Chapter-10

Background color
Font
Font size
Line height

IF I were you
By
Hsaung hayman

''Boss ဒီတစ်ယောက်က ဘယ်လိုလုပ်မှာလဲ''

အာဏာ Cenစကား​ကြောင့် Venပုခုံးပေါ်မှာ မေ့နေသူအား လှမ်းကြည့်လိုက်ကာ ဆေးလိပ်တစ်လိက်ထုတ်၍ဖွာလိုက်သည်။

''သူအရင် ပြင်သစ်ကို ပို့ထားလိုက် ငါမနတ်ဖြန်ကာမှ လိုက်လာမယ် ကြည့်ကျပ်ပြီးကြည့်ထား''

''ဟုတ်Boss''

''ဒါနဲ့ ဒီဟာလေး ''

အာဏာ အပေါ်တက်ခံနီး Venပေးလာသည့် Fileတစ်ခုကြောင့် လှမ်းကြည့်ကာ..

''ဘာလဲ''

''ဒီဟာက ဒီတစ်ယောက်အကြောင်းပါBoss အကြောင်းစုံလောက်မှာပါ''

''အင်း''

အာဏာ ဆေးလိပ်အား လက်ကချကာ Fileကိုယူကာ အပေါ်ကိုတက်ခဲ့လိုက်သည်။
အခန်းတံခါးပိတ်ပြီးတာနှင့် အလုပ်စားပွဲအား သွားကာ ထို Fileအားထုတ်ကြည့်လိုက်သည်။
ထပ်ပြီး အာဏာ မျက်ခုံးပင့်ကာ...

''ဝိုး..တစ်ဦးတည်းသောသားဆိုပါလား အချစ်ခံရတယ်မယ်တယ် အို့နေပါအုံး ဒါကဘာလား''

အာဏာနောက်ထပ် တစ်ရွက်လှန်ကြည့်ချိန်တွင် အံသြသွားသည်။

''သူကနှလုံးရောဂါသည်လား''

အာဏာ Fileကိုပိတ်ချလိုက်ကာ နဖူးပေါ်လက်တင်ကာ စဥ်းစားနေမိသည်။
သူထိုကောင်လေးကို ဘာလုပ်ဖို့ခေါ်ထားရတာလဲ လွှတ်ပေးလည်းရတာပဲ ထိုကောင်က သူအကြောင်းလိုက်ပြောမည့်ပုံလည်းမဟုတ်ပေ အာဏာခေါင်းရှုပ်ကာ ဆံပင်တွေအားဆွဲဖွလိုက်သည်။

''ဒွီးးဒွီးးး''

အာဏာ ဖုန်းအားကောက်ကိုင်လိုက်သည်။

''ဟယ်လိုပြော''

'လေသံကိုပြင် အာဏာစက်သျှောင် ငါမင်းအဖေဆိုတာလည်းသတိရ'

တစ်ဖက်ကအသံ အကြောမသေးပုံထောက်ဆိုရင် အာဏာဖေဖေလေး ညှောင့်ထားပုံရသည်။
အာဏာနဖူးအားလက်နှင့်ကုတ်ကာ..

''အော်..အော်အင်းပါ အခုက ဘာကိစ္စ''

'ဘာကိစ္စ မဟုတ်ဘူး မင်းခြေငြိမ်အောင် မိန်းမပေးစားမလို့'

''ဘာ!!!''
ဟုဆိုကာ အာဏာအော်ချလိုက်သည်။

'ဘာလဲ နားငြီးတယ် မင်းမှာလည်း ရေရေရာရာ ရှိတာမှမဟုတ်တာ အဲ့တော့ မင်းကို မိန်းမပေးစားမလို့'

''ကျုပ်ကသဘောတူနေလို့လား''

'မင်းတူတူမတူတူ ငါကိစ္စ မင်းကလက်ခံရမှာ'

''နေစမ်းပါအုံး ဦးအာကာစက်သျှောင်''

'ပြောစမ်းပါအုံး အာဏာစက်သျှောင် ငါနားထောင်နေတယ်'

''ကျုပ်သဘောမတူတဲ့ ကြားထဲကမှ ဇွတ်အတင်းလုပ်ရင် အာဏာစက်သျှောင် ဘာလဲသိသွားစေရမယ်''

'ဒါဆိုမင်းဘာသာကြိုက်တဲ့သူကို ၃ရက်အတွင်း လက်ထပ်ကမယ်'

အာဏာ ခဏတာငြိမ်သတ်သွားမိသည်။
တစ်ခုခုကို စဥ်းစားနေသည့်ပုံထြင့် ပြီမှ...

''အင်း မကြာခင် မင်္ဂလာဆောင် ဖိတ်စာပို့လိုက်မယ်''

ဆိုကာ ဖုန်းကို စားပွဲပေါ်တင်ကာ Fileအား လွှတ်ပြစ်လိုက်သည်။

..။

''ဟင်း!!''

