𝙇 𝙊 𝙎 𝙏 PART : 9

Background color
Font
Font size
Line height

LOST

PART : 9

ထူးထူးဆန်းဆန်း မီးဖိုချောင်ထဲဝင်ကာ ဟင်းချက်နေတဲ့ အိမ့်ကို အစေခံတွေက ငေးကြည့်နေရင်း တီးတိုးပြောဆိုနေကြ၏။ သူမအနားမှာလဲ အစေခံနှစ်ယောက်ဘဲရှိပြီး ကျန်တဲ့သူတွေက မီးဖိုချောင်အဝ၌ ချောင်းနေ‌တာ ပြူတစ်ပြူတစ်။

"သူက ဟင်းလဲ ချက်တက်တာဘဲနော်။ ဒီလိုတွေလုပ်တက်ရဲ့သားနဲ့ သခင့်ကို ဘာလို့မလုပ်ကျွေးရတာလဲမသိဘူး"

"တိုးတိုးနေ။ ကြားသွားလို့ အဆူခံနေရမယ်။ သူ့စိတ်က မှန်လိုက် မမှန်လိုက်နဲ့။ တိုးတိုး"

"မဟုတ်ပါဘူးဟယ် ဒီနေ့မှ သူတို့လင်မယားတွေဘာဖြစ်ထားဘဲမသိ။ ထူးထူးဆန်းဆန်းတွေ လုပ်နေရင်တော့ စံအိမ်တွင်း တစ်ခုခုဖြစ်တော့မှာလားမသိ"

"ဆမ်းသီးတော့ ဆမ်းသီးဘဲ"

"ဟဲ့ ဘာလဲဆမ်းသီး"

"ဪ အုပ်ကြီးဖန်မို့ ငါက ဟဲဟဲ။ something တစ်ခုခုဘဲလို့ပြောတာပါအေ ညည်းမလဲ"

"ခေမာရယ် အကောင်းဘက်ကတွေးစမ်းပါ။ သခင်မအခုလိုမျိုး အိမ်ထောင်ရှင်မပုံစံကို သခင်မြင်ရင် သဘောကျမှာပါ"

"ဟုတ်တယ်နော်"

"အင်း။ အဲ့တာကြောင့် အကောင်းဘက်ကဘဲတွေးလိုက်"

ဒါကြောင့်ဘဲ အစေခံတွေလဲ ထိုနေရာမှ ထွက်သွားကာ ကိုယ်စီကိုယ်စီ မိမိတို့ လုပ်စရာကို သွားလုပ်နေလိုက်ကြသည်။

စောစောစီးစီး အိမ်ပြန်လာပြီး သခင့်ကို အလန့်တကြားမေးကာ သခင်မရှ်ိဘူးဆိုကာမှ ဘာစိတ်ကူးတွေပေါက်မှန်းမသိ ရေမိုးချိုးပြီး ညနေစာပြင်နေလေရဲ့။

မနက်ကထည်းက လင်မယားနှစ်ယောက်လုံး အတူတူထွက်သွားတာမဟုတ်ဘူးလား။ ပြီးတော့ သခင်မဘဲ အိမ်ကို ပြန်လာတယ်။

"ဒါတွေပြင်ထားလိုက်။ ငါအပေါ်ထက် ခဏသွားလိုက်အုံးမယ်။ ဦးလင်းပြန်လာရင် ငါ့ကိုလာပြော။ ငါပြောတာကြားလား"

"ဟုတ် ဟုတ်ကဲ့သခင်မ"

ပြင်စရာရှိတာပြင်ခိုင်းထားရင်း ဧည့်ခန်းထဲရောက်တော့ အိမ်ရှေ့မှ ကားသံကြားလိုက်ရသည်။ ဦးလင်းပြန်လာပြီဆိုတာ သိလိုက်ပြီမို့ အပေါ်ထက်မတက်တော့ဘဲ ဧည့်ခန်းကနေဘဲ စောင့်နေလိုက်၏။ စိတ်ထဲမှာလဲ ဦးလင်းကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ တွေးထားပြီးပြီမို့ သူမ အသက်ဝအောင်ရှုထားလိုက်သည်။ သူမဘက်က လင်းရောင်အပေါ် လုံးဝမလုပ်သင့်တဲ့ အမှားတစ်ခုကို ကျူးလွန်ပြီးပြီမို့ သိသွားလို့တော့ မဖြစ်။

"ဦးလင်းနဲ့ဝေးရာကို ဘယ်တော့မှမသွားဘူး။ ဦးလင်းက အိမ့်အပိုင်ဘဲ။ အိမ့်ရဲ့ပန်းတိုင်ကို ပို့ပေးမဲ့ လှေတစ်စင်းဘဲ။ ဒါကြောင့် ဒီကိစ္စကို ဦးလင်းလုံးဝ သိလို့မဖြစ်ဘူး"

"ဟုတ်တယ် လုံးဝသိလို့မဖြစ်ဘူး"

"ဟူး"

အိမ်ပြန်ရောက်တော့ အတော့်ကိုမှောင်ရိပ်ပျိုးနေပြီ။ Resection ကပြောတာအမှန်ဆို သူမတစ်ကယ်ဘဲ ဟော်တယ်မှာညက အိပ်ခဲ့တယ်။

