(( 7 ))
Background color
Font
Font size
Line height
Unicode
"Cut! Taehyung siiအဆင်ပြေတယ် Hyunလေးက နည်းနည်းစကားပြောတာအဆင်မပြေဘူးဖြစ်နေတယ် အခုsceneကိုခဏဖြတ်မယ်နော် Jungkookနဲ့Hyunလေးက နောက်sceneအရင်ပြောင်းရိုက်မယ် ကဲကဲ ရိုက်ကူးရေးအပေါ်ထပ်ရွှေ့မယ် "
ဒါရိုက်တာSeokjinပြောတော့ ရိုက်ကူးအဖွဲ့သားတွေsettingအရွှေ့အပြောင်းတွေဖြင့် အလုပ်ရှုပ်သွားကြသည်။
အိမ်ကြီးထဲမှာတင် တစ်နေကုန်ရိုက်ကူးအရွှေ့အပြောင်းတွေနဲ့မပြီးနိုင်သေး။ Jungkookနဲ့sceneတွေရိုက်ပြီးသွားတော့ သူ့အနားသို့မန်နေဂျာHyungနှင့်မိတ်ကပ်Noonaတွေက အပြေးလေးရောက်လာကြသည်။
"တော်တယ်Taehyung ah...ရော့ရေအေးလေးဝယ်ထားတယ်တယ်သောက်လိုက်အုံး "
မန်နေဂျာHyungဆီကရေခဲရေဘူးလေးကိုမော့သောက်လိုက်ရင်း ခပ်လှမ်းလှမ်းကJungkookဆီသို့မျက်စိအကြည့်လေးရောက်သွားမိတော့ Hyunလေးဆိုသည့်တစ်ယောက်နှင့်ဘာတွေပြောနေကြလဲမသိ ပြုံးပျော်နေကြတာ။
သူကြည့်နေတုန်းမှာပင် သူ့ဖက်လှမ်းကြည့်လာသည့် Jungkook။ သူ့ကိုလှမ်းပြုံးပြတာလည်းတွေ့သည် သို့သော်ဟန်မဆောင်နိုင်စွာပင် စိတ်ကကြည်မနေ။ ဘာကိုမကြည်နေမှန်းလဲမသိ။ ဟန်ဆောင်ပန်ဆောင်ပင် ပြန်ပြီးပြုံးမပြနိုင်။ မျက်စောင်းပင်ထိုးမိသွားလားမသိတော့ မျက်နှာလွှဲပစ်မိသည်။
သူတို့နားနေတဲ့အခန်းထဲကခုံလေးမှာထိုင်နေတုန်း မန်နေဂျာကHyungနှင့်တူတူဇာတ်ညွှန်းလေ့ကျင်နေလိုက်သည်။ မိတ်ကပ်Noonaတွေကလဲ သူ့မျက်နှာပေါ်ကချွေးလေးတွေလာသုတ်ပေးလိုက် ဆံပင်ပုံလာပြင်ပေးလိုက်ဖြင့်အလုပ်ရှုပ်​ေနကြသည်။
"ဒါနဲ့မနေ့ကHyung companyကိုသွားတော့ Minhoရဲ့မန်​နေဂျာအကိုနဲ့တွေ့သေးတယ်"
"ဟုတ်လား?? ကျွန်တော်တောင်Minhoနဲ့ဒီseriesစရိုက်ကတည်းက အဆက်အသွယ်မလုပ်အားသေးဘူးဖြစ်နေတာ"
"အင်း အဲ့အကိုပြောတာတော့Minhoက ဒရာမာရိုက်ကူးရေးလုပ်နေရတာတဲ့ သူလဲမအားလို့မဆက်သွယ်တာနေမှာပါ"
"အာ ဟုတ်သားပဲ ကျွန်တော်နဲ့CEOအပေးအယူလုပ်ထားတဲ့Seriesဖြစ်မယ် "
Taehyungကတွေးဆဆလေးပြောတော့ မန်နေဂျာHyungကလည်းထောက်ခံသည်။
