Part-19🏆

Background color
Font
Font size
Line height

Unicode;

ဖုန်းကိုပန်းကန်စင်နောက်ကနေယူလိုက်ပြီး Power ပိတ်ထားတာကြောင့် Powerဖွင့်၍ Internet ကိုပါဖွင့်လိုက်သည်~

Google တွင်နေမကောင်းတာအမြန်ဆုံးပျောက်တဲ့နည်းလမ်းတွေကို Seokjin ရှာဖွေလိုက်သည်~

"အရင်ဆုံးကိုယ်အပူချိန်ဘယ်လောက်လဲ တိုင်းရမယ်"

Seokjin ဆေးသေတ္တာ‌ဗူးကိုအလျင်အမြန်ရှာတော့သည်~

.
.

ဆေးသေတ္တာလေးကိုတွေ့တာနဲ့ အပေါ်ထပ်ကို အမြန်တက်လိုက်ပြီးJungkook ဆီပြေးတော့သည်~

Seokjin;“Koo အပူချိန်တိုင်းမယ်နော်...”

Jungkookအဖြေကိုမစောင့်ဘဲ Seokjin ကုတင်ပေါ်တတ်လိုက်သည်~

Seokjin;အာ...Koo ကိုယ့်ဘာသာတိုင်းလိုက်ပါလားဟေ...ငါ.. ငါကြည့်ပေးမယ်လေ...

Jungkook မျက်လုံးကျဉ်းကျဉ်းလေးဖွင့်လိုက်တဲ့အချိန် တစ်ခုခုကိုတွေးနေဟန်ဖြင့် မျက်နှာတွေနီရဲနေတဲ့ မောင့်ကမ္ဘာငယ်ကြောင့် မောင်စချင်လာသည်~

မျက်နှာရဲရဲလေးနဲ့ထိုင်နေတဲ့ မောင့်ကမ္ဘာငယ်လေးကိုယ်လေးကို မောင့်ကိုယ်ပေါ်ဆွဲချလိုက်တော့ မျက်ဝန်းလေးတွေပြူးပြီး သူ့ကိုကြည့်လာပုံလေးက ချစ်စရာအတိ...

Jungkook;“အပူတိုင်းတဲ့ဟာ ထည့်လိုက်လေ
မောင့်အင်္ကျီအောက်ကိုလက်ဝင်ပြီး...”

Seokjin;“စကားတွေတောင် အ..အများကြီး  ပြော..ပြောနိုင်‌ ပြီး‌တော့ ငါ့ကိုတောင် ဟောဒီလိုမျိုးဆွဲချ‌နိုင်သေးတာပဲ ဒါကိုလည်း ကိုယ့်ဘာသာကိုယ်ထည့်ချီ....!”

အတုံတုံ အရင်ရင်နဲ့ ပြောနေတဲ့မောင့်ကမ္ဘာငယ်လေးဟာ တကယ်ကိုချစ်စရာလူသားငယ်လေး~

နီရဲနေတဲ့မျက်နှာလှလှလေးကို မောင် လေတစ်ချက်မှုတ်လိုက်တော့ မောင့်ကို စောင်ကြည့်လာတဲ့‌မောင့်ကမ္ဘာငယ်ကို ဒီကဂျွန်ဂျောင်ကုကြီးမဟားတရားကြွေဆင်းပြီး အချစ်ပိုရပြန်သည်~

Jungkook လည်းဆက်မစချင်တော့တာနဲ့ အရှက်ကဲ‌နေတဲ့မောင့်ကမ္ဘာငယ်ကိုယ်လေးကို လွှတ်ပေးလိုက်ပြီး ကိုယ့်ဘာသာကိုယ်ဘဲအပူတိုင်းလိုက်တော့သည်~

အဖျားတိုင်းပြီးနောက် အပူအများကြီးမရှိတာကြောင့် Seokjin သက်ပြင်းချနိုင်တော့သည်~

Seokjin;“Koo မင်းကအပူအများကြီးမရှိဘဲ ဘာလို့အသားတွေကပူနေတာလဲမသိဘူးနော်..
ရေပတ်တိုက်ပေးရမလား?..”

