11

Background color
Font
Font size
Line height

"ခင်...ခင်ဗျား ဘယ်သူလဲ ဘယ်လိုလုပ် ဒီအခန်းထဲ ၀င်လာတာလဲ''

"အဟက် ဘေဘီလေးက လှလိုက်တာကွာ အကြွေးနဲ့ ချေပေးရကျိုး နပ်ပြီပေါ့"

     

       Kevinက Suitအနက်ရောင် ၀မ်းဆက်ကို ၀တ်ထားပြီး tattoတွေပေါ်အောင် အင်္ကျီလက်တွေကို ခေါက်တင်ထားကာ လက်တွေကို ဘောင်းဘီအိတ်ထဲ ထိုးထည့်ထားရင်း ပြောလာလေတယ်။

      Wonwooလည်း ထိုသူ့ကိုမြင်တာနဲ့ ထပြေးရန်ပြင်ပေမယ့် ခေါင်းကမိုက်ခနဲဖြစ်ကာ ပြန်ပြီး လဲကျသွားရတယ်။ Wonwooက ကိုယ့်ကိုယ်ကိုတောင် မထိန်းနိုင်ဖြစ်နေပြီး ပူထူနေတဲ့အချိန်မှာ
Kevinက အနားကို တစ်ဖြည်းဖြည်းကပ်လာရင်း ကုတင်စပ်မှာထိုင်နေတဲ့ Wonwooကို ကုတင်ပေါ်ပစ်လှဲလိုက်တယ်။

"အ့.....ခင်ဗျားးးး ဖယ်"

"အို....ဒါမျိုး ဘယ်ရမလဲ ဒီတစ်ညတော့ မင်းပျော်ရမှာပါ"

       အပေါ်ကနေ အုပ်မိုးကာ Wonwooရဲ့ ခါးသိမ်သိမ်လေးကို ဆွဲကိုင်ပြီး မျက်နှာနားကပ်ကာ နမ်းဖို့ပြင်လာတဲ့ Kevinကို Wonwoo ခေါင်းနဲ့ တိုက်ထုတ်ရန် ပြင်ပေမယ့် ခေါင်းကိုတောင် မထူနိုင်ပဲ ဖြစ်နေရတယ်။ ထိုအခိုက်မှာ ထိုသူရဲ့ ရွံရှာစရာ နှုတ်ခမ်းတို့က Wonwooရဲ့ မေးရိုးထင်းထင်းတို့ကို နမ်းရှုပ်လာတယ်။ အပေါ်ကနေဖိထားပြီး ရုန်းနေတဲ့ လက်တို့ကို ဆွဲချုပ်ထားတဲ့ Kevinကြောင့် Wonwooမရုန်းနိုင်ပေ။ ဆေးအရှိန်ကြောင့် ပိုဆိုးကာ ခန္ဓာကိုယ်ကို စိတ်ဆောင်၍ မရတော့သည့် အခြေအနေပင်။

         Kevinက Wonwooကို နမ်းရန်ပြင်တော့ ခေါင်းကို အမြန်လွှဲကာ ရှောင်လိုက်တယ်။ သို့ပေမယ့် Kevinက Wonwooရဲ့ မျက်နှာကိုချုပ်ကိုင်ကာ မျက်မှန်ကို ဆွဲချွတ်ပစ်ပြီး အတင်းနမ်းလေတယ်။ ရုန်းထွက်လို့မရအောင် ချုပ်ခံထားရကာ မတရားခံနေရတဲ့ Wonwooခမျာ အတင်းလှုပ်ကာ ရုန်းရင်း နမ်းနေတဲ့ Kevinနှုတ်ခမ်းတို့ကို အားကုန် ဆွဲကိုက်ပစ်လိုက်တယ်။

"ဟ....မင်းက စွာလှချည်လား ဒီလိုကြမ်းတာ ကြိုက်တယ်ပေါ့ ဖြစ်စေရမယ်"

ဖြောင်းးးး...

      Kevinက Wonwooဆွဲကိုက်လိုက်တဲ့ သူ့နှုတ်ခမ်းကို လက်နဲ့ဆွဲပွတ်ရင်း Wonwooရဲ့ ပါးကို လည်ထွက်သွားအောင် ချပစ်လိုက်တယ်။ ရိုက်ခံရတာကြောင့် နာကျင်နေတဲ့ Wonwooမှာ ဘာမှ ပြန်မလုပ်လိုက်နိုင်ခင်မှာပဲ အင်္ကျီအား ဆွဲချွတ်ခံရကာ လက်တို့ကိုလည်း အ၀တ်စနဲ့ အချီခံလိုက်ရလေတယ်။ ဆေးအရှိန်က ပိုတက်လာတာကြောင့် လူက ဘာမှမသိတော့သလို ရီဝေဝေနဲ့ သတိရတစ်ချက် မရတစ်ချက် ဖြစ်နေခဲ့ပြီး ထိုသူပြုသမျှ လက်ခုပ်ထဲကရေလိုသာ ဖြစ်နေရတော့တယ်။




တစ်ဖက်တွင်....

