Chapter-13

Background color
Font
Font size
Line height

မဏိမွေ့ယာပေါ်တွင်လှဲနေကာ စိုင်းက ဘေးမှာ အမေဖြစ်သူ၏ စိန်ထည်လေးတွေ မှတ်ပေးနေသည်။
မဏိ စိုင်းခါးကိုဖက်ကာ ခြေထောက်မှာလည်းခွလိုက်သည်။
စိုင်းမဏိကိုကြည့်တော့ ဟီးကနဲ့ရယ်ပြလာသည်။

''စိုင်း''

''အင်း''

''မနက်အားလား''

''ဘာလို့လည်း တစ်ခုခုလုပ်မလို့လား''

စိုင်း မဏိကိုမကြည့်ပဲပြောလိုက်တော့ မဏိက မျက်နှာကြီးဆူပုတ်လာကာ ခြေထောက်ဖြင့် စိုင်းရဲ့ ခြေထောက်ကို ကန်လိုက်သည်။
စိုင်း သူပြောတာမှားလို့လားဟုကြည့်လိုက်တော့ ဗိုက်ကိုရိုက်လာသည် စိုင်းလက်ကိုကိုင်လိုက်ကာ...

''ဘာလဲ ဘာဖြစ်လို့ ငါ့အသားနာအောင်လုပ်နေတာလည်း''

စိုင်းပြောလိုက်တော့ မဏိက လက်ခလယ်ထောင်ပြကာ တစ်ဖက်ကို လှည့်အိပ်လိုက်သည်။
စိုင်း Laptop ကိုဘေးချကာ မဏိရဲ့အနောက်ကို ဝင်လှဲလိုက်သည်။
မဏိခေါင်းအောက်ကနေ စိုင်းလက်ထိုးကာ မဏိကို အနောက်ဆွဲခေါ်လိုက်သည်။
စိုင်းရင်ဘက်နှင့် မဏိ ကျောပြင်တို့ထိကပ်သွားသွားသည်နှင့် စိုင်း မဏိရဲ့ ဂုတ်ကိုနမ်းလိုက်ကာ....


''ငါမမေ့ပါဘူး မနက်ဖြန် မင်းနဲ့ငါရဲ့ ၁၈ပြည့်မွေးနေ့ဆိုတာကို''

စိုင်းပြောလိုက်တော့မှ စိုင်းဘက်ကိုလှည့်လာတော့ စိုင်းပြုံးလိုက်မိကာ မဏိဏိက ရင်ဘက်ကို ထုလာသည်။

''ချီးပဲ မှတ်မိရဲ့နဲ့ကို ငါကိုဒေါသထွက်အောင်လုပ်နေတာပဲ မင်းက''

မဏိပြောလိုက်တော့ စိုင်းကခပ်ဟဟရယ်လိုက်ကာ မဏိရဲ့ဆံပင်တွေအား ဖွလိုက်သည်။

''ပြောပါအုံး မနက်ကျ ဘယ်သွားမှာလည်း''

''ဘုရားသွားမယ်၊ပြီးရင် လျောက်လည်ကြမယ်လေ''

''အင်းအဲ့ဒါပဲလား''

''ဟုတ်တယ် အဲ့ဒါပဲ''

''လိုက်ပို့ပေးမယ်''

......။


မနက်စောစော စိုင်းနှင့်မဏိတို့ ဘုရားကိုထွက်လာခဲ့ကြသည်။
နှစ်ယောက်လုံးရဲ့မွေးနေ့ဖြစ်ကာ မဏိသွားချင်သည့်နေကို အရင်လိုက်ပို့ပေးရသည်။
စိုင်းညနေမှ မိဘမဲ့ဂေဟာမှာ အလျူသွားလုပ်မှာပင်...

