Part 5 Started - 19.2.2025 9:05 PM
Unicode
ကျွန်းကန်သာရွာတွင် အိမ်တိုင်းအိမ်တိုင်း၌လှုပ်လှုပ်ရွရွများဖြစ်နေကြကာ နာမကျန်းသူတိုင်း၏မျက်နှာမှာ ခပ်ဖျော့ဖျော့နှင့်အင်မတန်အားအင်ချိနဲ့နေကြသည်။
သူကြီးကိုသက်လူ တစ်အိမ်ဆင်းတစ်အိမ်တက်လိုက်ကြည့်ရာတွင် အိမ်တိုင်းလိုလိုတွင် မိသားစုလုံးကျွတ်ဝမ်းရောဂါအားခံစားနေကြရသည်။
ကလေးများမှာအားအင်ချိနဲ့၍ ပြေးလွှားပင်မဆော့နိုင်ကြချေ။
ကိုယ်ဝန်သည်များနှင့်ကလေးငယ်၏မိခင်တို့မှာလည်း အင်အားချိနဲ့နေသဖြင့် မိမိရင်သွေးငယ်အားနို့မတိုက်နိုင်ကြရှာပေ။သက်ကြီးရွယ်အိုများမှာလည်း ခဏခဏ ဝမ်းသွားခြင်းကိုမခံနိုင်ကြသဖြင့်နုံးချိတုန်ယင်နေကြသည်။
ဝမ်းအပြင် သွေးဝမ်းပါပါလာသဖြင့် စိုးရိမ်စရာအခြေနေတစ်ခုအား ကျွန်းကန်သာရင်ဆိုင်နေရပါသည်။
အိမ်ထောင်ဦးစီးများလည်း ထိုဒဏ်အားခံစားနေရသဖြင့် မိမိအိမ်သူနှင့်ရင်သွေးငယ်များအားမစောင့်ရှောက်နိုင်ကြသေးချေ။
အိမ်ရှင်မများမှာလည်း ခင်ပွန်းသည်နှင့်ကလေးငယ်များအား ပြုစုချိန်တောင်မရပေ။
အိမ်တိုင်းအိမ်တိုင်းတွင် မိသားစုဝင်များအားလုံး ယင်လုံရေအိမ်သာများရှေ့တန်းစီနေကြသည်။
စိတ်မကောင်းစွာ အခြေနေကြီးအားရင်ဆိုင်နေကြသဖြင့် ရွာသူရွာသားအားလုံး မိမိတို့သူကြီးဖြစ်သူအား အားကိုးအားထားစွာကြည့်နေရပါသည်။ရွာထဲတွင် ထိုဝမ်းရောဂါအားမခံစားရသူတို့မှာ သူကြီးတို့အိမ်သားများအပါအဝင် အနည်းကျဉ်းသာရှိသေးသည်။
သို့ဖြစ်၍ တစ်ရွာလုံး၏အခြေနေအား သုံးသပ်ရန်သူကြီးနှင့်မိုးသောက်မှာ နေအိမ်သို့ပြန်ပြီးခေါင်းချင်းဆိုင်ဆွေးနွေးနေရ၏။
"ဘယ်က စပြီးဖြစ်တယ်လို့ထင်လဲ အစ်ကို"
"အင်း...တစ်ရွာလုံးနီးပါးဆိုတော့ ရိုးတော့မရိုးဘူး"
"ဆရာဝန်ကရော အစ်ကို"
"မြောက်ကုန်းက ဆရာလေးမြင့်သူကိုပင့်ထားတယ်၊ခဏနေဆိုင်ကယ်နဲ့ရောက်လာလိမ့်မယ် လောလောဆယ်တော့ မင်းနဲ့အစ်ကိုပဲအခြေနေဆက်ထိန်းရအောင်"
"ဟုတ် အစ်ကို"
"လာ မိုးသောက် ရွာထဲကကုန်စုံဆိုင်တွေဆီသွားပြီး ဓာတ်ဆားထုတ်တွေလိုက်စုရအောင်"
"ရေကျက်အေးအတွက်ကရော အစ်ကို"
"အစ်ကို မနက်ကတည်ထားခဲ့တာရှိတယ် လောလောဆယ်သွားရအောင်"
"ဟုတ်ဟုတ်"
ထို့နောက် သူကြီးကိုသက်လူနှင့်မိုးသောက်တို့ ရွာထဲရှိ ကုန်စုံဆိုင်များသို့သွားကာ ဆေးဓာတ်ဆားရည်ထုတ်များလိုက်လံရှာဖွေစုဆောင်းရသည်။
ပြီးနောက် ရွာထဲသို့တစ်အိမ်ဝင်တစ်အိမ်ထွက် ဓာတ်ဆားထုတ်များဝေပေးခဲ့သည်။ရေကျက်အေးများလည်း အိမ်တိုင်းအိမ်တိုင်းအား ကြိုချက်ခိုင်းထားပြီး ကျန်းမာကာစလူမမာများအတွက် အုန်းစိမ်းရည်များတိုက်ရန် ဘေးရွာများမှအုန်းသီးများလည်းအလုံအလောက်မှာထား၏။
ယခင်ကာလများကပင် ရွာအတွက်ဘုံရန်ပုံငွေထားခဲ့ခြင်းကြောင့် ဤကဲ့သို့ကိစ္စများတွင်ထောက်ပံ့ရန်လွယ်ကူခဲ့သည်။
ကျွန်းကန်သာတွင် ဝမ်းရောဂါပျံ့နှံ့၍သုံးရက်မြောက်နေ့တွင် အားလုံးကျန်းမာကာစဖြစ်လာသောကြောင့် ဝမ်းလျှောရခြင်းဇစ်မြစ်အားသိကြစေရန် ရွာသူရွာသားများအား သူကြီးအိမ်၌စုစေသည်။
