(( 20 ))
Background color
Font
Font size
Line height
Unicode
"အမူးပြေဟင်းရည်ချက်ထားတာ သောက်လိုက်နော်Taeလေး"
အန်တီSungMiထည့်ပေးလာသည့် ဟင်းချိုခွက်လေးကိုTaehyungယူပြီး ခပ်သောက်လိုက်သည်။ မနက်စာစားပွဲလေးဟာ လူကြီးတွေရဲ့စကားပြောသံတွေနှင့်သာ ဆူညံနေသည်။
ထမင်းစားနေရင်း Jungkookကိုလှမ်းအကဲခတ်ပြန်တော့ သူ့အားပြုံးပြုံးကြီးသာစိုက်ကြည့်နေသည်မလို့ ဘာကြောင့်မှန်းမသိကြက်သီးထရသည်မလို့ အကြည့်တွေကိုရှောင်နေရသည်။
မနေ့ညကဘာကြောင့် အဲ့လောက်ထိမူးသွားမှန်းသူမသိ။ အဲ့လောက်တောင်သောက်တာများသွားတာလား။
"ဒါနဲ့Omma Yeonjunရော မနေ့ညကသားလဲစောစောအိပ်လိုက်တာနဲ့မနှုတ်ဆက်လိုက်ရဘူး"
"အင်း မနေ့ညကပဲသူ့မန်နေဂျာကောင်လေးပြန်လာကြိုသွားတယ် ပြီးတော့Taeလေးမန်နေဂျာကောင်လေးလဲဒီနေ့မနက်လာကြိုမယ်ပြောတယ်"
ထိုအခါကျမှTaehyungမှာ ရုတ်တရက်Jungkookလက်ထပ်မဲ့အကြောင်းကြီး ပြန်သတိရလာပြန်သည်။ ထိုအကြောင်းကြီးကိုပြန်တွေးမိပြီး လူကနုံးခွေသွားရပြန်သည်။
မနက်စာစားပြီးကြတော့ Ommaတို့ကလဲဒယ်ဂူပြန်ဖို့စီစဉ်နေကြလေသည်။ သူလဲJungkookက မနေ့ညကသူ့အဝတ်တွေကိုလဲစေကာအိတ်နဲ့ထုတ်ပေးနေသည်မလို့ Jungkookအခန်းထဲကကုတင်လေးပေါ်မှာ ထိုင်ကာစောင့်နေလိုက်သည်။
​သူ့ရဲ့လျှော်ထားတဲ့အဝတ်တွေကိုသေချာခေါက်လာ အိတ်ထဲထည့်ပေးနေသည့်Jungkookပုံစံဟာ နောက်ကနေကြည့်ရင်းနှင့်ပင် စိတ်လှုပ်ရှားစေသည်။
သို့သော် ထိုလူသားကလက်ထပ်သွားရင်သူနဲ့ထပ်မပက်သက်တော့ဟုတွေးမိလိုက်တိုင်းနှလုံးသားတစ်နေရာကနာကြင်ရသည်။
Jungkookကတကယ်ပဲကို သူ့ကိုမချစ်တော့ဘူးထင်တယ်။ အခုချိန်ကျမှ Jungkookကိုချစ်ပါတယ်ဆိုပြီးပြောလိုက်ရင်ရော သူ့ကိုမျက်နှာပြောင်တိုက်လိုက်တာဆိုပြီးရယ်လှောင်နေမလား။
ဟုတ်ပါသည်။ သူJungkookကိုချစ်နေတာသေချာနေသည်။ ဘယ်ချိန်ကနေဘယ်လိုစခဲ့မိလဲမသိပေမဲ့ ထိုခံစားချက်တွေက Jungkookနဲ့ဝေးတော့မှသိခဲ့ရသည်။
