16

Background color
Font
Font size
Line height

ညနေ ကျောင်းသားဟောင်း တွေ့ဆုံပွဲတွင်...

       Mingyuနဲ့ Myunghoတို့ ချိန်းထားတဲ့ ၀က်သားကင်ဆိုင်တွင် စောရောက်နေကာ   တစ်ဖြည်းဖြည်းနဲ့ အတန်းဖော်တွေ ရောက်လာကြတယ်။ ပွဲစပြီးသည်အထိ Wonwooရောက်မလာသေးပေ။ နာရီ၀က်ခန့်ကြာပြီးနောက် ဆိုင်တံခါးဖွင့်သံ ကြားလိုက်ရပြီး Wonwoo၀င်လာတာကို တွေ့လိုက်ရတယ်။

"အားလုံး နောက်ကျသွားလို့ တောင်းပန်တယ်နော်"

"ရပါတယ် ဆရာ ထိပ်ဆုံးမှာ ထိုင်ပါ ဆရာ့အတွက် နေရာဖယ်ထားတာ"

      ကျောင်းသားဟောင်း အုပ်စုထဲက အတန်းခေါင်းဆောင်ဖြစ်ခဲ့သည့် ကျောင်းသားက Wonwooကို နေရာပေးလေတယ်။ Wonwooထိုင်ပြီးမှ စားပွဲရဲ့ တစ်ဖက်ခြမ်း သူရှေ့တည့်တည့်မှာ ထိုင်နေတဲ့ Mingyuကို တွေ့လိုက်ရတယ်။ Mingyuက Wonwooကို တစ်ချက်သာ ကြည့်ပြီး အကြည့်လွှဲသွားကာ ဆိုဂျူကိုသာ သောက်နေလေတယ်။

      ကျောင်းသားတွေကလည်း မတွေ့ရတာကြာတော့ စကားဖောင်ဖွဲ့ပြောကြကာ ဆရာဖြစ်တဲ့ Wonwooကိုလည်း ဧည့်ခံကြရင်း ဆိုဂျူအတင်း တိုက်ကြလေတယ်။ မက်ဂျူတောင် မနည်းသောက်ရတဲ့ Wonwooက အားတုံ့အားနာနဲ့ တပည့်တွေ တိုက်လို့သာ သောက်နေရရှာတယ်။ တော်တော်များလာတော့ Wonwooမခံနိုင်အောင် မူးလာတာကြောင့် Toiletကိုသွားကာ အန်ရသည်အထိပင်။

"ဆရာ တော်တော်မူးနေပြီကွ အိမ်သာထဲမှာ ထတောင်မထနိုင်ဘူး ဘယ်သူလိုက်ပို့မလဲ"

     အတန်းခေါင်းဆောင်ဖြစ်ခဲ့သူက Wonwooနောက်လိုက်ကြည့်ပြီး အခြေအနေ ဆိုးနေတာကြောင့် အိမ်ပြန်ပို့ရန် လူခေါ်လေတယ်။ Mingyuကတော့ မသိသလိုနေနေတဲ့ အချိန် ဘေးက Myunghoက Mingyuလက်ကို ဆွဲမြှောက်ကာ အော်လိုက်လေတယ်။

"သူပို့လိမ့်မယ် သူ့မှာ ကားပါတယ်"

"အိုခေ Mingyu ဆရာ့ကို Toiletထဲကနေ သွားခေါ်လိုက်အုံး"

     Myunghoကို စိုက်ကြည့်ပြီး အသံတိတ်ဆဲရေးကာ Toiletဘက်ကို ထသွားလိုက်လေတယ်။ Myunghoကတော့ မှိုရတဲ့ မျက်နှာပေးနဲ့ ကျန်နေခဲ့လေတယ်။

"ဒီမှာ ဟေ့ ထ...ထလေ"

     Toiletထဲ အိမ်သာကိုမှီကာ မထနိုင်တဲ့သူကို လက်ကနေ လှုပ်နှိုးသော်လည်း ထမလာပေ။ မျက်မှန်ကလည်း လျှောကျနေကာ ပါးစပ်ဟပြီး အိပ်ပျော်နေတဲ့ Wonwooကို Mingyuကြည့်ကာ စုပ်သက်လိုက်မိတယ်။

