08

Background color
Font
Font size
Line height


ဝမ်ရိပေါ်က လွန်ခဲ့တဲ့အပတ်ကရှောင်းကျန့်ကိုလက်ထပ်ခွင့်တောင်းခဲ့တယ်။

ရှောင်းကျန့်က ဝမ်ရိပေါ်နဲ့အတူရှိရင်ပြည့်ဝတဲ့နွေးထွေးမှုရပြီးဝမ်ရိပေါ်ကိုယုံကြည်တယ်။လောကဒဏ်တွေကို ဝမ်ရိပေါ်နဲ့အတူဖြတ်သန်းဖို့ ရှောင်းကျန့်ဟာအစဉ်သင့်ဖြစ်နေပြီဖြစ်တယ်။

အခုရှောင်းကျန့်နဲ့ဝမ်ရိပေါ်ဟာ B cityမှာ လက်ထပ်မှတ်ပုံတင် တင်ဖို့အတွက်ကားကိုမောင်းနှင်နေကြတယ်။

ဝမ်ရိပေါ်က လက်တစ်ဖက်ကိုကားစီယာတိုင်ကိုင်ထားပြီးကျန်လက်တစ်ဖက်ကရှောင်းကျန့်ရဲ့လက်သေးသေးလေးကိုဖွဖွလေးဆုတ်ကိုင်ထားတယ်။

"ကားကိုသေချာမောင်း ဝမ်ရိပေါ်"

"ကိုယ်သေချာမောင်းနေတာပဲ အချစ်ရာ"

ပြောရင်းဝမ်ရိပေါ်က ရှောင်းကျန့်လက်တစ်ဖက်ကိုနမ်းလိုက်တယ်။

ရှောင်းကျန့်ကခပ်ဖွဖွရယ်ရင်း

"အရူးလေး..."

"အင်း...ကိုယ်ကအချစ်အတွက်သီးသန့်အချစ်ရူးလေးလေ"

"ဝမ်ရိပေါ်!!"

ကားပေါ်မှာရယ်သံတွေနဲ့ပြည့်နက်သွားခဲ့တယ်။

"ကိုယ်တို့လက်ထပ်ပြီးရင်  အချစ်နေချင်တဲ့ပင်လယ်နားမှာ အိမ်လေးတစ်လုံးဝယ်မယ်"

"ဟုတ်မှလုပ်ပါ ကိုယ်ရဲသားကြီးရယ်။
ခွင့်ရက်တောင်မဖြစ်မနေကိစ္စမှယူပြီးမြို့နဲ့ဝေးတဲ့နေရာမှအိမ်ဆောက်ဖို့များတွေးနေသေးတယဝေးတဲ့နေရာမှအိမ်ဆောက်ဖို့များတွေးနေသေးတယ်။"

ရှောင်းကျန့်ကရွှတ်နောက်နောက်နဲ့ဝမ်ရိပေါ်ကိုစတယ်။

"အချစ်က ကိုယ့်ကိုမယုံကြည်တာလား"

"ယုံပါတယ် ယုံပါတယ်....ကျွန်တော်ရှောင်းကျန့်က ဒီကအထူးရဲတပ်ဖွဲ့ခေါင်းဆောင်ကိုမယုံပဲမနေဝံ့ပါဘူး"

ဒီအထိတိုင် သူတို့ဘဝဟာပျော်ရွှင်မှုနဲ့အချစ်တွေပြည့်နေခဲ့ပါတယ်။သို့ပေမယ့် သူတို့ဘဝရဲ့အပျော်က ကုန်တင်ကားတစ်စီးကဖျက်စီးခဲ့တယ်။

ကုန်တင်ကားက သူတို့မောင်းနှင်လာတဲ့ကားကို အရှိန်နဲ့တိုက်ပစ်လိုက်တာကြောင့်ကားကလွှင့်ထွက်သွားပြီး ဇောက်ထိုးအနေအထားဖြစ်သွားတယ်။

ခဏက အချစ်တွေနဲ့ပြည့်နှက်နေသောပန်းရောင်လေထုဟာ သွေးနံ့များအဖြစ်ပြောင်းလဲသွားခဲ့တယ်။

"အချစ်...အချစ်..သတိထားပါဦး"