သူ့ခံစားချက်တွေအသိနောက်ကျခဲ့ရသည်။ တကယ်ဆိုဆွစ်ဇာလန်မှာတုန်းကတည်းက အဖြေပြန်ပေးလိုက်ခဲ့ရင် Jungkookလဲသူ့ကိုအခုလိုစိမ်းကားသွားမည်မဟုတ်။
ထို့နောက်Jungkookကအဝတ်ထုတ်လေးကို သူ့ကိုလာပေးလေသည်။ သူစိတ်တွေမရိုးမရွတွေဖြစ်နေလေသည်။ သူမေးမှဖြစ်တော့မည်လေ။
"Jungkook ah"
"ဗျ"
နာမည်ခေါ်ပြီးစကားတန်းမပြောသေးတဲ့အစ်ကိုပေါက်စဟာ မျက်နှာလေးကမှုန်ကုပ်ကုပ်နဲ့။ ဘာတွေရွှေစိတ်တေယ်ညှိုးနေပြန်ပြီလဲမသိ။ ကုတင်ပေါ်မှာပုံ့ပုံ့ကလေးထိုင်ကာ တွေတွေငေးငေးလေးဖြစ်နေသည်မလို့သူ့မှာ Taeထိုင်နေတဲ့ကုတင်ရှေ့ကကြမ်းပြင်မှာဒူးလေးထောက်ထိုင်ချလိုက်ရင်း မျက်နှာချင်းဆိုင်ကာကြည့်စေလိုက်သည်။
"ဘာဖြစ်လို့လဲ?? နေလို့မကောင်းဘူးလား? ဟင် ကိုယ့်ကိုပြောလေ "
သူပြောလိုက်တော့မှ မျက်လုံးထဲအရည်ကြည်လေးတွေပိုလဲ့လာသယောင်။ သူ့မှာအတော်ပင် အူးယားသွားရသလို စိတ်ပူသွားရပြန်သည်။ ဘယ်အရာကများTaeကိုစိတ်ဒုက္ခဖြစ်နေစေတာပါလိမ့်?
"မင်းကတကယ်လက်ထပ်တော့မှာလား?"
အော်... လက်စသတ်တော့ သူလက်ထပ်မယ်ဆိုတာကိုတကယ်ထင်ပြီးကျားပေါက်လေးကြေကွဲနေသည်ကိုး။
သူ့မှာရုတ်တရက်ရယ်ချင်သွားသည်မလို့ လှစ်ခနဲပြုံးမိသွားတာကိုမထိန်းနိုင်လိုက်။ ဒါကိုTaeကမြင်သွားပြီး မျက်ရည်လေးပေါက်ခနဲကျလာတော့သည်။
ထိုအခါကျတော့ သူ့မှာမနေသာတော့။ ပါးပေါ်ကမျက်ရည်လေးကို အသာသုတ်ပေးတော့ကုတင်ပေါ်ကနေသူ့လည်ပင်းကိုကုန်းဖက်တွယ်လာသည်။
"အင့် မရဘူးနော်Jungkook အကျင့်မပုပ်နဲ့ ငါ့ကိုချစ်တယ်ဆိုပြီးတစ်ခြားတစ်ယောက်နဲ့လက်ထပ်လို့မရဘူး"
Jungkookမှာငုတ်တုပ်ကြီး မေ့နေတော့သည်။ Taeမူးနေတာလား? မဟုတ်သေးပါဘူး။ အခုTaeကသူ့ကိုဖက်ထားပြီး ငိုနေသည်တဲ့။ လုံးဝမထင်မှတ်ထားသည့်အပြုအမူမလို့သူ့မှာ လုံးဝအံ့ဩနေရသည်။ ဖက်ထားတာလေးကိုခွာမည်ပြုတော့ ကျားပေါက်လေးဟာအခွာမခံ။ ပိုလို့ပင်လည်ပင်းအစ်အောင်ဖက်လာသေးသည်။
"ကိုယ့်ကိုချစ်လားဒါဆို? Taeကကိုယ့်ကိုမချစ်မှတော့ ..."
