20 (Final)

Background color
Font
Font size
Line height

      

        ဒီနေ့ကတော့ Mingyuနဲ့ Wonwooတို့ရဲ့ မင်္ဂလာပွဲကို Seoul Hotelရဲ့ ခန်းမမှာ ကျင်းပလေတယ်။  Wonwooရဲ့ မိဘတွေလည်း ကြည်ကြည်ဖြူဖြူနဲ့ လာပေးကြတယ်။ Pre Weddingပုံ အကြီးကြီးကို ခန်းမရှေ့မှာ ချိတ်ထားပြီး မိဘတွေက ခန်းမရှေ့မှနေ၍ ဧည့်သည်တွေကို ကြိုဆိုလေတယ်။

        Mingyuနဲ့  Wonwooကတော့ ပွဲမစသေး၍ သတို့သားအခန်းကိုယ်စီမှာ နေနေကြတယ်။ Mingyuရဲ့ သူငယ်ချင်း Myunghoနဲ့ ၀ပ်ရှော့က အလုပ်သမားလေးတွေပါ တူတူလာကာ Mingyuကို ဂုဏ်ပြုလေတယ်။

"Mingyu ဒီနေ့ အကို Wonwooသူငယ်ချင်းတွေ လာမယ်မလား"

"အင်းပေါ့ လာမှာပေါ့ ငါ ရင်တုန်နေတယ် Myunghoရာ"

        နို့နှစ်ရောင် Suitကို ၀တ်ထားပြီး နက်တိုင်အနက်လေးစည်းထားတဲ့ Mingyuဟာ ဆံပင်တို့ကိုလည်း ခပ်တိုတိုညှပ်ထားတာကြောင့် မျက်နှာဟာ ရှင်းသန့်ကာ ကြည့်ကောင်းနေလေတယ်။
အရင်တစ်ခေါက်ဆောင်တုန်းကထက် ခုလုပ်သည့်ပွဲက ပိုအရေးကြီးသည်မလို့ Mingyuရင်တွေ တုန်နေလေတယ်။ Myunghoကတော့ ဘာမှမသိစွာ ပြောချင်ရာပဲ ပြောနေတော့တယ်။

"ဟိုလေ အကိုWonwooကို တစ်ချက်ပြောပေး ပန်းစည်းပစ်ရင် ငါ့ဘက်ပစ်လို့ သိလား သိလားလို့"

"မသိဘူးကွာ ရင်တုန်နေရတဲ့ထဲ မင်းကတစ်မျိုး"

"မသိလို့ရမလား မင်းကျ ၂ခါတောင်ဆောင်တာ ငါလည်းယူချိန်တန်ပြီ ပန်းစည်းငါ့ဘက်ပစ်ခိုင်းကွာ"

"အေးကွာ အေးကွာ"

       ရင်ပူနေရတဲ့ထဲ ဘေးကနေ ဂျီကျနေတဲ့ Myunghoကို အလိုက်သင့်လေးသာ ပြောပေးလိုက်တယ်။ Wonwooနဲ့ ၀တ်စုံတူတူ ရွေးပြီး တူတူ၀တ်ကြည့်ထားသော်လည်း ဒီနေ့ ဒီချိန်မှာ ထပ်မြင်ရမယ့် Wonwooကို Mingyuရင်ခုန်စွာ စောင့်ဆိုင်းနေမိတော့တယ်။







"မင်းတို့ကလည်း တည့်သွားတာနဲ့ မင်္ဂလာဆောင်တာ ဆိုင်လည်းမဆိုင်ဘူး ကြားထဲက ငါက ၂ခါကုန်တယ်"

"မင်းကလည်း အချင်းချင်းကို"

      အခန်းထဲ ၀င်၀င်လာချင်း ပွစိပွစိလုပ်နေတဲ့ Jisooကို Wonwooကြည့်ကာ ရယ်မိတယ်။ ဘေးက ပါလာတဲ့ Junhuiကတော့ ခပ်အေးအေးပင်။
Wonwooကလည်း နို့နှစ်ရောင်suitကို ဖဲပြားလေးနဲ့ ၀တ်ဆင်ထားကာ ရှည်နေပြီဖြစ်တဲ့ ဆံပင်တွေကို mulletပုံစံညှပ်ထားလေတယ်။ မျက်နှာရှင်းရှင်းလေးဟာ ရှေ့ဆံပင်ရှည်တွေကို အလယ်ခွဲထားပြီး မျက်မှန်လေးနဲ့ ကြည့်လို့ ကောင်းနေသည်ပင်။ လက်ထဲမှာလည်း အဖြူရောင် နှင်းဆီပန်းစည်းလေးကို ကိုင်ထားလေတယ်။