စိုင်းက ပုဆိုးနဲ့အိင်္ကျီလည်ဂတုံးနဲ့ပင် မဏိကလည်းထိုနည်တူစွာ ပုဆိုးအစိတ်ကွတ်နှင့် အိင်္ကျီကော်လံနှင့် တွဲဝတ်ထားခြင်းပင်၊ အရှေ့ကို တည်တည်တံတံ ကြည့်ကာမောင်းနေသည့် စိုင်းကို ဘေးကနေ မဏိအဝငမ်းနေသည်။
စိုင်းသည့်အလွန်ချော၊အလွန်ခန့်သည်၊
နှုတ်ခမ်းက အလွန်ပါးလွှာပြီး နှာတံလေးကစင်းလုံးချောလေးပင်၊
တစ်ခြားသူတွေနှင့်မတူစွာ မျက်လုံးသည် မိုးပြာရောင်ဖြစ်နေသည့် စိုင်းကိုက ကြည့်လို့ကောင်းနေပုံများ မြင်သူတိုင်ကြွေနိုင်သည်လေ။

စိုင်း မဏိကိုလှည့်ကြည့်လိုက်တော့ စိုင်းကို ငေးနေပုံများ ပါးစပ်ထဲကကို သရေတွေကျနေသည်။
စိုင်းတစ်ချက်ပြုံးလိုက်ကာ အရှေ့မှ တစ်သျှူး ကိုလှမ်းယူကာ မဏိကို သုပ်ပေးလိုက်တော့မှသတိဝင်လာသည့် မဏိ၊
စိုင်း မဏိလက်ထဲကို တစ်သျှူး ဘူးလိုက်ကြီးထည့်ပေးကာ.....

''တစ်သျှူးခံပြီးငေး မဟုတ်ရင် ကားပေါ်မှာ သရေတွေ ပြည့်တော့မယ်''

''လီးကိုပြည့်''

ပြောကာ ပါးစပ်ကို တစ်သျှူးနှင့် ကြမ်းကြမ်းလေး သုတ်လိုက်တော့ စိုင်းက ရယ်သည်။
မဏိရှက်ကာ စိုင်းကို လက်ခလယ်ထောင်ပြကာတစ်ဖက်ကို လှည့်သွားလိုက်ပြီး အပြင်က view တွေကိုတာကြည့်နေသည်။

ဘုရားရောက်တော့ စိုင်းနှင့်မဏိ ကားပေါ်ကဆင်းလိုက်ပြီး ဖိနပ်တွေကို လှေကားမှာ ချွတ်ကာ အပေါ်တက်လာလိုက်သည်။
စိုင်းသည်သူလိုဆို ဘုရားမလာပေ ငယ်ငယ်ကတည်းကပင် အိမ်မှာလည်းနေသည်ဟု မှတ်ယူကာ အမေ ဘယ်သွားသွားနေခဲ့လေ့ရှိသည်။မဏိနဲ့မှ ပထမဦးဆုံး ဘုရားရောက်ဖူးခြင်းပင်...

စိုင်းနဲ့မဏိ အပေါ်ရောက်သည်နှင့် ကလေးတွေ တစ်တိုက် အနားရောက်လာကာ ပန်းအတင်းရောင်းတော့သည်။
မဏိ စိုင်းကို လက်လှမ်းကာ ပိုက်ဆံတောင်းတော့ စိုင်းအိတ်ထောင်ထဲမှ တစ်သောင်းတန်၅ရွက် ထုတ်ပေးလာသည်။
မဏိလှမ်းယူလိုက်ကာ ထိုကလေးတွေကို ပေးလိုက်ပြီး ပန်းစည်းတွေအား အကုန်ဝယ်ချလိုက်သည်။

ကလေးသုံယောက်က မဏိကို မနိုင်မနှင်းပေးကာ ထွက်ပြေးသွားသည်။
စိုင်းဘေးကနေပြီးရပ်ကြည့်နေမိသည်။
မဏိခေါ်မှ ခေါင်းအသာရမ်းကာ အနားရောက်လာပြီး ကူသယ်ပေးသည်။
မနိုင်မနင်းပန်တွေကို နှစ်ယောက်သား ကိုင်ကာ ဘုရားဘက်ဦးတည်သွားလိုက်ကြသည်။

စိုင်း ဆယ်စီး မဏိဆယ်စီးဖြင့်သယ်ကာ အရှေ့နားရောက်တော့ အမျိုးသမီးတစ်စုက...