Jungkook;“‌မောင်ကရတယ် မောင့်ကမ္ဘာငယ်ကိုအဖျားတွေကူးကုန်မယ်..”

Seokjin;“မဟုတ်တာတွေ ငါသွားလုပ်ပေးမယ်
ငါကကိုယ်ခံအားကောင်းတဲ့သူမို့တေည်ရုံမဖျားဘူး! မင်းရေပတ်တိုက်ပြီးရင် ဆေးသောက်ရမယ်နော်!!”

Jungkook;အင်း“...သောက်မယ်~”

Seokjinလည်း သဘတ်အသေးလေးတစ်ထည်ကိုယူလိုက်ပြီး ရေအနည်းငယ်စွတ်လိုက်သည်~

Seokjin;“ရော့ ကိုယ်ဘာသာတိုက်....!”

Jungkook;“ဟာ...နေမကောင်းတဲ့သူကို ဒီလိုပဲ ပြစ်စလက်ခက် ထားရလား မောင့်ကမ္ဘာငယ်..”

ဂျောင်ကု မျက်နှာရဲရဲလေးပကိုစချင်တာကြောင့်
ကလိပေး‌လိုက်သည်...ရေပတ်တိုက်ဖို့ရှက်နေတဲ့မောင့်ကမ္ဘာငယ်လေးရယ်ပါ။

Seokjin;“ငါ မတိုက်ပေးတတ်...!”

Jungkook;“ဒါဆိုမောင်လည်းဆေးမသောက်ဘူး.”

Seokjin;“ဆေးမသောက်လို့တော့မရဘူးလေ တော်ကြာအပူတက်လာရင်ဘယ်လိုလုပ်မလဲ..?”

Jungkook;“တက် တက်ပေါ့....”

လှဲနေရာကနေ နှုတ်ခမ်းကိုတစ်တောင်လောက်ဆူပြီး ကလေးဆိုးတွေလို လုပ်နေတဲ့ Koo ဟာသူ့မျက်လုံးထဲ အတော်လေးကိုချစ်ဖို့ကောင်းနေသည်~

Seokjin;“ဒါဆို ထိုင်လိုက်ပါလား... မင်းလှဲနေတော့ငါကရေပတ်ဘယ်လိုတိုက်ရမှာလဲ...”

ငေါက်ကနဲနေအောင် ထထိုင်လိုက်တဲ့ Koo ဟာ တကယ်ရောနေမကောင်းတာဟုတ်ရဲ့လား...

Jungkook;“အဆင်သင့်ဖြစ်ပါပြီဗျ....”

Seokjin လည်းအတုန်တုန်အရင်ရင်နဲ့ပဲ Jungkook ကိုရေပတ်တိုက်ပေးလိုက်သည်~

Jungkook;“မောင့် ဗိုက်လေးနဲ့ကျောလေးတွေပူနေ သေးလို့ နည်းနည်းလောက်ထပ်တိုက်ပေးပါအုံး..”

Seokjin လည်း မျက်နှာလေးရဲ၍ Jungkook ရဲ့အင်္ကျီ‌အောက်လက်လျှိုသွင်းလိုက်ပြီး ကျောပြင်နဲ့ ဝမ်းဗိုက်ကို တိုက်ပေးနေသည်~

ဝမ်းဗိုက်တိုက်ပေးနေရင်းမှာပင် ဗလတောင့်တောင့်နဲ့ကောင်လေးသည် သူရဲ့ဗိုက်ကို ချက်လိုက်ဗောင်းလိုက်နဲ့ သူ့ကမ္ဘာငယ်လေးကိုစနေလေသည်~

Seokjin လည်း အမြှောင်းမြှာင်းတွေဖြစ်နေတဲ့ ဝမ်းဗိုက်နေရာကိုတိုက်ပေးနေတဲ့အချိန် မျက်နှာလေးဟာ ပေါက်ကွဲထွက်တော့မလိုပိုမိုနီရဲလာပြီး~

Seokjin;“ရှက် ရှက်လာပြီကွာ...”