ဟိုကောင်မလေးကို လင်းရောင်အတွေးထဲမှာ တစ်စက္ကန့်တောင် နေရာမပေးတော့ဘဲ သူ့ဇနီးအကြောင်းက ခေါင်းထဲရောက်လာသည်။

ဘယ်မှာလဲ။ သူဘယ်တွေကိုသွားရှာရအုံးမလဲ။ ဒါမှမဟုတ် အိမ်ကိုများ စိတ်ဆိုးပြေပြီး ပြန်ရောက်နေပြီလား။ အိမ်ပြန်ရောက်နေလောက်ပြီဟုထင်ကာ ထက်မရှာတော့ဘဲ လင်းရောင်အိမ်ကို တန်းပြန်လာခဲ့တာဖြစ်သည်။

ပေါ်တီထဲမှာ ကားများစွာရှိတဲ့အနက် အနီရောင်ကားလေးတစ်စီးကိုပါ တွဲမြင်လိုက်တာမို့ အိမ့်လေရီပြန်ရောက်နေပြီဆိုတာ လင်းရောင်သိလိုက်ပြီ။ ခြေလှမ်း‌မြန်မြန်လှမ်း၍ အိမ်ထဲသို့ ဝင်လာလိုက်သည်။

သူမစောင့်နေတယ်။ မဖြစ်နိုင်တာ။ သူရုံးက၊ အပြင်ကပြန်လာတိုင်း သူမက ထိုသို့စောင့်မနေတက်ပါ။

"ဦးလင်း"

လက်ထဲမှာလဲ ရေခွက်တစ်ခွက်ဖြင့်။

"ရော့ ရေလေးသောက်လိုက်"

"ကိုယ်ရေမသောက်နိုင်သေးဘူး။ မင်းဖြေ မင်းညကဘာလို့အိမ်ပြန်မအိပ်တာလဲ။ ဘာလို့အပြင်မှာအိပ်ရတာလဲ။ ကိုယ်မင်းကို ဘယ်လောက်အထိစိတ်ပူနေသလဲ မင်းတွေးမိလား"

"ဟင့် ဟိုလေ ဟို အိမ့်တောင်းပန်ပါတယ်။ အိမ့်လေ အိမ့် ဦးလင်းကို"

"စိတ်ကောက်နေတယ်မလား။ ကိုယ်သိတယ်လေ။ မင်းစိတ်ကောက်ရင်ကိုယ်ချော့မှာပေါ့ အချစ်ရာ။ နောက်ဆိုဒီလိုမလုပ်ပါနဲ့။ ကိုယ်တအားစိတ်ပူတယ်"

"အင်းအင်း။ နောက်မလုပ်တော့ဘူးနော်။ အခုရေသောက်လိုက်။ ပြီးရင်ရေချိုး။ အိမ့် ညစာချက်ထားတယ်။ အတူတူစားကြမယ်"

လင်းရောင်ရေသောက်နေရင်း မယုံနိုင်သောမျက်ဝန်းတွေဖြင့် အိမ့်မျက်နှာကို ပင့်ကြည့်တော့ အိမ့်ကရဲ့ရဲ့ပြုံးရင်း။

"နော်လို့"

"မင်းဖျားနေလား အချစ်"

လက်တစ်ဖက်ကို နှာဖူးပေါ်တင်ရင်း မေးတော့ သူမက ခေါင်းခါပြီး။

"သွားရေချိုးတော့လို့"

"ကောင်းပြီ။ ကိုယ်ရေချိုးလိုက်အုံးမယ်"

ထို့နောက် လင်းရောင်အပေါ်ထက်သို့တက်သွားတော့ လင်းရောင်ရဲ့ ဦးခေါင်းအနောက်မှာ စိုနေတဲ့သွေးစက်တွေများကို အိမ့်လေရီမမြင်။ မမြင်ဆို သူမက ဒီလောက်အထိဂရုမှစိုက်မနေဘဲ။ ယခုလဲ ကိုယ့်အပြစ်ကိုဖုံးဖို့ရာ ကောင်းကောင်းမွန်မွန်ဆက်ဆံနေရတာ။

_________________________________

အချိန်တော်တော်ကြာတဲ့အထိ စောင့်နေသည်။ နှစ်နာရီလောက်ကြာနေပြီမို့ အိမ့်လေရီ မအောင့်နိုင်တော့ဘဲ လင်းရောင်ကိုခေါ်ဖို့ အပေါ်ထက်တက်လာသည်။ တံခါးကိုဆွဲဖွင့်လိုက်တော့ လင်းရောင်က ရေချိုးအပြီး ခါးမှာလဲ သပတ်တစ်ထည်ထဲဖြင့်။ အိမ့်လေရီ ယောက်ကျားဖြစ်သူရဲ့ခန္ဓာကိုယ်ကို ငေးခနဲဖြစ်သွားပြီး အခန်းထဲသို့ ဝင်လာကာ လင်းရောင်ရင်ခွင်ထဲတိုးဝင်ပြီး တင်းကြပ်နေအောင် ဖတ်ထားလိုက်သည်။

သူမမျက်လုံးတွေများ ကန်းနေခဲ့သလား။ တစ်နှစ်ပတ်လုံး ဒီလိုအရာရာပြီးပြည့်စုံတဲ့ ဦးလင်းက သူ့လိုကောင်မလေးကို ချစ်ခဲ့တာတဲ့လား။

