သာယာလှပတဲ့ ညနေ့ခင်းလေးမှာ ခြံဝန်းထဲတွင် ရောင်စုံပန်းများနှင့် မီးများ ထွန်းညှိထားသည်။
အိမ်ကြီးထဲက ဧည့်ခန်းမှာတော့ လူစုံတက်စုံစွာ ထိုင်နေကြ၏။
မြက်သန္ဒာ လက်ဖက်ရည်ခွက်တွေအား ချပေးကာ ဆိုလိုက်သည်။
''သောက်ကြပါအုံးရှင် သားက အပေါ်ထပ်မှာ ပြင်ဆင်စရာရှိနေသေးလို့ မဆင်းလာသေးဘူး''
မြက်သန္ဒာ ပြောလိုက်တော့ သဒ်ဒါက မေးလာသည်။
''တမင်တကာ ကြာအောင်လုပ်နေတာမဟုတ်ဘူးလား''
မြက်သန္ဒာ မျက်နှာပျက်သွားသည်။
သို့ပေမယ့် အပေါ်ထပ်မှ ဆင်းလာသည့် စိုင်းကြောင့် အကုန်လုံးရဲ့ အကြည့် စိုင်းရှီပင်....
စိုင်းဧည့်ခန်းထဲရောက်သည်နှင့် လူကြီးတွေအား ကြည့်ကာ ဆိုလိုက်သည်။
''ကျွန်တော် သဒ်ဒါနဲ့ ပြောစရာရှိတယ် ခဏလောက် အပြင်ထွက်ကြရအောင်လား သဒ်ဒါ''
''ရတာပေါ့ သွားမယ် ''
ပြောကာ သဒ်ဒါ အရှေ့ကနေ သွားလိုက်ကာ
စိုင်းအနောက်ကနေ လိုက်သွားသည်။
အပင်အောက်ရောက်တော့ သဒ်ဒါ စိုင်းနဲ့ မျက်နှာချင်းဆိုင်ရပ်လိုက်ကာဆိုလိုက်သည်။
''ကဲပြော ဘာလည်း''
စိုင်း သဒ်ဒါကိုတဈခကြျသာကွညျ့ပွီး ပြောလိုက်သည်။
''တစ်ကယ်ပဲ ငါကိုလက်ထပ်ယူချင်တာလား ကြည်နူးသဒ္ဒါထက် မင်းအဖေစီစဥ်လို့လား ဒါမှမဟုတ် ငါငယ်ငယ်ကပြောတဲ့ စကားကြောင့်လား''
''ငါကဘယ်ဟာရင်ဖြေရမှာလည်း သေချမေး''
စိုင်းကျစ်တစ်ချက်စုပ်ကာ...
''ကျစ်..မင်းငါ့ကိုယူမှာသေချာလား''
''အင်းလေ...''
သဒ်ဒါ အပြောကြောင့် စိုင်းခေါင်းတစ်ချက်ညိမ့်လိုက်ကာ ဘာမှမဆိုတော့ပေ...
''ဒါနဲ့စိုင်း ဟိုတစ်ယောက်..''
စိုင်း သဒ်ဒါအမေးကို သိသည်။နားလည်းလည်သည်။
ဘာကြောင့်မေးလည်းဆိုတာလည်း စိုင်းသိနေသည်လေ။
''အင်း ဘာလုပ်မလို့လည်း သိနေတာမလား သိသလိုနေ''
''အို့...အေးပါ..''
စိုင်းပြောပြီး ထိုနေရာမှ ထွက်လာလိုက်သည်။
သဒ်ဒါ လည်းစိုင်းနောက်ကပြန်ပါလေပြန်သည်။
ပထမတွေ့ဆုံမှုဟာ...ရေစက်ဆိုရင်...
ခွဲခွာခြင်းဟာ ဘာဖြစ်မလည်း.....
မဏိ အထုပ်အပိုးတွေအား ပိုက်ကာ ကားအလာကို စောင့်နေခြင်းပင်....
ရပ်စောင့်နေသည့်မို့ ခြေတစ်စုံလည်း ညောင်းနေပြီလေ ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ စိုင်းအလုပ်ရှုပ်နေသည်။ထိုချိန် မဏိ ဖြေထောက် အလွန်ညောင်းလာသည်မို့ မဏိ ထိုင်ချကာ လမ်းအားကျောပေးပြီး ခြေထောက်ကို နှိပ်လိုက်သည်။ပါးစပ်မှလည်း...
''ချီးပဲ ပင်းပန်းလိုက်တာကွာ''
ပြီးနောက် ပြန်ထကာ ရပ်လိုက်သည်။
အထုပ်ကို အရင်ကထက်ပိုမြင့်မြင့်ကိုင်လိုက်တော့ အထုပ်က မျက်နှာကို ကွယ်သွားလေသည်။
အခိုက် အရှေ့ကို အမှတ်မထင်ရပ်လာသည့်ကား။
''ဘယ်သွားမလို့လည်းမသိဘူး လိုက်ပို့ပေးရမလား''
မဏိ ပျော်သွားတာ ကူညီမယ့်သူကို ကြည့်မိလိုက်တော့ အဲ့ဒီလူက စိုင်း...
ဘေးမှလည်း ဟိုမိန်းမနဲ့အတူပင်..