.
.
.

Jungkook ကိုအင်္ကျီအဝတ်အစားလဲခိုင်း၍ စောင်လေးခြုံပေးလိုက်ပြီး ခဏအိပ်နေဖို့ပြော၍ စားဖို့တစ်ခုခုလုပ်ရန် အောက်ထပ်သို့ Seokjinတစ်ယောက်ဆင်းလာရန်ပြင်ချိန်~

Jungkook;“ဒါက ဘယ်လဲ !”

Seokjin;“မင်းဆေးသောက်ရမယ်လေ ဆေးမသောက်ခင်စားဖို့တစ်ခုခုပြင်မလို့”

Jungkook;“မသွားနဲ့...
မောင်ဒီတိုင်းဆေးသောက်လိုက်မယ်...”

Seokjin;“ဟျောင့် Jeon Jungkook!
အစာမရှိဘဲဆေးသောက်လို့မရဘူးလေကွာ..”

Jungkook;“မောင်ကရတယ် သွား...ဟို Sofa မှာ မောင့်ကိုထိုင်ကြည့်နေ..”

Seokjin;“ငါဗိုက်ဆာနေပြီ...ငါစားဖို့ကရော ငါစားဖို့လည်းလုပ်ရအုံးမယ်လေကွာ...မင်းဘာသာ ခဏပြန်မှိန်းနေလိုက်... အပိုတွေတွေးမနေနဲ့ မင်းဒီကငါ့ကိုထွက်သွားခိုင်းရင်တောင် ငါထွက်မသွားဘူး ဟုတ်ပြီလား မင်းသားလေးရေ....”

Jungkook လှဲနေရာမှ ရုတ်တရက် ထလာ၍

Jungkook;“မောင့်ကို အစတည်းကပြောတာမဟုတ်ဘူး မောင့်ကမ္ဘာငယ်စားဖို့တစ်ခုခုစီစဉ်ပေးမယ်‌...”

Seokjin;“မင်းအခုချက်ချင်းလှဲမနေရင် ငါမင်းကိုစိတ်အကြီးကြီးဆိုးမှာနော် Jeon Jungkook !”

အော်လိုက်တော့မှ ငြိမ်ကျသွားပြီး ပြန်လှဲသွားတဲ့ Koo ဟာ Jeon Jungkook မှဟုတ်ရဲ့လား...

Seokjin လည်း Dinning Room ဆီကိုထွက်လာခဲ့သည်~

အသီးအရွက်တွေနဲ့ အသားငါးတချို့ဟာ ရေခဲသေတ္တာထဲမှာ နေရာယူထားတာကြောင့် ဒီကောင်လေးဘယ်အချိန်ထပြီး ဒါတွေဝယ်ထားတာလဲလို့တောင်တွေးလိုက်မိသည်~

ထို့နောက်ခရုဆန်ပြုတ်အတွက် လိုအပ်သည်များကိုရေခဲသေတ္တာထဲမှထုတ်လိုက်သည်~

ခရုဆန်ပြုတ်ကြိုက်ရဲ့လားတောင်မသိဘူး  အို...ကြိုက်ကြိုက်မကြိုက်ကြိုက် မစားရင်မခေါ်‌ တော့ဘူးလို့ ခြိမ်းခြောက်လိုက်ရင်ရမှာပါလေ....