      

"ရော့...ရော့ အများကြီးထည့်ပေးထားတယ် မင်းပေးတဲ့လခတွေ မင်းကို ပြန်ပေးနေရတာ"

"Wonwoo ya....ပျော်ရွှင်ပါစေနော်"

"ကျေးဇူးပါကွာ ကောင်းကောင်းသုံးပါ့မယ်"

      Jisooနဲ့ Junhuiက Wonwooကို လက်ဖွဲ့ငွေ ကိုယ်တိုင်ပေးလေတယ်။

"ဒီလို  အဆင်ပြေသွားတော့လည်း ၀မ်းသာပါတယ်ကွာ မဟုတ်ရင် မင်းပဲ စိတ်ညစ်နေရတာ"

"အင်းးး....ငါ့အပေါ် နားလည်ပေးတဲ့ Minကို ကျေးဇူးတင်ရမှာပါ"

       Wonwooနဲ့ Jisooပြောနေကြရင်း ဘေးက Junhuiကလည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ပင်။ Junhuiကိုလည်း Wonwooတို့ ကိစ္စကို ပြောပြထားတာကြောင့် Junhuiလည်း သိသည်ပင်။

"ကဲ ပွဲစခါနီးပြီ ငါတို့ပွဲထဲနေတော့မယ် သွားပြီနော်"

"အင်း သေချာသွား"

       Jisooတို့ထွက်သွားပြီး ခနအကြာ အခမ်းအနား စတင်လေတယ်။ စတာနဲ့ မင်္ဂလာသီချင်းသံအရင်ကြားရပြီး Wonwooက ခန်းမရဲ့ တံခါး၀ကနေ စတင် ၀င်ရောက်လာတယ်။ ချောမောလှတဲ့ Wonwooရဲ့ ရုပ်ရည်ဟာ မီးအလင်းရောင်ကြောင့် ပို၍ပင် ထင်းထွက်နေလေတယ်။

        ခန်းမအလယ်မှာ ရပ်နေတဲ့ Mingyuကလည်း တော်၀င်မင်းသားလေးလို ခန့်ညားလို့နေလေတယ်။ Wonwooလျှောက်လာတာနဲ့ ဧည့်ပရိတ်သတ်တွေနဲ့ မိဘတွေက လက်ခုပ်တီး အားပေးကာ ချီးမြှောက်ကြတယ်။

        Mingyuက တစ်ဖြည်းဖြည်းလျှောက်လာနေတဲ့ Wonwooကိုကြည့်ကာ အပြုံးတွေ ပြည့်လျှံလို့နေလေတယ်။ Wonwooအနားရောက်လာတာနဲ့ ချစ်ရည်လွှမ်းနေတဲ့ မျက်လုံးတွေနဲ့ကြည့်ကာ Wonwooကလည်း နှစ်လိုဖွယ်ကောင်းအောင် ပြုံးပြလေတယ်။

"ကိုကို အရမ်းချောနေတာပဲ"

"မောင်လည်း အရမ်းချောတယ်"

        အချင်းချင်း နားနားကပ်ကာ စကားပြောတော့ ဖာသာက ချောင်းဟန့်လေတယ်။ ၂ယောက်သား ရယ်လိုက်ကြပြီး ဖာသာရဲ့ အဆုံးအမတွေကို ခံယူပြီးတော့ အဓိက ပြောရမယ့် စကားတွေဆီ ရောက်လာတယ်။

"၂ယောက်က တစ်ဦးပေါ်တစ်ဦး သစ္စာရှိစွာ ပေါင်းသင်းနေထိုင်နိုင်ပါသလား"

"ဟုတ်ကဲ့ နေထိုင်နိုင်ပါတယ်"

