Chapter15

Background color
Font
Font size
Line height

ဘုတ်..

''အ့''

မဏိ တစ်ဖက်လှည့်လိုက်ရာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
အိပ်ချင်မူးတူးနဲ့ ထထိုင်က မျက်လုံး အားပွတ်ကာ ဘေးဘီကိုဝှေ့ကြည့်လိုက်သည်။

''အား...ငါဘယ်ရောက်နေတာလည်း!!''

မဏိနေရာမှထကာ sofaပေါ် ထိုင်လိုက်ပြီး ပြောလိုက်သည်။
ထိုချိန် စိုင်းနှင့် အခြားသူများ အခန်းထဲဝင်လာသည်ကြောင့် မဏိ စိုင်းရဲ့ အနားကိုပြေးလာ၍ ရပလိုက်သည်။
စိုင်း မဏိကို အထပ်အောက် တစ်ချက်ကြည့်ကာ ခေါင်းရမ်းလိုက်ပြီး sofaပေါ်ဝင်ထိုင်လိုက်သည်။

''ပြန်နှင့်လိုက်တော့ မဏိ ငါအလုပ်ရှိသေးတယ် တစ်ညလုံးလည်း မင်းရှုပ်ထားလို့ ငါရှင်းထားပြီးပြီ''

''ဟီးဟီး အဲ့ဒါဆို ငါပြန်နှင့်ပြီနော်''

စိုင်းဘာမှ မပြောရသေးခင်ပဲ အပြင်ကိုထွက်ပြေးသွားသည့်သူ...

''စိုင်းငါတို့ အလုပ်ဆက်လုပ်ကြမယ်''

စိုင်း အကြည့်လွှဲကာ ခေါင်းညိမ့်ပြလိုက်ပြီး Fileပေါ်ကိုသာအကြည့်ပိုလိုက်သည်။
စိတ်ကတော့ တစ်ယောက်ယောက်စီမှာပင်..

........။

''ရှေ့ဆက်ဖို့ မဖြစ်နိုင်တာ သိပေမယ့် ကျွန်မ အာဏာကို ပိုင်ဆိုင်တယ်''

အာဏာ ထိုအမျိုးသမီးရှေ့တွင်ရပ်နေကာ ကြည့်နေမိသည်။
သူစိတ်ထဲမှာ မဖြစ်နိုင်ဘူးဟု အထပ်ထပ်ပြောနေလည်း လက်တွေ့မှာ ပါးစပ်ပိတ်ကာ နေနေမိသည်။

အရှေ့မှ အမျိုးသမီးသည် အာဏာ ကိုအပြုံးချိုချိုလေးဖြင့်ကြည့်နေသည်။
အာဏာ အကြည့်မလွှဲနိုင်ခင်မှာပင် အရှေ့ကို တစ်ဖြည်းဖြည်း ချင်းတိုးလာသည့်သူက လက်လှမ်းကာ အာဏာ မျက်နှာလေးအား ထိမိအပြု အာဏာ မျက်လုံး စုံမှိတ်ကာ မျက်ရည်များနှင့်ခံယူသည်။

အာဏာ ထိုအမျိုးသမီးကို ချစ်သည်၊အသက်ထပ်ကိုပိုချစ်ရသည်၊ထိုအမျိုးသမီးတစ်ဦးတည်းကသာ သူဘဝကို ပြောင်းလဲစေသည့်သူပင်၊ သိုပေမဲ့လည်း အာဏာ သေသေချာချာ သိလိုက်ရသည်ကတော့
အာဏာက ညီညီထက်ကျော် ကိုချစ်မိနေခြင်းပင်။

''လူကြီး လူကြီး ထ..ထ..ဘာလို့ ငိုနေတာလည်း''

အာဏာ မျက်လုံးများ ဝေးဝါးကာ ပွင့်လာသည့် အခါတွင် မျက်ရည်များကို သုတ်ပေးနေသည့် ညီညီ၊ညိီညီက အာဏာ ကိုကြည့်ကာ ဘာဖြစ်တာလဲဆိုသည့်ပုံစံလေးနှင့် ကြည့်လိုက်သည်။
အာဏာ ညီညီကို ဖက်လိုက်သည်။

''အင့် လူကြီး အသက်ရှုကျပ်တယ် တအားမဖက်နဲ့''

ညီညီစကားကို အာဏာ နားထောင်ကာ လွတ်ပေးလိုက်သည်။
ညီညီက အာဏာကို သေချာလေး စိုက်ကြည့်နေသည်။

''လူကြီး တစ်ခုခုဖြစ်နေတာလား''