"ကဲ ဒီနေ့Moodသိပ်မဝင်ဘူးမလားTaehyung....လာ လာ Hyungဆက်လေ့ကျင့်ပေးမယ်"
မန်နေဂျာHyungက သူနဲ့အတူdialogueတွေလေ့ကျင့်ပေးသည်။ သို့သော်dialogueထဲတွင် Xiaoလေးအကြောင်းပါသည်နှင့် လေ့ကျင့်နေသည့်Taehyungမျက်နှာလေးကမဲ့ရွဲ့ကုန်သည်။
"အဲ့နေရာကမှားနေပြီလေTaehyungရဲ့ Xiaoလေးကိုချိုချိုသာနဲ့အေးအေးဆေးဆေးနှုတ်ဆက်ပြီးပြောရမှာလေ"
"မသိဘူး မသိဘူးဒီနေ့ကျွန်တော်moodသိပ်မကောင်းဘူး ရတယ်Hyung ကျွန်တော့်ဖာသာပဲဆက်ဖတ်ထားလိုက်တော့မယ်"
"ဟုတ်ပြီ အဲ့တာဆိုလဲသေချာလေးဖတ်ထားအုံးနော် Hyungအရှေ့ခဏပစ္စည်းယူစရာရှိလို့သွားအုံးမယ်"
မန်နေဂျာHyungထွက်သွားတော့မှ သောက်လက်စရေဘူးလေးကိုတစ်ခါတည်းမော့ချပစ်လိုက်သည်။ ထိုစဉ်သူ့ဘေးနားသို့ရောက်လာသည့် Yeonjun။
ဆံပင်ဝါဝါလေးနဲ့ထိုကောင်လေးဟာ စတွေ့တုန်းကချေမိုးနေသလောက်အခုများဖြင့်သူ့ကိုတွေ့ရင်ပြုံးပြုံး ပြုံးပြုံးနဲ့ရောက်လာပြီး စကားတွေအများကြီးပြောတတ်သည်။ စကားပြောရတာလည်းပေါ့ပေါ့ပါးပါးနှင့် အဆင်ပြေသည်မလို့Yeonjunတို့နှင့်ဆို သက်သောင့်သက်သာဖြစ်ရသည်လေ။
သူပြောပါတယ် အကုန်လုံးနှင့်အဆင်ပြေသလောက်Jungkookနဲ့ဆိုဘာဖြစ်မှန်းမသိပါဘူးဆို။
"Taehyung hyung ဗိုက်ဆာပြီလား?"
"မဆာသေးပါဘူးYeonjun ah... Yeonjunကဆာလို့လား?"
"မဟုတ်ပါဘူး ဒီတိုင်းမေးကြည့်တာ..."
မဆာဘူးသာပြောတာ သူ့ဘေးနားလာထိုင်ရင်းcoffeeဘူးတစ်ဘူးကို ကောက်မော့နေလေရဲ့။ ထိုစဉ်အခန်းထဲထပ်ဝင်လာသည့် ဇာတ်ညွှန်းဆရာEunwoo။
ထုံးစံအတိုင်း သူ့ကိုမြင်တော့ပြုံးကာနှုတ်ဆက်သည်။ ထို့နောက်အခန်းထဲတစ်နေရာအလွတ်မှာဝင်ထိုင်လိုက်ရင်း ဇာတ်ညွှန်းစာရွက်တွေကိုတစ်ရွက်လှန်လိုက်ကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေဟန်ပေါ်သည်။
"ဒီနေ့sceneတွေရိုက်ရတာတော်တော်နဲ့ပြီးအုံးမှာမဟုတ်ဘူးနော် ဒီနေ့Hyunလေးနဲ့Jungkookရဲ့ sceneတွေများတယ် အဟွန်း"
သူပြောလိုက်တော့ မအီမလည်ဖြစ်သွားသည့်Taehyungမျက်နှာလေးကိုမြင်ပြီး Yeonjunတဖက်သို့လှည့်ကာရယ်မိသည်။ သေချာတယ် Jungkookအတွက်မျှော်လင့်ချက်ရှိနေတဲ့အခြေအနေတစ်ခုတော့ရောက်နေပြီ။ ဒီထက်ပိုပြီးတိကျတဲ့အဖြေက်ို သူသိဖို့လိုသေးသည်။