       ဖာသာရဲ့ အမေးကို ၂ယောက်ပြိုင်တူ ဖြေလိုက်တာကြောင့် ဧည့်သည်တွေကပါ ရယ်ကြလေတယ်။ Mingyuနဲ့ Wonwooတို့လည်း ရှက်ရှက်နဲ့ ရောရယ်မိလိုက်တယ်။

        သစ္စာဆိုပြီးတော့ လက်စွပ်လဲ၀တ်ပေးကြကာ မင်္ဂလာပွဲ အထမြောက်သွားခဲ့တယ်။

"၂ယောက် အကြင်နာအနမ်းပေးနိုင်ပါပြီ"

  
     ဖာသာရဲ့ စကားဆုံးတာနဲ့ Wonwooကို ဆွဲဖက်ကာ နမ်းလိုက်တဲ့ Mingyuကြောင့် ခန်းမတစ်ခုလုံး ၀ါးခနဲ ဖြစ်သွားရလေတယ်။ ၂ယောက်သားကတော့ မျက်နှာတွေ နီရဲကာ ရှက်သွေးဖြာနေရင်းမှ ရယ်နေမိသေးတယ်။







       ပန်းစည်းကြဲမည်ဆိုတော့ Wonwooသူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေရော Mingyuသူငယ်ချင်းအုပ်စုရော ဖမ်းဖို့ အဆင့်သင့်ပင်။

    အဲ့ကြားထဲမှာမှ Myunghoက ရှေ့ဆုံးကနေ Mingyuကို မျက်စပစ်ကာ အချက်ပြနေသေးတယ်။ Mingyuလည်း Wonwooရဲ့ နားနားကပ်ကာ ပြောလိုက်တယ်။

"သိပ်ဝေးဝေးမပစ်နဲ့ Seo Myughoနားသာ ပစ်ပေးလိုက် ကိုကို"

"အိုခေ သိပြီ မောင်"

      Wonwooလည်း Mingyuစကားအတိုင်း နောက်လှည့်ကာ Myunghoရှိမည့် နေရာသို့မှန်းကာ ပန်းစည်းကို ပစ်ပေးလိုက်တယ်။

"ဟေးးး"

"ဘယ်သူရသွားလဲ"

"Myunghoပေါ့ ကိုကိုရဲ့"

"ရားးးး ရပြီကွ ရပြီ"

          ရသွားတဲ့ ပန်းစည်းကို မြှောက်ကာ အော်နေသော Myunghoကို Mingyuကြည့်ကာ ရယ်လိုက်မိတယ်။ ချက်ချင်းပင် Myunghoက Junhuiရှေ့သွားကာ ဒူးထောက်ချပြီး ပန်းစည်းနဲ့ ချစ်ခွင့်ပန်လိုက်တာကြောင့် အားလုံး အံ့ဩသွားရတယ်။

"၀ိုးးးးး Seo Myungho လုပ်ထားကွ"

        အနောက်က Mingyuက အားတက်သရော အားပေးရှာတယ်။

      ရုတ်တရက်ဆန်တဲ့ အခြေအနေကြောင့် Junhuiကတော့ အံ့သြလို့ မဆုံးပင်။

"အကို အကို့ကို ကျွန်တော် ကြိုက်လာတာ ကြာပါပြီ အဲ့တာကြောင့် နေ့တိုင်း အကို့ဆိုင်ပဲ လာစားနေတာပါ အကိုလည်းသတိထားမိမှာပါ ကျွန်တော့်အချစ်ကို လက်ခံပေးပါ"

"အယ် ဘယ်လို ဒီလို ရုတ်တရက်ကြီး...ဘာပြန်ပြောရမလဲ"

"လက်ခံပါတယ်လို့ ပြန်ပြောလိုက်ပါဗျို့"

     နောက်က လူအုပ်ထဲက Jisooက အော်လိုက်တော့ Junလည်း ရှက်ရှက်နဲ့ ပန်းစည်းကို ဆွဲယူလိုက်ပြီး ခပ်မြန်မြန်ပြောလိုက်တယ်။

"စဥ်းစားပေးမယ် ဟုတ်ပြီလား ရှက်လာပြီမလို့ ထပါတော့"