သူကြီးအိမ်ဝိုင်းထဲတွင် အလုံးစုံကျန်းမာနေပြီဖြစ်သော ရွာသူရွာသားများနှင့်တကွ သူကြီးတို့မိသားစုပါအတူရှိနေသည်။
ထုံးစံအတိုင်း သူကြီးကိုသက်လူက ရွာသူရွာသားများထိုင်သည့် ဖျာများအရှေ့တွင်ရှိသော မက်တပ်စားပွဲနောက်တွင်ရပ်ကာ စားပွဲကိုလက်ဖြင့်ထောက်ထားသည်။
"ရွာသူရွာသားများအားလုံးမင်္ဂလာပါ အားလုံးနေကောင်းကျန်းမာကြရဲ့လား"
သူကြီးကိုသက်လူ၏ တည်ကြည်လေးနက်သောခွန်းစခြွေသံအဆုံးအားလုံးစီမှ သံပြိုင်ထွက်လာတော့သည်။
"ကျန်းမာပါတယ်သူကြီး"
"သူကြီးရဲ့စေတနာကြောင့် ကျန်းကျန်းမာမာပါပဲဗျာ"
ကာလသားများမှ သူကြီးအားကျေးဇူးတင်ကြောင်းပြောတော့ ကာလသမီးများမှာလည်းအားကျမခံပေ။
"ဟီး ဟုတ်ပါ့တော် ကျုပ်တို့သူကြီးချောချောလေးရဲ့ဂရုဏာတွေနဲ့ကတော့ နေမကောင်းတုန်းကဆိုသူကြီးလာပြုံးပြရုံနဲ့တစ်ဝက်လောက်ကို ယူပစ်သလိုသက်သာတာတော်"
"ဟယ် ညည်းကလည်းအေ...သူကြီးအပြင် ဟို..မြို့ကအစ်ကိုလေးလည်းပါပါတယ်အေ"
"ဟုတ်ပါ့ ဟုတ်ပါ့ အစ်ကိုလေးမောက်သိုးကြောင့်လည်း သက်သာတာ"
"ဟယ်..ဟဲ့ မိုးသောက်တော့လုပ်"
"ပြောချင်စောလောသွားလို့အေ"
ကာလသမီးများ၏တစ်ယောက်တစ်ပေါက် ချီးကျူးသံကြီးများကြောင့် မိုးသောက်မှာပြုံးစိစိကြီးပင်။
သူကြီးကတော့ မိမိရွာသူများအကြောင်းသိသဖြင့် ခေါင်းသာရမ်းနေတော့သည့်။
"ကဲ ဒါဆိုရင်တော့ ဒီကနေ့အားလုံးကိုခေါ်ရတဲ့အကြောင်းအရင်းကတော့ ရွာရဲ့ကျန်းမာရေးအခြေနေပဲဖြစ်တယ်"
"ကျုပ်တို့ရွာက စီးပွားရေး၊လူမှုရေး၊ဘာသာရေး၊သန့်ရှင်းရေးနဲ့အခြားသော စည်ပင်ရေးတွေမှာတစ်နှစ်ထက်တစ်နှစ် တိုးတက်ဖွံ့ဖြိုးနေပေမယ့် ကျန်းမာရေးအရတော့ တိုးတက်ဖွံ့ဖြိုးမှုသိပ်ပြီးမရှိသေးဘူး။ကျွန်းတောသာအုပ်စုမှာ ဆေးကုတဲ့ဆရာဝန်ရယ်လို့ လက်ချိုးရေလို့ရသလောက်ပဲရှိတယ် ဒါကြောင့် ကျုပ်တို့ရွာသားတွေမှာကျန်းမာရေးအသိအမြင်ချို့တဲ့နေတယ်"
"အခု ဘာကြောင့်တစ်ရွာလုံးနီးပါး ဓာတ်သွားရသလဲဆိုရင် တစ်အနေနဲ့ မသန့်ရှင်းတဲ့အစားစာတွေကြောင့်၊နှစ် ကိုင်းထဲယာထဲတွေကတက်လာတဲ့အခါ လက်မှာပေကျန်ခဲ့တဲ့ ရွံ့တွေကိုပြောင်စင်အောင်မဆေးကြပဲ အစားအစာတွေစားတဲ့အတွက်ကြောင့်၊သုံး သောက်သုံးရေကြောင့်၊လေး ကျန်းမာရေးအသိအမြင်ချို့တဲ့ခြင်းကြောင့်ပဲဖြစ်တယ်။
ဟုတ်ပြီ အဲ့ဒီကနေ ဒီရောဂါကိုဘာလို့ ကျုပ်တို့တတွေကျော်လွှားနိုင်ခဲ့လဲဆိုရင် လူ့ခန္ဓာကိုယ်မှာဆုံးရှုံးသွားတဲ့ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်ခဲ့လို့ပဲ၊အားလုံး ဆေးဓာတ်ဆားရည်၊အုန်းစိမ်းရည်နဲ့ရေဓာတ်ပြည့်ဝမဲ့ အသီးနှံတွေကိုစားသောက်ခဲ့ကြတဲ့အတွက် အားလုံးကျန်းကျန်းမာမာဖြစ်လာကြတာဖြစ်တယ်။"
"ဓာတ်သွားခြင်းရဲ့ လက္ခဏာတွေကတော့အမျိုးမျိုးရှိတာပေါ့၊ဘာကြောင့်ဖြစ်သလဲဆိုကတည်းကမှ ကျုပ်တို့ရွာအဓိကရင်ဆိုင်ခဲ့ရတာကတော့ သောက်သုံးရေကြောင့်ပဲ၊ယမန်နေ့က အားလုံးကိုဓာတ်ဆားထုတ်တွေဝေပေးပြီး လိုအပ်တဲ့စောင့်ရှောက်မှုတွေလုပ်ပေးပြီးအပြန် ကျုပ်နဲ့ကျုပ်ညီမိုးသောက် ရွာရဲ့အဓိကသောက်သုံးရေကိုတာဝန်ယူပေးထားတဲ့ ရွာဦးကျောင်းရဲ့ဘယ်ဘက်ကတို့ရေကန်ကြီးကို ရောက်ခဲ့တယ်"