"အဲ့ကောင်လေးနဲ့Jungkookနဲ့ ဖုန်းနံပါတ်တွေလဲနေကြတာတွေ့တယ် နှစ်ယောက်သားကရင်းနှီးလွယ်ကြသားပဲနော် ...ညညဆိုဖုန်းတွေဘာတွေဆက်ပြီးdialogueတွေတူတူများ လေ့ကျင့်ကြမလားမသိဘူး"
Yeonjunက Taehyungကိုပြောသလိုလို တစ်ယောက်တည်းရေရွတ်နေသလိုလိုနဲ့ပြောတော့Taehyung မျက်လုံးလေးတွေလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
Eunwooကတော့ ဇာတ်ညွှန်းဖတ်နေရာကနေဘာတွေလျှောက်ပြောနေတာလဲဆိုသည့်ပုံဖြင့် Yeonjunကိုမော့ကြည့်လာသည်။ Guest roleအနေနဲ့ပါသည့်ကောင်လေးနဲ့ညတိုင်းဖုန်းတွေပြောပြီးလေ့ကျင့်စရာလားဆိုသည့်ပုံ။
"Hyungနဲ့Jungkookရော အဲ့လိုတိုင်ပင်ဖြစ်ကြလား? အင်း တိုင်ပင်ဖြစ်မှာပေါ့နော် အချင်းချင်းဖုန်းနံပါတ်သိနေကြမှာပဲကို"
သူပြောလေ မျက်လုံးကလယ်ကလယ်နှင့်အတွေးလွန်လေဖြစ်နေသည့်Taehyungie hyungပုံစံလေးကမြင်ရတာပင် ချစ်စရာကောင်းလွန်းသည်မလို့Jungkookမပြောနှင့် သူပင်ကြည့်နေရင်းအူယားမိသည်။
တကယ်တော့ Taehyungနှင့်Jungkook ဖုန်းအဆက်အသွယ်မရှိတာသူတို့အားလုံးသိသည်။ Jungkookတစ်ယောက် Taehyung hyungဆီဖုန်းဆက်ချင်တာ တပိုင်းသေနေလို့။ သူတို့ဆီလာလာညည်းလွန်းသဖြင့်သူတို့သိနေပြီးသားဖြစ်သည်လေ။
"ဟို... Yeonjun ah"
"Nae hyung"
"ဘာမှမဟုတ်တော့ပါဘူး"
Taehyungမှာ Jungkookဖုန်းနံပါတ်တောင်းဖို့ပြင်လိုက်ပေမဲ့ တကယ်တမ်းကျရှက်မိသည်။ ဟုတ်သည်လေ တကယ်ဆိုသူ့ပေါ့ဆချက်ကြောင့်ဖြစ်သည်။ ကိုယ်နဲ့အလုပ်တူတူတွဲလုပ်နေသည် မင်းသားရဲ့ဖုန်းတောင်မသိဘူးဆိုတော့ အလုပ်လုပ်တာတော်တော်လေးပေါ့ဆသည်ဟုယူဆမိလိုက်သည်။
အမှန်ဆိုJungkookဖက်ကမတောင်းရင်တောင် အလုပ်အကိုင်ရလိုအပ်လာလျှင်ပဲဖြစ်ဖြစ်စီနီယာဖြစ်သည့်သူကတော့ဖုန်းနံပါတ်လေးရှိထားသင့်သည်ကို။ ဟူး.... အခုတော့ ဘယ်ကနေဘယ်လိုတောင်းရမလဲ?
မန်နေဂျာHyungကတဆင့် Jungkookမန်နေဂျာအကိုဆီတောင်းခိုင်းလိုက်ရမလား?