''ကိုယ်ဘာမဖြစ်ဘူး မင်းအတွေးလွန်နေပြီ''

အာဏာပြောကာ ကုတင်ပေါ်ကနေ ဆင်းကာ ရေချိုးခန်းဘက်ကိုဦးတည်သွားလိုက်သည်။
မှန်ရှေ့တွင် မြင်နေရသည့် ပုံကိုကြည့်နေကာ အိင်္ကျီကို ချွတ်လိုက်သည်နှင့် ရင်ဘက်ပေါ်တွင် မြင်နေရသည့် tatoo...
အာဏာ ထိုtattooအားကိုင်ကာ အတွေးထဲနစ်မြုပ်သွားလေသည်။

.........။

''မိုးသား''

မိုးသား အရှေ့မှလာရပ်သည့် ဝီလျှံကြောင့် တစ်ချက်မော့ကြည့်ကာ ဘေးမှ ရှောင်ထွက်လိုက်တော့ ဝီလျှံ အရှေ့ကို ပြန်လိုက်ကျော်တက်သည်။

''မိုးသား ကျုပ်တို့ စကားပြန်ပြောရအောင်''

''ငါမင်းနဲ့ပြောစရာမရှိဘူး''

မိုးသား ပြောကာ ထွက်လာလိုက်သည်။
ဝီလျှံ ကတော့နေရာမှပဲကျန်နေခဲ့သည်။

မိုးသား မပြောသင့်မှန်းသိသည် သူသေချာ ဝီလျှံ နဲ့ဝေးချင်လို့ နိုင်ငံခြားကိုထွက်လာခဲ့ပေမယ့် ၁လမကြာဘူး ဝီလျှံ လိုက်လာခြင်းပင်။
အစကတော့ အံသြပေမယ် နေ့တိုင်း မိုးသားကိုနှောက်ယှက်နေသူကြောင့် မိုးသားစိတ်ရှုပ်ရသည်။

အရင်ကနဲ့မထူးမခြားပင် ဝီလျှံက....

စိုင်းအလုပ်ပြီးပြီးချင်း အိမ်တန်းပြန်လာလိုက်သည်။
အလုပ်လည်းပင်ပန်းနေပြီဖြစ်သည်မို့ အနားယူမယ်ဟုသာတွေးထားသည်။

အိမ်ရောက်တော့ ကားပေါ်က ဆင်းကာ အပေါ်ထပ်ကိုသာ တန်းတက်သွားလိုက်သည်။
အခန်းထဲဝင်ပြီး တံခါးပိတ်လိုက်ကာ ရေမချိုးဘဲ ကုတင်ပေါ်တန်းတက်ဖို့ပြင်ပေမယ့် ကိုယ့်ထက်ဦးနေသည့်သူက အိပ်နေလေသည်။
စိုင်းဘာပြောရမလည်းမသတော့ချေ ခေါင်းသာအသာရမ်းပြီး မဏိဘေးကို ဝင်လှဲလိုက်သည်။
စိုင်းလှဲလိုက်သည်နှင့် အိပ်ပျော်သွားလေသည်။

''စိုင်း!!''

မှေးကနဲ့အိပ်ပျော်သွားတုန်းဘေးနားက အောသြံကှောငြ့ ကြည့်လိုက်မိသည်။
စိုင်းကိုဖက်ကာ အလန့်တကြားကြည့်နေသူက စိုင်းမျက်နှာမှာ တစ်ခုခု ပေနေသလိုလိုပင်...
စိုင်းဘာလည်းဆိုသည့် ပုံစံလုပ်ပြလိုက်သည်။

''စိုင်း..မင်းမျက်နှာက..''

မျက်လုံးလေးကို လက်ညိုးလေးထိုးပြလာသူကြောင့် စိုင်း ဖုန်းလှမ်းယူလိုက်ပြီးကြည့်လိုက်သည်။

စိုင်းဆွံအသွားသည် မှန်ပေါ်မှာပေါ်နေသည့် စိုင်းမျက်နှာသည် မျက်ကွင်းတွေညိုနေလေသည်။
ထိုကြောင့်လည်း မဏိ ရယ်ခြင်းဖြစ်မည်လော...
တစ်ခစ်ခစ်နဲ့ ရယ်နေသူကြောင့် စိုင်းဒီအတိုင်းလေးသာကြည့်လိုက်သည်။
ရယ်လို့ဝသွားမှ စိုင်းကိုကြည့်လာသည်။

''စိုင်း မင်းဘယ်လိုလုပ်မလည်း''

''အိပ်မှရမယ်ထင်တယ်''