စားဖို့အဆင်သင့်ဖြစ်တော့မှ Apron လေးကိုချွတ်၍ အပေါ်ထပ်ကိုတက်လိုက်ပြီး ခရုဆန်ပြုတ်ခွက်လေးထည့်ထားတဲ့ ဗန်းလေးကိုကိုင်၍ အခန်းထဲဝင်လာခဲ့သည်~

Seokjin;”Jungkook.. Jungkook”

Seokjin လက်ထဲက ဗန်းလေးကို ခုံပေါ်တင်လိုက်ပြီး အိပ်ပျော်နေတဲ့ Jungkook ကိုသတိလက်လွတ်ငေးကြည့်နေမိသည်~Jungkook နဖူးပြင်မှကျနေတဲ့ ဆံပင်လေးတွေကိုလည်း သပ်တင်ပေးရင်းကိုယ်ပူသေးလာထပ်စမ်းလိုက်သည်~

အိပ်မောကျနေတဲ့ Jungkook ရဲ့မျက်နှာလေးဟာ အေးချမ်းလွန်းသောကြောင့် Seokjin အချိန်တော်တော်ကြာငေးနေမိသလို လက်တွေကလည်းမဖိတ်ခေါ်ဘဲ Jungkook ရဲ့မျက်နှာအစိတ်အပိုင်းလေးတွေကို ကိုင်ကြည့်နေမိသည် ထို့နောက်လေသံတိုးတိုးလေးဖြင့်~

“နှုတ်ခေါင်းအဖျားလေးက ဘာလေးမှန်းလဲမသိဘူး

နှုတ်ခမ်းအောက်ကမှဲ့လေးကရော ငါ့ကိုဘာဖြစ်စေချင်တာလဲ ဟင် Jeon Jungkook Shi...

နှုတ်ခမ်း‌ပါးလေးတွေကလည်း လူကိုရင်ခုန်အောင်အမြဲလုပ်တယ် စိတ်တိုအောင်ပြောလိုက် ရင်ခုန်အောင်ပြောလိုက်နဲ့ အိပ်နေတဲ့မင်းကိုအပြစ်ပေးပစ်လိုက်ရ မကောင်းရှိမယ်....

မျက်ခွံလေးအောက်က မျက်ဝန်းဝိုင်းဝိုင်းတွေကရော အဲ့လောက်ဝိုင်းစရာလိုလို့လား....

မျက်နှာတည်ဆောက်ပုံကရော အဲ့လောက်အချိုးကြစရာလိုလို့လား....

ပါးလေးတွေကရော ဘာလို့အိနေရတာလဲ အဲ့လောက်အိစရာလိုလို့လား....

အိပ်နေတာတောင် ရင်ခုန်အောင်လုပ်တဲ့လူ မုန်းချင်စရာကြီး ...”

“ကြည့်လို့ဝရောပေါ့~”

ရုတ်တရက်ပွင့်လာတဲ့မျက်ဝန်းဝိုင်းတွေနဲ့ လှုပ်လာတဲ့နှုတ်ခမ်းပါးတွေကြောင့် လူကရှက်ရမ်းတွေရမ်းပြီး ချောင်းဟန့်လိုက်သည်~

Seokjin;“အဟမ်း  ခရုဆန်ပြုတ်ပြုတ်ထားတယ်အရင်သောက်လိုက် ပြီး‌ရင်ဆေးသောက်ရမယ်..”

ရှက်ပြီးပြောနေတဲ့မောင့်ကမ္ဘာငယ်လေးကြောင့် မောင်ထပ်မစချင်တော့တာနဲ့ ‌ဆာနေတဲ့မောင့်ကမ္ဘာငယ်ဗိုက်လေးဖြည့်ပြီးပြီလားအရင်မေးလိုက်တော့သည်~

Jungkook;“မောင့်ကမ္ဘာငယ်ရော စားပြီးပြီလား?”

Seokjin;“အင်း”

Seokjin တကယ်တော့ဘာမှမစားရသေးပါ~သူမစားရင် Koo မစားဘဲနေမှာဆိုးလို့ အင်း ဟုသာဖြေလိုက်ခြင်းပင်~

Jungkook;“ဒီနားကိုနည်းနည်းတိုးလာပါလား မောင်တိုးတိုးတိတ်တိတ်ပြောရမယ့်စကားရှိလို့”

Seokjin လည်း တစ်ခုခုအရေးတကြီးပြောစရာရှိပုံပေါ်နေတာကြောင့် Jungkook အနားသို့တိုးလိုက်သည်~

မွ~

Seokjin; “Jungkook ...!”