Yeonjunပြောပုံအရဆို JungkookကHyunလေးနဲ့ ညတိုင်းစကားပြောကြတော့မယ်ထင်တယ်။ သူ့ကိုစသလို အဲ့Hyunလေးဆိုတဲ့တစ်ယောက်ကိုရောစနေမလားမသိဘူး။
သူ့ကိုကျဖုန်းနံပါတ်လာမတောင်းဘူး အဲ့ကောင်လေးကျဖုန်းနံပါတ်တွေတောင်လဲပေးနေတာတဲ့။
မကျေမနပ်နှင့် စူပုပ်ပုပ်ကလေးဖြစ်လာသည့်Taehyungသည် မျက်နှာကဟန်တောင်မဆောင်နိုင်​။
Eunwooကထိုအခါကျမှ Yeonjunစကားတွေကိုသဘောပေါက်သွားဟန်ရကာ ကြိတ်ပြုံးသည်။ Yeonjun နဲ့Eunwooနှစ်ယောက်သားမျက်စိမျက်စာတွေပစ်ကာ သဘောကျနေကြသည်ကိုလည်းTaehyungမမြင်။
Yeonjunရဲ့မီးရှို့လိုက်မှုတွင် ပြာကျအောင်လောင်နေရှာသည့်Taehyungငယ်။
-
-
-
-
-
-
"ကိုကို!"
Hyunလေးက Jungkookပေါ်သို့ပြေးကာခုန်ဖက်တော့ Jungkookကပြုတ်ကျမသွားအောင်အသာပွေ့ထိန်းလိုက်ရသည်။
"Cut! Taehyung sii ...တစ်ခုခုအဆင်မပြေဘူးလား? ဝမ်းနည်းတဲ့moodဖြစ်နေရမှာနော် အဲ့moodမရသေးဘူး ပြန်စမယ်"
ဒါရိုက်တာကြီးပြောတော့ Taehyungမှာဇက်ကလေးပုဝင်သွားကာ တောင်းပန်လိုက်ရသည်။ ဇာတ်ညွှန်းဆရာEunwoonနဲ့ Yeonjunကတော့ ရိုက်ကွင်းအပြင်ဖက်ကနေTaehyungပုံစံလေးကိုကြည့်ကာ တခွိခွိနှင့်။ သူတို့တစ်ခုခုကိုနားလည်နေကြသည်လေ။
"Cut! Taehyung siiဘာလို့စူပုပ်နေတာလဲ?? စိတ်ဆိုးနေတဲ့ပုံဖြစ်နေတယ် "
-
-
-
"Cut ! Taehyung siiဘာလို့မျက်စောင်းထိုးပြီးကြည့်နေတာလဲ?? ပြန်စမယ်"
-
-
-
"Cut!"...."
Taehyungမှာကြာတော့ အားနာပြီးမျက်ရည်တောင်ထွက်ကျတော့မည်။ ဒီတခါsceneကြီးက သူ့အတွက်တော်တော်အဆင်မပြေဆုံးဖြစ်မည်။
သူကလည်း HyunလေးကJungkookကို ကိုကိုခေါ်ပြီး ပြေးဖက်တဲ့အချိန်ဆိုစိတ်ကဘာဖြစ်သွားမှန်းမသိ။ မနက်ကတည်းစိတ်တွေရှုပ်ထွေးနေတော့ သိပ်ပြီးအာရုံမစိုက်နိုင်။
တကယ်ကတော့Yeonjunရဲ့ မီးလောင်ရာလေပင့်စကားတွေကြောင့်လောင်နေမှန်း Taehyungငယ်လေးသူ့ကိုယ်သူမသိခဲ့။
-
-
-
-