''အစ်ကိုတို့''

စိုင်းနဲ့မဏိလှည့်ကြည့်လိုက်တော့ အနားရောက်လာကာ တစ်ယောက်ပြောတစ်ယောက်ပြောငြင်းနေသည့်ကြား မဏိစိတ်မရှည်တော့ပေ...

''ဘာလည်း ညောင်းရသည့်အထဲ!!!!''

''ဖြည်းဖြည်းပေါ့ ပန်းလည်းရောင်းစားသေးတယ် စျေးထဲက ငါးစိမ်းသည်လို အော်နေ''

''ဘာ!!!''

မဏိစိုင်းကိုလှည့်ကာကြည့်လိုက်ပြီး လက်ထဲမှပန်းစည်းတွေအား စိုင်းလက်ထဲကို ပစ်ထည့်လိုက်သည်။
စိုင်းအနောက်ကိုလှန်သွားပေမယ့် ပြန်ထိန်းကာ ရပ်နေလိုက်သည်။

'''ဒီမှာ ဒါကဘုရား ငါးစိမ်းသည်ကိုမြင်ချင်ရင် ငါစိမ်းတန်းကိုသွား ဂီလာနမရဲ့''

''ဘာပြောတယ် နင်...''

အမျိုးသမီးတစ်ယောက်မှ မဏိကို လှမ်းရိုက်လိုက်ပေမယ့် စိုင်းက လှမ်းဆွဲကာ ထိုအမျိုးသမီးလက်ကို ဖိညစ်လိုက်သည်။

''အ့..ဟာ့ လွတ်စမ်း!!လမ်းဘေးကပန်သည်ကများရာရာစစ''

စိုင်းထိုသူမှရဲ့ အပြောကို ခပ်ဟဟရယ်လိုက်ပြီးမဲ့ပြုံးပြုံးကာ...

''ငါတို့ကပန်းသည်လို့ပြောမိသလားအမိ၊
အမိက ပြဿနာဖြစ်ချင်တေမှတော့ အမိဆန္ဒကိုလိုက်လျောပေးရတော့မှာပေါ့၊
ငါက ငါကိုထိရင် ခံတာတယ် ၊
ဒါပေမဲ့ ငါလူကိုထိရင်တော့ မိန်းကလေးတွေလည်း ငါမသိဘူး စတုတ္ထ ကမ္ဘာစစ်ဟာငါကနေစသွားလိမ့်မယ်အမိ၊အခုအမိပြောလိုက်တဲ့ ပန်းသည်က အမိတို့ရဲ့ စီးပွားရေး တွေအကုန် ချုပ်ကိုင်လိုက်ပြီလို့သဘောထားလိုက်...''

ထိုအမျိုးသမီးက ဘာမှမပြောနိုင်ပါပင် စိုင်းမဏိရဲ့လက်ကိုဆွဲကာ ထိုနေရာမှ ထွက်လာလိုက်သည်။
ဘုရားလည်းဖူးချင်စိတ်မရှိတော့သည်မို့ အပြင်ပြန်ထွက်လာလိုက်သည်။

''စိုင်း ငါတို့ဖိနပ်တွေကော''

မဏိအပြောကြောင့် စိုင်းလှေကားရင်းမှာချွတ်ခဲ့သည့်ဖိနပ်ကို ကြည့်လိုက်တော့ရှိမနေပေ။
တစ်ခြားစုတ်နေသည့် ဖိနပ်တွေတာရှိနေတာပင်...
မဏိမျက်နှာလေးမဲ့ကာ....

''စိုင်း ဘယ်လိုလုပ်မလည်း ငါအဲ့ဖိနပ်လေးပဲလိုချင်တာလို့ သူခိုးခိုးသွားပြီး အီးဟီး''

စိုင်း မဏိအပြောကြောင့် ပြုံးလိုက်မိသည်။
ကလေးလိုလာငိုပြနေသူကြောင့်ပင်...