ရှောင်းကျန့်ဟာ ရိပေါ်ရဲ့ခေါ်သံကြောင့်သတိပြန်လည်လာခဲ့တယ်။ဝမ်ရိပေါ်ကကားထဲကထွက်နိုင်အောင်ကြိုးစားပြီး ကားထဲတွင်ညှပ်နေတဲ့ရှောင်းကျန့်ကိုအပြင်ထုတ်ပေးတယ်။

"ဝမ်...ဝမ်ရိပေါ်အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ်။နာနေတဲ့နေရာရှိလား
အချစ်ဘာမှမဖြစ်ဘူးမလား"

"ကျွန်တော်...ဘာမှမဖြစ်ဘူး"

"တော်သေးတာပေါ့"

ဝမ်ရိပေါ်ကသူတို့ကိုတိုက်သ‌ွားတဲ့ကုန်တင်ကားနားဖို့ ကြိုးစားမတ်တပ်ရပ်လိုက်တုန်း

"ဒိုင်း"ဆိုတဲ့သေနတ်ပစ်သံနှစ်ချက်နဲ့အတူ လူကလည်းတစ်စုံတစ်ယောက်တွန်းတာခံလိုက်ရတယ်။

"ရှောင်းကျန့်!..."

ဝမ်ရိပေါ်လဲ‌ကျနေရာမှ ရှောင်းကျန့်မျက်နှာကိုကြည့်လိုက်တော့ ရှောင်းကျန့်ဟာပြုံးပြနေခဲ့တာ ဘယ်တော့မှမတွေ့ရတော့မယ့်လူတွေလိုမျိုး။

တစ်စက္ကန့် နှစ်စက္ကန့် သုံးစက္ကန့်

ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်ဟာ မြေပေါ်သို့ပြိုလဲကျသွားခဲ့တယ်။

ဝမ်ရိပေါ်ဟာလဲကျသွားတဲ့ရှောင်းကျန့်ရှိရာသို့ အလျှင်အမြန်သွားလိုက်ပြီး ရှောင်းကျန့်ရဲ့သေးငယ်တဲ့ခန္ဓာကိုယ်ကိုလွှတ်ထွက်သွားမည့်အလား ထွေးပွေ့ထားခဲ့တယ်။

"ဝမ်..ရိပေါ်...ထိ..ခိုက်သွား..သေးလား"

လူတစ်ယောက်လုံး သေနတ်ကျည်ဆံထိမှန်ထားတာတောင် သူ့ကိုရှောင်းကျန့်ကစိတ်ပူနိုင်သေးတယ်။

"ခဏ...ခဏလေးတောင့်ခံထားနော်။ကိုယ်...ကိုယ် တစ်ယောက်ယောက်ကိုအကူအညီတောင်းကြည့်မယ်"

လူသူကင်းမဲ့တဲ့ ဟိုင်းဝေးလမ်းမကြီးမှာ ဝမ်ရိပေါ်ဟာ အရူးမီးဝိုင်း။

ဖြတ်သွားဖြတ်လာ ကားတစ်စီးစီးကိုအကူအညီတောင်းဖို့ တုန်ရင်နေတဲ့ခြေထောက်များဖြင့် ပြေးသွားဖို့လုပ်ပေမယ့် ရှောင်းကျန့်ကသူ့လက်ကိုဆွဲပြီး တားခဲ့တယ်။

"မ..သွား..ပါ..နဲ့...ရိပေါ်"

"မသွားလို့မဖြစ်ဘူးလေ ခဏ..ခဏလေးနော်
ကားတစ်စီးရှာပြီးအမြန်ဆုံး လာခဲ့မယ်။"

"မ..သွားပါနဲ့...။ဒီတစ်ခါ ရိပေါ်သွားလိုက်ရင် ကျွန်တော်...တို့အချိန်..အကြာကြီး မတွေ့..ပဲနေရတော့မှာ"

"အဲ့လိုမပြောနဲ့...မခွဲဘူးနော် ..ဘယ်တော့မှ"