ထိုမှအစပြု၍တစ်ရွာလုံးနီးပါး ဝမ်းရောဂါခံစားနေရသည့်ဒုတိယရက်တွင် သူကြီးနှင့်မိုးသောက်ရေကန်ကြီးနားသို့ရောက်ခဲ့ကာ ဇစ်မြစ်ကိုသိရှိခဲ့ကြောင်း သူကြီးမှပြောပြတော့သည်။
***
"ဟူး..တစ်ရွာလုံးလည်းနှံ့နေပြီ....အစားအစာသန့်ရှင်းမှုမရှိတာနဲ့တခြားအချက်တွေက ဖြစ်နိုင်ပေမယ့် တစ်ရွာလုံးနီးပါးကြီးဆိုတော့နည်းနည်းစဉ်းစားရကျပ်တယ်အစ်ကိုရာ"
မိုးသောက်မှ သက်လူနောက်၌လိုက်ပါလာရင်း အာရုံရှုပ်စွာမျက်မှောင်လေးကုပ်ပြီး ညည်းညူနေ၏။
သူစီးထားသည့်ပုဆိုးကို မ၍သက်လူနောက်သို့ ပျင်းတိပျင်းရွဲလိုက်လာသည်။
သက်လူမှ လက်ကိုအနောက်ပစ်၍ တဖြေးဖြေးလျှောက်လာရာ ရွာ၏သောက်သုံးရေကန်နားသို့ရောက်လာသည်။
"သောက်သုံးရေ.....သောက်သုံးရေကြောင့်ရော မိုးသောက်"
"ဗျာ"
"ရွာထဲက ဝိုင်းတွေမှာကိုယ်ပိုင်ရေတွင်းတွေရှိတယ် တစ်ချက်သွားစစ်ရအောင် မိုးသောက် လာ"
"ဟုတ် အစ်ကို"
သူကြီးကိုသက်လူနှင့်မိုးသောက် ရွာထဲ၌ကိုယ်ပိုင်ရေတွင်းရှိသည့်ဝိုင်းများကိုဝင်ကာ သောက်သုံးရေအား စစ်ဆေးကြည့်သည့်။
တစ်တွင်းမှာမှ ထူးဆန်းသည့်အရသာမရပင်။
သို့ဖြစ်၍ ရေကန်ကြီးဆီသို့တဖန်ပြန်ရောက်ခဲ့သည်။
"ဟူး...ဟဲ...ဟူး..မောလိုက်တာဗျာ ရွာထဲကရေတွင်းတွေလည်းပုံမှန်ပါပဲဆို"
"အစ်ကိုမသင်္ကာသေးဘူး"
"အဲ့တာဆိုလည်း ခဏနားရအောင်ဗျာ"
မိုးသောက်မှာမောဟိုက်စွာပင် ကန်ဘောင်ပေါ်၌ခြေပစ်လိုက်ပစ်ထိုင်ချလိုက်သည်။
သက်လူကိုယ်တိုင်လည်း မောဟိုက်နေပြီဖြစ်သောကြောင့် မိုးသောက်ဘေးတွင်ဖိနပ်လေးခု၌ ထိုင်ချလိုက်သည်။
နှစ်ယောက်လုံး ကန်ရေပြင်အားငေးကြည့်နေကြရင်း ထူးဆန်းသည့်တစ်စုံတစ်ခုမျောလာပုံကိုမြင်လိုက်ရသည်။
"မိုးသောက်...."
"ဗျာ.."
"ဟိုမှာ ဘာလဲကြည့်စမ်း"
"ဗျာ..ဘာကြီးလဲ"
"ဟိုမှာလေကွာ"
မိုးသောက်၏အစ်ကိုမှာ ပြောပြောဆိုဆိုဖြင့်ထရပ်ကာ အနီးနားတစ်ဝိုက်ရှိ ပဲတိုင်ဒုတ်ချောင်းရှည်တစ်ခုအား ဆွဲယူလာသဖြင့် မိုးသောက်ပင်လိုက်ရပ်လိုက်ရသည်။
ထို့နောက် အစ်ကိုဖြစ်သူ၏လှုပ်ရှားမှုအား လိုက်ကြည့်နေမိသည်။
"ဘာလုပ်မလို့လဲ အစ်ကို"
"အစ်ကို့ကို နောက်ကနေအင်္ကျီစဆွဲပေးထား..ကန်စပ်ကိုနည်းနည်းဆင်းမလို့"
သက်လူမှ မိမိကန်ထဲမကျစေရန် မိုးသောက်အားအင်္ကျီအစဆွဲထားပေးရန်ပြောတော့ အူလည်လည်နှင့်ဆွဲထားပေးရှာသည်။
ထို့နောက် သက်လူသည် ပဲတိုင်ဒုတ်ချောင်းရှည်ဖြင့် ကန်ထဲတွင် ပေါလောမျောနေသည့်အနီရောင် သံဗူးတစ်ဗူးအားဆယ်ယူလိုက်သည်။
"ရပြီ..သင်းကြောင့်ပဲ"
"အဲ့တာဘာကြီးလဲအစ်ကို"
"ကြွက်သတ်ဆေးဗူး"
"ဟမ်...ကြွက်သတ်ဆေးဗူးကြီးကဘယ်လိုလုပ်ကန်ထဲရောက်လာတာတုန်း"
"အစ်ကိုလည်းဘယ်သိမလဲ..လာ ကန်အနီးနားတစ်ဝိုက်ရှာကြည့်ရအောင်"
သက်လူမှမိုးသောက်ကိုလက်မှဆွဲကာ ကန်တစ်ပတ်ခေါ်သွားတော့သည်။
ကျွန်းပင်များနှင့်ဝန်းရံထားသော ကန်ကြီးဖြစ်တာကြောင့် ကန်ကြီးအနောက်ဖက်တွင်ကျွန်းတောကြီးသာရှိသည်။
ထိုဘက်သို့သက်လူတို့သွားကြည့်ရာ ကန်နှင့်မနီးမဝေးတွင် ကြွက်သတ်ဆေးဗူးအခွံများအား အပုံလိုက်စွန့်ပစ်ထားသည်ကိုတွေ့လိုက်ရသည်။