''အသစ်ဝယ်ကြတာပေါ့ လျူလိုက်တယ်ပဲ သဘောထားလိုက်ပါ မွေ့နေမှာ''

''မရဘူး မရဘူးပဲ အဲ့ဖိနပ်လေးက မင်းငါ၁၇ပြည့်တော့ဝယ်ပေးထားလို့ တစ်နှစ်ကြီးတောင်ငါသိမ်းထားပြီး ဒီနေ့မှဝတ်တာ ''

စိုင်း ခေါင်းညိမ့်ပြကာ...

''အသစ်ပြန်ဝယ်ပေးမယ် ၁၈ပြည့်အတွက်နော်''

အဲ့တော့မှ ငြိမ်ကျသွားသူက စိုင်းကိုမျက်လုံးဝိုင်းလေးတွေဖြင့် မော့ကြည့်ကာ...

''တစ်ကယ်လား''

စိုင်းခေါင်းညိမ့်ပြလိုက်တော့ ပုဆိုးက အပေါ် အနည်းငယ်မတင် စိုင်းအနောက်ကနေ ကျောပေါ်တက် ခွလိုက်သည်။
စိုင်းခွတက်လာသည့်သူအား ပြုတ်မကျအောင် ထိန်းကိုင်ကာ ဖင်ကိုအနည်းငယ် ပင့်တင်လိုက်ကာ
စိုင်းမဏိကိုလည်ပြန်ကြည့်တော့ အာဘွားပေးကာ...

''ချစ်တာကွာ မြင်းကြီးသွားပြေး ငါကိုယ်တော်ကို ကားစီခေါ်သွားပေ''

စိုင်းခေါင်းအသာရမ်းကာ ကွန်ဂရပ်ပေါ် ခြေတစ်လှမ်းလိုက်သည်နှင့် ပူကျစ်သွားသည့်ခြေဖဝါးကြောင့် ကိုယ်လေရိုင်သွားသည်။

''စိုင်းဘာဖြစ်တာလည်း ရရဲ့လား''

စိုးရိမ်သလိုလေးမေးလာသည့်သူကြောင့် စိုင်းရကြောင်းပြောကာ ခြေလမ်းတွေစတင် လှမ်းလိုက်သည်။
ကားစီကိုတာဦးတည်ပြီး စိုင်း မဏိကို ကားအရှေ့ခန်းထဲထည့်ပေးလိုက်ကာ စိုင်းလည်း ကားမောင်းသည့်နောကိုသွားထိုင်လိုက်သည်။
စိုင်းခြေထောက်ကို အနည်းငယ် ကြည့်လိုက်တော့ နီရဲ့နေသည်လေ အဲ့ဒါကိုမြင်သည့်မဏိက စိုင်းလက်မောင်းကိုကိုင်ကာ...

''စိုင်းဘာဖြစ်တာလည်း ပြလို့ ''

''ဘာမဖြစ်ဘူး ရတယ် ပြန်ကြမယ် ''

မဏိမယုံဘူးဆိုသည့်ပုံဖြင့် ခန္ဓာကိုယ် ကိုကုန်းကာ စိုင်းခြေထောက်ကို လှမ်းဆွဲကာကြည့်လိုက် နီရဲ ပြီးသွေးခြေတောင်ဥနေပြီလေ မဏိ ဝမ်းနည်းလာသည်။
သူသာစိုင်းပေါ်မတက်ခဲ့ရင် မဏိပါဖြစ်နေမှာ အခုတော့ မဏိကြောင့် စိုင်းကိုနာကျင်အောင်လုပ်မိပြီလေ...
စိုင်း ခြေထောက်ကိုကြည့်ကာ မျက်နှာပျင်နေသူကို စိုင်း မဏိရဲ့ မျက်နှာကို သူနဲ့မျက်နှာချင်းဆိုင်ထားလိုက်ကာ အကြည့်ချင်းဆုံလိုက်ပြီး...