ညီညီ မျက်လုံးအားပွတ်ကာ တစ်ထက်သို့လှည့်သွား၏...
ထိုချိန်မနေ့က အခြေနေသတိရကာ မျက်လုံး စုံလုံးကျယ်လာကာ နေရာမှ ထထိုင်လိုက်ပြီး သူကိုသူပင်ပြန်ကြည့်ပြီးမှ...

''ဟူးတော်သေးတာပေါ့ ငါဘာမှမဖြစ်လို့''

ညီညီ ထိုင်ရာကနေထကာ တံခါးပေါက်ဘက်ကို ဦးတည်၍သွားလိုက်သည်။
အမဲရောက်တံခါးကြီးအား ညီညီ တစ်ဝုန်းဝုန်းထုပစ်ကာ...

''လူရှိလား!! တံခါးဖွင့်ပေးပါအုံး''

ညီညီအသက်ထွက်အောင် အော်ပေမဲ့လည်း တုန့်ပြန်သံမကြားရပေ...
ညီညီအနည်းငယ်လန့်လာကာ အနောက်နှစ်လှမ်းလောက်ဆုတ်သွားမိ၏...

''ဒီထဲမှာ လူရှိတယ် တံခါးဖွင့်ပေးပါဟင့်''

နားပိတ်ကာ အသံကုန်ခြစ်ခေါ်နေပေမဲ့လည်း ဘာမှမကြားရပေ...
ညီညီ ထိုနေရာမှာတာ ဖင်ထိုင်ချကာ အော်ငိုတော့သည်။
ရင်ဘက်အားဖိရင်းငိုသည်။
ညီညီမောလာသလိုခံစားရကာ နေရာမှ ကုတင်နားအားပြေးသွားကာ သူ၏ ခရီးဆောင်အိတ်များ ရှိမလားသွားကြည့်မိသည်။
ထိုအိတ်အားမတွေ့တော့ ညီညီ ထိုကုတင်ဘေးတွင် လှဲကျသွားကာ....

''ငါသေရတော့မှာလား ငါမသေချင်သေးဘူး အပြင်က လူတွေကူညီပေးကြပါ''

ညီညီလှဲနေရာကနေအကူညီ လှမ်းတောင်းမိနေသည်။
မျက်ရည်တွေကလည်း အလိုက်မသိစွားပဲ ပြိုဆင်းလာသည်။
ညီညီရင်ဘက်လေးအားဖိရင်း အာဏာအားသတိရသွားကာ...

''လူကြီးရယ် ညီညီကိုလာကူညီခေါ်ပါအုံး''

'ကျွီ'

''ဟိုကောင်လေး!!!''
ဆိုကာ Cen အမြန်ထိုနေရာအားပြေးသွားလိုက်သည်။

အနားရောက်သည်နှင့် အသက်ရှုသေးလားစမ်းကြည့်မိတော့ အသက်မရှုတော့သည့်သူကြောင့် Venလန့်သွားသည်။
နှုတ်ခမ်းတွေ ဖြူပြာနေတာကိုတွေကာ နှလုံးရောဂါသည်မှန်းအခုမှသိကာ Family doctor အားလှမ်းဆက်လိုက်သည်။

''do..အခုအရေးတစ်ကြီး လူနာရှိလို့အခုလာပေးလို့ရမလား''

''........''

''ဟုတ်ပါတယ်''

Cen ဖုန်းချလိုက်ကာ Bossအား ဖုန်ဆက်ဖို့ပြင်သည်။

.....

''ဒါဆို ဆရာ ဒီအပိုင်းလေးကို မပြင်ချင်တော့ဘူးမလား''

အာဏာခေါင်းငြိမ့်ပြကာ file ကိုစားပွဲပေါ်တင်ကာပြောသည်။

''မင်းနောက်ထပ်အမှားမလုပ်မိစေနဲ့ ဒါပဲရပြီ''

''ဟုတ်ကဲ့ Boss''

ထိုမိန်းကလေးထွက်သွားတော့မှ အာဏာ နောက်မှီပေါ်လှန်ချကာ အသက်ဝဝရှုလိုက်သည်။

''ဒွီးးး''

ထိုချိန်ဝင်လာသည့်ဖုန်းကြောင့် အာဏာကောက်ကိုင်လိုက်သည်။

''အင်းဘာလဲ''

''Boss ဟိုကောင်လေး နှလုံးဖောက်လို့''

''ဘာ!!!''