မဏိခေါင်းလေးညိမ့်ပြလိုက်တော့ စိုင်းလှဲအိပ်လိုက်သည်။
မဏိကတော့ ကြောင်တောင်တောင်လေးနှင့် ထိုနေရာမှာ ထိုင်နေတုန်းပင်..
ပြီမှ ထကာ အခန်းထဲကနေထွက်သွားတော့သည်။
စိုင်း ကတော့ပင်ပန်းလို့ အိပ်ပျော်သွားစေသည်။

........။

ညီညီ ဧည့်ခန်းက sofaပေါ်မှာထိုင်နေရင်း အကြောင်းတစ်ခုခုကို တွေးနေမိသည်။

'ငါဒီလောက်ပျောက်သွားတာကို အိမ်ကလိုက်မရှာဘူးလား ဘာလားဟ ငါကိုမချစ်တော့လို့လား ဟာကွာ လိုက်ရှာရမှာ မဟုတ်ဘူးလား ဘာလို့လိုက်မရှာတာလည်း'

''ညီညီ''

အနောက်ဘက်မှ ခေါ်သံကြောင့် ညီညီလှည့်ကြည့်လိုက်သည် ။
အာဏာက အနားကို လျှောက်လာကာ ညီညီဘေးမှာ ဝင်ထိုင်လိုက်ကာ ညီညီကို ရင်ဝင်ထဲထည့်လိုက်ပြီး...

''ဘာတွေ လုပ်နေတာလဲ''

ညီညီ အာဏာလက်ထဲက ရုန်းထွက်လိုက်ပြီး...

''ဒီမှာ ဦးသျှောင်!!''

အာဏာ ကြောင်သွားသည်။
ညီညီက အခုသူကို ဘယ်လိုခေါ်လိုက်တာလည်းဆိုကတွေးရင်း ပြန်မေးသည်။

''မင်းဘယ်လိုခေါ်လိုက်တာလည်း ညီညီ''

ညီညီ စိတ်မရှည်သလိုလေးနှင့်....

''ဦးသျှောင်လို့ ခေါ်တာလေ မကြားဘူးလား''

အာဏာ ပြုံးလိုက်သည်။

''ဘာစိတ်ကူးပေါက်လို့ ခေါ်နေတာလည်း ညီညီထက်ကျော်''

''ဘာစိတ်ကူးမှ မပေါက်ရပါဘူးနော်''

အာဏာ ညီညီကို တစ်ချက်တာကြည့်ပြီး ဘာမှမပြောတော့ချေ။
ညီညီက Tvကိုတာ အာရုံစိုက်ကြည့်နေမိတော့သည်။

........။

မိုးသား ပျင်းတာနဲ့ အပြင်ကိုထွက်လာလိုက်သည်။
ကာကီဘောင်ဘီနှင့် အိင်္ကျီအပါးတစ်ထည်တာ ဝတ်ပြီး ထွက်လာသည်လေ...

ဒီနေ့က မိုးသား ကျောင်း ပိတ်သည့်ရက်မို့ စျေးတန်းကိုတာထွက်လာလိုက်သည်။

သွားနေသည့်လမ်းတွင် တစ်နေရာအရောက် ရီးနှီးတဲ့သူရဲ့ သီချင်းသံရိပ်ရိပ်လေးကို ကြားလိုက်ရသည်။
မိုးသားသေချာပေါက်သိသည် ထိုအသံကို
သိချင်စိတ်နှင့်မို့ သွားကြည့်လိုက်မိသည်။

တန်းယားခုံပေါ်တွင်ထိုင်ကာ ဂီတာသီးရင်းဆိုနေကာ ဘေးတွင်တော့ အဘိုးကြီး တစ်တစ်ယောက်က ခွက်လေးနဲ့ထိုင်နေသည်။

မိုးသား လူအုပ်တွေကြားမှာမို့ မိုးသားကို မမြင်ပေ၊
ဝီလျှံက ဂီတာကိုတာ အားပြုပြီးတီးကာ အသံနှိမ် အသံထားကိုပြင်လေသည်။

ထိုနောက် ထွက်ပေါ်လာသည့် အသံဟာ မိုးသားတင်မက အခြားသူကိုပါ စိတ်ဝင်စားသွားစေသည်။

''Remember when we first met? ''
(ငါတို့ စတွေ့တုန်းက အချိန်ကိုမှတ်မိလား)

မိုးသား စဥ်းစားမိသည်ထိ ထိုသီချင်းဟာ ဆွဲဆောင်သွားလေသည်။

ဘေးမှမိန်းကလေးတွေရဲ့ အသံတွေဟာလည်း ဆူညံနေလို့ပင်။

''ကိုကိုရယ် အခုမှ ကိုကိုနဲ့ စတွေ့တာလေ ဟီးဟီး''

