9

Background color
Font
Font size
Line height

       လွန်ခဲ့သော 4နှစ်က.....

      Wonwooနဲ့ Mingyuတို့ အချင်းချင်း ၀န်ခံခဲ့ကြပြီးနောက် မိဘတွေ မသိအောင် တွဲခဲ့ကြတယ်။ ကျောင်းကလူတွေလည်း မသိအောင် ကျောင်းမှာဆိုလည်း အခေါ်အပြော မရှိပဲ အိမ်နဲ့ ပြင်ပမှာသာ dateဖြစ်ကြတယ်။ သိတဲ့သူကလည်း Mingyuသူငယ်ချင်းနဲ့ Wonwooသူငယ်ချင်းတို့သာ သိလေတယ်။

     

       တစ်အိမ်ထဲတူတူ နေနေကြဆဲဖြစ််ပေမယ့် မိဘတွေ သတိမထားမိအောင်နေရတာက အနည်းငယ်တော့ ကသိကအောက် ဖြစ်ရတယ်ပေါ့။

"ဟေ့...ဟေ့ကောင်လေးးး အမေတို့ မြင်သွားမယ် အတင်း မဖက်နဲ့"

       ကျောင်းပိတ်ရက်မို့ မနက် အေးဆေးမှ ထလာကာ ကော်ဖီဖျော်နေတဲ့ Wonwooကို အနောက်ကနေ ရောက်လာတဲ့ Mingyuက ဖက်လိုက်တာကြောင့် လန့်သွားတဲ့ Wonwooက ခါးမှာရစ်သိုင်းနေတဲ့ လက်တို့ကို ဆွဲဖယ်ရင်း ပြောလိုက်တယ်။

    24နှစ် ရှိပြီဖြစ်တဲ့ Wonwooထက် 20ပြည့်ခါနီးကောင်လေး Mingyuက အရပ် ပို၍ပင် ရှည်လေတယ်။ အိပ်ယာထကာစမို့ pajamaအား ၀တ်ဆင်ထားကာ ပွယောင်းယောင်းဖြစ်နေတဲ့ Wonwooရဲ့ ဆံပင်တို့ကို ပုံကျအောင်  Mingyuက သေချာ ပြန်ပြင်ပေးနေလေတယ်။

"မနက် အိပ်ယာထတိုင်း ကလေးကျနေတာပဲ ကိုကိုက ဟီးးဟီးးးးး"

       ဖျော်လို့ပြီးတဲ့ ကော်ဖီကို သောက်နေရင်း Mingyuနဲ့ မျက်နှာချင်းဆိုင်ဘက် ပြန်လှည့်လိုက်ကာ Mingyuရဲ့ လက်မောင်းကို ရိုက်လိုက်တယ်။

"Minက ကိုကို့ကိုပဲ ပြောရတယ် ရှိသေး ကိုယ့်ပုံစံ ကိုယ်ပြန်ကြည့်အုံး ပေစုတ်စုတ်နဲ့"

"အဲ့ပေစုတ်စုတ်ကို ကိုကိုပဲ ချစ်နေတာ မဟုတ်ဘူးလား ဟဲ ဟဲ"

  

     ပြောလည်းပြော လက်တို့ကလည်း Mingyuခါးကို ဆွဲဖက်ကာ နှုတ်ခမ်းကို ရွတ်ခနဲ နမ်းလိုက်တော့ Wonwooခမျာ မျက်လုံး ပြူးသွားရတယ်။ Wonwooဖြစ်ပုံကို ကြည့်ပြီး Mingyuက ရယ်နေသေးတယ်။

"Minကကွာ ဘယ်လိုဖြစ်"

"အဟင်းးးး ကော်ဖီဖျော်တာ ကောင်းသားပဲ
ဒါနဲ့....ဒီနေ့ dateပေးမယ်လို့ ကိုကို ပြောထားတာနော်"

"အင်းပါ ကိုကို သိတယ် Minသာ ရေသွားချိုးတော့ ကိုကိုက ချိုးပြီးပြီ အ၀တ်အစားလဲရုံပဲ"

"အိုခေ....အိုခေ"

      စကားဆုံးတာနဲ့ ပါးကို ရွတ်ခနဲ နမ်းကာ အိမ်ပေါ်ပြေးတက် သွားလေတယ်။ Wonwooကတော့ Mingyuကို မနိုင်ဘူးဆိုတဲ့ အကြည့်နဲ့ ကြည့်ကာ ခုံမှာထိုင်ရင်း ကော်ဖီသောက်နေလိုက်တယ်။

