Chapter 21

Background color
Font
Font size
Line height

ညီညီထက်ကျော် တစ်ယောက် လမ်းတစ်လျောက်သွားကာ tixeတစ်စီးကို ငှားကာ ပြန်လာလိုက်သည်။

အိမ်ရှေ့ရောက်သည်နှင့် လူတွေသွယ်တန်းနေသည်။
ညီညီ စိတ်ထိန်းထားသည်။တစ်လျောက်လုံးလည်းငိုခဲ့ပြီးပြီး ဒီတစ်ခါတော့ သူမငိုဘူးဟုတွေးထားလေသည်။

သူမငိုဘူးဟုသာ အထက်ထက် တွေးကာ အိမ်ထဲကို ဝင်သွားလေတော့သည်။

အိမ်ပေါက်ဝကို ခြေချမိသည်နှင့် မေမေရဲ့ အသံကိုကြားလေသည်။
မေမေက သူကိုမခေါ်လာလို့ ဖေဖေအားဆူနေသည့်အသံ ညီညီ စိတ်ကို တင်းကျပ်ကာ အခန်းထဲကိုဝင်သွားချေတော့သည်။

အထဲဝင်သွားလိုက်သည်နှင့် ဖေဖေရဲ့ ဓာတ်ပုံရှေ့မှာ ငိုနေသည့် မေမေကိုတွေ့တော့ ညီညီ အော်ခေါ်လိုက်သည်။

''မေမေ...''

အားလုံးရဲ့အကြည့်တွေဟာ အိမ်အပေါက်ဝကိုရောက်သွားသည်။
ညီညီကိုကြည့်လာသည့်မေမေအား ညီညီ အားလျော့စွားပြုံးပြမိလေသည်။
မေမေက ညီညီကိုမြင်သည်နှင့် နေရာကနကြေုံးထကာ ညီညီရှိကို ပြေးထွက်လာလေသည်။
ညီညီရဲ့ ခန္ဓာကိုယ်လေးအား ဖက်ကာငိုကြွေးနေသည့်မေမေသည် အလွန်ကို သနားဖို့ကောင်းနေလေသည်။

ညီညီအား ဖေဖေအလောင်းရှေ့ကို ခေါ်သွားသည့်မေမေကြောင့် အရှေ့မှ ဖေဖေကို ကြည့်မိတော့ တည်ကြည်ခန့်ငြားနေလေသည်။

သေနေသည်ဟုမထင်ရလောက်အောင် ဖေဖေဟာ အိပ်နေသည့်အလား အခုနေထလာခဲ့ရင် ကောင်မည်ဟု ညီညီတွေးနေခဲ့သည်။

မထင်မှတ်ပဲ ရင်ဘက်ကို ကြည့်မိတော့ မျက်ရည်ဝဲသွားရသည်။

မငိုဘူး ငါမငိုဘူးဟု အားပေကာ ရင်ဘက်ပေါ်က သွေးစို့နေသည့် နေရာလေးကို လှပ်ကြည့်လိုက်တော့ သေနတ် နှင့်ပစ်ထားသည့်ဒဏ်ရာကြောင့် ညီညီ ဦးသျှောင် ကိုမြင်မိသွားချေ။

လက်သီးဆုတ်ချင်တိုက် နေသည့်ဖေဖေနှင့် ဦးသျှောင်ရဲ့ အနမ်းဟာ ထပ်တူကျနေသည်ဟုတွေးနေမိသည်။

''သား''

မေမေခေါ်သံကြောင့် လှည့်ကြည့်မိသည်။
မေမေဟာ ပိန်ကျသွားတာမြန်း အရမ်းကိုသိသလွန်းလှသည်၊ ညီညီမထွက်သွားခင်က မေမေ မဟုတ်တော့သည့်အတိုင်းပင်....