ဝမ်ရိပေါ်ရဲ့အသံများဟာတုန်ရင်နေပြီး မျက်ရည်တွေဟာ ဆက်တိုက်စီးကျနေခဲ့တယ်။

ရှောင်းကျန့်ကရိပေါ်ရဲ့မျက်နှာကို ခပ်ဖွဖွထိကိုင်ပြီး လက်သေးသေးလေးဖြင့် ကျဆင်းနေတဲ့မျက်ရည်တွေကိုသုတ်ပေးတယ်။

"ကျွန်..တော်..ကြောင့်...မငိုနဲ့"

သူ့ကိုယ်ထဲထိုးဖောက်သွားတဲ့ ကျည်ဆန်ထက် ဝရိပေါ်ရဲ့မျက်ရည်တွေက သူ့ကိုပိုနာကျင်စေတယ်။

"တောင်း..ပန်ပါ..တယ်..ရိပေါ်..ကိုတစ်..ယောက်ထဲထား..ခဲ့ရ..တော့မယ်"

"စကားတွေ..အများကြီး...မပြောနဲ့မောနေလိမ့်မယ်"

ရှောင်းကျန့်ကခေါင်းအသာခါပြကာ...

"ကျွန်တော်..တို့...အချိန်တစ်ခုကြာရင်ပြန်တွေ့ကြမယ်လေ"

"မပြောပါနဲ့...မပြောပါနဲ့....အဲ့စကားကိုမပြောပါနဲ့"

"ဝမ်ရိပေါ်..ကျေးဇူးတင်..ပါတယ်။တစ်ခါလောက်တော့ ....ဝမ်..ရိပေါ်..ကို..ကာကွယ်ပေးချင်ခဲ့တာပါ..ဆုတောင်းပြည့်သွားခဲ့ပြီ"

ဝမ်ရိပေါ်ဟာရှောင်းကျန့်ရဲ့ပျောက်ကွယ်သွားလုနီးပါးကိုယ်ငွေ့လေးလွှတ်ထွက်သွားမတက်လိုက်ဖမ်းနေခဲ့တယ်။

နောက်ဆုံးတော့...နောက်ဆုံးတော့လက်ကျန်အနွေးဓာတ်လေးဟာ ကုန်ဆုံးသွားခဲ့ပြီ။

ဤတွင် ဝမ်ရိပေါ်၏ကမ္ဘာပြိုသည်။

နောက်ထပ်သေနတ်သံတစ်ချက်နဲ့အတူ မှောက်နေတဲ့အနက်ရောင်ကားလေးဟာ ‌မီးလောင်ပေါက်ကွဲသွားခဲ့တယ်။

_____________________________________

ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ခန္ဓာကိုယ်ကိုထွေးပွေ့စွာ ဆေးရုံကိုပြေးလာခဲ့တယ်။နောက်ဆုံးတော့ ရောက်ခဲ့ပြီ။

သွေးသံတစ်ရွှဲရြွှဲနဲ့ပြေးဝင်လာတဲ့ ဝမ်ရိပေါ်ကိုအားလုံးကကြောင်အစွာကြည့်နေခဲ့တယ်။ရင်ခွင်ထဲကရှောင်းကျန့်ကမုန်တိုင်း အားလုံးဟာ ထိပ်လန့်စွာ ရင်တမမနဲ့မဟုတ်ပါနဲ့လို့‌ဆုတောင်းနေခဲ့ကြတယ်။

ရိပေါ်ရဲ့သတင်းကိုကြားတော့ ဝူရှင်းဟာချက်ချင်းပြေးလာခဲ့တယ်။

ရိပေါ်ကရှောင်းကျန့်ကို လူနာတင်ကုတင်ပေါ်တင်ပြီး ဝူရှင်းရဲ့လက်နှစ်ဖက်ကိုကိုင်ကာ တောင်းတောင်းပန်ပန်နဲ့ ကုသပေးဖို့ပြောခဲ့တယ်။

နောက်ပြီးတော့ တစ်နေရာကိုအလောတစ်ကြီးပြေးထွက်သွားခဲ့ပြီး ညပိုင်းလောက်မှပြန်လာခဲ့တယ်။

ရိပေါ်ဟာ ဝူရှင်းရဲ့မျက်နှာကိုမျှော်လင့်ချက်ကြီးစွာနဲ့ကြည့်ခဲ့တယ်။အဲ့ဒီ့အကြည့်တွေကို ဝူရှင်းတစ်သက်မေ့မှာမဟုတ်ဘူး။