''ဟုတ်ပါတယ် Boss အဲ့ဒါက ''

''ငါအခုလာပြီ''

ဆိုကာ ဖုန်းအားချလိုက်ပြီး ထိုနေရာမှ အမြန်ထွက်လာလိုက်သည်။

တစ်ဖက်တွင်လည်း ဆေးပိုက်တွေ တန်းလန်းဖြင့် မေ့လှဲနေသော သူအားဒေါက်တာ ထပ်ကျပ်မကွာကြည့်ပေးနေရသည်။

........

''ဟင်း...ပျင်းလိုက်တာ အောင်ဆင်းသွားအုံးမှ''
ဆိုကာ မဏိမွေ့ယာပေါ်ကနေ အောက်ကိုဆင်းလာလိုက်သည်။

မဏိအောက်ရောက်တော့ ဧည့်ခန်းတွင် လူစုံနေသည်လေ ဒေါ်လေးသစ္စာနှင့် သူမယောင်္ကျားပါ ရောက်နေသည်။
မဏိထိုနေရာမှ စိုင်းဘေးအားသွားထိုင်လိုက်သည်

''တီလေး ညီညီက ပြောသွားတယ်မလား လိုင်းမရဘူးဆိုတာ''

စိုင်းမေးလိုက်တော့ သစ္စာ ကခေါင်းငြိမ့်ပြကာ..

''ပြောသွားပေမဲ့ အဆက်သွယ်မလုပ်တာ တော်တော် ကြာနေပြီသားရဲ့ သူသွားတဲ့နေ့ကပဲ ဟိုရောက်ပြီလို့လှမ်းအကြောင်းကြားတာ အခုဆိုရင် အဆက်သွယ်မလုပ်တာ ၁ပက်ရှိနေပြီ''

မဏိနားမလည်ကာ စိုင်းရဲ့လက်အားရိုက်လိုက်ပြီး..

''ဘာဖြစ်လို့လဲ စိုင်းညီညီတစ်ခုခုဖြစ်လို့လား''

''ဘာမှတော့မသိရဘူး အကုန်လုံးက စိတ်ပူနေတာ''

''အာမခံသွားတဲ့ သူ့သူငယ်ချင်းတွေက ရောဘာတတဲ့လည်း''

''တစ်ယောက် မှအဆက်သွယ်မရဘူး''

မဏိစိုင်းပုခုံးအားပုတ်လိုက်ကာ...

''မတရားလည်းစိတ်မပူပါနဲ့ အဆင်ပြေမှာပါ''

.........

အာဏာစက်သျှောင် ကုတင်ပေါ် မှာအိပ်နေသည့်သူအား ကြည့်နေမိသည်မှာ ဘယ်လောက်ကြာသွားသည်မသိ ...
ဆေးလိပ်အားတစ်ချက်ဖွာလိုက်ကာ...

''မင်းကိုက ကံဆိုးတာ''

ကုတင်ပေါ်မှာသူသည် အေးချမ်းစွာပင် လှဲအအာဏာထိုသူနိုးလာရငာထိုသူနိုးလာရင် အစီစဥ်တစ်ခုကိုတာ ပြင်ဆင်ထားလေသည်။

''အင်း..ဟင်း''

''နိုးပြီလား''

အာဏာအနားသွားကာမေးလိုက်တော့ အာဏာအားမေ့ကြည့်လာကာ..

''ညီညီကိုလွှတ်ပေးပါ လူကြီးရယ်ညီညီကြောက်လို့ပါဟင့်နော်''

ပြောရင်းငိုချလာသူကြောင့် အာရာဘေးနားဝင်ထိုင်လိုက်သည်။

''ဘာတွေ အဲ့လောက်ကြောက်နေရတာလဲ ''

''လူကြီးက လူသတ်သမားလေ ညီညီကြောက်တယ် ညီညီလည်းသတ်ရင် ဘယ်လိုလုပ်မှာလဲ''

အာဏာမျက်လုံးမှေးကျဥ်းကာကြည့်သည် သူကရူးနေတာလား မသိရင်ပဲ အာဏာဟာ အကြောင်းမဲ့ လူသတ်နေသည့်ပုံ...

''ကိုယ့်ရုပ်က အချောင် လူသတ်နေတဲ့ပုံ ပေါက်လို့လား''

''ဟို...''

အာဏာထိုနေရာမှထကာ ဗီဒိုနားသွား၍ အဝတ်တွေထုတ်လာကာ ညီညီရှီကို လှမ်းပြစ်ပေးသည်။
ညီညီနားမလည်သည့်ပုံလေးနှင့်...

''ဒါက ဘာလုပ်ရမှာလည်းဟင်''

အာဏာsofaမှာ ပြန်ထိုင်ရင်း...

''အဲ့ဒါ သွားလဲခဲ့ ပြီးရင် သွားစရာရှိတယ်''

ညီညီအိင်္ကျီတွေအား အောက်ကို လွှတ်ပစ်လိုက်ကာ..