''ငါဘာမှမဖြစ်ဘူး ''

''အီးဟီး ငါသာမင်းပေါ်မတက်ခဲ့ရင် ဘာမှဖြစ်မှာမဟုတ်ဘူး အခုကြမင်းဖြစ်ပြီး ငါကြမဖြစ်ဘူး မင်းနာနေမှာပဲဟင့်''

စိုင်းမဏိကို ရင်ထဲထည့်ကာ..

''အင်း..အင်း ဟုတ်ပြီ ဘာမှမဖြစ်တော့ဘူးနော် အဲ့ဒါကြောင့် မငိုနဲ့တော့ ''

''အိမ်ပြန်မယ် အိမ်ရောက်ရင် ငါဆေးထည့်ပေးမယ်''

စိုင်း ခေါင်းညိမ့်ပြကာ မဏိကို ရင်ခွင်ထဲမှ ထုတ်ကာ ကားမောင်းပြန်လာလိုက်သည်။
ပြန်သည့်လမ်းမှာလည်း ဖိနပ်ဝယ်ပေးဆိုလို့ စိုင်းခမျာ ဝယ်ပေးခဲ့ရသေးသည်လေ။

စိုင်းအိမ်ရောက်တော့ ကားပေါ်ကနေ ထော့နဲ့ထော့နဲ့လျောက်ကာအထဲကိုဝင်သည်။
မဏိကအနောက်နေပြေးလိုက်ကာ စိုင်းရဲ့ လက်ချိုင်းအောက်ကနေ ပုခုံးဝင်ခံကာ ဧည့်ခန်းထဲကိုခေါ် ထိုချိန်အိမ်ပေါ်ကဆင်းလာသည့်မြက်သန္ဒာ သားဖြစ်သူကိုကြည့်ရင်း စိတ်ပူကာ အနားသွားလိုက်သည်။

''သားဘာဖြစ်လာတာလည်း''

''ဘာဖြစ်ရမှာလည်း အန်တီမြက်ရဲ့ ဘုရားမှာ ဖိနပ်ခိုးခံရလို့လေ''

''ဟောကွယ်''

မဏိပြောကာ နေရာမှထသွားကာ ဆေးအိတ်သွားယူကာ စိုင်းအနားပြေးလာပြီး ကြမ်းပြင်ပေါ်ကို ဖင်ထိုင်ချကာ...

''စိုင်းခြေထောက်ပေး''

''ရတယ် ငါဘာသာပဲ''

မဏိ စိုင်းကို မော့ကာ ဂျိုပေးကာကြည့်လိုက်သည်။
စိုင်းလည်း ဘာမှမပြောနိုင်တော့ပဲ..

''သဘောပါဗျာ သဘောပါ''

''ဟီး အဲ့လိုလုပ်ပါကွ''

မဏိ စိုင်းခြေထောက်ကို လှမ်းယူကာ ဒူးထောက်ထားသည့် အပေါ်ကို တင်ကာဆေးကို လက်ပေါ်တင်ကာ စိုင်းခြေထောက်ပေါ်ကို ပွတ်ပေးလိုက်တော့ စိုင်းခြေထောက်တွန့်သွားသည်။
နောက်တစ်ဖက်လည်း ဆေးလူးကာ ပတ်တီးစည်းပေးလိုက်ပြီး ဆေးပုံးကိုပိတ်ကာ စိုင်းခြေထောက်ကို အောက်ချကာ မဏိပြုံးပြလိုက်တော့ စိုင်းကရယ်သည်။

''ရသွားပြီး သက်သာသွားမှာပါ သိလား''

စိုင်းပြုံးကာခေါင်းညိမ့်ပြလိုက်တော့ မဏိ ဆေးပုံးကို ပြန်သွားထားသည်။စိုင်းမဏိကို လိုက်ကြည့်မိကာ ပြုံးလိုက်သူကို မြက်သန္ဒာ ကြည့်ရင်း...