''သားဘယ်တွေရောက်နေခဲ့တာလည်း''

''ကျွန်တော် တို့နောက်မှ အဲ့ဒီအကြောင်းပြောကြမလားမေမေ အခုဖေဖေကို အဖော်ပြုပေးချင်တယ်မေမေ''

မေမေက ခေါင်းညိမ့်ကာ တစ်ဖက်သို့ ထွက်သွားလေတော့ ညီညီက ဖေဖေရဲ့ ရုပ်အလောင်းကိုသာ ပြန်ငုံ့ကြည့်နေသည်။

''တီ..တီ''

ညီညီ ဝင်လာသည့်ဖုန်းကြောင့် ကြည့်လိုက်မိသည်။
''Arrnar''ဆိုသည့်အမည်ကြောင့်ညီညီဖုန်း ချလိုက်သည်။

ထပ်ဝင်လာသည့် ဖုန်းကြောင့် စက်ပါပိတ်လိုက်သည်။ညီညီ အပေါ်ထပ်ကို ထပ်သွားလိုက်ပြီး အခန်းထဲအား ဝင်သွားလိုက်သည်။

အရင်လိုပဲ ညီညီအခန်းက အရင်အတိုင်းပဲ အသက်ဝင်နေဆဲပင်...

'တီ..တီ'

ညီညီ ဝင်လာသည့်ဖုန်းကြောင့် ကြည့်မိတော့ ဖုန်းနံပါတ်အစိမ်းမို့ ညီညီ ခဏငြိမ်သွားကာ
ပြီးမှ ကိုင်လိုက်သည်။

''ဟယ်လို...''

''ဟယ်လို အစ်ကိုလေး ''

ညီညီ ဖုန်းကို နားနှင့်ခွာလိုက်ပြီးမှ ပြန်ကပ်ကာ ပြောသည်။

''ဘာလည်း ဘာကိစ္စနဲ့ ဆက်တာလည်း Ven''

''Boss ကား acident ဖြစ်လို့ ဆေးရုံမယ် အစ်ကိုလေး Boss ဖုန်းနဲ့ဆက်တာမကိုင်လို့ ကျွန်တော် ဖုန်းနဲ့ ဆက်လိုက်တာ''

''ဗျာ!!''

ညီညီ လက်ထဲက ဖုန်းလွှတ်ကျသွားသည်။
သူမှားသည် အလား ဦးသျှောင် မှားသည်အလား မခွဲခြားတက်တော့ပေ...
သူစကားအတိုင်း လုပ်တာတော့ မဟုတ်လောက်ဘူးမလား....

ညီညီ ထိုအခန်းထဲကနေ အပြင်ကို ထွက်ပြေးသွားလေတော့သည်။

ညီညီ ဆေးရုံဝန်းကျယ်ထဲရောက်တော့ အထဲကို အရင်ဝင်သွားလိုက်ချိန် အပေါက်ဝမှာ Venက စောင့်နေခြင်းပင် ညီညီကိုမြင်သည်နှင့် အနားရောက်လာကာ ခေါျလသေညျ။

''အစ်ကိုလေး ရောက်လာတာပဲ ကျွန်တော်က မလာဘူးထင်နေတာ''

''ဦးသျှောင်ရောဟင်...အစ်ကို Ven ဦးသျှောင်ရော''

ညီညီ အသံများပင် တုန်ယဥ်ကာ မေးလာခြင်းဖြစ်သည်။

ထိုအမေးကို Venမျက်နှာပျက်သွားကာ...

''Boss အရေးပေါ်အခန်းထဲမှာပါ ''

''ဘယ်လိုဖြစ်ရတာလဲ ပြောပြပါအုံး ''

''အစ်ကိုလေး ထွက်သွားသည့်အထိ အကောင်းပါပဲဗျာ...ခဏအကြာမှ အစ်ကိုလေး ထွက်သွားတာ ကားမပါဘူးဆိုပြီး လိုက်ပို့မယ်လုပ်ပြီး အတင်းထွက်သွားတာ လမ်းမှာဖြစ်သွားတာပဲ''

Venစကားအဆုံး ညီညီ ထိုနေရာမှာတာ ထိုင်ချသွားလေသည်။Venက ညီညီကို ဖက်ပေးကာ ပြောလာသည်။

''ခွဲစိတ်ခန်းနားသွားရအောင်ပါ အစ်ကိုလေး Cenတစ်ယောက်ထဲရယ် ''

Venအပြောကို ခေါင်းလေးငြိမ့်ကာ Venနောက်ကို ပါသွားလေတော့သည်။

ခွဲစိတ်ခန်းရှေ့ရောက်သည်နှင့် တိတ်ဆိတ်မှုနှင့် စိုးရိမ်မှုဟာ တစ်ထပ်တည်းကျနေလေသယောင် ညီညီဟာ ထိုနေရာမှာတင်မတ်တပ်ရပ်နေသည်။

ထိုချိန် Cenက အနားရောက်လာကာ...