       ထိုစဥ် Wonwooအမေ စျေး၀ယ်ရာကနေ ပြန်လာတာကြောင့် Wonwooလည်း အမေ့လက်ထဲက အထုပ်တွေကို ၀ိုင်းဆွဲပေးကာ သူ့နေရာနဲ့သူ နေရာတကျ ထားစေလိုက်တယ်။ ပြီးတာနဲ့ အိမ်ပေါ်ထပ်တက်ရန် ထွက်လာအခိုက် ဧည့်ခန်းမှာ ထိုင်နေတဲ့ အမေဖြစ်သူက လှမ်းခေါ်လေတယ်။

"သားရေ အမေပြောစရာရှိလို့ ဒီမှာ ခနထိုင်အုံး"

"ဟုတ် မေမေ ပြောပါ"

      Wonwooလည်း အမေဖြစ်သူနား ၀င်ထိုင်လိုက်တယ်။

"အထွေအထူးတော့ မဟုတ်ပါဘူး သားအဖေ companyကလေ နှစ်ပတ်လည် ပွဲလုပ်မှာ အဲ့တာ သားအဖေနဲ့ သားအတူတက်မှ ရမယ် သားက ရှယ်ယာရှင်ရဲ့ သားဖြစ်ကြောင်း ထုတ်ပြရမယ်တဲ့"

"ဟုတ် သားနားလည်ပါပြီ ဘယ်ရက်လောက် ပွဲကလုပ်မှာတဲ့လဲ မေမေ"

"အင်းး...သားအဖေပြောတာတော့ နောက် ၃ရက်လောက်နေရင်ပြောတယ်"

"ဟုတ်ကဲ့ သားလိုက်သွားပါ့မယ် အဲ အခုတော့ သားMingyuနဲ့ အပြင်သွားမလို့လေ အဲ့တာ..."

"အမယ်လေးးး အေးပါကွယ် သွား...သွားးး သားတို့၂ယောက်လည်း သွေးသားသာ မတော်တာ အတော်ချစ်ကြသားပဲ"

      အမေအပြောကြောင့် Wonwooခမျာ နောက်ကျောမလုံ ဖြစ်သွားရတယ်။ သို့ပေမယ့်လည်း ခပ်ပြုံးပြုံးနဲ့ပဲ အမေ့နားကနေ ထွက်လာလိုက်တယ်။

၁နာရီအကြာ....

     အရင် ပြင်ဆင်လို့ပြီးသွားတဲ့ Wonwooက ခြံထဲကနေ ကားထုတ်ကာ အိမ်ရှေ့မှာ စောင့်နေလိုက်တယ်။ Dateဖို့ သွားမှာမို့ ပေါ့ပေါ့ပါးပါး Boyfriend shirtကို Jean pantနဲ့ တွဲ၀တ်ထားလေတယ်။ ဆံပင်ကိုတော့ ပုံမှန်လို ချမထားပဲ ဘေးခွဲကာ သေသေသပ်သပ် သိမ်းထားတာကြောင့် မျက်မှန်တပ်ထားတဲ့ မျက်နှာလေးနဲ့ ရှင်းလင်းကာ အတော်ကြည့်လို့ အဆင်ပြေလေတယ်။

      ခဏကြာတော့ အိမ်ထဲကနေ ထွက်လာတဲ့ Mingyu။ လူငယ်ဖြစ်တဲ့ Mingyuကတော့ ပေါ့ပေါ့ပါးပါး shirtလက်တိုကို short pantအနက်လေးနဲ့ ၀တ်ထားကာ ဘေးသိုင်းလွယ်အိတ်အသေးလေးကို လွယ်ထားလေတယ်။ ရေချိုးပြီးကာစမို့ ရှင်းသန့်နေတဲ့ မျက်နှာလေးနဲ့ ဆံပင် ခပ်အုပ်အုပ်လေးကို အလယ်ခွဲထားတာကြောင့် အထက်တန်းကျောင်းသားဟုပင် မထင်ရပေ။

(မျက်လုံးထဲ ပုံပေါ်အောင် ပုံထည့်ပေးထားပါတယ်)

        ၂ယောက်အတူတူ ကားပေါ်တက်လိုက် ကြပြီးနောက် Wonwooက Mingyuကို ခါးပတ်ပတ်ပေးဖို့ လုပ်တော့ Mingyuက တားလေတယ်။

"Nooo...ကျွန်တော် ကလေး မဟုတ်တော့ဘူး ကျွန်တော့်ဘာသာ လုပ်မယ်"

       ခပ်တည်တည်နဲ့ သူ့ဘာသာ ခါးပတ်ပတ်နေတဲ့ Mingyuကို ကြည့်ပြီး Wonwoo ဟက်ခနဲ ရယ်လိုက်မိတယ်။