မဏိကို သေချာမကြည့်ပါပဲ ထိုမိန်းမနှင့် စကားသာပြောပြီး မဏိဘက်ပြန်လှည့်လာသောသူကြောင့် မျက်နှာကိုပြန်ကွယ်လိုက်သည်။
''မလိုဘူး ကိုယ့်ဘာသာသွားစရာရှိတာသွား''
''ဘာ...!!''
စိုင်းမျက်မှောင်ကုတ်သွားကာ ထိုလူကို အထက်အောက်ကြည့်လိုက်သည်။
ရင်းနှီးတဲ့ သူနဲ့တူနေပေမယ့် ဆင်းမကြည့်ဖြစ်ပေ အပြောကိုက သူနဲ့တူနေပေ...
''စိုင်းထက် သွားရအောင် ငါဗိုက်ဆာပြီဟာ ဖိတ်စာကြည့်လာတာပင်ပန်းနေပြီ''
*ဖိတ်စာ*
မဏိစိတ်ထဲမှ သံယောင်လိုက်လိုက်သည်။ဝမ်းနည်းလာသည်၊ စိုင်းတစ်ကယ်ပဲ ယူတော့မှာလားဆိုသည့်စိတ်ဟာမိုးနေသည်။
စိုင်းအား မျက်နှာချင်းဆိုင်ကာ ပြောလိုက်ချင်ပေမယ့် လက်တွေမှာတော့...
''သွားကြပါတော့ ငါကားစောင့်နေတာပျက်တယ်''
စိုင်း သဒ်ဒါကို ကြည့်ကာ ပြောလိုက်သည်။
''အရှေ့နားမှာ ဆိုင်တစ်ဆိုင်ရှိတယ် သွားကြမလား''
''အင်းကောင်းသားပဲ''
''ဒါဆိုလည်း သွားလိုက်ပါအုံးမယ် ''
မဏိကိုပြောကာထွက်သွားသူကြောင့် လက်ထဲက အထုပ်တွေကိုပင် လွှတ်ချလိုက်ကာ လူကိုယ်တိုင်တောင် ထို ကွန်ဂရပ်ပေါ် ထိုင်ချမိလိုက်သည်။
သူသွားသင့်လား ထိုလူနှင့် အဝေးဆုံးနေရာကို သွားသင့်ရဲ့လားဆိုကာတွေးနေသည်။
သူထွက်သွားသည်နှင့် စိုင်းကို တစ်သက်သာလုံး မတွေ့ရတော့ဘူး ဟုတွေးနေလေသည်။
မဏိတွေးနေတုန်းမှပင် အရှေ့ကို ထပ်ရောက်လာသည့် ကားတစ်စီး မော့ကြည့်မိတော့ လာကြိုသည့်လူထင်သည်။
မဏိ ထိုင်ရာကနေ ကျုံးရုန်းထကာ အထုပ်တွေကို ကားထဲထည့်ကာ ထိုနေရာမှထွက်လာလိုက်သည်။
သူသွားမည့်နေရာက ဘယ်သူမှမထင်တဲ့နေရာပင် မဏိက အလုပ်မှာ ရာထူးတိုးလွှာနှင့်အတူ အလုပ်ထွက်စာပါ တင်လိုက်ခြင်းကြောင့် မထွက်ရပဲ နယ်ဘက်ကို found ကျသွားကာ သွားရခြင်းပင်...
နဂိုက ထွက်သွားမှာနဲ့ တိုက်ဆိုင်နေခြင်းကြောင့် အလုက်ကို လက်ခံလိုက်သည်ပဲဆိုရမည်။
စိုင်းနှင့် သဒ်ဒါ ဆိုင်တစ်ဆိုင်ကာ မုန့်အတူစားနေသည်။
စိုင်းသတိရသွားသူကတော့ မဏိပင် သူနဲ့ဒီနေရာမှ မုန့်စားဖူးသည်မဟုတ်လား ထိုကြောင့်လည်း ဒီနေရာကိုရောက်လာခြင်းပင်...
''စိုင်းထက်ဒါလေးစားကြည့်''
မှိုတွေကိုထည့်ပေလာကာ ပြုံးပြီးကြည့်လာသည့်
သဒ်ဒါ ကြောင့် စိုင်းပြန်ပြုံးပြလိုက်သည်။ကြာစွယ်ကို သဒ်ဒါ အားပြန်ထည့်ပေးကာ ဆိုလိုက်သည်။
''ဒါစားရင် ရုပ်ချောတယ်''
''ငါကချောပြီးသား''
သဒ်ဒါ စကားကြောင့် စိုင်းကရယ်သည်။
''မင်းကလား ငါကယ်ငယ်ကတည်းက ကြည့်မရတာ အဲ့ဒါကိုများ ငါဘာလို့ မင်းကို စောင့်ရှောက်မယ်ပြောခဲ့မိပါလိမ့်''
''ချီးပဲ နင်ဘာသာရှည်ပြီးပြောခဲ့တာလေ ငါကအတည်ယူလိုက်တာ''
နှစ်ယောက်သား ရွဲ့ပြောကာ ရယ်လာကြသည်။
စိုင်းလည်း မကြာခင် နိုင်ငံခြားကို သွားရတော့မှာပင် သူပြန်လာမှ ထိုလူအားပြန်လာရှာမယ်ဟုတွေ့ထားသည်။
You are reading the story above: TeenFic.Net