1-2

Background color
Font
Font size
Line height

မကြာသေးမီလများအတွင်း အိမ်တော်ခြံဝင်းသည် ပုံမှန်မဟုတ်သလို တိတ်ဆိတ်သွားခဲ့သည်။ Zhuo Yichen ၏ ကျစ်ဆံမြီးတွင် ဆင်ထားသော ခေါင်းလောင်းသံများ မှိန်ဖျော့သွားသည်မှာ ကြာခဲ့ပြီ ။ တစ်ချိန်က အနက်ရောင် ဗုဒ္ဓသစ်ပင်အား အသက်ဝင်အောင် လုပ်ပေးဖူးတဲ့ ကောင်လေးသည် ယခုအခါ တိတ်ဆိတ်စွာ ထိုင်နေသည် ။ သေးငယ်သော လက်မောင်းများက နှစ်သိမ့်မှုကို ရှာဖွေနေသကဲ့သို့ ၎င်း၏ပင်စည်ကို ရစ်ပတ်ထားသည်။ ကောင်လေးဟာ ခြံဝင်းတံခါးကို စိုက်ကြည့်ရင်း နာရီပေါင်းများစွာ နေလာခဲ့တယ် ။ သူ့မျက်လုံးတွေအောက်တွင် အညိုရောင်အကွင်းများရှိနေပြီး မျက်ရည်စတို့က ခြောက်သွေ့နေလေသည် ။

Li Lun သည် အရာအားလုံးကို ကြည့်နေခဲ့ပြီး သူ့နှလုံးသား နာကျင်လာရသည်။ Zhuo Yichen တဖြည်းဖြည်း ဖြူဖပ်ဖြူရော်ဖြစ်လာပြီး ပိန်လာတယ်ဆိုတာကို သူမြင်နေရသည် ။ ကောင်လေးက သူ့ခန္ဓာကိုယ်သည် ကမ္ဘာမှ လုံးဝကွယ်ပျောက်ရန် ကြိုးပမ်းနေသကဲ့သို့ ဖြစ်သလို နေနေခဲ့သည် ။ ကောင်လေးက တစ်ချိန်က သူ အခင်ဆုံးဖြစ်ခဲ့တဲ့ သစ်ပင်ကိုတောင် စကားသိပ်မပြောတော့ဘူး။ သူ့အစ်ကိုက ဂိတ်ပေါက်ကနေ တစ်နည်းနည်းဖြင့် ပြန်လာမလားဆိုတာကိုပဲ ​မျှော်နေခဲ့တယ် ။

"မင်း ကိုယ့်ကိုကိုယ် နာကျင်အောင် လုပ်နေတာပဲ ရှောင်ကျော် " LiLun တွေးပြီး သူ့နှလုံးသားက လေးလံနေသည်။

"မင်း ဘယ်လောက်များ ခံနိုင်ရည်ရှိမှာမို့လဲ?''

နှင်းမုန်တိုင်းသည် ခါးသီးသောအေးစက်မှုနှင့်အတူ ရောက်ရှိလာခဲ့သည် ။ Zhuo အိမ်တော်ဝင်းတွင် ရာစုနှစ်တစ်ခုကြာနေထိုင်ခဲ့သည့် Li Lun ဟာ ဆောင်းရာသီရဲ့ အအေးဆုံးဒဏ်ကို ခံစားခဲ့ဖူးသည်။ ကြယ်လေးတွေက ဝေးကွာပြီး ခံစားချက်ကင်းမဲ့ပုံပေါက်တဲ့ ညတစ်ည၊ သူတို့ရဲ့ အအေးဓာတ်နဲ့ မြုံနေတဲ့ ညတစ်ညပါပဲ။ Zhuo Yichen သည် အစဥ်မပြတ် အနက်ရောင် ဗုဒ္ဓသစ်ပင်အောက်တွင် ထိုင်ကာ သူ၏လက်များကို ၎င်း၏ပင်စည်ကို ပွေ့ဖက်ထားသည်။ သူ၏ ပိန်လှီသော ခန္ဓာကိုယ်ဟာ ထိန်းချုပ်၍မရအောင် တုန်ယင်နေပြီး အေးခဲနေသော လေထုထဲတွင် သူရှူထုတ်လိုက်သော လေငွေ့တို့ကို မြင်နေရသည်။