ကြွက်ဆေးဗူးခွံများအပုံလိုက်ကြီး စုပစ်ထားသည့်နေရာသည် ကန်ထက်မြင့်သောကုန်းမော့မော့ဖြစ်နေသောကြောင့် ဆေးဗူးများမှာလေတိုက်တိုင်းကန်ထဲသို့လွင့်ကျနေပုံရသည်။
ကြွက်သတ်ဆေးဗူး ၈၀ ဒဗလျူပီသည် ရွာထဲ၌အသုံးများသည်။
"ဘယ်လိုလုပ်မလဲအစ်ကို"
"ဘယ်လိုလုပ်ရမလဲကွာ ဒီဟာကြီးရှင်းရုံပေါ့"
"ဒီတိုင်းတော့မဖြစ်ဘူးနော် အစ်ကို လက်အိတ်လေးဘာလေးစွတ်ဦးမှပေါ့"
"အခုလက်အိတ်မှပါမလာတာကွ ပြန်ယူရအောင်လည်း မင်းခိုင်းလို့မဖြစ်ပါဘူး၊နေဦး ခဏ"
အစ်ကိုမှခဏဟုပြောကာ အနီးနားတွင်တစ်ခုခုရှာနေပြန်သဖြင့် မိုးသောက်ရပ်ကြည့်နေမိသည်။
မိနစ်ပိုင်းအကြာ အစ်ကိုမှဝါးခြမ်းပြားနှစ်ခုစီအား တစ်ခြမ်းကို နှစ်ပိုင်းပိုင်းကာ မိုးသောက်ကိုတစ်စုံပေး၍ သူကတစ်စုံယူ၏။
"ဒါကြီးက ဘာလုပ်ရမှာလဲအစ်ကို"
"အင့် ဒီလိုလေ"
ဒီလိုလေဟုပြောကာ သက်လူမှမိုးသောက်ကို နမူနာပြသည်။
ဝါးခြမ်းပြားနှစ်ချောင်းဖြင့် လက်နှစ်ဖက်သုံးကာ ဆေးဗူးကိုညှပ်ယူပြလိုက်သည်။
ထို့နောက် အနည်းငယ်လှမ်းသည့်နေရာတွင်ပုံပြလိုက်သည်။
ထိုအခါမှ မိုးသောက်က "ဪ" ဟုသဘောပေါက်ကာ သက်လူနှင့်အတူလိုက်လုပ်၏။
အချိန်အတန်ကြာ ထိုအပုံကြီးအား လက်ဖြင့်တိုက်ရိုက်မထိပဲ တုတ်ဖြင့်ညီကိုနှစ်ယောက်ရွှေ့ခဲ့ရသည်။
"ကဲ...ပြီးပြီဗျား...ပင်ပန်းသွားပြီလားငါ့ညီ"
"ရပါတယ်ဗျာ ဒါနဲ့ရွှေ့ရုံနဲ့ရလားအစ်ကို မီးရှို့ဖျက်စီးရအောင်လေ"
"အဲ့တာကအစ်ကိုတို့နှစ်ယောက်နဲ့တင်လုပ်လို့ရတယ်ဆိုပေမယ့် ရွာသူရွာသားတွေကိုခေါ်ပြချင်တယ်၊ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာသိအောင်တော့ပြရမယ်လေ ဒါကြောင့် အားလုံးသက်သာလာတဲ့အခါအစည်းဝေးခေါ်ပြီး ကန်ကိုထပ်လာကြမယ်"
"ဝိုး...အကြံမိုက်ချက်ပဲအစ်ကို၊ဒါကြောင့်လည်း သူကြီးဖြစ်နေတာဗျ"
"မြှောက်ပြန်ပြီမင်းကတော့...ကဲ ဒီလောက်ဆိုရင်တော့အဆိပ်တွေဆက်မပြန့်လောက်တော့ပါဘူး၊ကန်ကလည်းအကျယ်ကြီးဆိုတော့အဆင်ပြေသွားမှာပါ ကန်ကရေသေဆိုရင်တော့ဖောက်ထုတ်ရမှာ ဒါပေမယ့် ကျွန်းတောဘက်ကစမ်းချောင်နဲ့ဆိုတော့သူ့ဟာသူမကောင်းတဲ့ရေတွေစီးသွားလိမ့်မယ် ပြန်ရအောင် မိုးသောက် နောက်တစ်နေ့တစ်ခေါက်လာကြမယ်"
"ဟုတ်ကဲ့အစ်ကို ကျန်းမာရေးဗဟုသုတကတော့အစ်ကို့ရွာသားတွေလိုသေးတယ်နော် ဘယ့်နှယ့်ကြွက်ဆေးဗူးတွေကို ရေကန်နားကြီးလာပစ်ရတယ်လို့ပဲ၊တစ်ရွာလုံး ကောင်းရာသုဂတိမလားတာကံကောင်းဗျာ"
"ဒီလောက်ပဲဖြစ်သွားတာ ကံကောင်းတယ်ပြောရမယ်၊လောလောဆယ်တော့ သောက်သုံးရေကိုရွာထဲကကိုယ်ပိုင်တွင်းတွေကပဲယူရလိမ့်မယ်၊ဒါမှမဟုတ်လည်း ကျိုချက်ထားတဲ့ရေကျက်အေးနဲ့ ရေနွေးကြမ်းပဲသောက်ကြတာပေါ့"
"ဒါနဲ့အစ်ကို...အစ်ကိုရယ် ကျွန်တော်ရယ် ဖွားလေးရယ်ကြဘာမှမဖြစ်ဘဲ ဘာလို့ကိုကြီးတာလီဖိုးကြမှဖြစ်နေတာလဲ"
"အဲ့ဒီကောင်က စပ်စပ် စပ်စပ်နဲ့ရွာထဲမှာဟိုအိမ်ကရေသောက်၊ဒီအိမ်ကရေသောက်လေ မဖြစ်ပဲနေမလား အိမ်အများစုကရေကိုဒီကန်ကပဲယူတာလေ၊အစ်ကိုတို့အိမ်က သောက်ရေကို ရွာလယ်ကအရီးရွှေအိမ်ကယူလို့ဘာမှမဖြစ်တာ"
"ဪ...."