တူ....တူ....တူ

           ပွဲပြီးခါနီး ည၉နာရီလည်း ခွဲပြီမို့ သားဖြစ်သူကို အိမ်ပြန်ရန် phခေါ်နေသော်လည်း မကိုင်ပေ။ တစ်ယောက်ထဲပဲ မပြောမဆို ပြန်သွားသလားဟု ထင်ပေမယ့် အဲ့လိုလုပ်မယ့် ကလေးမဟုတ်ဘူးဆိုတာ Wooyoungသိတာမို့ receptionမှာသာ သွားမေးလိုက်တယ်။

"တစ်ဆိတ်လောက်....ည၈နာရီလောက်က အဖြူရောင် Suitနဲ့ ကောင်လေးတစ်ယောက် အခန်းယူသေးလားဗျ"

"အဲ့လိုလာယူတာတော့ မရှိဘူးရှင့်"

"သေချာလို့လား ကျွန်တော့်သား ခနနားမယ်ဆိုလို့ အခန်းယူပြီး နားဖို့ပြောလိုက်တာ phခေါ်လို့လည်းမရလို့"

"အဲ့လိုဆို cctvကြည့်ပေးပါ့မယ်ရှင့်"

      ၀န်ထမ်းမလေးရဲ့ ကူညီမှုနဲ့အတူ လုံခြုံရေးအခန်းဆီသွားကာ cctvကြည့်လိုက်တော့ Minseoပေးလိုက်တဲ့ အခန်းသော့နဲ့ Elevatorဖြင့် 9လွှာကို တက်သွားပြီး အခန်းတစ်ခန်းထဲ ၀င်သွားတဲ့ သားဖြစ်သူကို တွေ့လိုက်ရတယ်။

   
     စိတ်ထဲ စိတ်သက်သာသွားပေမယ့် ထပ်ပြီး Elevatorထဲ၀င်ကာ 9လွှာကိုတက်သွားတဲ့ လူ၃ဦးကို တွေ့လိုက်ရတော့ မသင်္ကာဖြစ်သွားတယ်။ ရှေ့ကလူကို သေချာကြည့်မိတော့ သူတို့နဲ့ လုပ်ငန်းအတူ လုပ်ဖူးတဲ့ Kevinဆိုသူဖြစ်နေလေတယ်။ cctvဆက်ကြည့်လိုက်တော့ ထိုသူက သူ့သားအခန်းထဲ ၀င်သွားတာ မြင်လိုက်ရတော့ ခေါင်းတွေပင် ကြိမ်းစက်သွားရသည်အထိ။ လူက ချက်ချင်းကို အေးစက်သွားကာ ခဏငြိမ်နေမိပြီးမှ ချက်ချင်း ပြေးကာ 9လွှာကို တက်သွားလိုက်တယ်။

       အခန်း901ရှေ့ရောက်တော့ မည်သူမှပင် ရှိမနေတော့...။ အခန်းထဲ ၀ရုန်းသုန်းကာ ၀င်ချသွားလိုက်တော့ သားဖြစ်သူက အိပ်ယာပေါ်မှာ အ၀တ်အစားတို့က ကင်းမဲ့နေကာ ခွေခွေလေးလဲနေတယ်။ အနားကပ်ကာ လှုပ်နှိုးတော့ သတိပင် သေချာမရှိသည့် ပုံစံဖြစ်နေကာ အိပ်ယာခင်းစမှာလည်း သွေးအချို့က ပေကြံလို့နေတယ်။ အ၀တ်အစားကင်းမဲ့နေတဲ့ သားဖြစ်သူကို အိပ်ယာခင်းစနဲ့ ပတ်ထားလိုက်ပြီး လှုပ်နှိုးနေမိတယ်။

"သားး....သားလေး Wonwoo ထလေကွာ သတိထားအုံး"

     ရင်ခွင်ထဲမှာ သားကို ပွေ့ထားရင်း ပါးလေးအား ပုတ်ကာ နှိုးတော့ မှိတ်ကျနေတဲ့ မျက်၀န်းတို့က ပွင့်ဟလာကာ အဖေဖြစ်သူကို မြင်တာနဲ့ စတင် ငိုကြွေးတော့တယ်။

"ဖေဖေ....အဟင့် သား ဘာတွေဖြစ်ခဲ့မှန်း မသိချင်တော့ဘူးး သားကြောက်တယ်"