လီလွန် တုန်လှုပ်သွားရသည် ။ ကောင်လေး၏ မျက်နှာသည် ဖြူဖျော့လာကာ နှုတ်ခမ်းများက ပြာငမ်းလာခဲ့သည် ။ အိပ်ပျော်နေလျှင် တည်ငြိမ်နေသော အသက်ရှူသည့်ပုံစံမျိုးမှာ တစ်ဖြည်ဖြည်းနှင့် တိုးညင်းလာခဲ့သည် ။ နာရီပေါင်းများစွာကြာပြီးသည့်နောက် Zhuo Yichen သည် မလှုပ်မယှက်ဖြစ်ပြီး နောက်ဆုံးတွင် အအေးဓာတ်က သူ့ကို လွှမ်းမိုးသွားသကဲ့သို့ သတိလစ်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

လီလွန်းသည် သူ့အပေါ်တွင် ထိတ်လန့်တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ သူ၏အကိုင်းအခက်များ တုန်ခါသွားကာ သူ၏ဝိညာဉ်က အော်ဟစ်လိုက်သည်။

"မဟုတ်ဘူး"
သူ့အသံ တုန်နေတယ်။ "ဒါကမဖြစ်နိုင်ဘူး။ ဒါ သူ့အတွက်ပြောတာမဟုတ်ဘူး ။ ငါ့သစ်ပင်အောက်မှာ မသေစေချင်လို့ ''

လီလွန်သည် အချိန်မတိုင်မီ လူသားပုံစံရရှိအောင် နှစ်အတော်ကြာအောင် စိတ်ရှည်သည်းခံလာခဲ့ပြီး အတားအဆီး မက်လုံးများကိုလည်း တွန်းခံလာခဲ့သည် ။ လူသားပုံစံရဖို့ရာ အလွန်ကိုမှ နီးစပ်နေပြီဖြစ်သည် ။ -တစ်နှစ်သာ လိုတော့သည် ၊ တစ်နှစ်ပြီးလျှင် သူ့အား အကျဥ်းချထားသည့်နေရာတစ်ဖြစ်လဲ ဒီမြင့်မြတ်တဲ့ သစ်ပင်ကြီးမှ လွတ်မြောက်တော့မည်။ ယခုမူ Zhuo Yichen ၏ နုနယ်ပြီး မလှုပ်ရှားတော့သော ခန္ဓာကိုယ်ကို ကြည့်ပြီး သူ မစောင့်နိုင်တော့ကြောင်း သဘောပေါက်လိုက်သည် ။

"ငါ မင်းကို မသေစေရဘူး" Li Lun က တိုးတိုးလေးပြောပြီး ပြတ်သားတဲ့ သူ့ရဲ့သန္နိဋ္ဌာန်ကို ပြောလိုက်တယ်။ "အရာအားလုံး စွန့်​လွှတ်​လိုက်​ရရင်တောင်​ မင်းကို သေခွင့်မပေးနိုင်ဘူး ''

Lilun ရဲ့ လူသားပုံစံဟာ သစ်ပင်ထဲမှ ရောင်စဥ်များဖြင့် ထွက်လာခဲ့တယ် ။ ရှည်လျားသော ဆံနွယ်တို့က ပခုံးပေါ် ရေတံခွန်ကဲ့သို့ ဖြာကျနေတယ် ။ သူ့ရဲ့ မဟူရာမျက်လုံးတို့မှာ အရေးတကြီးပုံစံပေါက်နေတယ် ။