      
      မတတ်နိုင်တဲ့အဆုံးမှာတော့ ပွေ့ချီပြီးသာ ဆိုင်ထဲကနေ ထွက်လာခဲ့လိုက်တယ်။ ဆိုင်ပြင်ရောက်တော့ ကားပေါ်တင်လိုက်ကာ Mingyuလည်း driver seatမှာ ထိုင်လိုက်ပြီး အိပ်ပျော်နေတဲ့ Wonwooကို လှုပ်နှိုးလိုက်တယ်။

"ဟေ့လူ ထအုံး လိပ်စာပြော"

      Wonwooရဲ့ ပါးအား ခပ်ဆတ်ဆတ်ပုပ်ကာ နှိုးလိုက်တော့ မျက်စိပွင့်လာကာ ၀ူး၀ူး၀ါး၀ါး ပြောလေတယ်။

"ဟင် လိပ်စာလား မသိဘူးးး မေ့ကုန်ပြီ မင်းက ဘယ်သူလဲ ပြန်ပေးဆွဲမလို့လားဟင်"

"ဘာတွေပြောနေတာလဲ ခင်ဗျားနေတဲ့ နေရာပြော အိမ်မပြန်ပဲ လမ်းဘေးအိပ်ချင်လို့လား"

       Mingyuစိတ်တိုကာ အော်ပြောလိုက်တော့ မူးနေတဲ့ Wonwooက ပါးလေးတွေနီရဲကာ မျက်လုံးလေးတွေက မှေးစင်းနေပြီး စငိုတော့တယ်။

"အဟီးးး လမ်းဘေးတော့ မအိပ်ပါရစေနဲ့ ဦးလေးကြီးရယ် တောင်းပန်ပါတယ်"

"ဘာ! ဒီရုပ်က ဦးလေးကြီးလား ဘယ်သူလဲ သေချာကြည့်အုံး"

      အမူးလွန်လျှင် ငိုတတ်တဲ့ Wonwooအကျင့်ကို သိလိုက်ရတဲ့ Mingyuက အနည်းငယ် ခိုးရယ်လိုက်မိတယ်။ Wonwooငိုနေရင်းမှ ရပ်လိုက်ကာ Mingyuကို ကြည့်လာလေတယ်။

"အော် Mingyuနဲ့ တူတယ်နော် ဘာလို့လာတူနေတာလဲ အီးးးး"

     ပြောချင်ရာတွေပြောပြီး တရှုံ့ရှုံ့နဲ့ငိုကာ တစ်ဖက်လှည့်ပြီး ပြန်အိပ်ပျော်သွားတဲ့ Wonwoo။ Mingyuလည်း မတတ်နိုင်တဲ့အဆုံးမှာ သူ့နေတဲ့ တိုက်ခန်းဆီသာ ခေါ်လာခဲ့လိုက်တယ်။

      တိုက်ခန်းရောက်တဲ့ထိ နိုးမလာတော့တာကြောင့် ပွေ့ချီပြီးသာ အခန်းထဲထိ ခေါ်လာလိုက်ပြီး sofaမှာတင်ကာ အိပ်စေလိုက်တယ်။ အဖေ့ကိစ္စကြောင့် နာကျည်းသော်လည်း လူတစ်ယောက်ကို ရက်စက်လောက်သည်အထိတော့ Mingyuမလုပ်ပါ။

      Mingyuရေချိုးပြီး အိမ်နေရင်း ၀တ်နေကျ စွပ်ကျယ်နဲ့ ဘောင်းဘီတိုကို ၀တ်ကာ ထွက်လာတော့ ည၁၀နာရီပင် ထိုးလို့နေလေပြီ။ လျှော်ထားတဲ့ ခေါင်းကို dryerနဲ့ မှုတ်ပြီး ညစာစားရန် အခန်းပြင်ထွက်လာတော့ sofaမှာ ငုတ်တုတ်ထိုင်နေတဲ့ Wonwooနဲ့ တွေ့လေတယ်။

      မျက်နှာအနေအထား ကြည့်လိုက်တော့ အမူးပြေနေသည့် ပုံပင်။

"ခင်ဗျား အမူးပြေရင်လည်း ပြန်ချင်ပြန်တော့"

"ဟိုလေ..ရေတစ်ခွက်လောက် တိုက်ပါလား"

      Mingyuလည်း မငြင်းရက်ပါပဲ ရေခဲသေတ္တာထဲက ရေဘူးနဲ့ ခွက်ကို ယူပေးလိုက်တယ်။ ပြီးတော့ ခေါက်ဆွဲပြုတ်စားရန် ပြင်နေတုန်း နောက်ကနေ ရောက်လာတဲ့ Wonwooက Mingyuခါးကို ဖက်လိုက်တော့တယ်။