"ဟုတ်...ဟုတ် အကိုတကယ်ပြောတာနော်"

"အေးကွာ...တကယ်"

  

      ထိုသို့ပြောတော့မှ ဒူးထောက်နေတဲ့ Myunghoဟာ ထလာပြီး Junနားကိုကပ်နေတော့တယ်။ ရှက်နေတဲ့ Junကတော့ မျက်နှာ ဘယ်နားထားရမယ်မသိအောင်ပင်။ Myunghoကတော့ ပြုံးဖြီးနေပြီး Junအနားသာ တောက်တဲ့လို ကပ်နေတော့တယ်။

      ဒီလိုနဲ့ Mingyuတို့ မင်္ဂလာပွဲလေးဟာ အခက်အခဲမရှိ ပြီးဆုံးသွားခဲ့ပြီး Myunghoနဲ့ Junလည်း အတွဲတွေ ဖြစ်သွားခဲ့ကြတယ်။









2နှစ်ခန့်ကြာသော်.....

      Mingyuနဲ့ Wonwooတို့ လက်ထပ်ပွဲ ထပ်ကျင်းပပြီး ၁နှစ်အကြာမှာ ၃နှစ်အရွယ် သားလေးတစ်ယောက်ကို စာချုပ်စာတမ်းနဲ့ မွေးစားခဲ့ကြတယ်။ ကလေးရုပ်က ၂ယောက်လုံးနဲ့လည်း ဆင်တူပြီး ချစ်ဖို့ကောင်းလေတယ်။ နာမည်ကို Kimမျိုးရိုးခံယူစေကာ Kim Doyoungဟု မှည့်ထားလေတယ်။ ခုဆို ကလေးက အသက် ၄နှစ်ပင်ရှိပြီး ကျန်းကျန်းမာမာ ကြီးပြင်းလျက်ပင်။
အဖေ၂ယောက်နဲ့ လိုက်လျောညီထွေ နေတတ်ကာ အတော်လေး ချစ်စရာကောင်းရှာတယ်။


"Kim Mingyu သားကို ဘာတွေလုပ်ပေးနေတာလဲ"

"မောင့်လို နှုတ်ခမ်းမွှေးပေါက်ချင်တယ်ဆိုလို့ ဆွဲပေးနေတာ သားသား ပြလိုက်"

      အခန်းထဲမှာ ထိုင်ကာ ဆော့ပင်တွေနဲ့ ကလေးကို နှုတ်ခမ်းမွှေးထိုင်ဆွဲပေးနေတဲ့ Mingyuဟာ တအား ဂုဏ်ယူနေသည့်ပုံနဲ့  အခန်းထဲ ၀င်လာတဲ့ Wonwooကို ပြလေတယ်။

"ပါပါးးး သားမိုက်လား"

     နှုတ်ခမ်းတစ်၀ိုက် ဆော့ပင်အမဲတွေနဲ့ ခြစ်ခံထားရတဲ့ သားကလည်း သူမိုက်နေသည်ဟုထင်ကာ ခါးထောက် မတ်တတ်ရပ်ပြီး အခန်းပေါက်၀က Wonwooကို ပြလေတယ်။

"ဟာ စိတ်ညစ်လိုက်တာ ခုနမှ ရေချိုးပေးထားတယ် ဂျစ်တူးဖြစ်နေပြီ Kim Mingyu မင်း သေတော့မယ်"

       Wonwooက သားဖြစ်သူကို ပွေ့ချီရင်း ကြမ်းပြင်ပေါ် ထိုင်နေတဲ့ Mingyuကို ကြိမ်းလေတယ်။ Mingyuကတော့ ခပ်အေးအေးပင် မျက်နှာပြောင်ပြနေသေးတယ်။ သားက ထိုစကားကြားတာနဲ့ Wonwooရဲ့ ပါးစပ်ကို လက်သေးသေးလေးတွေနဲ့ ပိတ်လိုက်တယ်။

"ပါပါးးး ဒယ်ဒီကို အဲ့လိုမပြောရဘူး ငရဲကြီးမယ် ရှူးးးး"

"ဘယ်သူပြောတာလဲ သားဒယ်ဒီလား"