***
"ဖြစ်စဉ်ကတော့ဒါပဲဗျာ..ကဲ ဒီလောက်ဆို ဘာကြောင့်ဖြစ်တယ်ဆိုတာသိကြလောက်ရောပေါ့"
သူကြီးပြောပြသည့်ဖြစ်ကြောင်းကုန်စဉ်အား သိကြသော်ရွာသူရွာသားများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ငြိမ်နေကြသည်။
အမျိုးသမီးများမှာ ကြိတ်ကြိတ် ကြိတ်ကြိတ်ဖြင့်မိမိတို့၏ခင်ပွန်းသည်ကိုယ်စီကို တံတောင်ဖြင့်တွတ်နေကြသည်။
"အဲ့တာကြောင့် တော့်ကိုပြောပါတယ်ကိုချစ်မောင်...ဝေးဝေးကိုပစ်..ဝေးဝေးကိုပစ်..ဆိုတာကို အခုတော့တစ်ရွာလုံးဒုက္ခရောက်ပြီ ကိုင်း"
"ဟ..မင်းကလည်း ငါလည်းဘာမှမဖြစ်ဘူးထင်လို့ပေါ့ဟ"
"ကိုဝင်းမောင်..တော်လည်းအတူတူပဲ ဘာကိစ္စအဲ့ဒီသွားပစ်တာတုန်း..တော့်ကိုမြေကျွင်းတူးပစ်လို့ကျုပ်မပြောဘူးလား"
"မြေကျွင်းတူးရင် မင်းအဘမြေဆီလွှာကထပ်ထိဦးမယ်လေ...ဟိုဟာမလွတ်ဒီဟာမလွတ်နဲ့ ငါလည်းကြံရာမှမရတာ"
"တော်တို့တွေဟာလေ ပြောလိုက်ရင်အဲ့ဒီအတိုင်းပဲ"
"ခင်ဗျားတို့တွေဟိုပစ်ဒီပစ်လျှောက်ပစ်တော့ အခုလထွဋ်ကိုမွတ်ရော"
တစ်ယောက်ကိုတစ်ပေါက်နှင့်ကျွက်ကျွက်ညံနေသော ရွာသူရွာသားများ၏အသံအား သူကြီးအသံနှင့်ပြန်ဖုံးရတော့သည်။
"ကဲကဲ...တော်ကြ တော်ကြ၊အခုတစ်ခါဖြစ်ပြီးရင် နောက်နောင်မဖြစ်အောင် သင်ခန်းစာယူကြတာပေါ့ဗျာ၊ကနေ့ညနေပိုင်းမှာ ကန်ဘက်ကိုသွားပြီးအဲ့ဒီဗူးခွံတွေကိုမီးရှို့ဖျက်စီးကြမယ်..မိမိကိုယ်တိုင်စွန့်ပစ်သည်ဖြစ်စေ၊မစွန့်ပစ်သည်ဖြစ်စေ ဒီရွာပေါ်မှာကြီးကြပြီး ဒီရွာမှာနေ၊ဒီရေကိုသောက်၊ဒီလေကိုရှူရင်တော့ ဒီရွာကအရေးဟာ ခင်ဗျားတို့အရေးပဲ။ဒါကြောင့် သူတို့ပစ်တာ သူတို့သိမ်းဆိုတဲ့စိတ်ဓာတ်တွေမမွေးပဲ အားလုံးကိုဝိုင်းဝန်းဆောင်ရွက်စေချင်တယ်"
"ဟုတ်ကဲ့ သူကြီး"
အားလုံးစီမှ သံပြိုင်ထွက်လာပြီးနောက်တွင် ရွာ၏လူကြီးပိုင်းများမှာ တစ်ခုခုကိုအလိုမကျဟန်ဖြင့် အချင်းချင်းတိုးတိုးတိုးပြောနေကြခြင်းကြောင့် သူကြီးမှမေးသည်။
"ဗျို့...ညာဘက်တန်းက ဘကြီးအောင်လှတို့ ဘာတွေအလိုမကျနေတာတုန်းဗျ"
"အေး...ဘကြီးတို့ထင်တာပြောချင်တယ် သက်လူ"
"ဟုတ်ကဲ့ခဗျ ပြောပါ"
"ဟိုဟာကွာ...အခုဖြစ်တာက သောက်သုံးရေကြောင့်ဆိုလည်း သောက်သုံးရေကြောင့်ပေါ့..ဒါပေမယ့်ကွာ ဟိုတလောကဆေးလာရောင်းသွားတဲ့ကောင်လေး လေးတွေကြောင့်ရောမဖြစ်နိုင်ဘူးလား"
"အေး ဟုတ်တယ်ကွယ့် တစ်ရွာလုံးသူတို့ဆေးကိုစားပြီးမှဖြစ်တာမဟုတ်ဘူးလား...ဆေးထဲဘာတွေပါနေမှန်းမှမသိတာ"
လူကြီးပိုင်းမှ ဦးအောင်လှနှင့်ဦးမောင်ကြီး၏စကားကြောင့် ရွာသူရွာသားများဇဝေဇဝါဖြစ်သွားကြသည်။
"ဟုတ်လောက်တယ်နော် သူကြီး"
"အဲ့ကောင်တွေမရိုးဘူး"
"ဟုတ်တယ်တော့်..လူကြီးပိုင်းက ဘကြီးအောင်လှတို့ ဘကြီးဦးမောင်ကြီးတို့ဆိုတာခန့်မှန်းရင်မှန်တာချည်းပဲနော်"
"ဟုတ်သား...တစ်ရွာလုံးဓာတ်သွားတာ ရေကြောင့်ကနည်းနည်း သူတို့ဆေးတွေစားလို့ဖြစ်တာက များများနေမယ်"
"ဟာကွာ..နောက်တစ်ခါရွာလာလို့ကတော့ ပိုင်းကိုပစ်ဦးမယ်"
နောက်တစ်ကြိမ် တစ်ယောက်တစ်ပေါက်နှင့်ထင်ချင်ရာထင်နေသော ရွာသူရွာသားများကြောင့် သက်လူတို့ခေါင်းကြီးသွားရသည်။