ကောင်လေးကို အနီးကပ်မြင်ရလိုကဂတော့ Lilun ထင်သည်ထက် ပိုဆိုး​နေခဲ့သည် ။ Zhuo Yichen ၏ မျက်နှာသည် နှင်းများကဲ့သို့ ဖြူဖျော့နေပြီး သူ့နှုတ်ခမ်းများသည် ပုံမှန်မဟုတ် ပြာငမ်းနေသည် ။ သူ့ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ခါနေပြီး သူ့အသက်ရှုသံဟာ မသိသာတော့ပေ ။

"Zhuo Yichen" Li Lun က တိုးတိုးလေး ခေါ်လိုက်တယ် ။ ကောင်လေးရဲ့ မှိန်ဖျော့ဖျော့ ခန္ဓာကိုယ်ပေါ် ထိကိုင်ဖို့ ကြိုးစားနေတဲ့ သူ့လက်များက တုန်ရီနေသည်။

"မင်း တော်တော် ခံစားခဲ့ရပြီးပြီပဲ ''
Lilun ရဲ့ စိတ်မကောင်းဖြစ်စွာသောအသံတို့မှာ တုန်ယင်နေသည် ။
'' မင်း ဒီလောက်ထိ ခံစားဖို့ရာ မတန်ပါဘူးကွာ ''

Li Lun သည် Zhuo Yichen ၏ ရင်ဘတ်ပေါ်တွင် သူ့လက်ကို တင်လိုက်ပြီး သူ့အစွမ်းဖြင့် ကျော်ယိချန်အား နွေးထွေးအောင် လုပ်ပေးရန် မျက်လုံးမှတ်ကာ အာရုံစိုက်ထားလိုက်သည် ။ သူ၏ စွမ်းအင်သည် သူ့အား ဖြတ်သန်းစီးဆင်းသွားပြီး Zhuo Yichen ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားစေသည် ။ Lilun ဟာကျော်ယိချန် အသက်ဆက်ရှင်ရန် စိတ်အားထက်သန်စွာ ကြိုးပမ်းခဲ့သည်။ သူ့ရဲ့ မပြည့်စုံသေးတဲ့ ကျင့်ကြံခြင်းကြောင့် စွမ်းအားသုံးတဲ့အခါ မောပန်းနွမ်းနယ်လာခဲ့တယ် ။ ဒါပေမယ့် သူ ဂရုမစိုက်ဘူး။ ကောင်လေးကို ကယ်တင်နိုင်ဖို့ အကုန်ပေးဆပ်နိုင်တယ် ။

သူ့စွမ်းအားတစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာ သိလိုက်ရတော့ LiLun က Zhuo Yichen အား ကမ္ဘာ့အဖိုးအတန်ဆုံး ရတနာတစ်ခုလို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည် ။ ကောင်လေး၏ ခန္ဓာကိုယ်သည် ထိတ်လန့်စရာကောင်းလောက်အောင် ပေါ့ပါးနေပြီး ဝမ်းနည်းပူဆွေးမှုကြောင့် အစားမစားနိုင်ဖြစ်နေခဲ့တယ်ဆိုတာကို သက်သေပြနေခဲ့တယ် ။

Lilun ဟာ နှင်းတောထဲ မတ်တပ်ထရပ်လိုက်ပြီး စတင်ပြေးတော့သည် ။ အနီးဆုံး နတ်ဆေးဆရာမှာ ဒိနှင့် အလှမ်းဝေးပေမယ့် Lilun ဟာ ရှေ့ဆက်သွားခဲ့တယ် ။ နှင်းတောထဲ သူ့ခြေရာများ ထင်ကျန်နေပြီး သူ့ခြေဗလာကို နှင်းများ တိုက်စားနေသည် ။ သို့သော် Lilun မှာ ကျော်ယိချန်နွေးထွေးဖို့ရန်သာ အတတ်နိုင်ဆုံး အစွမ်းသုံးထားလေသည် ။