''အမယ် ငါနဲ့တွေ့တာပါနော် ကိုကိုရယ် ဒီက ကျွန်မ ရင်ခွင်ထဲလာပါရှင်''

မိန်းကလေးတွေရဲ့ အသံတွေကို အာရုံမစိုက်ပဲ သီချင်းသံကိုသာ နားထောင်မိသည်။

''you said ''Light my cigarette''
(ငါဆေးလိပ်ကို မီးညှိပေးလို့ မင်းပြောခဲ့တယ်လေ)

''So l lied to my mom and dad ''
(ဒါနဲ့ငါမိဘတွေကိုလိမ်ခဲ့တယ်''

''I jumped the fence and I run''
(ခြံစည်းရိုး ကိုကျော်ပြီး ထွက်ပြေးခဲ့တယ်)

''But we couldn't go very far''
(ဒါပေမယ့် ငါတို့ခပ်ဝေးဝေး မသွားနိုင်ခဲ့ဘူး''

''Cause you locken your keys in your car''

(ဘာလို့လည်းဆိုတော့ ကားသော့မေ့ကျန်ခဲ့လို့''

''So you sat and started as my lips''
(မင်းထိုပြီး ငါနှုတ်ခမ်းတွေ ကြည့်နေခဲ့တယ်)

''And I Could already feel you kiss''
(ပြီးတော့ ငါမင်းအနမ်းကို ခံစားခဲ့တယ်)

''Long nights, daydreams''
(ရှည်လျားတဲ့ ညတွေမှာ ငါစိတ်ကူးယှဥ်ခဲ့တယ်)

''Sugar and smok rings, I've been a fool''
(သကြားနဲ့ မီးခိုးငွေ့တွေကို ငါစွဲလမ်းနေပြီ)

''But Stawberry and Cigarette always tasts like you

    Headlights, on me

Recing to 60, I've been a fool

But Stawberry and Cigarette always tasts like

Blue eyes black jeans..

Lighters and Candy, I've been a fool''

ဝီလျှံ ဆိုနေရင်းပင် တစ်ဖက်သို့ ကြည့်မိသည့်အခိုက် မိုးသားမြင်လိုက်သည်။
မိုသား ထိုနေရာကနေထွက်ပြေးသွားလေသည်။

ဝီလျှံလည်း ဆိုနေရင်ပင် သီချင်းကို ရပ်လိုကာ နေရာမှထသွားကာ ထိုလူနောက် အပြေးလိုက်တော့သည်။

ကျန်ခဲ့တဲ့သူတွေမှာတော့ တန်းကြီးနှင့်ပင်...

''ကိုကိုရေ တန်းလန်းကြီး မထားခဲ့ရဘူးလေ''

မိုးသား ထိုနေရာကနေ ပြေးလာကာ တစ်နေရာအရောက် လူတစ်ယောက်ရဲ့ ဆွဲခေါ်ခြင်းကိုခံလိုက်ရသည်။
မိုးသားမော့ကြည့်တော့ ဝီလျှံ ပင်..

မိုးသားရုန်းပေမယ့် ဝီလျှံက တင်းကျပ်စွာ ဖက်ထားသည်။

ဝီလျှံ မိုးသားကို ကြည့်လိုက်ကာ အမေးပြုသည်။

''ဘာလို့ပြေးတာလည်း''

မိုးသား ရုန်းနေရင်ပင် ရပ်တန့်သွားပြီး ဝီလျှံကို မော့ကြည့်သည်။
ဝီလျှံ ကပြောဆိုသည့်ပုံဖြင့်..

မိုးသား အသံတိုးတိမ်စွာဖြင့် ဖြေလိုက်သည်။

''မင်းက မြင်သွားတာလေ''

မိုးသားအဖြေကြောင့် ဝီလျှံ ပြုံးလိုက်မိသည်။
ပြီးမှ...

''ကျုပ်မမြင်ချင်ယောင်ဆောင်ပေးမှာပေါ့''

မိုးသား အားဖြင့်ရုန်းထွက်ကာ ဖြေလိုက်သည်။

''မလိုဘူး ငါသွားစရာရှိတယ်''

''သွားစရာရှိတာကို ကျုပ်သီချင်းကို အချိန်ပေးပြီးနားထောင်လို့ Thank ''

''မလိုဘူး ငါက သူတောင်းစားမှတ်လို့ ငွေထည့်ပေးမလို့ မင်းဖြစ်နေလို့ မထည့်တော့တာ''

မိုးသားအပြောကြောင့် ဝီလျှံ ပြုံးလိုက်မိသည်။

''ခများပြောမှ ကျုပ်က လမ်းဘေးက သူတောဂ်းစားလုံးလုံးဖြစ်လို့''

''ငါကအဲ့လိုမပြောမိပါဘူး''

''သိပါပြီ အပြင်သွားမှာမလားလိုက်ပို့မယ်''

မိုးသား လက်ကိုဆွဲပါ အရှေ့ကသွားမည်သူလက်ထဲကနေ ရုန်းထွက်ကာ...