"ဒီမယ်...ငါ့အစ်ကိုတို့ ငါ့နှမတို့က ကျုပ်သူကြီးတစ်ယောက်လုံးက ရေကြောင့်ဖြစ်တာပါ၊သေချာပါတယ်လို့ပြောနေတာတောင် တစ်ပါးသူကိုသံသယဝင်လိုက်သေးတယ်။ကိုအောင်ဘချစ်တို့ ကိုချစ်ဘအောင်တို့ဆိုတာ ကျုပ်အိမ်မှာတည်းသွားတဲ့သူတွေ၊သူတို့ဆေးသာမဟုတ်တာပါနေရင် အများဆုံးမှီဝဲတဲ့ကျုပ်တို့မိသားစု ဥပါဒ်ရတာကြာရောပေါ့။ဒါကြောင့် အထင်တစ်ခုနဲ့တစ်ပါးသူဂုဏ်သိက္ခာကို မထိပါးကြပါနဲ့ ကျုပ်ဒါပဲပြောချင်တယ်"
သက်လူထိုသို့ပြောလိုက်မှသာလျှင် ယုန်ထင်ကြောင်ထင်လူကြီးပိုင်းအဖွဲ့နှင့် ကမူးရှူးထိုးရွာသားအချို့မှာငြိမ်သွားသည်။
"အေးလေ တော်တို့ကလည်း..ဆေးရောင်းတဲ့သူတွေက လူကောင်းတွေပါတော်၊ကျုပ်တို့အိမ်ဆို လေးငါးလုံးလောက်အားပေးတာ အခုဆိုအဆင်ကိုပြေလို့"
ကျွန်းကန်သာ၏တစ်ယောက်ကိုတစ်မျိုးစီ ယူဆချက်၊ထင်မြင်ချက်များကြောင့် မိုးသောက်ခေါင်းသာရမ်းနေမိပါတော့သည်။
မိမိရွာသူရွာသားများ၏ အတွေးခေါင်ပါးမှုနောက်ကိုမလိုက်ပဲ အမှားနှင့်အမှန်သေချာပိုင်းခြားတက်သည့် အစ်ကို့ကိုလည်းသူကြီးဖြစ်ထိုက်သည်ဟု မိုးသောက်ယူဆကာ စိတ်ထဲအကြိမ်ကြိမ်ချီးကျူးနေမိပါသည်။
ထိုသို့အစ်ကို့ရဲ့ တည်ကြည်လေးနက်မှုများနှင့်ဆုံးဖြတ်ချက်တိကျမှန်ကန်ခြင်းများကြောင့် မိုးသောက်တစ်ယောက်သောသူအား သတိရမိပါတော့သည်။
~~~~~~~~~
"အဲ့တာကြောင့် မင်းကိုပြောတာဓာတ်ခဲရဲ့၊ငါလခွီးတည်းမှ အာစတိသိရင်မလွယ်ဘူးကွ"
"ဟာ ထန်းသီးကလည်း..မောင်ဓာတ်ခဲလည်းသေသေချာချာလုပ်တာပဲလေ အာဒဲ..သူ့ဟာသူလွတ်သွားတာတော့ဘယ်တက်နိုင်မလဲ"
"သေချာခြံခက်ပါလို့ မင်းကိုပြောသားပဲ"
"အာဒဲ...ခက်ပါတယ်ဆို"
နာဂသူရိန်ရာဇာမင်းထင်တို့စခန်းတွင် ဗိုလ်နာဂ၏တပည့်ကျော်ကြီးများဖြစ်သည့် မောင်ဓာတ်ခဲနှင့်မောင်ထန်းသီးမှာ ယုန်များမွေးမြူထားသည့်ခြံဝန်းအနားတွင်ရပ်၍ အခြေတင်ဖြစ်နေကြသည်။
"အခု ဘယ်လိုလုပ်မလဲ ကဲ"
"ဘယ်လိုလုပ်ရမလဲ အာဒဲ..ထွက်ဖမ်းရမှာပေါ့"
"မင်းအဘ ကျွန်းတောကြီးထဲဘယ်လိုဖမ်းမှာလဲ၊ငါတို့ဖမ်းမိတဲ့အချိန် ယုန်ကသေနေလောက်ပြီကွ"
"မတက်နိုင်ဘူးလေ ရသလောက်တော့ဖမ်းရမှာပေါ့"
ဗိုလ်နာဂတို့စခန်းတွင် ယခင်ကလူနေတဲများသာရှိသော်ငြား ယခုအခါတွင်တိရစ္ဆာန်များအတွက် အဆောက်အအုံများပါထည့်သွင်းဆောက်လုပ်လာသည်။
ဝက်မွေးမြူရေ၊နွားမွေးမြူရေး၊ဆိတ်မွေးမြူရေး၊ကြက်မွေးမြူရေး၊ဘဲမွေးမြူရေးနှင့်ယုန်များပါမွေးမြူထားသည်။ဒါတင်မက အခြားသော ငှက်မျိုးစိတ်များနှင့်ခွေး၊ကြောင်တို့ကိုမွေးမြူထားခြင်းကြောင့် တိရစ္ဆာန်ရုံနှင့်သူလားငါလားဖြစ်နေသည်။
သူတို့အာစတိ၏ တိရစ္ဆာန်ချစ်တက်မှုကြီးသည် နေရာတစ်ရာသို့သွားပြီဆိုပါက ထိုနေရာတွင်ပိုင်ရှင်မဲ့တိရစ္ဆာန်လေးများတွေ့ပါလျှင် သူခေါ်မွေးသည်။
အကောင်ကရိုင်းသည်ဖြစ်စေ မရိုင်းသည်ဖြစ်စေသူစိတ်မဝင်စားချေ၊ဂရုဏာသက်စွာ စခန်းသို့ခေါ်လာတက်ပြီး တစ်ခါတစ်ရံမြွေများပါသယ်လာသဖြင့် စခန်းတစ်ခုလုံးလန့်လန့်ပြေးနေရသည်။
"ဖမ်းတော့ရော ဘယ်လိုလုပ်မလဲ မင်းမှတ်မိလို့လားဓာတ်ခဲ"
"မှတ်မိတယ်ကွာ..ဟို..ယုန်က ဟိုဥစ္စာမှာအမှတ်လေးပါတယ်"
"ဟမ် ဘယ်ဥစ္စာမှာလဲ.."