အဲ့ဒီ‌့နောက်ပိုင်းမှာတော့ ဝမ်ရိပေါ်ဟာ လဲကျပြီးမေ့မျှော်သွားခဲ့တယ်။

နောက်သုံးရက်လောက်နေမှဝမ်ရိပေါ်ဟာသတိရခဲ့တယ်။

သတိရရချင်း ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေကိုလက်မခံနိုင်တဲ့ဝမ်ရိပေါ်ဟာ စိတ်ရောဂါကုဆေးရုံမှာ ကုသမှုအတန်ကြာအောင်ခံယူခဲ့ရတယ်။

စိတ်အခြေအနေအဆင်ပြေပြီး ဆေးရုံဆင်းပြီးနောက်မှာတော့ ဝမ်ရိပေါ်ဟာရဲဝန်ထမ်းအဖြစ်နှုတ်ထွက်ပြီး ပေါင်မုန့်ဆိုင်တစ်ဆိုင်ဖွင့်ခဲ့တယ်။

ဤအကြောင်းအရာများသည် ဝမ်ရိပေါ၂၉နှစ်လုံး သိမ်းထားခဲ့တဲ့အကြောင်းအရာများဖြစ်တယ်။

Zawgyi

ဝမ္ရိေပၚက လြန္ခဲ့တဲ့အပတ္ကေရွာင္းက်န႔္ကိုလက္ထပ္ခြင့္ေတာင္းခဲ့တယ္။

ေရွာင္းက်န႔္က ဝမ္ရိေပၚနဲ႕အတူရွိရင္ျပည့္ဝတဲ့ေႏြးေထြးမႈရၿပီးဝမ္ရိေပၚကိုယုံၾကည္တယ္။ေလာကဒဏ္ေတြကို ဝမ္ရိေပၚနဲ႕အတူျဖတ္သန္းဖို႔ ေရွာင္းက်န႔္ဟာအစဥ္သင့္ျဖစ္ေနၿပီျဖစ္တယ္။

အခုေရွာင္းက်န႔္နဲ႕ဝမ္ရိေပၚဟာ B cityမွာ လက္ထပ္မွတ္ပုံတင္ တင္ဖို႔အတြက္ကားကိုေမာင္းႏွင္ေနၾကတယ္။

ဝမ္ရိေပၚက လက္တစ္ဖက္ကိုကားစီယာတိုင္ကိုင္ထားၿပီးက်န္လက္တစ္ဖက္ကေရွာင္းက်န႔္ရဲ႕လက္ေသးေသးေလးကိုဖြဖြေလးဆုတ္ကိုင္ထားတယ္။

"ကားကိုေသခ်ာေမာင္း ဝမ္ရိေပၚ"

"ကိုယ္ေသခ်ာေမာင္းေနတာပဲ အခ်စ္ရာ"

ေျပာရင္းဝမ္ရိေပၚက ေရွာင္းက်န႔္လက္တစ္ဖက္ကိုနမ္းလိုက္တယ္။

ေရွာင္းက်န႔္ကခပ္ဖြဖြရယ္ရင္း

"အ႐ူးေလး..."

"အင္း...ကိုယ္ကအခ်စ္အတြက္သီးသန႔္အခ်စ္႐ူးေလးေလ"

"ဝမ္ရိေပၚ!!"

ကားေပၚမွာရယ္သံေတြနဲ႕ျပည့္နက္သြားခဲ့တယ္။

"ကိုယ္တို႔လက္ထပ္ၿပီးရင္  အခ်စ္ေနခ်င္တဲ့ပင္လယ္နားမွာ အိမ္ေလးတစ္လုံးဝယ္မယ္"

"ဟုတ္မွလုပ္ပါ ကိုယ္ရဲသားႀကီးရယ္။
ခြင့္ရက္ေတာင္မျဖစ္မေနကိစၥမွယူၿပီးၿမိဳ႕နဲ႕ေဝးတဲ့ေနရာမွအိမ္ေဆာက္ဖို႔မ်ားေတြးေနေသးတယေဝးတဲ့ေနရာမွအိမ္ေဆာက္ဖို႔မ်ားေတြးေနေသးတယ္။"