ဦးလင်းကချောတယ်လို့ပြောတာထက် ခန့်ခန့်ညားညားနဲ့ ဥပတိရုပ်က တည်ကြည်သည်။ သူ့ကိုမြင်လိုက်တာနဲ့ လူကြီးလူကောင်းတစ်ယောက်ဆိုတာ တန်းသိနိုင်ပြီး ဝတ်တာစားတာ နေတာထိုင်တာ အရမ်းသန့်လွန်းသည်။

အမျိုးသမီးတိုင်းအတွက်က ဒီလိုလူကြီးဆီမှာ ခဏလေးအတွင်းပျော်ဝင်နိုင်ပေမဲ့ အိမ့်လေရီအတွေးထဲမှာတော့ ငယ်ချစ်ဦးကသာ နေရာယူနေလျက်။ သူမအမြင်အာရုံတွေမှာ မိုးမင်းမောင်ကသာ ကြီးစိုးနေတာမို့ လက်ရှိပေါင်းသင်းနေတဲ့ လင်ယောက်ကျားအပေါ်မှာလဲ သူမ စိတ်မပါနိုင်။

"ဦးလင်း ဗိုက်ဆာနေပြီ အိမ့်"

လင်းရောင် သူ့ရင်ခွင်ထဲက သူမကို ပြန်လည်ပွေ့ဖတ်ရင်း ကြည်နူးနေသည်။ သူလိုချင်ခဲ့တာ ယခုလိုကြင်ကြင်နာနာလေး။ သူမရဲ့ ပေါ်လွင်နေသော ပုခုံးသားတွေကို ငုံ့နမ်းရင်း ချက်ခြင်းဘဲ သူမခန္ဓာကိုယ်ကို သူ့ရင်ခွင်ထဲက ဆွဲဖယ်လိုက်သည်။

"ဟင် ဦးလင်း ဘာဘာ ဘာဖြစ်လို့လဲ"

သူမ‌ ပြောလဲပြော ရင်ခွင်ထဲလဲ ပြန်ဝင်ဖို့ကြိုးစားပေမဲ့ လင်းရောင်က အဝင်မခံတော့ဘဲ။

"အောက်မှာစောင့်နှင့်။ ကိုယ်အမြန်ဆင်းခဲ့မယ်"

အိမ့်လေရီလဲ ခေါင်းငြိမ့်လိုက်ပြီး အခန်းထဲမှ ထွက်ခဲ့သည်။ လင်းရောင် စိတ်တိုနေသော မျက်နှာဟာ သူမထွက်သွားတာနဲ့ ပေါ်ထွက်လာပြီး လက်သီးလဲကျစ်နေအောင်စုတ်ထားလျက်။ မွေ့ယာထက်သို့ ထိုင်ချလိုက်ပြီး။

"မင်း ဖောက်ပြန်နေပြီ!"

ပုခုံးထက်မှာ မြင်မကောင်းအောင် ရှိနေသော love marking အမှတ်အသားတွေ။ သူနဲ့တစ်ကြိမ်တစ်ခါတောင် မထိတွေ့ဖူးတဲ့ မိန်းမက ဒါမျိုးရှိနေတာ လင်းရောင်အတွက် အရမ်းကိုတွေးစရာဖြစ်သွား‌ပြီ။

မသေချာမရေရာဘဲနဲ့မို့ သူမကို ပြသနာမရှာသေးဘဲ ထောင်းခနဲတိုသွားသော စိတ်ကို သူမအပေါ်ပုံချမိမှာဆိုးတာကြောင့် အိမ့်လေရီကို အမြန်အောက်သို့ ဆင်းခိုင်းလိုက်သည်။

လင်းရောင် စားပွဲပေါ်မှ ဖုန်းကိုသွားယူပြီး သူမ သူ့နောက်ကွယ်မှာဘာတွေလုပ်နေလဲသိရဖို့ အတွက် စုံစမ်းမှ ရတော့မည်။

"ဒါလေးက ဦးလင်းကြိုက်တဲ့ ဒန့်ဒလွန်သီးချဉ်ဟင်း။ ဒီထဲမှာ အာလူးရယ် ကန်စွန်းဥရယ် ဝက်ခြေထောက်လဲပါတယ်။ ဦးလင်းက ဒန့်ဒလွန်သီးကို မန်ကျည်းမှည့်လေးနဲ့‌ချက်တာ ကြိုက်တယ်မလား"

"အင်း"

သူမထည့်ပေးသော ဟင်းဖြင့်စားလိုက်ပြီး အကြည့်တွေကိုလဲ သူမဆီ ခဏခဏပို့မိသည်။ လက်တွေမှာလဲ အညိုကွက်တွေ။ ဒါဆို သူမက တစ်ကယ်ဘဲ။

"မင်းမနေ့က ဟော်တယ်မှာဘယ်သူနဲ့အိပ်တာလဲ"

"ခလွမ်း"

ရိုးရိုးလေးဘဲ ခက်အေးအေးမေးလိုက်သည့် လင်းရောင်ရဲ့စကားကိုကြားပြီး အိမ့်လေရီ ကြောက်လန့်သွားကာ လက်ထဲကဇွန်းတောင် အောက်ကို ပြုတ်ကျသွားသည်။ မျက်လုံးတွေကလဲ ကယောက်ကရက်ဖြင့်။