"ကလေးမဟုတ်လို့ပါပဲ ပိန်နေလိုက်တာများ ဒီနေ့Minကို ၀လာအောင် မုန့်များများ​ကျွေးရမယ်"

        ပြောလို့အပြီး ထွက်ခွာသွားတဲ့ ကားလေးနောက်မှာ ပျော်ရွှင်မှု ခြေရာလေးတွေ ကြွင်းကျန်ခဲ့လေရဲ့။

   

"အော်....ကိုကို Dateမယ့်နေရာက ဒီနေရာလား"

"အင်းလေ...ကလေးတွေအတွက် ကစားကွင်းက အသင့်တော်ဆုံးပဲ"

        Wonwooကတော့ တက်ကြွစွာ ပြောနေသော်လည်း မတက်ကြွနိုင်သူက Mingyuပင်။
သူ့ခမျာတော့ ကိုကိုနဲ့Dateဖို့ အိမ်ကနေ ကလိမ်ကကျစ်လုပ်ကာ တောင်းထားရတဲ့ ပိုက်ဆံနဲ့ restaurantကောင်းကောင်းမှာ နေ့လည်စာကျွေးပြီး ညနေကျ ရုပ်ရှင်ကြည့်မယ် တွေးထားတာလေ။

      ကစားကွင်းကို ခေါ်လာတော့ သူ့အစီအစဥ်တွေ အကုန်ပျက်ရောပေါ့။ ကြိုမပြောမိတဲ့ သူ့ပါးစပ်သူသာ ပိတ်ရိုက်လိုက်ချင်လေတယ်။

      Wonwooကတော့ မအီမသာဖြစ်နေတဲ့ Mingyuကို လက်ကနေ ဆွဲခေါ်သွားတော့တယ်။
စစချင်း ၀င်ဖြစ်တာက အမှတ်တရ အရုပ်ရောင်းတဲ့ဆိုင်လေးကိုပေါ့။ သူတို့၂ယောက် အရုပ်တွေနဲ့  ပစ္စည်းတွေအား လိုက်ကြည့်ကြတယ်။ ဘီးကုပ်လေးတွေ တွေ့တော့ Wonwooက အညိုရောင် ခွေးနားရွက်ပုံစံဘီးကုပ်လေးအား Mingyuခေါင်းမှာ တပ်ပေးလိုက်တယ်။

"ရားးးး....ငါတို့Minက တကယ် ခွေးပေါက်လေးပဲ"

      ဆူပုတ်ပုတ်ရုပ်နဲ့ Mingyuကို စနေတဲ့ Wonwooကြောင့် Mingyuအနည်းငယ် ပြုံးလာလေတယ်။ ပြီးတော့ ဘီးကုပ်ထဲက အနက်ရောင် ခွေးနားရွက်ဟာလေးကို Wonwooအား တပ်ပေးရန် ပြင်လိုက်တယ်။

"ဟဲဟဲ ကိုကိုလည်း ခွေးပေါက်လေးလုပ် ..."

      Wonwooက Mingyuထပ် ပိုပြီး လက်သွက်ကာ အနက်ရောင် ကြောင်နားရွက်ပုံစံ ဘီးကုပ်အား ခေါင်းမှာ အမြန်ကောက်တပ်လိုက်တယ်။

"ကိုကိုကတော့ ကြောင်လေးတပ်မယ် ဟဲဟဲ လာ ပိုက်ဆံ သွားရှင်းမယ်"

       ရှေ့ကနေ အရင်ထွက်သွားတဲ့ Wonwooကို ကြည့်ပြီး ကြောင်အစွာ ကျန်ခဲ့တဲ့ Mingyu...။

" ဟာ....ကိုကိုကလဲ ကျွန်တော်နဲ့ တူတူ ခွေးပေါက်လေး လုပ်ပါဆိုနေ"

      အနောက်ကနေ ပြေးလိုက်သွားပေမယ့် Wonwooကတော့ ပိုက်ဆံတောင် ရှင်းလို့ ပြီးနှင့်လေပြီ။

"အဲ့ဘီးကုပ်ကြီးထားခဲ့ သွားမယ်"

       နောက်ကနေ အတင်းပြေးလိုက်ပြီး Wonwooနားရောက်တော့ လက်ကိုကိုင်လှုပ်ကာ ဂျီတိုက်နေတဲ့ Mingyu။

"ကိုကိုကလဲ ခွေးပေါက်လေး တူတူလုပ်မယ်လို့ ကျွန်တော်၀ယ်ပေးမယ် လာပါ"