"လွမ်းနေခဲ့တာ ဒီ၂နှစ်အတွင်း သတိရနေခဲ့တာ"

"ခင်ဗျား လမ်းခွဲချင်တိုင်း လမ်းခွဲပြီးမှ ခုမှ ဘာတွေလာပြောနေတာလဲ"

      Mingyuက သူ့ခါးမှာ ရစ်တွယ်နေတဲ့ Wonwooလက်ကို ဆွဲဖယ်ကာ မျက်နှာချင်းဆိုင် လှည့်လိုက်လေတယ်။ မျက်ရည်စတို့ ဝေ့သီနေတဲ့ အကြည့်တွေနဲ့ Mingyuကို မော့ကြည့်နေတဲ့ Wonwooက အမူးသိပ်မပြေသေးပုံပင်။ Mingyuလည်း မသိချင်ယောင်ဆောင်ကာ ကျော်သွားမည်အပြု Mingyuမျက်နှာအား ဆွဲယူကာ နမ်းလိုက်တဲ့ Wonwooကြောင့် Mingyuမျက်၀န်းတို့ ပြူးကျယ်သွားရတယ်။

       

     ထိရုံလေး နမ်းပြီးတာနဲ့ ချက်ချင်းပြန်ခွာသွားတဲ့ Wonwooက ပါးလေးတွေနီရဲနေကာ ရှက်သွေးဖြာနေလေတယ်။

"ဟို....ငါ သတိလွတ်သွားလို့ ပြန်...ပြန်တော့မယ်"

       ပြောပြီးတာနဲ့ ချက်ချင်းလှည့်ကာ ပြန်ဖို့လုပ်နေတဲ့ Wonwooကို Mingyuက ခါးကနေ ဆွဲဖက်လိုက်တယ်။

"ခင်ဗျား စတာနော် အစအဆုံး တာ၀န်ယူပေးရမယ်"

        ပြောပြီးတာနဲ့ Wonwooရဲ့ နှုတ်ခမ်းတွေကို အလွတ်မပေးပဲ စနမ်းလိုက်တယ်။ Wonwooကလည်း Mingyuလည်ပင်းကို ဖက်ထားကာ အနမ်းတွေနဲ့ တုန့်ပြန်လေတယ်။ ဖက်ထားကာ နမ်းရင်းနဲ့ အခန်းထဲရောက်အောင်သွားလိုက်ပြီး Wonwooရဲ့ ကိုယ်လေးကို ကုတင်ပေါ်ပစ်တင်လိုက်ကာ အပေါ်ကနေ အုပ်မိုးထားလိုက်တယ်။

      တအားအနမ်းခံထားရတာကြောင့် Wonwooရဲ့ နှုတ်ခမ်းလေးတွေဟာ နီရဲစိုစွတ်လို့နေလေတယ်။ Mingyuက Wonwooမျက်မှန်ကို ချွတ်လိုက်ကာ စားပွဲပေါ် ပစ်တင်ပြီး ၀တ်ထားတဲ့ စွပ်ကျယ်ကို ဆွဲချွတ်လိုက်လေတယ်။ ညိုညက်တဲ့ အသားအရည်နဲ့ လိုက်ဖက်စွာ bodyကောက်ကြောင်းက ထင်းထွက်လို့နေလေတယ်။ အောက်က Wonwooက Mingyuကိုကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်လို့နေတယ်။

"Min...ခန္ဓာကိုယ်က အတော်မိုက်လာတာပဲ"

"အဲ့တာတွေပြောဖို့  မအားဘူး ကိစ္စကို ဆက်ကြတာပေါ့"

    Mingyuက Wonwoo၀တ်ထားတဲ့ ဆွယ်တာလေးကို ဆွဲချွတ်လိုက်တော့ ဖြူဖွေးနေတဲ့ ခန္ဓာကိုယ်လေးက ပုခုံးကျယ်ကျယ် ခါးသိမ်သိမ်လေးနဲ့ လိုက်ဖက်စွာ လှပလို့နေတယ်။ Mingyuက Wonwooရဲ့ လည်ပင်းဖွေးဖွေးလေးကာ သွားတို့နဲ့ ကိုက်ခဲလိုက်ရင်း အမှတ်အသားပေးလိုက်တယ်။ ထပ်ပြီး အနမ်းတို့ကို ဆက်လိုက်ကာ Mingyuရဲ့ လက်တို့က Wonwooရဲ့ ရင်ဘတ်တွေပေါ် ပြေးလွှားလို့နေတယ်။

