမချင်း ထိုညနေလေးဟာ တိတ်ဆိတ်နေခဲ့တယ် ။

'' ခင်ဗျားက ထူးခြားတာပဲ ''
ကျောယိချန် တိုးတိုးလေးပြောလိုက်တယ် ။


လီလွင်က သူ့အား ကြည့်လာခဲ့တယ် ။ နက်မှောင်နေသော သူ့မျက်လုံးတို့ဟာ တည်ငြိမ်နေခဲ့တယ် ။


''ဘယ်လိုထူးခြားတာလဲ ''


ကျောယိချန်ဟာ စကားလုံးတို့ လည်ချောင်းဝတွင် တစ်နေသလို တုန့်ဆိုင်းသွားခဲ့တယ် ။

''ခင်ဗျားက ... တစ်စုံတစ်ယောက်ကို အမှတ်ရစေတယ် ''


လီလွင်ရဲ့ အမူအရာက မပြောင်းလဲဘဲ ရှိနေပေမယ့် သူ့အကြည့်တို့ဟာ နူညံ့သွားခဲ့တယ် ။

'' ငါက မင်း မှတ်ဥာဏ်ထဲ ကျန်နေသေးလို့နေမှာ ''
ကျောယိချန် မျက်မှောင်ကြုံ့သွားပြီး သူ ပြန်မပြောလိုက်ခင်မှာပဲ လီလွင်က တစ်ဘက်လှည့်ကာ ထွက်သွားလေပြီ ။ သူ့ရဲ့ အနက်ရောင် ဝတ်ရုံမှာ သူ့နောက်တွင် အရိပ်သဖွယ် လိုက်ပါသွားလေသည် ။ နှစ်တွေအများကြီးကြာမှ ပထမဆုံးအကြိမ်အဖြစ် သူဟာ အမြင့်တစ်နေရာက အစွန်းတစ်ခုမှာ ဂပ်နေရသလို ခံစားလိုက်ရတယ် ။


သို့သော် အောက်အနက်ထဲတွင် အမှန်တရားက နီးကပ်လာပြီဆိုတာ အတပ်သိလိုက်တယ် ။

....


တောထဲ၌ မိစ္ဆာအော်သံ ၊ ဓားချင်း တိုက်ခိုက်သံ၊ ရဲမက်တို့ရဲ့ အသက်လု အသက်ရှူသံများဖြင့် အသက်ဝင်လှုပ်ရှားနေတယ် ။ ကျောယိချန်က တိုက်ပွဲအလယ်တွင် ရပ်နေပြီး တိမ်လွှာအလင်းဓားဟာ အမှောင်ထဲတွင် တောက်ပနေသည် ။ အနှစ်နှစ်အလလ လေ့ကျင့်မှုတွေကြောင့် သူ့လှုပ်ရှားမှုများဟာ တိကျပြတ်သားနေသည် ။ မိစ္ဆာများမှာ ဘယ်လောက်ပဲ လဲကျသေဆုံးနေပါစေ ကျန်နေသော အကောင်များမှာ အငြိုးတွေနဲ့ ပြည့်နှက်နေခဲ့တယ် ။


''သူတို့ကို ချုပ်ထား ''
ကျောယိချန်က ဆူညံသံများကို လွှမ်းအောင် အော်ကာ အဖွဲ့သားတွေကို အမိန့်ပေးလိုက်တယ် ။


'' သူတို့ကို စည်းမဖောက်စေနဲ့ ''


ရုတ်ရုတ်သဲသဲတွေကြား ကျန်တဲ့သူတွေထက် ပိုကြီးတဲ့ နတ်ဆိုးတစ်ကောင်ဟာ ကျန်သူများကို တွန်းတိုက် ဖောက်ထွက်လာပြီး Zhuo Yichen ဆီကို ခုန်အုပ်ဖို့ ပြင်တယ် ။ သူ့ရဲ့ လက်သည်းတွေ တလက်လက် တောက်ပနေတယ်။ Zhuo Yichen က သူ့ဓားနဲ့ ကာကွယ်ဖို့ ကြိုးစားခဲ့ပေမယ့် သတ္တဝါက သူ့ကို တိုက်ခိုက်လာခဲ့တယ်။ တိုက်ခိုက်မှုရဲ့အားကြောင့် သူ လဲကျသွားပြီး Yunguang ဓားဟာ လက်ထဲက ထွက်ကျသွားတယ်။

ကြောက်စရာအခိုက်အတန့်ဆိုတာကို ခဏလေးအတွင်း  Zhuo Yichen ဟာ ခံစားလိုက်ရတယ် ။  နတ်ဆိုးဟာ နောက်ပြန်လှည့်ပြီး သူ့လက်သည်းတွေကို ထိုးဖို့ ပြင်ဆင်နေတယ်။

ထို့နောက်တွင် အနက်ရောင်ဝတ်ရုံစများ လေထဲမှာ လွင့်မျောလာခဲ့ပြီး လီလွင် ရောက်ရှိလာခဲ့တယ် ။