''အစ်ကိုလေး ''

''Cen Bossအခြေနေက''

''မသိရသေးဘူး''

ညီညီ တောက်လျှောက် ငြိမ်နေရာကနေ သတိဝင်လာလေသည်။
မျက်ရည်များလည်း ကျလာလေသည်။

မငိုဘူးဟုတွေးထားသော်ငြားလည်း သူစိတ်ကိုသူမနိုင်ပေ အရာအားကိုကိုလွှတ်ချလိုက်သည်နှင့် ထိုနေရာမှာတင် ညီညီလှဲကျသွားလေသည်။

လှဲကျသွားသည့် ခန္ဓာကိုယ်လေးအား Venထိန်းကိုင်ကာ ပြောလာသည်။

''အစ်ကိုလေး သတိလေးကပ်ပါအုံးနော် Bossအဆင်ပြေသွားနှာပါ''

ညီညီ နားနှစ်ဖက်ကိုပိတ်ပြီး ခေါင်းကို ခါးရမ်းကာအော်လာသည်။

''ငါကြောင့် ငါပြောလိုက်မိတဲ့ စကားကြောင့် ဦးသျှောင် အခုလိုဖြစ်ရတာ တောင်းပန်ပါတယ် ဦးသျှောင်ရယ် ညီညီ တောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါ့မယ် အကောင်းအတိုင်းလေးပဲ ပြန်လာပေးကြပါ ''

Cenငိုနေသည့်သူနှင့်Venကို ဖက်လိုက်ကာ...

''စိတ်လျော့ပါ အစ်ကိုလေးရယ် Bossက ကြံခိုင်တဲ့သူပါ''

''ကျွန်တော်ကြောင့် ဦးသျှောင် အခုလိုဖြစ်ရတာ ''

ထိုချိန် ခွဲခန်းထဲကနေထွက်လာသည့်သူ...
ညီညီ နေရာကနေ ကျုံးရုန်းထကာ ဒေါက်တာအနားကို ပြေးသွားမိသည်။

''ဒေါက်တာ လူနာအခြေအနေလေး''

ညီညီအမေးကြောင့် ဒေါက်တာ ကအနည်းငယ်ပြုံးပြကာ ပြောလာသည်။

''လူနာအသက်မရှိတော့ပါဘူး ကျွန်တော်တို့ အသက်နိုင်ဆုံး ကုသပေးခဲ့ပါတယ်ဗျ ဒါပေမဲ့ လူနာဟာ နှလုံးကို အကာအရံဖြစ်တဲ့ နံရိုးက စိုက်သွားခဲ့ပါတယ် ''

'ဘုန်း'

ညီညီထိုနေရာမှာလှဲလျောင်းကျသွားကာ နားနှစ်ဖက်ပိတ်ကာ ေအာ်သည်။

''မဟုတ်ဘူး မဟုတ်ပဲနဲ့ လျောက်မပြောနဲ့ ဦးသျှောင်က ငါကိုထားခဲ့မှာ မဟုတ်ဘူး ဘယ်တော့မှ အီးဟီး မဟုတ်ဘူးလို့ ပြောကြပါ''

''ကျွန်တော်တို့တွေ ပင်ပန်းခဲ့ပါတယ် စိတ်မကောင်းပါဘူးဗျ လူနာရှင်..ဆရာ''

''ဗျာ..''