''ညီညီဘယ်မှမသွားဘူး အိမ်ပဲပြန်ချင်တယ်''

အာဏာ အောက်ကျနေသည့် အိင်္ကျီတွေအား ကောက်ယူလာပြီး ညီညီနားအားသွားကာ အပေါ်မှ အုပ်မိုး၍ မေးဖျားလေးကိုင်ကာ..

''ဒီအိမ်က မကြာခင် မင်းအိမ်ဖြစ်လာတော့မှာပဲဟင်း''

ညီညီသည် ထိုလူစကားအားနားမလည်သလိုလေးနှင့်..

''ဘာလဲ ဘာမှမဖြစ်ဘူး ညီညီကိုအိမ်ပဲ ပြန်ပို့ပေး''

အာဏာဒေါသထွက်လာကာ မွေ့ယာအား အားဖြင့်ထုချလိုက်သည်။
ညီညီခန္ဓာကိုယ်လေးတုန်တက်သွားကာသည်။

''နောက်ထပ် အိမ်ပြန်မယ် စကားထပ်ပြောကြည့် မင်းကို ငါကိုယ်တိုင်သတ်ပြစ်မယ်''

''ဟင့်..အီးဟီး လူယုတ်မာကြီး သူများသားသမီးကို သတ်ချင်နေတာအီးဟီး''

အော်ငိုနေသည့်သူအား အာဏာ နာညှီးလာကာ ပါးစပ်အားပိတ်လိုက်၍...

''ရှူးတိတ်တိတ်နေ အဝတ်လဲ ပြီးထွက်ခဲ့ မဟုတ်ရင် ငါအကြောင်းသိသွားမယ်''

အာဏာပြောစရာရှိတာပြောပြီး ထိုနေရာမှထွက်လာလိုက်သည်။ ညီညီသာနေရာမှာ ထိုင်နေရင်း မျက်ရည်တွေပိုးပိုးပေါက်ကျလာကာ ဘေးမှချထားသည့် အိင်္ကျီအား ဆောင့်အောင့်ကာ ယူလိုက်ပြီး ရေချိုးခန်းဘက် သွားလိုက်သည်။

ညီညီအိင်္ကျီလဲပြီးသည်နှင့် မှန်ရှေ့ကိုသွားရပ်လိုက်သည်။
မျက်နှာလေးနီရဲကာ အဖြူရောင် အိင်္ကျီလေးနှင့် ညီညီသည်ကြည့်ကောင်းသည်လေ...

ထိုချိန် တံခါးဖွင့်သံကြောင့် လှည့်ကြည့်မိတော့ Cenပင်...

''ညီလေး Bossက တင်းခဲ့ပါတော့တဲ့'''

ညီညီခေါင်းညိမ့်ပြလိုက်တော့ ထွက်သွားသည်။
ညီညီမှန်ရှေ့မှ ကိုယ်ပုံအားပြန်ကြည့်ရင်း ဘေးနားမှာတင်ထားသည့် မျက်နှာလိမ်းကိုယူကာ မျက်နှာမှာလိမ်းလိုက်ပြီးအောက်ကိုဆင်းလာလိုက်သည်။

​လှေကားမှ တစ်ထစ်ချင်းဆင်းကာ အောက်ကိုကြည့်မိသည်။အောက်တွင် အာဏာနှင့် လူပေါင်းများစွာဟာ ရပ်စောင့်နေကြသည်။
ညီညီအောက်ကိုမဆင်းရဲကာ ရပ်နေမိသည့်ထိပင်...
ထိုချိန် ခပ်သြသြအသံဖြင့်...

''မဆင်းသေးဘူးလား''

ညီညီ ဘေးကိုကြည့်လိုက်တော့ အာဏာကိုတွေ့သည်။
လက်လှမ်းနေကာ ညီညီလက်ထိုးပေးလိုက်တော့ အောက်ကို ဆင်းသွားသည်။
အောက်ရောက်သည်နှင့် ညီညီကိုဖက်၍...

''သူကိုကြည့်ထား မကြာခင် ဒီအိမ်ကြီးရဲ့ အရှင်သခင်ဖြစ်လာမှာ''

ညီညီသည်နားမလည်သလိုလေးမော့ကြည့်မိရာ အာဏာက ဘာလဲဆိုသည့်ပုံဖြင့် မေးငေါ့ပြလိုက်တော့ ပြန်ငုတ်သွားသည်။

''ဒါဆိုသွားကြတာပေါ့''

ညီညီကိုဆွဲခေါ်ကာ ကားပေါ်တင်လိုက်ပြီး အာဏာပါလိုက်ဝင်လိုက်သည်။
အာဏာဟာ အမဲဝမ်းဆက်ဝတ်ထားပေမဲ့ ညီညီကတော့ အဖြူဝမ်းဆက်နှင့်ပင်...