ေရွာင္းက်န႔္က႐ႊတ္ေနာက္ေနာက္နဲ႕ဝမ္ရိေပၚကိုစတယ္။

"အခ်စ္က ကိုယ့္ကိုမယုံၾကည္တာလား"

"ယုံပါတယ္ ယုံပါတယ္....ကြၽန္ေတာ္ေရွာင္းက်န႔္က ဒီကအထူးရဲတပ္ဖြဲ႕ေခါင္းေဆာင္ကိုမယုံပဲမေနဝံ့ပါဘူး"

ဒီအထိတိုင္ သူတို႔ဘဝဟာေပ်ာ္႐ႊင္မႈနဲ႕အခ်စ္ေတြျပည့္ေနခဲ့ပါတယ္။သို႔ေပမယ့္ သူတို႔ဘဝရဲ႕အေပ်ာ္က ကုန္တင္ကားတစ္စီးကဖ်က္စီးခဲ့တယ္။

ကုန္တင္ကားက သူတို႔ေမာင္းႏွင္လာတဲ့ကားကို အရွိန္နဲ႕တိုက္ပစ္လိုက္တာေၾကာင့္ကားကလႊင့္ထြက္သြားၿပီး ေဇာက္ထိုးအေနအထားျဖစ္သြားတယ္။

ခဏက အခ်စ္ေတြနဲ႕ျပည့္ႏွက္ေနေသာပန္းေရာင္ေလထုဟာ ေသြးနံ႕မ်ားအျဖစ္ေျပာင္းလဲသြားခဲ့တယ္။

"အခ်စ္...အခ်စ္..သတိထားပါဦး"

ေရွာင္းက်န႔္ဟာ ရိေပၚရဲ႕ေခၚသံေၾကာင့္သတိျပန္လည္လာခဲ့တယ္။ဝမ္ရိေပၚကကားထဲကထြက္နိုင္ေအာင္ႀကိဳးစားၿပီး ကားထဲတြင္ညွပ္ေနတဲ့ေရွာင္းက်န႔္ကိုအျပင္ထုတ္ေပးတယ္။

"ဝမ္...ဝမ္ရိေပၚအဆင္ေျပရဲ႕လား"

"အဆင္ေျပပါတယ္။နာေနတဲ့ေနရာရွိလား
အခ်စ္ဘာမွမျဖစ္ဘူးမလား"

"ကြၽန္ေတာ္...ဘာမွမျဖစ္ဘူး"

"ေတာ္ေသးတာေပါ့"

ဝမ္ရိေပၚကသူတို႔ကိုတိုက္သ‌ြားတဲ့ကုန္တင္ကားနားဖို႔ ႀကိဳးစားမတ္တပ္ရပ္လိုက္တုန္း

"ဒိုင္း"ဆိုတဲ့ေသနတ္ပစ္သံႏွစ္ခ်က္နဲ႕အတူ လူကလည္းတစ္စုံတစ္ေယာက္တြန္းတာခံလိုက္ရတယ္။

"ေရွာင္းက်န႔္!..."

ဝမ္ရိေပၚလဲ‌က်ေနရာမွ ေရွာင္းက်န႔္မ်က္ႏွာကိုၾကည့္လိုက္ေတာ့ ေရွာင္းက်န႔္ဟာၿပဳံးျပေနခဲ့တာ ဘယ္ေတာ့မွမေတြ႕ရေတာ့မယ့္လူေတြလိုမ်ိဳး။

တစ္စကၠန႔္ ႏွစ္စကၠန႔္ သုံးစကၠန႔္

ေရွာင္းက်န႔္ရဲ႕ခႏၶာကိုယ္ဟာ ေျမေပၚသို႔ၿပိဳလဲက်သြားခဲ့တယ္။

ဝမ္ရိေပၚဟာလဲက်သြားတဲ့ေရွာင္းက်န႔္ရွိရာသို႔ အလွ်င္အျမန္သြားလိုက္ၿပီး ေရွာင္းက်န႔္ရဲ႕ေသးငယ္တဲ့ခႏၶာကိုယ္ကိုလႊတ္ထြက္သြားမည့္အလား ေထြးေပြ႕ထားခဲ့တယ္။