''ငါဘာသာသွားမှာမို လာမရှုပ်နဲ့ မင်းနဲ့ မပတ်သက်ချင်ဘူး တေဇဝီလျှံ''

မိုးသားကို ဝီလျှံ ပြန်မေးလိုက်သည်။

''ခများကရော ဘယ်အချိန်ထိ ကျုပ်အမေစကားကို နားထောင်နေမှာလည်း ဝေဟင်မိုးသား''

မိုးသား မျက်ခုံးများပင့်သွားကာ အသံတိုးတိုးဖြင့်...

''မင်းဘယ်လို..''

''ဘာလည်း ကျုပ်သိသွားသာ ထူးဆန်းလို့လား ''

''မဟုတ်..''

''တော်ပါတော့ ဝေဟင်မိုးသား တစ်ခါလောက် ကျုပ်စကားနားထောင်ပေး မင်းအတွက် ကျုပ်မိဘရှိကနေထွက်လာတာနဲ့တန်အောင်''

မိုးသား ထိူစကားကို နားမလည်ပေ ဝီလျှံ သူနောက်လိုက်နေတာ ဒီနေ့၁လပြည့်ဖို့ ၂ရက်သာလိုတော့သည်။

မိုးသားဖုန်းထုတ်ကာ လျှံ မိသားစုအကြောင်းရိုက်ရှာလိုက်သည်နှင့် ထိပ်ဆုံးတွင်...
လျှံမိသားစုရဲ့ တစ်ဦးတည်းသောသား တေဇဝီလျှံ ကို အမွေဖြက်စွန့်လွတ်ထားသည့် သတင်းဟာ ပြန့်နေခဲ့တာမဟုတ်ပါလား...

မိုးသားလက်များတုန်ယဥ်သွားကာ ဝီလျှံ ကိုမော့ကြည့်လိုက်သည်။

''ဝီလျှံ မင်းဘယ်လို''

မိုးသားစကားမပြီးသေး ဝီလျှံမိုးသားနှုတ်ခမ်းတွေအား သိမ်းပိုက်လိုက်သည်။

မိုးသားမျက်လုံး အဆမတန်ပြူးကျယ်သွားသည်။
အခု သူကို ဝီလျှံ ကနမ်းနေသည်မဟုတ်လား..

ဝီလျှံ စိတ်ကြိုက်နမ်းပြီးလွတ်ပေးလာသည်။

''ဘယ်လိုလည်း ကျုပ်ကို မသနားဘူးလားဗျာ''

ဝီလျှံ အပြုံးနှင့် မေးလိုက်ပေမယ့် ငိုလာသူက မိုးသားပင်..
ဝီလျှံ မိုးသားကို လက်ဆွဲကာ ထိုနေရာကနေထွက်ပြေးလေတော့သည်။

''ဖြည်းဖြည်း လှဲမယ်''

Song name =Stawberry and Cigarette

CMမှာတစ်ခုခုရေးပေးခဲ့ပါလားရှင့်...

$ဇာတ်လမ်းလေးကဘယ်လိုလဲဟင် ကောင်းရဲ့လား မကောင်းရင်တော့မတက်နိုင်ပါဘူးရှင်...ဒီနေ့နောက်ဆုံးပါ ဒီအပိုင်15မှာပဲရပ်ထားဖို့ စဥ်းစားမိပါတယ်ရှင့် ဆောင်းရဲ့ ကျောင်းက စာမေးပွဲနီးပြီမို့လို့ စာတွေလုပ်ရပါတော့မယ် မလုပ်ရင် ရတနာပုံကို ပြောင်းရဖို့ကသေချာနေပြီမို့လို့ ဆောင်းကို စောင့်စေချင်ပါတယ်ရှင့် ခဏတာပါပဲ ဒီလနေ့၂လပိုင်း၈ရက်နေ့ကနေ ပျောက်သွားမှာက ၃လပိုင်း၁၀ရက်နေ့မှ ပြန်လာမှာဖြစ်ပါတယ်ရှင် ဖိုက်ဖိုက်$


You are reading the story above: TeenFic.Net

#bl