"ဟိုဥစ္စာလေကွာ.."
"အေးလေ ဘယ်ဥစ္စာလဲလို့"
"ဟာ...ယဥမှာဟေ့...ယဥမှာ"
မောင်ဓာတ်ခဲ၏စိတ်မရှည်စွာအကျယ်ကြီးအော်လိုက်ခြင်းကြောင့် စခန်းတစ်ခုလုံးကလူတွေလှည့်ကြည့်လာသဖြင့် ထန်းသီးမှာမောင်ဓာတ်ခဲပါးစပ်အားအမြန်လိုက်ပိတ်ရသည့်။
"လခွမ်း အဲ့တာတိုးတိုးပြောလေ"
"ဓာတ်ခဲအရိပ်ခြေပြတော့ မင်းမှအကောင်မမြင်တာ"
ထန်းသီးမှ မောင်ဓာတ်ခဲကိုမျက်စောင်းလှလှကြီးထိုး၍ အရှေ့မှလျှောက်သွားသဖြင့် အနောက်မှလိုက်ရတော့သည်။
တဲတစ်ခုနားအရောက် စခန်းမှဓားပြငယ်လေးအချို့၏ စကားများကိုထန်သီးတို့နှစ်ယောက်လုံးကြားလိုက်ရသည်။
ဓားပြငယ်များမှာ အရက်ဖြူပုလင်းကိုယ်စီကိုင်၍
တိုင်ပင်များကိုမှီကာ ဇိမ်ကျနေသည်။
"ဘယ်နှယ့်ဗျာ အမည်ခံထားတော့သာဓားပြတဲ့...သူပဲ သူတော်ကောင်းကြီးပါဗျား..ဓားပြပါဆိုဓားပြတိုက်ရမှာပေါ့ အေး ဓားပြတိုက်လို့ရလာတဲ့ပစ္စည်းတွေကိုလည်း ကိုယ့်ငယ်သားတွေနဲ့ဝေမျှပြီးစားသင့်တယ်လေ"
"ဟာ မင်းကလည်း..ဝေမျှတော့စားပါတယ်ဟ"
"အပြည့်အဝရလို့လားဟ...ဓားပြတိုက်လို့ရလာတဲ့ပစ္စည်းတွေအကုန် အဲ့ဒီရွာတွေအတွက်ပဲပြန်သုံးတာလေ ဘယ်မှာလဲငါတို့အတွက်"
"အဲ့တာကအသာထားစမ်း..ဗလတောင့်တောင့် ဒေါင်ကောင်းကောင်းနဲ့ ယောင်္ကျားချင်းကြီးကြိုက်နေတာကိုငါကအံ့ဩတာ"
"အေးကွာ..သူ့အနေထားကြီးနဲ့ အခြောက်ကြီးဖြစ်နေတာ မထင်ရဘူး"
"ဟုတ်ပါ့ဗျား...လူကဖြင့်လူမိုက်ရုပ်ကို ယောင်္ကျားတစ်ယောက်ကိုရဖို့အရေးအသည်းသန်ကြိုးစားနေတယ်တဲ့ ဘာအရသာရှိလို့လဲကွာ"
"ဟာ မင်းကလည်း သူစားဖူးလို့နေမှာပေါ့..အဲ့တာနဲ့ အဲ့ဒီအရသာကိုကြိုက်သွားတာနေမယ်"
"ဟားဟား ဟားဟားဟား"
အရက်ကလေးတမြမြနှင့် မိမိတို့ကျေးဇူးရှင်အကြောင်းအား စော်စော်ကားကားပြောနေကြသည့် ထိုလူများကို ထန်းသီးနှင့်ဓာတ်ခဲသည်းမခံနိုင်တော့ချေ။ထိုလူများမှာ အာစတိအားအလစ်တွင်ပုန်ကန်ချင်နေသည့် မျိုးကြီး၊စိုးကြီး၊ငဓားနှင့်ပေါက်ကျော်တို့ဖြစ်သည်။
ဓာတ်ခဲမှ တဲကွယ်ရာကရပ်နေရာကနေ ဝုန်းကနဲတဲထဲဝင်၍ ထိုသူတို့သောက်နေသည့် ပုလင်းနှင့်ပင် ဦးဆောင်ပြောနေ မျိုးကြီး၏ခေါင်းအား အားပါပါရိုက်ခွဲလိုက်သည်။မျိုးကြီးခေါင်းမှ သွေးများစီးကျလာပြီး ထပင်မနိုင်တော့ပေ။
ကျန်သည့် လူများထဲအနက် ငဓားမှ မူးမူးရူးရူးဖြင့် ဓာတ်ခဲအင်္ကျီစအားကိုင်ဆွဲလာသည်။
"သောက်ကုလားကများ..ဘာသောက်ဆင့်ရှိလို့ လုပ်ရဲတာလဲကွ"
"ယျောင့်...မင်းလေသံကိုအခုချက်ချင်းပြင်စမ်း"
ဓာတ်ခဲအနောက်မှ ထန်းသီးကပ်ပါ၍ ဓာတ်ခဲအင်္ကျီကော်လံစအားလာဆွဲနေသည့် ငဓား၏လက်ကို အားပါပါဖြုတ်ချကာ ဓာတ်ခဲအားပြန်ထိန်းထားလိုက်သည်။
ကျန်သည့် စိုးကြီးနှင့်ပေါက်ကျော်မှာ ငဓားကိုတစ်လှည့် မျိုးကြီးကိုတစ်လှည့်ထိန်းထား၏။
ထန်းသီးနှင့်ဓာတ်ခဲ၏ မျက်လုံးများမှာစူးရှနေပြီး မျက်နှာကြောမှာလည်းတင်းမာနေသည်။