ရိုက်ကွင်းပြီးတော့ ဒါရိုက်တာSeokjinနှင့်ရိုက်ကူးရေးပဖွဲ့သားတွေကညစာတစ်ဝိုင်းသွားကြမည်မလို့ main leadဖြစ်သည့်သူတို့နှစ်ယောက်က ခဏလိုက်ထိုင်ပေးရသေးသည်။
ညစာစားပွဲဖန်တီးပေးခြင်းဟာ castတွေအတွက်အဖွဲ့သားတွေနဲ့အရင်းတနှီးပြောဖော်ဆိုဖော်နှင့် လွယ်ကူစေရန်အများကြီးအထောက်အကူဖြသ်စေသည်မလို့ ထိုသို့ခေါ်သောအခါတွေဆိုTaehyungမငြင်းဖြစ်။
ဒါရိုက်တာကြီးတိုနဲ့တစ်ခွက်လောက်သောက် စကားနည်းနည်းလောက်ပြောပြီးတော့ ဒါရိုက်တာSeokjinကပင်စကားစကာ
"အာ မင်းတို့ ပြန်ရင်ပြန်တော့လေ ကွန်ဒိုမှာစုထားကြသေးတယ်ဆို နောက်ကျနေလိမ့်မယ် မနက်ဖြန်တွေ့မယ်"
"Nae Hyungဒါဆိုကျွန်တော်တို့သွားပြီ"
Jungkookကလက်ဆွဲခေါ်လာသည်မလို့ Jungkookကားပေါ်သို့ဘာမသိညာမသိနဲ့ပါလာပြန်သည့်Taehyung။
ကားပေါ်ရောက်တော့လည်း ပြူးတူးပြူးတူးနှင့်သူ့ကိုကြည့်နေသည်မလို့ သူကပဲခါးပတ်ပတ်ပေးလိုက်ရသည်။
"မင်းကွန်ဒိုမှာစုထားသေးတာလား?? ငါလဲမသိရဘူး"
"Nae ... Jimin hyungကစုဖို့ပြောခိုင်းလိုက်လို့ ကျွန်တော်တို့တောင်ညနေလောက်ကမှသိတာပါ Taeရဲ့မန်နေဂျာကိုလည်းပြေားခဲ့ပြီးပြီ စိတ်မပူပါနဲ့"
သူပြောလိုက်တော့ အဲ့လိုကိုးဆိုပြီးတော့လည်းယုံပြန်သည်။ ဒီHyungပေါက်စလေးက တကယ်ဖြူဖြူစင်စင်လေးပါဆို။ သူ့မှာဒီနေ့တစ်နေကုန်မအားတာနဲ့ ရိုက်ကွင်းတစ်လျှေက်လုံး Taeအနားကပ်တောင်မကပ်ဖြစ်။
အခုလည်းစကားတွေအများကြီးပြောပြီး ကျီစယ်ချင်ပေမဲ့ မျက်နှာလေးသိပ်မကောင်းသည့်Taeကြောင့်သူဘာမှမပြောဖြစ်လိုက်တော့။ ဘာကိုစိတ်အလိုမကျဖြစ်နေလဲမသိ မနက်ကတည်းက သူ့ကိုပါမျက်စောင်းတွေထိုးထိုးပြီး ကြည့်နေခဲ့သည်မဟုတ်ပါလား။
-
-
-
-
Jungkookကွန်ဒိုသို့ သူတို့နှစ်ယောက်လည်းရောက်ရော လူစုံနေကြပြီဖြစ်သည်။ Yeonjunပါရောက်နှင့်နေပြီဖြစ်သည်။
သူတို့လည်းအိမ်ထဲရောက်ရော သူတို့အနားသို့ပြေးလာသည့်တစ်စုံတစ်ယောက်။
"အကိုJungkook"
"အော် Hyunလေးလဲရောက်နေပြီပဲ..."
"Nae ... Taehyung sunbaenimလဲပါတာကိုး..."