"အိမ့် အိမ့်တစ်ယောက်ထဲ"

"ဘာ ဘာလို့လဲဟင်"

"ဪ ဘာရယ်မဟုတ်ပါဘူး။ မင်းသူငယ်ချင်းတွေဘာတွေနဲ့ အိပ်တာလားလို့"

"ကိုယ်ဝပြီ မင်းဝအောင်စားနော်။ မင်းကိုယ့်ကို စိတ်ကောက်ဖို့က အားရှိနေမှဖြစ်မှာ"

ထိုသို့ပြောပြီး စားလက်စကို ထားခဲ့ကာ အပေါ်ထက်ပြန်တက်သွားသည်။

ဦးလင်းတစ်ခုခုကို သိနေတာလားဆိုတဲ့အတွေး ချက်ခြင်းဝင်သွားပြီး ခြေဖျားလက်ဖျားတွေကလဲ အေးစက်လာသည်။ ဘာလုပ်လို့ဘာကိုင်ရမလဲ မသိဖြစ်နေချိန် ပန်းကန်ဘေးမှ ဖုန်းကအသံထွက်လာသည်။ သူမဖုန်းကို ယူကြည့်လိုက်တော့ screen မှာမြင်နေရသော စာတစ်ဆောင်။

"ကျွန်တော် ခင်များခြံရှေ့မှာရောက်နေတယ်။ ကျွန်တော့်ကိုအခုဆင်းတွေ့ပါ။ မဟုတ်ရင် ကျွန်တော်ဝင်လာမယ်"

ဟာ.....ဒီကောင်လေးဘာလာလုပ်တာ? ဒင်း ဒင်းကပြသနာကောင်ဘဲ။ ဦးလင်း မြင်သွားရင် ဘယ်လိုလုပ်မလဲ။ ဟာ စိတ်ညစ်လိုက်တာ။ ထွက်မတွေ့ရင်လဲ ဝင်လာအုံးမယ်။ ငါဘာလုပ်ရမလဲ ငါဘာလုပ်ရမလဲ......

ခဏအကြာကြာ စဉ်းစားနေစဉ်အတွင်း နောက်ထက်မက်ဆေ့စ် တစ်ဆောင်က ထက်ဝင်လာသည်။

"ကျွန်တော် ဘဲလ်တီးလိုက်ရတော့မလား"

ထိုစာဆောင်က စွမ်းဆောင်နိုင်သည်ထင်တယ် သူမ ထမင်းစားခန်းထဲမှ ထွက်လာလိုက်သည်။ ခြံ‌ထဲရောက်တော့ ခြံစောင့်ဦးလေးကြီးနဲ့ သခင့်ရဲ့ကိုယ်ရံတော် သုံးယောက်လောက်က ရှိနေပြီး။

"ငါ ဒီနားက mini mart ခဏသွားမို့ တံခါးဖွင့်ပေး။ နောက်ကမလိုက်နဲ့တော့ ခဏဘဲ"

နောက်ကလိုက်မို့ပြင်နေတာမို့ ပျက်ပျက်သားသားပြောခဲ့ပြီး သူမခြံထဲမှ အပြင်ကို ကားဖြင့် အမြန်ထွက်လာလိုက်သည်။ ကားကို အရိပ်မှောင်တစ်ခုအောက်မှာ ရပ်ပေးလိုက်ပြီး မိုးမင်းညိုသူမဘေးမှာဝင်ထိုင်လိုက်သည်။

"ရော့"

သူ့ရင်ဘက်ကို ပစ်ပေးလိုက်သော ချက်လက်မှတ်တစ်ဆောင်။ မိုးမင်းညို အံ့ဩစွာကြည့်ရင်း သူမဆက်ဆံပုံက သူ့ကိုအပျော်မောင် သာသာ။

"ဒါကိုယူပြီး နင်ပြန်တော့။ ဒီလောက်ဆို မင်းနိုင်ငံခြားသွားပြီး တစ်‌နှစ်လောက် ကောင်းကောင်းကမ္ဘာပတ်လို့ရတယ်"

"တောက်စ်"

"ဘာလဲ.......နည်းလို့လား"

ပိုက်ဆံအိတ်ထဲမှ ထက်မံထုတ်ယူလိုက်သော ငွေကဒ်ပြားတစ်ခု။

"ဒါလောက်ဆို မင်းငြင်းမယ်မထင်ဘူး"

ငွေကဒ်ပြားကိုကိုင်ထားသော လက်တွေကို ဖမ်းချုပ်လိုက်ပြီး အမှောင်ထဲမှာ မြင်နေရသော ပန်းရောင်ရပ်ဝန်း‌ဆီ တိုးကပ်လိုက်ပြီး။

"ကျွန်တော်လိုချင်တာ ဒါလေး"

ထိုသို့ပြောပြီး နှင်းဆီရောင် နှုတ်ခမ်းသားတွေကို ငုံထွေးလိုက်သည်။

မောင် အိပ်မရနိုင်အောင် ရူးမူးနေတဲ့ ဒီနှုတ်ခမ်းတွေ......