"ချစ်တယ်လို့ဆို ချစ်တယ်လို့!ချစ်တယ်လို့! တကယ် တကယ်အများကြီးချစ်တာမလို့ လက်မထပ်ပါနဲ့ အင့်"
Jungkookရင်ထဲလိပ်ပြာတွေ တဖြတ်ဖြတ်နှင့်ပျံကုန်တော့သည်။ သွားတွေရောပါးစပ်တွေပြန်စိမရတော့။
ရင်ထဲကပျော်ရွှင်မှုက ပြောမပြတတ်အောင်ပင်။ ဒီစကားလေးကြားရဖို့ သူဘယ်လောက်တောင်မျှော်လင့်ခဲ့ရလဲ။ အချိန်တွေ အခြေအနေတွေသူဘယ်လောက်တောင်လုပ်ယူဖန်တီးခဲ့ရသလဲ။
ဖက်ထားတာလေးကို သူခွာလိုက်တော့မျက်
ည်လည်ရွှဲမျက်နှာလေးဖြင့် သူ့ဆီမှစကားတို့ကိုမျှော်လင့်နေဟန်။
သူ့မှာထိုအကြည့်လေးတွေနဲ့ပင် အကြိမ်ကြိမ်ကျရှုံးရသည်။
"Aigoo အဆိုးလေး ဒါနဲ့များကိုယ့်ကိုခံစားရအောင်လုပ်သေးတယ်"
မျက်ရည်လေးတွေကို သုပ်ပေးတော့ "တောင်းပန်ပါတယ်"တဲ့ အသံသေးသေးကလေးထွက်လာသည်။
"ဒါဆိုကိုယ်လက်မထပ်တော့ဘူးနော် ဟော့ဒီကကိုယ့်ချစ်သူအသစ်စက်စက်လေးရှိနေပြီဆိုတော့ Kim Taehyungမှမဟုတ်ရင်တခြားဘယ်သူ့ကိုမှလက်မထပ်တော့ဘူး ဟုတ်ပြီလား"
သူပြောလိုက်တော့မှ စိတ်သက်သာရာရသွားဟန်။
"မင်းလဲပြန်ပြောအုံးလေ ချစ်တယ်လို့"
"အဟား ချစ်တာပေါ့ဗျာ အများကြီးချစ်တယ်"
"ပြီးရောချစ်တယ်ပြောပြီးနောက်ဆိုငါ့ကိုလစ်လျူမရှုပါနဲ့ မင်းငါ့ကိုစကားမပြောရင်ရင်ဘတ်ထဲမှာနေလို့မကောင်းဘူး"
မျက်နှာငယ်လေးဖြင့် သူ့လက်ချောင်းတွေကိုဆုပ်ကိုင်ပြောပြနေသည့်Taeပုံစံလေးဟာ အမှန်ကြေကွဲနေဟန်ကလေးမလို့ သူ့မှာစခဲ့မိတာတွေစိတ်ဆိုးလို့လစ်လျူရှုခဲ့မိတာတွေအတွက်တောင် နောင်တရသွားရသည်။
"ကိုယ်တောင်းပန်ပါတယ် ကိုယ်လဲအဲ့တုန်းကJiwon siiနဲ့ပက်သက်ပြီးTaeကကိုယ့်ကိုငြင်းလိုက်ရော အမှန်းတိုင်းကိုယ့်ကိုမပြောပြတာတွေရောပေါင်းပြီး စိတ်မကောင်းဖြစ်သွားလို့ပါ ...အခုဘာမှမတွေးနဲ့တော့နော်"
"ဒါနဲ့လေ ငါနဲ့Jiwonကိစ္စမင်းဘယ်လိုလုပ်သိတာလဲ?"
"Taeတို့ကုမ္ပဏီကCEOနဲ့ ကိုယ်တွေ့ပြီးပြီ ပြီးတော့သူကကိုယ်တို့ပက်သက်မှုကိုလည်းသိတယ်။ Taeကိုအကြပ်ကိုင်ထားတာရှိမှန်းလဲ ကိုယ်ရိပ်မိပြီးသားပါ"
ထို့နောက်Taehyungကအကြောင်းစုံရှင်းပြတော့မှပဲ သူတို့နှစ်ယောက်နဲ့CEOရဲ့ ဇာတ်ရည်ကလည်တော့သည်။
စာချုပ်အရတဲ့။ အေးဆေးပေါ့ Jeon Jungkookတို့က စာချုပ်နှစ်နှစ်လောက်ကိုတော့ စိတ်ဝင်စားမနေဘူး။
သူ့ဟာသူTaeကို Lee Jiwonနဲ့ပဲdating newsထွက်ထွက် ကောင်းကင်​ပေါ်ကနတ်သမီးနဲ့ပဲထွက်ထွက် အချိန်တန်wedding newsကJeon Jungkookနဲ့ထွက်မှာပဲလေ။ လုပ်ချင်ရာလုပ် Jeon Jungkookတို့ကဒီလောက်နဲ့ စောက်ဂရုမစိုက်ဘူး။
အလကား သူနဲ့ခြိမ်းခြောက်ပြီးTaeခံစားခဲ့ရတာကိုတွေးမိတော့ ထိုCEOဆိုသူကိုအမှုန့်ညပ်ညပ်ကြိတ်ပစ်ချင်လောက်အောင်စိတ်တိုရသည်။
ထားပါလေ အခုတော့သူ့ရဲ့နှလုံးသားလေးပိုင်ရှင်လေးနဲ့ ခံစားချက်တွေကထပ်တူကျနေခဲ့ပြီပဲ။ ကျန်တာတွေဘာမှမလိုတော့ပါ။
-
-
-
-
-
-
-
-
တိုကျိုFan meetingအတွက်ဒီနေ့ည သူတို့Because of Jeon Taehyung series teamလေဆိပ်ဆင်းရမည်ဖြစ်တာကြောင့် Hoseok hyungကလိုအပ်တာတွေပြင်ဆင်ပေးနေသည်။
ထို့နောက်Hoseok hyungကတစ်ခုခုသတိရသွားဟန်ဖြင့်သူ့ဖက်သို့လှည့်ကာ
"ဟုတ်သားပဲ Hyungကိုမနေ့ကLee Jiwonရဲ့managerဆက်သွယ်လာတယ် Jiwonကမင်းနဲ့တွေ့ချင်လို့တဲ့ ပြောစရာရှိလို့တဲ့"
"Jiwon siiကလား?"