HyunလေးကTaehyungကို ပြုံးပြုံးလေးကြည့်ပြီးပြောလိုက်တော့ Taehyungစိတ်ထဲတမျိုးတော့ဖြစ်သွားရသည်။ ပြုံးနေပေမဲ့ သူ့ကိုမနှစ်သက်တဲ့သဘောကြီးနဲ့ပြောလိုက်သလိုခံစားလိုက်ရသည်လေ။
"အကိုJungkookကိုစောင့်နေတာ ကျွန်တော်ဗိုက်ဆာနေပြီး စီနီယာတွေလဲစုံနေပြီစားကြရအောင်လေ"
"ဟင် ...ဟုတ်လား အင်း အင်း"
ညစာစားနေကြသည့်တလျှောက်လုံး စကားတွေပြောဆိုနေကြပေမဲ့ Taehyungကတော့သိပ်မပြောဖြစ်။ ဟိုကောင်လေးကချည်းပဲ ပြောနေသည်မလို့သူတို့အားလုံးကနား​ေထာင်နေရသူတွေချည်းသာ။
Jungkookကတော့ သူ့ဘေးနားဇွတ်ကပ်ထိုင်နေသည်မလို မသိမသာတွန်းတွန်းထုတ်နေရပေမဲ့ သဘောတော့ကျမိပြန်သည်။ အနည်းဆုံးတော့အာရုံက ဟိုကောင်လေးဆီမှာရှိမနေဘူးလေ။
Taehyungကတော့ အစားပုပ်ကလေးမလို့ ထုံးစံအတိုင်းအသားဖက်လေးတွေစားလိုက်ဖျော်ရည်လေးသောက်လိုက်ဖြင့်ငြိမ့်နေလေသည်။
Jungkookကလည်းTaehyungပန်းကန်ထဲ အလွတ်မဖြစ်စေရအသားတွေအသစ်ကင်လိုက် ထပ်ထည့်ပေးလိုက်ဖြင့် နှစ်ယောက်တကမ္ဘာတည်နေကြသည်။
Jungkookရဲ့ထိုသို့သော အပြုအမူတွေကိုအစကတော့အားနာရပေမဲ့ ပြောမရသည့်အဆုံးTaehyungလည်းမပြောနေတော့။ မပြောလဲဇွတ်လုပ်ပေးနေအုံးမှာပဲလေ။
"Tae ဒီsauceလေးနဲ့တို့စားကြည့် အရသာကချဉ်ချဉ်လေးကောင်းတယ်"
"အွန်း ...အွန်း"
ပလုတ်ပလောင်းလေးစားနေသည့် Taeကိုကြည့်ကာသဘောတွေကျနေတုန်း
"Sauceပါဆိုမချဉ်ပဲ ငန်နေရမှာလား အပိုတွေလုပ်နေတယ်"
"ခွိ"
ဘုကလန့်ထထပြောရင် ပြေးမကြည့်လိုက်နဲ့ နှုတ်ခမ်းတထော်ထော်နဲ့Choi Yeonjun။ Eunwooတို့ကလည်းYeonjunစကားကိုကြားတော့ ရယ်ကြသည်။
"မင်းပဲစားအဲ့အငန်ဆော့ကို"
ဘုနဲ့ဘောက် ရန်ဖြစ်နေသည့်သူတို့နှစ်ယောက်ကိုကြည့်ပြီးTaehyungကပါစားနေရင်းနှင့် သဘောကျစွာပြုံးကြည့်နေမိသည်။
Jungkookနဲ့Yeonjunကိုကြည့်ရတာ တကယ်Because of Jeon Taehyungထဲကcharacterတွေအတိုင်းပဲ။ သူ့ညီလေးနဲ့ သူ့ယောကျာ်း... What! ဘုရားရေ ! သူဘာတွေတွေးနေမိပါလိမ့်။ ဘာကိုသူ့ယောကျာ်းလဲ?
Taehyungကြက်သီးတဖြန်းဖြန်းထသွားကာ ခေါင်းတွေပါရမ်းလိုက်မိသည်။ Moodကလည်းအခုမှပဲ လာဝင်နေလိုက်။
-
-
-
-
-
-
TBC
With Love 💜
||Tae_For_Jeon
Jeon_To_Tae||
*အရေးတော်ပုံ အောင်ရမည်*
A/N : Hyunလေးကိုချစ်ပေးကြပါ 🌚
-
-
-
-
-
-
Zawgyi