"မောင် မ'ကိုချစ်တယ်"

"နင့်လက်ဖယ်။ နင့်လက်ဖယ်နော်။ မင်းကို တို့မချစ်ဘူး။ ဘယ်တော့မှလဲ ချစ်လာမှာမဟုတ်ဘူး။ အဲ့တာမင်းမြဲမြဲမှတ်ထား"

"ဒီတော့ ဒီငွေတွေကိုယူပြီး ဝေးဝေးကိုသွားလိုက် ငါနဲ့ဝေးနိုင်ဆုံးထိ ဝေးအောင်သွားလိုက်"

"သွားစရာလား။ ကိုယ့်မိန်းမနားဘဲကိုယ်နေမှာပေါ့။ မေ့နေပြီလား။ မ ကကျွန်တော့်မိန်းမဆိုတာကို"

"တောက်စ်" "ဖြန်း"

"မွ"

ပါးပြင်ကို အားပြင်းပြင်းရိုက်လိုက်အပြီး သူမပါးပြင်ကိုလဲ နူးညံ့သည့်အနမ်းတစ်ပွင့်က တန်းပြန်ရောက်လာသည်။

"ကျွန်တော်မကို ချစ်တယ်။ နေ့တိုင်းလာတွေ့မယ်နော်။ စိတ်ချ ကျွန်တော် မ စိတ်ဆင်းရဲအောင်မလုပ်ချင်ပါဘူး။ ကျွန်တော့်ဘက်ကိုလဲ ငဲ့တွက်ပေးပါ"

"ကျွန်တော်မကိုချစ်တယ်"

ကောင်လေးက ထိုသို့ပြောပြီး ကားပေါ်က ဆင်းသွားကာ သူ့စကားအတိုင်းဘဲ ခြံရှေ့ကနေထွက်သွားသည်။ အိမ့်စိတ်တွေ တွေဝေသွားရပြီး ရည်ဝေတဲ့ သူ့မျက်လုံးတွေက အခုမှအနီးကပ်သေချာကြည့်မိသည် တစ်ယောက်ယောက်နဲ့ သိပ်တူတာဘဲ။ မဟုတ်ပါဘူးလေဆိုပြီး ခေါင်းကို သွင်သွင်ခါရင်း ယိုင်ချင်မိတဲ့ စိတ်ကိုဒေါသဖြစ်ကာ အံကိုကြိတ်လျက်။

"တောက်စ်....စိတ်တိုလိုက်တာ"

ထိုကောင်လေး မြင်ကွင်းထဲကပျောက်သွားတော့မှ အိမ့်သက်ပြင်းချရင်း ခြံထဲသို့ ကားပြန်ဝင်လာလိုက်သည်။ ထိုအဖြစ်အပျက်အစအဆုံးကို အိမ်ရဲ့အပေါ်ဆုံးထက်ကနေ ကြည့်နေတဲ့လူတစ်ဦး။

လိုက်ကာစကို တင်းကြပ်နေအောင် စုတ်ချေရင်း ‌သစ္စာဖောက်ခံရတဲ့ ခံစားချက်ကို လင်းရောင်ကောင်းကောင်းကြီးသိလိုက်ပါပြီ။ သူ့ကိုလိမ်တယ်။ သူ့ဘဝမှာ မည်သူတစ်ဦးတစ်ယောက်ကမှ လိမ်တာကိုမခံခဲ့ရဖူးပေမဲ့ အခုအိမ့်လေရီဆိုတဲ့ သူချစ်ရတဲ့မိန်းမက သူ့ကိုလိမ်တယ်။ ဒါကြောင့် သူမဆီက နွေးထွေးမူကို ဘယ်တော့မှ မရရှိခဲ့တာဘဲ။

"ဦးလင်း"

"ဦးလင်းအိပ်နေပြီလားဟင်"

ကုတင်‌စွန်းမှာ တစ်ဖက်ကို လည့်ပြီးဦးလင်းက မှေးနေသည်။ ဦးလင်း အိပ်နေပြီလို့ ထင်ပြီး ထက်မခေါ်တော့ဘဲ သူမ ရေချိုးပြီး ညဝတ်လဲကာ လင်းရောင်ဘေးမှာ ဝင်အိပ်လိုက်သည်။ ခဏကြာတော့ အိမ့်လေရီက အိပ်ပျော်သွားပေမဲ့ အိပ်မပျော်နိုင်သေးတဲ့ လင်းရောင်ကတော့။

"ညတာရှည်တဲ့ဆောင်းနဲ့ အတွေးလွန်တက်တဲ့ ကိုယ်နဲ့တော့ စောက်ပြသနာဘဲ အချစ်ရယ်"

________________________________

"တွေ့ရတာ ဝမ်းသာပါတယ် Sellenပါ။ ဒီဖက်အပိုင်းမှာ စလုပ်တာဒါပထမဆုံးမို့ တစ်ခုခုဆိုတွဲခေါ်ပါအုံး"

"Sellenက Businessနဲ့ဘဲပြီးထားတာမဟုတ်ဘူးလား။ စိတ်မပူပါနဲ့ အတွင်းရေးမှူးဆိုတာကလဲ ဒီလိုတွေဘဲလုပ်ရတာ အလုပ်တွေတိုင်းက base ချင်းတူတယ်လေ။ ပုံစံဘဲကွာတာ"