ဓာတ်ခဲမှ ဒေါသစိတ်ဖြင့်ဘာမှမပြောနိုင်ခြင်းကြောင့် ထန်းသီးမှ ခပ်မာမာလေသံဖြင့်ဝင်ပြောသည်။
"နာမည်တပ်ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ၊အခုမင်းတို့စော်ကားနေတာက မင်းတို့ငါတို့ရဲ့ကျေးဇူးရှင်ပဲ၊အတိတ်မှာ ငါတို့ဆရာရဲ့ကျေးဇူးတွေငါတို့အပေါ်ဘယ်လောက်ကြီးခဲ့လဲဆိုတာ မင်းတို့မေ့နေလား ဟမ်...သခင်နဲ့ကျွန်ဆက်ဆံရေးထက် အစ်ကိုနဲ့ညီလိုဆက်ဆံပေးခဲ့တာ မင်းတို့မေ့နေလား၊ကျွေးတဲ့လက်ကို ဘယ်တော့မှပြန်ကိုက်ဖို့မကြိုးစားကြနဲ့ ဒီတစ်ခါဟောင်တာ ပထမဆုံးနဲ့နောက်ဆုံးဖြစ်ပါစေ...အလစ်မှာဝင်ကိုက်လို့ကတော့ အာစတိမသိခင် မင်းတို့ငါ့လက်ထဲပဲ သာဓုခေါ်ရမယ်ဆိုတာ တွေးထား"
"ကြားလား..ဟမ် အခုဒီကိစ္စကိုဘယ်သူမှမသိစေနဲ့၊အာစတိသိရင် မင်းတို့မလွယ်ဘူး နောက်ပြီး ဟိုကောင့်ဒဏ်ရာကိုမေးကြရင် အရက်ကြောင်ပြီးအချင်းချင်းရိုက်ခွဲတာလို့ပြော၊မင်းတို့သိပ်လိုချင်တဲ့ပစ္စည်းတွေကို ငါပေးမယ်၊နောက်နောင် ဓာတ်ခဲရဲ့ပုံစံကိုလည်းစော်ကားဖို့မကြံနဲ့ မင်းတို့ထက်ဆရာကျလို့ အာစတိအနားနေနေတဲ့ကောင်တွေဆိုတာ သဘောပေါက်၊နားလည်လား..နားလည်လားလို့ ငါမေးနေတယ်လေ"
ထန်းသီး၏လေသံမာမာကြောင့် ထိုသူတို့မှာအံကိုတင်းတင်းကြိတ်နေကြ၍ ခေါင်းများကိုငုံ့ထားကြသည်။ထိုသို့ပင် ဗိုလ်နာဂမရှိပါက ထန်းသီးနှင့်မောင်ဓာတ်ခဲက အရေးပါပါသည်။
"ဟုတ်..ဟုတ်ကဲ့ ကိုထန်းသီး"
ထန်းသီးသည်သူ့ခါးကြားထဲမှ ရွှေလက်ကောက်သုံးကွင်းကိုထုတ်ပေးကာ ထိုနေရာမှဓာတ်ခဲကိုအပါခေါ်ပြီးထွက်လာခဲ့တော့သည်။
~~~~~~~~~~
ကျွန်းကန်သာတွင် ဝမ်းရောဂါများဖြစ်ပြီး ရက်ပိုင်းအကြာတွင် အားလုံးပြေပြေလည်လည်ရှိကာ ပုံမှန်အတိုင်းပြန်လည်ပတ်နေကြသည်။
သူကြီးကိုသက်လူမှာလည်း ထုံးစံအတိုင်းအလုပ်ရှုပ်မြဲ၊ရှုပ်နေဆဲပင်။ထိုကိစ္စများကို နမူနာယူ၍ ကိုသက်လူကျေးလတ်ကျန်းမာရေး ဖွံ့ဖြိုးရန်အတွက်မြို့နယ်ရုံးအား လုံလောက်သည့်ကျန်းမာရေးအစောင့်ရှောက်ပေးရန် စာအဆင့်ဆင့်တင်ခဲ့ပါသည်။
ရက်အနည်းငယ်အကြာ ပြန်စာရလာပြီး စာထဲတွင်မြို့နယ်ဆေးရုံမှ ဆရာဝန်တစ်ဦးကို နှစ်ပိုင်းအထိရွာ၌ကျန်းမာရေး ကိစ္စအဝဝစီစဉ်ပေးရန် တာဝန်ချထားပေးမည်ဟုရေးထားသည်။
ယနေ့သည် ထိုဆရာဝန်လေး သူကြီးကိုသက်လူတို့ရွာသို့ ပထမဆုံး လာ၍တာဝန်ထမ်းဆောင်ပေးမည့်နေ့ပင်ဖြစ်သည်။
နေ့လည် ၂ နာရီအချိန်ဖြစ်သောကြောင့် သူကြီးအိမ်သို့ တာလီဖိုးပါရောက်နေကာ တန်းလျားနှင့်စားပွဲနားတွင် ထိုင်နေကြသည်။
မိုးသောက် နေ့လည်နေ့ခင်းတစ်ရေးအိပ်ကာ နိုးလာသဖြင့် အိပ်မှုန်စုန်ဖွားဖြစ်နေသည်။
မျက်လုံးကိုလက်ဖြင့်ပွတ်ရင်း ပုဆိုးအားမကာ အိမ်ရှေ့သို့ထွက်လာတော့ သူကြီးနှင့်ကိုကြီးတာလီဖိုးက
You are reading the story above: TeenFic.Net