''စိုင်း သားအမေ ပါတီအတွက် ပြင်ဆင်ရအုံးမှာမို့ အပြင်သွားလိုက်အုံးမယ် မဏိကို လျောက်မတေဆာ့စေနဲ့အုံး''

''ဟုတ်ကဲ့ပါဗျာ''

မြက်သန္ဒာ နေရာမှထကာထွက်သွားလိုက်သည်။
ခဏကြာတော့ မဏိပြန်ဆင်းလာကာ စိုင်းကိုအပေါ်ခေါ်သွားလေတော့သည်။

.......

မင်းတို့အလုပ်တွေကို ဘယ်လိုလုပ်နေကြတာလည်း!!!''

စိုင်း fileတွေကို စားပွဲပေါ်အားတင်ကာ ပြောလိုက်တော့ ဝန်ထမ်းမလေးတွေက ခေါင်းငုပ်နေကြသည်။

''ပါးစပ်မပါကြဘူးလားဟမ်!!"

''တောင်းပန်ပါတယ်Boss ကျွန်မတို့ ပေါ့လျော့မိသွားလို့ပါ''

''ကိုယ့်အကြောင်းကို ကိုယ်သိတယ်မလား''

''ဟုတ်ကဲ့ Boss''

အာဏာ မျက်စဖြင့် ထိုအမျိုးသမီးကို ခေါ်ထုတ်သွားခိုင်းလိုက်သည်။
အာဏာ စုံလည်မှာ ထိုင်လိုက်ကာ အမှီပေါ် မှာမှီကာ ခဏငြိမ်သက်နေသည်။

''ဒေါက်...ဒေါက်..''

''Boss ကျွန်တော်ပါ''

''အင်း''

အာဏာအသံကြားမှ Ven ရုံးခန်းထဲဝင်လိုက်ပြီး အာဏာနားကို ရောက်လာသည်။
အာဏာ တစ်ချက်ကြည့်လိုက်တော့ ခေါင်းငုပ်ကာ အရိုသေပေးလေသည်။

''ဘာကိစ္စလည်း''

''ဟို..Boss''

''ပြောမှာသာပြော''

''ညီညီထက်ကျော်ကို လိုက်ရှာနေတဲ့အဖွဲ့ ပြင်သစ်အစဘက်မှာလို့ သတင်းကြားပါတယ်''

''ဘာ!!''

အာဏာ အော်လိုက်တော့ Venကခေါင်းညိမ့်ကာ...

''ဟုတ်ပါတယ် အဲ့ဒါကြောင့် သတိကြီးကြီးထားရမှာပါ''

အာဏာ ဖုန်းတစ်လုံးကိုးလှမ်းဆက်ကာ ချလိုက်သည်။
ပြီးမှ Venကိုကြည့်ကာ....

''Morocoကနေ သတ်တော်စောင့် အယောက်၅၀ကို ထပ်တိုးခေါ်လိုက်၊ Dadမေးရင် ငါကလို့ပြောလိုက်၊
ပြီးတော့ မင်းတို့တွေလည်း အချိန်တွေတိုးရတော့မယ်
သူသာတစ်စုံတစ်ရာ သိသွားကြည့် မင်းတို့တွေအကုန်သေပြီတာမှတ်''

''ဟုတ်ကဲ့ပါBoss''

Venအရိုသေပေးကာ ထွက်လာလိုက်သည်။
အာဏာ စားပွဲပေါ်က ပစ္စည်းတွေအား အကုန် တွန်းချလိုက်ကာ ခုံကိုလည်း ခြေထောက်နဲ့ကန်လိုက်သည်ပြီး နံရံကို လက်သီးဖြင့် ဆင့်ထိုးလိုက်သည်။
ဆက်တိုက်ထိုးနေပြီး နောက်ဆုံးလက်ပန်းကျသွားကာ နေရာမှာထိုင်ချလိုက်သည်။
အာဏာတွေးပြီးကြောက်နေသည်က တစ်နေ့ သူ့ဘဝထဲကနေ ထိုကောင်လေး ထွက်သွားမှာကိုပင်...
သူတို့နှစ်ယောက်ရဲ့ တွေ့ဆံမှုဟာ ဆန်းကျယ်သည်။
အာဏာထိုကောင်လေးကို မေတ္တာသက်ဝင်နေသည်ကအမှန်ပင်....