"ဟုတ်တော့ဟုတ်ပါတယ်။ Sellenတစ်ခြားဟာစိတ်မပူပါဘူး။ အကောင်းဆုံးမလုပ်နိုင်မှာဘဲစိုးရိမ်တာ"

"မပူပါနဲ့ သခင်က အရမ်းသဘောကောင်းပါတယ်။ စည်းကမ်းကြီးပြီး တိတိကျကျလုပ်တာလေးကလွဲလို့ပေါ့"

"အွန်း"

တစ်ဖက်ကလာတဲ့ နိုင်ငံခြားကုမ္ပဏီက လွတ်လိုက်တဲ့ကိုယ်စားလှယ်တစ်ဦးလဲဖြစ်သလို ဒါရိုက်တာတစ်ဦးလဲဖြစ်တာမို့ သူရလေးလေးစားစားဆက်ဆံရသည်။ သူမပုံကလဲထက်မြတ်မည့်ပုံ။ လက်တလောမှာ သခင့်အတွက် အတွင်းရေးမှူးကလဲ လိုအပ်နေတာမို့ သူမကိုဘဲ သခင့်အ‌တွင်းရေးမှူးနေရာမှာ ခန့်ထားလိုက်သည်။

သူမဆိုရင်တော့ ကြာကြာခံမည်လို့လဲ ထင်မိသည်။ မဟုတ်ရင် အတွင်းရေးမှူး ခဏခဏရှာနေရတာလဲ အယောက်ပေါင်းလဲ သူ့အသက်စေ့ဖြစ်တော့မည်။ လုပ်ငန်းကိုမလေးစားလို့၊ အလုပ်ချိန်နောက်ကျလို့၊ ကိစ္စသေးသေးလေးမှားတာနဲ့ တန်းဖြုတ်ပစ်တက်တာမို့ သူရအတွက်ကလဲ လူရှာရတာ အတော်ကို ခက်ခဲလာသည်။ ဒါကြောင့် ဒီကိုယ်စားလှယ်ကိုဘဲ အကူညီတောင်းကာ အတွင်းရေးမှူးနေရာမှာ အလုပ်လုပ်ပေးရန် ပြောမိသည်။

"ဒါဆို ခဏစောင့်လိုက်ပါအုံးနော်။ ကျွန်တော် Sellenအတွက် ကော်ဖီသွားဖျော်‌လိုက်အုံးမယ်"

"ရပါတယ် နေပါ။ Sellenမသောက်တော့ဘူး ပြီးတော့ Sellenက ကော်ဖီစစ်စစ်မှသောက်တာ"

"ဟလား ဒါဆိုလဲ သွားဝယ်လိုက်မယ်လေ"

"ရပါတယ် ဒုက္ခမရှာပါနဲ့"

"အား မဟုတ်တာ။ ကျွန်တော်သွားဝယ်လိုက်မယ်နော်။ ခဏဘဲ ကျွန်တော့်ရုံးခန်းမှာစောင့်နေ။ ပြီးမှ ကျွန်တော် သခင့်ရုံးခန်းကိုလိုက်ပို့ပေးမယ်"

Sellenကို ရုံးခန်းထဲမှာတစ်ယောက်ထဲထားခဲ့လိုက်ပြီး သူရကော်ဖီဝယ်ရန်ထွက်လာခဲ့သည်။ ဘယ်သူ့အတွက်များ ဒီလောက်ပြာယာခတ်နေလဲမသိသော သူရကို ဝန်ထမ်းတွေကတော့ လိုက်အကဲခတ်နေလျက်။ သူရကတော့ ပြုံးစိစိကြီးဖြင့်။

Sellen သူရရုံးခန်းထဲမှ တအောင့်နေတော့ထွက်လာခဲ့လိုက်ပြီး မိမိအလုပ်လုပ်ရမည့် အတွင်းရေးမှူးဌာနဖက်သို့ ထွက်လာခဲ့လိုက်သည်။

၄"ရှိသော High heelအနက်ရောင်ကိုစီးထားပြီး အဖြူရောင်တီရှပ်ကို style pant အနက်ရောင်ဖြင့်တွဲဖတ်ဝတ်ဆင်ထားပြီး ခက်မြင့်မြင့်စီးထားသော ဆံနွယ်ကြောင့် ရွှေလည်တိုင်က ကျော့ရှင်းလျက်။

big eye တက်ထားသောမျက်ဝန်းတွေက ဝိုင်းစက်နေပြီး ဆံမိတ်ပါးပါးလေးနဲ့ နှုတ်ခမ်းဖူးဖူးလေးက လိုက်ဖက်မူရှိလှသည်။

"ဟယ် ဌာနမှူး ဟို ဟိုမှာကြည့်။ ဘယ်သူလေးလဲမသိဘူး။ လှလိုက်တာ"

ဌာနမှူးရဲစွေက အဖွဲ့ဝင်တွေပြောသော ထိုမိန်းကလေး‌ကိုကြည့်မိတော့ ငေးခနဲတောင်ဖြစ်မိ၏။

"မင်္ဂလာပါနော်...... Sellen ဒီအတိုင်းလာကြည့်တာ။ Sellenကြောင့် အလုပ်ပျက်သွားကြပြီ"