အတော်တန်ကြာ မောင်းပြီးသည်နှင့် ကျယ်ဝန်းလှသည့် နေရာကိုရောက်သွားသည့်အလား
အာဏာ ညီညီကို လက်ဆွဲကာ ခေါ်၍ အောက်ကိုဆင်းလိုက်ပြီး လက်ကိုချိတ်ခိုင်လိုက်သည်။
ပြီမှအရှေ့မှနေ၍ သွားလိုက်သည်။
ညီညီကတော့ ဘာမသိပါပဲ အာဏာနောက်ကိုသာ အေးဆေးစွာပါသွားသည်လေ...

တံခါးရှေ့အရောက် ရပ်သွားသည့်အာဏာဟာ ညီညီကိုလှည့်ကြည့်လိုက်သည်။
ပြီမှ လူတစ်ယောက်ကိုမေးငေါ့ပြတော့ ညီညီ ရှီကိုလာကာ ရင်ဘက်တွင့် အာဏာနှင့်တူသည့် ပန်းပွင့်လေးအား ထိုးပေးသည်။
ညီညီကြောင်နေတုန်းပင် တံခါးဟာပွင့်သွားခဲ့သည်။

လှပသည့်အဆင်ယဥ်ဖြင့် ညီညီ အရင်ဆုံမြင်လိုက်သည့်စာတန်းလေးဟာ...

မောင်အာဏာစက်သျှောင်

နှင့်

မောင်ညီညီထက်ကျော်

တို့၏ မင်္ဂလာဧည့်ခန်းပွဲ...

ဆိုသည့်စာတန်းလေးဟာ အခမ်းနားတွင် နေရာယူထားသည်။

ညီညီ လန့်လာကာ အသားတွေပင်တုန်ယဥ်နေသည့်အထိပင်...
ထိုချိန် ညီညီရဲ့ လက်ကိုလာကိုင်သည့်သူဟာ အာဏာပင်...
ညီညီမျက်ရည်လေးဝဲကာ..

''လူကြီးရယ် ဒါတွေက ဘာလဲဟင် ညီညီ''

ညီညီနှုတ်ခမ်းပေါ်အား လက်တင်ကာ....

''ကိုယ့်ကိုကူညီ မင်းအတွက် မနစ်နာစေရဘူးညီညီထက်ကျော် ကိုယ့်မှာကူညီမဲ့သူဆိုလို့ မင်းပဲရှိတာပါ...''

ညီညီ အာဏာလက်ကိုလွှတ်ဖို့ပြင်လိုက်ပေမဲ့ ဆွဲထားသည့် လက်တစ်စုံ မော့ကြည့်မိတော့ အကြည့်စူးစူးဟာ ညီညီမလွန်ဆန်နိုင်ပေ...

''ညီညီကငယ်သေးတယ် ညီညီက အသက်မပြည့်သေးပဲ ''

''ကိုယ်သိတယ် ညီညီထက်ကျော် ကူညီယုံပဲ ကိုယ့် အဖေယုံအောင်''

ညီညီလက်လက်မောင်းနှစ်ဖက်မှကိုင်ရင်း ရှင်းပြနေသူသည် အေးဆေးစွာပင်....
ထိုချိန်တွင် ညီညီတို့ရှီကို ဦးတည်ကာ လာနေသည့် လူနှစ်ယောက်ကြောင့် အာဏာ ညီညီကို ​ရှေ့လှည့်စေကာ ပုခုံးအားဖက်လိုက်သည်။

''ကိုယ့်ကို ယုံလိုက်ညီညီထက်ကျော် မင်းစိတ်မပါပဲ မင်းရဲ့အသားကို ကိုယ်မထိဘူးစိတ်ချ''

ညီညီ အာဏာကိုမော့ကြည့်ကာ ဘာမှမပြောပဲအရှေ့ကိုတာလှည့်သွားသည်။
အနားရောက်လာသည့်သူမှ....

''အာဏာစက်သျှောင် မင်းဘာလို့အဲ့ဒီလောက်ကြာနေလည်း''

အဖေဖြစ်သူရဲ့အမေးကို အာဏာ ညီညီကိုကြည့်ကာ..

''ကျုပ်ရဲ့ သတိုးသားလေးကရှက်နေလို့လေ ဘာလဲဒါလေးကြာသွားတာ ဘာဖြစ်သွားလို့လည်း''

အာဏာအပြောကြောင့် အာကာဟာ ညီညီကို ကြည့်လိုက်၍ မယုံသည့်ပုံစံဖြင့် လက်ညိုးထိုးကာ..