"ခေါင်းဆောင် '' လီလွင် ရဲ့ အသံဟာ ထွက်ပေါ်လာတယ်။ သူဟာ ကျောယိချန် နဲ့ နတ်ဆိုးအကြားကို ခုန်ဝင်ပြီး သူ့ဓားဖြင့် မိစ္ဆာကို ထိုးကာ ကျောယိချန်ကို ကာကွယ်လိုက်တယ် ။ မိစ္ဆာဟာ ဟစ်ကြွေးပြီး သူ့ရဲ့လက်သည်းတွေက Li Lun ရဲ့ ဘေးကို ပွတ်ခတ်သွားတယ်။ သူ့ရဲ့ဓားကို မိစ္ဆာရဲ့ ရင်ဘတ်ထဲကို ထိုးချလိုက်တယ်။
မိစ္တာကြီးဟာ နောက်ဆုံး တစ်ချက် ကျယ်လောင်စွာ ဟစ်ကြွေးပြီးမှ ပြိုကျသွားပြီး သူ့ရဲ့ခန္ဓာကိုယ်ဟာ ပြာမှုန်ဖြစ်သွားတယ်။ ဒါပေမယ့် လီလွင်ဟာ ဒဏ်ရာရသွားခဲ့ပြီ ။ သူ လဲကျသွားပြီး သူ့ဘးလက်မောင်းမှ ဒဏ်ရာကနေ သွေးတွေ စီးကျနေတယ်။ သူ့ရဲ့ အနက်ရောင်ဝတ်ထည်တွေကို အညစ်အကြေးတွေ စွန်းထွက်နေတယ်။

"လီလွင်! " ကျောယိချန် ဟာ အော်ဟစ်ပြီး သူ့ကို ထူဖို့ ပြေးသွားတယ်။ သူဟာ ဒူးထောက်ကျသွားပြီး သူ့လက်ထဲက တုန်ယင်နေတဲ့ လီလွင်ရဲ့ခန္ဓာကိုယ်ကို ထိန်းထားခဲ့​တယ်။

လီလွင် မှာ အသက်ရှူနှုန်း ​နှေးနေပြီး သူ့ရဲ့မျက်နှာဟာ ဖြူဖျော့နေတယ်။ သူ့ရဲ့ မဟူရာမျက်လုံးတိူ့နဲ့ ကျောယိချန်အား အားယူကြည့်လာခဲ့တယ် ။

"ကျောယိချန်... ငါ ကျိန်ဆိုခဲ့ပြီးသား မင်းအနားမှာပဲ နေမယ်ဆိုပြီး" လီလွင် ဟာ တိုးတိုးလေး ပြောလိုက်တယ်။ "ငါ မင်းကို စောင့်ရှောက်သွားမယ် ''

ကျောယိချန် ဟာ ငေးငိုင်နေပြီး သူ့ရဲ့နှလုံးသားဟာ တုန်လှုပ်နေတယ်။ အဲဒီစကားတွေက သူ့ရဲ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ထိခိုက်စေတယ်။ သူ့မမေ့နိုင်တဲ့ အမှတ်တရတစ်ခု။ သူ သေဆုံးဖို့လုနီးပါးဖြစ်ခဲ့တဲ့ ညမှာ သူဟာ အဲဒီစကားတွေကို ကြားဖူးခဲ့တယ်။

"လီလွင် ဘာလို့  ဒီလို လုပ်ရတာလဲ?" ကျောယိချန် ဟာ ခပ်ဖွဖွဆိုလိုက်တယ် ။ လီလွင် ရဲ့ ပခုံးတွေကို သူ တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့တယ် ။

လီလွင် ရဲ့ နှုတ်ခမ်းက အပြုံးရေးရေးလေးဟာ ကွယ်ပျောက်သွားခဲ့တယ် ။
"ငါ မင်းကို သေခွင့် မပေးနိုင်ဘူး ၊ မင်း မသေရဘူး... ခုကစပြီး မင်းကို ပြိုလဲခွင့် မပေးတော့ဘူး ''

သူ့ရဲ့ မျက်လုံးတွေဟာ ပိတ်သွားပြီး သူ့ရဲ့ခန္ဓာကိုယ်ဟာ ကျောယိချန် ရဲ့ လက်ထဲမှာ ငြိမ်သက်သွားတော့တယ် ။

"လီလွင် !"
ကျောယိချန် ဟာ လီလွင်ကို ကိုင်လှုပ်ရင်း အော်ဟစ်လိုက်တယ် ။ သူ့ရဲ့ ရင်ဘတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ လှိုက်တက်လာခဲ့တယ်။ သူဟာ သူ့လက်ကို ဒဏ်ရာကို ဖိထားပြီး သွေးထွက်တာကို ရပ်တန့်ဖို့ ကြိုးစားနေတယ်။

**" ငါနားမှာပဲ နေပေးပါ ၊ ဒါ အမိန့်ပဲ !"

သို့သော် လီလွင်မှာ က တုံ့ပြန်မှုမရှိ ။ လီလွင်ရဲ့ အသက်ရှုသံတွေဟာ တဖြည်းဖြည်း ​မှေးမှိန်သွားပြီး ခန္ဓာကိုယ်မှာ အေးစက်သွားခဲ့တယ် ။


You are reading the story above: TeenFic.Net