'' 12.2.2025 Time 7:05 minutes မှာ ကွယ်လွန်သူ မောင်အာဏာစက်သျှောင် ဆိုတဲ့ စာရင်းလေး သွင်းပေးပါအုံးနော်''

''မပြောနဲ့ မကြားချင်ဘူး ဦးသျှောင်မသေဘူး ငါဦးသျှောင်ကို ခွင့်လွှတ်ရအုံးမှာ ဟုတ်တယ် ခွင့်လွှတ်ရမှာ''

''အစ်ကိုလေး!!''

ခွဲခန်းထဲအား ပြေးဝင်သွားသူကို Venခေါ်လိုက်ပေမယ့် မမှီပေ...

ညီညီ အထဲမှာတော့ ဆေးပိုက်တန်းလန်းတွေ သွေးသန်ရဲရဲတွေဟာ မျက်စိတစ်ဆုံးဝင်ရောက်လာပြီး....
ကုတင်ပေါ်မှာ အမြင်မသင့်စွာ မြင်ရသည့် ဦးသျှောင် ခန္ဓာကိုယ် အပေါ်ပိုင်းတွင် ရှင်လင်းကာ ချုပ်ရာတွေနဲ့ပြည့်နေသည့် ဦးသျှောင်ရဲ့ ကိုယ်လေးအား ညီညီ လက်များတုန်ယင်စွာဖြင့်ကိုင်လိုက်သည်။

အနွေဓာတ်ရှိနေသေးသည့် ကိုယ်လေးသည် ကွယ်လွန်သူမဟုတ်ပါပဲ အိပ်ပျော်နေသည့်အလားလို့ မှတ်ရလောက်အောင်ထိကို အမြင်မှားရသည်။

ညီညီ ဦးသျှောင် ရဲ့ သွေးစွန်းနေသည့် မျက်နှာလေးအာ ကိုင်လိုက်ကာ ပြောလေသည်။

''အခုချက်ချင်း ထလာခဲ့ မဟုတ်ရင် တစ်သက်သာလုံး မုန်းပစ်မှာနော် ဦးသျှောင်''

ညီညီပြောလိုက်ပေမယ့် တုန့တုန့်မလှုပ်လာသည့် ခန္ဓကိုယ်လေးဟာ ညီညီကို နောက်ပြောင်နေသည့်အလားပင်...
ညီညီ အာဏာလက်လေးအား ကိုင်ကာ ငိုသည်။

သူစကားကို နားမထောင်ဘူး ဦးသျှောင်က သူကိုထားခဲ့လေပြီလေ ဆိုသည့် အတွေးဟာ ရင်ဘက်ကြီးတစ်ခုလုံးကို မွန်းကျပ်လာလေသည်။

''ပြန်နိုးထလာပေးပါ ဦးသျှောင်ရယ် သေဆိုတုန်းကတောင် သေပေးသေးတာပဲ အခုထခိုင်းနေပြီလေ ထလာပေးပါ ဘာလို့စကားကို အတည်ယူရတာလည်း မုန်းချင်စရာကြီး ကျွန်တော် မှားမှန်းသိပါပြီ စိတ်တိုပြီး ပြောလိုက်မိတာလေ၊ ကျွန်တော် အဖေကိုသတ်လို့ ပြောမိတာလေ၊
ဟင့်...ဦးသျှောင်..... ''

ညီညီ နေရာမှာ ခဏထိုင်ချလိုက်ကာ ငိုသည်။
မျက်ခမ်းတွေစပ်သည့်အထိငိုနေသည်။

မွန်းကျပ်လာသည့် စိတ်နှင့်အတူ ညီညီ ထိုနေရာမှာ လှဲလျောင်းကျသွားကာ အမှောင်ထုကြီးက ကြီးဆိုးလာလေသည်။

''ညီညီ...ထပါအုံး''

နားထဲတွင် ကြားနေရသည့် ဦးသျှောင်ရဲ့ အသံနှင့်အတူ ခန္ဓာကိုယ် ကလေပေါ်ကိုရောက်ရှိခြင်းနှင့် ​မှေးစက်သွားသည်။

.......။

ညီညီ ပင်ပန်းကာ အိပ်ပျော်သွားခဲ့သည်လား သတိလစ်သွားသည်လားမသိပေမယ့် မျက်လုံးလေးဟာ မဖွင့်နိုင်ပေ....