.....။

ညီညီထမင်းဝိုင်းတွင် အာဏာကိုစောင့်နေတာ အတော်ကို ကြာနေပြီဖြစ်သည်။
ဒီနေ့ အာဏာနဲ့စားချင်လို့ ထိုင်စောင့်နေခြင်းပင်...

''သားဆာရင် စားပါကွယ် တော်ကြာနေ ကြီးကြီးတို့ကို ဆူနေအုံးမယ် ဆရာက''

ကြီးမေက စိုးရိမ်သလိုလေးပြောတော့ ညီညီ ရကြောင်းပြောကာ ထိုင်စောင့်နေသည်။
ဧည့်ခန်းထဲမှ နာရီကိုကြည့်မိတော့ ည၈နာရီခွဲနေပြီလေ ညီညီ စိတ်တိုချင်သလိုလေးဖြစ်လာသည်။
သူဗိုက်သိပ်မဆာသေးလို့ ထိုင်စောင့်နေတာဖြစ်သည်။
ညီညီလိုဆိုစားပြီးနေပြီလေ..
ညီညီ မရတော့ဘူးဆိုကာ နေရာက ထကာ ဧည့်ခန်းဘက်ကို ဦးတည်တော့ ကြီးမေက...

''သားလေး မစားဘူးလား''

ညီညီ ကြီးမေကိုပြုံးပြကာ.

''ညီညီ လူယုတ်မာကြီးကို စောင့်အုံးမယ် လာမှစားတော့မယ်''

ပြောကာ လှည့်ထွက်သွားသူကြောင့်ကြီးမေပြုံးမိသွားသည်။

သူတို့ရဲ့ ဆရာက ထိုကလေးနဲ့ကြမှ လူယုတ်မာဖြစ်ရပြီတဲ့...

ညီညီ sofaတင်ပလေခွေထိုင်ပြီး TVဖွင့်လိုက်သည်။
ညီညီTVကြည့်လိုက်နာရီ ကြည့်လိုက်နှင့် ၉နာရီထိုးသွားကာ ညီညီ sofaပေါ်လှဲအိပ်လိုက်သည်။
ခဏကြာမှာတော့ ညီညီဟာအိပ်ပျော်သွားလေသည်။

ကြီးမေ အိပ်သွားသူကိုကြည့်ကာ စောင်အပါးလေးလွှားပေးထားလိုက်ကာ အပြင်မှ ကားသံကြားတော့
ဆရာပြန်လာပြီဆိုတာသိလိုက်သည်။

အာဏာ အိမ်ထဲဝင်လိုက်သည်နှင့် ကြီးမေ အနားရောက်လာကာ လက်ကဆေးမထည့်ရသေးသည့် ဒဏ်ရာကို မြင်းသွားသည်။

''လူလေး လက်က''

အာဏာလက်ကိုနောက်ဖွက်လိုက်ကာ...

''ဘာမှမဖြစ်ဘူးကြီးမေ သူရော''

ကြီးမေက ဧည့်ခန်းဘက်ကို မေးငေါ့ပြလိုက်သည်။
အာဏာ လှမ်းကြည့်လိုက်တော့ ဖြူလွှလွှ အင်္ကျီလေးကိုဝတ်ထားကာ အိပ်နေလေသည်။
အာဏာ ကြီးမေကို ကြည့်လိုက်၍...

''သူဘာစားပြီးပြီးလည်း''

''အဲ့ဒါက လူလေးပြန်လာမှဆိုပြီး...''