"ဖေဖေရှိတယ် ဖေဖေ အားလုံးဖြေရှင်းပေးမယ် စိတ်မပူနဲ့ သား"

      အရူးမီး၀ိုင်းသလိုဖြစ်နေတဲ့ Wooyoungဟာ သားကို ပွေ့ဖက်ထားရင်း ဆောက်တည်ရာမရဖြစ်နေတော့တယ်။

      
      Wonwooကိစ္စကြောင့် ညတွင်းချင်းပဲ လူမသိအောင် ဆေးရုံတင်လိုက်ရတယ်။ အမေဖြစ်သူကလည်း လိုက်လာကာ ပူပင်သောကတွေဝေလို့။
မိန်းကလေးလည်းမဟုတ်တဲ့ သူတို့သားကို ရက်ရက်စက်စက် လုပ်သွားတဲ့သူက Kevin...။
ကြံရာပါက Kim Minseo။

        Wooyoungဒေါသတွေထွက်ကာ နံရံကိုသာ ပိတ်ထိုးလိုက်မိတော့တယ်။ သူငယ်ချင်းအချင်းချင်း ကိုယ့်သားကို ယုတ်မာမယ့် ကိစ္စကို ကူညီတဲ့ Minseoကို အသေသာ သတ်ပစ်ချင်တော့တယ်။

        Wonwooကတော့ ဆေးရုံရောက်ရောက်ချင်း စိတ်မတည်မငြိမ် ဖြစ်နေတာကြောင့် အိပ်ဆေးသွင်းပေးထားရတယ်။ ဒီကိစ္စတွေ အကုန် သေချာသိရအောင် Wonwooနိုးလာမှသာ မေးကြည့်ပြီး သေချာစုံစမ်းမှရမယ်။

      ကုတင်ပေါ်မှာ ငြိမ်သက်စွာ အိပ်ပျော်နေတဲ့ Wonwooရဲ့ ဘေးနားမှာ အမေဖြစ်သူ Wonwooရဲ့လက်ကို ဆုပ်ကိုင်လို့ ထားလေတယ်။

"သားရယ် ဖြစ်မှ ဖြစ်ရတယ် ဒီလိုတွေဖြစ်မယ်သာဆို အမေ မလွှတ်ခဲ့ပါဘူး"

"မိန်းမရယ် ဖြစ်တာတွေက ဖြစ်ပြီးပြီ ဘာမှ ထူးလာမှာ မဟုတ်ဘူး အကောင်းဆုံး ဖြေရှင်းနိုင်အောင်သာ တူတူ ကြိုးစားကြမယ်"

       Wooyoungလည်း မိန်းမဖြစ်သူကို အားပေးရင်း ပုခုံးလေးကို ကိုင်ထားမိတယ်။ ကုတင်ပေါ်မှာ ဆေးသွင်းထားရက် အိပ်ပျော်နေတဲ့ သားဖြစ်သူကို ကြည့်ရင်း အားနာမိသလို သနားလည်း သနားမိပြန်တယ်။

နောက်တစ်နေ့မနက် ၁၀နာရီ...

"မေ...မေမေ"

    ခေါ်သံကြောင့် စားပွဲတွင် စားစရာပြင်ဆင်နေသော အမေဖြစ်သူက ပြင်လက်စကို ရပ်လိုက်ကာ ကုတင်နားဆီ ပြေးလာလေတယ်။

"သားး...သားလေး ဖြည်းဖြည်းထ အမေ့လက်ကို ကိုင်ပြီးထ"

    နိုးနိုးချင်း ကုတင်ပေါ်ကနေ အတင်းကုန်းထနေတဲ့ Wonwooကို လက်ကို အမှီသဟဲပြုစေကာ ထိုင်စေလိုက်တယ်။

"သား ရေဆာတယ် ရေလေးတိုက်ပါ"

    မျက်နှာလေး မဲ့ကာ ပြောလာတဲ့ သားဖြစ်သူကြောင့် ဘေးက စားပွဲမှာ တင်ထားတဲ့ ရေဘူးကနေ ရေခပ်ပေးလိုက်ကာ ဖြည်းဖြည်းချင်း သောက်စေလိုက်တယ်။

"သား သက်သာရဲ့လား အဆင်ပြေလား ဘယ်နားနာနေသေးလဲ ဆရာ၀န်ခေါ်ရမလား"

"သား ဘာမှမဖြစ်တော့ပါဘူး အောက်ပိုင်းကတော့ နာနေတယ် အမေ သား အဲ့အကြောင်းတွေ ပြန်သတိမရချင်ဘူး"

"သား စိတ်ထိန်းနော် အဲ့လိုတွေမလုပ်နဲ့ စိတ်လျှော့"