''သားလား ဒီကောင်နဲ့ လက်ထပ်မဲ့သူက''

ထိုလူကြီးရဲ့အမေးကို ညီညီမဖြေရဲပေ ညီညီထိုလူကြီးကိုတစ်ချက် အာဏာကိုတစ်ချက်ဖြင့်ကြည်နေရင်း အာဏာက ပြောလိုက်လေဆိုသည့်ပုံဖြင့် လုပ်ပြကာ ပုခုံးအား ဖိညှစ်တော့...

''ဟုတ်..ဟုတ်ပါတယ် လေးလေး ညီညီက လူကြီးနဲ့ လက်ထပ်မဲ့သူပါ''

အာကာဟာ ခေါင်းငြိမ့်ကာနားထောင်နေရင်း...

''ဘယ်ကလေးလေးလည်း အာဏာစက်သျှောင် ခေါ်သလို ဖေဖေလို့ပဲခေါ် ဒါက ဖေဖေရဲ့ အမျိုးသား ပိုင်နက်မြေတဲ့ ပါးပါးလို့ခေါ်နော့ အာ့အား နာတယ်ချစ်ရဲ့''

အာကာပြောကာ ပိုင်နက်အား ပြောလိုက်တော့ ဆွဲလိမ်ခံလိုက်ရသည်။ထိုအပြုမူအားကြည့်ပြီး ညီညီ အနည်းငယ်ပြုံးမိသည်။
အာဏာဟာ အမြင်မကြည်သည့်ပုံဖြင့်...

''ဖယ်တော့ စင်ပေါ်တက်ကြစို''

ညီညီကိုခေါ်ကာ စင်ပေါ်တက်သည်။
ညီညီတစ်ကိုယ်လုံးတောင်ခဲသွားရသည်။
ဘာမှမပြောသေးပဲ ခါးကနေ ဆွေ့ကနဲ့ ပွေ့ချီကာ စင်ပေါ်ကိုတက်သွားသည့်သူဟာ အေးဆေးစွာပင် ညီညီတာ ကြောင်နေမိသည်။
စင်ပေါ်ရောက်မှ ချပေးလာကာ ရပ်နေသည်။
အသက်ခပ်ခတ်လတ် ဘူကြီးတစ်ယောက်မှ အနားရောက်ဘာကာ မိုခ်က်ကို လက်ထဲထည့်ပေးလာသည်။
ညီညီကတော့ ထိုအပြုမူကိုသာလိုက်ကြည့်နေမိသည်။

''သတိုသားနှစ်ယောက် အဆင်သင့်ဖြစ်ရင် မင်္ဂလာ ပွဲကိုစတင်ကြရအောင်''

ဘေးမှ လူကြီးကြောင့် အာဏာ ညီညီရှိမှအကြည့်ခွာလိုက်သည်။

''အကြင်သတိုးသားနှစ်ဦးမှ သတိုးသား မောင်အာဏာစက်သျှောင်သည် သတိုးသား မောင် ညီညီထက်ကျော်အား အေးအတူပူအမျှ မာနအကုန်ခဝါချကာ ဒူးထောက်ခံစားလျှက် အသက်သေဆုံးသွားသည့်တိုင် ပေါင်းဖက်ကာ စောက်ရှောက်ကာကွယ်မည်ဟု ကတိသစ္စာပြုပါသလား''

အာဏာသည် တွေဝေမနေပဲ။

''သစ္စာပြုပါတယ်''

''အကြင်သတိုးသား မောင်ညီညီထက်ကျော်သည် သတိုးသား မောင်အာဏာစက်သျှောင်အား အေးတူပူအမျှ မာနအကုန်ခဝါချကာ အသက်သေဆုံးသည့်တိုင် ပေါင်းဖက်သွားပါမည်ဟု ကတိသစ္စာ ပြုပါသလား''

ညီညီမဖြေပါပဲ အာဏာအားကြည့်နေမိသည်။
အာဏာက ညီညီကိုကြည့်ကာ အပြုံအမည်တစ်ခုဖြင့် ပြုံးပြကာ ခေါင်းညိမ့်ပြသည်။
ညီညီရင်ထဲတွင် ကြောက်နေသော်ငြားလည်း နွေးထွေးသွားကာ...

''ကျွန်တော် သစ္စာပြုပါတယ်အွန့်..''