"ဝမ္..ရိေပၚ...ထိ..ခိုက္သြား..ေသးလား"

လူတစ္ေယာက္လုံး ေသနတ္က်ည္ဆံထိမွန္ထားတာေတာင္ သူ႕ကိုေရွာင္းက်န႔္ကစိတ္ပူနိုင္ေသးတယ္။

"ခဏ...ခဏေလးေတာင့္ခံထားေနာ္။ကိုယ္...ကိုယ္ တစ္ေယာက္ေယာက္ကိုအကူအညီေတာင္းၾကည့္မယ္"

လူသူကင္းမဲ့တဲ့ ဟိုင္းေဝးလမ္းမႀကီးမွာ ဝမ္ရိေပၚဟာ အ႐ူးမီးဝိုင္း။

ျဖတ္သြားျဖတ္လာ ကားတစ္စီးစီးကိုအကူအညီေတာင္းဖို႔ တုန္ရင္ေနတဲ့ေျခေထာက္မ်ားျဖင့္ ေျပးသြားဖို႔လုပ္ေပမယ့္ ေရွာင္းက်န႔္ကသူ႕လက္ကိုဆြဲၿပီး တားခဲ့တယ္။

"မ..သြား..ပါ..နဲ႕...ရိေပၚ"

"မသြားလို႔မျဖစ္ဘူးေလ ခဏ..ခဏေလးေနာ္
ကားတစ္စီးရွာၿပီးအမွန္ဆုံး လာခဲ့မယ္။"

"မ..သြားပါနဲ႕...။ဒီတစ္ခါ ရိေပၚသြားလိုက္ရင္ ကြၽန္ေတာ္...တို႔အခ်ိန္..အၾကာႀကီး မေတြ႕..ပဲေနရေတာ့မွာ"

"အဲ့လိုမေျပာနဲ႕...မခြဲဘူးေနာ္ ..ဘယ္ေတာ့မွ"

ဝမ္ရိေပၚရဲ႕အသံမ်ားဟာတုန္ရင္ေနၿပီး မ်က္ရည္ေတြဟာ ဆက္တိုက္စီးက်ေနခဲ့တယ္။

ေရွာင္းက်န႔္ကရိေပၚရဲ႕မ်က္ႏွာကို ခပ္ဖြဖြထိကိုင္ၿပီး လက္ေသးေသးေလးျဖင့္ က်ဆင္းေနတဲ့မ်က္ရည္ေတြကိုသုတ္ေပးတယ္။

"ကြၽန္..ေတာ္..ေၾကာင့္...မငိုနဲ႕"

သူ႕ကိုယ္ထဲထိုးေဖာက္သြားတဲ့ က်ည္ဆန္ထက္ ဝရိေပၚရဲ႕မ်က္ရည္ေတြက သူ႕ကိုပိုနာက်င္ေစတယ္။

"ေတာင္း..ပန္ပါ..တယ္..ရိေပၚ..ကိုတစ္..ေယာက္ထဲထား..ခဲ့ရ..ေတာ့မယ္"

"စကားေတြ..အမ်ားႀကီး...မေျပာနဲ႕ေမာေနလိမ့္မယ္"

ေရွာင္းက်န႔္ကေခါင္းအသာခါျပကာ...

"ကြၽန္ေတာ္..တို႔...အခ်ိန္တစ္ခုၾကာရင္ျပန္ေတြ႕ၾကမယ္ေလ"

"မေျပာပါနဲ႕...မေျပာပါနဲ႕....အဲ့စကားကိုမေျပာပါနဲ႕"

"ဝမ္ရိေပၚ..ေက်းဇူးတင္..ပါတယ္။တစ္ခါေလာက္ေတာ့ ....ဝမ္..ရိေပၚ..ကို..ကာကြယ္ေပးခ်င္ခဲ့တာပါ..ဆုေတာင္းျပည့္သြားခဲ့ၿပီ"

ဝမ္ရိေပၚဟာေရွာင္းက်န႔္ရဲ႕ေပ်ာက္ကြယ္သြားလုနီးပါးကိုယ္ေငြ႕ေလးလႊတ္ထြက္သြားမတက္လိုက္ဖမ္းေနခဲ့တယ္။