"ခဏလောက်တောင့်ထားဦး ''
"မင်းငါ့ကိုထားခဲ့လို့မရဘူး Yichen။ ဒီလိုပုံစံနဲ့ မဟုတ်ဘူး ''

ကောင်လေးက သူ့လက်ထဲ ငှက်မွေးလေးသဖွယ်ပါလာပြီး ခေါင်းမှာ Lilun ရင်ခွင်ထဲ ခိုဝင်နေသည် ။ သူ့အသက်ရှုသံက စိတ်သက်သာရာ ရစေသလို တစ်ဖက်တွင်လည်း မရေရာသလို ခံစားရသည် ။

နောက်ဆုံးတွင် လီလွန်သည် နတ်ဆေးဆရာ အိမ်သို့ ရောက်တဲ့အခါ သူသည်လည်း သူ့အတိုင်းအတာ ပြည့်လုနီးပါး ဖြစ်နေခဲ့သည် ။ သူ့ခြေထောက်များမှာ တုန်ယင်နေပြီး အသက်ရှူသံတို့မှာ ဟောဟဲလိုက်နေသည် ။ သူ့ရဲ့ လူသားပုံသဏ္ဍာန်မှာ ခဏအတွင်း ပျောက်ကွယ်သွားတော့မလို ဖြစ်နေခဲ့တယ် ။ သူဟာ ဒြပ်ရှိလောကကြီးနဲ့ အဆက်အသွယ်မပြတ်သွားအောင်လို့ စိတ်တင်းထားရုံပဲ တတ်နိုင်လေသည် ။

နတ်ဆေးဆရာက စူးရှတဲ့ မျက်လုံးတွေနဲ့ သက်ကြီးရွယ်အို အမျိုးသမီးကြီးပင် ။ ထိုသူက တံခါးကိုဖွင့်ကာ လီလွန်း၏ ရင်ခွင်ထဲတွင် သတိလစ်နေသော ကောင်လေးကို မြင်လိုက်ရသည်နှင့် ပင့်သက်ရှိုက်လိုက်လေသည် ။

"ကျေးဇူးပြုပြီး"
သူ့အသံဟာ ကွဲရှနေခဲ့သည် ။
"သူ့ကိုကူညီပါ။"

နတ်ဆေးဆရာက သူတို့ကို အတွင်းခန်းထဲ ခေါ်သွင်းပြီး ချက်ချင်း အလုပ်စလုပ်လိုက်တယ်။ Li Lun သည် Zhuo Yichen ကို စစ်ဆေးစဉ် စိတ်အားထက်သန်စွာ ကြည့်နေခဲ့သည် ။ နတ်ဆေးဆရာမ၏ အစွမ်းထက်သောလက်များမှ အရောင်များ တောက်ပနေသည် ။ Lilun ဟာ တစ်လျှောက်လုံး ကျော်ယိချန်ရဲ့ မှိန်ဖျော့ဖျော့ မျက်နှာလေးကိုသာ ကြည့်နေခဲ့တယ် ။

"မင်း သူ့အသက်ကို ကယ်လိုက်တာပဲ"
တစ်ဘဝစာလောက်ကြာပြီထင်ရတဲ့အချိန်ပြီးနောက်တွင် နတ်ဆေးဆရာမက ထိုသို့ ပြောလာခဲ့သည် ။ သူမက Lilun ကို မျက်လုံးမှေးကာ ကြည့်လိုက်တယ် ။

"ဒါပေမယ့် အများကြီး ပေးဆပ်လိုက်ရမယ်ထင်တယ် ''

Lilun က မတုံ့ပြန်။ သူပေးရတဲ့ဈေးကို ဂရုမစိုက်ဘူး။ အရေးကြီးတာက Zhuo Yichen အသက်ရှင်ဖို့ပင် ။