"အား.....မဟုတ်တာ။ မမလှလှလေးက ဘယ်ကိုလာတာလဲဟင်။ အလုပ်လာလျှောက်တာလား"

"မဟုတ်ဘူးရှင့်...... Sellenက"

သူပြောနေတုန်း အခန်းအတွင်းမှ ဝန်ထမ်းပေါင်းများစွာက ၉၀°ဦးညွှန့်ကာအရိုအသေပေးကြသည်။ Sellen လက်လေးဖြင့် နှုတ်ခမ်းဖူးလေးကို အုပ်ရင်း တအံ့တဩ။ ထို့နောက် နောက်မှလူတစ်ယောက်ရပ်နေတာလား ဆိုတဲ့‌အတွေးကရောက်လာပြီး လည့်ကြည့်လိုက်စဉ် Sellen နောက်မှာ ‌ရုပ်ချောချောနဲ့ သိပ်ခန့်သည့်လူကြီးတစ်ယောက်။ သူ့နောက်မှာလဲ bg ‌နှစ်ယောက်နဲ့။ ဒါဆို ထိုလူ့ကို အရိုအသေပြု‌တယ်ဆိုတာ သိလိုက်ပြီး Sellen ကပါ ယောင်ရမ်းပြီးဦးညွှန့်လိုက်သည်။

"ဪ ရှင်"

ခါးကိုပြန်မတ်ရင်း သေသေချာချာကြည့်မှ မနေ့ကလူကြီး။ လက်တစ်ဖက်က ဖျတ်ခနဲ လင်းရောင်ကိုလက်သီးနဲ့ရွယ်လိုက်စဉ် ထိုလက်သီးစုတ်သေးသေးလေးက လင်းရောင်ရဲ့လက်ကြီးထဲမှာ ပျောက်ရှသွားသည်။

"ရှင် ဒါဘာလုပ်တာလဲ။ လွှတ်အခု"

သူမခက်စွာစွာအော်လိုက်တော့ လင်းရောင်လက်ထဲက လက်သေးသေးလေးကို စောင့်လွှတ်ပစ်တာ သူမရှေ့သို့ တစ်လှမ်းတိုးလာပြီး ဒေါက်အားကိုးနဲ့ သူနဲ့တန်းတူဖြစ်နေသော သူမကိုသေချာကြည့်ကာ။

"ကုမ္ပဏီမှာ ဆူဆူညံညံတွေငါမကြိုက်ဘူး။ မင်းစကားပြောချင်ရင် အပြင်ထွက်ပြော။‌ နောက်ပြီး ကျန်တဲ့သူတွေလဲ အလုပ်ချိန်အတွင်းစကားပြောရင် ဒဏ်‌‌ ကြေး ဆောင်ရမယ်"

အခုမှ ၈နာရီဘဲရှိသေးတာကို Sellen လာပြီးစကားပြောလိုက်မိလို့ ဌာနာကလူတွေအဆူခံရပြီ။ Sellen ဌာနကဝန်ထမ်းတွေကိုလဲ အားနာသွားရသလို ဒီလိုဇီဇာကြောင်တဲ့ လူ့ချဉ်ဖက်ကြီးကို ပိုလို့တောင် စိတ်ကဆိုးချင်လာပြီ။

"ဒီမှာ ဒီမှာ။ ရှင်ဘာဖြစ်ချင်နေတာလဲ မနေ့ကလဲ ကျွန်မအခန်းထဲ အွင်း အွင်း"

လက်တစ်ဖက်ဖြင့် သူမလက်ကလေးကို ဆွဲယူကာ သူမနှုတ်ခမ်းဖူးဖူးလေးကိုပိတ်ပစ်လိုက်ပြီး သူမအတွက်ကြောင့်နဲ့တော့ လင်းရောင်က သိက္ခာအကျမခံတာမို့ သူမကို တရွတ်တိုက်ဆွဲကာ ရုံးခန်းထဲသို့။

သူရ သခင်‌လာတော့မှာသိတာမို့ ကော်ဖီစစ်စစ်ကိုအမြန်ဝယ်ပြီး ပြန်လာရာ အခန်းထဲမှာ သူမကိုမတွေ့တော့။ သူမကိုယ်တိုင် သခင့်ကိုသွားတွေ့နေလောက်ပြီလို့ထင်လိုက်မိပုံ။

"မင်းကိုငါ ဒီကိစ္စတောင်းပန်ပြီးသား။ မင်းဘာတွေ မကျေမအေးနိုင်ဖြစ်နေရလဲ သမီး"

"သမီးလို့မခေါ်နဲ့"

"ဒါဆို ကလေးမလို့ခေါ်ရမလား"

"ဒီမှာဦးလေးကြီး.....