Jungkook;“မောင့်ကမ္ဘာငယ်က ဘာလို့မောင့်ကို တစ်နေ့တစ်ခြားပိုပိုချစ်လာအောင်လုပ်နေရတာလဲဟင် အဲ့လောက်ဆွဲဆောင်ဖို့လိုလို့လား...?”

Seokjin;“မင်း.! ငါပြောတာတွေခိုး‌နားထောင်‌တယ်ပေါ့..နေမကောင်းလို့ ကျော်ပေးလိုက်မယ်...ရော့...စား.!.”

Jungkook;“ခွန့်ကျွေး‌ မောင့်ရင်ထဲမောနေလို့ ကိုယ်တိုင်မကိုင်နိုင်လောက်ဘူး...”

Seokjin;“ဟ...”

မောင့်နှုတ်ခမ်းနားထိုးပေးလာတဲ့ ‌‌မောင့်ကမ္ဘာငယ်ကိုင်ထားတဲ့ဇွန်းလေးထဲက ‌ဆန်ပြုတ်လေးကို မောင်သောက်လိုက်တဲ့အချိန် သိပ်ကောင်းလွန်းလို့...မောင်ကမ္ဘာငယ်ကြီးတစ်ခုလုံး မောင့်တစ်မိသားစုလုံးကိုတောင်မေ့ချင်သွားသည်...

Jungkook;“ ကောင်းလိုက်တာ မောင့်ကမ္ဘာငယ်အချစ်တွေ ထည့်ပြုတ်ထားလို့နဲ့တူပါတယ်...”

Seokjin;“မင်းကြိုက်ရောကြိုက်ရဲ့လား?”

Jungkook;“မောင့်ကမ္ဘာငယ်လုပ်ပေးတာဆို ဘာပဲဖြစ်ဖြစ်မောင်ကကြိုက်ပြီးသား....”

ထိုနေ့က Jungkook တစ်ယောက်သူ့ကမ္ဘာငယ်ကို
နေမကောင်းတာအကြောင်းပြ၍ နမ်းလိုက်စလိုက်ဖြင့် နေမကောင်းဖြစ်တာကို‌တောင်ကျေးဇူးတင်ပြီး တော်တော်လေးကိုပျော်နေခဲ့လေသည်~







Zawgyi;





.
.






မျက်နှာရဲရဲလေးနဲ့ထိုင်နေတဲ့ မောင့်ကမ္ဘာငယ်လေးကိုယ်လေးကို မောင့်ကိုယ်ပဲဆွဲချလိုက်တော့ မျက်ဝန်းလေးတွေပြူးပြီး သူ့ကိုကြည့်လာပုံလေးက ချစ်စရာအတိ...








Jungkook;မောင့်တစ်ကိုယ်လုံးကိုရေစိုဝတ်လေးနဲ့ ရေပတ်တိုက်ပေးရင် ပျောက်သွားလိမ့်မယ်....

Seokjin;ဟုတ်လား ငါခုနကအဲ့နည်းတော့တွေ့တယ် မင်းလုပ်ချင်လား.....

Jungkook;အရမ်းလုပ်ချင်တာပေါ့..

Seokjin;ဒါဆိုခဏစောင့် ငါသွားလုပ်ပေးမယ်လေ








Jungkook;တက် တက်ပေါ့....

လှဲနေရာကနေ နှုတ်ခမ်းကိုတစ်တောင်လောက်ဆူပြီး ကလေးဆိုးတွေလို လုပ်နေတဲ့ Koo ဟာကျွန် တော့်မျက်လုံးထဲ အတော်လေးကိုချစ်ဖို့ကောင်းနေသည်~










.
.
.


Jungkook;ဒါက ဘယ်လဲ !


Jungkook;မသွားနဲ့...

Seokjin;Yrrr Jeon Jungkook!



Jungkook လှဲနေရာမှ ရုတ်တရက် ထလာပြီး



















ကြည့်လို့ဝရောပေါ့•••



You are reading the story above: TeenFic.Net