ညီညီစကားအဆုံး ရင်ခွင်ထဲထည့်ကာ အနမ်းပေးလာသူ
ညီညီမျက်လုံးအဆမတန်ပြူးကျယ်ကုန်သည်။
အခုအခြေနေသည် ညီညီက အာဏာရဲ့ အနမ်းအောက်ကိုရောက်ရှိနေသည်။
အနမ်းကြမ်းကြမ်းအောက်တွင် ညီညီ အသက်ရှုမောဟိုက်ကာ အာဏာရဲ့ ရင်ဘက်အားထုကာ ဖယ်ပေးဖို့တောင်းဆိုသည်။
အာဏာကတော့ ဆက်လက်နမ်းနေကာ တင်ပါးကို လာကိုင်ကာ အနမ်းကိုဆက်လတ်ချီတက်နေတုန်းပင် ညီညီ သည် သတိလစ်မေ့မျောသွားခဲ့လေသည်။

အာဏာ ညီညီကိုပွေ့ချီလိုက်ကာ စင်ပေါ်မှဆင်းသွားတော့သည်။
အောက်မှကြည့်နေသည့်သူတွေကတော့ အံသြယုံတာတက်နိုင်တော့သည်။

အာဏာကားထဲဝင်လိုက်သည်နှင့် မောင်းထွက်သွားသည့်ကား အာဏာ အောက်ကိုငုပ်ကြည့်ကာ ပေါင်ပေါ်မှ မေ့နေသည့်သူရဲ့ နှုတ်ခမ်းလေးကိုကိုင်ရင်း...

''Sorryပါကွာ မထင်မှတ်ပါပဲ ဖြစ်သွားတာ မင်းငါကိုကြောက်သွားမလားပဲ''

အိပ်မောကျနေသူကို အာဏာရင်ခွင်ထဲထည့်ထားမိသည်။
အာဏာပျော်နေသည်လေ ဘာကိုမသိပျော်နေမိသည်...

တစ်ခါမှမခံစားဖူးသည့်ခံစားချက်ကို ခံစားနေရသည်။

အိမ်ရောက်သည်နှင့် အာဏာ ညီညီကို ချီကာ အပေါ်ကိုတက်လာလိုက်သည်။
ကုတင်ပေါ်ကိုတင်ပေးသည့်အထိ ညီညီကိုကြည့်နေမိသည်။
အမှတ်မထင် ခန္ဓာကိုယ် လေးကိုကိုင်မိတော့ နွေးနေသည့်အသားအရည်ကြောင့် ဖျားပြီဆိုသာသိလိုက်သည်။
အာဏာနေရာမှထကာ အပေါ်အိင်္ကျီနှင့် အောက်အိင်္ကျီကို ချွတ်လိုက်သည်။
ထွက်ပေါ်လာသည့်ကြွက်သားအမြောင်းလိုက်တွေနှင့် Height psckတွေနဲ့သူဟာ အိပ်ယာပေါ်တက်ကာ
ထိုသူကိုဖက်ပေးလိုက်သည်။
ပြန်ဖက်လာသည့်သူသည် ဖက်လုံးထင်နေသည်ထင် ခွတက်လာကာ အာဏာဟာအောက်ရောက်သွားပြီး ညီညီက အပေါ်ရောက်သွားသည်။
အာဏာပြုံးကာ ထိုအတိုင်းပဲ ထားလိုက်သည်။
ခေါင်းလေးပွတ်ပေးကာ...

''မင်းအပေါ် ကိုယ်ခံစားချက်ရှိနေပြီထင်တယ်''

ဆိုကာ အာဏာ ညီညီရဲ့ နဖူးကိုအနမ်းပေးလိုက်သည်။

............။

မဏိအိပ်ယာနိုးတော့ ဘေးတွင်စိုင်းကရှိမနေတော့ပေ..လေ့ကျင့်ခန်းသွားလုပ်သည်ထင်
မဏိလည်း မွေ့ယာပေါ်က ဆင်းလိုက်သည်နှင့် ရေချိုးခန်းထဲမှထွက်လာသည့် စိုင်း စိုင်းက မဏိနားရောက်လာကာ...

''အိပ်ပုတ်လုပ်မနေနဲ့ ရော့ရေချိုးချေ''

မဏိတစ်ဖက်ကိုလှည့်သွားကာ မွေ့ယာပေါ်ကမဆင်းပဲ ဆူပုတ်နေသည်။
စိုင်းရေစိုနေသည့် ဆံပင်တွေအား မဏိနားကပ်ကာ ခါချလိုက်သည်။

''အား..စိုင်းမင်းကကွာ ငါရေမချိုးပါဘူးဆို''

''အခုသွားချိုးတော့ မဟုတ်ရင် ငါဆိုင်ကယ်ပေါ်မလိုက်နဲ့ ဒါပဲ''

''မင်းကလည်း အခုချိုးပြီးလို့''

ရေချိုးခန်းပြေးဝင်သွားသူကြောင့် စိုင်ခေါင်းအသာခါလိုက်သည်။
ခါးထောက်ကာ အရူးကောင်အတွက် အင်္ကျီအရင်ရွေးပေးရသေးသည်။
ပြီမှ သူအတွက် ရွေးကာဝတ်လိုက်သည်။

ခဏအကြာမှ ရေချိုးခန်းထဲကထွက်လာသည့်သူကြောင့် စိုင်းအနားသွားကာ ဆံပင်သုပ်ပေးကသေးသည်။
မှန်ရှေ့မှာထိုင်နေသည့်မဏိကို စိုင်းဆံပင်သုပ်ပေးရင်း...