နေလုံးကြီးဟာ မိုးကုပ်စက်ဝိုင်းကို ဖြတ်ကျော်လာသည်နှင့် Zhuo Yichen ၏ အသက်ရှုသံသည် နောက်ဆုံးတွင် တည်ငြိမ်လာပြီး သူ့ပါးပြင်ဆီသို့ အရောင်များ ပြန်လည်ရောက်ရှိလာသည်။ Lilun ဟာ သူ့ဘေးတွင်ထိုင်နေပြီး သူ့လူသားပုံစံမှာ ဖျတ်ခနဲ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေခဲ့တယ် ။ Lilun က Zhuo Yichen ၏ မျက်နှာမှ ဆံနွယ်များကို သပ်တင်ပေးနေခဲ့တယ် ။

"မင်းငါ့ကို လန့်အောင်လုပ်လိုက်တာပဲ ''
လီလွန်က တိုးတိုးလေး ဆိုလိုက်တယ် ။ "အဲဒါ မင်းသိလား? မင်းအစ်ကို ဆုံးပြီးကတည်းက နေ့တိုင်း ငါ့ကို ရင်နာရအောင်လုပ်တယ် ။ မနေ့ညက မင်းကို တကယ်ပဲ ဆုံးရှုံးရပြီလို့ ထင်သွားခဲ့တာ ''

"မင်း ဒီလိုမျိုး မခံစား နေသင့်ဘူးလေ '' 
သူ Zhuo Yichen ၏ဆံပင်ရှိ ခေါင်းလောင်းများကို ထိကိုင်လိုက်တယ် ။ ငြိမ့်ညောင်းသော မြည်သံသည် ချိုမြမြ ခါးသက်သော အသံဖြစ်နေပြီး မကြာတော့သည့်အချိန်အတွင်း ဒီသံယောဇဥ်လေး ပျက်ပြယ်သွားတော့မည်ကို သတိရလိုက်တယ် ။

"လူတွေအများကြီး ခင်မင်ခြင်း ဝေးကွာခြင်းတွေကို ငါ ကြုံခဲ့ပြီးပြီ "

"ဒါပေမယ့် မင်း... မင်းက မတူဘူး။ မင်းက အမြဲတမ်း ထူးခြားနေခဲ့တာ ''

သူ့နားကို ငုံ့ကြည့်လိုက်တော့ သူ့အသံက ကြေကွဲသွားတယ်။ "ဖြစ်ပျက်ခဲ့တာတွေကို ငါ့မှာ ပြောင်းလဲနိုင်စွမ်းမရှိဘူး ။ ငါ သူတို့ကို ပြန်မခေါ်နိုင်ဘူး။ ဒါပေမယ့် Zhuo Yichen ၊ ငါမင်းနဲ့အတူနေမယ် ငါ ကျိန်ဆိုတယ် ။.ငါ မင်းကို ကာကွယ်ပေးသွားမယ် ''

အာရုဏ်ဦး၏ ပထမဆုံးအလင်းရောင် ပေါ်ထွက်လာသည်နှင့်အမျှ Lilun ပုံစံသည် မှိန်ဖျော့သွားကာ အနက်ရောင် ဗုဒ္ဓသစ်ပင်ဆီ ပြန်ရောက်လာခဲ့သည် ။ ဒါပေမယ့် သူ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တယ် ။ ထိုနေ့မှစ၍ သူသည် ကျော်ယိချန်ကို တိတ်တိတ်လေးပဲ စောင့်ကြည့်နေမည်မဟုတ် ။ ကျင့်ကြံခြင်းလမ်းစဥ်ဟာ ဘယ်လောက်ပဲ အန္တရာယ်များပါစေဦး Zhuo Yichen အတွက် အစောင့်အရှောက် (နတ်) ဖြစ်လာစေရမယ် ။


You are reading the story above: TeenFic.Net