ကြီးမေစကားကို ဆုံးအောင်နားမထောင်တော့ပဲ အာဏာ ညီညီနားကို သွားလိုသည်။
ကြမ်းပြင်ပေါ် ဒူးထောက်ကာ ညီညီရဲ့မျက်နှာပေါ် လက်လေးနှင့်ပွတ်လိုက်ကာ....

''ဗိုက်ဆာနေရောပေါ့''

''ဟင်းးအင်းး''

ညီညီယောင်ကာ ပြန်အိပ်ပျော်သွားတော့ အာဏာ ညီညီကိုယ်လေးကို ပွေ့ချီကာ အပေါ်ထပ်ကိုတက်လာလိုက်သည်။
မွေ့ယာပေါ်ကို အတာလေးတင်ပေးလိုက်ကာ အာဏာ ထိုင်ကြည့်နေမိသည်။
ထိုချိန်တွင် နိုးလာသည့် ညီညီ အာဏာ ခုံပေါ်ထိုင်လိုက်ပြီး ညီညီကိုကြည့်တော့ နှုတ်ခမ်းလေးဆူကာ ထထိုင်လာပြီး အာဏာကိုကြည့်လာသည်။

''ဘာမစားဘူးဆို ဟုတ်သလား''

''.........''

ညီညီ တစ်ဖက်ကိုလှည့်သွားသည်။
ပုံစံက သူစိတ်ဆိုးနေသည်ပေါ့....

အာဏာပြုံးကာ...

''အင်းပါ..အင်းပါ ကိုယ်မှားပါတယ် နောက်ကျသွားမိလို့ အလုပ်လေးပေါ်နေလို့ စိတ်ဆိုးပြောတော့ ဟုတ်ပြီလား''

ထိုစကားကြောင့် ညီညီ အာဏာကို လှမ်းကြည့်လိုက်ကာ....

''ပြီးရော လူကြီးရော ဗိုက်ဆာပြီလား''

အာဏာခေါင်းရမ်းပြလိုက်သည်။
ထိုချိန် မျက်လုံးလျှင်သည့် ညီညီသည် အာဏာ လက်ကိုမြင်သွားကာ လက်ကိုကိုင်လိုက်သည်။

''ဘာဖြစ်တာလဲ လက်က''

အာဏာ လက်ကိုကိုင်ထားသည့် ညီညီလက်ကိုခါချလိုသည်။
ညီညီ အာဏာကိုကြည့်ကာ မျက်ရည်လေးဝဲကာ...

''လူသတ်လာပြန်တာလား''

''မဟုတ်ကွာ ကိုယ်အလုပ်မှာ အဆင်မပြေလို့ပါ''

ညီညီ အာဏာရင်ခွင်ထဲကိုဝင်ကာ ငိုတော့သည်။
အာဏာလည်းပြန်ဖက်ကာ ချော့သည်။

''ကိုယ် ဘယ်တော့မှ လူမသတ်ဘူးတော့ဘူး ယုံပါကွာ''

ညီညီ ခေါင်းတစ်ဆက်ဆက်ညိမ့်ကာ အာဏာရင်ခွင်ထဲက မထွက်တော့ပဲ နေသည်။
အာဏာ ညီညီရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်တော့ ခဏလေးအတွင်းပြန်အိပ်ပျော်သွားသူ အာဏာ ညီညီကို ငုတ်ကြည့်ကာ ဆံသားတွေကို အနမ်းပေးလိုက်သည်။
ပြီမှသူလည်း ညီညီကို ဘေးချကာ သူပါလိုက်အိပ်လိုက်တော့သည်။
ဒီညတွင်တော့ အာဏာ အိပ်ပျော်ပါတော့မည်။


[ဆောင်းမဲ့အပိုင်းမဟုတ်ပါဘူးရှင် ဆောင်းရေးပြီးသားတွေက ပျက်သွားလို့ ပုံစံတစ်မျိုးနဲ့ ရေးပြီးပြန်တင်လိုမိတာပါ]




You are reading the story above: TeenFic.Net

#bl