''ညီညီ နိုးရင်ထတော့လေ''

ထိုချိန် လက်လေးကို ကိုင်ကာ ပြောလာသည့်သူကြောင့် ညီညီမျက်လုံးလေး ဆက်ကနဲ့ ပွင့်လာခဲ့သည်။

လှည့်ကြည့်မိတော့ ဦးသျှောင်က သူအနားမှာ ထိုင်ကာ ကြည့်နေသည်။

ညီညီနေရာမှဌိုင်ကာ ဦးသျှောင်ကို ဖက်လိုက်ပြီး...

''ထွက်မသွားပါနဲ့ ဦးသျှောင် ကျွန်တော် တောင်းပန်ပါတယ် ခွင့်လွှတ်တာမို့ ကျွန်တော်နဲ့ပဲနေပေးပါနော်''

အာဏာ ညီညီကျောကို ပွတ်ပေးကာ ဆိုလာသည်။

''မင်းစိတ်ချ ညီညီထက်ကျော် ကိုယ်မင်းနဲ့ အတူမနေရပေမယ့် မင်းရဲ့အနားမှာ အရိပ်တစ်ကြည့်ကြည့်နဲ့နေပေးမှာမို့ လူလောကမှာ သူများတွေထက်သာအောင် နေပလိုက်လိုက်ပါကွာ...''

''မရဘူးဦးသျှောင်ပါ ကျွန်တော်နဲ့နေရမယ် ''

''အဲ့လိုဖြစ်ရင် ကောင်းပေမယ့် ဒီဘဝကတော့ မဖြစ်နိုင်တော့ပါဘူး ညီညီ''

''မဟုတ်ဘူး အဲ့လိုမပြောပါနဲ့''

''အစ်ကိုလေး ဘာဖြစ်တာလဲ ထပါအုံး ''

ညီညီမျက်ရည်များစွာနှင့် ဖွင့်လာသည်နှင့် မြင်တွေ့လိုက်ရသည့်မျက်နှာကျက် ဘေးဘီကြည့်မိတော့ Venနဲ့Cen...

''အစ်ကိုလေး ဘာဖြစ်တာလဲ''

ထထိုင်လိုက်တော့မေးလာသည့်သူက Cenဖြစ်သည်။

ညီညီ မဖြေပဲ ပြန်မေးသည်။

''ဦးသျှောင်ရော အစ်ကိုတို့ ဦးသျှောင်ရောဟင်''

''အစ်ကိုလေး''

မျက်နှာမကောင်းသူက Venဖြစ်ပြီး ပြောဖို့ကို တွန့်ဆုတ်နေတော့ စိတ်မရှည်ပဲ Cenကိုမေးလိုက်သည်။

''အစ်ကို Cen ဦးသျှောင်ရောလို့ မေးနေတယ်''

တစ်လုံးခြင်းစီပြောကာ မေးလာသူကြောင့် Cenခေါင်းငုပ်မိကာ...

''သားသျှောင် ဆုံးပြီး ညီညီထက်ကျော် ဆုံးပြီ ''

အသံလာရာကြည့်လိုက်မိတော့ ဦးသျှောင်ရဲ့ အဖေ အာကာစက်သျှောင် ဖြစ်နေလေသည်။

ဘယ်ချိန်ကရောက်လည်း မသိပေမယ့် ကုတင်နားရောက်လာကာပြောလာသည့်သူရဲ့ မျက်လုံးထဲမှာ ဝမ်းနည်းခြင်းပြည့်နက်နေသည်။

ညီညီ မျက်ရည်တွေ တစ်ဖန်ဝေံလာသည်နှင့် မျက်လုံးစုံမှိတ်ကာ နှုတ်ခမ်းကိုက်လိုက်ပြီး ...

မဟုတ်ဘူး မဖြစ်ဘူး လို့တွေးထာသည်က ဖြစ်လာလေသည်ယာ

ညီညီ တစ်ခဏတွင်း ပြန်လည်တိတ်ဆိတ်ခြင်းစီသို့......


You are reading the story above: TeenFic.Net

#bl