"ဟာ... Minကလည်း ကလေးလား ကိုကို ​ဒါလေးကြိုက်လို့ကို"

"ကိုကိုကလဲ ​ခွေးနဲ့ကြောင်နဲ့က တည့်မှမတည့်တာ ကိုကိုက ကျွန်တော်နဲ့ မတည့်ချင်တာလား ပြော"

"မဟုတ်တာ....ကိုကိုတို့က လူတွေလေ ခွေးတွေ ကြောင်တွေမှ မဟုတ်တာ"

"မသိဘူးဗျာ....မသိဘူး"

"ဟွန်း...ဒါလား ကလေးမဟုတ်တာတဲ့ ဟားးးဟားးး"

       ဘေးကနေ ဂျစ်တိုက်နေတဲ့ Mingyuကို စကာ ပြေးသွားတဲ့ Wonwoo။ Mingyuကတော့ ခြေဆောင့်ကာ နောက်ကနေ အတင်း ပြေးလိုက်ပြန်တယ်။

"ကိုကို တူတူသွားမယ်လို့"



      နှစ်ယောက်အတူတူ ကစားကွင်းထဲမှာ ရှိသမျှ ကစားနည်း အတော်များများကို ကစားခဲ့ကြတယ်။ အရုပ်လည်း အတူတူကောက်ခဲ့ကြပြီး ရိုလာကိုစတာလည်း တူတူစီးခဲ့ကြတယ်။ Mingyuခမျာ အမြင့်ကြောက်ပေမယ့် ကိုကိုနဲ့ တူတူစီးရတယ်ဆိုတဲ့ စိတ်နဲ့ သိပ်တော့ မကြောက်ခဲ့ရပေ။ ။ဓာတ်ပုံတွေလည်း အများကြီးရိုက်ခဲ့ပြီး အတော်ပျော်ခဲ့ကြတယ်

       လျှောက်လည်ကြရင်း မုန့်တွေစားကြရင်းနဲ့ ညနေရောက်တော့ တူတူ စားသောက်ဆိုင် သွားကြတယ်။ ဆိုင်ကတော့ အနောက်တိုင်း အစားအစာတွေ ရတဲ့ဆိုင်ဖြစ်ပြီး ဆိုင်အပြင်အဆင်ကလည်း classicဆန်တဲ့ထဲ ပါလေတယ်။

"ကိုကို ကြိုက်တာစား ဒီမှာတွေ့လား အပြည့်ပါတယ်"

      Menuကတ်ကို ကြည့်နေတုန်း လွယ်ထားတဲ့ အိတ်ကို ပုတ်ပြကာ ပြောလာတဲ့ Mingyu။ မျက်နှာကလည်း တစ်လောကလုံးကို ပိုင်ဆိုင်နေရသလို မျက်နှာနှင့် မော်ချီ၍ နေသေးတယ်။

"အမယ် Minက ရှင်းအုံးမှာ...ကိုကိုပဲ ရှင်းပါ့မယ် ကြိုက်တာမှာ"

"အတည်ပြောတာ တကယ်ရှင်းမှာ ပြီးရင်လည်း ရုပ်ရှင် အတူတူ သွားကြည့်ရအောင် နော်"

"အင်း....အင်းး Minသဘောပါကွာ"

      ခပ်ပြုံးပြုံးလေးနဲ့ ဖြေလာတဲ့ Wonwooကြောင့် Mingyuမှာ အရမ်းပျော်နေလေတယ်။ မှာချင်တဲ့ ပါစတာကို တစ်ယောက်တစ်ပွဲစီ မှာကာ စားပြီးနောက်မှာတော့ ရုပ်ရှင်ရုံ သွားခဲ့ကြပြီး လက်ရှိရုံတင်နေတဲ့ Avengersကားကို ရွေးလိုက်ကြတယ်။ ထို့နောက် ပေါက်ပေါက်နဲ့ အအေးတို့၀ယ်ကာ ရုံထဲသို့ ၀င်ခဲ့ကြတယ်။

     

ရုပ်ရှင်စတော့.....

     

"ကိုကို....ကိုကိုလို့"

     ဘေးက Mingyuက လေသံ တိုးတိုးလေးနဲ့ ခေါ်နေသော်လည်း ဇာတ်ကားတွင် အာရုံရောက်နေသော Wonwooက လှည့်တောင် မကြည့်ပေ။ အအေးသောက်ရင်း ဆက်ကြည့်နေလေတယ်။

"ကိုကို...."