"အွန်းးးး"

"သူက ကလိမ်ကကျစ် သား ပါပါးပြောမယ် ဒယ်ဒီ့စကားတွေ လျှောက်မယုံနဲ့"

"ဟာ ကိုကို သားကို မဟုတ်တာတွေ မပြောနဲ့"

"မင်းသာမပြောနဲ့"

       Wonwooက Mingyuကို မျက်စောင်းထိုးကာ ကြည့်ရင်း သားကိုချီကာ ရေချိုးခန်းဘက်သို့သွားလေတယ်။

        သားကို ရေချိုးပေးပြီးတော့ နေ့လည်ထမင်းကျွေးကာ သားကို သိပ်ထားလိုက်ပြီး Mingyuရှိရာ အခန်းထဲသို့ ၀င်လာလိုက်တယ်။

     Mingyuက ရေချိုးပြီးကာစမို့ သဘက်တစ်ထည်သာ ၀တ်ထားပြီး ခေါင်းသုတ်နေလေတယ်။ Wonwooလည်း Mingyuဘေး ၀င်ထိုင်ကာ သဘက်ကိုယူပြီး သုတ်ပေးနေလိုက်တယ်။

"မောင် သားကို ချစ်တာလည်းချစ်တာပေါ့ အရမ်းအလိုမလိုက်ပါနဲ့ မျက်နှာမှာလည်း လျှောက်မဆွဲပေးနဲ့ သားက ရေချိုးပေးရခက်တာ မောင်လည်း သိသားနဲ့"

"ဟဲဟဲ ကိုကိုကလည်းးး နောက်ခါ မောင်ချိုးပေးပါ့မယ်"

"အမြဲ အဲ့လိုပြောတာပဲ"

"သားရော အိပ်ပြီလား"

"အင်း အိပ်သွားပြီ ထမင်းစားပြီး တန်းအိပ်တာပဲ"

 

       Wonwooစကားဆုံးတာနဲ့ ခေါင်းသုတ်ခံနေရင်းမှ Mingyuက မျက်နှာပြုံးပြုံးနဲ့ နောက်လှည့်ကြည့်လာတဲ့ Mingyu။

"အဟင်းးး ဟုတ်လား ရေလည်းချိုးပြီး သားလည်းအိပ်နေတော့ မောင်တို့ ပျော်စရာလေးတွေ လုပ်ကြမလား"

    ပြီတီတီရုပ်နဲ့ Wonwooအင်္ကျီကြယ်သီးတွေကို တစ်လုံးချင်း လာဖြုတ်နေတဲ့ Mingyuရဲ့ ရင်အုပ်ကို Wonwooက ရိုက်ချလိုက်တယ်။

"နေ့လည်ကြီးနော် ဘာစကားတွေ ပြောနေတာလဲ"

"ကိုကိုရယ် ချစ်တာက နေ့လည်တွေ ညတွေမလိုပါဘူး သားအိပ်တုန်းချစ်ကြမယ်လေ နော် သူက နိုးနေရင် သိတဲ့ အတိုင်း တအားကဲတဲ့ဟာ နော်လို့"

"ဟာ... မောင်ကလည်း ကိုကို ရေမချိုးရသေးဘူး"

"ရေမချိုးလည်း ကိုကိုက မွှေးပြီးသား မလိုဘူး"

"အာ....မောင် မလုပ်ပါနဲ့ဆို"

    

         Wonwooတားချိန်ပင် မရလိုက်ပဲ မွေ့ယာပေါ် ၂ယောက်အတူ ပစ်လှဲသွားရတယ်။ အဲ့နောက်တော့ နေ​ရောင်ခြည် နွေးနွေးအောက်မှာ အချစ်တွေ ဖလှယ်နေကြတဲ့ အချစ်ငှက်ကလေး ၂ကောင်ရဲ့ တီတီတာတာ အသံလေးတွေဟာ အခန်းထဲ ပြန့်လွင့်လျက်ပေါ့။











ကဲ....ပြီးပါပြီ upချင်ဇောနဲ့မို့ နည်းသွားတယ်
Extraလိုချင်ရင် ထပ်ရေးပေးမယ်နော်🥰






You are reading the story above: TeenFic.Net