"ဟုတ်တယ်အဲ့တာTaehyungieတွေ့မယ်ဆိုhyungဒီနေ့နေ့လည်စာစားချိန်လောက်ချိန်းပေးမလို့ ပြန်ဆက်သွယ်လိုက်မယ်လို့ပဲပြောလိုက်တယ်"
Taehyungမှာ အကြပ်ရိုက်သွားရတော့သည်။ Jiwonဖက်ကလည်း အကြောင်းကိစ္စမရှိပဲနဲ့တော့ဆက်သွယ်မည်မဟုတ်။
သို့သော်နှစ်ယောက်တည်းသွားတွေ့ပြန်ရင်လည်း
အသစ်စက်စက်ချစ်သူကြီး စိတ်မကောင်းဖြစ်မှာကြောက်သည်။ Jungkookကထိုကိစ္စနဲ့ပက်သက်ပြီး သူ့ကိုဘာမှမပြောပေမဲ့ အခုချိန်မှာသူဟာသူ့နှလုံးသားရဲ့ပိုင်ရှင်အစစ်ကိုသိသွားပြီသည်မလို့ သစ္စာပျက်စေမည့်လုပ်ရပ်မျိုး အတတ်နိုင်ဆုံးမလုပ်ချင်။
ဒါပေမဲ့လည်း Jiwonကိုလည်းအမှန်တိုင်းပြောပြီး မြန်မြန်ဇာတ်လမ်းဖြတ်ထားလိုက်ကောင်းမည်။ ဒါမှမိန်းကလေးဖက်ကိုလည်း ဘာမသိညာမသိနဲ့တစ်ဖက်သတ်ကြီးဆတ်မနေမှာ။ အမှန်တိုင်းပေးသိထားသင့်သည်ဟုသူထင်သည်။
"ကောင်းပါတယ်Hyung ကျွန်တော်လည်းပြောစရာရှိနေတာဆိုတော့ နေ့လည်ကျရင်တွေ့ဖို့ချိန်းလိုက်ပါ"
ထို့နောက်ဖုန်းလေးကိုကောက်ကိုင်ကာ တစ်စုံတစ်ယောက်ဆီသို့စာပို့လိုက်သည်။ မျက်နှာလေးမှာ အပြုံးလှလှလေးတွေကနေရာယူလို့။
တစ်ဖက်ကJungkookမှာလည်း အကလေ့ကျင့်နေရင်း ဖုန်းထဲကျရာက်လာသည့်စာလေးကြောင့် အူအသည်းတွန့်တွန့်လူးနေကာ practice roomထဲမှာတဒုန်းဒုန်းနဲ့ထခုန်နေတော့သည်။
'မင်းနဲ့ငါ့အကြောင်းတွေအမှန်တိုင်းပြောဖို့ ခဏနေJiwonနဲ့သွားတွေ့မလို့ စိတ်မဆိုးနဲ့နော်မောင်'တဲ့။
"အား!!! ရူးတော့မှာပဲ မောင်တဲ့"
မန်နေဂျာHyungကတော့ ခေါင်းတရမ်းရမ်းဖြင့်သာကြည့်နေလိုက်တော့သည်။
Taehyung ချိန်းထားသည့်စားသောက်ဆိုင်သို့ရောက်တေယ့ သီးသန့်ခန်းလေးထဲသို့တန်းသွားလိုက်သည်။ Jiwonကသူ့ထက်စောရောက်နေဟန်တူသည်။
"အာညော် Taehyung oppa မတွေ့တာကြာပြီနော်။ ကျွန်မဖက်ကချိန်းလိုက်ရတာအားနာပါတယ်"
"မဟုတ်တာJiwon sii မဟုတ်တောင်ကျွန်တော်လဲပြောစရာရှိနေတာမလို့ပါ"