'ပြွတ်စ်'

'အင့်'

"ခင်ဗျားအဆင့်သင့်ဖြစ်ရဲ့လား"

"အင်း  အဆင်ပြေပါတယ်"

      Wonwooစိတ်ထဲ မသိုးမသန့်တော့ ဖြစ်နေလေတယ်။ သူ့ရဲ့ပထမဆုံးဆိုတဲ့ အရာအားလုံးကို ပေးချင်ခဲ့ပေမယ့် သူမပေးနိုင်တော့။ Mingyuက အောက်ပိုင်းမှာ ၀တ်ထားတာတွေ အကုန်ချွတ်လိုက်ကာ Wonwooကိုပါ ချွတ်ပေးလိုက်တယ်။ အခုဆို ၂ယောက်လုံးကိုယ်မှာ အ၀တ်အစားမရှိကြတော့ပေ။

     စိတ်ပြင်းပြနေတဲ့ Mingyuဟာ နားရွက်လေးတွေပင် နီရဲလို့နေလေတယ်။ Wonwooကလည်း ရှက်လို့ အသားလေးတွေပင် နီရဲကာ မျက်နှာကို တစ်ဖက်သို့ လှည့်ထားလေတယ်။

"ခင်ဗျားလည်း ပထမဆုံးမလား ကျွန်တော်လည်း ပထမဆုံးပဲ"

"ဟမ်....အင်း"

       Mingyuအမေးကို Wonwooဖြေဖို့ တွန့်သွားပြီးမှ ဖြေလိုက်တယ်။ စိတ်အားထက်သန်နေတဲ့ Mingyuကတော့ Wonwooရဲ့ ရင်ဘတ်တွေပေါ် အနမ်းခြွေနေရင်း အသက်ရှုသံတွေပါ ပြင်းလို့နေလေတယ်။

     Wonwooကတော့ ကြောက်စိတ်ကို အံတုရင်း Mingyuရဲ့ ကျောပြင်ကိုသာ ဖက်တွယ်ထားလေတယ်။

"ကျွန်တော် စတော့မယ်နော်"

"အင်း..."

      Wonwooကိုယ်ထဲ တရစ်ရစ်တိုး၀င်လာတဲ့ Mingyuရဲ့ အရာကြောင့် နာကျင်ကာ မအော်မိအောင် ထိန်းထားရလေတယ်။ ခနကြာတော့ နေသားကျလာကာ ၂ယောက်သား စည်းချက်ညီညီနဲ့ ပျော်ရွှင်မှု ကမ္ဘာလေးထဲ ကျရောက်သွားခဲ့တယ်။ ၁နာရီလောက်ကြာတော့ ၂ယောက်စလုံး ပြီးမြောက်သွားကာ Mingyuက ချွေးစို့နေတဲ့ Wonwooရဲ့ နဖူးလေးကို အနမ်းခြွေလိုက်ပြီး အနားမှာ၀င်လှဲကာ Wonwooရဲ့ ကိုယ်လေးကို ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်တယ်။

"ဘာမှမတွေးပဲ အိပ်လိုက်တော့ နက်ဖြန်မှ ဒီကိစ္စကို ရှင်းမယ်"

      Wonwooလည်း Mingyuအပြောကို ခေါင်းငြိမ့်ကာ လက်ခံလိုက်ပြီး ရင်ခွင်ထဲမှီကာ စိတ်ချလက်ချ အိပ်စက်လိုက်တော့တယ်။





နောက်နေ့မနက်.....