ေနာက္ဆုံးေတာ့...ေနာက္ဆုံးေတာ့လက္က်န္အေႏြးဓာတ္ေလးဟာ ကုန္ဆုံးသြားခဲ့ၿပီ။

ဤတြင္ ဝမ္ရိေပၚ၏ကမာၻၿပိဳသည္။

ေနာက္ထပ္ေသနတ္သံတစ္ခ်က္နဲ႕အတူ ေမွာက္ေနတဲ့အနက္ေရာင္ကားေလးဟာ ‌မီးေလာင္ေပါက္ကြဲသြားခဲ့တယ္။

_____________________________________

ဝမ္ရိေပၚဟာ ေရွာင္းက်န႔္ခႏၶာကိုယ္ကိုေထြးေပြ႕စြာ ေဆး႐ုံကိုေျပးလာခဲ့တယ္။ေနာက္ဆုံးေတာ့ ေရာက္ခဲ့ၿပီ။

ေသြးသံတစ္႐ႊဲႃရႊဲနဲ႕ေျပးဝင္လာတဲ့ ဝမ္ရိေပၚကိုအားလုံးကေၾကာင္အစြာၾကည့္ေနခဲ့တယ္။ရင္ခြင္ထဲကေရွာင္းက်န႔္ကမုန္တိုင္း အားလုံးဟာ ထိပ္လန႔္စြာ ရင္တမမနဲ႕မဟုတ္ပါနဲ႕လို႔‌ဆုေတာင္းေနခဲ့ၾကတယ္။

ရိေပၚရဲ႕သတင္းကိုၾကားေတာ့ ဝူရွင္းဟာခ်က္ခ်င္းေျပးလာခဲ့တယ္။

ရိေပၚကေရွာင္းက်န႔္ကို လူနာတင္ကုတင္ေပၚတင္ၿပီး ဝူရွင္းရဲ႕လက္ႏွစ္ဖက္ကိုကိုင္ကာ ေတာင္းေတာင္းပန္ပန္နဲ႕ ကုသေပးဖို႔ေျပာခဲ့တယ္။

ေနာက္ၿပီးေတာ့ တစ္ေနရာကိုအေလာတစ္ႀကီးေျပးထြက္သြားခဲ့ၿပီး ညပိုင္းေလာက္မွျပန္လာခဲ့တယ္။

ရိေပၚဟာ ဝူရွင္းရဲ႕မ်က္ႏွာကိုေမွ်ာ္လင့္ခ်က္ႀကီးစြာနဲ႕ၾကည့္ခဲ့တယ္။အဲ့ဒီ့အၾကည့္ေတြကို ဝူရွင္းတစ္သက္ေမ့မွာမဟုတ္ဘူး။

အဲ့ဒီ‌့ေနာက္ပိုင္းမွာေတာ့ ဝမ္ရိေပၚဟာ လဲက်ၿပီးေမ့ေမွ်ာ္သြားခဲ့တယ္။

ေနာက္သုံးရက္ေလာက္ေနမွဝမ္ရိေပၚဟာသတိရခဲ့တယ္။

သတိရရခ်င္း ျဖစ္ပ်က္သြားတဲ့အျဖစ္အပ်က္ေတြကိုလက္မခံနိုင္တဲ့ဝမ္ရိေပၚဟာ စိတ္ေရာဂါကုေဆး႐ုံမွာ ကုသမႈအတန္ၾကာေအာင္ခံယူခဲ့ရတယ္။

စိတ္အေျခအေနအဆင္ေျပၿပီး ေဆး႐ုံဆင္းၿပီးေနာက္မွာေတာ့ ဝမ္ရိေပၚဟာရဲဝန္ထမ္းအျဖစ္ႏႈတ္ထြက္ၿပီး ေပါင္မုန႔္ဆိုင္တစ္ဆိုင္ဖြင့္ခဲ့တယ္။

ဤအေၾကာင္းအရာမ်ားသည္ ဝမ္ရိေပါ၂၉ႏွစ္လုံး သိမ္းထားခဲ့တဲ့အေၾကာင္းအရာမ်ားျဖစ္တယ္။

You are reading the story above: TeenFic.Net