နှစ်ယောက်သားနေရာမှာဝင်ထိုင်လိုက်တော့ Jiwonကပင်စကားစလာသည်။
"ကျွန်မအားမနာပဲရှင်းရှင်းပဲပြောပါရစေ"
"Nae ပြောပါ"
"ကျွန်မမှာ ချစ်ရမဲ့သူရှိတယ်Taehyung oppa။ Taehyung oppaကိုဒရာမာရိုက်တုန်းက တကယ်သဘောကျပေမဲ့မိတ်ဆွေတစ်ယောက်လိုထက်မပိုခဲ့ဘူး ပြီးတော့ကျွန်မရဲ့scandalတွေအတွက်Oppaနဲ့သတင်းဖုံးခဲ့မိပေမဲ့ အခုအဆင်မပြေတော့လို့ပါ"
Taehyungမှာ Jiwonဘာပြောချင်တာလဲနားမလည်သည်မလို့ ငြိမ်နားထောင်နေရသည်။
"ကျွန်မတို့နှစ်ဦးနှစ်ဖက်လုံးလဲ တစ်ယောက်နဲ့တစ်ယောက်ခံစားချက်တွေရှိမနေကြဘူးလို့ကျွန်မထင်တယ် ပြီးတော့ကျွန်မရဲ့ချစ်သူအပေါ်ကျွန်မဒီလိုတခြားယောကျာ်းလေးတစ်ယောက်နဲ့ အပေါ်ယံသွားလာပြ သတင်းလုပ်ယူပြနေတဲ့အပေါ် ခံစားနေစေမှာမျိုးလည်းမဖြစ်စေချင်လို့ပါ အဲ့တာသိပ်မကြာခင်မှာပဲကျွန်မအေဂျင့်စီနဲ့တိုင်ပင်ပြီး ကျွန်မတို့ relationshipသတင်းကိုရပ်တန့်ကြမလို့ပါ"
"Nae? တကယ်လား? "
"Nae အခုဆိုကျွန်မscandalsတွေလဲငြိမ်နေစပြုပြီဆိုတော့ ကျွန်မတစ်ယောက်တည်းမဆုံးဖြတ်ချင်လို့Taehyung oppaကိုကြိုအသိပေးချင်တာပါ"
OMG Taehyungမှာဝမ်းသာလွန်းလို့ ထခုန်မိမတတ်။ တကယ်ပဲ အခုရက်ပိုင်းကံကြမ္မာကသူ့ဖက်မှာရှိနေသည်ထင်သည်။
Jiwonအစီအစဉ်ကိုTaehyungလည်းမငြင်းတော့ပဲ သူ့မှာလည်းချစ်ရသူရှိကြောင်းလောက်ပဲ အရိပ်အမြွတ်လောက်သာပြောခဲ့ဖြစ်သည်။ ထို့နောက်မိတ်ဖြစ်ဆွေဖြစ်Jiwonနဲ့ရင်းနှီးစွာနေ့လည်စာတူတူစားရင်းစိတ်တို့က ညလေဆိပ်ရောက်လို့တွေ့ကြသည့်အခါကျရင် Jungkookကိုဒီသတင်းကောင်းမြန်မြန်ပြောပြဖို့သာ တာဆူနေတော့သည်။
-
-
-
-
-
-
-
TBC
With Love 💜
||Tae_For_Jeon
  Jeon_To_Tae||
*အရေးတော်ပုံ အောင်ရမည်*
A/N :ဒါလေးတောင်ဇာတ်သိမ်းတော့မယ်နော်🥺
အကယ်၍ဒီFicထဲဝင်ခွင့်ရမယ်ဆို ဘယ်သူ့နေရာဝင်ပြီး ဘာလုပ်ချင်လဲပြောကြည့်ကြပါအုံး။🌝
-
-
-
Zawgyi
"Jungkook ah"
"ဗျ"