      Wonwooနိုးလာတော့ Mingyuက အနားတွင် မရှိတော့ပေ။ Wonwooလည်း အ၀တ်အစားတို့ ပြန်၀တ်လိုက်ပြီး အခန်းထဲက အထွက် မီးဖိုချောင်မှာ မနက်စာပြင်နေတဲ့ Mingyuနဲ့ တွေ့လေတယ်။

"မပြန်နဲ့အုံး ထိုင်ပြီး မနက်စာ စားသွား ပြောစရာလည်းရှိတယ်"

    Wonwooလည်း မငြင်းတော့ပဲ Mingyuပြင်ပေးတဲ့ ပေါင်မုန့်မီးကင်နဲ့ ကော်ဖီကို စားလိုက်တယ်။ Mingyuက ကော်ဖီသောက်နေရင်းနဲ့ စကားစလာတယ်။

"ခင်ဗျားကို ကျွန်တော် တာ၀န်ယူမယ်"

"အဟွတ်...ဟွတ် ဘာတွေပြောနေတာလဲ Mingyu"

"ကြားတဲ့အတိုင်းပဲ လက်ထပ်ကြမယ်လေ"

"ဘာလို့လဲ မင်းပဲ ငါ့ကို မုန်းနေတာမဟုတ်ဘူးလား"

"မုန်းတာလား မုန်းတာပေါ့ အကြောင်းမရှိပဲ ကျုပ်ကို လမ်းခွဲခဲ့တဲ့ ခင်ဗျားကိုမုန်းတယ် ကျုပ်အဖေသေတဲ့ ကိစ္စမှာ ခင်ဗျားပါနေတာလည်း မုန်းတယ် မနေ့ညက ကိစ္စက ချစ်လို့ ဖြစ်ခဲ့တာမဟုတ်ဘူး စိတ်ကြောင့်ပဲ တာ၀န်ယူမယ်ဆိုတာလည်း ကျုပ်ယောကျာ်းတစ်ယောက်ပါ သူများအပေါ် အဲ့လောက်ထိ မပစ်ပယ်တတ်ဘူး"

"ဒီတိုင်း သာမာန်ကိစ္စလေးလိုပဲ ကျော်သွားလိုက်ကြမလား Mingyu"

"ဘာ! ခင်ဗျား ကျွန်တော့်ကို အဲ့လောက်တောင် မလိုချင်တာလား"

"ဒုန်းး"

      စကားတွေ လွန်လာရင်း ဒေါသထွက်လာတဲ့ Mingyuက စားပွဲခုံကို လက်နဲ့ ထုချလိုက်တယ်။
Wonwooဘက်က သူ့ကို လက်မထပ်ချင်တာ မဟုတ်ပါ။ သူ့အပေါ်လုပ်ခဲ့မိတာတွေ အတွက် စိတ်မလုံချင်းပင်။ Mingyuဒီလိုတွေ ပြောလာတယ်ဆိုတည်းက Mingyuသူ့အပေါ် စိတ်ရှိသေးတာကို သူသိလိုက်တယ်။

"ကောင်းပြီလေ လက်ထပ်မယ်ပေါ့ လုပ်ကြတာပေါ့"

      Wonwooလည်း Mingyuနဲ့ ဆက်မငြင်းတော့ပဲ လက်ခံပေးလိုက်တယ်။

     ၁လကြာတော့ သူတို့၂ဦး လက်ထပ်ခဲ့ကြတယ်။ Wonwooမိဘတွေဘက်ကတော့ မကြည်ဖြူခဲ့ပေမယ့် Mingyuအမေကတော့ လက်ခံပေးခဲ့တယ်။ အသိတွေသာ ဖိတ်ပြီး အကျဥ်းချုံး လုပ်ခဲ့ကြတယ် သူတို့မင်္ဂလာပွဲမှာ ဟန်ဆောင်ပြုံးတွေနဲ့သာ ဧည့်ခံခဲ့ကြတယ်။ Pre Weddingပုံလည်း မရှိသလို လက်ထပ်တဲ့နေ့ကပုံလည်း မရှိပေ။ လက်မှာစွပ်ထားတဲ့ လက်စွပ်ကသာ သူတို့၂ဦးလက်ထပ်ထားခြင်း သက်သေပင် ဖြစ်တယ်။

     လက်ထပ်ပြီး နောက်ပိုင်း Mingyuက Wonwooအိမ်မှာ လိုက်နေခဲ့ပေမယ့် ထိုအချိန်ကစပြီး ၂ယောက်သား အခေါ်အပြော သိပ်မရှိကြတော့ပဲ စိမ်းသွားခဲ့ကြတာ ခုချိန်ထိပင်။
















Update✌️

ရေးပေးလိုက်ပြီနော်👆
ပထမဆုံးရေးဖူးတာမလို့ သိပ်မကောင်းဘူး😤
နောက်အပိုင်းက လက်ရှိအခြေအနေပြန်ရောက်ပါပြီ😺


You are reading the story above: TeenFic.Net