    နည်းနည်း ခပ်ကျယ်ကျယ် ခေါ်လိုက်တော့မှ Wonwooက လှည့်ကြည့်လာတယ်။

"ပြော Min ဘာဖြစ်လို့လဲ"

"အဟင်းး...ဟိုလေ ရုပ်ရှင်ပဲ ကြည့်မှာလားဟင်"

"ရုပ်ရှင်ရုံထဲ ရုပ်ရှင်ပဲ ကြည့်ရမှာပေါ့ Minကလည်း ဘာလို့လဲ"

"ဟာ ကိုကိုဗျာ....တကယ် နုံလိုက်တာဗျာ"

        Mingyuကိုယ့်ပါးကိုယ်သာ ချလိုက်ချင်မိတယ်။ Wonwooပြောတာလည်း ဟုတ်နေတာပဲ ရုပ်ရှင်ကြည့်ရမှာပေါ့။ ဒါပေမယ့် တစ်ခြား ရည်ရွယ်ချက် ရှိနေသူ Mingyuအတွက်တော့ ဟုတ်မနေပေ။ သူ့မှာတော့ အတွဲခုံကို ရှက်ရှက်နဲ့ လက်မှတ် ဖြတ်လာရတာ။ Wonwooကတော့ အတော်လေး နုံအနေသည်လား ဘာလားတော့မသိ။ Mingyuဘက်တောင် လှည့်ကြည့်မလာတော့ပဲ ဇာတ်ကားသာ ကြည့်နေလေတယ်။

       Mingyuလည်း နီးကပ်နေတဲ့ ခြေထောက်တို့ကို ပို၍နီးအောင် Wonwooနား တိုးကပ်လိုက်ကာ Wonwooလက်ထဲက အအေးဘူးကို ဆွဲယူ၍ ဘေးမှာထားလိုက်တယ်။

"Min....ဘာလို့"

       Wonwooဘာမှ ပြန်မပြောလိုက်နိုင်ခင်မှာပင် Mingyuလက်တို့က Wonwooမျက်နှာကို အုပ်ကိုင်လိုက်ကာ နှုတ်ခမ်းနှစ်ခုတို့ကို နီးစပ်စေလိုက်တယ်။

"ရုပ်ရှင်ဆိုတာ ဒီလို ကြည့်ရတယ် ကိုကိုရဲ့"

         Mingyuလည်း အနမ်းတို့ကို ဆက်စေလိုက်တော့ Wonwooကလည်း Mingyuကို ပြန်လည်ဖက်တွယ်လာကာ ပြန်တုံ့ပြန်လေတယ်။ တစ်ဖန် Wonwooရဲ့ အင်္ကျီအောက်သို့ လက်လှမ်းနေတဲ့ Mingyuကြောင့် Wonwooက တားလိုက်တယ်။

"Min.... ကိုကိုပြောထားတယ်လေ နမ်းတာပဲရအုံးမယ်လေ Minကငယ်သေးတယ်"

"အင်းး...ကောင်းပြီလေ အဲ့တာဆိုလည်း ကိုကို့ကို အနမ်းနဲ့ပဲ ကြွေဆင်းအောင်လုပ်ပြရတာပေါ့"

         အပြောနဲ့ အလုပ်နဲ့ ညီစွာပင် အချိန်ဘယ်လောက် ကြာလိုက်သည် မသိ။ ၂ယောက်သား အနမ်းဖလှယ်တာ ရပ်လိုက်ကြတော့ ဇာတ်ကားပင် ပြီးကာ စာတန်းထိုးနေလေပြီ။

၂ယောက်လုံးရဲ့ နှုတ်ခမ်းဆီမှလည်း ငွေရောင်ခြည်မျှင်တန်းလေးက တွဲလွဲကျလို့ပင်။
Wonwooနဲ့ Mingyuလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်လိုက်ကြတော့တယ်။ Wonwooရဲ့ ရေငွေ့ရိုက်နေတဲ့ မျက်မှန်လေးကို Mingyuက ယူကာ သုတ်ပေးလိုက်ရင်း ပြန်တပ်ပေးလိုက်ကာ ၂ယောက်တူတူ ရုံထဲကထွက်ကာ အိမ်သို့ ပြန်ခဲ့ကြလေတယ်။

     









Update✌️

စဥ်းစားထားတဲ့ Plotမေ့နေလို့ ပြန်စဥ်းစားနေတာနဲ့ ကြာသွားတာပါ😭😭

Mingyuဆီကနေ ရုပ်ရှင်ကြည့်နည်း သေချာသင်ယူထားကြပါနော်🤧🤧

နမ်းတာလေးကို ရှက်ရှက်နဲ့ ရေးလိုက်ရတာ....🥶


You are reading the story above: TeenFic.Net