သူရက Sellenကို အသိပေးသလို ကြည့်လိုက်တော့။

"ဒီမှာ သခင်"

"ဆို"

"Sellenလို့ဘဲခေါ်ပါ။ ကျွန်မအဲ့လောက်လဲ ငယ်မနေဘူး"

"ဒါဆို မင်းဘာလို့ မနေ့က ကိုယ့်ကိုကိုယ်သမီးလို့ပြောလဲ"

"အဲ့တာက ရှင်ကအရမ်းကြီးမယ်ထင်လို့။ ပြောသလောက်လဲ မကြီးပါဘူး"

"သခင်က ၄၀ကျော်ပြီဗျ"

"ဝါး တစ်ကယ်လား ကိုသူရ"

"ဟုတ်တယ်ဗျ"

"ဒါဆို ၁၅နှစ်တောင်ကွာတာဘဲ Sellenနဲ့။ တောင်းပန်ပါတယ် သခင်။ Sellen ကိုယ့်ထက်အကြီးကို မလေးမစား ဆက်ဆံခဲ့မိလို့။ ဖြစ်ခဲ့တာတွေကိုလဲ Sellen ကျေအေးလိုက်ပါ့မယ်"

"Sellenကလေ သခင့်ကို အသက်ကြီးကြီးသူခိုးကြီးထင်လို့။ သူများအခန်းထဲ မနက်ခင်းကြောင်တောင်ကြီး ဝင်ခိုးတာလေ ဟဲ"

"ဘာ မင်း"

"ဟာ ဟုတ်တယ်လေ။ အခုခေတ်မှာက သူခိုးဂျပိုးက ပေါပေါနဲ့။ သူခိုးမှာကဂျိုပါတာမဟုတ်။ ပြီးတော့ သခင့်လိုရုပ်လဲ သူခိုးဖြစ်နိုင်တာဘဲလေ နော့် ကိုသူရ"

"ဗျာ....အယ်....မ မဟုတ်"

"ဘာမဟုတ်တာလဲ ဟုတ်ပါတယ်။ Sellenက စိတ်ထဲမထားတော့ပါဘူး ခေါင်းရိုက်လိုက်ရလို့လေ ဟီး.....နောက်ဆို ဆင်ခြင်နော် Sellenက လက်စကြီးတယ်"

"မင်းစကားတွေက ဒီနေ့ပြီးအုံးမှာလား။ ငါမင်းနဲ့ အလုပ်ကိစ္စပြောပြဖို့ ထက်စောင့်ပေးရမလား"

ထိုသို့ပြောလိုက်တော့ ရယ်ကျဲကျဲနဲ့ စကားတွေကို ဖောင်ဖွဲ့ပြောနေသော သူမက ချက်ခြင်းခါးကိုမတ်လိုက်ပြီး စမတ်ကျကျကိုယ်နေဟန် ထားကာ လက်တော့ကိုလဲ ဖွင့်လိုက်သည်။ တစ်ကယ့် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်လို။ တစ်ကယ်လဲ ရဲရင့်ထက်မြတ်မည့်ပုံ။ ဒါမှမဟုတ် သူ့လေသံက ဆူသလိုများဖြစ်သွားလို့ သူမကကြောက်သွားတာလား။

"သခင် TK Group က တာဝန်ခံ ရောက်နေပါတယ်။ သခင်ခေါ်ထားတယ်ဆိုလို့ဆိုပြီး အောက်မှာစောင့်နေပါတယ်"

"ဝင်လာခိုင်းလိုက် ဇွဲ"

ဇွဲခေါင်းငြိမ့်ပြီး အခန်းတံခါးကို ပြန်ပိတ်လိုက်ကာ အောက်မှာစောင့်နေတဲ့ တာဝန်ခံဆီ ဖုန်းဆက်လိုက်သည်။

"ညီ လာလို့ရပါပြီ။ သခင်ကဝင်ခဲ့ဖို့ပြောတယ်"

မကြာလိုက်။ တာဝန်ခံက ‌သခင်နဲ့တွေ့ဖို့ အပေါ်ထက်ရုံးခန်းထဲသို့ရောက်ရှိလာပြီး တံခါးကိုဖွင့်လိုက်ချိန် အထဲမှာ မြင်တွေ့ရတာက အမျိုးသမီးတစ်ဦးနဲ့ ထိုလူပုဂ္ဂိုလ်က တစ်ခုခုဆွေးနွေးနေပုံ။ ထိုလူ့နားဘေးမှာတော့ သူ့PAရှိသည်။ ဝာာဝန်ခံကလဲ ရှေ့နားသို့တိုးသွားလိုက်ပြီး အနီးနားရောက်တော့ ကွက်ကွက်ကွင်းကွင်း မြင်တွေ့လိုက်ရသည့် မျက်နှာလေးတစ်ခု။

အံ့အားသင့်စွာ လက်ထဲကဖိုင်တွေတောင် ပြုတ်ကျသွားရပြီး ထိုလူက သူအရမ်းကိုတွေ့ချင် မြင်ချင်နေတဲ့ သူ့ရဲ့တစ်ဦးထည်းသော ချစ်ရသူ။

"မွေ့"

"မွေ့ မင်းလား"

သူဝင်လာတာကို မြင်တော့ သူရကနှုတ်ဆက်လိုက်သည်။

"ကိုမိုးမင်းမောင် ရောက်လာပြီလား"

PART : 10 Coming soon........
Date: 1/1/2024 Monday 10:36PM

အားလုံးဘဲ နှစ်သစ်မှာ ပျော်ရွှင်ပြီး မိသားစုတွေအကုန်လုံး ဘေးရန်ကင်းပြီး အေးချမ်းတဲ့ဘဝကို အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ💜


You are reading the story above: TeenFic.Net