     ပြောရင်းနဲ့ ငိုကာ ပေါင်ကိုလက်သီးနဲ့ တအားထုနေတဲ့ Wonwooရဲ့ လက်တို့ကို အမေက အတင်းဆွဲထိန်းလိုက်ရတယ်။ ထိုအခါမှ ငိုတာရပ်ပြီး အမေ့ကို ကြည့်လာတယ်။

"မေမေ ဒီကိစ္စ Mingyuကို မသိပါစေနဲ့ လုံး၀မသိပါစေနဲ့ ကျွန်တော် တောင်းပန်ပါတယ်"

"အေးပါ အေးပါ အမေမပြောဘူး သူ့အမေကိုပါ ပြောပေးထားမယ် စိတ်လျှော့နော်"

"ဟုတ် မေမေ သား ဘာတွေဖြစ်ခဲ့လဲမှတ်မိနေတယ် အကုန်မေ့ပစ်ချင်တယ် မေမေ သားလေ သား....သားကိုသား မသတီဘူး အဟင့်"

"အမေ့ အမှားတွေပါ အကုန် အမေ့အမှားတွေပါ သားရယ် အမေတောင်းပန်ပါတယ်"

        ရှိုက်ကြီးတငင်ငိုနေတဲ့ သားဖြစ်သူကို အမေဖြစ်သူက ရင်ခွင်ထဲထည့်ကာ ဖက်ပြီး နှစ်သိမ့်ပေးမိတယ်။ လက်ရှိအခြေအနေမှာ ဘာမှ မမေးတာ အကောင်းဆုံးဆိုတာ သိတာကြောင့် လတ်တလော Wonwooစိတ်အလိုကျ ထားရန်သာ ဆုံးဖြတ်ထားလိုက်တယ်။





"ကိုကို phလည်းမကိုင်ပါလား ဘာတွေအလုပ်ရှုပ်နေလဲမသိဘူး"

    Mingyuတစ်ယောက် Wonwooကို phခေါ်မရလို့ အတော်စိတ်ညစ်နေတယ်။ အဘွားအသုဘ ချပြီးလို့ ၁ရက်ရှိပြီမို့ ၀မ်းနည်းစိတ်က မပြေသေးတာကြောင့် Wonwooဆီ အလွမ်းပြေလေး phဆက်ကာ အလွမ်းသယ်ချင်ပေမယ့် phမကိုင်သောသူကြောင့် စိတ်တိုရပြန်တယ်။

"သား Minလေး ဟင်းရည်ခွက်တွေ ဦးလေးတို့ ၀ိုင်းကို ချပေးလိုက်အုံး"

"ဟုတ် မေမေ"

    အသုဘ ချပြီးကာစမို့ ဓလေ့အရ ရွာကလူတွေကို ထမင်းကျွေးကာ ဧည့်ခံနေရတာမို့ အမေပေးတဲ့ ဟင်းရည်ခွက်ဗန်းကို ယူကာ ခြံထဲမှာခင်းကျင်းထားတဲ့ ထမင်း၀ိုင်းတွေဆီ လိုက်ချပေးနေလိုက်တယ်။

      အမေခိုင်းထားတာတွေ လုပ်ပြီးနောက် Mingyuလည်း အိမ်တွင်းခန်းသို့ ၀င်ကာ ခဏမှေးရန် လှဲနေလိုက်တယ်။ မျက်စိမှိတ်ထားရင်း ခဏပဲရှိသေး ph၀င်လာလေတယ်။ ဘယ်သူလဲဆိုတာ ကြည့်လိုက်တော့ အဖေဖြစ်သူ ဖြစ်နေလေတယ်။

"ဟယ်လို ဖေဖေ"

"အေး သား သားတို့အဲ့မှာ အဆင်ပြေပါတယ်နော်"

"ဟုတ် ပြေပါတယ် ဘာဖြစ်လို့လဲ ဖေဖေ"

"အင်း....ဖေဖေလည်း လိုက်လာမလို့ အမေ့ကိုပြောထားလိုက်နော်"

"ဟုတ် ဖေဖေ"

     အဖေဖြစ်သူနဲ့ phပြောပြီးနောက် အမေ့ဆီသွားရန် အခန်းထဲမှအထွက် phထပ်၀င်လာလေတယ်။ နံပါတ်ကို ကြည့်လိုက်တော့ Wonwooဖြစ်နေတာကြောင့် ပျော်သွားကာ အမြန်ကိုင်လိုက်မိတယ်။


"ဟယ်လို ကိုကို"

"ငါတို့လမ်းခွဲရအောင် Mingyu"















Update✌️

၀န်၀ူးသနားပါတယ်😭😭
ဖတ်လို့ အဆင်ပြေရင် feedbackလေး ပေးခဲ့ပါအုံးနော်🥺💙


You are reading the story above: TeenFic.Net