''အဲ့လောက်​ေရကိုအကြားကြီးချိုးနေရလား အအေးပတ်အောင်လို့''

စိုင်းပြောလိုက်တော့ မျက်နှာကြီးဆူပုတ်ကာ...

''ခွေးကောင် မင်းပဲချိုးခိုင်းပြီးတော့''

''ငါချိုးခိုင်းတာက မင်းရေမချိုးတာ ၁ပတ်ရှိပြီမို့ အတွင်းပုတ်နေမှာမို့လို့ ချိုးခိုင်းတာလေ အအေးပတ်အောင်မှမဟုတ်တာ''

စိုင်းပြောလိုက်တော့ မျက်နှာကြီးနီရဲလာကာ စိုင်းလက်ကိုဆွဲယူကာ ကိုက်လိုက်သည်။

''မဏိလွှတ်တော့ ရေသုတ်နေတယ်လေ''

စိုင်းအပြောကို မကြားချင်ယောင်ဆောင်ကာ မဏိတက်ကိုက်နေတုန်းပင် စိုင်းလည်းဘာမှမပြောတော့မှ လွှတ်ပေးလာသည်။

''နာလား''

''အင်း''

''နာလည်းခံပေါ့''

စိုင်းခေါင်းအသာရမ်းကာ ဆံပင်ကိုသာသုတ်ပေးလိုက်သည်။
လက်မှာတော့အကွင်းလိုက်ညိုမဲကာ သွေးပင်ဆို့နေကာ တစ်ဆစ်ဆစ်ပင်...
ဆံပင်သုတ်ပေးပြီးတော့ စိုင်းကုတင်ပေါ်က အဝတ်တွေအား ယူပေးလာကာ မဏိကိုပေးလိုက်သည်။
မဏိသည် အင်္ကျီကိုယူကာဝတ်လိုက်ပြီ ဘောင်ဘီကိုဝတ်မည့်အပြု စိုင်းကလိုက်ကြည့်နေမှုကြောင့်...

''ခွေးကောင် ဟိုဘက်လှည့် ငါဘောင်ဘီဝတ်နေတာမမြင်ဘူးလား''

စိုင်းက မလှည့်ပေးဘူးဆိုသည့်ပုံဖြင့် လက်ပိုက်ကာ ကြည့်နေတော့ မဏိ လက်ခလယ်ထောင်ပြကာ ရေချိုးပြေးဝင်ကာ ဝတ်လိုက်သည်။
စိုင်းကတော့ ခါးထောက်ကာ ရယ်ကာ....

''မဏိမင်း big မဝတ်ရသေးဘူးနော်''

တံခါးဖွင့်ကာ မွေ့ယာပေါ်က ဘောင်ဘီအားပြေးယူကာ စိုင်းအားဆဲကာပြေးတော့သည်။

''လီးပဲ''

စိုင်းခေါင်းရမ်းကာ မွေ့ယာပေါ်ထိုင်ချလိုက်သည်။
ခဏနေတော့မှ အဝတ်လဲပြီးထွက်လာသည့် မဏိကို ကြည့်ကာ

''သွားမယ်''

စိုင်းရှေ့ကသွားလိုက်ကာ မဏိကအနောက်မှ စူပုတ်ပြီးလိုက်သည်။

စိုင်းနှင့်မဏိ အိမ်ပေါ်မှဆင်းလာသည်နှင့် ဧည့်ခန်းတွင် ထိုင်နေသည့် မြက်သန္ဒာ ရှိရာသို့နှစ်ယောက်လုံးသွားလိုက်သည်။
စိုင်းက ဘေးမှာထိုင်ကာ မဏိကစိုင်းရဲ့ဘေးခုံတွင်ဝင်ထိုင်လိုက်သည်။

''မေမေ ဘာလုပ်နေတာလဲ ''

စိုင်းအမေးကြောင့် မြက်သန္ဒာ ဟာစာရင်းတွက်နေရင်း စိုင်းအား ကြည့်ကာ...

''မေမေ စိန်ထည်လေးတွေ တန်ဖိုးတွက်နေတာလေကွယ်''

ပြောပြီး အလုပ်ဆက်လုပ်နေသည့်မြက်သန္ဒာ ကြောင့် စိုင်းနေရာမှထကာ မဏိကိုခေါ်၍ ထွက်လာလိုက်သည်။

[ရေးတာအရမ်းပေါ့နေလားဟင် ဖြေပေးခဲ့ပါအုံး လိုအပ်ချက်လေးတွေကို]


You are reading the story above: TeenFic.Net

#bl